အခန်း ၁၁၉၂
Vol. 80 Ch. 1192
အခန်း (၁၁၉၂) ကယ်လို့ရသေးလား
"ဒီနေ့ခေတ်လူငယ်တွေက ဖိအားဒဏ်ကို မခံနိုင်ကြပါလား။ လွယ်လွယ်နဲ့ စိတ်လှုပ်ရှားတတ်ကြတာပဲ"
ကိုးဆမသေမျိုး ခေါင်းခါနေသည်။ တိုင်ပုဖန် သတိလစ်သွားရသည့် အကြောင်းရင်းကို သူခန့်မှန်းမိသည်။
"ရှေးဟောင်းခေတ်မှာ ငါတို့နာမည်ကျာ်တဲ့အချိန်တုန်းကဆိုရင် ငါက ခပ်လျှိုလျှိုနေတတ်ပေမယ့် ယင်ထန်က ထူးထူးဆန်းဆန်းတွေ ခဏခဏလုပ်ပြီး ဟန်ရေးပြတတ်တယ်။ သူလုပ်တာတွေကိုတော့ ငါမတားပါဘူး။
လူအားလုံးက အတော်စိတ်လှုပ်ရှားကြတယ်။ အရမ်းကြည်ညိုလေးစားတဲ့အမူအရာတွေး ပေါ်လာတယ်။ တစ်ချို့က မင်းတို့ရဲ့ ဒီဂိုဏ်းတူအကိုလိုပဲ စိတ်လှုပ်ရှားမှုလွန်ပြီး သတိလစ်သွားတတ်ကြတယ်"
လုယန်စဉ်းစားသည်။
...ခင်ဗျား ခပ်လျှိုလျှိုနေတယ်ဆိုတာက မသေမျိုးအဆင့်တက်တဲ့အချိန် မိုးမြေရတနာတွေ အများကြီးသုံးပြီး ခမ်းခမ်းနားနားဖြစ်အောင်လုပ်ခဲ့တာမျိုးကို ပြောတာလား...
တိုင်ပုဖန်ကိုကြည့်၍ ရှေးဟောင်းခေတ်မှ ရွှေရောင်နေ့ရက်များကို ပြန်သတိရလာပြီး ကိုးဆမသေမျိုး ပြုံးလိုက်သည်။
"ဒီနေ့ကိစ္စတွေကိုကြည့်ရင် မင်းတို့နှစ်ယောက်နဲ့ မင်းတို့အကိုက ငါနဲ့ရေစက်ပါတဲသဘောပဲ။ သူ့မှာ ရေဝိညာဉ်မြစ်ရှိတယ်ဆိုတော့ ငါ့သူ့ကိုနည်းနည်းကူညီလို့ရပါတယ်"
ကိုးဆမသေမျိုး လက်ကိုဆန့်ထထုတ်လိုက်သည်။ ခပ်မှိန်မှိန်အလင်းတစ်ခု သတိလစ်နေသည့် တိုင်ပုဖန်နဖူးထဲသို့ ဝင်သွားသည်။
ရေဝိညာဉ်မြစ်သည် ယင်ယန်အရိယဖလ၏ ယင်အမျိုးအစားတွင် ပါဝင်သည်။
"သူနိုးလာတဲ့အခါ ရေဓာတ်မှော်ပညာတွေကို သူပိုပြီးကျွမ်းကျင်လာလိမ့်မယ်"
မုန်ကျင်းကျိုး အကိုတိုင်ကို အားကျသည့်မျက်လုံးဖြင့်ကြည့်သည်။ ထိုကံကောင်းမှုမျိုး သူလည်းလိုချင်သည်။ သူ့ဝိညာဉ်မြစ်အကြောင်း တွေးမိလာပြီးနာက် ကိုးဆမသေမျိုးကို သနားစဖွယ်လေသံဖြင့် ချက်ချင်းမေးသည်။
"မသေမျိုးအရှင်၊ ကျုပ်ဝိညာဉ်မြစ်အတွက်ရော မျှော်လင့်ချက်ရှိလား"
"မင်းဝိညာဉ်မြစ်လား"
အစက ကိုးဆမသေမျိုး သိပ်အရေးမစိုက်ခဲ့။ ယခုမှ မုန်ကျင်းကျိုးကို သူသေချာအကဲခတ်မိသည်။ ခေါင်းက တစ်ဘက်သို့ နည်းနည်းစောင်းသွားပြီး တုံ့ဆိုင်းဆိုင်းဖြစ်နေသည်။
ဘယ်လိုပြောရမည်မှန်း သူသေချာမသိ။
"မင်းရဲ့ဝိညာဉ်မြစ်က..အတော်အစွမ်းရောက်တာပဲ။ ရှေးဟေင်းခေတ်မှာတုန်းကသာ မင်းကိုတွေ့ခဲ့ရင် ငါ့ယင်ယန်အရိယဖလကို နှစ်ရက်စောပြီး တည်ဆောက်နိုင်ခဲ့လောက်တယ်"
ကိုးဆမသေမျိုး အတော်ဝမ်းနည်းနေသည်။ ရှေးဟောင်းခေတ်က ဘာကြောင့် ထိုမျှပြည့်စုံသည့်လူငယ်မျိုးနှင့် သူမဆုံခဲ့ရသည်မသိ။
မုန်ကျင်းကျိုး "..."
"သူ့ပြဿနာကို ဖြေရှင်းလို့ ရနိုင်လောက်လား"
လုယန်က သူ့သူငယ်ချင်းကိုယ်စား မေးသည်။
ကိုးဆမသေမျိုး စဉ်းစားနေသည်။ မုန်ကျင်းကျိုးလိုအဖြစ်မျိုး သူတစ်ခါမှကြုံဖူး။
"ဖြေရှင်းဖို့လား...အင်း..နည်းလမ်းတစ်ခုတော့ ရှိပါတယ်"
"ဘယ်လိုနည်းလမ်းနဲ့ ကယ်တင်လို့ရမလဲ"
"ယင်နဲ့ယန်ကို ငါပြောင်းပြန်လှန်ပေးလို့ရတယ်။ သန့်စင်ယန်ဝိညာဉ်မြစ်ကို သန့်စင်ယင်ဝိညာဉ်မြစ်အဖြစ် ပြောင်းပေးနိုင်တယ်"
သန့်စင်ယင်ဝိညာဉ်မြစ်ပြောင်းနိုင်လျှင် သိပ်မဆိုးလှဟု မုန်ကျင်းကျိုးတွေးမိသည်။ ကိုးဆမသေမျိုး ဆက်ပြောသည်။
"ဝိညာဉ်မြစ်က ခန္ဓာကိုယ်နဲ့ ခွဲမရအောင် ဆက်စပ်နေတာဆိုတော့ သန့်စင်ယင်ပြောင်းလိုက်ရင် မင်းလည်း လိင်ပြောင်းသွားလိမ့်မယ်"
"စရိုက်ပြောင်းတာလောက်ကတော့...အဲ..ဘာရယ် လိင်ပြောင်းတာလား"
စကားတစ်ပိုင်းတစ်စတွင် မူမှန်သည့်အချက်ကို မုန်ကျင်းကျိုး သတိထားမိလာသည်။
"သမိုင်းကြောင်းထဲက သန့်စင်ယင်ဝိညာဉ်မြစ်ပိုင်ရှင် အမျိုးသားကျင့်ကြံသူတွေအကြောင်း ကျုပ်ကြားဖူးပါတယ်။ အလွန်ဆုံး မိန်းမဆန်တဲ့စရိုက်မျိုး ဖြစ်သွားရုံပါပဲ။
ဘာကြောင့် ကျုပ်ကျမှ လိင်ပြောင်းဖို့လိုတာလဲ"
"သမိုင်းတလျှောက်မှာ မင်းလောက်အစွန်းရောက်တဲ့ သန့်စင်ယန်ဝိညာဉ်မြစ်မျိုး မရှိဘူးလေ။ သန့်စင်ယန်အမွှာရွှေသန္ဓေ၊ သန့်စင်ယန်အမွှာနတ်ဝိညာဉ်။ ပြီးတော့ ယန်အားတိုးဖီးနစ်မီးတောက်စစ်။
ဒါတွေအားလုံးက မင်းဝိညာဉ်မြစ်ကို သူများနဲ့မတူအောင် ပြောင်းလဲလိုက်တာပဲ။ ငါတို့ရှေးဟောင်းခေတ်မှာ ဒီလိုအဖြစ်မျိုးကို ဘယ်လိုခေါ်ပါလိမ့်..။အဲ ဟုတ်ပြီ၊'ကလေးမွေးတယ်'လို့ခေါ်တယ်"
မုန်ကျင်းကျို ရင်နာနာဖြင့် ခဏစဉ်းစားသည်။ သူ့လက်ရှိသန့်စင်ယန်မြစ်သည်လည်း မဆိုးလှဟု တွေးမိလာသည်။ အနည်းဆုံးတော့ မသေမျိုးအဆင့်ရောက်ပြီးလျှင် သူ့ကိုယ်သူထိန်းချုပ်ဖို့မလိုတော့။
တိုင်ပုဖန် ချက်ချင်းသတိပြန်ရဦးမည်မဟုတ်သဖြင့် မစ်ရှင်ခန်းမထဲမှ ထွက်ကြဖို့ ဆုံးဖြတ်လိုက်သည်။ ထွက်မသွားမီ စေတနာဖြင့် တိုင်ပုဖန်ကို ကုလားထိုင်ပေါ် ဆွဲတင်ပေးခဲ့သည်။
တစ်ယောက်ယောက်က တိုင်ပုဖန်ကိုလာတွေ့လျှင် အလုပ်ပင်ပန်းလွန်း၍ အိပ်ပျော်နေသည်ဟုသာ ထင်ကြလိမ့်မည်။ တစ်ခြားဘာမှ သံသယဝင်ကြမည်မဟုတ်။
...
တိုင်ပုဖန် နိုးလာချိန်တွင် မျက်နှာရှုံ့သွားပြီး ဦးခေါင်းနောက်ပိုင်းကို ပွတ်လိုက်သည်။ သူဘာဖြစ်ခဲ့သည်မသိ။
...ဪ ဟုတ်ပြီ၊ ညီလေးလုနဲ့ ညီလေးမုန် မြောက်ပိုင်းတိုက်နယ်အကြောင်းပြောတာကို ငါနားထောင်နေတာပဲ...
"ဘာလို့ သူတို့နှစ်ယောက်နဲ့တွေ့တိုင်း ငါသတိလစ်သွားသလို ခံစားရတာလဲ။ ဒီနှစ်ယောက်က အတော်ထူးဆန်းနေတယ်။ အနောက်မိုးပျံဘုံကျောင်းကို ငါသွားလည်ရင်ကောင်းမလား"
သို့သော် ထိုအတွေးကို ချက်ချင်းခေါင်းထဲမှထုတ်လိုက်သည်။ အနောက်မိုးပျံဘုံကျောင်းကို ဘာကြောင့်သွားနေမည်နည်း။ လုယန်က ဗုဒ္ဓနိုင်ငံတွင် မသေမျိုးအဆင့်သို့ ရောက်ခဲ့သည်။ ထိုနေရာကို သူ့ဇာတိမြေလို ရင်းနှီးနေသည်။
"နှလုံးမဲ့ဂိုဏ်းကိစ္စလည်းရှိသေးတယ်။ အတော်ခေါင်းစားရမယ့် ပြဿနာပဲ။ အမိန့်ပေးတဲ့လူက ဂိုဏ်းချုပ်ဆိုပေမယ့် မြောက်ပိုင်းနယ်မြေမှာ နောက်လိုက်ဂိုဏ်းဝင်တွေ အများကြီးရှိနေဦးမှာပဲ။ ခြေရာခံဖို့မလွယ်ဘူး"
အာခြောက်လာသဖြင့် ရေနည်းနည်းသောက်သည်။ လက်ဖက်ရည်ခွက်ထဲမှ လှိုင်းတွန့်များကို သူသတိထားမိသည်။ ရုတ်တရက် သူအခက်တွေ့နေသည့် ရေဓာတ်မှော်ပညာပြဿနာများ ရှင်းလင်းသွားသလို ခံစားရသည်။ သူ့ကျင့်စဉ်အဆင့်ပင် လှုပ်ရှားလာသည်။
အဆင့်တက်တော့မည့် လက္ခဏာများပေါ်လာသည်။
"ထူးဆန်းတယ်၊ ငါ့အတွေးအမြင်တွ ဘာကြောင့် ရုတ်တရက် ဒီလာက်တိုးတက်လာတာလဲ"
.....
မဟာရှား၊ နန်းမြို့တော်၊ လော်ရွှေတပ်ဖွဲ့ဌာနချုပ်။
လော်ရွှေတပ်ဖွဲ့သည် မဟာချန်၊ မဟာယုနှင့် တစ်ခြားရှေးဟောင်းခေတ် အကြွင်းအကျန်ပြဿနာများ ဖြေရှင်းရသည့်အပြင် နတ်ဆိုးဂိုဏ်းသုံးခု၏အဖွဲ့ဝင်များကို ဖမ်းဆီးဖို့လည်း တာဝန်ယူထားရသည်။
အခုရက်ပိုင်း နှလုံးမဲ့ဂိုဏ်းကို သူတို့အာရုံစိုက်ထားသည်။
မုန်မိသားစုက ဗုဒ္ဓနိုင်ငံတွင် နှလုံးမဲ့ဂိုဏ်း ထိပ်တန်းအဖွဲ့ဝင်များစွာ ဖမ်းဆီးခဲ့သည်။ ဒုဂိုဏ်းချုပ်တစ်ယောက်လည်းပါသည်။ ထိုအဖွဲ့ဝင်များက ဂိုဏ်းချုပ်ရှိသည့်နေရာကို မသိကြ။ သို့သော် လော်ရွှေတပ်ဖွဲ့တွင် အသေးငယ်ဆုံးသဲလွန်စများကိုပင် စီစစ်ဖော်ထုတ်နိုင်သည့် ကျွမ်းကျင်အရာရှိများစွာရှိနေသည်။
ကမ္ဘာမြေပုံတစ်ခု နံရံတွင်ချိတ်ဆွဲထားသည်။ နန်းမြို့တော်အစောင့်တပ်မှူးဟောင်းဖြစ်သည့် လော်ရွှေတပ်၏ ခေါင်းဆောင်ကိုးယောက်အဖွဲ့ဝင် ယွီချန်က မြေပုံတစ်နေရာကိုထောက်၍ ယုံကြည်ချက်အပြည့်ဖြင့်ပြောသည်။
"အချုပ်ပြောရရင် နှလုံးမဲ့ဂိုဏ်းချုပ်ဟာ အရှေ့ပင်လယ်မှာ ပုန်းနေတာဖြစ်ဖို့များတယ်"
"လောင်ယွီပြောတာဖြစ်နိုင်တယ်။ မဟာရှားမှာ ငါတို့ နေရာအနှံ့ရှာခဲ့တယ်။ ဂိုဏ်းချုပ်ယန်ဟာ ငါတို့မဟာရှားမျာ ပုန်းမနေရဲတာ သေချာတယ်။
ဗုဒ္ဓနိုင်ငံနဲ့ ပူးပေါင်းလှုပ်ရှားခဲ့တုန်းကလည်း ဂိုဏ်းချုပ်ယန်ရဲ့ သဲလွန်စ မတွေ့ခဲ့ရဘူး။ အရင်က နတ်ဆိုးနယ်မြေ စည်းစည်းလုံးလုံးမရှိတော့ သူပုန်းအောင်းဖို့အဆင်ပြေတယ်။
ဒါပေမယ့်အခု နတ်ဆိုးနိုင်ငံတည်ထောင်လိုက်ပြီ။ အဖွဲ့အစည်းတွေအားလုံး နတ်ဆိုးအင်ပါယာရဲ့ ရှင်သန်မှုအရိယဖလသန္ဓေထိန်းချုပ်မှုအောက်မှာရှိတယ်။
သူပုန်းဖို့ နေရာမရှိဘူး။ အရင်က နှလုံးမဲ့ဂိုဏ်းလှုပ်ရှားတဲ့ပုံစံအရ လူစည်တဲ့နေရာတွေမှာပဲ သူတို့ခြေကုပ်ယူတယ်။ မြောက်ပိုင်းနယ်မြေက မြို့တော်နည်းပြီး လူနေကျဲတယ်။
အရှေ့ပင်လယ်က နဂါးမျိုးနွယ်ရဲ့ နယ်မြေဖြစ်ပေမယ့် တစ်စုတစ်စည်းတည်း အုပ်ချုပ်တဲ့စနစ်မျိုးမရှိဘူး။ အုပ်ချုပ်ရေးစနစ်မှာ ဟာကွက်တွေပြည့်နေတယ်။
ဂိုဏ်းချုပ်ယန်နဲ့ နှလုံးမဲ့ဂိုဏ်းအကြွင်းအကျန်တွေ ပုန်းအောင်းဖို့ နေရာကောင်းတစ်ခုပဲ"
လော်ချန်ဟဲသည် လော်ရွှေတပ်၏ ကိုးနန်းတော်အဖွဲ့တွင် ဒုတိယအဆင့်ဖြစ်သည်။ ဝါရင့်ကူးဖြတ်ခြင်းအဆင့်ဖြစ်သည်။ မြို့တော်ဈေးများတွင် လျှို့ဝှက်အဖွဲ့အစည်းပုန်ကန်မှု၊ နိုင်ငံ့ရတနာခိုးမှု စသည့် အမှုကြီးများကို တစ်ကိုယ်တော်ဖြေရှင်းနိုင်ခဲ့သဖြင့် နာမည်ကျော်သည်။
ကိုးနန်းတော်၏ တစ်ခြားအဖွဲ့ဝင်များလည်း နှစ်ယောက်လုံး၏အမြင်ကို ထောက်ခံကြသည်။ နှလုံးမဲ့ဂိုဏ်းပြဿနာကို အပြီးအပြတ်ဖြေရှင်းဖို့ သတင်းမှတ်တမ်းများကို မနားမနေ မွှေနှောက်ခဲ့သည်။ ညလုံးပေါက်မအိပ်ခဲ့ရသဖြင့် မျက်ကွင်းများညိုပြီး ပင်ပန်းနွမ်းနယ်နေသည်။
သူတို့အားလုံး စုစည်းခြင်းအဆင့် ကူးဖြတ်ခြင်းအဆင့်များဖြစ်သော်လည်း လုပ်ရသည့်အလုပ်က ပင်ပန်းလွန်းသဖြင့် ရေရှည်တောင့်မခံနိုင်ကြ။
"မင်းကြီးရောက်လာပြီ"
အင်ပါယာရှား လော်ရွှေဌာနချုပ်သို့ဝင်လာသည်။ ကိုးနန်းတော်အဖွဲ့အားလုံး လေးလေးစားစားဦးညွှတ်ကြသည်။
"မင်းကြီးကို ဂါရဝပြုပါတယ်"
သူတို့ နည်းနည်းနားမလည်နိုင်အောင်ဖြစ်တေနသည်။ အင်ပါယာရှားသည် သူတို့ဌာနချုပ်သို့ လာလေ့မရှိ။ ယနေ့ ဘာကြောင့်ရောက်လာသည်မသိ။
စားပွဲပေါ်တွင် ပြန့်ကျဲနေသည့် သတင်းစိစစ်ချက်မူကြမ်းများကို အင်ပါယာရှား သတိထားမိသည်။ နှလုံးမဲ့ဂိုဏ်းနှင့်ပတ်သက်သည့်ကိစ္စများ ဆွေးနွေးသုံးသပ်နေကြခြင်းဖြစ်မည်။
"နှလုံးမဲ့ဂိုဏ်းအကြွင်းအကျန်တွေက မြောက်ပိုင်းတိုက်နယ်မှာပါ။ ဂိုဏ်းချုပ်ယန်ရောပေါ့။ တာအိုလမ်းစဉ်ဂိုဏ်းက ဂိုဏ်းချုပ်ယန်နဲ့ ရင်ဆိုင်တွေ့ပြီးပြီ"
"ဘယ်လို"
ကိုးနန်းတော်အဖွဲ့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ကြသည်။ လော်ချန်ဟဲ မယုံနိုင်အောင်ဖြစ်နေသည်။
"ဘယ်လိုဖြစ်နိုင်မှာလဲ မင်းကြီး။ ကျုပ်တို့ရတဲ့ သတင်းတွေအားလုံးစုစည်းထားတာတောင် နှလုံးမဲ့ဂိုဏ်းဝင်တွေဟာ အရှေ့ပင်လယ်မှာရှိတယ် ဆိုတာလောက်ပဲ ခန့်မှန်းကောက်ချက်ချနိုင်တာပါ။
တာအိုလမ်းစဉ်ဂိုဏ်းက ဂိုဏ်းချုပ်ယန်ကို ဘယ်လိုရှာတွေ့ခဲ့တာလဲ"
အင်ပါယာရှား သက်ပြင်းရှည်တစ်ချက်ချသည်။
"တာအိုလမ်းစဉ်ဂိုဏ်းမှာ လုယန်ရှိတယ်လေ"
************************************