← Chapters

အခန်း ၁၁၈၉

Vol. 80 Ch. 1189

အခန်း ၁၁၈၉

Vol. 80 Ch. 1189

အခန်း (၁၁၈၉) ဒုတိယတိုက်ပွဲ

"ကိုးဆ၊ နင်ဘာဆက်လုပ်ဖို့ စိတ်ကူးထားလဲ။ ကျောက်စိမ်းတံဆိပ်ထဲမှာ ဆက်နေဦးမှာလား"

နှုတ်ပိတ်ခအဖြစ် ထိန်းချုပ်သူသခင်ကို လက်လွှဲပေးပြီးနောက် နတ်မယ် စိတ်ကြည်လင်နေသည်။

"ကိုးဆက ဒီအသံမဲ့ကျောက်စိမ်းဖြူထဲမှာ တစ်ချိန်လုံးနေခဲ့တာလား"

မြောက်ပိုင်းနယ်မြေက အေးခဲနေဆဲဖြစ်သည်။ လူအားလုံး ရေခဲရုပ်ထုဖြစ်နေသည်။ နှင်းအင်ပါယာလည်း ထိုသို့ပင်ဖြစ်သည်။ သူ့လည်ပင်းတွင်ဆွဲထားသည့် ကျောက်စိမ်းဖြူကို ယင်ထန် စိတ်ဝင်တစားကြည့်နေသည်။

သူနှင့်ကိုးဆမသေမျိုး အဖြစ်ချင်းတူသည်ဟု ခံစားရသည်။

မီးနိုင်ငံပျက်စီးပြီးနောက် နှစ်ယောက်လုံး ကမ္ဘာငယ်များထဲတွင် ပုန်းအောင်းနေခဲ့ရသည်။

"အခု အသံတိတ်မသေမျိုးမရှိတော့ဘူးဆိုတော့ ဒီကျောက်စိမ်းထဲမှာ မင်းဆက်နေဖို့ မလိုတော့ပါဘူး"

သို့သော် ကိုးဆမသေမျိုးက ခေါင်းခါပြသဖြင့် ယင်ထန်အံ့အားသင့်သွာားသည်။

"ငါဒီထဲကထွက်လို့မရသေးဘူး။ မင်းမလာခင်က ထိန်းချုပ်သူသခင်နဲ့ တိုက်ခိုက်နေတာ ငါ့ရဲ့တစ်ခြားစရိုက်ကွဲတစ်ခုပါ"

"စရိုက်ကွဲ...ဟုတ်လား"

ကိုးဆမသေမျိုး သက်ပြင်းချသည်။

"ပြောရမှာတော့ ရှက်စရာပါပဲ။ သုခကိုယ်တော်ကို မင်းမှတ်မိသေးလား"

"ခံစားချက်ခုနစ်မျိုးအရိယဖလပိုင်ရှင်လား"

"ဟုတ်တယ်၊ သူပဲ။ မသေမျိုးတစ်ဝက်အဆင့်မှာ ငါသူနဲ့တိုက်ခိုက်ခဲ့တယ်။ သူက ခံစားချက်အရိယဖလသန္ဓေနဲ့ ငါ့ကို 'ဝမ်းနည်းစိတ်'ပေါ်အောင် လုပ်တယ်။ ဝမ်းနည်းစိတ်ကနေ ငါရုန်းထွက်တော့ "ဒေါသစိတ်'ပေါ်လာတယ်။ ငါ့စွမ်းအားတိုးလာပြီး သူ့ကိုတစ်ချက်တည်းရိုက်သတ်နိုင်ခဲ့တယ်။

ဒါပေမယ့် ဒီတိုက်ပွဲကြောင့် ငါ့မှာလည်း ပြဿနာတစ်ခုဖြစ်လာတယ်။ ခံစားချက်အရိယဖလစွမ်းအားက ငါ့ဝိညာဉ်ထဲမှာ အရိပ်တစ်ခုအဖြစ် ကျန်ခဲ့တယ်။ အရိယဖလသန္ဓေပိုင်ရှင် သေသွားပေမယ့် ဒီအရိပ်က ပျောက်မသွားဘူး။ ဒါက ငါနဲ့ဆိုင်တဲ့အရိပ်ပါ။ အရိယဖသန္ဓေနဲ့ မဆိုင်တော့ဘူး။

အစပိုင်းမှာ ဒီအရိပ်ရှိနေတာကို ငါလည်းမသိဘူး။ ရှေးဟောင်းခေတ်မှာ သူတစ်ခါပေါ်မလာဘူး။ နတ်မယ်လုပ်ကြံခံရတဲ့အချိန်ကျမျှ ဒီအရိပ်ပေါ်လာတယ်။ ဝမ်းနည်းစိတ်နဲ့ဒေါသစိတ်က ငါ့ခန္ဓာကိုယ်ကို လွှမ်းမိုးသွားတယ်။ အဲဒီတုန်းက မင်းတို့လည်း ဒီလိုပဲခံစားနေရတာလေ။ ငါမူမမှန်တာကို မင်းတို့သတိမထားမိကြဘူး။

မဟာတိုက်ပွဲကြီးပြီးသွားတော့ ဒီအရိပ် ပြန်ပျောက်သွားတယ်။ ကိစ္စပြီးသွားပြီလို့ ငါထင်တာပေါ့။ ဒါပေမယ့် အသံတိတ်မသေမျိုးက မီးနိုင်ငံကို ဖျက်ဆီးတဲ့အချိန် နိုင်ငံပျက်စီးတဲ့မြင်ကွင်းတွေကို မြင်ရတော့ ဒီအရိပ် ဒုတိယအကြိမ်ပေါ်လာတယ်။ အဲဒီ့နောက်ပိုင်း သူက ငါ့ရဲ့စရိုက်ကွယ်တစ်ခုဖြစ်လာတယ်။

ခန္ဓာကိုယ်ထိန်းချုပ်ခွင့်ရဖို့ ငါနဲ့စပြီး တိုက်ခိုက်လာတယ်။ သူပေါ်လာရင် အပျက်အစီးတွေရှိလာမှာစိုးလို့ လူနေကျဲတဲ့ ဒီမြောက်ပိုင်းတိုက်နယ်မှာ ငါနေခဲ့တာ။ အဲဒီ့စရိုက်ကွဲက တိုက်ခိုက်ဖို့ပဲသိတယ်။ တိုက်ခိုက်လိုစိတ်အရမ်းပြင်းထန်တယ်။ တစ်ခြားလူတွေရဲ့အသက်ကို အ‌ရေးမစိုက်ဘူး။

ခုနက ငါသူ့ကိုသာမတားခဲ့ရင် မြောက်ပိုင်းနယ်မြေက ကြယ်ကမ္ဘာတွေအားလုံးကို သူဖျက်ဆီးပစ်မှာ။ တိုက်နယ်တစ်ခုလုံး ပျက်စီးသွားမှာ"

ယင်ထန် ပင့်သက်တစ်ချက်ရှိုက်လိုက်သည်။ ထိုပြဿနာက တကယ်ပေါ့သေးသေးမဟုတ်။ ထိုကိစ္စမျိုးသာ ဖြစ်သွားလျှင် ထိန်းချုပ်သူသခင်ကို မဖမ်းနိုင်မီ ယွမ်ကျိက ကိုးဆကို ချက်ချင်းရိုက်သတ်လောက်သည်။

"တိုက်ခိုက်လိုစိတ် အရမ်းပြင်းထန်တယ်ပေါ့"

ယင်ထန် မေးစေ့ကိုပွတ်၍ စဉ်းစားနေသည်။ သူ့ညီအကိုကောင်းတစ်ယောက်ကို ကူညီပေးချင်သည်။

"အဲဒီ့စရိုက်ကွဲက အသံတိတ်မသေမျိုးနဲ့ တိုက်ခိုက်ဖူးလား"

ကိုးဆမသေမျိုး သက်ပြင်းချသည်။

"မီးနိုင်ငံခေတ်တုန်းက တိုက်ခိုက်ဖူးတယ်။ အဲဒီတုန်းက ငါ့ခန္ဓာကိုယ်ကို သူလွှမ်းမိုးသွားတော့မလို့ပဲ။ ငါက သူ့လက်အောက်ခံဖြစ်လာမှာ။ အသံတိတ်မသေမျိုးကို သူမနိုင်မှန်းသိလို့ ခန္ဓာလွှဲယူဖို့ကိစ္စ သူလက်လျှော့သွားတာ။

ဒါကြောင့်လည်း နှစ်သုံးသိန်းကြာအောင် ငါသူ့ကို ထိန်းထားနိုင်ခဲ့တာ"

"ဒီလောက် တိုက်ခိုက်ရတာ သဘောကျတယ်ဆိုရင် ယွမ်ကျိကိုရော သူနိုင်လောက်သလား"

ယင်ထန်ထိုစကားပြောသည်နှင့် ကိုးဆမသေမျိုး၏ နူးညံ့သည့်မျက်နှာအမူအရာက ချက်ချင်းပြောင်းလဲသွားသည်။ ကြမ်းတမ်းခက်ထန်၍ ဒေါသရိပ်လွှမ်းလာသည်။ ယင်ထန်ကို အေးစက်စက် လှောင်ပြုံးပြုံး၍ စိုက်ကြည့်သည်။

"ယင်ထန်၊ နှစ်သုံးသိန်းကြာသွားတော့ ဒီလိုရူးကြောင်ကြောင်မေးခွန်းတွေတောင် မေးတတ်လာပြီပဲ'

တိုက်ခိုက်လိုစိတ်ပြင်းထန်သည့် စရိုက်ကွဲ လွှမ်းမိုးလာခြင်းခြင်းဖြစ်သည်။

ယင်ထန်က သူ့မေးခွန်းသူ ပြန်ဖြေဟန်ဖြင့် ပြိုင်ဘက်အကြောင်း မိတ်ဆက်ပေးသည်။

"တာအိုရှင်ယွမ်ကျိ ကျင့်ကြံတဲ့သက်တမ်းက သိပ်မကြာသေးပေမယ့် ဂိုဏ်းရဲ့လူငယ်မျိုးဆက်ကြားမှာ 'အမကြီး'နေရာကို ရထားတယ်။ သူ့ဆရာက ကူးဖြတ်ခြင်းအဆင့်ပဲရှိတယ်။

သူ့ဆရာရဲ့သင်ကြားမှုကို သိပ်မခံယူခဲ့ရဘူး။ ငါသူနဲ့ နည်းနည်းလက်ရည်စမ်းဖူးတယ်။ တန်းတူယှဉ်နိုင်ရုံလောက်ပဲ ရှိခဲ့တယ်"

"ဪ...ဟုတ်လား။ ကြည့်ရတာ ဒီကောင်မလေးက နည်းနည်းထူးခြားပုံပဲ"

ကိုးဆမသေမျိုး စိတ်ဝင်စားမှုမြင့်တက်လာသည်။ ထိန်းချုပ်သူသခင်နှင့် အားရကျေနပ်လောက်အာင် သူမတိုက်ခိုက်ခဲ့ရ။ ဆက်၍တိုက်ခိုက်ချင်သေးသည်။

ကိုးဆမသေမျိုး ကိုဘ်ဟန်ပြင်လိုက်သည်။ ယွမ်ကျိ မျက်မှောင်ကျုံ့သွားသည်။

"ရှင်က ကျွန်မနဲ့ ဒီနေရာမှာတိုက်ခိုက်မလို့လား"

သူတို့ရှိနေသည်က မူရွှဲ့မြို့ထဲတွင်ဖြစ်သည်။ အရာအားလုံး အေးခဲနေသည်။ တစ်ခုခုကျိုးပဲ့သွားလျှင် ဘယ်သူမှပြန်ပြင်နိုင်မည်မဟုတ်။

ကိုးဆမသေမျိုး စိတ်မရှည်သည့်လေသံဖြင့် အော်ဟစ်လိုက်သည်။

"ဟေ့ကောင်မလေး၊ ဘာတွေပွစိပွစိလုပ်ပြီး ဂျေးများနေတာလဲ။ တိုက်ချင်ရင် တိုက်ရုံပေါ့။ ဘာလို့နေရာရွေး-"

"ဘုန်း"

သူ့ဝမ်းဗိုက်ပေါ် လက်သီးတစ်ချက်ကျလာပြီး ကောင်းကင်သို့ နောက်ပြန်လွင့်တက်သွားသည်။

ယွမ်ကျိက ထိန်းချုပ်သူသခင်ကိုဆွဲ၍ အမြောက်ဆံတစ်ခုလို ပျံတက်သွားသည်။ ဖြစ်ပေါ်လာသည့် စွမ်းအင်လှိုင်းကြောင့် ကျားဟိန်းသံသိုင်ကျောင်းကြေမွပျက်စီးသွားသည်။

ထိုမြင်ကွင်းကိုကြည့်၍ လုယန် ကြက်သီးထမိသည်။ ကိုဆမသေမျိုး လက်လွတ်စပယ်ပြောလိုက်သည့်စကားကြောင့် ယွမ်ကျိဒေါသထွက်သွားမှန်း သိသာသည်။ မဟုတ်လျှင် ထိုမျှပြင်းထန်သည့် စွမ်းအားမျိုး သုံးမည်မဟုတ်။

အင်အားကြီးရန်သူကို ရင်ဆိုင်ရသဖြင့် ကိုးဆမသေမျိုး စိတ်အားထက်မှုနှင့်အကြောက်တရား ရေားထွေးနေသည်။ နောက်ပြန်လွင့်ထွက်နေရင်းမှ

"ကောင်းတယ်။ သိပ်ကောင်းတယ်။ မင်းမှာ အစွမ်းနည်းနည်းတော့ ရှိသားပဲ။ အလစ်တိုက်ခိုက်ခဲ့တာဆိုပေမယ့် ငါ့ကိုလွင့်ထွက်သွားအောင် လုပ်နိုင်တယ်ဆိုတော့ အရည်အချင်းနည်းနည်းရှိတဲ့သဘောပဲ"

ကိုးဆမသေမျိုး လေထဲတွင် ဝဲပျံနေသည်။ ဘေးပတ်လည်တွင် မရေမတွက်နိုင်သည့် မသေမျိုးမီးတောက်များ မှော်ရေခဲများ ဝန်းရံထားသည်။

မှော်ရေခဲမရှိလျှင်ပင် ထိုမသေမျိုးမီးတောက်များသည် မြောက်ပိုင်းရေခဲတောင်များကို အရည်ဖျော်၍ ပင်လယ်ဖြစ်အာင် လုပ်နိုင်စွမ်းရှိသည်။

"သွားကြ"

အင်ပါယာအမိန့်သံမျိုးဖြင့် မီးတောက်နှင့်ရေခဲများကို ယွမ်ကျိထံ ပစ်လွှတ်သည်။ လမ်းကြောင်းတလျှောက် အလင်းများတောက်ပနေသည်။ ရှေးဟောင်းခေတ် ကောင်းကင်လမ်းကြောင်းတစ်ခုနှင့်တူသည်။

ယွမ်ကျိ အားလပ်နေသည့် ဘယ်လက်ကို ငုံ့ကြည့်သည်။ တိမ်ဆင်းလက်ဝါး သုံးနိုင်သည်။ ထို့နောက် ထိန်းချုပ်သူသခင်ကိုဆွဲလာသည့် ညာလက်ကို ငုံ့ကြသည်။ ဆုံးဖြတ်ချက်ချလိုက်ပြီး ကိုးဆမသေမျိုးထံ ထိန်းချုပ်သူသခင်ကိုဆွဲ၍ တစ်ရှိန်ထိုးတက်သွားသည်။

ကိုးဆမသေမျိုးရော ထိန်းချုပ်သူသခင်ပါ မျက်လုံးပြူးသွားသည်။

အစက ထိန်းချုပ်သူသခင်ကို တိုက်ပွဲထဲခေါ်လာဖို့ ယွမ်ကျိ စိတ်မကူးခဲ့။ သို့သော် မူရွှဲ့တွင် ချန်ထားခဲ့လျှင် ရှောင်လု၊ နတ်မယ်နှင့်၊ ယင်ထန်သာရှိသည်။ ထိန်းချုပ်သူသခင် အလွယ်တကူ ထွက်ပြေးသွားနိုင်သည်။

ရှောင်လုကတော့ ထည့်တွက်စရာမလို။ ထိန်းချုပ်သူကို ယှဉ်နိုင်ဦးမည်မဟုတ်။ နတ်မယ်ကလည်း (ပဲပြာနှင့်တိုက်ပွဲမှရခဲ့သည့်)ဒဏ်ရာကုနေရသည်။ ရုတ်တရက် စွမ်းအားမြှင့်လျှင် ဒဏ်ရာပိုဆိုးလာနိုင်သည်။ ရှောင်လု၏ သိစိတ်နယ်မြေတွင် နှစ်သုံးသိန်းလောက်ကြာအောင် ဆက်နေလိမ့်မည်။

ယန်ထန်ကလည်း လျှပ်စီးကိုယ်ပွားတစ်ခုသာ ရောက်လာခြင်းဖြစ်သည်။ စွမ်းအားတစ်ဝက်လျော့နေသည်။ ထိန်းချုပ်သူသခင်ကို အနိုင်ယူနိုင်မည်မဟုတ်။

မသေမျိုးမီးတောက်နှင့် မှော်ရေခဲများ ရိုက်ခတ်မှုကြောင့် ထိန်းချုပ်သူသခင် နာကျင်စွာအော်ဟစ်နေသည်။ ထို့နောက် သူ့ခန္ဓာကိုယ်က ကိုးဆမသေမျိုးနှင့် တိုက်မိသည်။

တိုက်ပွဲအတွေ့အကြုံရင့်ပြီး သတ္တိကောင်းသည့် ကိုးဆမသေမျိုးပင် ယွမ်ကျိ ထိုသို့တိုက်ခိုက်လာမည်ဟု ထင်မထားသဖြင့် ရုတ်တရက် မင်သက်မိသွားသည်။

ယွမ်ကျိက အရေးမစိုက်။ ထိန်းချုပ်သူသခင်၏ခန္ဓာကိုယ်ကို နောက်တစ်ကြိမ်ကိုင်မြှောက်၍ ထပ်ရိုက်သည်။

ကိုးဆမသေမျိုး လက်မောင်းနှစ်ဘက် ကြက်ခြေခတ်၍ ရင်ဘတ်ရှေ့တွင်ကာသည်။ သို့သော် ထိန်းချုပ်သူသခင်ကျလာသည့်အားက ပြင်းထန်လွန်းသည်။ သူမခုခံနိုင်။ နောက်တစ်ကြိမ် လွင့်ထွက်သွားသည်။ ကြယ်ကမ္ဘာ(အတု)များစွာကို ထိုးဖောက်သွားသည်။

သူ့လှုပ်ရှားမှုကမြန်သော်လည်း ယွမ်ကျိက ပိုမြန်သည်။ သူလွင့်ထွက်သွားသည့် လမ်းကြောင်းတွင်ပေါ်လာပြီး ထိန်းချုပ်သူသခင်ဖြင့် ထပ်ရိုက်သည်။ အသက်ရှူခွင့်မပေး။

ကိုယ့်မသေမျိုးခန္ဓာကို ယုံကြည်ချက်ရှိသည့် ကိုးဆမသေမျိုးပင် ထိုမျှပြင်းထန်သည့် အဆက်မပြတ်တိုက်ခိုက်မှုမျိုးကို ခံနိုင်ရည်မရှိ။ သိပ်မကြာမီ တစ်ကိုယ်လုံး ဖူးရောင်ညိုမည်းလာသည်။

ယွမ်ကျိ နောက်တစ်ကြိမ်တိုက်ခိုက်သည်။ ကိုးဆမသေမျိုးက ယင်နှင့်ယန် ခန္ဓာနှစ်ခုခွဲ၍ တိုက်ခိုက်မှုကို ရှောင်သည်။ ထို့နောက် ပြန်ပေါင်းစပ်သည်။

"ကောင်မလေး။ မင်းက ထိန်းချုပ်သူသခင်ကို လက်နက်အဖြစ်သုံးပြီ တိုက်ခိုက်နေတာပဲ။ လက်နက်မရှိတဲ့လူကို လက်နက်နဲ့တိုက်ခိုက်တာကက ဂုဏ်ယူစရာမဟုတ်ဘူး။

မင်းအစွမ်းအစရှိရင် ငါ့ကို လက်ဗလာနဲ့တိုက်ခိုက်ပါ"

ယွမ်ကျိက မသေမျိုးပစ္စည်းတစ်ခုခုကို အသုံးပြုသည်ဆိုလျှင် သူ့ယင်ယန်အရိယဖလဖြင့် ဖျက်ဆီးပစ်နိုင်သည်။ သို့သော် ယွမ်ကျိလက်နက်က ထိန်းချုပ်သူသခင်ဖြစ်နေသည်။ မသေမျိုးခန္ဓာတစ်ခုဖြစ်သည်။

ယင်ယန်အရိယဖလ ဘယ်လောက်စွမ်းအားကြီးသည်ဖြစ်စေ မသေမျိုးတစ်ယောက်ကို ချက်ချင်းသတ်ဖြတ်နိုင်မည်မဟုတ်။ ယွမ်ကျိက ထိန်းချုပ်သူကို လက်နက်အဖြစ်သုံးနေသဖြင့် ကိုးဆမသေမျိုး အတော်အခက်တွေ့သည်။

ယွမ်ကျိခဏစဉ်းစားသည်။ ကိုးဆမသေမျိုးစကားက ယုတ္တိကျသည်ဟု သူယူဆသည်။ ထို့ကြောင့် ဘယ်လက်ကိုပြောင်းသုံး၍ တိုက်ခိုက်သည်။

"တိမ်ဆင်းလက်ဝါး"

*******************************

All Chapters