← Chapters

အခန်း ၁၁၇၉

Vol. 79 Ch. 1179

အခန်း ၁၁၇၉

Vol. 79 Ch. 1179

အခန်း (၁၁၇၉) မနာလိုဝန်တို

မုန်ကျင်းကျိုး လည်ပင်းကိုဆန့်၍ မျက်နှာဖုံးကိုချွတ်လိုက်သည်။

"သောက်လခွမ်း၊ ငါ့ကျင့်စဉ်စွမ်းအား ကူးဖြတ်ခြင်းအဆင့်ကိုရောက်ဖို့ အကြာကြီးစောင့်ခဲ့ရတယ်ကွာ"

မုန်ကျင်းကျိုး အဓိပဓိ ကောင်းကင်တုန်လက်သီးစွမ်းအားကိုထုတ်လွှတ်၍ ရှေ့တစ်လှမ်းတိုးပြီး လက်သီးတစ်ချက်ထိုးလိုက်သည်။

ယန်ခုန်တုန်က မျိုးဆက်သစ်တစ်ယောက်ကို လုံးဝမကြောက်။ ကောင်းကင်နတ်ဘုရားတစ်ပါးလို့ ထိုးဆင်းလာသည်။ သူ့လက်ဝါးတွင် တောက်ပသည့်အလင်းများ ဖြာထွက်နေသည်။

လက်သီးနှင့်လက်ဝါးဆုံသည်။ လေဟာနယ်လှိုင်းဂယက်များ အတော်ဝေးဝေးထိ ပျံ့နှံ့သွားသည်။

ကျောက်စိမ်းဓားက လေဟာနယ်ကို ထိုးခွဲသည်။ ဓားတစ်ချောင်း ဓားတစ်သောင်းအသွင်ပြောင်းပညာ။ ဇောက်ထိုးဖြစ်နေသည့် ဓားရိပ်များ ကောင်းကင်တွင်ပြည့်နေသည်။ နှင်းပွင့်နှင်းချပ်များထက်ပင် အရေအတွက်ပိုမျာသည်။

ဓားသွားက ထက်မြက်သည်။ တောက်ပသည်။ ဝိညာဉ်ကို ထိုးဖောက်ရန် ချိန်ရွယ်ထားသည်။ အေးစိမ့်သည့်လူသတ်ရိပ်ပေါ်နေသည်။ ဓားရိပ်များ ကျလာသဖြင့် ယန်ခုန်တုန်၏ လက်ဝါးရိုက်ချက် အရှိန်ပျက်သွားသည်။

တစ်ကြိမ်ရင်ဆိုင်တွေ့ရုံနှင့် ယန်ခုန်တုန် အရေးနိမ့်သွားသည်။

"လုယန်နဲ့ မုန်ကျင်းကျိုး"

ထိုလူငယ်များကို ယန်ခုန်တုန်သိသည်။

ရှေးဟောင်းကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး လက်ရှိခေတ်၏ နာမည်ကျော်စွမ်းအားရှင်တစ်ယောက်ဖြစ်၍ ထိုပါရမီရှင်ဆိုသူများကို သူလုံးဝအရေးမစိုက်။

သို့သော် လုယန်နှင့်မုန်ကျင်းကျိုးက တစ်ခြားလူများနှင့်မတူ။ လေဟာနယ်သန့်စင်အဆင့်၏ ပုံမှန်စံနှုန်းကို ချိုးဖျက်၍ သမိုင်းရေးနိုင်ခဲ့သူများဖြစ်သည်။ ထို့ကြောင့် သူနည်းနည်းစုံစမ်းထားသည်။

"ဘယ်လို။ သူတို့က လုယန်နဲ့မုန်ကျင်းကျိုးလား"

"သူတို့က ဝိညာဉ်ပြောင်းအဆင့်မဟုတ်ဘူးလား"

မူရွှဲ့မြို့ခံများ အကြီိးအကျဘ်အံ့အားသင့်သွားကြသည်။ သူတို့နှစ်ယောက်ကို ဝိညာဉ်ပြောင်းအဆင့်များဟုသာ ထင်ခဲ့သည်။ တစ်ခြားလူများနှင့်မတူသည် လေဟာနယ်သန့်စင်အဆင့်သို့ရောက်နေမှန်း မသိကြ။

"ဆရာလုက လုယန်ပေါ့"

အအံ့ဩဆုံးက သိုင်းကျောင်းသင်တန်းသားများဖြစ်သည်။ သူတို့ကို လက်သီးသိုင်းသင်ပေးနေသည့်ဆရာလုက လုယန်ဖြစ်နေသည်။ နောက်မှရောက်လာသည့် ဆရာမုန်ကလည်း မုန်ကျင်းကျိုးဖြစ်နေသည်။

"ဪ သူက စွမ်းအားရှင်လုယန်လား"

ဆရာလုသရုပ်မှန်နှင့်ပတ်သက်၍ ဖန်ကျိကောအမျိုးမျိုးခန့်မှန်းခဲ့သည်။ နတ်ဝိညာဉ်အဆင့်ဖြစ်မည်၊ မဟာဓားပညာရှင် ရွှဲ့ရှီလုန်ဖြစ်မည် စသဖြင့် မျိုးစုံခန့်မှန်းခဲ့သည်။ သို့သော် လုယန်ဖြစ်မည်ဟုတော့ သူမခန့်မှန်းမိခဲ့။

ငယ်ကတည်းက သရဲသတ်မဟာမိတ်တွင် သူကြီးပြင်းခဲ့သည်။ စခန်းသွင်းလေ့ကျင့်မှုများ ဖြတ်ကျော်ရသည်။ အပြင်လောကအကြောင်း နည်းနည်းသာသိသည်။ သို့တိုင်အောင် သူလေ့ကျင့်နေစဉ်ကာလအတွင် လုယန်အကြောင်းတော့ ကြားဖူးသည်။

သခင်ရှီတို့လူစုကလည်း လုယန်အကြောင်းပြောချိန်တွင် ကြောက်ရွံ့သည့်ပုံစံမျိုးဖြစ်နေသည်။ ကမ္ဘာတစ်ခုစာလောက်ခြားနေသည့် ထိုဒဏ္ဍာရီပုဂ္ဂိုလ်မျိုးက မထင်မရှားသိုင်းကြောင်းတစ်ခုတွင် သိုင်းဆရာလာလုပ်နေမည်ဟု ဘယ်သူထင်ထားမည်နည်း။

"အဆင်ပြေရဲ့လား ဂိုဏ်းချုပ်"

တံခါးစောင့်ရှောင်ဟော်က တံခါးရွက်နှစ်ချပ်ကိုသယ်၍ မုရုံယွီဘေးသို့ ကာကွယ်ပေးရန် ‌ရောက်လာသည်။ အထက်ကောင်းကင်တွင် ကမ္ဘာပျက်သလို ဖြစ်နေသည်။

ထိုတံခါးရွက်များဖြင့် ကာကွယ်ထားခြင်းကသာ သူတို့ကို လုံခြုံမှုပေးနိုင်လိမ့်မည်။

"ပြေပါတယ်။ ပြေပါတယ်။ ငါ့စိတ်က ဒီအဖြစ်ကို လက်မခံနိုင်သေးတာပဲရှိတယ်"

မုရုံယွီက ရင်ဘတ်ကို လက်ဖြင့်နှိပ်၍ ပြောသည်။

ထိုစဉ်မြင်းခွာလက်တစ်ဘက် သူ့ရှေ့သို့ ဆန့်ထွက်လာသည်။ ထိုမြင်းခွာတွင် စိတ်ငြိမ်ဆေးပါသည်။

....

"ဪ...ကူးဖြတ်ခြင်းအလတ်တန်းဆင့်ကို ခဏရောက်နေတဲ့ မျိုးဆက်သစ်နှစ်ယောက်က လာပြီးဟန်ရေးပြရဲတယ်ပေါ့။ တကယ်အံ့ဩစရာပဲ"

ယန်ခုန်တုန် အေးစက်စက်ပြောသည်။

လုယန် မပွင့်တပွင့်ပြုံးလိုက်သည်။

"အကြီးအကဲယန်ခုန်တုန်က အတော်သဘောကောင်းတာပဲ"

ယန်ခုန်တုန် အံအားသင့်သွားသည်။ လုယန်ကို သူစိုက်ကြည့်နေသည်။

"မျိုးဆက်သစ်လူငယ်။ ဒီနာမည်ကို မင်းဘယ်ကနေကြားခဲ့တာလဲ"

သူပြန်ရှင်သန်လာကတည်းက သူနာမည်အစစ်ကို တစ်ခါမှထုတ်မပြောဘူး။ ခုနက သူ့ကိုတွယ်ကပ်နေသည့် လန်နင်ရှန်းပင် သူ့ကို ယန်လန်ဟုသာ ခေါ်ခဲ့သည်။

လုယန်သည် တာအိုလမ်းစဉ်ဂိုဏ်းမှ ပြုစုပျိုးထောင်ထားသည့် လူငယ်တစ်ယောက်သာဖြစ်သည်။ သူ့နာမည်ကို ဘယ်ကကြားလာသည်မသိ။

"အင်း၊ ရေခဲဝိညာဉ်မယ်၊ ကောင်းကင်တောင်တန်းသူတော်စင်မနဲ့ ကျိဟောင်တို့က အိပ်မက်ထဲကနေ ကျုပ်ကိုပြောပြကြတာပါ။ ခင်ဗျားကို သူတို့နဲ့အတူ အဖော်ပြုပေးစေချင်တယ်လို့ ပြောတယ်"

"ပေါက်ကရတွေမပြောနဲ့ကွ"

ယန်ခုန်ုတန် ရေခဲဝိညာဉ်လှံကို ပစ်လွှတ်လိုက်သည်။ ဝိညာဉ်လှံက နဂါးတစ်ကောင်လို ပြေးထွက်သွားသည်။ ရှေးဟောင်းရှောက်ဟော်လှံပညာစွမ်းအားကိုပြသသည်။ မြို့တော်ဖျက်မည့် မဟာနတ်ဆိုးဘုရင်လေးကောင်၏ သားရဲအုပ်သည်ပင် သူ့လှံတစ်ချက်စာသာရှိသည်။

ရေခဲဝိညာဉ်လှံက လေထုကို ထိုးခွဲ၍ လုယန်ဆီ ဝင်လာသည်။ လုယန်က အမာကိုအပျော့ဖြင့် ရင်ဆိုင်သည်။ လှံသွားကို ဓားဦးထိပ်ဖြင့် ခတ်ထုတ်လိုက်သည်။ ထို့နောက် ဓားတစ်သောင်းဌာနေပြန်စွမ်းအားကို သုံးသည်။ ချင်ဖုန်းဓားကမ္ဘာငယ်တွင် မွေခံဓားနှင့် ခုနစ်စဉ်ကြယ်ဓားစုတို့ ပေါင်းစပ်သွားသည်။

ဖြာထွက်နေသည့် ဓားအလင်းက သုံးလက်မခန့်တိုးလာသည်။

တိုက်ခိုက်သံများ အဆက်မပြတ်ထွက်ပေါ်နေသည်။ မီးပွားများလွင့်ပြန်နေသည်။ သူတို့လှုပ်ရှားမှုက မြန်ဆန်လွန်းသဖြင့် ကူးဖြတ်ခြင်းအဆင့်သုံးယောက်နှင့်‌လောင်မာတို့သာ တိုက်ခိုက်ပုံအသေးစိတ်ကို မြင်နိုင်သည်။

ယန်ခုန်တုန် ကျိတ်၍ အံ့ဩမိသည်။ ထိုလူငယ်က ကူးဖြတ်ခြင်းအလတ်တန်းဆင့်သာဖြစ်သည်။ သို့သော် သူ့လိုကူးဖြတ်ခြင်းထိပ်ဆုံးအဆင့်နှင့် လက်ရည်တူယှဉ်နိုင်သည်။ ထိုဓားစွမ်းရည်အဆင့်သည် အသံတိတ်အဖျက်ဓားပညာ ဖန်တီးခဲ့သည့် လျိုနင်ရွှမ်းထက်မနိမ့်။

"ခင်ဗျားရဲ့ဟာရမ်မှာ မိန်းမတွေအများကြီးရှိတယ်မဟုတ်လား။ ငါသခင်လေးအတွက် သေလိုက်စမ်း"

မုန်ကျင်းကျိုး နဂါးတစ်ကောင်လိုခွန်အားမျိုးဖြင့် ရှေ့သို့ ခုန်ဝင်လာသည်။ ကျားတစ်ကောင်လိုခြေလှမ်းမျိုးဖြင့် လေဟာနယ်ကိုနင်းလျှောက်လာသည်။ အဓိပဓိသန့်စင်ယန်ဓမ္မခန္ဓာကို ဖန်တီးသည်။ လက်ခြောက်ဘက်ဓမ္မခန္ဓာက နေတစ်စင်းလို တောက်ပနေသည်။

မတူညီသည့် မှော်လက်နက်ခြောက်ခုကို ကိုင်စွဲထားသည်။ မဟာနေမင်း၏ တထာဂတဗုဒ္ဓ ပေါ်လာသည်နှင့်တူသည်။

ဓမ္မခန္ဓာက လက်ခြောက်ဘက်ကိုလှုပ်ရှား၍ တာာအိုအလင်းများအဖြစ် အသွင်ပြောင်းသည်။ ကောင်းကင်တုန်ခါသည့် အသံမျိုးပေါ်လာသည်။ မြို့တော်၏ မိုင်ထောင်ချီအဝေးမျှပင် ကြားနိုင်သည်။

"ဝေါ့"

ယန်ခုန်တုန် လုယန်ကိုပင် မနည်းတိုက်ခိုက်နေရသည်။ ယခု မုန်ကျင်းကျိုး၏ လက်သီးခြောက်ခု တိုက်ခိုက်မှုက ပြင်းထန်လွန်းသဖြင့် သူ့အတွင်းကလီစာများ နေရာလွဲသွားသည်။

ထိုအချိန်ကို အခွင့်ကောင်းယူ၍ လုယန်က ဓားဖြင့်ထိုးသည်။ ယန်ခုန်တုန် နေရာမှပျောက်သွားသည်။ လုယန်တို့နှစ်ယောက်၏ တိုက်ခိုက်မှုစက်ကွင်းလွတ်သည့်နေရာတွင် ပေါ်လာသည်။ နဖူးအလယ်တွင်လည်း သွေးစတစ်ခုပေါ်လာသည်။

"ပူပင်မဲ့ခြေလှမ်းလား။ ဒုက္ခများလိုက်တာ"

လုယန် သက်ပြင်းချသည်။ ပူပင်မဲ့ခြေလှမ်းသာမသုံးလျှင် ယန်ခုန်တုန်နဖူးကို သူ့ဓားက ထိုးဖောက်သွားပြီးဖြစ်မည်။

"ဒါဆို ပူပင်မဲ့ဧည့်သည်ကို ပူပင်မဲ့ခြေလှမ်းပညာသင်ပေးတာ ခင်ဗျားပေါ့။ သဘာဝကျပါတယ်လေ။ ကျုပ်အစောကြီးကတည်းက တွေးမိခဲ့သင်တာ"

ပူပင်မဲ့ဧည့်သည်တွင် ဆရာရှိမှန်း လုယန်သိသည်။ ကိုယ့်ဘာသာ ဝိညာဉ်ပြောင်းထိပ်တန်းအထိ ကျင့်ကြံနိုင်ပြီး ရွှဲ့ရှီလုန်ကိုပင် အနိုင်ယူနိုင်သည်ဆိုလျှင် ထိုပါရမီမျိုးက ထူးဆန်းလွန်းနေပေလိမ့်မည်။

သူ့တပည့်နာမည်ကြားသော်လည်း ယန်ခုန်တုန် အမူအရာမပျက်။ ပူပင်မဲ့ဧည့်သည်သည် သူ့အစမ်းသပ်ခံတစ်ယောက်သာဖြစ်သည်။ ဘာမှသံယောဇဉ်တွယ်စရာမရှိ။

ပူပင်မဲ့ခြေလှမ်းသုံး၍ နောက်တစ်ကြိမ် နေရာမှသူပျောက်သွားပြန်သည်။ အောက်ဘက်မှကူးဖြတ်ခြင်းအဆင့်သုံးယောက် မြို့နံရံကိုမှီ၍ မော့ကြည့်ရင်း စိုးရိမ်ပူပန်နေသည်။ သူတို့တိုက်ခိုက်စဉ်က ပူပင်မဲ့ခြေလှမ်းကြောင့် အကြိမ်ကြိမ်အခက်ကြုံခဲ့သည်။ ကာကွယ်တားဆီးဖို့ လုံးဝမဖြစ်နိုင်။

"ပူပင်မဲ့ခြေလှမ်းဆိုတာ အမြန်နှုန်းပါပဲ။ ပင်လယ်တာအိုသခင်ရဲ့ လေဟာနယ်ပညာလို မဟုတ်ပါဘူး။...ဓားနယ်မြေစွမ်းအား"

ဓားတစ်သောင်းဌာနေပြန်စွမ်းအားဖြည့်ထားသဖြင့် ဓားနယ်မြေ၏စွမ်းအားက ပြိုင်ဘက်ကင်းသည်။ လေဟာနယ်တစ်ခုလုံး ထက်မြက်သည့် ဓားရိပ်များပြည့်နေသည်။

ပူပင်မဲ့ခြေလှမ်းက ဓားရိပ်ထက်ပိုမြန်သည့်တိုင် ဓားချီလှုပ်ရှားမှုမှတစ်ဆင့် ယန်ခုန်တုန်၏ တည်နေရာကို လုယန်အာရုံခံနိုင်သည်။

"ဒီဘက်မှာပဲ"

လုယန် လက်နှစ်ချောင်းပူး၍ နဖူးပေါ်ကပ်လိုက်သည်။ မျက်လုံးမှ ဓားရောင်လက်လာသည်။ ဓားနယ်မြေကိုချုံ့သည်။ ယန်ခုန်တုန် လှုပ်ရှားနိုင်သည့်အဝိုင်းအဝန်း တဖြေးဖြေးကျဉ်းမြောင်းလာသည်။

ယန်ခုန်တုန် အံတင်းတင်းကြိတ်လိုက်သည်။ ထိုအတိုင်း ဆက်သွား၍မဖြစ်။ ကိုယ့်စိတ်ကိုယ်တင်းထားသည်။ ဓားချီများဒါဇင်ချီ၍ အထိခံပြီး ဓားနယ်မြေကို ဖောက်ထွက်သည်။

သူအပြင်ရောက်သည်နှင့် သူ့ဦးခေါင်းထက်မှ အသံတစ်ခုကြားရသည်။ အောင်မြင်ခံ့ညား၍ ဩဇာရိပ်လွှမ်းနေသဖြင့် ယင်ထန်မသေမျိုးကိုပင် သူသတိရမိသည်။

"ကောင်းကင်ဆန္ဒကိုဆန့်ကျင်ပြီး သဘာဝအစီအစဉ်ကို ဖျက်ဆီးတယ်။ မင်းကိုကွပ်မျက်ရမယ်"

အဓိပဓိလက်သီးပညာ ပြန်ပေါ်လာသည်။ လေဟာနယ်သန့်စင်အဆင့်၏ ကျင့်စဉ်မတည်ငြိမ်သည့်အချိန်ကို အခွင့်ကောင်းယူ၍ ထိုလက်သီးပညာကို မုန်ကျင်းကျိုး မနားတမ်းလေ့လာခဲ့သည်။ အမြင့်ဆုံးအခြေအနေသို့ မြှင့်တင်နိုင်ခဲ့သည်။

ထိုလက်သီးသာ ယန်ခုန်တုန်ကိုထိလျှင် မသေသည့်တိုင် ဒုက္ခိတဖြစ်သွားလိမ့်မည်။

သေရေးရှင်ရေးအခြေအနေကြုံသော်လည်း ယန်ခုန်တုန် တည်ငြိမ်နေသည်။ ကောင်းကင်တောင်တန်းတော်ဝင်မြေ၏ အမြင့်ဆုံးပညာသုံးခုထဲမှ တစ်ခုကို ထုတ်သုံးသည်။

ကောင်းကင်တောင်တန်းတံဆိပ်ပညာဖြစ်သည်။ ထိုတံဆိပ်ဖြင့် မုန်ကျင်းကျိုးမြင်ကွင်းကို ပိတ်ဆို့ပြီး နှလုံးဖျက်ကျင့်စဉ်စွမ်းအားကို အမြင့်ဆုံးတိုးမြှင့်သည်။

ပူပင်မဲ့ခြေလှမ်းနှင့် တွဲဖက်အသုံးပြုသဖြင့် သူ့အမြန်နှုန်း များစွာတိုးတက်လာသည်။ လက်သီးချက်ကို ရှောင်တိမ်သွားသည်။

"မင်းတို့သခင်လေးနှစ်ယောက်၊ ထပ်လာခဲ့စမ်းပါ"

ယန်ခုန်တုန် အတက်အကျမရှိသည့်လေသံဖြင့်ပြောသည်။ အစောပိုင်းကဟန်ပန်နှင့် တစ်ခြားစီဖြစ်နေသည်။

လုယန် မျက်လုံးများမှေးစင်းသွားသည်။ တိုက်ပွဲဆိုသည်က စိတ်ဓာတ်စစ်ဆင်ရေးဗျူဟာလည်း ပါဝင်သည်။ စကားလုံးများသုံး၍ ယန်ခုန်တုန်အတွေးများကို သူနှောက်ယှက်နေခဲ့သည်။

ယန်ခုန်တုန်၏ အားနည်းချက်ကို အလွယ်တကူရိပ်စားမိခဲ့သည်။

ဘာကြောင့် ယန်ခုန်တုန် ရုတ်တရက် ထိုမျှတည်ငြိမ်သွားသနည်း။ အချိန်တိုအတွင်း အကောင်းဆုံး ဆုံးဖြတ်ချက်များကို ချနိုင်ခဲ့သည်။

"ခံစားချက်ခုနစ်မျိုးအရိယဖလသန္ဓေစွမ်းအားနဲ့ ခံစားချက်တွေကို ပိတ်ဆို့လိုက်တယ်ပေါ့"

လုယန် နားလည်လာသည်။ ရှေးဟောင်းခေတ်က မသေမျိုးတစ်ဝက်အတော်များများ ခံစားချက်အရိယဖလသန္ဓေကို ကျင့်ကြံကြကြောင်း နတ်မယ်ပြောဖူးသည်။ ယန်ခုန်တုန်လည်း တစ်ယောက်အပါအဝင်ဖြစ်သည်။

ယန်ခုန်တုန် လုယန်ကို အေးစက်စက်စိုက်ကြည့်နေသည်။ ဘာမှပြန်မပြော။

****************************

All Chapters