အခန်း ၁၁၉၇
Vol. 80 Ch. 1197
အခန်း (၁၁၉၇) အပြင်သို့မပျံ့
ဓာတ်ငါးမျိုးဂိုဏ်း။ ဉာဏ်အလင်းခန်းမ
သခင်ထန်ခွေ့ ရှုပ်ထွေးသည့်ကျားခုံတစ်ခုကို မျက်နှာချင်းဆိုင်ရပ်၍ အတွေးထဲနစ်မျောနေသည်။ ဖြူနက်ကျားစေ့များကို လေ့လာလေ ထိုကစာားနည်းတွင် လောကအံ့ဖွယ်သဘောတရားများ ပဟေဠိများပါသည်ကို ခံစားမိလေဖြစ်သည်။
"ငါအဖြေထုတ်လို့မရ...ဟပ်ချိုး.."
ရုတ်တရက် သူနှာချေလိုက်သည်။
"ထူးဆန်းတယ်။ ငါ့မိတ်ဆွေတစ်ယောက်က ငါ့အကြောင်းတွေးနေတာလား။ ငါက ဒီလောက်လူချစ်လူခင်ပေါတာလား"
...
"သခင်ထန်ခွေ့ ဓာတ်ငါးမျိုးဂိုဏ်း တည်ထောင်တယ်လို့ ကြားဖူးတာကြာပါပြီ။ အရာအားလုံး ဓာတ်ငါးမျိုးနဲ့ဖွဲ့စည်းထားတယ်ဆိုတဲ့ အမြင်ကို လက်ခံထားတယ်။ ကျုပ်သူနဲ့သွားတွေ့ရင်ကောင်းမလားလို့ တွေးမိပါတယ်"
ကိုးဆမသေမျိုး ပြုံး၍ပြောသည်။ လွန်ခဲ့သည့် နှစ်တစ်သိန်းကျော်က ရေခဲနယ်မြေတွင်နေရင်း သခင်ထန်ခွေ့အကြောင်း သူကြားခဲ့သည်။ ကြိုတင်မိတ်ဆက်မထားဘဲသွားတွေ့လျှင် ရိုင်းရာကျသည်။
ကွေ့ယန်က မိတ်ဆက်ပေးလျှင် များစွာပိုအဆင်ပြေသွားမည်။
ကွေ့ယန် အသံတိတ်ခြေလှမ်းဆုတ်ရင်း ပြောသည်။
"အင်း...အရင်ဆုံး ကျုပ်သူ့ကို အာမခံစာချုပ် ဝယ်ခိုင်းထားရင်ကောင်းမယ်ထင်တယ်။ ဒီစာချုပ်မျိုးက ဒီနေ့ခေတ်လူငယ်တွေကြားမှာ အတော်ရေပန်းစားနေတယ်ကြားတယ်"
သခင်ထန်ခွေ့သည် ကိုးဆမသေမျိုးနှင့်ဆွေးနွေးဖို့ သိပ်စိတ်မပါလောက်။
"ကျုပ်တမင်စနေတာပါ သခင်ကွေ့ယန်။ ကျုပ်က စာပေသမားပါ။ အကြမ်းဖက်တာမျိုးတွေ မလုပ်ပါဘူး"
ထိုစဉ် ယွမ်မုန်မုန်က လက်သီးကိုတင်းတင်းဆုပ်၍ လုယန်ကို အားပေးနေသည်။ အသံကျယ်ကျယ်မပြောရဲ။ တိုက်ခိုက်နေသည့် ဒုခေါင်းဆောင် အာရုံလွင့်သွားမည်ကို စိုးရိမ်သည်။
ချင်ဟဲက စုတ်တံထိပ်ဖျားကိုကိုက်ရင်း မဟာပဲဝါသမိုင်းမှတ်တမ်း ဘယ်လိုရေးရမည်ကို စဉ်းစားနေသည်။ သူ့သခင် မြောက်ပိုင်းနယ်မြေသို့ရောက်ချိန်တွင် ကြုံခဲ့ရသည့် အဖြစ်အပျက်များက အတော်ဖူးခြားသည်။ နိုင်ငံ့သမိုင်းတွင် အရေးကြီးသည့်အခန်းများဖြစ်လာမည်။
လက်ရှိတွင် နတ်မယ်က လုယန်ကို ထိန်းချုပ်သူသခင်အား တိုက်ခိုက်ဖို့ အမိန့်ပေးသည့်အကြောင်း သူရေးနေသည်။
"ဒီအပိုင်းကို 'အင်ပါယာနှစ်ယောက် ထိန်းချုပ်သူကို တိုက်ခိုက်ခြင်း'လို့ ခေါင်းစဉ်ပေးရင်ကောင်းမလား။..အဆင်မပြေဘူး။ အဲလိုဆို ထိန်းချုပ်သူသခင်က အရမ်းစွမ်းအားကြီးနေသလို ဖြစ်သွားမယ်။
ဆိုးတာပဲ။ သခင်သာ မသေမျိုးခန္ဓာပြန်တည်ဆောက်နိုင်ရင် ထိန်းချုပ်သူသခင်ကို ချက်ချင်းအနိုင်ယူခဲ့လို့ရတယ်။ အဲလိုဆို မှတ်တမ်းရေးရတာလည်း အများကြီးပိုလွယ်သွားမှာ'
ချင်ဟဲ ခေါင်းခါနေသည်။ သမိုင်းရေးဝန်ကြီးတစ်ယောက်ဖြစ်၍ တကယ်မဟုတ်သည့် သမိုင်းကြောင်းကိုလည်း မှတ်တမ်းတင်၍မဖြစ်။
အသံတိတ်အားပေးနေသည့် ယွမ်မုန်မုန်ကိုကြည့်၍ ချင်ဟဲက အကြံပြုသည်။
"မုန်မုန်၊ တကယ်ဆို ဝိညာဉ်သစ်သီး ဒါမှမဟုတ် သစ်သီးဖျော်ရည်တစ်မျိုးမျိုး နင်ကြိုပြင်ဆင်ထားသင့်တာ"
ယွမ်မုန်မုန်က သူ့စကားကို နားလည်ပုံမရ။ ချင်ဟဲထပ်ရှင်းပြသည်။
"တိုက်ခိုက်ပြီးသွားရင် လုယန်က ဆာလောင်နေမှာသေချာတယ်။ သူအလိုအပ်ဆုံးအရာက အစားအသောက်ပဲ။ နင်ကြိုပြင်ထားရင် အဆင်ပြေတာပေါ့"
ထိုအချက်သည် ရှေးဟောင်းခေတ်တွင် နတ်မယ်နှင့် အောင်းလင်းတို့ကို ဧည့်ဝတ်ပြုရင်း ရလာသည့် အတွေ့အကြုံဖြစ်သည်။
"သဘောပေါက်ပြီ"
ယွမ်မုန်မုန် အစားအသောက်ပြင်ဆင်ရန် အမြန်ထွက်သွားသည်။
လုယန်နှင့်ဖန်ဝူယာတိုက်ပွဲက ပိုပြင်းထန်လာသည်။ နဂါးလက်သီးပညာက အောင်းလင်းဓားချီနှင့်အရဟတ်လက်သီးကို မယှဉ်နိုင်။ ဖန်ဝူယာ နောက်သို့ တစ်လှမ်းပြီးတစ်လှမ်း ဆုတ်နေရသည်။ တစ်ခြားမှော်ပညာများသုံးသည်။ လုယန်က ချိုးဖျက်သည်။
နောက်ဆုံးတွင် အကြပ်အတည်းကြုံလာသဖြင့် လေဟာနယ်အရိယဖလသန္ဓေကို ဖန်ဝူယာ အရှက်မရှိအသက်သွင်းလိုက်သည်။
ဘေးပတ်လည်တွင် လေဟာနယ်အကာအကွယ်တစ်ခု တည်ဆောက်သည်။ ဝင်လာသည့်ဓားချီများကို စုပ်ယူသည်။ လေဟာနယ်၏ တစ်ခြားတစ်ဘက်မှ ပြန်ထွက်သွားသည်။ ဓားချီများ သူ့ကိုလုံးဝမထိတော့။
သို့သော် ဤအခြေအနေတွင် သူလည်း လုယန်ကို တိုက်ခိုက်၍မရ။
သူ့အဓိကစွမ်းရည်က ရန်သူ၏တိုက်ခိုက်မှုများကို စုပ်ယူပြီး လေဟာနယ်လမ်းကြောင်းပြောင်း၍ ရန်သူကိုပြန်တိုက်ခိုက်ခြင်းဖြစ်သည်။ သို့သော် ယခုသူစုပ်ယူနေသည်က လုယန်၏ကိုယ်ပိုင်ဓားချီဖြစ်၍ လုယန်ကိုပြန်တိုက်လျှင် လုံးဝထိခိုက်မည်မဟုတ်။
အရိယဖလသန္ဓေကို အသက်သွင်းရသည်က စွမ်းအားသိပ်မကုန်။ လုယန်၏စွမ်းအားက ဗုဒ္ဓနိုင်ငံမသေမျိုးခန္ဓာမှလာခြင်းဖြစ်သည်။ ဤအတိုင်းဆက်သွားလျှင် သုံးရက်သုံးည တိုက်ပွဲပြီးမည်မထင်။
လုယန် အကြံတစ်ခုပေါ်လာသည်။
အရိယဖလသန္ဓေအသက်သွင်းထားသဖြင့် ဖန်ဝူယာက ထိုအပေါ်အာရုံစိုက်ထားရသည်။ လုယန် မသေမျိုးသတ်ဓားစက်ဝန်းသုံး၍ ဖန်ဝူယာကို ဒူးထောက်ကျအောင် လုပ်နိုင်သည်။ အာရုံစူးစိုက်မှုပျက်သွားမည်။ ထိုအချိန် လုယန် တိုက်ခိုက်နိုင်သည်။
စိတ်မပါတစ်ပါဖြင့် လုယန် လက်ကိုမြှောက်လိုက်သည်။ သို့သော် ချက်ချင်းရပ်လိုက်သည်။ ဤတိုက်ပွဲသည် အသေအကြေတိုက်ပွဲမျိုးမဟုတ်။ ပင်လယ်တာအိုသခင်ကို သူ့ရှေ့တွင် ဒူးထောက်ကျအောင် လုပ်၍မဖြစ်။
"ကျုပ်အရှုံးပေးပါတယ်"
ပင်လယ်တာအိုသခင်က ဘေးပတ်လည်တွင်ရှိနေသည့် အဆုံးစမဲ့ဓားချီများကိုကြည့်၍ လုယန်ကို စိတ်ပျက်လက်ပျက်ပြောသည်။
"အရှုံးပေးတယ်လို့ ပါးစပ်ကပြောမနေနဲ့လေ။ ဓားချီတွေကို ပြန်သိမ်းဦးမှပေါ့"
အရိယဖလသန္ဓေစွမ်းအားသုံးထား၍သာ တော်တော့သည်။ မဟုတ်လျှင် လုယန်၏ဓားချီများက သူ့ခန္ဓာကိုယ်ကို ထိုးဖောက်သွားပြီဖြစ်မည်။
လုယန်ဓားချီများကို ဖျောက်ဖျက်ပြီးမှ ဖန်ဝူယာ အရိယဖသန္ဓေစွမ်းအားကိုရပ်ပြီး မြေပေါ်ဆင်းလာသည်။
လုယန်နှင့် ယခုချိန် တိုက်ခိုက်ဖို့ရွေးချယ်ခဲ့သည်ကို ကျိတ်ပျော်မိသည်။ နေက်ထပ်နှစ်နှစ်လောက်ကြာလျှင် လုယန်ကို သူနိုင်တော့မည်မဟုတ်။
"မင်းတကယ်တော်တာပဲရှောင်လု။ ငါသာ ကူးဖြတ်ခြင်းအဆင့်ဆိုရင် မင်းကိုလုံးဝနိုင်မှာမဟုတ်ဘူး။
ပင်လယ်တာအိုသခင်သည် တာအိုလမ်းစဉ်ဂိုဏ်းကို အသက်သွင်းခဲ့သူဖြစ်သည်။ သူလည်း လေကကို လက်သီးဖြင့်လွှမ်းမိုးခဲ့သည်။ ကူးဖြတ်ခြင်းအဆင့်ကျင့်ကြံသူတိုင်းနှင့် တိုက်ခိုက်ခဲ့သည်။
အပြောသက်သက်မဟုတ်။ သူသည် ထိုအဆင့်တွင် တကယ့်ထိပ်တန်းဖြစ်ခဲ့သည်။
သို့သော် လုယန်ပါရမီကိုတော့ သူမမီ။
လုယန်၏ဓားပညာ မှော်ပညာ တိုက်ပွဲအတွေ့အကြုံ။ အားလုံးပြည့်စုံသည်။ ကျင့်စဉ်အဆင့် နိမ့်နေသည်သာရှိသည်။
"ဒုခေါင်းဆောင်တိုက်ခိုက်တာ အတော်ကောင်းတာပဲ"
ယွမ်မုန်မုန်က ဗန်းတစ်ခုယူလာသည်။ ဝိညာဉ်သစ်သီးနှင့် သစ်သီးဖျော်ရည်များသာမဟုတ်။ လုယန်လန်းဆန်းသွားစေရန် ရေနွေးစိမ်ပုဝါတစ်ထည်လည်း ယူလာသည်။
အရိပ်တုလက်သီးပညာကိုရပ်တန့်၍ လုယန် ပင့်သက်တစ်ချက်ရိုက်လိုက်သည်။ သူတကယ် ပင်ပန်းသွားသည်။
ပင်လယ်တာအိုသခင်နှင့် ယှဉ်ပြိုင်ရသည်က တကယ်မလွယ်။ ဝိညာဉ်စွမ်းအား များစွာသုံးခဲ့ရသည်။ အရိပ်တုလက်သီးပညာကို ရပ်တန့်လိုက်သည်နှင့် မတ်တပ်မရပ်နိုင်လောက်အောင် ပင်ပန်းသွားသည်။
ဝိညာဉ်သစ်သီးများ အသင့်ပြင်ပေးထားသည့် ယွမ်မုန်မုန်ကို သူကျေးဇူးတင်မိသည်။
"ကောင်းလိုက်တာ"
ချင်ဖုန်းဓားပုံစံ လှီးဖြတ်ထားသည့် ဝိညာဉ်သစ်သီးနှစ်စိတ် သူစားလိုက်သည်။ ဘယ်လိုဝိညာဉ်သစ်သီးမှန်းတော့မသိ။ အာနိသင်က ချက်ချင်းပြလာသည်။ ပင်းပန်းနွမ်းနယ်မှုများ သိသိသာသာလျော့သါားသည်။
"ဒါက ဘာသစ်သီးလဲ"
"ငါတို့ထာဝရမျိုးဆက်၍ မသေမျိုးဝိညာဉ်သစ်သီးလေ။ ဒါကိုစားရင် ဝိညာဉ်စွမ်းအား ရုပ်ခန္ဓာစွမ်းအား ပြန်ဖြည့်နိုင်တယ်"
ယခု မသေမျိုးသစ်သီးစိုက်ပျိုးနည်းကို သူကျွမ်းကျင်နေပြီဖြစ်သည်။
လုယန် ချက်ချင်းစားချင်စိတ်ပျောက်သွားသည်။ ထိုဝိညာဉ်သစ်သီးများ ပေါက်ကွဲနိုင်သည့်အဖြစ်ကို ပြန်တွေးမိလာသည်။
သို့သော် အရသာက တကယ်ကောင်းသည်။ ဆက်စားဖို့ဆုံးဖြတ်လိုက်သည်။
ကွေ့ယန်သခင်က ကိုးဆမသေမျိုးကို ဓာတ်ငါးမျိုးဂိုဏ်းသို့ လိုက်ပို့သည်။ ဖန်ဝူယာက အရှေ့ပင်လယ် နဂါးနန်းတော်သို့ ပြန်သွားသည်။ လုယန် စွမ်းအားနည်းနည်ပြန်ပြည့်လာပြီဖြစ်၍ မြေပေါ်မှထရပ်သည်။
"အခု လုပ်ငန်းစဖို့ အချိန်ကျပြီ"
....
မုန်ကျင်းကျိုး အံတင်းတင်းကျိန်တွင် သူ့သူငယ်ချင်းကောင်းကို စိုက်ကြည့်နေသည်။
"မင်းက ပင်လယ်တာအိုသခင်နဲ့ တိုက်ခိုက်ပြီး ဒီကိုတန်းပြေးလာတယ်ပေါ့။ နားတောင်မနားတော့ဘူးလား"
"လောင်မုန်၊ သတင်းစာအတွက် အမေးအဖြေလုပ်မယ့်ကိစ္စ မင်းတစ်ယောက်ပဲလုပ်နိုင်မှာလေ"
လုယန်က ကိုယ့်နာမည်ကျော်ကြားဖို့ကိစွအတွက် စိတ်ရှည်လက်ရှည်ဖျောင်းဖျသည်။
"အဲဒီမှာရှိခဲ့တဲ့လူတွေကို မင်းပြန်တွေးကြည့်ပါ။ အမယွမ်တို့ ကိုးဆမသေမျိုးတို့ကို အကူအညီတောင်းလို့ ဘယ်ဖြစ်မှာလဲ။ လောင်မာကလည်း ခပ်လျှိုလှိုပဲနေတာ။ နှင်းအင်ပါယာနဲ့ ရွှဲ့ရှီလုန်ကလည်း မြောက်ပိုင်းနယ်မြေမှာ ကျန်ခဲ့ပြီ။
သူတို့ကို သွားရှာလို့မရနိုင်ဘူး။ နှင်းအင်ပါယာလည်း အငြိမ်းစာယူသွားပြီ။ တံခါးစောင့်ရှောင်ဟော်ကာလည်း အရည်အချင်းမမီဘူး။ ဒီတော့ မင်းတစ်ယောက်ပဲရှိတယ်။
ငါတို့လိုပါရမီရှင်တွေရဲ့ သမိုင်းကြောင်းက အချဉ်းအနှီးမဖြစ်သင့်ဘူး။ ယန်ခုန်တုန်ကို ငါအနိုင်ယူခဲ့တဲ့ကိစ္စဟာ သမိုင်းအတွက် အရေးပါတဲ့ ကိစ္စပါ။ သတင်းစာတွေက သမိုင်းမှတ်တမ်းဖြစ်လာမယ်။
နောက်မျိုးဆက်တွေက ဖတ်ကြမယ်။ ငါအကြောင်းရော မင်းအကြောင်းပါ သိသွားကြမယ်လေ"
မုန်ကျင်းကျိုး စဉ်းစားနေသည်။ သူ့ချမ်းသာကြွယ်ဝမှုကိုကို အသုံးချပြီး ထုတ်ဝေသည့် သတင်းစာမိတ္တအားလုံးကို ဝယ်လိုက်လျှင် ကောင်းမည်ထင်သည်။
**********************************