အခန်း ၁၁၈၀
Vol. 79 Ch. 1180
အခန်း (၁၁၈၀) စွမ်းအားငှားယူပညာ အတော်ဆုံးလူ
"ခံစားချက်ခုနစ်မျိုးက ခံစားချက်မဲ့လာတယ်။ ဒါက ကြေးပြားတစ်ပြားရဲ့ မျက်နှာပြင်နှစ်ဘက်လိုပဲ။ ခံစားချက်ခုနစ်မျိုး အရိယဖလသန္ဓေတည်ဆောက်ပြီးရင် နောက်တစ်ဆင့်က အရိယဖလအစစ်ကို ပြည့်ပြည့်ဝဝတည်ဆောက်ဖို့ပဲ။
ရှေးဟောင်းခေတ်မှာ ခင်ဗျားကြိုးစားတာတွေ မအောင်မြင်ခဲ့ဘူး။ ဒါကြောင့် ခင်ဗျားရဲ့အရိယဖလသန္ဓေကို ပြည့်စုံအောင်လုပ်ဖို့ မဟာရှားခေတ်မှာ နှလုံးမဲ့ဂိုဏ်းကို တည်ဆောက်ပြီး နှလုံးမဲ့လုပ်ရတွေကို စောင့်ကြည့်လေ့လာတယ်။ နှလုံးမဲ့တာအိုကို ပိုနားလည်အောင်ကြိုးစားခဲ့တယ်ပေါ့"
ယန်ခုန်တုန် မျက်နှာတင်းသွားသည်။ လုယန်က သူ့အပြောင်းအလဲကို ထိုမျှသုံးသပ်နိုင်မည်ဟု သူထင်မထား။ လုယန်ကို သတ်ချင်စိတ်များ ပို၍ပြင်းထန်လာသည်။
နှလုံးမဲ့(ခံစားချက်မဲ့)အခြေအနေတွင် နှလုံးမဲ့ကျင့်စဉ်စွမ်းအားက အမြင့််ဆုံးသို့ရောက်နေသည်။ လူသတ်ချင်စိတ်ပြင်းထန်လေ စွမ်းအားပိုကြီးလေဖြစ်သည်။
ရှေးဟောင်းအရှုပ်အထွေးခေတ်တွင် သူမွေးဖွားခဲ့သည်။ ကိုယ့်စွမ်းရည်ကို ဖုံးကွယ်တတ်ဖို့ အရေးကြီးကြောင်း ကောင်းကောင်းသိသည်။ တတ်နိုင်သမျှထုတ်မပြမိအောင် ကြိုးစားရမည်။
ဥပမာ မူပိုင်ယိတို့သုံးယောက်နှင့် တိုက်ခိုက်စဉ်က အရိယဖလသန္ဓေစွမ်းအားကို သူလုံးဝမသုံးခဲ့။ ကူးဖြတ်ခြင်းထိပ်တန်းပညာများဖြင့် အနိုင်ယူဖို့လုံလောက်ခဲ့သည်။
တိုက်ပွဲတွင် တစ်ဘက်လူကို အငိုက်ဖမ်းနိုင်ဖို့ အရေးကြီးသည်။ ပထမတစ်ကြိမ် အရိယဖလစွမ်းအားသုံးလျှင် နောက်လာမည့်ပြိုင်ဘက်က သူအရိယဖလသန္ဓေပိုင်ထားကြောင်း သိသွားမည်။ ကြိူတင်ပြင်ဆင်၍ သတိထားလိမ့်မည်။ ရင်ဆိုင်ရ ပိုခက်ခဲလာမည်။
သူ့ပြိုင်ဘက်က အရိယဖလအကြောင်း များစွာသိထားသည်။ ပင်လယ်တာအိုသခင်ကသူ့ကို တပည့်အဖြစ်လက်ခံပြီး အရိယဖလဗဟုသုတများ မျှဝေခဲ့ခြင်းလော။
ခံစားချက်မဲ့သည့်အခြေအနေတွင် ယန်ခုန်တုန်အတွေးများ ထူးထူးခြားခြားရှင်းလင်းနေသည်။ စိတ်ကူးစိတ်သန်းများစွာ သူ့ဦးနှောက်ထဲ ချက်ချင်းဝင်လာသည်။
သို့သော် ဘာမှအရေးမကြီးတော့။ လုယန်သေရမည်။ မြို့တော်တစ်ခုလုံးကို သူနှင့်အတူမြှုပ်နှံမည်။ သူ့အရိယဖလသန္ဓေအကြောင်း သတင်းမပြန့်အောင်လုပ်မည်။
"ထွင်းဖောက်ရေခဲ"
ယန်ခုန်တုန်အတွေးများက ကြည်လင်နေသည်။ ထို့ကြောင့် ထွင်းဖောက်ရေခဲပညာသုံးဖို့ အဆင်ပြေသည်။ ယခုတစ်ကြိမ် ပို၍စွမ်းအားကြီးသည်။ ရေခဲမြားတံတစ်ခုထိလျှင် ချက်ချင်းအေးခဲသွားမည်။
ဆက်တိုက်လွင့်ပျံလာသည့် ရေခဲမြားတံများရင်ဆိုင်ရင်း မုန်ကျင်းကျိုး ရှေ့တိုးလာသည်။ လုယန်၏ ရွှေငှက်မီတောက်စစ်နှင့် မုန်ကျင်းကျိုး၏ဖီးနစ်မီးတောက်စစ်နှစ်ခုက အဓိပဓိသန့်စင်ယန်ဓမ္မခန္ဓာထဲဿို့ ပေါင်းစပ်သည်။
မြောက်ပိုင်းနယ်မြေသို့ ရောက်လာကတည်းက ပြင်းထန်သည့်အအေးဓာတ်ကြောင့် မုန်ကျင်းကျိုး၏ သန့်စင်ယန်ဝိညာဉ်မြစ်ကို အတော်ထိန်းချုပ်ထားနိုင်ခဲ့သည်။ မြောက်ပိုင်းနယ်မြေတွင် နေရသည်မှာ သူ့အတွက် အတော်သက်တောင့်သက်သာရှိသည်။
ဆန္ဒမီးတောက်ကို အလိုလိုထိန်းချုပ်ပြီးသားလို ဖြစ်နေသည်။
ယခု ထိန်းချုပ်မထားတော့။
သန့်စင်ယန်ဓမ္မခန္ဓာမှ ပြင်းထန်သည့်အပူရှိန် ထိုးထွက်လာသည်။ ဓမ္မခန္ဓာပုံရိပ်နှင့်ယှဉ်လျှင် ကောင်းကင်မှနေမင်းက အရောင်မှိန်နေသည်။ ရာသီအပြောင်းအလဲအကြောင်းမသိသည့် မူရွှဲ့မြို့ခံများ နွေရာသီဟူသည့်အယူအဆကို နားလည်လာသည်။
နှင်းများအရည်ပျော်လာသည်။ ရေခဲပြင်များ ရေပြင်အဖြစ်ပြောင်းသွားသည်။ နှစ်တစ်ထောင်ကြာအောင် မပေါ်ခဲ့သည့် ရှေးဟောင်းကျောက်သားလမ်းများ ပြန်ပေါ်လာသည်။
ဓမ္မပုံရိပ်က လက်ခြောက်ဘက်ကို မီးနှဂါးများအသွင်ဝှေ့ယမ်းလှုပ်ရှားလျှက် ရေခဲမြားတံများကို ဖမ်းယူသည်။ အရည်ပျော်ချိန်ပင်မရဘဲ ချက်ချင်းအငွေ့ပျံသွားသည်။
မုန်ကျင်းကျိုး၏ဓမ္မခန္ဓာက ထိုမျှစွမ်းအားကြီးမည်ဟု ယန်ခုန်တုန်ထင်မထား။ ရှေးဟောင်းခေတ် သန့်စင်ယန်ခန္ဓာပိုင်ရှင်များပင် ထိုအဆင့်မျိုးမရှိ။
"ကောင်းကင်စွမ်းအားကို ဆန့်ကျင့်တယ်ပေါ့။ မင်းအသက် အဆုံးသတ်ရမယ်"
(ထိုသို့ အော်ဟစ်ကြုံးဝါးခြင်းသည့် မသေမျိုးအဆိုအမိန့်များဖြင့် သူ့စိတ်ဓာတ်စွမ်းအားကို မြှင့်တင်ခြင်းဖြစ်သည်)
မုန်ကျင်းကျိုး ခပ်တင်းတင်းအော်ဟစ်လိုက်သည်။ သူ့အသံက မကျယ်လှသော်လည်း မြို့တော်တစ်ခုလုံး ပဲ့တင်ထပ်သွားသည်။ မြို့ခံများကသူ့ကို မသေမျိုးတစ်ယောက်ဟု ထင်မှတ်၍ လေးစားကြည်ညိုစိတ်များ ပေါ်လာသည်။
အဓိပဓိလက်သီး။
ယခု မုန်ကျင်းကျိုး၏စိတ်ဓာတ်က ပုံမှန်မောက်မာဝင့်ကြွားသည့်အဆင့်ကို ကျော်လွန်သွားသည်။ ဓမ္မပုံရိပ်၏ လက်သီးခြောက်ခုမှ ရွှေရောင်အလင်းများ တောက်ပလာသည်။
ယန်ခုန်တုန်က ထိတ်လန့်ခြင်းမရှိဘဲ တည်ငြိမ်စွာ ပြန်တိုက်ခိုက်သည်။ ထိုစဉ် လုယန်က သူ့နောက်ဘက်တွင် ဝိညာဉ်တစ်ကောင်လိုပေါ်လာသည်။
"မသေမျိုးဓားစွမ်းအား"
နှစ်ဘက်ညှပ်တိုက်ခြင်းဖြစ်သည်။
ယန်ခုန်တုန် မုန်းကျင်းကျိုး၏တိုက်ခိုက်မှုကိုခုခံလျှင် လုယန်၏ဓားကို ရှောင်နိုင်မည်မဟုတ်။
သို့သော် ထိုခဏမှာပင် လုယန်နှင့်မုန်ကျင်းကျိုးတို့၏ အားအရှိန်များ ထိုးကျသွားသည်။ စုစည်းခြင်းအဆင့်သို့ ရောက်လာသည်။
"သောက်လခွမ်း၊ ဘာလို့ဒီလိုအချိန်ကျမှ ဖြစ်ရတာလဲကွာ"
မုန်ကျင်းကျိုး အော်ဆဲလိုက်သည်။ ယန်ခုန်တုန်၏ လက်ဝါးချက်ကြောင့် လွင့်ထွက်သွားသည်။ နှင်းဖုံးတောင်ကုန်းများနှင့် တိုက်မိပြီးနောက် မြို့တော်အပြင်ဘက်သို့ ရောက်သွားသည်။
လုယန်လည်း မသက်သာလှ။ ယန်ခုန်တုန်၏တိုက်ခိုက်မှုကို ဓားဖြင့်ဆီးကာရင်း လွင့်ထွက်သွားသည်။
ထိုမြင်ကွင်းကြောင့် မူပိုင်ယိတို့လူစုအပါအဝင် မြို့ခံများအားလုံး စိတ်ဓာတ်ကျသွားသည်။
သူတို့နှစ်ယောက် ဒဏ်ရာများကို မကုသနိုင်၍မဟုတ်။ ပြန်မတိုက်ခိုက်နိုင်၍မဟုတ်။ တိုက်ခိုက်လျှင်ပင် အရိယဖလသန္ဓေပိုင်ရှင် ယန်ခုန်တုန်ကို ဘယ်လိုယှဉ်နိုင်တော့မည်နည်း...
ထွက်ပြေးဖို့လည်း အချိန်မရနိုင်။
"ကဲ၊ မင်းတို့ဘယ်လိုဆက်လုပ်မလဲ"
ယန်ခုန်တုန်က ခံစားချက်ကင်းမဲ့သည့်လေသံဖြင့်ပြောသည်။ သို့သော် သူ့လေသံတွင် လှောင်ရိပ်ပါသည်ကို လုယန်သိသည်။
"တိုက်ခိုက်ကြတာပေါ့"
မုန်ကျင်းကျိုး တောင်ကုန်းအပျက်အစီးထဲမျှ ထိုးထွက်လာသည်။ သို့သော် လုယန်က သူ့ကိုတားသည်။
"နေပါဦး၊ လောင်မုန်။ ငါ့မှာ တစ်ကွက်ကျန်ပါသေးတယ်"
မုန်ကျင်းကျိုး လုယန်အပေါ် လုံးဝသံသယမရှိ။ တိုက်ပွဲကွင်းမှ ချက်ချင်းထွက်သွားသည်။
ယန်ခုန်တုန်လည်း လုယန်ဘယ်လိုလျှို့ဝှက်ပညာမျိုး ရှိနေသည်ကို သိချင်သည်။
အားလုံးကြည့်နေစဉ်မှာပင် လုယန် သူ့ကျောက်စိမ်းတံဆိပ်ကို ပုတ်လိုက်သည်။ သစ်သားဓားအိတ်သုံးလုံးထွက်လာသည်။ သူ့နောက်ဘက်တွင် အစီအစဉ်တကျဝဲပျံနေသည်။
ထိုသစ်သားဓားများမှထွက်လာသည့် ဓားချီကို ယန်ခုန်တုန်ခံစားမိသည်။ ချက်ချင်းနားလည်လာသည်။
"ဪ ငါဆင့်ခေါ်ခဲ့တဲ့ သားရဲအုပ်တွေကို သတ်ခဲ့တာ မင်းပေါ့"
သားရဲထိန်းပညာဖြင့် သားရဲကပ်ကိုဖန်တီးဖို့ သူစီစဉ်ခဲ့သည်။ မူရွှဲ့မြိုခံအားလုံးကိ ခံစားချက်မဲ့သည့်အခြေအနေမျိုး ရောက်အောင် ဖန်တီးချင်ခဲ့သည်။
အားလုံး သွေးဆာ၍ ရက်စက်ကြမ်းတမ်းလာမည်။ နတ်ဆိုးသားရဲများကို ကြောက်လန့်ခြင်းမရှိဘဲ အသေခံ၍တိုက်ခိုက်ကြမည်။ ဘယ်ဘက်ကအနိုင်ရသည်ကို သူကြည့်လိုသည်။
ထိုနည်းလမ်းဖြင့် သူ့နှလုံးမဲ့တာအိုကို ပို၍နားလည်အောင် ကြိုးစားလိုခြင်းဖြစ်သည်။
သို့သော် သူ့အစီအစဉ်စသည့်အချိန်မှာပင် သားရဲများကို အမည်မသိဓားစွမ်းအားရှင်တစ်ယောက်က သတ်ဖြတ်လိုက်သည်။
"ဝှီး"
ဓားငယ်များစွာ အုပ်စုလိုက်ဝင်လာသည်။ လေဟာနယ်ကိုထိုးခွဲ၍ ယန်ခုန်တုန်ကို တိုက်ခိုက်သည်။
ယန်ခုန်တုန် အကြီးအကျယ်အံ့အားသင့်သွားသည်။ ဤတိုက်ကွက်သည် ရန်သူ၏နောက်ဆုံးကြိုးစားမှုဖြစ်သည်။ သူ့လေးကိုင်းကိုဆွဲထုတ်၍ မြားတံများ အဆက်မပြတ်ပစ်လွှတ်သည်။
ဝင်လာသည့် သစ်သားဓားငယ်များကို ချေဖျက်သည်။
လုယန်က သစ်သားဓားများကို အတန်းလိုက်ခွဲ၍ပစ်လွှတ်သည်။ သို့သော် ယန်ခုန်တုန်က ပူပင်မဲ့ခြေလှမ်းပညာဖြင့် ရှောင်တိမ်းသည်။ ရေခဲမြားတံမထိဘဲ ဝင်လာသည့် သစ်သားဓားများကိုလည်း သူရှောင်နိုင်သည်။
တစ်ခြားရွေးစရာမရှိတော့သဖြင့် လုယန် သစ်သားဓားများအားလုံး ထိန်းချုပ်၍ ပစ်လွှတ်သည်။ ယန်ခုန်တုန်၏ ဝိညာဉ်စွမ်းအင်လျော့ပါးအောင် ကြိုးစားသည်။
သို့သော် သူ့အကြံအစည်မအာင်မြင်။ သစ်သားဓားများ ကုန်လုနီးပါးဖြစ်လာသော်လည်း ယန်ခုန်တုန်၏ ဝိညာဉ်စွမ်းအားက ပုံမှန်စီးဆင်းနေဆဲဖြစ်သည်။
လုယန် အံတင်းတင်းကြိတ်လိုက်သည်။ သစ်သားဓားများကို အကာာအကွယ်ယူ၍ ချင်ဖုန်ဓားကိုဆွဲထုတ်ပြီး ရှေ့သို့ပျံတက်သွားသည်။ အဆင့်မြင့်သည့် သူ့ဓားပညာက ချောမွေ့သွက်လက်သည်။
ထူးဆန်းသည့် မှော်ပညာများ အထပ်ထပ်ဖုံးအုပ်ထားသည်။
သို့သော် ဘာမှအရာမထင်။
"မက်မွန်ဆွတ်မသေမျိုးလက်ဝါး"
"ဖျောင်း"
လုယန် ထိုလက်ဝါးချက်ကို မရှောင်နိုင်။ သူ့ဝမ်းဗိုက်ကို ထိသွာားသည်။ သွေးများ အဆက်မပြတ်အန်ထွက်လာသည်။ အသက်ရှူသံ နှေးကွေးလာသည်။
"လောင်လု"
ထိုမြင်ကွင်းကိုကြည့်၍ မုန်ကျင်းကျိုး စိုးရိမ်တကြီးအော်လိုက်သည်။
"ဆရာလု"
ကျောင်းသားများလည်း ထိုမြင်ကွင်းကိုမကြည့်ရက်တော့ဘဲ ငိုကြွေးကြသည်။
ယန်ခုန်တုန်က လုယန်ကို အထက်စီးမှငုံ့ကြည့်သည်။
"မင်းအစွမ်းက ဒါအကုန်ပဲဆိုရင်တော့ မင်းလည်းသေရတော့မယ်"
သူတို့ကျင့်စဉ်အဆင့်ကွာဟချက်က ကြီးမားလွန်းသည်။ ဘယ်ပညာရပ်နှင့်မှ ဖြည့်ဆည်း၍မရ။
"စိတ်မပူပါနဲ့။ မြို့ထဲကလူတွေအားလုံးကို မင်းနဲ့အတူမြေမြှုပ်ပေးမှာပါ"
ရုတ်တရက် လုယန် ဖျတ်ခနဲမော့ကြည့်သည်။ သူ့ပါးစပ်တွင် သွေးများနီရဲနေသည်။ ယန်ခုန်တုန်ကိုကြည့်သည့် သူ့အကြည့်က လှောင်ရိပ်များပြည့်နေသည်။
"အကြီးအကဲယန်ခုန်တုန်၊ ခင်ဗျားက ဟာရမ်ရွှေသန္ဓေနဲ့ စွမ်းအားငှားသုံးရတာကို သဘောကျတယ်လို့ကြားတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ။ ကျုပ်လည်း စွမ်းအားငှားသုံးရတာကိုကြိုက်တယ်။
ဘယ်သူ့စွမ်းအားကို ငှားသုံးရင် အကောင်းဆုံးလဲဆိုတာသိလား"
"ဘာရယ်"
ယန်ခုန်တုန် ခဏမင်သက်မိသွားသည်။ လုယန်စကားထဲမှ အဓိပ္ပါယ်ကို သူနားမလည်။
ရုတ်တရက် သူမျက်နှာပျက်သွားသည်။ သူ့တစ်သက် ဘယ်တော့မှနားမလည်နိုင်မည့် မြင်ကွင်းတစ်ခုပေါ်လာသည်။
လုယန်၏ကျင့်စဉ်အဆင့် ထိုးတက်လာသည်။ စုစည်းခြင်းအခြေခံအဆင့်..အလတ်တန်းအဆင့်..ထိပ်တန်းအဆင့်..ကူးဖြတ်ခြင်းအခြေခံအဆင့်..အလတ်တန်းအဆင့်..ထိပ်တန်းအဆင့်..
ဘာတွေဖြစ်နေသည်မသိ။ လေဟာနယ်သန့်စင်အဆင့်၏ စွမ်းအားအတက်ကျက ကူးဖြတ်ခြင်းထိပ်ဆုံးအဆင့်ကို ရောက်နိုင်သလော...
ဘာကြောင့် ထိုမျှတိုက်ဆိုင်သည့်ကိစ္စမျိုး ဖြစ်လာသနည်း
လုယန်ဒဏ်ရာများ ချက်ချင်းပျောက်သွားသည်။ စွမ်းအင်ရောင်က မယုံနိုင်လောက်အောင် မြင့်မားလာသည်။
လုယန် ယန်ခုန်တုန်ဆီလျှောက်သွားသည်။ ယန်ခုန်တုန်စိတ်ထဲ မသေမျိုးတစ်ယောက်နှင့် ရင်ဆိုင်နေရသလို ခံစားရသည်။
"...ကိုယ့်စွမ်းအားကိုယ်ငှားသုံးတာ အလွယ်ဆုံးပဲလေ"
တို့ဟူးကောင်းကင်အရှင်အသွင်ဖြင့် ဗုဒ္ဓနိုင်ငံမှ မသေမျိုးခန္ဓာစွမ်းအားကို ငှားသုံးခြင်းဖြစ်သည်။
******************************