← Chapters

အခန်း ၁၁၈၈

Vol. 80 Ch. 1188

အခန်း ၁၁၈၈

Vol. 80 Ch. 1188

အခန်း (၁၁၈၈) နှုတ်ပိတ်ခ

ကိုးဆမသေမျိုး၏နည်းလမ်းက အချိန်ကို တကယ်ရပ်တန့်နိုင်သည်မဟုတ်။ နယ်မြေတစ်ခုကိုသာ အေးခဲအောင်လုပ်နိုင်သည်။ မြောက်ပိုင်းနယ်မြေတွင်သာ အချိန်ရပ်တန့်နေပြီး တစ်ခြားတိုက်နယ်များတွင် ပုံမှန်အတိုင်းလည်ပတ်နေသည်။

အချိန်မသေမျိုး၏ အချိန်ရပ်တန့်မှုစွမ်းအားက တစ်လောကလုံးအပေါ် သက်ရောက်သည်။

အခြေအနေ ပိုဆိုးလာသဖြင့် ထိန်းချုပ်သူသခင် နောက်လှည့်ပြေးသည်။

သူ့ပညာရပ်အားလုံးကို ကိုဆမသေမျိုးက တန်ပြန်ုခုခံနိုင်သည်။ တိုက်ပွဲက အခြေအနေမကောင်း။ ထွက်ပြေးရမည်။

"မဖြစ်တော့ဘူး။ သူထွက်ပြေးဖို့ကြိုးစားနေပြီ"

လုယန် အော်ဟစ်လိုက်သည်။ မသေမျိုးတိုက်ပွဲတစ်ခုသည် အနိုင်အရှုံးရလာဒ်ပေါ်နိုင်သော်လည်း တစ်ဘက်လူကို ဖမ်းဆီးနိုင်ဖို့ သတ်ဖြတ်နိုင်ဖို့ အတော်ခက်သည်။

သို့သော် လုယန်ချက်ချင်း ပြန်လည်တည်ငြိမ်သွားသည်။ အမယွမ် မလှုပ်ရှားသေး။ ယခုချိန်ဆို အမယွမ်လည်း မြောက်ပိုင်းနယ်မြေသို့ ရောက်နေလောက်သည်။

အမယွမ်ရှိနေသည်ဖြစ်၍ ထိန်းချုပ်သူသခင် မလွတ်မြောက်နိုင်။

"ရှောင်ယွမ်ကိုဘာလို့အကူအညီခေါ်နေမှာလဲ။ ငါတို့ရှေးဟောင်းမသေမျိုးတွေနဲ့တင် သူ့ကိုဖမ်းနိုင်ပါတယ်"

နတ်မယ်က ယွမ်ကျိကို အကူခေါ်မည့်အစား သူ့လူများကိုသာ ခေါ်ချင်သည်။

"နတ်မယ်၊ ကိုးဆမသေမျိုးက သူ့ကိုဖမ်းနိုင်မှာ သေချာလို့လား"

"သေချာပါတယ်၊ သူတစ်ယောက်တည်း မဖမ်းနိုင်ပေမယ့် ငါအကူအညီခေါ်လို့ရတယ်လေ။ သွားပါ ရှောင်ယန်။ အပြင်ထွက်ပြီး 'သဘောထားသေးတဲ့ ယင်ထန်မသေမျိုး'လို့ သုံးခါလောက်အော်လိုက်ပါ။

ယင်ထန်ရောက်လာလိမ့်မယ်။ သူက အမြဲတမ်းအဲလိုပဲ။ သူ့ကိုမကောင်းပြောတဲ့လူတွေကို အာရုံခံနိုင်တယ်။ အရင်က ပဲပြာအရှင်ရှိနေလို့ ဝိညာဉ်အာရုံသူမဖြန့်ရဲတာ။ အခုအာရုံခံနိုင်လောက်ပါပြီ"

"...နတ်မယ်၊ အမယွမ်ကို ခေါ်တာက ပိုမကောင်းလောက်ဘူးလား"

ထိန်းချုပ်သူသခင်ကို ဖမ်းဖို့အတွက် သူ့အသက်ကို စွန့်စားရသည်က မထိုက်တန်။

"နင်ဘာတွေကြောက်နေတာလဲ။ ငါရှိနေတာပဲလေ။ ဘာမှမဖြစ်ပါဘူး"

နတ်မယ်က ခေါင်းမော့၍ ရင်ဘတ်ကိုပုတ်ပြသည်။

အင်ပါယာက သေမိန့်ချလျှင် လက်အောက်ခံတစ်ယောက် နာခံရမည်။ လုယန် သိစိတ်နယ်မြေမှထွက်၍ တီးတိုးရေရွတ်လိုက်သည်။

"သဘောထားသေးတဲ့ ယင်ထန်-"

"ဂျိန်း"

အေးခဲတိတ်ဆိတ်နေသည့် မြောက်ပိုင်းနယ်မြေတွင် ကြောက်စရာမိုးခြုန်းသံတစ်ခုပေါ်လာသည်။

လျှပ်စီးတန်းက လေဟာနယ်ကို ဖြတ်သန်း၍ ယင်ထန်အသွင်ပြောင်းသွားပြီး လုယန်ရှေ့သို့ရောက်လာသည်။ မျက်နှာနည်းနည်းတင်းနေသည်။

"ကောင်လေး၊ ငါ့ကိုသဘောထားသေးတယ်လို့ပြောတာ မင်းလား"

"ဒါက.."

လုယန် ထိတ်လန့်သွားပပြီး စကားထစ်နေသည်။ ယင်ထန်က တကယ်ချက်ချင်းရောက်လာသည်။ ထိုအပြုအမူသည် သဘောထားသေးခြင်းပင်မဟုတ်လော...

နတ်မယ်က လုယန်ရှေ့တွင်ကာရပ်သည်။

"အဲဒါ ငါပြောတာပဲ။ ဘာဖြစ်လို့လဲ"

ယင်ထန်မျက်နှာက ချက်ချင်းပြုံးလာပြီး ကဖျစ်ကညစ်ရယ်သည်။

"ငါ့ကို ဘယ်သူက သတိပေးနေတာလဲလို့ တွေးနေတာပါ နတ်မယ်။ လက်စသပ်တော့ မင်းဖြစ်နေတာကို"

ထို့နောက် မူမမှန်သည့် ပတ်ဝန်းကျင်ကို ယင်ထန် သတိပြုမိသွားသည်။ အားလုံး အေးခဲနေသည်။ ကောင်းကင်မှ လိုက်တမ်းပြေးတမ်းကစားနေသည့် လူနှစ်ယောက်ကိုလည်း အာရုံခံမိသည်။

"ကိုးဆမသေမျိုးနဲ့ ထိန်းချုပ်သူလား"

တစ်ချိန်တည်းမှာပင် လုယန်ကို တအံ့တဩ သူကြည့်မိသည်။ ဘာကြောင့် ထိုကောင်လေး ဤနေရာတွင် ရှိနေပြန်သည်မသိ။

"အရင်ဆုံး ကိုးဆမသေမျိုးကို နင်သွားကူလိုက်ပါဦး"

ယင်ထန် ခေါင်းငြိမ့်၍ ပျံတက်သါာသည်။

"ယင်ထန်"

ယင်ထန်ရောက်လာသည်ကို ကိုးဆမသေမျိုး မအံ့ဩပါ။ ခုနက မိုးခြုန်းသံသည် လူတစ်ယောက်က ယင်ထန်ကို ဆဲလိုက်သည့်သက်သေဖြစ်သည်။ ယင်ထန်၏ လျှပ်စီးကိုယ်ပွား သေချာပေါက်ရောက်လာမည်မှန်း သူသိသည်။

"နောက်တစ်ယောက်လား"

အသည်းအသန်ပြေးလွှားနေရင်းမှ ထိန်းချုပ်သူသခင် နောက်လှည့်ကြည့်မိသည်။

သူတို့မဟာချန်များ လုံးဝရှာမရခဲ့သည့် ရှေးဟောင်းမသေမျိုးများ နှစ်ယောက်ဆက်တိုက်ပေါ်လာသည်။

ယန်ခုန်တုန်စကား မှန်သည်။ ဤနေရာတွင် ရှေးဟောင်းမသေမျိုးလေးယောက်၏ သဲလွန်စရှိသည်။ သို့‌သော် ရှိနေသည့်သဲလွန်စက နည်းနည်းများလွန်းသည်။

"အတူဖမ်းကြစို့"

"ကောင်းပြီလေ"

သူတို့နှစ်ယောက်သည် ရှေးဟောင်းခေတ်ကတည်းက သိကျွမ်းခဲ့ကြသည်။ တစ်ယောက်နှင့်တစ်ယောက် နောက်ကွယ်မှလုပ်ကြံသူ ပူးကပ်ခံထားရသည်ဟု သံသယဖြစ်ပြီး နှစ်တစ်သိန်းကြာအောင် အဆက်အသွယ်မလုပ်ဘဲ နေခဲ့ကြသည်။

သို့သော်ယခု အတိတ်မကျေလည်စရာများကို ဘေးဖယ်ပြီး ဘုံရန်သူကို အတူရင်ဆိုင်သည်။ ဖမ်းဆီးရန်ကြိုးစားကြသည်။

ယင်ထန်၏လျှပ်စီးကိုယ်ပွားက မယုံနိုင်လောက်အောင်လျင်မြန်သည်။ အချိန်တိုအတွင်း ထိန်းချုပ်သူသခင်ကို ရှေ့မှပိတ်ဆို့နိုင်သည်။

ထိန်းခုျပ်သူသခင် လမ်းကြောင်းပြောင်း၍ ပြေးရန်ကြိုးစားသည်။ သို့သော် ကိုးဆမသေမျိုးက ပိတ်ဆို့ထားသည်။

"ကောင်းကင်လျှပ်စီး..."

ထုံးစံအတိုင်း ယင်ထန်က ကောင်းကင်လျှပ်စီးဆင့်ခေါ်၍ တိုက်ခိုက်ရန်ပြင်သည်။ ကိုးဆမသေမျိုးက တားသည်။

"လျှပ်စီးမသုံးနဲ့။ သူ့အရိယဖလက သိစိတ်ဝိညာဉ်ပေးနိုင်တဲ့ စွမ်းရည်ရှိတယ်"

ယင်ထန် လျှပ်စီးဆင့်ခေါ်မှုရပ်လိုက်သည်။ နှစ်ယောက်လုံး ရုပ်ခန္ဓာစွမ်းအားသက်သက်ဖြင့် တိုက်ခိုက်ကြသည်။

ကိုးဆမသေမျိုးတစ်ယောက်တည်းကိုပင် အရိုးသံချပ်ကာအားကိုးရှိ၍သာ ထိန်းချုပ်သူသခင် ရင်ဆိုင်နိုင်ခဲ့ခြင်းဖြစ်သည်။ ယခု ယင်ထန်ရောက်လာသည်။ သူလုံးဝခုခံနိုင်စရာ အကြောင်းမရှိ။

သိပ်မကြာမီ ယင်ထန်နှင့်ကိုဆတို့ ထိန်းချုပ်သူသခင်ကို မူရွှဲ့မြို့တော်ဆီ ဒရွတ်တိုက်ဆွဲခေါ်လာသည်။ သူ့အဆင့်တန်ဆာများက တိုက်ခိုက်နေစဉ်အတွင်း တစ်စစီပြုတ်ထွက်၍ ကျန်ခဲ့သည်။

ဘာကြောင့်မူရွှဲ့သို့ ပြန်ခေါ်လာသည်ကို ထိန်းချုပ်သသခင် စဉ်စားမရ။

"ကိစ္စပြီးပြီ"

ယင်ထန်တို့နှစ်ယောက် ထိန်းချုပ်သူသခင်ကို မြေပေါ်သို့ ပစ်ချလိုက်သည်။ နတ်မယ်က လုယန်ကိုယ်ထဲမှ ပေါ်လာပြီး ကြွားလုံးထုတ်သည်။

"ဘယ်လိုလဲ။ ငါတို့ရှေးဟောင်းမသေမျိုးငါးယောက်ရဲ့စွမ်းအားကို နင်သိသွားပြီမဟုတ်လား"

ထို့နောက် လုယန်ကိုလှည့်ကြည့်၍ ကြွားလုံးထုတ်ပြန်သည်။

"တွေ့လား။ ငါပြောသားပဲ။ သူ့ကိုဖမ်းဖို့ ရှောင်ယွမ်ဝင်ပါစရာမလိုပါဘူး"

ထိန်းချုပ်သူသခင် နတ်မယ်ကို သတိဖြင့်စိုက်ကြည့်နေသည်။ ရှေးဟောင်းမသေမျိုးငါးယောက်ဆိုသည်မှာ ဘာကိုပြောမှန်းမသိ။

လေးယောက်သာရှိသည်မဟုတ်လော..

"ဪ..အဲလိုလား။ လျှပ်စီးအရိယဖလကို ဒီလိုသုံးလို့ရမှန်း မသိခဲ့ဘူး"

ရင်းနှီးနေသည့်စကားသံတစ်ခု ယင်ထန်နောက်ကျောဘက်မှ ပေါက်လာသည်။ ယင်ထန် ထိတ်လန့်သွားသဖြင့် သူ့လျှပ်စီးကိုယ်ပွားခန္ဓာပင် ပျောက်ကွယ်မတတ်ဖြစ်သွားသည်။

"အမယွမ်"

"နင်ကောင်းကောင်းလုပ်နိုင်ခဲ့တာပဲ"

ယွမ်ကျိက ခေါင်းတစ်ချက်ငြိမ့်၍ပြောသည်။

သူချီးမွှမ်းသည်က ထိန်းချုပ်သူသခင်ကို ဖမ်းမိခဲ့၍မဟုတ်။ ယန်ခုန်တုန်ကို လုယန်က ရှင်းပစ်နိုင်ခဲ့သောကြောင့်ဖြစ်သည်။ ကူးဖြတ်ခြင်းအဆင့် ရန်သူကို ရင်ဆိုင်ရသော်လည်း သူ့ကို ကူအညီမခေါ်ခဲ့။ ကိုယ်ပိုင်အစွမ်းအစဖြင့် မသေမျိုးတစ်ဝက်ကို ရင်ဆိုင်ခဲ့သည်။ ရှောင်လု၏ အရည်အချင်းက သိသိသာသာတိုးတက်လာသည်။

ထိန်းချုပ်သူသခင် ယွမ်ကျိကို တအံ့တဩကြည့်နေသည်။ ကောင်းကင်အင်ပါယာသခင် ဘာကြောင့် ချက်ချင်းထွက်သွားမှန်း နားလည်လာသည်။

အင်ပါယာပင် ကြောက်ရွံ့ရသည့် ထိုစွမ်းအားရှင်လည်း မြောက်ပိုင်းတိုက်နယ်တွင် ရှိနေသောကြောင့်ဖြစ်သည်။

"တစ်ခါတည်းရှင်‌အောင် ပြောထားမယ်နော်။ ဒီလူကိုဖမ်းခဲ့တာ ငါပဲ"

နတ်မယ်က ဝင်ပြောသည်။

"...နတ်မယ်၊ ဒါက ခင်ဗျားဖမ်းခဲ့တာလို့ သတ်မှတ်နိုင်လို့လား"

"ငါ့အဆက်အသွယ်နဲ့ ဖမ်းခဲ့တဲ့လူတိုင်း ငါဖမ်းတာလို့ သတ်မှတ်နိုင်တယ်လေ"

နတ်မယ်က တည်ကြည်ဖြောင့်မတ်သည့်လေသံဖြင့် ကြေငြာသည်။

"ရှင်ဘာလိုချင်လို့လဲ နတ်မယ်။ ဂိုဏ်းချုပ်ဖြစ်ချင်လို့လား"

နတ်မယ်ဘာ‌ကြောင့် ထိုကိစ္စအတွက် အလေးပေးပြောနေသည်ကို ယွမ်ကျိ နားမလည်။

ဂိုဏ်းချုပ်လုပ်ခွင့်လက်မှတ်အတွက် မသေမျိုးတစ်ယောက်ဖမ်းခဲ့သည့် ကျိုးဆောင်မှတ်ကို တွက်ချက်ရလျှင် နှစ်သောင်းချီကြာသွားလောက်သည်။

နတ်မယ်က လက်ခါသည်။

"ဘာဂိုဏ်းချုပ်မှ မလုပ်ချင်ဘူး။ ဒါက နှုတ်ပိတ်ခပါ"

သူ့စကားကြောင့် လူအားလုံး ကြောင်တက်တက်ဖြစ်သွားသည်။

"နှုတ်ပိတ်ခ..."

ယွမ်ကျိ စိတ်ထဲတွင် ကျိတ်ရယ်နေသည်။ မသေမျိုးခန္ဓာ အချိန်မ‌ရွေးတည်ဆောင်နိုင်သည့်အဖြစ်ကို နတ်မယ်က တစ်ခြားလူများ သိစေချင်ပုံမပေါ်။

သို့မဟုတ် လုယန်ကို ထိုအကြောင်းထုတ်မပြောခဲ့သဖြင့် နတ်မဘ်ကသူ့ကို ကျေးဇူးတုံ့ပြန်လက်ဆောင်အဖြစ် ပေးခြင်းဖြစ်မည်။ ပေါ်တင်ထုတ်ပြောရမည်ကို ရှက်နေ၍ဖြစ်မည်။

နတ်မယ်စိတ်ထဲ စိတ်ခံစားချက်များစွာ ရှုပ်ရှက်ခတ်နေမည့်အဖြစ်ကိုတွေးမိသဖြင့် ယွမ်ကျိ ခေါင်းကိုခါယမ်းရင်း ရယ်လိုက်သည်။

"ဒါဆို နှုတ်ပိတ်ခအဖြစ် လက်ခံလိုက်ပါ့မယ်"

"နင်မရယ်နဲ့"

နတ်မယ် ဒေါသထွက်လာပြီး ခြေဆောင့်သည်။

ကိုးဆမသေမျိုး၊ ယင်ထန်မသေမျိုး၊ ယွမ်ကျိ၏ဆရာတူမောင်လေး၊ ထာဝရမျိုးဆက်ဒုခေါင်းဆာင်၊ မဟာပဲဝါနိုင်ငံအကြံပေးအမတ်၊ ကောင်းကင်ရုံးတော်သခင်လေး၊ တာအိုရှင်ဝစီပိတ်၏တပည့်နှင့် ပြိုင်ဘက်ကင်းဓားပါရမီရှင်တို့အားလုံး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍ အခြေအနေကို နားမလည်နိုင်အောင် ဖြစ်နေကြသည်။

**********************************

All Chapters