← Chapters

အခန်း ၁၁၉၃

Vol. 80 Ch. 1193

အခန်း ၁၁၉၃

Vol. 80 Ch. 1193

အခန်း (၁၁၉၃) အကျဉ်းထောင်တောင်ထိပ်ရန်ပွဲ

တာအိုလမ်းစဉ်ဂိုဏ်းမှ ပို့လိုက်သည့် သတင်းများအကြောင်း အင်ပါယာရှား ပြန်တွေးမိသည်။ အားလုံးက ယုံနိုင်စရာပင်မရှိ။

လော်ရွှေတပ်၏ ကိုးနန်းတော်အဖွဲ့ဝင်များသည် ဉာဏ်ရည်ထက်မြက်သည့် တပ်မှူးများဖြစ်သည်။ နှလုံးမဲ့ဂိုဏ်း၏ သတင်းများကို ခြောက်လခန့် နေ့ရောညပါ ခွဲခြာစိစစ်ခဲ့သည်။ ယန်ခုန်တုန်ရှိမည့်နေရာကို သူတို့အကြမ်းဖျင်းခန့်မှန်းနိုင်ရုံသာ ရှိသေးသည်။

သို့သော် လုယန်က သူ့ကိုသုတ်သင်ရှင်းလင်းပြီး ဖြစ်နေသည်။

လော်ရွှေအစောင့်တပ်ဖွဲ့ တည်ထောင်ထားခြင်းသည် ဟန်ပြသက်သက်လော..

....

တာအိုလမ်းစဉ်ဂိုဏ်း၊ အကျဉ်းထောင်တောင်ထိပ် ဂိတ်တံခါး။

အကျဉ်းထောင်ဂိတ်တံခါးတွင်ရပ်လျက် အကျဉ်းသားသစ် အတွေးနစ်နေသည်။ တစ်သက်လုံး နာမည်ကျော်ခဲ့သည့် သူ့ဘဝက ယခုလိုအဆုံးသတ်ရသည်။ အကျဉ်းစံဘဝရောက်ရသည်။

တကယ်ဝမ်းနည်းစရာကောင်းသည်။

"လောင်တွမ်၊ ငါ့ကျင့်စဉ်ကျမ်းထဲက ဒီစာကြောင်းက ငါတို့ကျင့်ကြံသူတွေ သန့်စင်တဲ့စိတ်နှလုံးကို ထိန်းသိမ်းပြီး သောက်စားပျော်ပါးမှုကို ရှောင်ရမယ်လို့ ပြောချင်တာလာား"

ဝိညာဉ်ပြောင်းအလတ်တန်းဆင့် မိုရှောင်ချွေ့က တွမ်ချင်ရွှေ့ကိုမေးသည်။ အကျဉ်းထောင်ထဲမှ စွမ်းအားမြင့်ပုဂ္ဂိုလ်များကြားတွင် မိုရှောင်ချွေ့၏ ကျင့်စဉ်အဆင့်က အနိမ့်ဆုံးဖြစ်သည်။

တွမ်ချင်ရွှေ့က ဒုတိယအနိမ့်ဆုံးဖြစ်သည်။ သူတို့နှစ်ယောက် ကျင့်စဉ်အတွေးအမြင်များ မကြာခဏတိုင်ပင်ဆွေးနွေးကြသည်။

အကျဉ်းစံဘဝဖြစ်၍ လက်တွ့မကျင့်ကြံနိုင်သော်လည်း အတွေ့အကြုံနှင့် ဗဟုသုတများ ဆပွားတိုးလာသည်။

တွမ်ချင်ရွှေ့က ကျင့်စဉ်ကျမ်းထဲမှ စာကြောင်းကိုတစ်ချက်ကြည့်၍ ခေါင်းခါပြပြီး အကြံပြုသည်။

"ငါလည်းသေချာမသိဘူး။ သွေးနတ်ဆိုးအဓိပဓိကို မေးကြည့်လေ။ ဒီစာကြောင်း သူရေးထားတာပဲမဟုတ်လား"

ကူးဖြတ်ခြင်းအဆင့်များပေါများ၍ စုစည်းခြင်းအဆင့်များ အိမ်စောင့်ခွေးအဆင့်သာရှိသည့် အကျဉ်းထောင်တောင်ထိပ်လိုနေရာမျိုးတွင် မဟာယုခေတ်၏ နောက်ဆုံးနိုင်ငံ့ဆရာ သွေးနတ်ဆိုးအဓိပဓိသည် အရေးပါသည့်လူအဖြစ် စံတန်းဝင်ရုံသာဖြစ်သည်။

မိုရှောင်ချွေ့လည်း မေးချင်ပါသည်။ သို့သော် တီးတိုးပြောဆိုနေကြရမှ ငြင်းခုန်သည့်အဆင့်သို့ ရောက်လာသည့် စကားသံများကို သူကြားသည်။

"အမှန်တရား နည်းနည်းပြောလိုက်တာ ဘာမှာားလို့လဲ။ ဒီမဟာချန်ကောင်တွေကြားသွားမှာကို ငါတို့က ဘာလို့ကြောက်နေရှာလဲ။ မင်းတို့အားလုံး တွေးကြည့်ပါ။

မဟာချန်တွေက ငါတို့မဟာယုထက် ဘာတွေများပိုသာနေလို့လဲ"

နိယာမသခင်က အသံကျယ်ကျယ်ဖြင့် ပြောသည်။ အစက ဘေးပတ်လည်မှအကျဉ်းသားများကိုသာ မဟာချန်မကောင်းကြောင်းသူပြောခဲ့သည်။

သို့သော် အထင်မှတ်ဘဲ မဟာချန်အကျဉ်းသားများက သူ့စကားကို ကြားသွားသည်။ သူ့မိတ်ဆွေများက စကားပြောဆင်ခြင်ဖို့ ဖျောင်းဖျသည်။

ထိုအဖြစ်ကို သူမကျေနပ်။

"ငါတို့မဟာချန်မှာ မင်းတို့မဟာယုထက် မသေမျိုးတစ်ဝက်တွေ အများကြီးပိုသာတယ်ကွ"

စီလဲ့နတ်သခင် ဒေါသတကြီးအော်ဟစ်လိုက်ည်။ နိယာမသခင်က မဟာချန်များကို အထင်မကြီးဟန်ဖြင့် စိုက်ကြည့်သည်။ မဟာယုများကိုလည်း စိုက်ကြည့်သည်။

နိုင်ငံနှစ်ခု၏ ပြိုင်ဆိုင်မှုက အချိန်နှင့်နေရာ မရွေး။ နောက်ဆုံးတွင် မဟာယုဘက်ကသာ အနိုင်ရမည်ဟု သူယုံကြည်သည်။

"မသေမျိုးတစ်ဝက်အရေအတွက်လား"

နိယာမသခင် လှောင်ပြုံးပြုံးသည်။

"ယုံကြည်မှုစွမ်းအားနဲ့ ဖြစ်ကတတ်ဆန်းဖန်တီးထားတဲ့ မင်းတို့အရိယဖလသန္ဓေကို ဂုဏ်ယူနေကြတယ်ပေါ့။ မင်းတို့လို ပေါက်ပန်းဈေးမသေမျိုးတစ်ဝက်တွေကို ငါနှစ်ယောက်တစ်ယောက် ယှဉ်နိုင်တယ်ကွ"

"ဘဝင်မြင့်နေတဲ့ကောင်ပဲ"

စီချန်းနတ်သခင်က စီလဲ့ထက်ပင် ပိုဒေါသထွက်နေသည်။

"မင်းက သက်ရှည်မသေမျိုးခန္ဓာအားကိုးနဲ့ ကံကောင်းလို့ မသေမျိုးတစ်ဝက်ဖြစ်လာတဲ့ကောင်ပါ။ ပင်ကိုယ်စွမ်းရည်ရယ်လို့ မင်းမှာဘာပြစရာရှိလဲ။ ငါက ပဥ္စဝိညာဉ်မြစ်နဲ့ ကူးဖြတ်ခြင်းအဆင့်ထိ တက်ခဲ့တာကွ။

ငါ့ကို ထိန်းချုပ်သူသခင်က သဘောကျလို့ အချိန်အရိယဖလသန္ဓေ ချီးမြှင့်ခဲ့တာ။ မင်းလိုကောင်သာ ပဥ္စဝိညာဉ်မြစ်နဲ့ဆိုရင် စုစည်းခြင်းအဆင့်တောင် ရောက်မှာမဟုတ်ဘူး"

"လူသတ်ဓားပြတိုက်ပြီး ကူးဖြတ်ခြင်းအဆင့်တက်တာ ဘာတွေဂုဏ်ယူစရာရှိနေလို့လဲ"

မဟာယုအင်ပါယာထဲတွင် ဒုတိယပါရမီအထူးဆုံးဖြစ်သည့်် ဆဋ္ဌမယုအင်ပါယာ ဝူယွီထောင်က နှာခေါင်းရှုံ့သည်။

"မင်းသုံးခဲ့တဲ့ အထောက်အပံ့ရင်းမြစ်နဲ့ဆိုရင် ကူးဖြတ်ခြင်းအဆင့်သုံးယောက်တောင် ငါမွေးထုတ်နိုင်တယ်ကွ။ မင်းက ကျင့်စဉ်ရင်းမြစ်တွေ အလဟဿဖြုန်းတီးတာပဲ။ သဘာဝလောကကို ဆန့်ကျင်ပြီး ယုတ်ညံ့တာတွေလုပ်တယ်။

မဟာချန်နိုင်ံငံ မျိုးဆက်တစ်ခုပြောင်းတိုင်း ဆုတ်ယုတ်လာလို့ ငါတို့မဟာယုက အစားထိုးဝင်နိုင်ခဲ့တာ မဆန်းပါဘူး"

ကြားတွင်ညပ်နေသည့် မိုရှောင်ချွေ့နှင့်တွမ်ချင်ရွှေ့တို့ စကားဖြတ်မပြောရဲကြ။ ကျင့်စဉ်ကျမ်းအကြောင်း မမေးရဲကြသည်။ သူတို့သည် ဗုဒ္ဓနိုင်ငံမှ ကျင့်ကြံသူများဖြစ်သည်။ အကျဉ်းထောင်တောင်ထိပ်၏ အဓိကအင်အားစုနှစ်ခုတွင် မပါဝင်။

အမှန်တော့ နှစ်သုံးသိန်းသမိုင်းကြောင်းရှိခဲ့သည့်တိုင် ဗုဒ္ဓနိုင်ငံတွင် မသေမျိုးတစ်ယောက်ပင် မပေါ်ခဲ့။ အမြင့်ဆုံး မသေမျိုးတစ်ဝက်အဆင့်များသာရှိသည်။ ဤငြင်းခုန်ပွဲသို့ဝင်ဖို့ သူတို့ အဆင့်မမီ။

"အနူတွေကြားမှာ လူလုပ်နေတဲ့ကောင်တွေ။ ကူးဖြတ်ခြင်းအဆင့်ရောက်လို့ ကိုယ့်ကိုယ်ကို အဟုတ်ကြီးထင်နေတာလား။ မဟာယုကို ကိုယ်စားပြုတဲ့လူလို့ ထင်နေကြတုန်းလား"

အိပ်မက်ဆိုးအဓိပဓိက လှောင်သံပါပါဖြင့်ပြောသည်။ သူသည် မဟာချန်ကို အဆုံးသတ်ခဲ့သူဖြစ်သည်။ ဝူယော်နှင့် ကွမ်းရှန်ဟိုင်၏ ပူးပေါင်းအင်အားကို ရှုံးနိမ့်ခဲ့သည်။ သူကြုံတွေ့ခဲ့ရသည့် အဖြစ်များကြောင့် မဟာယုများအပေါ် အမြင်မကြည်။

"ဟား၊ မဟာချန်ကို အဆုံးသတ်ခဲ့တဲ့ကောင်က မဟာချန်ဘက်မှာရပ်တည်ရဲသေးတယ်ပေါ့"

မဟာယုကူးဖြတ်ခြင်းအဆင့်တစ်ယောက်က အားမနာတမ်း ဖော်ကောင်လုပ်သည်။

"ကူးဖြတ်ခြင်းအဆင့်လောက်နဲ့ မင်းကငါတို့စကားဝိုင်းထဲဝင်ပြောရဲတယ်ပေါ့"

အနာပေါ်တုတ်ကျသွားသဖြင့် ရှက်စိတ်နှင့်ဒေါသရောပြီး အိပ်မက်ဆိုးအဓိပဓိ မျက်နှာနီရဲလာသည်။ အပြင်ဘက်တွင်သာရှိလျှင် သူတစ်ချက်စိုက်ကြည့်ရုံဖြင့် ထိုသကောင့်သား ပြန်မနိုးနိုင်တော့သည့် အဆုံးစမဲ့အိပ်မက်ဆိုးထဲ ရောက်သွားလိမ့်မည်။

သို့သော် အကျဉ်းထောင်တောင်ထိပ်တွင် အရိဘဖလသန္ဓေစွမ်းအား မှော်ပညာစွမ်းအားများ အသုံးမပြုနိုင်ကြ။

ထို့ကြောင့် အိပ်မက်ဆိုးအဓိပဓိက ဖိနစ်တစ်ဘက်ချွတ်၍ သံတိုင်များကြားမှ ပစ်ပေါက်လိုက်သည်။ မဟာယုကျင့်ကြံသူမျက်နှာတွင် ထင်ရှားသည့် ဖိနပ်ရာတစ်ခု ပေါ်လာသည်။

ထိုကျင့်ကြံသူ ရုတ်တရက် မင်သက်မိသွားသည်။ ထို‌့နောက် ဒေါသထွက်လာသည်။ အကျဉ်းထောင်တောင်ထိပ်တွင် မသေမျိုးတစ်ဝက်ဖြစ်လည်း ဘာအရေးစိုက်စရာရှိသနည်း...

သူတို့ဘေးတွင် ကွမ်းရှန်ဟိုင်ရှိသည်။

"ငါ့ကိုလာစော်ကားတယ် ညီအကိုတို့။ သူ့ကို ပြန်ဆော်ကြ"

ချက်ချင်းဆိုသလိုပင် အိပ်မက်ဆိုးအဓိပဓိထံ ဖိနပ်များ လွင့်ပျံလာသည်။

"မင်းတို့မဟာယုတွေက အဖွဲ့အားကိုးနဲ့ လုပ်တယ်ပေါ့။ ငါတို့လည်း အတူချကြမယ်ဟေ့"

စီလဲ့နတ်သခင် အော်ဟစ်လိုက်သည်။ အိပ်မဆိုးအဓိပဓိ အနိုင်ကျင့်ခံရသဖြင့် မဟာချန်ကျင့်ကြံသူများ ငြိမ်နေ၍မဖြစ်ကြောင်း နားလည်လာသည်။

အိပ်မက်ဆိုးအဓိပဓိသည် မဟာချန်အတွက်ရပ်တည်ရင်း ထိုဖိနပ်များ၏ဒဏ်ကို ခံခဲ့ရခြင်းဖြစ်သည်။

အကျဉ်းထောင်တစ်ခုလုံး ရုန်းရင်းဆန်ခတ်ဖြစ်သွားသည်။ မသေမျိုးတစ်ဝက်အဆင့်မှစ၍ စုစည်းခြင်းအဆင့်များထိ အားလုံးတိုက်ပွဲဝင်ကြသည်။

မဟာချန်ဘက်မှ လက်နက်ကုန်သွားသည်။ စီလဲ့နတ်သခင်က စိတ်ကူးတစ်ခုရလာပြီး သတင်းစာစက္ကူများကို လုံးချေ၍ တစ်ဘက်အဖွဲ့ဆီ ပစ်ပေါက်သည်။

တာအိုလမ်းစဉ်ဂိုဏ်းသည် လူ့အခွင့်အရေးကို လေးစားသည်။ သတင်းစာထုတ်ဝေတိုင်း အကျဉ်းသားများ အပြင်လောကနှင့်အဆက်မပြတ်စေရန် သတင်းစာဝေငှပေးသည်။

မဟာယုအဖွဲ့ကလည်း သူတို့နည်းအတိုင်းလိုက်လုပ်သည်။ သတင်းစာများကို အလုံးဖြစ်အောင်လုပ်၍ အော်ဟစ်ဆဲဆိုပြီး ပစ်ပေါက်သည်။

သတင်းစာစက္ကူလုံးများ လေထဲတွင် ပလူပျံနေသည်။ နှင်းလုံးပစ်တမ်းကစားနေကြသလိုပင်ဖြစ်သည်။

ရုတ်တရက် စက္ကူလုံးတစ်ခုက ဘေးတစ်စောင်းလှဲ၍ အနားယူနေသည့် ကွမ်းရှန်ဟိုင်ကို ထိသွားသည်။ အဖွဲ့နှစ်ခုလုံး ချက်ချင်းငြိမ်ကျသွားသည်။ နောက်ထပ်မလှုပ်ရှားရဲတော့။

နိုင်ငံဆရာရှိသည့်ဘက်ကို စက္ကူလုံးပစ်ခဲ့သည့် လက်သည်တရားခံကို စိတ်ထဲမှကျိတ်ဆဲနေကြသည်။ ထို့ပြင် ထိုသတင်းစာများသည် ကွမ်းရှန်ဟိုင်ကိုယ်တိုင် ပုံနှိပ်ထားခြင်းဖြစ်သည်ိ။

ကွမ်းရှန်ဟိုင် ထထိုင်သည်။ တည်ငြိမ်သည့်သူ့မျက်လုံးတွင် ဒေါသလှိုင်းများ တောက်ပနေသည်။ သတင်းစာစက္ကူလုံးကိုတင်းတင်းဆုပ်၍ သူတမင်ပြောသည်။

"သတင်းစာဆိုတာ ဒီလိုသုံးဖို့လား"

တည်ငြိမ်သည့်အကြည့်ဖြင့် မဟာချန် မဟာယု ကျင့်ကြံသူများကို မျက်လုံးဝေ့ကြည့်ပြီး တုံးတိတိထပ်ပြောသည်။

"သောက်ရူးတွေ"

နှစ်ဖွဲ့လုံး ထိတ်လန့်တုန်လှုပ်ပြီး ခေါင်းငုံ့သွားကြသည်။ ကွမ်းရှန်ဟိုင်အကြည့်ကို ရင်မဆိုင်ရဲကြ။

"အတော်ရယ်စရာကောင်းတဲ့မေးခွန်းပဲ။ မဟာချန်နဲ့ မဟာယု ဘယ်သူက ပိုစွမ်းအားကြီးလဲတဲ့လား။ မဟာချန်တွေစွမ်းအားကြီးရင် ငါတို့မဟာယုက သူတို့နေရာကို ဘယ်လိုအစားဝင်နိုင်ခဲ့မှာလဲ။

ဒီလောက်ရူးကြောင်ကြောင်နိုင်တဲ့မေးခွန်းမျိုးကို အရေးလုပ်ပြီး ငြင်းခုန်နေစရာလိုလို့လား"

မဟာယုအဖွဲ့ ကျိတ်ပျော်သွားသည်။ နိုင်ငံဆရာက သူတို့ဘက်တွင်ရှိနေသည်။

သို့သော် မဟာချန်အဖွဲ့ဘက်တွင် ကွမ်းရှန်ဟိုင်ကို ခွန်းတုံ့ပြန်ပြောချင်စိတ်များ ရုန်းကြွနေသည်။ သူတို့မဟာချန်များသည် ယုံကြည်မှုစွမ်းအား၏ တန်ပြန်ချုပ်နှောင်မှုလျော့ပါးအောင် ရှောင်ပုန်းခဲ့ခြင်းသာဖြစ်သည်။

ထိုအဖြစ်မျိုးသာမရှိခဲ့လျှင် ကွမ်းရှန်ဟိုင်နှင့်ဝူယော် စင်ပေါ်ရောက်လာစရာအကြောင်းမရှိ။

အထူးသဖြင့် ကောင်းကင်အင်ပါယာနှင့် ထိန်းချုပ်သူသခင်၏ လက်ရင်းတပည့်များဖြစ်သည့် စီလဲ့နှင့် စီချန်းက ထိုစကားများကို ပို၍ပြောချင်ကြသည်။

သူတို့နှစ်ယောက်သည် မဟာချန်နိုင်ငံအပေါ် လေးလေးနက်နက် စိတ်နှစ်မြှုပ်နှံထားသူများဖြစ်သည်။

သို့သော် မသေမျိုးတစ်ယောက်နှင့် ရင်ဆိုင်ရသည်ဖြစ်၍ အမြစ်တည်နေသည့် အကြောက်တရားက လွှမ်းမိုးနေသည်။ ကောင်းကင်အင်ပါယာသခင်ကြောင့် သူတို့စိတ်ဝိညာဉ်ထဲတွင် အရိပ်မည်းတစ်ခုလွမ်းမိုးနေသည်။

မသေမျိုးဖြစ်သည့် ကွန်းရှန်ဟိုင်ကို သူတို့ခွန်းတုံ့ပြန်မပြောရဲကြ။

....

"ဒါရှင့်အခန်းပဲ"

ယွမ်ကျိစကားသံက ထူးထူးခြားခြားတိတ်ဆိတ်နေသည့် အကျဉ်းထောင်လေထုကို ဖြိုခွဲလိုက်သည်။ အကျဉ်းသားအသစ်တစ်ယောက် ခေါ်သွင်းလာသည်။

ထိန်းချုပ်သူသခင် သူ့လူယုံတစ်ပည့်နှစ်ယောက်ဖြစ်သည့် စီလဲ့နှင့်စီချန်းကို လှမ်းကြည့်သည်။ ဘာပြောရမည်မသိတော့။

ထိုနှစ်ယောက်သည် သူလာကယ်မည်ဟု မျှော်လင့်ထားကြလိမ့်မည်။ သို့သော် သူထိုသို့မလုပ်နိုင်တော့။ သူကိုယ်တိုင် ဖမ်းဆီးခံခဲ့ရသည်။ ထွက်မပြေးနိုင်ခဲ့။

စီလဲ့နှင့်စီချန်းတို့နှစ်ယောက် ထိန်းချုပ်သူသခင်ကိုမြင်သည်နှင့် မျက်ရည်များစီးကျလာသည်။

"သခင်၊ ကျုပ်တို့ သခင့်ကိုမျှော်နေခဲ့တာကြာပါပြီ။ အခုမှပဲ သခင်ရောက်ကလာတော့တယ်"

ထန်းချုပ်သူသခင် "..."

...ငါ့အတွက် ဒီထက်ပိုကောင်းတာတစ်ခုခု မင်းတို့မျှော်လင့်လို့မရဘူးလားကွာ..

************************************

All Chapters