အခန်း ၁၁၉၅
Vol. 80 Ch. 1195
အခန်း (၁၁၉၅) အရမ်းတော်တဲ့ ဒုခေါင်းဆောင်
"ဗုဒ္ဓကောင်းချီးပဲ"
တိုင်ပုဖန် သုံးကြိမ်ဆက်တိုက်ရှိခိုင်း၍ စိတ်ရင်းဖြူစင်ကြောင်းပြသည်။ ထို့နောက် ခေါင်းမော့ကြည့်လိုက်သည်။ မီးလောင်ပြာကျသွားသည့် မွေးတိုင်သုံးချောင်းက ထူးထူးခြားခြားအသက်ပြန်ဝင်လာသည်။ မွှေးတိုင်ပြာများ ပြန်စုစည်း၍ မူလမွှေးတိုင်များအသွင် ပြန်ဖြစ်လာသည်။
မဟာဝိဟာရခန်းမမှ သူထွက်လာချိန်တွင် ကိုယ်တော်မိန်ယုက အနားသို့လျှောက်လာပြီးမေးသည်။
"အော်မီတော်ဖော်။ ဒကာတိုင်ရဲ့ ဆုတောင်းက အကျိုးရှိခဲ့ရလား"
တိုင်ပုဖန် ခဏအသံတိတ်သွားပြီး ဖြေးညှင်းစွာပြောသည်။
"ဗုဒ္ဓက ကိုယ်တိုင်အလင်းပြခဲ့ပါတယ်"
"ဪ"
မိန်ယုတကယ်အံ့ဩသွားသည်။ ဟန်ဆောင်ခြင်းမဟုတ်။
တိုင်ပုဖန်က သူ့လက်ဝါးကိုဖြန့်ပြသည်။ အကောင်းပကတိရှိနေသည့် မွှေးတိုင်သုံးချောင်းပေါ်လာသည်။
"ဗုဒ္ဓက ကျုပ်ကို မွှေးတိုင်တွေပြန်ပေးလိုက်တယ်"
.....
တာအိုလမ်းစဉ်ဂိုဏ်း။ ကောင်းကင်ဂိတ်တောင်ထိပ်။
"ကြည့်ပါ။ ဒီလိုဖြတ်လိုက်တော့ သစ်သီးတွေက ပိုပြီးစားချင်စဖွယ်ဖြစ်သွားတယ်မဟုတ်လား။ သစ်သီးပုံစံပဲပြောင်းသွားတာ။ အရသာပြောင်းမသွားဘူး။ ဒါက ဝိညာဉ်စားဖိုးမှူးရဲ့ စေတနာကိုထင်ဟပ်နေတယ်"
"ဟုတ်သားပဲ"
ကောင်းကင်ဂိတ်တောင်ထိပ် ပဲဝါဘုံကျောင်းဘေးတွင် ယွမ်မုန်မုန်နှင့်ချင်ဟဲတို့ သစ်သီးလှီးနည်း လေ့လာနေကြသည်။
ချင်ဟဲက ယွမ်မုန်မုန်ကို သူသိသမျှအားလုံး မချွင်းမချန်သင်ပေးသည်။ ယွမ်မုန်မုန်ကလည်း သင်သူစိတ်မပျက်အောင် ဝီရိယစိုက်၍ လေ့လာသည်။ ဆရာဖြစ်သည့်ချင်ဟဲလည်း အတော်ကျေနပ်ပီတိဖြစ်သည်။
ရုတ်တရက် တစ်ခုခုကို မြင်လိုက်သကဲ့သို့ ယွမ်မုန်မုန် ခေါင်းမော့ကြည့်သည်။ ချင်ဟဲလည်း စိတ်ဝင်စားလာသည်။
"ဘာလဲ"
"ဒုခေါင်းဆောင်ရဲ့အနံ့ပဲ"
အားလုံးကိုပစ်ထားခဲ့ပြီး တောင်းဆင်းလမ်းအတိုင်း သူပြေးထွက်သွားသည်။
လုယန်က တောင်ပေါ်သို့ တက်လာနေသည်။ သူခေါင်းမော့ကြည့်ချိန်တွင် ယွမ်မုန်ုမုန် တဟုန်ထိုးပြေးဆင်းလာသည်ကို မြင်လိုက်ရသည်။
လူချင်းတိုက်မိ၍ လုယန်နောက်ပြန်လဲကျသွားသည်။ ယွမ်မုန်မုန်က သူ့အပေါ်မှ မှောက်လျက်ထပ်ကျသည်။
"ဒုခေါင်းဆောင် ဘေးကင်းကင်းနဲ့ပြန်ရောက်လာပြီပဲ။ ငါအရမ်းစိုးရိမ်နေတာ"
ကိုယ်ချင်းကပ်နေသည်။ ယွမ်မုန်မုန်၏ ရွှန်းလဲ့တောက်ပသည့်မျက်လုံးများက သူ့ကိုစိုက်ကြည့်နေသည်။
"ပြောပါဦး၊ နင်နဲ့ခေါင်းဆောင် ဗုဒ္ဓနိုင်ငံကနေ ဘာလို့ရုတ်တရက်ပျောက်သွားတာလဲ။ ငါတို့နေရာအနှံ့လိုက်ရှာခဲ့ပေမယ့် လုံးဝမတွေ့ဘူး။ နောက်တော့မှ နင်မြောက်ပိုင်းတိုက်နယ်ကို လေ့ကျင့်ဖို့သွားတာလို့ ယွမ်ကျိကပြောတယ်။
ငါလည်းသွားချင်တယ်လို့ ပြောပေမယ့် ရှောင်ကျိက ငါ့ကိုသွားခွင့်မပေးဘူး။ သူက အရမ်းအကျင့်ပုတ်တယ်။ ငါအရမ်းစိတ်ဆိုးလို့ သူ့ကို ရက်တွေအကြာကြီး စကားမပြောဘဲ နေလိုက်တယ်"
ယွမ်မုန်မုန် နှုတ်ခမ်းစူနေသည်။ စိတ်ကောက်နေမှန်းသိသာသည်။
နတ်မယ်က သိစိတ်နယ်မြေမှ ပျံထွက်လာပြီး ချောင်းနှစ်ချက်ဆိုးလိုက်သည်။
"တ-ခေါင်းဆောင်၊ ထာဝရမျိုးဆက်မှာ ရာထူးအဆင့် သေချာခွဲခြားထားတယ်။ ဒါက ဘယ်လိုအပြုအမူမျိုးလဲ။ နင်က ရှောင်ယန်ကို ဒီလိုဖက်ထားတယ်ပေါ့"
"ဪ...အင်း"
သူအပြုအမူသည် ရာထူးအဆင့်ခွဲခြားမှုနှင့် ဘယ်လိုပတ်သက်နေမှန်းမသိသော်လည်း ပြန်မမေးသင့်မှန်းသိသည်။ မြေပေါ်မှထရပ်သည်။ ခေါင်းဆောင်ပြောသည့်စကားကလည်း မှန်နေသဖြင့် နားထောင်လိုက်သည်က အကောင်းဆုံးဖြစ်သည်။
ပန်းရောင်ကြာပွင့်များ ကောင်းကင်မှ လူးလွန့်ကျဆင်းလာသည်။ ခမ်းနားသည့် ကြိုဆိုမှုမျိုးဖြစ်သည်။ နတ်မယ်ကို ချင်ဟဲကြိုဆိုသည့် နည်းလမ်းဖြစ်သည်။
"ပြန်လာပြီလား သခင်"
"နတ်မယ်၊ အမချင်ဟဲရဲ့ သရုပ်မှန်က ကြာပန်းမဟုတ်လား။ ဘာလို့သ့ကို ချင်လျန်လို့မခေါဘဲ ချင်ဟဲလို့ခေါ်တာလဲ"
လုယန် တီးတိုးကပ်မေးသည်။
ဗုဒ္ဓနိုင်ငံတွင် ချင်ဟဲသရုပ်မှန်ကို သူစသိကတည်းက ထိုမေးခွန်းကို မေးချင်ခဲ့သည်။ သို့သော် မြောက်ပိုင်းနယ်မြေခရီးစဉ်ကြောင့် မမေးဖြစ်ခဲ့။ ယခု ချင်ဟဲကိုမြင်မှ သူပြန်သတိရလာသည်။
"အင်း..အဲဒါက ငါ့ကြောင့်ပါ"
နတ်မယ်ဝန်ခံသည်။
"သူ့ကိုကယ်တဲ့အချိန်တုန်းက ငါအတော်အသက်ငယ်သေးတယ်။ ကြာပန်းနဲ့ နှင်းပန်းကို ခွဲခြားပြီးမသိခဲ့ဘူး။ နောက်ပိုင်း ဒီအကြောင်းသိတော့ နာမည်ပြန်ပြောင်းဖို့ ကြိုးစားခဲ့တယ်။
ဒါပေမယ့် သူ့မပြောင်းချင်ဘူးတဲ့။ ဒါကြောင့် ချင်ဟဲလို့ပဲ နာမည်တွင်သွားတာ"
"ချင်ဟဲ၊ မတွေ့ရတာ ကြာပြီနော်"
ကိုးဆမသေမျိုးက ပြုံး၍နှုတ်ဆက်သည်။ ဤရက်ပိုင်းအတွင်း အသိအကျွမ်းဟောင်းအတော်များများ သူတွေ့ခဲ့ရသည်။
"အကိုကိုးဆ"
ချင်ဟဲလည်း ပြုံး၍နှုတ်ဆက်သည်။ နှစ်သုံးသိန်းဆိုသည်မှာ တကယ်ရှည်ကြာသည့်အချိန်ဖြစ်သည်။
လုယန် ကောင်းကင်ဂိတ်တောင်ထိပ်သို့ရောက်လာသည်။ ဗုဒ္ဓနိုင်ငံတွင် တည်ဆောက်ခဲ့သည့် မဟာပဲဝါနိုင်ငံ ဘိုးဘေးဘုံကျောင်ကိုမြင်ရသဖြင့် သူအံ့အားသင့်သွားသည်။
"ခေါင်းဆောင်နဲ့ ဒုခေါင်းဆောင်ပျောက်သွာားတော့။ အမလင်း၊ အမလျန်ယိနဲ့ အမချန်ဝေတို့က ဘုံကျောင်းကို သူတို့နယ်မြေဆီ ယူသွားချင်ကြတာ။ ဒါပေမယ့် ငါနဲ့ချင်ဟဲက လက်မခံဘူး။
ဒါကြောင့် ငါတို့ဂိုဏ်းကို သယ်လာတာ"
ယွမ်မုန်မုန်က ပြုံးရယ်၍ ရှင်းပြသည်။
"ဒုခေါင်းဆောင်၊ နင်မြောက်ပိုင်းနယ်မြေကိုသွားတာ အကြာကြီးပဲ။ ပျော်စရာအဖြစ်အပျက်တွေ ကြုံခဲ့လား"
ယွမ်မုန်မုန်က သစ်သီးတစ်ပန်းကန်ယူလာပြီး စိတ်ဝင်တစားမေးသည်။ ဝိညာဉ်သစ်သီးပုံစံများက လောလောလတ်လတ်ဖန်တီးခဲ့ခြင်းဖြစ်သည်။
ချင်ဖုန်းဓားနှင့်တူသည့် ဝိညာဉ်သစ်သီးတစ်စိတ် လုယန် စားလိုက်သည်။ ဘယ်သစ်သီးမှန်းတော့မသိ။ အရသာက အတော်ကောင်းသည်။
"မြောက်ပိုင်းနယ်မြေက အေးစိမ့်ပြီး မှုန်မှိုင်းနေတာ။ ပျော်စရာ သိပ်မရှိပါဘူး။ စိတ်ဝင်စားစရာကောင်းတဲ့ ကျောင်းသားတစ်ချို့တော့ တွေ့ခဲ့တယ်"
လုယန်က စိတ်ပျက်သည့်လေသံဖြင့်ပြောသည်။ မြောက်ပိုင်းနယ်မြေသည် ရေခဲတုံးများမှလွဲ၍ ဘာမှစိတ်ဝင်စားစရာမရှိ။ ဗုဒ္ဓနိုင်ငံလောက်မကောင်း။ ယွမ်မုန်မုန်ကို ထိုနေရာသို့သွားလည်ဖို့ သူအဆိုမပြု။
"ဒါပေမယ့် မြောက်ပိုင်းနယ်မြေမှာ လူကောင်းတွေအများကြီးရှိတယ်။ ငါတို့သိုင်းကျောင်းတံခါး နှစ်ခါပျက်သွားတယ်။ အခမဲ့အသစ်ပြင်ပေးကြတယ်။ ပြီးတော့ မြောက်ပိုင်းနယ်မြေမှာ ပူပင်မဲ့ဧည့်သည်ဆိုတဲ့လူရှိတယ်။
မကောင်းမှုတွေ အများကြီးလုပ်ခဲ့တဲ့လူပေါ့။ သူလုပ်ခဲ့တဲ့မကောင်းမှုတွေ အရမ်းများနေပြီလို့ တွေးမိလို့ဖြစ်မယ်။ သူ့ကိုယ်သူ သတ်သေသွားတယ်။ ဒီတော့ သူ့ကိုလူကောင်းတစ်ဝက်လို့ ပြောရမှာပေါ့။
ပြီးတော့ နှလုံးမဲ့ဂိုဏ်း ရောက်လာတယ်။ ဘာကြောင့်ငါ့ဆီ ရောက်လာမှန်းတော့မသိဘူး။ တကယ်အနှောက်အယှက်ပေးတာပဲ။ ငါ့လို အေးအေးဆေးဆေးသိုင်းသင်နေတဲ့လူဆီက ဘာများလိုချင်တာလဲ"
"ဟုတ်တယ်။ နှလုံးမဲ့ဂိုဏ်းက တကယ်မုန်းစရာကောင်းတာပဲ"
ယွမ်မုန်မုန် လုယန်ကိုယ်စား မကျေမနပ်ဖြစ်နေသည်။ သူတို့ဗုဒ္ဓနိုင်ငံတွင်ရှိစဉ်က ဘာမှမဖြစ်ခဲ့။
"ယန်ခုန်တုန်က အတော်စွမ်းအားကြီးတဲ့ မသေမျိုးတစ်ဝက်ဖြစ်ပေမယ့် ငါ့လောက်တော့ စွမ်းအားမကြီးဘူး။ သူ့ကို ပညာသုံးလေးကွက်လောက်နဲ့ အနိုင်ယူလိုက်တယ်"
လုယန်က ဝင့်ကြွားသည့်လေသံဖြင့်ပြောသည်။ ကူးဖြတ်ခြင်းအဆင့်ဖြင့် မသေမျိုးတစ်ဝက်ကို အနိုင်ယူသည့်အဖြစ်မျိုး သမိုင်းတွင် မရှိခဲ့ဖူး။ သူစွမ်းဆောင်ခဲ့သည့် သူရဲကောင်းလုပ်ရပ်ကို သတင်းစာများထဲတွင် ထည့်ရေးပြီး အများသိအောင်ကြေညာဖို့ သူဆုံးဖြတ်ထားသည်။
သို့ကိုယ်သူ အမေးအဖြေလုပ်လျှင် သိပ်အဆင်မပြေ။ လူအများက ယုံကြည်ကြမည်မဟုတ်။ ထို့ကြောင့် ဘေးကြည့်ပရိတ်သတ်ဖြစ်သည့် လောင်မုန်ကို အင်တာဗျူးခိုင်းရမည်။
"ဒုခေါင်းဆောင်က အရမ်းတော်တာပဲ။ နောက်ရော ဘယ်လိုဆက်ဖြစ်လဲ"
ယွမ်မုန်မုန်က နားထောင်နေရင်း မျက်လုံးများအရောင်တောက်နေသည်။ သူမလုပ်နိုင်သည့် အလုပ်တစ်ခုခု ဒုခေါင်းဆောင်လုပ်တိုင်း ဘာကြောင့် ဒုခေါင်းဆောင်ဖြစ်နေသည်ကို သက်သေပြနေခြင်းပင်ဖြစ်သည်။
"နောက်တာ့ ယန်ခုန်တုန်က သူ့မသေခင် မဟာချန်ခေတ် ထိန်းချုပ်သူသခင်ကို ဆင့်ခေါ်လိုက်တယ်။ ကံကောင်းထောက်မလို့ သေရေးရှင်ရေးကြုံနေတဲ့အချိန် ကိုးဆမသေမျိုးပေါ်လာတယ်။ ဒါကြောင့် ငါအသက်မသေခဲ့တာ"
ကိုးဆမသေမျိုးမျက်နှာတွင် ကျေနပ်သည့်အပြုံးတစ်ခု ပေါ်လာသည်။ ထိုမိတ်ဆွေလေးလုယန်သည် စကားပြောအတော်ကျင်လည်သည်။ အသေးစိတ်အချက်များက သိပ်မတိကျသော်လည်း အမှန်တရားနှင့်နီစပ်သည်။
"ကိုးဆမသေမျိုးက ထိန်းချုပ်သူသခင်ကို အနိုင်ယူပြီးတော့ အမယွမ်ကို လက်ရည်စမ်းဖို့ ဖိတ်ခေါ်တယ်။ အမယွမ်ကလည်း လက်ခံခဲ့တယ်။ တိုက်ပွဲစတော့ သိုင်းကျောင်းတောင်ပျက်စီးသွားတယ်။ တိုက်ပွဲပြီးတော့ ကိုးဆမသေမျိုးက သိုင်းကျောင်းကို ကိုယ်တိုင်ပြန်ပြင်ပေးခဲ့တယ်။ တကယ်မြင့်မြတ်တဲ့စိတ်ထားပဲ"
ကိုးဆမသေမျိုး ပို၍ကျေနပ်လာသည်။ ရှေးဟောင်းမသေမျိုးငါးယောက် မွေးဖွားခဲ့သည့် အခြေအနေများထဲတွင် သူ့အခြေအနေက အကောင်းဆုံးဖြစ်သည်။
ယင်ထန်မသေမျိုးက ယာဇ်ပူဇော်သည့် ဂူသင်္ချိုင်းမှ လွတ်မြောက်လာသည်။ နတ်မယ်က မထင်မရှားမျိုးနွယ်တစ်ခုမှလာသည်။ အချိန်မသေမျိုးက လောကသစ်ပင်၏အစိတ်အပိုင်းဖြစ်သည်။ ချီလင်က သဘာဝအတိုင်းပေါ်လာသည့် ဝိညာဉ်ဖြစ်သည်။
သူတစ်ယောက်သာ လူသားမျိုးနွယ်၏ မဟာလျန်ရှန်းမျိုးနွယ်မှ မွေးဖွားခဲ့သည်။
"ရှောင်ကျိ နိုင်သွားလား"
တိုက်ပွဲရလာဒ်ကို ယွမ်မုန်မုန် စိတ်အဝင်စားဆုံးဖြစ်သည်။
တိုက်ပွဲအကြောင်း နည်းနည်းပြုပြင်မွမ်းမံ၍ ပြောပြရန် ပြင်နေစဉ် ကိုးဆမသေမျိုးက အားမလိုအားမရလေသံဖြင့် သူ့ပေါင်သူပုတ်၍ပြောသည်။
"အား၊ တာအိုရှင်ယွမ်ကျိနဲ့ ထိန်းချုပ်သူသခင်သာ ပူးပေါင်းပြီးမတိုက်ခဲ့ရင် ငါ...အင်း...ထားပါတော့လေ။ ဒီအကြောင်းထပ်မပြောတော့ပါဘူး"
လုယန် "..."
အမယွမ်လာတဲ့အချိန်ကျမှ ခင်ဗျား ဒီစကားကိုထပ်ပြောရင် ပိုကောင်းမယ်ထင်တယ်...
ချင်ဟဲက ကိုးဆမသေမျိုးနှင့် တွေ့ရသဖြင့် အတော်ပျော်နေသည်။ သို့သော် မူမမှန်သည့်အချက်ကို ရုတ်တရက် ပြန်စဉ်းစားမိသည်။
ယင်ထန်မသေမျိုးနှင့် အချိန်မသေမျိုး နှစ်ယောက်လုံးကို လုယန်က တွေ့ခဲ့ပုံရသည်။
ပဲပြာအရှင်က နှစ်သုံးသိန်းကြာအောင် ရှာခဲ့သော်လည်း တစ်ယောက်မှ မတွေ့ခဲ့။ လုယန်က ဘာကြောင့် သုံးလေးနှစ်အတွင်း သုံးယောက်ရှာတွေ့ခဲ့သည်မသိ။
ဟိုအရင်ကတည်းက လုယန်သာ ပဲပြာအရှင်၏ နောက်လိုက်ဖြစ်ခဲ့လျှင် လွန်မြောက်ခြင်းအဆင့်သို့ ပဲဝါစောစောစီးစီရောက်ခဲ့လောက်သည်။
လုယန် နတ်မယ်နှင့်အတူရှိနေ၍ တော်သေးသည်။
မဟုတ်သေး။ သူဘာကြောင့် ထိုသို့တွေးမိနေသည်မသိ။
*****************************