အခန်း ၁၁၉၁
Vol. 80 Ch. 1191
အခန်း (၁၁၉၁) သက်ဆိုင်သည့်လူကို ခေါ်လာပါသည်။
ကျားဟိန်းသံသိုင်းကျောင်းကို မုရုံယွီ ကိုယ်တိုင်တည်ဆောက်ခဲ့သည်။ အုတ်ခဲတိုင်းအုတ်ကြွပ်တိုင်းကို သူကောင်းကောင်းမှတ်မိသည်.
ယခု သိုင်းကျောင်းပုံစံက အရင်အတိုင်းဖြစ်သော်လည်း တစ်ခုခုထူးခြားနေကြောင်း သတိထားမိသည်။
သူမတွေးတော့။ ရွှေသန္ဓေအဆင့်သို့ သူရောက်ခဲ့သည်မှာ အပူအပင်ကင်းကင်းနေတတ်သည့် သူ့စရိုက်ကြောင့်ဖြစ်သည်။ တွေးမရသည့်ကိစ္စကို သူဆက်မတွေး။ စိတ်အပင်ပန်းမခံ။
"ဆရာမုရုံ၊ လောင်မုန်နဲ့ကျုပ် တိုင်ပင်ကြတယ်။ ကျုပ်တို့ ထွက်သွားဖို့အချိန်ကျပြီထင်တယ်"
လုယန်နှင့် မုန်ကင်းကျိုး မုရုံယွီကို လာနှုတ်ဆက်သည်။
သိုင်းကျောင်းတွင် ဆက်သင်ပေးလိုသော်လည်း မူရွှဲ့မြို့တော်တွင် ကိစ္စများစွာဖြစ်ခဲ့သည်။ သတင်းပို့ရန် ဂိုဏ်းသို့ပြန်ရမည်။ အဖြစ်အပျက်အသေးစိတ်ကို သူတို့နှစ်ယောက်သာသိသည်။
ထို့ပြင် ယခု သူတို့သရုပ်မှန်ကို မူရွှဲ့မြို့ခံများ သိသွားသည်။ ဆက်နေလျှင် မုရုံယွီကို ဒုက္ခပေးသလိုသာဖြစ်မည်။
"ဪ...မင်းတို့သွားတော့မှာလား"
မုရုံယွီစိတ်မကောင်း။ လုယန်တို့သရုပ်မှန်ကို သူသိပြီးဖြစ်သည်။ သို့သော် သူ့စိတ်ထဲစွဲထင်နေသည့် ရှောင်လုနှင့်ရှောင်မုန်ဟူသည့် သိုင်းဆရာနှစ်ယောက်၏ ပုံရိပ်သာဖြစ်သည်။
"ကျုပ်တို့ ခင်ဗျားဆီ နောက်တစ်ခါလာလည်ပါဦးမယ်"
မုရုံယွီ မချိပြုံးပြုံး၍ ခေါင်းခါသည်။
"ဘာလို့ငါဆီလာလည်နေမှာလဲ။ မင်းတို့နှစ်ယောက်က အလုပ်များတဲ့လူတွေပါ။ စိတ်ထဲက သတိရရင်လုံလောက်ပါပြီ"
လာမည့်နှစ်သစ်တွင် ဆရာများမရှိတော့ကြောင်းသိပြီး စိတ်ပျက်သွားကြမည့် ကျောင်းသားများ၏မျက်နှာကို သူကြိုမြင်ယောင်နေသည်။ သူတို့ကို နှစ်သိမ့်ဖို့ နည်းလမ်းတစ်ခုရှာရဦးမည်။
အဆင့်တူဆရာတစ်ယောက်ရှာတွေ့ဖို့ ခက်သည်။ သို့သော် ဘယ်သူမှသူ့ကိုလာမရိုက်လျှင် သူလည်းသင်ပေးနိုင်သည်။
သို့သော် သူမသိသည့်တစ်ချက်ရှိသည်။
လုယန်၊ မုန်ကျင်းကျိုးနှင့် ရွှဲ့ရှီလုန်တို့က ညပိုင်းတွင် ကျောင်းသားများ၏အိပ်မက်ထဲသို့ဝင်၍ တစ်ယောက်ချင်းနှုတ်ဆက်သည်။ ဇွဲကောင်းကောင်းဖြင့် ဆက်လေ့ကျင့်ကြဖို့နှင့် သူတို့သင်ပြခဲ့သည့်ပညာများသည် တစ်သက်လုံးရပ်တည်ဖို့လုံလောက်ကြောင်း ပြောသည်။
ကျောင်းသားများက အိပ်ပျော်ရင်းငိုနေသည်။ မျက်လုံးများနီရဲလျက် နိုးလာသည်။ ထိုအိပ်မက်သည် အိပ်မက်မဟုတ်မှန်း သူတို့သိသည်။
ကျောင်းသားများထဲတွင် ကုန်းချီ၊ ရှစ်ယီ၊ ဖန်ကျိကောနှင့် စုယွမ်တို့က အရင့်ကျက်ဆုံးဖြစ်သည်။ ဆရာလုက လုယန်ဖြစ်ကြောင်း သိပြီးနောက် ထိုသို့ခွဲခွာရမည်ကို ကြိုတင်မျှော်လင့်ထားပြီးဖြစ်သည်။
သို့သော် တကယ်တမ်းလက်တွေ့ကြုံလာချိန်တွင် အဖြစ်မှန်ကို လက်ခံဖို့ ခက်ခဲနေဆဲဖြစ်သည်။
"နှင်းအင်ပါယာဆိုတာ မရှိတော့ဘူး။ ဒါပေမယ့် မင်းက ငါ့ရဲ့အမွေခံလို့ သတ်မှတ်နိုင်ပါသေးတယ်။ ငါ့နောက်ကိုလိုက်ပြီး မင်းကျင့်ကြံချင်လား"
နှင်းအင်ပါယာ စိတ်အားထက်သန်စွာမေးသည်။ သူ့အမွေအနှစ်လက်ဆင့်ကမ်းဖို့ အမွေခံမတွေ့ခဲ့သည်မှာ နှစ်ရှစ်သောင်းကြာခဲ့ပြီဖြစ်သည်။
ယခု ရွှဲရှီလုန်က အလားအလာကောင်းသည့်တပည့်ဖြစ်၍ ကောင်းကောင်းပြုစုပျိုးထောင်ပေးရမည်။
"ကျင့်ကြံချင်ပါတယ်"
ရွှဲ့ရှီလုန် သုံးကြိမ်ဦးညွှတ်၍ နှင်းအင်ပါယာကို လက်ဖက်ရည်ကမ်းပြီး ဆရာတင်သည်။ နှင်းအင်ပါယာ၏ရယ်မောသံက ဘေးပတ်လည်သို့ လွင့်ပျံနေသည်။
လုယန် ကိစ္စတစ်ခု သတိရလာသဖြင့် ခြံနောက်ဖေးသို့သွားသည်။ လောင်မာက မတ်တပ်ရပ်၍ မြက်ခြောက်များ သိမ်းဆည်းနေသည်။ မြောက်ပိုင်းနယ်မြေမှထွက်ခွာလျှင် ထိုမြက်ခြောက်မျိုး နောက်တစ်ကြိမ် ရှာတွေ့ဖို့မလွယ်တော့။
လုယန်သတိရသည်က သူ့အခန်းတံခါးဘေးမှ သစ်ပင်ဖြစ်သည်။
သစ်ပင်အောက်မှ ယန်ခုန်တုန်အလောင်းကို သစ်မြစ်များ ထိုးဖောက်ဝင်ရောက်နေသည်ကို တွေ့လိုက်ရသည်။
လုယန် ရင်ထိတ်သွားသည်။ ထိုသစ်ပင် မကောင်းဆိုးဝါးသိစိတ်ဝိညာဉ် ဝင်လာခြင်းလော...
ထိုသစ်ပင်ကို အခြေတည်အဆင့်လော်ရှီနှင့် ကူးဖြတ်ခြင်းအဆင့်ပူပင်မဲ့ဧည့်သည်တို့၏ အလောင်များကိုသာ အဟာရအဖြစ်ကျွေးခဲ့သည်။
"လန်နင်ရှန်းရဲ့ အစွဲဝိညာဉ်က သစ်ပင်ကို တွယ်ကပ်လိုက်တာဖြစ်မယ်"
နတ်မယ်က သုံးသပ်သည်။
"တစ်နည်းပြောရရင် အခု သူနဲ့ယန်ခုန်တုန် အမြဲတမ်းနေနိုင်သွားတာပေါ့"
"နည်းနည်းခြောက်ခြားစရာလိုဖြစ်နေပေမယ့် ယန်ခုန်ုတုန်အလောင်းကို ဝါးမျိုလိုက်ပြီဆိုတော့ ပြဿနာမရှိနိုင်ပါဘူး"
ထိုအပိုင်းတွင် ပိုကျွမ်းကျင်သည့် ထိန်းချုပ်သူသခင်လည်း အနားသို့လျှောက်လာပြီး သုံးသပ်သည်။
"ဒီသစ်ပင်က အသိစိတ်ပေါ်လာပြီလို့ ပြောလို့ရတယ်။ ဒါမှမဟုတ် ဘဝသစ်တစ်ခု ပြန်ဝင်စားလာတာမျိုးပေါ့။ အတိတ်ဘဝနဲ့ မပတ်သက်တော့ဘူး။
အသိစိတ်တကယ်ဖွံ့ဖြိုးလာရင် သက်ရှိအသစ်ဖြစ်လာမှာ"
လုယန် အကြမ်းဖျင်းနားလည်သည်။ သို့သော် သူစိုးရိမ်နေသည့် တစ်ခြားကိစ္စတစ်ခုရှိသည်။
"သိုင်းကျောင်းအတွက် အန္တရာယ်ရှိလာနိုင်လား"
ထိန်းချုပ်သူသခင် ခေါင်းခါသည်။
"မရှိပါဘူး။ သိုင်းကျောင်းက ဒီသစ်ပင်ကို သေချာဂရုစိုက်ရင် သူကြီးလာလို့ ခြေထောက်ပေါက်ပြီး အသွင်ပြောင်းတဲ့အခါ သိုင်းကျောင်းကိုတောင် ကာကွယ်ပေးနိုင်ပါတယ်"
"အဲလိုဆိုရင်တော့ ကောင်းတာပေါ့"
.....
"မြောက်ပိုင်းတိုက်နယ်မှာ ငလျင်လှုပ်တယ်ပေါ့"
ရောက်လာသည့်သတင်းကို တိုင်ပုဖန်စဉ်းစားမရ။
နယ်မြေကျယ်ပြန့်ပြီး လူနေကျဲပါး၍ တစ်သီးတစ်ခြားတည်ရှိသဖြင့် မြောက်ပိုင်းနယ်မြေမှ အဖြစ်အပျက်များကို သူသိပ်အရေးမစိုက်ခဲ့။
သို့သော် မြောက်ပိုင်းတွင် အရင်က ငလျင်လှုပ်သည့်ကိစ္စမျိုး တစ်ခါမှမဖြစ်ဖူးကြောင်း သူသိသည်။
"ကျုပ်တို့ပြန်လာပြီ အကိုတိုင်"
လုယန်နှင့်မုန်ကျင်းကျိုးတို့ သူရဲကောင်းနှစ်ယောက် အောင်ပွဲခံ၍ ပြန်ရောက်လာသည်။ ဂိုဏ်းသို့သတင်းပို့ရန် လောင်မာက ထိုနှစ်ယောက်နှင့် မသေမျိုးများအပြည့်ပါသည့် မြင်းရထားကို အမြန်နှုန်းမြှင့်၍ ပြန်ဆွဲလာသောကြောင့်ဖြစ်သည်။
"မင်းတို့နှစ်ယောက် မြောက်ပိုင်းနယ်မြေက ပြန်လာကြပြီပေါ့"
တိုင်ပုဖန် အံ့အားသင့်နေသည်။ ထိုနှစ်ယောက်မျက်နှာမှအပြုံးက ကန်ထန် နတ်ဆိုးနယ်မြေမှ ပြန်လာစဉ်ကလိုပင် ရွှင်လန်းတက်ကြွနေသည်။ ကျင့်ကြံမှုအကျိုးထူးခဲ့သည့် လက္ခဏာဖြစ်သည်။
"မြောက်ပိုင်းနယ်မြေမှာ မင်းတို့အတော်အကျိုးရှိခဲ့တယ်ထင်တယ်"
"အကိုတိုင်က နတ်မျက်စိပိုင်ရှင်လိုပါပဲလား"
လုယန် အတော်လေးစားသွာားသည်။
"ပြောပါဦး၊ မြောက်ပိုင်းနယ်မြေမှာ မင်းတို့ဘာတွေလုပ်ခဲ့လဲ"
တစ်ခြားလူများ၏ လောကအတွေ့အကြုံကို နားထောင်ခြင်းသည် ကိုယ့်ကျင့်ကြံမှုအတွက် အထောက်အကူပေးနိုင်သည်။
သူလေဟာနယ်သန့်စင်အဆင့်တွင် ရခဲ့သည့် သင်ခန်းစာဖြစ်သည်။ ယခုထိလည်း အသုံးဝင်နေသေးသည်။
"အကိုတိုင်လည်း သိပြီးသားပဲ။ ကျုပ်တို့က ခပ်လျှိုလျှိုနေပြီး အေးအေးဆေးဆေးကျင့်ကြံတာကိုပဲ ပိုသဘောကျတာလေ။ ဒါကြောင့် လောင်မုန်နဲ့ကျုပ် သိုင်းကျောင်းတစ်ခုမှာ သိုင်းဆရာအဖြစ်နဲ့ ကျောင်းသားတွေကို လက်သီးသိုင်းသင်ပေးဖို့ ဆုံးဖြတ်ခဲ့တယ်။
သိုင်းကျောင်းသခင်ရဲ့ ကျင့်စဉ်အဆင့်က သိပ်မမြင့်ဘူး။ ရွှေသန္ဓေအခြေခံအဆင့်ပဲရှိတာ။ သူကကျုပ်တို့သရုပ်မှန်ကိုမသိဘူး။ ကျောင်းသားတွေအားလုံးက သာမန်လူတွေပါပဲ။ ဒါပမယ့် သာမန်မဟုတ်တဲ့လူလည်း နည်းနည်းတော့ပါတာပေါ့"
တိုင်ပုဖန် နားထောင်နေရင်း မကြာခဏခေါင်းငြိမ့်သည်။ ထိုအချက်အလက်များက ယုံကြည်ရသည်။ ညီလေးလု စွမ်းရည်တိုးတက်အောင်လေ့ကျင့်ဖို့ မြောက်ပိုင်းနယ်မြေသို့သွားသည်ဟု အမယွမ်က ပြောထားသည်။
သို့သော် အမယွမ်လည်း အကဲဖြတ်မှားသည့်အချိန်မျိုး ရှိဟန်တူသည်။ ညီလေးလုက သေမျိုးလောကကို အတွေ့အကြုံယူဖို့ သွားခြင်းသာဖြစ်သည်။
"နောက်တော့ နှလုံးမဲ့ဂိုဏ်းချုပ် ယန်ခုန်တုန်က ဂိုဏ်းချုပ်မူ၊ ဂိုဏ်းချုပ်ချီတို့နဲ့ စပြီးတိုက်ခိုက်တယ်..."
တိုင်ပုဖန် ခေါင်းငြိမ့်ရန်ပြင်လိုက်ပြီးမှ ချက်ချင်းရပ်သွားသည်။ ရှေ့သို့ခါးကိုင်းလာပြီး ညီငယ်နှစ်ယောက်ကို စိုက်ကြည့်သည်။
"ခုနက ဘာပြောလိုက်တာလဲ"
သိုင်းသင်တန်းအကြောင်း ပြောနေရာမှ ဘာကြောင့် နှလုံးမဲ့ဂိုဏ်းချုပ်အကြောင်း ရောက်သွားသည်မသိ။
"ကျုပ်တို့လည်း ဒီလိုဖြစ်သွားတဲ့ အကြောင်းရင်းကိုမသိပါဘူး"
လုယန်နှင့်မုန်ကျင်းကျိုး အရိုးခံလေသံဖြင့်ပြောသည်။ ယန်ခုန်တုန်နှင့် မူပိုင်ယိတို့အဖွဲ့ ဘာကြောင့်တိုက်ခိုက်ကြမှန်း သူတို့တကယ်မသိ။
"ကြည့်ရတာ နတ်ဆိုးဂိုဏ်းအချင်းချင်း ပြဿနာဖြစ်ကြတာထင်ပါတယ်"
မုန်ကျင်းကျိုးက ခန့်မှန်းသည်။
တိုင်ပုဖန်ဆီ မြောက်ပိုင်းတိုက်နယ်အတွေ့အကြုံလာသတင်းပို့သည့် အဓိကအကြောင်းရင်းက ထိုကိစ္စကြောင့်ဖြစ်သည်။ တော်ဝင်လမ်းတပည့်များအနေဖြင့် နတ်ဆိုးဂိုဏ်းအချင်းချင်းပြဿနာဖြစ်သည်ကိစ္စသည် ပေါ့သေးသေးမဟုတ်။ သူတို့လျှို့ဝှက်ထား၍မဖြစ်။
"ဆက်ပြောပါဦး"
"...ဒီတော့ လောင်လုနဲ့ကျုပ် ယန်ခုန်တုန်နဲ့ တိုက်ခိုက်ခဲ့တယ်။ နောက်တော့ ကျုပ်ရဲ့ကျင်စဉ်အဆင့်ကျသွားတယ်။ လောင်လုက ကူးဖြတ်ခြင်းထိပ်ဆုံးအဆင့်ရောက်ပြီး ယန်ခုန်တုန်ကို ဆက်တိုက်ခိုက်တယ်။
...မဟာချန်က ထိန်းချုပ်သူသခင်က ကိုးဆမသေမျိုးနဲ့ စတိုက်ခိုက်တော့ မိုးမြေတစ်ခုလုံး တုန်ခါသွားတယ်"
တိုင်ပုဖန် တွေးနေသည်။ ဇာတ်လမ်း၏ အပိုင်းအစတစ်ခုခု သူလွတ်ခဲ့သလိုခံစားရသည်။
သေမျိုးများကို သိုင်းသင်ပေးနေသည့်ကိစ္စမှ မသေမျိုးတိုက်ပွဲအကြောင်း ရောက်လာသည်။
တစ်ခြားလူများက လေဟာနယ်သန့်စင်အဆင့်တွင် သေမျိုးလောက အတွေ့အကြုံယူကြသည်။ သို့မဟုတ် တိုက်ပွဲကြားတွင် စွမ်းရည်မြှင့်ကြသည်။ ဤနှစ်ယောက်က ထိုနည်းလမ်းနှစ်ခုတွင် ဘယ်ဟာကိုရွေးခဲ့မှန်း ခွဲခြားမရ။
"ညီလေးလုက ယန်ခုန်တုန်ကို နိုင်ခဲ့တာမဟုတ်လား။ အခု ယန်ခုန်တုန်က ဘယ်မှာလဲ"
တိုင်ပုဖန်အမေးကြောင့် လုယန် နည်းနည်းရှက်သွားသည်။
"သူ့အလောင်းကို သစ်ပင်တစ်ပင်က စားသွားတယ်လို့ပြောရင် အကိုယုံမှာလား။ အကိုမယုံလောက်ဘူးထင်လို့ သက်ဆိုင်တဲ့လူကို ကျုပ်တို့ခေါ်လာပါတယ်"
"သက်ဆိုင်တဲ့လူ...ဟုတ်လား"
လုယန် တံခါးသွားဖွင့်သည်။ ကိုးဆမသေမျိုးဝင်လာသည်။
"ဒါက ရှေးဟောင်းခေတ်က မသေမျိုးအရှင်ဖြစ်တဲ့ ကိုးဆမသေမျိုးပါ"
ကိုးဆမသေမျိုးသည် အတော်ယဉ်ကျေးသူဖြစ်သည်။ မသေမျိုးလောကသည် ကျယ်ပြန့်ပြီး ထုံးတမ်းဓလေ့များ တစ်နေရာနှင့်တစ်နေရာမတူကြောင်း သူသိသည်။ တာအိုလမ်းစဉ်ဂိုဏ်းသို့ ရောက်လာချိန်တွင်လည်း ဂိုဏ်းစည်းမျည်းအတိုင်း သူလိုက်နာသည်။
ဤဂိုဏ်းတွင် သူအတော်ကြာအောင်နေလျှင် ဧည့်စာရင်းပေးဖို့လိုလိမ့်မည်။
အခန်းထဲသို့ဝင်လာပြီးနောက် နူးညံ့သည့်အပြုံးမျိုး သူ့မျက်နှာတွင်ပေါ်လာသည်။
"ငါ့ကို ကိုးဆမသေမျိုးလို့ မင်းခေါ်-...အဲ သူဘာလို့ သတိလစ်သွားတာလဲ"
***************************************