အခန်း ၁၁၈၆
Vol. 80 Ch. 1186
အခန်း (၁၁၈၆) ထိန်းချုပ်သူသခင်၏အရိယဖလ
"ဟားဟား၊ အကူခေါ်လည်း အကျိုးမထူးတော့ပါလား"
ကောင်းကင်အင်ပါယာသခင် ဘာကြောင့်ပြန်ထွက်သွားမှန်းမသိသော်လည်း ကိုးဆမသေမျိုး ထိုကိစ္စကို သိပ်အရေးမစိုက်။ ထိန်းချုပ်သူသခင် အာရုံလွင့်နေချိန်ကို အခွင့်ကောင်းယူ၍ သူတိုက်ခိုက်သည်။
ထိန်းချုပ်သူသခင် အင်ပါယာပြန်ထွက်သွားသည့်ကိစ္စကို စဉ်းစားနေစဉ် ပူပြင်းသည့်လက်သီးချက်က သူ့မျက်နှာကိုပေါ်ကျလာသည်။ ထို့နောက် အေးခဲလက်သီးထပ်ဝင်လာသည်။
အပူအအေးလက်သီးချက်များ တစ်လှည့်စီဝင်လာသဖြင့် ထိန်းချုပ်သူသခင် နောက်သို့ဆက်တိုက်ဆုတ်နေရသည်။ သူ့နှုတ်ခမ်းထောင့်မှ သွေးများတစ်စက်စက်ကျနေသည်။
သွေးထွက်နေသော်လည်း အရိုးသံချပ်ကာက လက်သီးချက်အများစုကို ခုခံပေးသဖြင့် ပြင်းထန်သည့်ဒဏ်ရာမျိုးတော့မရ။
မဟာချန်ခေတ်တွင် သူသည် မြို့တော်အရာရှိဖြစ်သည်။ သို့သော် စကားပြောကျင်လည်၍ ထိန်းချုပ်သူသခင်ဖြစ်လာသည်မဟုတ်။ တိုင်းပြည်ရေးရာများကို သူစိတ်မဝင်စား။ စိတ်ဝင်စားလျှင် ကောင်းကင်အင်ပါယာအနေဖြင့် နန်းတက်ဖို့ ထိုမျှလွယ်ကူခဲ့မည်မဟုတ်။
သူ့လက်သီးစွမ်းအားက ပြိုင်ဘက်ကင်းသည်။ သူ့မသေမျိုးသွေးများ ဆူပွက်လာသည်။ လက်နှစ်ဘက်လုံး ပြိုင်တူလှုပ်ရှား၍ ကိုးဆမသေမျိုးကို တန်ပြန်တိုက်ခိုက်သည်။
ကိုးဆမသေမျိုးက ယင်ယန်အစွန်းနှစ်ခုစွမ်းအားကို ပိုင်ဆိုင်သည်။ ကူးဖြတ်ခြင်းအဆင့်တွင်ရှိစဉ်က သူ့လက်သီးတစ်ချက်သည် ပြိုင်ဘက်ကို ပြာကျအောင် သို့မဟုတ် ရေခဲတုံးဖြစ်အောင် လုပ်နိုင်စွမ်းရှိသည်။
သို့သော် အရိုးသံချပ်ကာဝတ်ထားသည့် ထိန်းချုပ်သူသခင်က ထိုလက်သီးများကိုမကြောက်။
အရိုးသံချပ်ကာမှ အရိုးဆူးချွန်များ ထွက်လာသည်။ အရိုးချွန်လက်သီးဖြင့် တိုက်ခိုက်သလိုဖြစ်နေသည်။ တစ်ချက်ထိတိုင်း ကိုးဆမသေမျိုးကိုယ်ပေါ်တွင် ဒဏ်ရာတစ်ခုကျန်ခဲ့သည်။
နှစ်ယောက်လုံးက ကိုယ့်စွမ်းအားကိုယ် ယုံကြည်ကြသည်။ အော်ဟစ်မာန်သွင်း၍ ရန်သူကိုအသာစီးရအောင် တိုက်ခိုက်ကြသည်။ ကြောက်စရာစွမ်းအင်ရောင်များ ထွက်ပေါ်နေသည်။ အရိုးကျိုးသံများ ပဲ့တင်ထပ်နေသည်။
သို့သော် ကျိုးသွားသည့်အရိုးများ သူ့ဘာသာပြန်ဆက်သည်။ နာကျင်ခြင်း မောပန်းခြင်းမခံစားရဘဲ နှစ်ယောက်လုံး မရပ်မနားတိုက်ခိုက်ကြသည်။
အကြောင်းမသိသူများအဖို့ မသေမျိုးအရိယဖလကို လေ့ကျင့်နေသလို ထင်ကြလိမ့်မည်။
ကိုးဆမသေမျိုးက ထိန်းချုပ်သူသခင်၏သံချပ်ကာမှ အားနည်းသည့်နေရာတစ်ခုကို သတိထားမိသည်။ အပါးလွှာဆုံးနေရာလဲဖြစ်သည်။ ထိုနေရာကို ယင်ယန်အရိယဖလစွမ်းအားဖြင့် တိုက်ခိုက်သည်။
သို့သော် သူ့လက်သီးထိချိန်တွင် သံချပ်ကာ၏တစ်ခြားနေရာမှ အရိုးများက နေရာပြောင်းလာပြီး လက်သီးချက်ကို ကာကွယ်သည်။ လုံးဝထိရောက်မှုမရှိ။
"အတော်စိတ်ဝင်စားစရာကောင်းတာပဲ"
"ဘုန်း"
တိုက်ခိုက်ရမှ လူချင်းခွာပြီးနောက် နှစ်ယောက်လုံး အသက်ကိုမောပန်းစွာရှူရှိုက်နေသည်။ နာကျင်မှုကိုကျိတ်မှိတ်သည်းခံရင်း ပြိုင်ဘက်မျက်နှာမှ ဝေဒနာခံစားရသည့်အရိပ်ရှိမရှိ အကဲခတ်ကြသည်။
ဘာမှမထူးခြား။
ကိုးဆမသေမျိုး လက်ဖျောက်တစ်ချက်တီးလိုက်သည်။ မသေမျိုးမီးတောက်များ ပေါ်လာသည်။ မီးဝိညာဉ်ရှိသည့် ကျင့်ကြံသူများအတွက် ထိုမီးတောက်ပိုင်ဆိုင်ခြင်းသည် ကံကောင်းမှုတစ်ခုဖြစ်သည်။ သို့သော် သူ့အတွက် အတွေးတစ်ချက်သာလိုသည်။
ထို့နောက် သိပ်သည်းသည့် မှော်ရေခဲလုံးများပေါ်လာသည်။ အရည်အသွေးက နှစ်တစ်သန်းရေခဲနှင့် တန်းတူအဆင့်ရှိသည်။
ယခုချိန်ထိ အိပ်စက်နေသည့် မဟာချန်နှင့်မဟာယုကျင့်ကြံသူများ အသက်ဓာတ်ဆုံးရှုံးကြသည်။ ဘယ်လျှို့ဝှက်နည်းလမ်းသုံးသည်ဖြစ်စေ နှစ်သုံးလေးရာ သို့မဟုတ် နှစ်တစ်ထောင်ကျော်တော့ ဆုံးရှုံးကြသည်။ အကယ်၍ ထိုရေခဲလုံးထဲတွင် ခန္ဓာကိုယ်အေးခဲထားလျှင် နှစ်သန်းပေါင်းများစွာအိပ်စက်နိုင်သည်။
နှစ်တစ်သန်းအိပ်စက်ပြီးမှ ပြန်နိုးထလျှင်ပင် သက်တမ်းလျော့မသွားနိုင်။
မှော်ရေခဲလုံးတစ်ခု လွင့်ပျံလာသည်။ ထိန်းချုပ်သူသခင် လက်ဖြင့်ရိုက်ထုတ်လိုက်သည်။ သို့သော် မသေမျိုးမီးတောက်နှင့် မှော်ရေခဲလုံးများ နောက်ထပ်ဝင်လာသည်။ ထိန်းချုပ်သူသခင် ခေါင်းသုံးလုံး လက်ခြောက်ဘက်ရှိလျှင်ပင် အကုန်လုံး ဖယ်ထုတ်နိုင်စွမ်းရှိမည်မဟုတ်။
မသေမျိုးမီးတောက်တစ်ခု သူ့ခံစစ်ကို ထိုးဖောက်ဝင်လာသည်။ သို့သော် ချက်ချင်းဆိုသလို မီးတောက်က လမ်းကြောင်းပြောင်းသွားပြီး မှော်ရေခဲနှင့်ရိုက်ခတ်သည်။ နှစ်ခုလုံးပျက်စီးသွားသည်။
မသေမျိုးမီးတောက် ထိန်းချုပ်မှုအောက်မှ လွတ်သွားသဖြင့် ကိုးဆမသေမျိုး မျက်နှာပျက်သွားသည်။
မသေမျိုးပညာများသည် အရိယဖလစွမ်းအားနှင့် မယှဉ်နိုင်။ ထိုသို့ဖြစ်သွားခြင်းသည် ထိန်းချုပ်သူသခင်၏ အရိယဖလစွမ်းရည်လော...
"နတ်မယ်။ ထိန်းချုပ်သူသခင်ရဲ့ အရိယဖလစွမ်းရည်က ပစ္စည်းတွေကို ထိန်းချုပ်တာနဲ့ ပတ်သက်နေလား"
လုယန် မေးလိုက်သည်။ အရိယဖလများအကြောင်း နည်းနည်းသိထားပြီးဖြစ်၍ သုံးသပ်ချက်တစ်ချို့တော့ သူထုတ်နိုင်သည်။
"မဟုတ်ပါဘူး"
နတ်မယ်က တစ်ခစ်ခစ်ရယ်၍ လုယန်လွဲနေသည့်အချက်ကို ထောက်ပြသည်။
"သေချာကြည့်ပါ။ သူတို့အနီးကပ်တိုက်ခိုက်နေတဲ့အချိန်မှာ ကိုးဆမသေမျိုးက ထိန်းချုပ်သူသခင်ကို ထိုးချခွင့်ရခဲ့တယ်။ အရိုးသံချပ်ကာက ကာကွယ်လိုက်တယ်မဟုတ်လား။
ထိန်းချုပ်တဲ့အရိယဖလအမျိုးအစားဆိုရင် သူအချိန်မီကာကွယ်နိုင်ခဲ့မှာမဟုတ်ဘူး။ သံချပ်ကာလည်း မကာကွယ်နိုင်ဘူး။ ဒါပေမယ့် အဲလိုမဖြစ်ခဲ့ဘူးလေ။
ငါ့အထင်မမှားရင် ထိန်းချုပ်သူသခင်က ဉာဏ်အလင်းနဲ့ အသက်ဝိညာဉ်သွင်းပေးနိုင်တဲ့ အရိယဖအမျိုးအစားတစ်ခု ပိုင်ဆိုင်ထားတာပဲ။ အရာဝတ္ထုတွေကို အသက်သွင်းနိုင်တယ်။ အမိန့်ပေးနိုင်တယ်။
ဒါကြောင့် သူအသက်သွင်းထားတဲ့ အရာဝတ္ထုတွေက အလိုလိုတိုက်ခိုက်တုံပြန်နိုင်စွမ်းရှိလာတာ"
"အဲလိုလား"
....
"ထိန်းချုပ်တဲ့အရိယမျိုးလား"
ကိုးဆမသေမျိုးလည်း လုယန်လိုပင် ကောက်ချက်ချနေသည်။
ကိုးဆမသေမျိုးသုံသပ်ချက်ကြောင့် ထိန်းချုပ်သူသခင် မပွင့်တပွင့်ပြုံး၍ သူ့အရိယဖလစွမ်းရည်ကို ပေါ်တင်အသုံးပြုသည်။ ချက်ချင်းဆိုသလိုပင် သူ့ဆီလွင့်ပျံလာသည့် မသေမျိုးမီးတောက်နှင့် မှော်ရေခဲအားလုံး သိစိတ်နိုးထာလာပြီး ကိုးဆမသေမျိုးဆီ ပြန်လည်ပြေးဝင်သွားသည်။
"ငါ့အကွက်နဲ့ ငါ့ကိုပြန်တိုက်တယ်ပေါ့"
ကိုးဆမသေမျိုးခေါင်းထဲတွင် အတွေးတစ်ခု ပေါ်လာသည်။ လွင့်ပျံလာသည့် မီးတောက်နှင့်ရေခဲအရေအတွက်အတိုင်း ထပ်တူဖန်တီး၍ ရင်ဆိုင်သည်။ မိုင်တစ်သောင်းပတ်လည် တုန်ခါသါားသည်။
"ကာကွယ်နိုင်တယ်ပေါ့။ မဆိုးပါဘူး"
အသာစီးရထားသဖြင့် ထိန်းချုပ်သူသခင် ခပ်အေးအေးလေသံဖြင့်ပြောသည်။
ကိုးမသေမျိုးက မသေမျိုးမီးတောက်ကို ထိန်းချုပ်နိုင်သည်။ နေကိုပင်ဖန်တီးနိုင်သည်။ သို့သော် မီးတောက်ဖြစ်စေ နေဖြစ်စေ ထိတွေ့နိုင်သည့် အရာဝတ္ထုဖြစ်သည်။ အရာဝတ္ထုမှန်လျှင် ထိန်းချုပ်သူသခင်၏ အရိယဖလစွမ်းရည်ဖြင့် အသက်သွင်းနိုင်သည်။ ကိုးဆမသေမျိုး ဘယ်လိုလှုပ်ရှားမည်နည်း..
ရုတ်တရက် ဘယ်ကဝင်လာမှန်းမသိသည့် တိုက်ခိုက်မှုတစ်ခုက ကိုးဆမသေမျိုးကိုထိသွားသည်။ ထိချက်ပြင်းလွန်းသဖြင့် သူလွင့်ပျံသွားသည်။ တောင်ကုန်းဆယ်ခုကျော် ကြေမွပြီးမှ ရပ်သွားသည်။
ဘယ်ကလာသည့် တိုက်ခိုက်မှုမှန်းမသိ။
ဝိညာဉ်စွမ်းအင်သည်လည်း ထိန်းချုပ်သူသခင်၏ အရိယဖလထိန်းချုပ်မှုအောက်တွင်ရှိကြောင်း ကိုးဆမသေမျိုး ချက်ချင်းနားလည်လာသည်။ ဝိညာဉ်စွမ်းအင်ဖြင့် တိုက်ခိုက်ခြင်းဖြစ်သည်။
အသက်တစ်ချက် ဝအောင်ရှူသည်။ မိုင်တစ်ထောင်ပတ်လည်မှ ဝိညာဉ်စွမ်းအင်အားလုံးကိုဆွဲယူပြီး သူ့ခန္ဓာကိုယ်ထဲတွင် သန့်စင်သည်။
ထိန်းချုပ်သူသခင်သည် သက်မဲ့အရာဝတ္ထုများကိုသာ ထိန်းချုပ်နိုင်ခြင်းဖြစ်မည်ဟု သူခန့်မှန်းသည်။ သက်ရှိများကို ထိန်းချုပ်နိုင်လျှင် အစကတည်းက သူ့ခန္ဓာကိုယ် ထိန်းချုပ်ခံရပြီးဖြစ်မည်။
ဘေးပတ်လည်မှ ဝိညာဉ်စွမ်းအင်အားလုံးကို စုပ်ယူသန့်စင်လိုက်သဖြင့် သူ့ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ထိုစွမ်းအင်များကို ထိန်းချုပ်သသခင် အသုံးချ၍မရတော့။
ထိန်းချုပ်သူသခင် အံ့အားသင့်သွားသည်။ ကိုးဆမသေမျိုးက သူ့အရိယဖလစွမ်းရည်အစစ်ကို မခန့်မှန်းနိုင်သော်လည်း မှန်ကန်သည့်ရွေးချယ်မှု လုပ်နိုင်ခဲ့သည်။
"အခု မင်းဒါကိုဘယ်လိုဖြေရှင်းမှာလဲ"
မသေမျိုးအာရုံဖြင့် ထိန်းချုပ်၍ မူရွှဲ့မြို့တော် ဘေးပတ်လည်မှ တောင်တန်းများကို ထိန်းချုပ်သူသခင် အသက်သွင်းသည်။ မြေပေါ်တွင် အိပ်ပျော်နေသည့် လူ့ဘီလူးကြီးများလို နိုးထလာသည်။
နှင်းတောင်ကုန်းဘီလူး ထရပ်လာသည်။ ပေတစ်သောင်းခန့်မြင့်သည်။
ထို့နောက် မြေသားများကြွတက်လာပြီး လှောင်အိမ်အလွှာအထပ်ထပ်ဖြစ်ပေါ်လာသည်။ ကိုးဆမသေမျိုးကို ပိတ်လှောင်သည်။
မြေကြီးကိုထိန်းချုပ်၍ အသုံးပြုခြင်းဖြစ်သည်။
မိုးမြေကြားမှ အရာအားလုံး ထိန်းချုပ်သူသခင်၏ ထိန်းချုပ်နိုင်သည့် အကန့်အသတ်ထဲတွင်ရှိသည်။
တိုက်ပွဲကွင်းက မြို့တော်အပြင်ဘက်သို့ နေရာပြောင်းသွားသည်။ ရဲတင်းသည့်ကျင့်ကြံသူများ မြို့ပြင်သို့အုပ်လိုက်ထွက်လာပြီး တိုက်ပွဲကို ဆက်ကြည့်ကြသည်။
ထိန်းချုပ်သူသခင်ဆင့်ခေါ်မှုဖြင့် နှင်းတောင်ကုန်းဘီလူးများ တစ်ခုပြီးတစ်ခု နိုးထလာသည်ကို တအံ့တဩကြည့်နေကြသည်။
ခြေထောက်အောက်မှ သိစိတ်နိုးထလာသည့် နှင်းတောင်ကုန်းကို ယွမ်ကျိငုံ့ကြည့်သည်။ စိတ်ပျက်လက်ပျက်ခေါင်းခါ၍ အင်ပါယာထိုင်ခုံကိုသိမ်းပြီး အောက်သို့ခုန်ချသည်။ စက်ကွင်းလွတ်သည့်နေရာတစ်ခုရှာပြီး တိုက်ပွဲကိုဆက်ကြည့်သည်။
"မြေသားတောင်ကုန်းတဲ့လား။ သာမန်အရာဝတ္ထုတွေနဲ့ မသေမျိုးတစ်ယောက်ကို လာပိတ်လှောင်တယ်ပေါ့"
ကိုးဆမသေမျိုး သံကုန်ခြစ်၍ အော်ဟစ်လိုက်သည်။ ခန္ဓာကိုယ်တုန်ခါလာပြီး မြေလွှာအတားအဆီးများကို နဂါးတစ်ကောင်လို ထိုးဖောက်သည်။ နှင်းတောင်ကုန်းဘီလူးတစ်ကောင်ကို လက်သီးတစ်ချက်ဖြင့် ထိုးချလိုက်သည်။
တောင်ကုန်းဘီလူး ဦးခေါင်းပြတ်၍ မြေပေါ်သို့ ဝုန်းခနဲ လဲကျသွားသည်။
"သာမန်အရာဝတ္ထုလို့ ပြောလိုက်တာလား။ ဒါဆို ဒါတွေကိုကြည့်လေ"
တောင်ကုန်းဘီလူး၏ဦးခေါင်းကို ကိုးဆမသေမျိုး ချေမွလိုက်ချိန်တွင် သတ္တုရောင်တောက်ပနေသည့် လူသဏ္ဌာန်တစ်ခု အထဲမှပျံထွက်လာပြီး ကိုးဆမသေမျိုးကို မြေကြီးထဲသို့ရိုက်ချသည်။
"ဘုန်း"
မြေပြင်ပေါက်ကွဲထွက်သွားသည်။ မြေအောက်တွင် ကြီးမားသည့်ပေါက်ကွဲမှုတစ်ခု ဖြစ်လာသည်။ ကိုးဆမသေမျိုး၏ လက်သီးချက်ကြောင့် သတ္တုလူသား လွင့်ထွက်သွားသည်။ ထို့နောက် မြေကြီးထဲမှ ပြန်ထလာသည်။
ကိုးဆမသေမျိုး၏ ပြင်းထန်သည့်လက်သီးချက်ထိခဲ့သော်လည်း သတ္တုလူသားက ပျက်စီးမသွား။ လက်သီးရာတစ်ခုသာ ထင်ကျန်ခဲ့သည်။
"မသေမျိုးရွှေလား"
ကိုးဆမသေမျိုး မျက်မှောင်ကျုံ့သွားသည်။
သို့သော် စံရည်မီမသေမျိုးရွှေဖြင့် ဖန်တီးထားသည့် မှော်ပစ္စည်းမျိုးမဟုတ်။ ထိန်းချုပ်သူသခင်သည့် ယင်ထန်လို ပိုင်ဆိုင်မှုများမရှိ။ အညံ့စားမသေမျိုးရွေသာဖြစ်သည်။ သို့သော် ထိန်းချုပ်သူသခင်က အသက်သွင်းထားသဖြင့် သက်ရှိမသေမျိုးရွှေလူသားဟု သတ်မှတ်နိုင်သည်။ အလွန်တရာခိုင်ခံ့မာကျောသည်။
"ထင်မထားတာတွေ ဖန်တီးပြီး ငါအံ့ဩအောင် အမြဲလုပ်နိုင်တာပဲ"
ကိုးဆမသေမျိုး လှောင်ပြုံးပြုံးသည်။
"ဒါပေမယ့် ငါ့ရဲ့ယင်ယန်အရိယဖလက မသေမျိုးမီးတောက်နဲ့ မှော်ရေခဲကိုပဲ ထိန်းချုပ်နိုင်တယ် ထင်နေတာလား"
**************************************