← Chapters

အခန်း ၁၁၉၆

Vol. 80 Ch. 1196

အခန်း ၁၁၉၆

Vol. 80 Ch. 1196

အခန်း (၁၁၉၆) အဆင့်တူနီးပါး

လုယန်က မြောက်ပိုင်းနယ်မြေမှ ယဉ်ကျေးမှုဓလေ့များ ယွမ်မုန်မုန်ကို ပြောပြနေစဉ် လှိုက်လှိုက်လှဲလှဲရယ်မောသံတစ်ခုပေါ်လာသည်။

လုယန် ချက်ချင်းထရပ်၍ အရိုအသေပေးသည်။

"ဘိုးဘေးကွေ့ယန်၊ ဘိုးဘေးဖန်ဝူယာ။ ကျုပ်ဆီကိုလာတာ ကိစ္စရှိလိုလ့ား"

ပင်လယ်တာအိုသခင်က တဟားဟားအောာ်ရယ်ရင်း လုယန်ပုခုံးကိုပုတ်သည်။ ရယ်ရလွန်းသဖြင့် ပါးစပ်ပင်မစေ့နိုင်တော့။

"ယွမ်ကျိဆီကနေ ငါတို့ကြားခဲ့တယ်။ နှလုံးမဲ့ဂိုဏ်းချုပ် မသေမျိုးတစ်ဝက်ယန်ခုန်တုန်ကို မင်းက အနိုင်ယူခဲ့တယ်ဆို။ တော်ပါတယ်ကွာ။ တကယ်တော်ပါတယ်။

ငါမင်းကို စောင့်ကြည့်နေခဲ့တာ ကောင်လေး။ ဒါပေမယ့် မင်းဒီလောက်ထိ တိုးတက်လာမယ်လို့ ငါထင်မထားဘူး"

ကွေ့ယန်ကလည်း ပြုံးရွှင်နေသည်။ လုယန်လိုစွမ်းအားကြီးသည့် မျိုးဆက်သစ်များအတွက် ဘိုးဘေးတစ်ယောက်အနေဖြင့် သူဂုဏ်ယူဝမ်းသာမိသည်။

လုယန် နည်းနည်းအနေခက်သလို ခံစားရသည်။

"ကံကောင်းသွားလို့ပါ"

"ဟား၊ မသေမျိုးတစ်ဝက်ကို အနိုင်ယူခဲ့တာက ကံကြောင့်တော့ ဘယ်လိုဖြစ်နိုင်မှာလဲ။ ကျွေးယွဲ့နဲ့ငါ လက်ရည်စမ်းဖူးတယ်။ ခံစားချက်ခုနစ်မျိုးအရိယဖလသန္ဓေဟာ ရင်ဆိုင်ဖို့ဘယ်လောက်ခက်တယ်ဆိုတာ ငါသိတယ်။

ပြီးတော့ အဲဒီ့အရိယဖလသန္ဓေမရှိရင်တောင် ယန်ခုန်တုန်က ရှေးဟောင်းကူးဖြတ်ခြင်းထိပ်ဆုံးအဆင့် ကျင့်ကြံသူအစစ်ပဲ။ မင်းသူ့ကိုနိုင်တာ ကံကြောင့်လို့ လုံးဝပြောလို့မရဘူး"

"ဒါပေါ့။ ကျွန်မတို့ဒုခေါင်းဆောင်က တကယ်စွမ်းအားကြိးတယ်"

ယွမ်မုန်ုမုန်က ခေါင်းမော့ရင်ကော့၍ လုယန်၏ ဂုဏ်သရေကိုမျှဝေယူသည်။ ယန်ခုန်တုန်ကို အနိုင်ယူခဲ့သည့် လုယန်ထက်ပင် ပိုပျော်နေသည်။

"လာပါ။ တစ်ပွဲလောက်စမ်းရအောင်"

ဖန်ဝူယာက စိတ်အားထက်သန်စွာပြောသည်။

လုယန် အကြီးအကျယ်အံ့အားသင့်သွားသည်။ ဖန်ဝူယာ ထိုသို့တောင်းဆိုလာမည်ဟု လုံးဝထင်မထားခဲ့။

"အား..ကျုယ်ကဘယ်လိုလို့ ဘိုးဘေးကို တိုက်ခိုက်လို့ဖြစ်မှာလဲ"

"တိုက်ခိုက်ဖို့မဟုတ်ဘူး။ ပညာဖလှယ်ရုံပါပဲ"

ဖန်ဝူယာရယ်မောနေသည်။ လုယန် များစွာတိုးတက်လာကြောင့် သူကြားပြီးကတည်းက လက်ရည်စမ်းဖို့ လက်ယားနေခဲ့သည်။

နောက်ထပ် သုံးလေးနှစ်ကြာလျှင် လုယန်ကို သူအနိုင်ယူနိုင်မည်မဟုတ်တော့။

ကွေ့ယန်ကလည်း ဖန်ဝူယာဘက်မှ ဝင်ပြောသည်။

"ဟုတ်တယ်။ ဘာလို့ ဘိုးဘေးတစ်ယောက်နဲ့ လက်ရည်စမ်းလို့ မဖြစ်ရမှာလဲ။ မင်းအမယွမ်လည်း ငါတို့နှစ်ယောက်လုံးနဲ့ တိုက်ခိုက်ခဲ့တာပဲမဟုတ်လား"

"ကောင်းပါပြီ"

လုယန် ငြင်းမရတော့။

ပညာဖလှယ်ရုံသာဖြစ်၍ သီးခြားနေရာတစ်ခု ရှာစရာမလို။ ကောင်းကင်ဂိတ်တောင်ထိပ်တွင် နေရာတစ်ခု ရှင်းလိုက်ရုံသာဖြစ်သည်။

ဥပမာ ပဲဝါဘိုးဘေးဘုံကျောင်းကို ဘေးသို့ရွှေ့လိုက်ခြင်းမျိုး။

လုယန်နှင့်ဖန်ဝူယာတို့ တိုက်ပွဲစည်းဝိုင်းတစ်ခုဆွဲပြီး ထိုစည်းဝိုင်းအပြင်ဘက်သို့ မပြေးရဟု စည်းကမ်းသတ်မှတ်ကြသည်။

နေရာယူကြသည်။

လုယန် အသက်ကိုဝအောင်ရှူ၍ ချင်ဖုန်းဓားကို ဆွဲထုတ်လိုက်သည်။ ဗုဒ္ဓနိုင်ငံမှ စွမ်းအားကို ငှားယူသည်။ အသက်တစ်ရှူစာအတွင်း သူ့ကျင့်စဉ်အဆင့်မြင့်တက်သွားသည်။

မျက်လုံးပြန်ဖွင့်ချိန်တွင် သူ့အကြည့်က ဓားတစ်လက်လို စူးရနေသည်။ ဖန်ဝူယာပင် အံ့အားသင့်သွာားသည်။

"မင်က စွမ်းအားငှားသုံးတဲ့ မှော်ပညာတစ်ခု ကျွမ်းကျင်တယ်လို့ ကြားဖူးတာကြာပြီ။ ဒီနေ့မှလက်တွေ့မြင်ဖူးတော့တယ်။ တကယ်လေးစားစရာပဲ။ ကျင့်စဉ်စွမ်းအားကို ကူးဖြတ်ခြင်းထိပ်ဆုံးအဆင့်ထိ တန်းပြီးမြှင့်နိုင်တာပဲ"

ဖန်တူယာ ထိုမျှအံ့ဩစရာ‌ကောင်းသည့် မှော်ပညာမျိုး တစ်ခါမှမမြင်ဖူး။

"ဘိုးဘေးနားလည်မှုလွဲနေပြီ။ ပုံမှန်ဆိုရင် အရိပ်တုလက်သီးပညာက အဲလောက်စွမ်းအားမကြီးပါဘူး"

လုယန် ရှင်းပြသည်။

"ဘာကိုပြောချင်တာလဲ"

"အရိပ်တုလက်သီးက ကျုပ်လက်ရှိကျင့်စဉ်အဆင့်ရဲ့ အမြင့်ဆုံးစွမ်းအားကိုပဲ ငှားယူနိုင်တယ်။ ဥပမာ ကျုပ်ကျင့်စဉ်အဆင့်က ကူးဖြတ်ခြင်းအဆင့်ရောက်နေရင် အရိပ်တုလက်သီးက ကူးဖြတ်ခြင်းထိပ်ဆုံးအဆင့်ထိပဲ မြှင့်တင်နိုင်တယ်။

စုစည်းခြင်းအဆင့်ရောက်နေရင် စုစည်းခြင်းထိပ်ဆုံးအထိပဲမြှင့်တင်နိုင်တယ်။ ဒီထက်ပိုစွမ်းအားမြှင့်ရင် ကျုပ်ခန္ဓာကိုယ်က ခံနိုင်ရည်ရှိမှာမဟုတ်ဘူး"

"သဘောပေါက်ပြီ"

ဖန်ဝူယာ ခေါင်းငြိမ့်သည်။

"ဒါလည်း အတော်ထူးခြားတာပါပဲ။..ကဲ၊ မင်းအရင်စပါ"

"ကျုပ်ကြိုပြီးတောင်းပန်ပါတယ်"

ဖန်ဝူယာနှင့် ရင်ဆိုင်ရခြင်းဖြစ်၍ လုယန် လုံးဝထိန်းချုပ်နေစရာမလို။ ဓားတစ်ချောင်း ဓားတစ်သောင်းအသွင်ပြောင်းပညာကို ချက်ချင်းထုတ်သုံးသည်။ ဓားနယ်မြေကိုဖြန့်သည်။ ချင်ဖုန်းဓားရိပ်များ မိုးမြေကြားတွင် ပြည့်နက်သွားသည်။

"တော်တယ်"

ဖန်ဝူယာမျက်လုံးများ အရောင်လက်လာသည်။ နောက်ဆုံးအကြိမ် သူထိုဖိအားမျိုးခံစားခဲ့ရသည်က ဓားမျှော်စင်အဓိပဓိထံမှဖြစ်သည်။

ဓားကျွမ်းကျင်သူတစ်ယောက်နှင့် တိုက်ခိုက်ရသည်က တကယ်စိတ်ဝင်စားစရာကောင်းသည်။

ဓားရိပ်များ မြေပြင်မှ အဆက်မပြတ်ထိုးထွက်လာသည်။ သို့သော် ဖန်ဝူယာက ဓားရိပ်မပေါ်မီ အမြဲတမ်းနောက်ဆုတ်နိုင်သည်။ ထို့နောက် သူခြေလှမ်းရပ်လိုက်သည်။ နောက်သို့ထပ်ဆုတ်လျှင် စည်းဝိုင်းအပြင်ဘက် ရောက်တော့မည်။

လေထဲတွင် ကျွမ်းတစ်ပတ်ပစ်၍ ဓားချီများကြား ကွေ့ပတ်ရှောင်တိမ်းပြီး ရှေ့သို့တက်သွားသည်။ ဓားချီတစ်ချို့က သူ့အရေပြားကို ဖြတ်သည်။

လုယန်နားသို့ သူချဉ်းကပ်လာသည်။ သူ့လက်သီးက နဂါးတစ်ကောင်လို ပြေးဝင်လာသည်။ နဂါးစစ်ထောင်ချီစွမ်းအားနှင့် ထပ်တူကျသည်။

နဂါးလက်သီးဖြစ်သည်။ ဖန်ဝူယာငယ်စဉ်က အရှေ့ပင်လယ်သိူ့သွားချိန်တွင် နဂါးမျိုးနွယ်ထံမှ သင်ယူခဲ့သည်။ အောင်းလင်းမမွေးမီကတည်းက ရှိခဲ့သည့် နဂါးမျိုးနွယ်၏ အမြင့်ဆုံးလက်သီးပညာဖြစ်သည်။

ယခု ဖန်ဝူယာက အောင်းယာနှင့် အမြဲထိတွေ့နေသဖြင့် နဂါးလက်သီးပညာအပေါ် နားလည်မှုပိုတိုးလာသည်။ နဂါးမျိုးနွယ်သမိုင်းတွင် သူ့လောက်ကျွမ်းကျင်သူ အတော်ရှားသည်။

လုယန် လက်ကောက်ဝတ်ကို ဖျတ်ခနဲလှည့်လိုက်သည်။ ဓားရိပ်ကို အောင်းလင်းနှင့်တူသည့် နဂါးတစ်ကောင်အသွင်ပြောင်းပြီး တိုက်ခိုက်သည်။ အရဟတ်လက်သီး၊ကိုသုံးသည်။ ခဏတာ အသာစီးရလာသည်။ ဖန်ဝူယာ သဘောကျသွားသဖြင့် တဟားဟားအော်ရယ်နေသည်။

ကွေ့ယန်ကလည်း တိုက်ပွဲကိုကြည့်၍ ခေါင်းတငြိမ့်ငြိမ့်ဖြစ်နေသည်။

"ငါ့မျိုးဆက်သစ်ကို ကြည့်စမ်းပါဦးကွာ။ သူ့တိုက်ခိုက်နေပုံက အတော်ကောင်းတယ်မဟုတ်လား"

ဘေးလူများကို သူကြွားသည်။

"အတော်ကောင်းပါတယ်"

ဘေးလူများက ခေါင်းငြိမ့်သည်။ ဓားပညာကို ထိုအဆင့်ထိကျင့်ကြံနိုင်သည်။ အသံတိတ်အဖျက်ဓား လျိုနင်ရွှမ်းနှင့်ပင် ယှဉ်နိုင်လောက်သည်။ ယန်ခုန်တုန်ကို အနိုင်ယူနိုင်ခဲ့သည်မှာ မဆန်းတော့။

"မိတ်ဆွေ၊ ခင်ဗျားကို ကျုပ်မမြင်ဖူးဘူးထင်တယ်"

ကွေ့ယန် တိုက်ပွဲကိုသာ အာရုံစိုက်နေသဖြင့် ယခုမှ လူစိမ်းတစ်ယောက်ရှိနေကြောင်း ကွေ့ယန် သတိထားမိသည်။

အမြင်အာရုံစူးရှထက်မြက်သူဖြစ်၍ လူစိမ်း၏ စွမ်းအင်ရောင်က သူနှင့်တန်းတူနီးပါးရှိကြောင်း သိသည်။

"ကျုပ်တို့ဂိုဏ်းကို လာလည်တာလား"

"အဲလိုပဲဆိုပါတော့။ တာအိုလမ်းစဉ်က အတော်ကောင်တးယ်လို့ ကျုပ်မိတ်ဆွေဟောင်းတစ်ယောက်ကပြောတယ်။ ဒါကြောင့် လာကြည့်တာပါ။ တကယ်မျက်စိပွင့်ရပါတယ်။ အတော်ကြာအောင် မတွေ့ခဲ့ရတဲ့ မိတ်ဆွေဟောင်းတစ်ယောက်နဲ့တောင် တွေ့ရတယ်"

လူစိမ်းက ယဉ်ကျေးစွာပြန်ဖြေသည်။

"ဒါဆို အေးအေး‌ဆေးဆေးနေပါဦး။ ကျုပ်တို့က မိတ်ဆွေတွေကို အမြဲကြိုဆိုပါတယ်။ ဒီမှာ အခက်အခဲတစ်ခုခုကြုံရင် ကျုပ်ကိုလာပြောလို့ရပါတယ်"

"မိတ်ဆွေနာမည်ကို သိခွင့်ရှိမလား"

လူစိမ်းက အံ့ဩသွားဟန်ဖြင့် လက်နှစ်ဘက်ဆုပ်၍ ပြန်မေးသည်။ တာအိုလမ်းစဉ်ဂိုဏ်းတွင် ယွမ်ကျိသာ ဆုံးဖြတ်ခွင့်ရှိသူဟု သူထင်ခဲ့သည်။

"ကျုပ်က ကောင်းကင်သခင်ကွေ့ယန်ပါ။ ပေါင်းစည်းအရိယဖလသန္ဓေတည်ဆောက်ပြီး ပေါင်းစည်းမှုစွမ်းအားကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာခဲ့ပါတယ်"

"ဒါဆို ကျုပ်တို့ချင်းအတော်တူတာပါ။ ကျုပ်လည်း ယင်နဲ့ယန်သဘောတရားတွေ အပြန်အလှန်မီခိုတာ အချင်းချင်းဆန့်ကျင်တာတွေ လေ့လာပါတယ်။ ယင်ယန်ပေါင်းစည်းမှု နိယာမပေါ့"

"ဪ...ဒါဆို တကယ်ဆင်တူတာပဲ။ နောက်ကို ကျုပ်တို့ချင်း အတွေးအမြင်ပိုပြီးဖလှယ်ရမယ်"

ကွေ့ယန် လူစိမ်းကို အတော်ကြာအောင်အကဲခတ်သည်။

"သိပ်မှန်တာပေါ့"

လူစိမ်းကပြုံး၍ လက်နှစ်ဘက်နောက်ပစ်လိုက်သည်။

"ဒါနဲ့...ကျုပ်မှာ ထန်ခွေ့လို့ခေါ်တဲ့ မိတ်ဆွေတစ်ယောက်ရှိတယ်။ ဓာတ်ငါးမျိုးဂိုဏ်းတည်ထောင်တဲ့လူပါ။ သူက အရာအားလုံးဟာ ဓာတ်ငါးမျိုးနဲ့ ဖွဲ့စည်းထားတယ်လို့ယုံကြည်တယ်။ အပြန်အလှန်အမီပြုပြီး အပြန်အလှန်လွှမ်းမိုးကြတယ်တဲ့ ဓာတ်ငါးမျိုးအရိယဖလသန္ဓေကို သူတည်ဆောက်ထားတယ်။

ကျုပ်သူနဲ့ ပေါင်းစည်းမှုသဘောတရားနဲ့ပတ်သက်ပြီး သုံးလေးကြိမ် ဆွေးနွေးဖူးတယ်။ အတွေးအမြင်တစ်ချို့ရခဲ့တယ်။ ခင်ဗျားစိတ်ဝင်စားရင် သူနဲ့မိတ်ဆက်ပေးလို့ရပါတယ်။ ခင်ဗျားတိုချင်း ဆွေးနွေးချင်တာတွေလည်း ဆွေးနွေးလို့ရတာပေါ့"

"ဓာတ်ငါးမျိုးဂိုဏ်းတည်ထောင်သူလား။ စိတ်ဝင်စားစရာပဲ"

လူစိမ်းက ထူးဆန်းသည့်အပြုံးမျိုး ပြုံးနေသည်။ အရာအားလုံး ဓာတ်ငါးမျိုးဖြင့်ဖွဲ့စည်းထားသည်ဟု ယုံကြည်သူကို သူသဘောကျသည်။

"ဒါနဲ့ အခုကျုပ်တို့စကားပြောနေတာကြာပြီ။ ခင်‌ဗျားနာမည်ကို မသိရသေးဘူးနော်"

"ကျုပ်က ယင်ယန်အရိယဖလတည်ဆောက်ခဲ့တဲ့ ကိုးဆမသေမျိုးပါ"

***************************

All Chapters