အခန်း ၁၁၉၉
Vol. 80 Ch. 1199
အခန်း (၁၁၉၉) နေလုံးထဲကအရာ
ထိန်းချုပ်သူသခင်နှင့် ကွမ်းရှန်ဟိုင်ကို တကယ်တိုက်ခိုက်ခိုင်း၍မဖြစ်။ မသေမျိုးနှစ်ယောက်၏တိုက်ပွဲသက်ရောက်မှု ဘယ်လောက်ပြင်းထန်သည်ကိုကိုးဆမသေမျိုးနှင့် ထိန်းချုပ်သူသခင်တို့၏တိုက်ပွဲကိုကြည့်လျှင် သိနိုင်သည်။
မြောက်ပိုင်းနယ်မြေတစ်ခုလုံး ကြယ်ကမ္ဘာများအဖြစ် ပြန်လည်ကွဲထွက်လုနီးပါး ဖြစ်ခဲ့သည်။
ကွမ်းရှန်ဟိုင်နှင့် ထိန်းချုပ်သသခင် တိုက်ခိုက်လျှင်လည်း ထိုသို့ပင် ဖြစ်လာမည်။ တာအိုလမ်းစဉ်ဂိုဏ်းတစ်ခုလုံး ထိခိုက်မည်။...မဟုတ်သေး။ ထိုသို့မထိခိုက်မီ ယွမ်ကျိက သူ့တို့ကို အကျဉ်းထောင်ထဲ ပြန်ပို့လိမ့်မည်။
သို့သော် အကျဉ်းသားများ၏ ကျင့်စဉ်အဆင့်ကို ဖိနှိပ်ပြီး လှုပ်ရှားခိုင်းလျှင်တော့ အဆင်ပြေလောက်သည်။
ဥပမာ လသံလွင်နန်းတော်မှ အလင်းချုပ်သေတ္တာမျိုး ဖန်တီးရမည်။ ဘယ်ကျင့်ကြံသူမဆို သေတ္တာထဲရောက်လျှင် ပြိုင်ဘက်နှင့်အဆင့်တူဖြစ်သွားသည်။ နတ်မယ်က လုယန်ကိုဝင်ပူးကပ်ပြီး အလင်းချုပ်သေတ္တာထဲတွင် မသေမျိုးဂိုဏ်းချုပ်လေးယောက်ကို စိန်းခေါ်ခဲ့ဖူးသည်။
ထိုအလင်းချုပ်သေတ္တာက မသေမျိုးတစ်ယောက်ကိုတော့ ဖိနှိပ်နိုင်မည်မဟုတ်။ သို့သော် ပစ္စည်းသွန်းပညာဘိုးဘေး ယင်ထန်ရှိနေသဖြင့် အလင်းချုပ်သေတ္တာကို အဆင့်မြှင့်ဖို့ ပြဿနာမရှိလောက်။
"ဒါပေမယ့် မသေမျိုးတစ်ယောက်ရဲ့ ကျင့်စဉ်အဆင့်ကို ထိန်းချုပ်နိုင်တဲ့ မသေမျိုးရတနာတစ်ခု သန့်စင်ဖို့ဆိုရင် မသေမျိုးရွှေ အတော်များများလိုလိမ့်မယ်ထင်တယ်"
လုယန် စဉ်းစားသည်။ သူသည် ဂိုဏ်းချုပ်မဟုတ်သော်လည်း တာအိုလမ်းစဉ်းဂိုဏ်းသားတစ်ယောက်ဖြစ်သည်။ ဂိုဏ်းအကျိုးအတွက် စဉ်းစားရမည်။
အကျဉ်းထေင်ကို အသွင်ပြောင်းရမည့် ကုန်ကျစရိတ်က နည်းနည်းများလွန်းနေသည်။
အကျဉ်းထောင်မှ သူထွက်လာချိန်တွင် ယွမ်ကျိရောက်လာသည်နှင့်ကြုံသည်။
"အမယွမ်၊ အကျဉ်းထောင်တောင်ထိပ်ကိုသွားမလို့လား"
"မင်းကိုလာရှာတာ။ ထိန်းချုပ်သူသခင်က နေမှော်စက်ဝန်းကိုဖွင့်တဲ့နည်းလမ်း ပြောပြတယ်"
မဟာချန်နေမှော်ာစက်ဝန်းကို ဖွင့်နိုင်သည့်နည်းလမ်း သိရပြီးနောက် ယွမ်ကျိက လုယန်ကို နေဆီခေါ်သွားဖို့ ဆုံးဖြတ်ခဲ့သည်။ အကျဉ်းထောင်တောင်ထိပ်မှ ထွက်လာပြီးနောက် ကောင်းကင်ဂိတ်တောင်ထိပ်သို့ သူသွားသည်။
လုယန်က မုန်ကျင်းကျိုးဆီသွားသည်ဟု သိရသည်။ မုန်ကျင်းကျိုးဆီ သူလိုက်သွားသည်။ လုယန်က သတင်းစာပုံနှိပ်ဖို့ အကျဉ်းထောင်တောင်ထိပ်သို့သွားသည်ဟု မုန်ကျင်းကျိုးကပြောသည်။
ခရီးတစ်ပတ်လည်ပြီးမှ သူတို့နှစ်ယောက် အကျဉ်းထောင်တောင်ထိပ်တွင် ဆုံကြသည်။
"နေမှော်စက်ဝန်းကို ဖွင့်နိုင်တော့မယ်ပေါ့"
လုယန် စိတ်အားတက်ကြွလာသည်။ နေပတ်လည်တွင် မှော်စက်ဝန်းနှစ်ခုရှိခဲ့သည်။ ပထမတစ်ခုက ကောင်းကင်အင်ပါယာချန်၏ မှော်စက်ဝန်းဖြစ်သည်။ ဒုတိယတစ်ခုက မဟာယုအင်ပါယာဝူယော်၏ မှော်စက်ဝန်းဖြစ်သည်။
ကွမ်းရှန်ဟိုင်ကို ဖမ်းမိပြီးနောက် ဝူယော်၏ မှော်စက်ဝန်းကို ဖွင့်နိုင်ခဲ့သည်။ နေလစွမ်းအားများ မြင့်တက်လာသည်။
မုန်ကျင်းကျိုးအဖြစ်က အသိသာဆုံးဖြစ်သည်။ နေစွမ်းအားမြင့်တက်လာသည်နှင့် သန့်စင်ယန်ဝိညာဉ်မြစ်စွမ်းအား ပေါက်ကွဲလုနီးပါးဖြစ်ခဲ့သည်။
နေလစွမ်းအားကို အပြည့်အဝရဖို့ ကောင်းကင်အင်ပါယာချန်၏ မှော်စက်ဝန်းကို ချိုးဖျက်ရမည်။ သို့ဆိုလျှင် ယင်ယန်ကျင့်စဉ်လမ်း ကျင့်ကြံသူများအတွက် အကျိုးများစွာရနိုင်သည်။
မှော်စက်ဝန်းကို မဖွင့်နိုင်လျှင်လည်း ကိုးဆမသေမျိုးကို နေစွမ်းအားမြှင့်တင်ပေးဖို့ အကူအညီတောင်းနိုင်သည်။
"မင်းလိုက်ခဲ့မလား"
"လိုက်မှာပေါ့"
လုယန် စိတ်အားထက်သန်စွာခေါင်းငြိမ့်သည်။ သူဘာကြောင့် မလိုက်ဘဲနေရမည်နည်း။
ယွမ်ကျိ ခေါင်းတစ်ချက်ငြိမ့်၍ ရှေ့မှပြန်ထွက်သွာားသည်။ ထို့နောက် ကိစ္စတစ်ခု တွေးမိလာသဖြင့် နောက်လှည့်ကြည့်၍ ပြောသည်။
"ပြီးတော့ ရှောင်လု၊ ခြေဦးတည့်ရာ လျှောက်သွားမနေနဲ့"
"ဪ၊ ဟုတ်ကဲ့"
လုယန် နားမလည်။ အမယွမ်က နေပတ်လည်တွင် ခြေဦးတည့်ရာလျှောက်မသွားဖို့ ပြောခြင်းလားမသိ။
လုယန် တို့ဟူးအရှင်အသွင်ပြောင်း၍ ကျင့်စဉ်စွမ်းအားကို ကူးဖြတ်ခြင်းထိပ်ဆုံးအဆင့်ထိ မြှင့်လိုက်သည်။ အာကာသတွင် လွတ်လပ်စွာ ပျံသန်းနိုင်လာသည်။ ယွမ်ကျိအကူအညီ မလိုတော့။
သို့သော် လုယန်ပျံသန်းနှုန်းက သူ့ကိုမမီကြောင်း ယွမ်ကျိသတိထားမိသည်။ ထို့ကြောင့် မှော်တံဆိပ်တစ်ခုဖန်တီး၍ လုယန်ကို ဆွဲခေါ်သါားသည်။
သူတို့နှစ်ယောက် နေလုံးဆီ ရောက်လာသည်။ အဓိပဓိယန်စွမ်းအားက သူတို့မျက်နှာကို ရိုက်ခတ်သည်။ အရင်က နေလုံးနားသို့ကပ်လျှင် လုယန် အပူဒဏ်သင့်ပေလိမ့်မည်။ သို့သော်ယခု နေလုံး၏ ယန်စွမ်းအားကို သူမကြောက်တော့။
ရှေ့သို့ဆက်တိုးရန်ပြင်နေစဉ် ရွှေရောင်အမှတ်အသားများပေါ်လာပြီး နေ့မျက်နှာပြင်ကို လှည့်ပတ်နေသည်။ လုယန်၏ရည်ရွယ်ချက်ကို တားဆီးသည်။
ခံ့ညားထည်ဝါသည့်မှော်အမှတ်အသားများစွာ ယွမ်ကျိ၏ လက်ချောင်းထိပ်တွင်ပေါ်လာသည်။ သူ့လက်ကောက်ဝတ်မှ ရွှေခေါင်းလောင်းများ အသံမြည်လာသည်။ လက်ကိုမြှောက်၍ နေမျက်နှာပြင်မှ ရွှေရောင်အကာအကွယ်ကို ထိလိုက်သည်။
"ဖျောင်း"
ရွှေရောင်မှော်စက်ဝန်း ပျက်စီိးသွားသည်။ သန့်စင်ယန်စွမ်းအင်များ ပြင်းထန်စွာထိုးထွက်လာသည်။ လုယန် နောက်ပြန်လဲကျမတတ် ဖြစ်သွားသည်။
ထိုအချိန်တွင် နေမှထွက်လာသည့် စွမ်းအင်အပြောင်းအလဲကို ကျင့်ကြံသူလောကထဲမှလူတိုင်း ခံစားမိသည်။ ယင်ယန်ကျင့်စဉ်ကျင့်ကြံသူများက ပို၍အာရုံခံမိသည်။ အခွင့်အရေးကို လက်လွတ်မခံဘဲ အတော်များများ အဆင့်တက်ဖို့ ကြိုးစားကြသည်။
သို့သော် ထိုကိစ္စများကို ယွမ်ကျိစိတ်မဝင်စား။
"အချိန်ကျပြီ"
ယွမ်ကျိ အတက်အကျမရှိသည့်လေသံဖြင့်ပြောသည်။ လေထဲတွင် ဒေါင်လိုက်မျဉ်းတစ်ကြောင်းဆွဲ၍ နေမျက်နှာပြင်ကိုခွဲလိုက်သည်။ နေကောင်းကင်ဂူ၏ နယ်မြေပေါ်လာသည်။
နေမင်းကောင်းကင်ဂူထဲတွင် ခမ်းနားသည့်နန်းတော်တစ်ခု ရှိနေသည်။ မသေမျိုးစွမ်းအင်ရောင်များ လွှမ်းခြုံနေသည်။ ရွှေနှင့်ကျောက်စိမ်းများ တလက်လက်တောက်ပနေသည်။
ထိုနန်းတော်က လောက၏ အံ့ဖွယ်ရတနာမျိုးစုံဖြင့် တည်ဆောက်ထားသယောင် ထင်ရသည်။ ရတနာများ မရေမတွက်နိုင်အောင်ရှိသည်။ မဟာရှားနန်းတော်သည်ပင် ထိုမျှမထည်ဝါ။
"ဒါက မဟာချန်မသေမျိုးနန်းတော်ပဲ"
လုယန် နားလည်လာသည်။ မဟာချန်ကျင့်ကြံသူများပြောသည့် မသေမျိုးနန်းတော်ပင်ဖြစ်သည်။ သို့သော် သူတို့ခေါင်းထဲတွင် ကောင်းကင်အင်ပါယာသခင်က ထိန်းချုပ်ဝိညာဉ်တံဆိပ်တစ်ခု ထည့်ထားသည်။ နန်းတော်၏တည်နေရာကို ထုတ်မပြောနိုင်ကြ။
ထိုမသေမျိုးနန်းတော်သည် အားလုံး၏ဦးခေါင်းအထက်တွင် တစ်ချိန်လုံးရှိနေခဲ့ခြင်းဖြစ်သည်။
"ဟုတ်တယ်။ ဒါက မဟာချန်မသေမျိုးနန်တော်ပဲ"
ယွမ်ကျိ အံ့ဩခြင်းမရှိ။ ထိန်းချုပ်သူသခင်က အားလုံးပြောပြထားပြီးဖြစ်သည်။
လုယန် သတိအနေအထားပြင်ဆင်ထားသည်ကိုကြည့်၍ သူခေါင်းခါပြသည်။
"အင်ပါယာချန်က ထွက်သွားတာကြာပြီ။ ထိန်းချုပ်သူသခင် ကိုးဆမသေမျိုးနဲ့ တိုက်ခိုက်တဲ့အချိန်မှာ ငါ့စွမ်းအင်ရောင်ကို သူအာရုံခံမိတယ်။ သူ့စရိုက်အရ ဒီနန်းတော်ထဲကို ပြန်လာပြီး သူ့နောက်လိုက်နောက်ပါတွေနဲ့အတူ ချက်ချင်းထွက်ပြေးဖို့ တွေးမှာပဲ။
အလျင်စလိုထွက်သွားရလို့ ဒီနန်းတော်ကို သယ်မသွားနိုင်တာဖြစ်မယ်။ အခုနန်းတော်ထဲမှာ တစ်ယောက်မှ မကျန်တော့ဘူး"
လုယန်နည်းနည်း စိတ်ပျက်သွားသည်။ သို့သော် ဤနန်းတော်သည် အဖိုးတန်ရတနာဖြစ်ကြောင်း သူသိသည်။
အကျဉ်းထောင်တောင်ထိပ်ကို အသွင်ပြောင်းပြုပြင်ဖို့ မသေမျိုးရွှေ လိုအပ်နေသည်။ ယခု ထိုပြဿနာ ပြေလည်သွားပြီဟု သူယူဆသည်။
နှစ်ယောက်သား နန်းတော်ထဲဝင်ကြသည်။ အတွင်းပိုင်းအပြင်အဆင်က ခမ်းနားသည်။ နံရံဆေးရေးပန်းချီများက ထူးဆန်းသည့်အဖြစ်အပျက်မျိုးစုံကို သရုပ်ဖော်ထားသည်။ ခန္ဓာကိုယ်ကြီးမားသည့် လူ့ဘီလူးကြီးများက နတ်ဆိုးနွားများဖြင့် လယ်ထွန်နေသည်။ သူတော်စင်များက စုတ်တံဖြင့် ပန်းချီဆွဲနေသည်။ ညကောင်းကင်ကို ကြယ်များဖြင့်အလှဆင်သည်။
စွမ်းမားရှင်များက နတ်ဆိုးများကိုရှင်းလင်း၍ လောကငြိမ်းချမ်းအောင်လုပ်ဖို့ ဆင်းလာသည်။ မဟာယုအင်ပါယာက မိုးမြေအလယ်တွင် နေနှင့်လက်ကို တစ်ဘက်စီကိုင်၍ ထိုင်နေသည်။
နန်းတော်ထဲသို့ လူစိမ်းများရောက်လာသည်နှင့် ဆေးရေးပန်းချီထဲမှ နတ်ဆိုးသားရဲများ ထိုးထွက်လာပြီး အစွယ်ကိုဖြဲ၍ လက်သည်းများဆန့်ထုတ်ပြီး တိုက်ခိုက်ရန်အသင့်ပြင်ကြသည်။
ထိန်းချုပ်သူသခင်၏ ဉာဏ်အလင်းအရိဘဖလစွမ်းအားဖြစ်သသည်။ ထိုပန်းချီသားရဲများ အလစ်ဝင်တိုက်ခိုက်လျှင် မသေမျိုးတစ်ယောက်ပင် ဒဏ်ရာအပြင်းအထန်ရသွားနိုင်သည်။
ယွမ်ကျိက လုံးဝခေါင်းလှည့်မကြည့်ဘဲ လက်ဖျောက်တစ်ချက်တီးလိုက်သည်။ နတ်ဆိုးသားရဲများ ပန်းချီကားထဲသို့ ပြန်လည်စိမ့်ဝင်သွားသည်။ ထို့နောက် ပုံရိပ်များ မှေးမှိန်ပျောက်ကွယ်သွားသည်။
ထိုကိစ္စမျိုးက ယွမ်ကျိအတွက် အသေးအဖွဲသာဖြစ်သည်။ လုယန်ကို မသေမျိုးနန်းတော်၏သမိုင်းကြောင်း သူရှင်းပြသည်။
"ကောင်းကင်အင်ပါယာနဲ့ထိန်းချုပ်သူသခင်က ယုံကြည်မှုစွမ်းအားလွှမ်းမိုးမှုကို ရှောင်တိမ်းဖို့ နေထဲမှာ မသေမျိုးနန်းတော် တည်ဆောက်ခဲ့တာ။ နေက လောကရဲ့ဗဟိုချက်ဆိုတော့ ရှေးဟောင်းမသေမျိုးလေးယောက်ကို ရှာဖွေဖို့လည်း အဆင်ပြေတယ်။
နေထဲကို ဘယ်သူမှဝင်မလာနိုင်အောင် မှော်စက်ဝန်းတစ်ခု သူတို့တည်ဆောက်ကြတယ်။ မဟာချန်ပျက်စီးပြီး မဟာယုပေါ်လာတယ်။ မဟာယုအင်ပါယာဝူယော်က ဒီမှော်စက်ဝန်းဘာကြောင့်တည်ဆောက်ထားသလဲဆိုတာ မသိဘူး။ ကောင်းကင်အင်ပါယာ နေကိုလက်ဝါးကြီးအုပ်ထားတာကို သဘောမကျလို့ သူ့ကိုယ်ပိုင် မှော်စက်ဝန်းတစ်ခု ထပ်တည်ဆောက်တယ်။
ဒီတော့ ကောင်းကင်အင်ပါယာနဲ့ ထိန်းချုပ်သူသခင်က နေလုံးထဲမှာ ပိတ်မိသွားတယ်။
တကယ်တော့ ကောင်းကင်အင်ပါယာက မှော်စက်ဝန်းပညာကို မကျွမ်းကျင်ဘူး။ စုစည်းထားတဲ့ ယုံကြည်မှုစွမ်းအင်တွေကို အားကိုးပြီး မှော်စက်ဝန်းတည်ဆောက်ခဲ့တာ။ မှောက်စက်ဝန်းကို အတင်းချိုးဖျက်ပြီး အပြင်ထွက်ရင် သူတို့ရှိနေတာကို အပြင်လူတွသိသွာားမယ်။ ယုံကြည်မှုစွမ်းအား လွှမ်းမိုးထိန်းချုပ်တဲ့ဒဏ်ကိုလည်း ခံရမယ်။
နေထဲကနေထွက်နိုင်ဖို့ သူတို့နှစ်ယောက် ဝူယော်ဖန်တီးခဲ့တဲ့ မှော်စက်ဝန်းကို နှစ်တစ်သိန်းကြာအောင် လေ့လာခဲ့တယ်။ နောက်ဆုံးတော့ ဟာကွက်တစ်ခုတွေ့လာတယ်။ ဒါကြောင့် မှော်စက်တန်းကို ဖျက်ဆီးစရာမလိုဘဲ နေထဲကနေ သူတို့ထွက်နိုင်ခဲ့တာ"
နတ်မယ်လည်း နားလည်သွားသည်။ လက်နှစ်ဘက်နောက်ပစ်၍ သူမှတ်ချက်ပေးသည်။
"ဒါဆို ကောင်းကင်အင်ပါယာနဲ့ ထိန်းချုပ်သူသခင်ဆိုတဲ့ ဒီအရူးနှစ်ယောက်က ဝူယော်လုပ်ရပ်ကြောင့် ကိုယ့်အိမ်ထဲကိုယ်ပိတ်မိသွားပြီး နှစ်တစ်သိန်းကြာမှ တံခါးဖွင့်နိုင်ခဲ့တာပေါ့"
လုယန် "..."
ကောင်းကင်အင်ပါယာချန်နှင့် မဟာယုအင်ပါယာဝူယော်တို့ကြားမှ ရန်ငြိုးက တကယ်ကျေလည်နိုင်စရာမရှိ။
***********************************