အခန်း ၁၁၉၀
Vol. 80 Ch. 1190
အခန်း (၁၁၉၀) ကျားဟိန်းသံသိုင်းကျောင်းအသစ်
"ဟား၊ လူငယ်တွေက အတွေ့အကြုံနုသေးတာပဲ။ ပြိုင်ဘက်က စကားစစ်ထိုးတာကို မခံနိုင်ကြဘူး"
ကိုးဆမသေမျီုး အော်ဟစ်ရယ်မောနေသည်။ ယွမ်ကျိက သူ့စကားကြောင့် အသားစီးရနေသည့် ထိန်းချုပ်သူသခင်လက်နက်ကို ဆက်မသုံးတော့။ ထိုမိန်းကလေး သူ့ပြိုင်ဘက်ဘယ်လိုဖြစ်နိုင်မည်နည်း။
"တောင်းတန်းတွေ အဆုံးမရှိ။ နေနဲ့လ တစ်လှည်စီပြောင်းလဲမယ်"
သူ့ဦးခေါင်းအထက်တွင် ထည်ဝါခံ့ညားသည့် မြင်ကွင်းတစ်ခုပေါ်လာသည်။ တောင်တန်းများ၊ မြစ်များ၊ ရေကန်များ၊ ပင်လယ်များ ထင်ရှားစွာရှိနေသည်။
အချိန်ပိုင်းခြားမှု အမှတ်သညာဖြစ်သည့် နေနှင့်လပင် ရှိနေသည်။
သာမန်ကြည့်သူအဖို့ အလယ်ပိုင်းတိုက်နယ်မှ ဖြတ်ယူထားသည့် လေဟာနယ်တစ်ခုလိုဖြစ်နေသည်။ သို့သော် တကယ်ရင်ဆိုင်ကြည့်လျှင် ကိုးဆမသေမျိုး၏ မသေမျိုးမီးတောက်နှင့်မှော်ရေခဲများမှ အသွင်ပြောင်းထားသည့် ကမ္ဘာတစ်ခုမှန်း သိလာလိမ့်မည်။
ယင်နှင့်ယန် ရောယှက်မှုကြောင့် အဆုံးစမဲ့ ကမ္ဘာဦးချီဓာတ်များ ထိုးထွက်လာသည်။
ထိုပညာသည့် သူ့ဝှက်ဖဲဖြစ်သည်။ ထိန်းချုပ်သူသခင်နှင့် တိုက်ခိုက်စဉ်က မသုံးရဲခဲ့။ ထိုကမ္ဘာကို ထိန်းချုပ်သူက အသက်သွင်းလိုက်မည်စိုး၍ဖြစ်သည်။
သို့သော် လက်နက်မရှိသည့် ယွမ်ကျိကို တိုက်ခိုက်ရာတွင် ထိုကိစ္စ စိုးရိမ်စရာမလို။
ယခုဘေးကြည့်ပရိတ်သတ်ဖြစ်သွားသည့် ထိန်းချုပ်သူသခင် ထိုပညာ၏အံ့ဖွယ်စွမ်းအားကို သတိထားမိသည်။ ထိုတိုက်ကွက် မြေပေါ်ကျလျှင် မြောက်ပိုင်းတိုက်နယ်တစ်ခုလုံး မီးရေခဲနယ်မြေအဖြစ် အသွင်ပြောင်းသွားလိမ့်မည်။
ယွမ်ကျိ ဘယ်လိုတုံ့ပြန်မည်နည်း...
"တိမ်ဆင်းလက်ဝါး"
ကောင်းကင်တိမ်တိုက်နှင့်တူသည့် လက်ဝါးရိပ်ကြီးတစ်ခုက မီးရေခဲကမ္ဘာကို ဖမ်းဆုပ်လိုက်သည်။
လက်ဝါးထဲမှ ပေါက်ကွဲသံတစ်ခု ကြားရသည်။ မီးတောက်နှင့်ရေခဲအလင်းရောင်များ အဆက်မပြတ်ပေါ်လာသည်။ ရောင်စုံဆေးရည်တစ်ပုံး မှောက်လိုက်သကဲ့သို့ ထင်ရသည်။
ပေါက်ကွဲစွမ်းအင်အပိုင်းအစတစ်ခု လက်ချောင်းများကြားမှ ယိုစိမ့်ထွက်လာသည်။ မြောက်ပိုင်းနယ်၏ မြေလွှာကိုထိုးဖောက်သွားသည်။ လောကအကာအကွယ်နံရံအထိ ရောက်သည်။
မီးရေခဲနယ်မြေ၏ ပေါက်ကွဲစွမ်းအားအစစ်က ဘယ်လောက်ပြင်းထန်သည်ကို စိတ်ကူးကြည့်ရုံဖြင့် သိနိုင်သည်။
ထိုအပိုင်းအစမှလွဲလျှင် နောက်ထပ်ပေါက်ကွဲစွမ်းအားများ လုံးဝထွက်မလာတော့။
ကိုးဆမသေမျိုး မျက်နျာအကြီးအကျယ် ပျက်သွားသည်။ ထိန်းချုပ်သူသခင်ကို လက်နက်အဖြစ်မသုံးသော်လည်း ယွမ်ကျိ၏ တိုက်ခိုက်စွမ်းအားက လုံးဝလျော့မသွား။ သူနားမလည်နိုင်တော့။
"တိမ်ဆင်းလက်ဝါး"
"ကိုးလွှာရေခဲဒိုင်း"
ဒုတိယတိမ်ဆင်းလက်ဝါးကို ရင်ဆိုင်ဖို့ မှော်ရေခဲပညာတွင် ခုခံနိုင်စွမ်းအမြင့်ဆုံးဖြစ်သည့် ကိုးလွှာရေခဲဒိုင်းကို ချက်ချင်းတည်ဆောက်သည်။
စူးရှသည့် အက်ကွဲသံများ လွင့်ပျံလာသည်။ တိုက်ပွဲဂီတသံနှင့် ပမာတူသည်။ ရေခဲလွှာဒိုင်းများ ထိုးဖောက်ခံရသည်။ ကြေမွသွားသည့် ရေခဲလွှာအပိုင်းအစများ မိုးရွာသလိုကျလာသည်။ ကိုးဆမသေမျိုးလည်း ထိုအပိုင်းအစများနျှင့်အတူ နှင်းမြေပြင်ထဲကျွံကျသွားသည်။
ရေခဲတွင်းထဲမှ ကြိုးစားတွယ်တက်လာချိန်တွင် တတိယလက်ဝါးချက်ကျလာသည်ကို မြင်ရသည်။
"ဒီခန္ဓာကိုယ်ကို မင်းပဲပြန်ယူတော့"
ယွမ်ကျိကို ထိပ်တိုက်ရင်မဆိုင်ရဲတော့သဖြင့် တိုက်ပွဲပျော်စရိုက်ကွဲက ခန္ဓာကိုယ်ကို မူလစရိုက်ထံ ပြန်ပေးသည်။
"ဘာလို့ဒီလိုအချိန်ကျမှ ငါ့ကိုပြန်ပေးတာလဲ"
မူလစိုက်ကိုးဆမသေမျိုး ထိတ်လန့်သွားသည်။ ခန္ဓာကိုယ်ကို ပြန်မယူ။ ယွမ်ကျိနောက်ခံကို သူသိသည်။ ဘာကြောင့် သူ့စရိုက်ကွဲက လက်ရည်သွားယှဉ်သည်မသိ။
"ဘာလို့အဲဒါတွေ အရေးစိုက်နတာလဲ။ ငါပေးရင် မင်းယူလိုက်ပေါ့"
"ငါမယူချင်ဘူးကွ"
မူလစရိုက်နှင့် စရိုက်ကွဲတို့ အချင်းချင်းတွန်းထိုး၍ ခန္ဓာထိန်ချုပ်ဖို့ အပြိုင်ငြင်းနေကြသည်.
တမ်ဆင်းလက်ဝါးကျလာသည်။ လောကတစ်ခုလုံး ပြန်လည်တိတ်ဆိတ်ငြိမ်သက်သွားသည်။
ထိန်းချုပ်သူသခင် တံတွေးကျိတ်မျိုနေသည်။ ယွမ်ကျိကိုမြင်သည်နှင့် ကောင်းကင်အင်ပါယာ ထွက်ပြေးသွားသည်မှာ မထူးဆန်းတော့။ အပြေးနောက်ကျလျှင် သူတို့နှစ်ယောက်လုံး ယွမ်ကျိလက်ထဲကျသွားနိုင်သည်။
"တိမ်ဆင်း-"
"မတိုက်ပါနဲ့ မတိုက်ပါနဲ့တော့။ ကျုပ်ပါ"
ယွမ်ကျိ ဆက်တိုက်ခိုက်ရန် ပြင်နေသဖြင့် ကိုးဆမသေမျိုး အမြန်လက်မြှောက်၍ အညံ့ခံသည်။
"ရှင်အခု ပုံမှန်ပြန်ဖြစ်ပြီလား"
"အဲလိုပြောလို့ရပါပြီ"
ယွမ်ကျိမျက်နှာကိုအကဲခတ်၍ ကိုးဆမသေမျိုး သတိဖြင့်ပြန်ဖြေသည်။
"တိုက်ပွဲပျော်စရိုက်ကွဲနဲ့ကျုပ် သဘောတူညီချက်ယူပြီးပါပြီ။ ကျုပ်ခွင့်ပြုချက်မရှိဘဲ သူထွက်မလာတော့ဘူးတဲ့"
"ကောင်းတာပေါ့"
တိုက်ပွဲအခြေအနေကြည့်ဖို့ မူရွှဲ့မြို့အထက်သို့ လုယန်ပျံတက်လာသည်။
ယွမ်ကျိက ကိုးဆမသေမျိုးကို အတော်ဝေးဝေးသို့လွင့်ထွက်သွားအောင် တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲအသေးစိတ်အခြေအနေကို လုယန်မမြင်ရ။ အဝေးမှ တိမ်တိက်များကျဆင်းနေသည်ကိုသာမြင်ရသည်။ ကမ္ဘာပျက်တော့မလို တုန်ခါနေသည်။
သိပ်မကြာမီ ယွမ်ကျိက ထိန်းချုပ်သူသခင်နှင့်အတူ မူရွှဲ့မြို့ဆီ ပြန်လာသည်။ ကိုးဆမသေမျိုးက နောက်မှခပ်ကုပ်ကုပ်လိုက်လာသည်။
"တိုက်ပွဲအခြေအနေ ဘယ်လိုလဲ"
ယင်ထန်က မသိချင်ယောင်ဆောင်၍ စိတ်အားထက်သန်သည့်အမူအရာဖြင့် မေးသည်။
ကိုးဆမသေမျိုးက သူ့ကိုဘုကြည့်ကြည့်သည်။
ယွမ်ကျိ မျက်မှောင်ကျုံ့၍ ဆင်းလာသည်။ သူပျံတက်ခဲ့စဉ်က စွမ်းအင်လှိုင်းလှုပ်ရှားမှု ပြင်းထန်လွန်းသဖြင့် ကျားဟိန်းသံသိုင်းကျောင်း ပြိုကျခဲ့သည်။ တံခါးရွက်နှစ်ခုသာ အကောင်းပကတိကျန်သည်။
"ကျုပ်ပြင်ပါ့မယ်။ ကျုပ်ပြင်လိုက်ပါ့မယ်"
ကိုးဆမသေမျိုး၏ စရိုက်ကွဲက စိတ်အးထက်သန်စွာပြောသည်။ မူလစရိုက်က ခေါင်းတစ်ချက်ငြိမ့်၍ အချက်ပြသဖြင့် သူ့အမှားသူပြန်ပြင်ဆင်ဖို့ ကြိုးစားသည်။
ယွမ်ကျိက စရိုက်ကွဲကို အသံတိတ်စိုက်ကြည့်နေသည်။ သူ့အကြည့်ကြောင့် စရိုက်ကွဲ ဂဏာမငြိမ်ဖြစ်လာသည်။ ယွမ်ကျိ ခေါင်းတစ်ချက်ငြိမ့်ပြပြီးမှ သူစိတ်သက်သာရာရသွားသည်။
"ဒီသိုင်းကျောင်းခန်းမက ဘယ်လိုပစ္စည်းတွေနဲ့ လုပ်ထားတာများလဲ...ဪ...တံခါးတွေက နှစ်တစ်သောင်းနဂါးခွေသစ်သားလား"
စရိုက်ကွဲ ခဏအသံတိတ်သွားသည်။ သိုင်းကျောင်းတွင် ထိုမျှအရည်အသွေးမြင့်သည့်တံခါးမျိုး ရှိနေသဖြင့် သူအံ့ဩမိသည်။
တစ်ခြားနေရာများက ယွမ်ကျိကြောင့် ပျက်စီးသွားသည်။ မိုးမြေရတနာတို့၏ ဝိညာဉ်စွမ်းအင်များ လွင့်ပါးပျောက်ကွယ်သွားသည်။ ထို့ကြောင့် မူလသိုင်းကျောင်းကို ဘယ်လိုပစ္စည်းမျိုးသုံး၍ တည်ဆောက်ခဲ့မှန်းမသိရ။
တံခါးသည်ပင် ထိုမျှအရည်အသွေးမြင့်လျှင် ကျန်သည့်အပိုင်းများလည်း အရည်အသွေးမြင့်ပစ္စည်းများသာ သုံးခဲ့လိမ့်မည်။
နှစ်သုံးသိန်းအတွင်း နှင်းအင်ပါယာ၏ဩဇာက မျိုးရိုးခြောက်ဆက်တည်တံခဲ့သည်။ ရတနာများစုဆောင်းထားသည်။ ကိုးဆမသေမျိုးက ကျောက်စိမ်းဖြူတံဆိပ်ထဲမှ အဖိုးတန်မိုးမြေရတနာမျိုးစုံထုတ်၍ သိုင်းကျောင်းကို စတင်တည်ဆောက်သည်။
ယင်ထန်က ဆောက်လုပ်ရေးပစ္စည်းများကို စနစ်တကျ စာရင်းပြုစုသည်။ ထုပ်တန်းများက မိုးကြိုးသန့်စင်သစ်သား၊ ဆပွားမြေဆီကို မီးဖုတ်ထားသည့် ခေါင်မိုးအုပ်ကြွပ်၊ ငါးရောင်ခြယ်မြေသားကို သန့်စင်ထားသည့် အုတ်ခဲ...
သိပ်မကြာမီ သိုင်းကျောင်းဂိတ်တံခါးကိုတပ်ဆင်သည်။ မူလအနေအထားဖြစ်အောင် ပြင်ဆင်သည်။
ထိုစဉ် ယင်ထန်ဘေးပတ်လည်တွင် လျှပ်စီးမျှင်များ တောက်ပလာသဖြင့် သူထွက်သွားရန်ပြင်သည်။
"ဒီလျှပ်စီးကိုယ်ပွားက စွမ်းအင်ကုန်တော့မယ်။ ကိုးဆမသေမျိုး၊ နောက်မှ ငါတို့စကားပြောကြတာပေါ့"
"ကောင်းပြီလေ"
စရိုက်ကွဲနှင့် မူလစရိုက်တို့ ပြိုင်တူပြန်ပြောသည်။
"ရှင့်ရဲ့ အေးခဲနယ်မြေစွမ်းအားကို ပြန်သိမ်းလိုက်ပါ။ မြောက်ပိုင်းနယ်မြေကို ပုံမှန်ဖြစ်အောင်ပြန်လုပ်ပါ"
ယွမ်ကျိကပြောသည်။ ထိန်းချုပ်သူသခင်က ကြယ်ကမ္ဘာမြေလုံးများကို မြောက်ပိုင်းတိုက်နယ်အဖြစ် ပြန်ပြောင်းနိုင်သည်။ ထိုကိစ္စက သူ့အတွက်မခက်ခဲ။
ယွမ်ကျိ၏စွမ်းအားကို လက်တွေ့မြင်ပြီးဖြစ်၍ ကိုးဆမသေမျိုးရော ထိန်းချုပ်သူသခင်ပါ အတော်အပိုးကျိုးနေကြသည်။
အေးခဲနယ်မြေ ပျောက်ကွယ်သွားသည်။ ကောင်းကင်တွင်လွင့်ပျံနေသည့် ကြယ်ကမ္ဘာလုံးများ တိုက်နယ်အဖြစ် ပြန်ပြောင်းသွားသည်။ သို့သော် ထိုအလုပ်က နည်းနည်းနှေးသည်။
မူရွှဲ့မြို့ခံများ နားမလည်နိုင်အေင်ဖြစ်နေကြသည်။ ခုနက ကောင်းကင်တွင် ပြင်းထန်သည့်တိုက်ပွဲတစ်ခုဖြစ်နေသည်။ မျက်တောင်တစ်ခတ်အတွင်း တိုက်ခိုက်သူနှစ်ယောက်လုံး ပျောက်ကွယ်သွားသည်။
"ငါအိပ်မက်မက်နေတာများလား"
"မဖြစ်နိုင်ဘူး။ ငါတို့အားလုံး အိပ်မက်တစ်ခုတည်း အတူတူမက်တာတော့ မဖြစ်နိုင်ဘူး"
"ဒါဆို ဘာကြောင့်ဒီလိုဖြစ်သွားတာလဲ"
"ငါလည်းမသိဘူး"
ကျားဟိန်းသံသိုင်းကျောင်းက သက်ဝင်လှုပ်ရှားနေသည်။ လူအားလုံး အမူအရာမျိုးစုံပေါ်နေသည်။
သိုင်းကျောင်းခန်းမထဲမှ ကိုးဆမသေမျိုးနှင့် ထိန်းချုပ်သူသခင်ကို မုရုံယွီ မြင်ရသည်။ ထိုနှစ်ယောက် ခုနက ကောင်းကင်တွင် အသေအကြေတိုက်ခိုက်နေခဲ့သည်မဟုတ်လော။ အခုဘာကြောင့် သိုင်းကျောင်းထဲရောက်နေသည်မသိ။
ဟော်ဟွာရှန်းလည်း သူ့တံခါးရွက်များကို မတွ့သဖြင့် တွေးရခက်နေခဲ့သည်။ မသေမျိုးနှစ်ယောက်ကိုမြင်ပြီးနောက် မုရုံယွီလိုပင် အံ့အားသင့်သွားသည်။
မုန်ကျင်းကျိုးက အမယွမ်ကိုမြင်ပြီးနောက် မသေမျိုးနှစ်ယောက် တွေ့ရသည်ကို မအံ့ဩတော့။
နှင်းအင်ပါယာက အတွေ့အကြုံရင့်သည့် သက်ကြီးပိုင်းတစ်ယောက်၏ အမူအရာမျိုးရှိနေသည်။
"နှင်းအင်ပါယာ၊ မင်းငါ့ကို နှစ်ရှစ်သောင်းကြာအောင် အဖော်ပြုပေးခဲ့တဲ့အတွက် ကျေးဇူတင်ပါတယ်။ ဒါပေမယ့် ဒီတံဆိပ်ဖြူထဲမှာ ငါဆက်နေစရာ အကြောင်းမရှိတော့ဘူး"
အသံတိတ်မသေမျိုးလည်းမရှိတော့။ စရိုက်ကွဲပြဿနာလည်း ဖြေရှင်းပြီးဖြစ်သည်။ ကိုးဆမသေမျိုးအတွက် စိုးရိမ်စရာ ဘာမှမရှိတော့။
"နှင်းအင်ပါယာဆိုတာ နောက်ထပ်မလိုအပ်တော့ပါဘူး"
ရွှဲ့ရှီလုန် စိတ်ဓာတ်ကျသွားသည်။ အလုပ်ပြုတ်သွားသည့် လူတစ်ယောက်လို ခံစားရသည်။
နှင်းအင်ပါယာအမွေခံဖြစ်ဖို့ သွေးဆက်နိုးထခဲ့သည်။ စမ်းသံချက်သုံးခုဖြတ်ကျော်ခဲ့သည်။
နှင်းအင်ပါယာ နောက်ထပ်မလိုအပ်တော့ဆိုသည်က ဘယ်လိုစကားမှန်းမသိ။
မုရုံယွီ သိုင်းကျောင်းခေါင်မိုးကို မော့ကြည့်သည်။ တိုက်ပွဲဖြစ်ချိန်က ခေါင်မိုးပေါက်ထွက်ခဲ့သည်ကို သူမှတ်မိသည်။ သို့သော် ယခု မရှိတော့။
ထို့ပြင် သိုင်းကျောင်းကလည်း ထူးခြားနေသည်။
"ငါတို့သိုင်းကျောင်းက အရင်နဲ့မတူတော့သလိုပဲ"
************************************