← Chapters

အခန်း ၁၁၇၈

Vol. 79 Ch. 1178

အခန်း ၁၁၇၈

Vol. 79 Ch. 1178

အခန်း (၁၁၇၈) ကျုပ်ကလုယန်ပါ

ဝိညာဉ်ခန္ဓာပြည့်စုံသွား၍ ပျော်နေရာမှ လန်နင်ရှန်း၏အသံကြောင့် ယန်ခုန်တုန် အပျော်စိတ်များ ချက်ချင်းပျောက်သွားသည်။

ထိုနေ့က လန်နင်ရှန်းသည့် အရင်ဆုံး သူ့လည်ပင်းကို ချိန်ရွယ်ခုတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ ထိုစကားသံက သူ့နားထဲပေါ်လာသည်။

အချိန်မီရှောင်တိမ်းနိုင်ခဲ့၍ ခေါင်းပြတ်မသွားခြင်းဖြစ်သည်။ ဘယ်လက်ကိုသာ လန်နင်ရှန်း ရသွားသည်။

အကျိုးအကြောင်း သူမမေးနိုင်မီ တစ်ခြားကိုယ်လုပ်တော်များက တစ်ယောက်ပြီးတစ်ယောက် သူ့ခန္ဓာကိုယ်ကို လှီးဖြတ်ခဲ့ကြသည်။

"မင်းဘယ်မှာလဲ"

"ယန်လန်၊ ငါနင့်ရဲ့ကိုယ်ထဲမှာပဲလေ"

လန်နင်ရှန်းအသံ ပြန်ပေါ်လာသည်။ သူချိတ်ဆက်ခဲ့သည့် ဘယ်လက်မှ ပေါ်လာခြင်းဖြစ်သည်။ အေးစိမ့်သည့်မြူငွေ့တစ်ခု လွင့်ပျံထွက်လာသည်။ နှင်းမြူများ တဖြေးဖြေးစုစည်းလာပြီးနောက် ညဝတ်အင်္ကျီနှင့် အေးစက်စက်မျက်နှာမျိုးရှိသည့် မိန်းမလှတစ်ယောက်ပေါ်လာသည်။

"လန်...လန်နင်ရှန်း..."

"ယန်လန်၊ နင့်ငါ့ကိုအရင်က အဲလိုခေါ်တာမဟုတ်ပါဘူး"

မျက်နှာတင်းသည့် မိန်းမလှလေသံက နူးညံ့သည်။ ရုပ်ရည်နှင့် တစ်ခြားစီဖြစ်နေသည်။ ညှို့ဓာတ်တစ်ခုပါသည်။

ယန်ခုန်တုန် နှုတ်ခမ်းကို တင်းတင်းစေ့ထားသည်။ လန်နင်ရှန်းမျက်လုံးကို သူမကြည့်ရဲ။ အသံကိုတတ်နိုင်သမျှချိုသာအောင်ထိန်း၍ နာမည်ပြောင်ကို သူခေါ်လိုက်သည်။

"ရှန်းအာ"

"နင်ဘာလို့ငါ့ကို မကြည့်တာလဲ"

ယန်ခုန်တုန် ကြက်သီးမွှေးညှင်းများထလာသည်။ မတတ်သာသဖြင့် လန်နင်ရှန်းမျက်လုံးကိုစိုက်ကြည့်၍ ထပ်ခေါ်ရသည်။

"ရှန်းအာ"

လန်နင်ရှန်းမျက်နှာတွင် အပြုံးတစ်ခုပေါ်လာပြီး ယန်ခုန်တုန်ပါးပြင်ကို ပွတ်သပ်သည်။ ထိုစကားသံကြောင့် လန်နင်ရှန်းသည် ယန်ခုန်တုန်ကိုသတ်ရမည့်အလုပ်ကို အကြိမ်ကြိမ်ကျရှုံးခဲ့သည်။ ယန်ခုန်တုန်၏နူးညံ့သည့်သဘောထားကြောင့် လူအာားလုံး တစ်ကိုယ်ကောင်းစိတ်မရှိကြောင်း ဤလောကတွင် မေတ္တာစစ်ရှိကြောင်း သူသိခဲ့ရသည်။

"ယန်လန်၊ နင်ဘာလို့အဲလောက်ထူးခြားနေရတာလဲ။ နင့်ကိုသဘောကျတဲ့လူတွေ ဘာလို့အများကြီးရှိနေတာလဲ"

"ယန်လန်၊ ငါနဲ့တွေ့တဲ့အချိန်မှာတောင် တစ်ခြားညီအမတွေအကြောင်း တွေးနေတုန်းလား"

"ဘာာလို့တစ်ခြားညီအမတွေရဲ့အချစ်ကို နင်မငြင်းခဲ့တာလဲ"

"ငါ့တစ်ယောက်ထဲကိုပဲ နင်ကြိုက်ရင် ပိုမကောင်းဘူးလား"

"ယန်လန်၊ ငါနဲ့အမြဲနေပေးနိုင်လား။ ငါနဲ့အမြဲတမ်းနေပေးပါ"

လန်နင်ရှန်း၏ အေးစက်စက်အကြည့်က နေလုံးလို သွေးနီရောင်သန်းလာသည်။ ယန်လန်ကို စိုက်ကြည့်သည်။ နူးညံ့သည့်လက်များဖြင့် ဘယ်လက်မောင်းကို ညင်သာစွာပွတ်သည်။

ယခု တစ်ခြားညီအမများ သူတို့ကိုမနှောက်ယှက်နိုင်တော့။

မူပိုင်ယိတို့လူစု ထိုအခြေအနေကို အခွင့်ကောင်းယူ၍ ဒဏ်ရာကျိတ်ကုနေကြသည်။ တိုက်ခိုက်ဖို့အခွင့်အရေးကို စောင့်နေကြသည်။ သို့သော် ထိုခဏမှာပင် လန်နင်ရှန်းက သူတို့သုံးယောက်ကို အေးစက်စက်စိုက်ကြည့်သည်။

သုံးယောက်လုံး ထိတ်လန့်တုန်လှုပ်သွာားကြသည်။ ယန်ခုန်တုန်ကို သူတို့တိုက်ခိုက်လျှင် လန်နင်ရှန်းက သူတို့ကို သတ်ပစ်လိမ့်မည်ဟု ကြိုတင်ခံစားနေကြရသည်။

ရှေးဟောင်းခေတ်လူသတ်သမားတစ်ယောက်၏ အရှိန်အဝါကို အပြည့်အဝပြသနေသည်။

"ထပ်ပေါ်မလာနဲ့တော့"

ယန်ခုန်တုန်က လက်ဆီသို့ ဝိညာဉ်စွမ်းအင်ပို့လွှတ်၍ လန်နင်ရန်းပုံရိပ်ကို ဖျက်ဆီးလိုက်သည်။

သူ့ရှေ့မှ လန်နင်ရှန်းသည့် ဝိညာဉ်စိတ်အစွဲတစ်ခုသာဖြစ်ကြောင်း သူသိသည်။ သူ့ကိုဒုက္ခမပေးနိုင်။

မှန်သည် လန်နင်ရှန်းက သူအသက်ရှင်နေသေးကြောင်း သိမည်မဟုတ်။ သိခဲ့လျှင် ရေခဲသေတ္တာထဲတွင် ပုန်းအောင်း၍ သူ့ကိုထိုမျှအချိန်ကြာမြင့်စွာ စောင့်နေခဲ့လိမ့်မည်မဟုတ်။

လန်နင်ရှန်း၏ နက်ရှိုင်းသည့်စွမ်းလန်းစိတ်က သေသည်အထိမပျောက်။ ရေခဲသေတ္တာကို တွယ်ကပ်နေသည်။

ယန်ခုန်တုန်လည်ပင်းပေါ်သို့ လေအေးတစ်ချက် ထိတွေ့လာသည်။

"ယန်လန်၊ နင်ငါ့ကိုဘာလို့ ဒီလိုဆက်ဆံနေတာလဲ"

ယန်ခုန်တုန် ဖျတ်ခနဲ လှည့်ကြည့်သည်။ လန်နင်ရှန်းကို မြင်ရသည်။

ထို့နောက် လန်နင်ရှန်း ပျောက်သွားသည်။ ယန်ခုန်တုန်ဝိညာဉ်အာရုံကိုဖြန့်၍ရှာသည်။ သို့သော် ဘာမှမထူးခြား။ ပုံရိပ်ယောင်တစ်ခုထဲ ရောက်နေသလို ခံစားရသည်။

"ယန်လန်၊ နင်ငါ့ကို ရှာနေတာလား"

ယန်ခုန်တုန် ချွေးပြန်လာသည်။ စကားသံကို ကြားနေရသော်လည်း လန်နင်ရှန်း၏ တည်နေရာကိုရှာမရ။ ဖြစ်နိုင်ခြေအရှိဆုံး သူ့ဘယ်လက်မှာပင် ရှာမရ။

သူအသက်နှစ်ကြိမ် ဝအောင်ရှူလိုက်သည်။ နူးညံ့သည့်လေသံ ဖြင့် အရဲစွန့်၍ပြောသည်။

"ရှန်းအာ၊ မင်းသိပါတယ်။ ညီအမတွေအားလုံးထဲမှာ ငါမင်းကိုသဘောအကျဆုံးပါ။ ငါမင်းနဲ့အတူနေမယ်လို့ ကတိပေးပါတယ်"

"တကယ်လား ယန်လန်"

လန်နင်ရှင်း၏လေသံ မြင့်တက်သွားသည်။

"တကယ်ပြောတာပါ၊ ငါမင်းကို ဘယ်တုန်းကလိမ်ခဲ့ဖူးလို့လဲ ရှန်းအာ။ တစ်ခုတော့ရှိတယ် ရှန်းအာ၊ ငါတို့အခု အတူရှိနေပြီပဲ။ ငါတို့ကြားမှာ ဘာလျှို့ဝှက်ချက်မှမရှိသင့်ဘူးမဟုတ်လား"

"ဟုတ်ပါတယ်"

"ဒါဆို မင်းဘယ်နေရာမှာ ပုန်းနေတာလဲ ငါ့ကိုပြောပြပါ"

ဘယ်လက်မှ မြူငွေ့များ ပေါ်လာသည်။ ထို့နောက် လန်နင်ရှန်းအဖြစ်ပြောင်းလဲသွားသည်။

"ယန်ခုန်တုန်၊ တကယ်တော့ငါက နင့်ရဲ့ဘယ်လက်ထဲမှာ အမြဲရှိနေတာပါ။ နင်ကနှလုံးဖျက်ကျင့်စဉ်ကို မကျွမ်းကျင်သေးလို့ နင်ငါ့ကိုမမြင်နိုင်တာပါ"

"ဒါဆို ငါ့လက်ထဲကနေ နင်ထွက်လာခဲ့ပါလား။ အပြန်အလှန်အနေနဲ့ ငါလည်းမင်းကို လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်လေ"

"ကောင်းပြီလေ"

ယန်ခုန်တုန်စကားကြားသည်နှင့် လန်နင်ရှန်း လုံးဝတုံ့ဆိုင်းခြင်းမရှိဘဲ သူ့ဘယ်လက်ထဲမှထွက်လာပြီး ယန်ခုန်တုန်ရှေ့တွင် ရဲဝံ့စွာပေါ်လာသည်။

အသားကပ်ဝတ်ရုံနက်အင်္ကျီကို ဝတ်ထားသည်။ ရိုးရှင်းလွတ်လပ်သည့် ဆံပင်ပုံစံမျိုးထားသည်။ ဆံပင်ကို ခေါင်းနောက်ဘက် ခပ်မြင့်မြင့်တွင် ကျစ်ဆံမြီးထိုးထားသည်။ ခန္ဓာကိုယ်ကောက်ကြောင်းများက ထင်ရှားနေသည်။

မျက်နှာက အေးစက်တင်းမာသည်။ ယန်ခုန်တုန်ကို ကြည့်နေချိန်တွင်သာ မိန်းကလေးဆန်ဆန် နူးညံ့သည့်မျက်နှာမျိုးရှိသည်။

ယန်ခုန်တုန် ချက်ချင်းလက်ကိုဆန့်ထုတ်၍ လန်နင်ရှန်းလည်ပင်းကို ဖမ်းချုပ်လိုက်သည်။

လန်နင်ရှန်း မလိမ်ခဲ့။ သူ့ရှေ့မှလူသည် သူစွဲလန်းစွာ တွယ်ကပ်ထားသူဖြစ်သည်။

"ယန်..ယန်ခုန်တုန်..."

လန်နင်ရှန်း ထိတ်လန့်လာသည်။ လည်ပင်းမှညှစ်အားက တဖြေးဖြေးတင်းကြပ်လာသည်ကို ခံစားမိသည်။ သူဘာအမှားလုပ်မိ၍ ယန်ခုန်တုန်ကသူ့ကို ထိုသို့ဆက်ဆံရသနည်း။

"ရှန်းအာကို နင့်ရဲ့လျှို့ဝှက်ချက် မပြောရသေးဘူးလေ"

"အရူးမ၊ ငါ့လျှို့ဝှက်ချက်က နင့်ကိုငါ အမုန်းဆုံးဆိုတာပဲ"

လက်ကိုအားထည့်ညှစ်၍ ယန်ခုန်တုန် လန်နင်ရှန်း၏ အစွဲဝိညာဉ်ကို အဆုံးသတ်လိုက်သည်။

စိတ်ရှုပ်စရာကောင်းသည့် စကားသံ ပျောက်သွားသည်။ သူ့ဘယ်လက်က အမှန်တကယ်သူ့အပိုင်ဖြစ်လာသည်။ ယန်ခုန်တုန် ပြောမပြနိုင်လောက်အောင် ပျော်ရွှင်နေသည်။

"ငရဲချောက်နက်။ အဆုံးမဲ့ငရဲ"

"လကိုထိန်းချုပ်တဲ့ မီးတောက်နေမင်း"

"ကပ်ဆိုးမီးတောက်"

ယန်ခုန်တုန် လန်နင်ရှန်းနှင့် အလုပ်များနေချိန်ကို အခွင့်ကောင်းယူ၍ ကူးဖြတ်ခြင်းအဆင့်သုံးယောက် တစ်ပြိုင်တည်း တိုက်ခိုက်ကြသည်။ အမြင့်ဆုံးပညာရပ်များကို ထုတ်သုံးသည်။

"ခုန်တုန်တံဆိပ်"

သူ့ကျင့်စဉ်စွမ်းအား ကူးဖြတ်ခြင်းအဆင့်ရောက်ပြီးနောက် သူတီထွင့်ခဲ့သည့် အထူးပညာရပ်ဖြစ်သည်။ သူ့ကိုယ်လုပ်တော်များ၏ ပူးပေါင်းအားထုတ်မှုဖြစ်သည်။

အစက ထိုသုံးယောက်ထံမှ လန်နင်ရှန်း၏အမွေအနှစ်ကို သူလိုချင်ခဲ့သည်။ လန်နင်ရှန်းကို လောကထဲမှ အပြီးဖျောက်ဖျက်ပစ်ချင်ခဲ့သည်။

ယခု လန်နင်ရှန်း၏ အစွဲဝိညာဉ်မရှိတော့သဖြင့် သူထိန်းထိန်းသိမ်းသိမ်း တိုက်ခိုက်နေစရာ အကြောင်းမရှိတော့။

ခုန်တုန်တံဆိပ် ဖန်တီးချိန်တွင် မိုးနှင့်မြေ အရောင်ပြောင်းသွားသည်။ အဖျက်စွမ်းအင်များ ပေါက်ကွဲထွက်သည်။ မှော်သင်္ကေတများ ထိုးထွက်လာပြီး ပြိုင်ဘက်သုံးယောက်ကို အပြင်းအထန်ဖိနှိပ်သည်။

အမြင့်ဆုံးတိုက်ကွက်သုံးခုကို ခုန်တုန်တံဆိပ်က ဖျက်ဆီးလိုက်သည်။ သုံးယောက်လုံး အဆက်မပြတ်သွေးအန်၍ မြေပေါ်သို့ ပြုတ်ကျလာသည်။

"အခု မင်းတို့အလှည့်ပဲ"

ယန်ခုန်တုန်က တင်းမာခက်ထန်သည့်အကြည့်ဖြင့် မူရွှဲ့မြို့ခံများကိုကြည့်သည်။ ထိုလူများသည့် သူ့အကြောင်းကို သိပြီးဖြစ်သည်။ သူ့လုပ်ရပ်များကိုမြင်ပြီးဖြစ်သည်။ တစ်ယောက်မှ သူချမ်းသာမပေးနိုင်။

"မက်မွန်ဆွတ်မသေမျိုးလက်"

လေဟာနယ်က တဝုန်းဝုန်းတုန်ခါလာသည်။ မက်မွန်ဆွတ်မသေမျိုးလက်ဝါး မျက်နှာပြင်က ကျယ်လွန်းသဖြင့် မူရွှဲ့မြို့တော်တစ်ခုလုံး ဖုံးလွှမ်းသွားသည်။

မြို့တော်အကာအကွယ်မှော်စက်ဝန်းကို အသက်သွင်းလျှင်ပင် ထိုလက်ဝါးကို ခုခံနိုင်မည်မထင်။

ကြောက်စရာကောင်းသည့် လက်ဝါးရိုက်ချက်ကိုကြည့်၍ မုရုံယွီ ထိတ်လန့်လွန်းသဖြင့် မြေပေါ်သို့ လဲကျသွားသည်။ စိတ်ပျက်အားငယ်လာသည်။

သို့သော် မက်မွန်ဆွတ်မသေမျိုးလက်ဝါး မြေပေါ်ကျခါနီးတွင်

"ကောင်းကင်တုန်လက်သီး"

အောင်မြင့်ခံ့ညားသည့် စကားသံတစ်ခု ကောင်းကင်တခွင် ဟိန်းထွက်သွားသည်။ ထိုစကားတစ်ခွန်းက အရှိန်အဝါကြီးသည်။ မသေမျိုးလက်ဝါးကို လက်သီးဖြင့်ရင်ဆိုင်သည်။

လက်ဝါးရိပ် လေထဲတွင် ရပ်တန့်သွားသည်။

အနောက်ဘက်ဆီမှ ဓားရိပ်တစ်ခု ဝှီးခနဲထိုးထွက်လာသည်။ ဖြတ်သန်းရာတစ်လျှောက် ဓားရိပ်များစွာ ကျန်ရစ်ခဲ့သည်။ ယန်ခုန်တုန် သူ့မျက်နှာသူ လက်ဖြင့်စမ်းကြည့်သည်။ ပါးပြင်ပေါ်တွင် ဓားရှရာတစ်ခုရှိနေသည်။

တိုက်ပွဲတွင် ပထမဆုံးအကြိမ် သူဒဏ်ရာရဖူးခြင်းဖြစ်သည်။

"ဘယ်သူလဲကွ။ ထွက်ခဲ့စမ်း"

တုံ့ပြန်သူမရှိ။

သခင်မုရုံ သူ့ဘေးတွင်ရပ်နေသည့်လူနှစ်ယောက်ကိုကြည့်၍ ကျောက်ရုပ်လိုဖြစ်နေသည်။

သူသည် အနီးဆုံးတွင် ရှိနေသူဖြစ်၍ သေချာမြင်လိုက်ရသည်။ ခုနက မြို့တော်ဖျက်မသေမျိုးလက်ဝါးကို တားခဲ့သူသည် ဤနှစ်ယောက်ဖြစ်သည်။

"ရှောင်လု၊ ရှောင်မုန်။ မင်းတို့ဘယ်သူလဲဆိုတာ ငါ့ကိုအမှန်အတိုင်းပြောပြပါ"

လုယန် သူ့ကိုလှည့်ကြည့်၍ ပြုံးပြသည်။

"ဂိုဏ်းချုပ်မု၊ ကျုပ်ပြောခဲ့တယ်မဟုတ်လား။ ကျုပ်က လုယန်ပါလို့လေ"

*******************************

All Chapters