← Chapters

အခန်း ၁၂၀၀

Vol. 80 Ch. 1200

အခန်း ၁၂၀၀

Vol. 80 Ch. 1200

အခန်း (၁၂၀၀) ကူးဖြတ်ခြင်းအဆင့်အောက်မှလူ

မသေမျိုးနန်းတော်ကို သယ်ယူဖို့ကိစ္စက မလွယ်လှ။ ကောင်းကင်အင်ပါယာထွက်ပြေးချိန်က တစ်ပါတည်းသယ်မသွားနိုင်မှာ မလွယ်ကူ၍သာဖြစ်သည်။

ထို့ပြင် မသေမျိုးနန်းတော်သည် ကောင်းကင်အင်ပါယာ၏ မှော်ရတနာဖြစ်သည်။ မှော်လက်စွပ်ထဲ ထည့်၍မရနိုင်။

နန်းတော်က 'လီ'ပေါင်းရာချီကျယ်ပြန့်သည်။ နေဆီမှ တာအိုလမ်းစဉ်ဂိုဏ်းသို့ သယ်သွားလျှင် မြင်သာထင်သာဖြစ်လွန်းမည်။

သိပ်မကြာမီ လုယန် စိတ်ကူးတစ်ခုရလာသည်။

"ထိန်းချုပ်သူသခင်ရဲ့ ဉာဏ်အလင်းအရိယဖလနဲ့ ဒီနန်းတော်ကို အသက်သွင်းခိုင်းပြီး ကျုပ်တို့ဂိုဏ်းကို သူ့ဘာသာ လိုက်လာအောင်လုပ်ရင် ရလောက်မလား"

ယွမ်ကျိက တုံးအလွန်းသည့် လုယန်ကို တစ်ချက်စိုက်ကြည့်သည်။

"ထိန်းချုပ်သူသခင်ကို အသက်သွင်းခိုင်းမယ်။ နန်းတော်က ငါတို့ဂိုဏ်းကို သူ့ဘာသာပျံသန်းလာမယ်။ ပြီးတော့ ထိန်းချုပ်သူသခင်ရှေ့မှာ နန်းတော်ကို တစ်စစီခွဲထုတ်ပြီး မသေမျိုးအကျဉ်းထောင်တစ်ခု ဖန်တီးမယ်။

ပြီးရင် ဒီအကျဉ်းထောင်နဲ့ ထိန်းချုပ်သူသခင်ကို ချုပ်နှောင်ထားမယ်ပေါ့"

လုယန် ရှက်ရှက်ဖြင့် ခေါင်းကုတ်နေသည်။ နည်းနည်းတော့ ရက်စက်လွန်းသလိုရှိသည်။

"ဒါဆို ယင်ထန်မသေမျိုးကိုပဲ ဒီကိုခေါ်လိုက်မလား။ ဘာပဲပြေပြော နောက်ဆုံးကျရင် မသေမျိုးရတနာဖန်တီးရမှာက သူပဲလေ"

လုယန် ခေါင်းငြိမ့်သည်။ ထိုနည်းလမ်းက အဆင်ပြေလောက်သည်။

လက်ရှိတွင် ယွမ်ကျိနှင့်နတ်မယ်၏ အကာအကွယ်အောက်တွင်ရှိနေသဖြင့် ယင်ထန်ကို လုယန်မကြောက်။ သို့သော် ယင်ထန်မကောင်းကြောင်းအော်ဟစ်ပြီး ဆင့်ခေါ်ဖို့တော့ မသင့်တော်။

ဉာဏ်ရည်မြင့်သူကိုလေးစားပြီး စွမ်းအားမြင့်သူကိုကြည်ညိုတတ်သူဖြစ်၍ လနန်းတော်သို့ ကိုယ်တိုင်သွားပြီး ယင်ထန်မသေမျိုးကို ဖိတ်ခေါ်ဖို့ လုယန်ဆုံးဖြတ်လိုက်သည်။

လသံလွင်နန်းတော်သို့ရောက်ချိန်တွင် အမွှာညီအမများ ပျော်ရွှင်စွာပြေးလွှားကစားနေသည်ကို မြင်လိုက်ရသည်။ သူအတွေးနစ်သွားသည်။

"နတ်မယ်၊ အမွှာမြစ်က‌ရေကိုသောက်ရင် ဘာလို့မိန်းကလေးတွေပဲ မွေးတာလဲ"

"အဲဒါဘာဆန်းလဲ။ နဂါးက နဂါးမွေးတယ်။ ဖီးနစ်က ဖီနစ်မွေးတယ်ဆိုတဲ့ စကားပုံတောင်ရှိတာပဲ။ အမွှာမြစ်ကရေကို မိန်းမတွေသောက်ရင် မိန်းကလေးမွေးမယ်။ ယောက်ျားတွေသောက်ရင် ယောက်ျားလေးမွေးမှာပေါ့"

အမွှာမြစ်ရေကို ယောက်ျားများသောက်လျှင် ဘယ်လိုအကျိုးဆက်ပေါ်လာမည်ကို အစကတည်းက သူမေးချင်ခဲ့သည်။ သို့သော် မမေးရဲခဲ့။

ယခုမှ အဖြေက ရှင်းသွားသည်။

အမွှာမြစ်နှင့်‌ ဝေးဝေးနေဖို့ သူဆုံးဖြတ်လိုက်သည်။ သူ့ကိုယ်ပေါ်သို့ မြစ်ရေ မတော်တဆ စင်ကျလာနိုင်သည်။

ယင်ထန်မသေမျိုးနှင်‌ေ့တွ့ပြီး အကျိုးအကြောင်းပြောသည်။ ပစ္စည်းသွန်းဖို့ ကုန်ကြမ်းအနေဖြင့် နန်းတော်တစ်ခုလုံး ရမည်ဟုကြားသည်နျှင့် ယင်ထန်စိတ်ဝင်စားသွားသည်။ နေဆီသို့ချက်ချင်းသွားသည်။

မသေမျိုးနန်းတော်ကို မြင်ပြီးနောက် သူပင်အံ့အားသင့်သွားသည်။

"ဒီလောက်ပစ္စည်းကောင်းတွေအများကြီးသုံးပြီး နန်းတော်တစ်ခုတည်ဆောက်တာက အလဟဿဖြုန်းတီးတာပဲ။ ပစ္စည်းကောင်းတွေကို တန်ဖိုးမထားတတ်တာ။...ဒီနေရာကိုကြည့်ပါ။ ဒီမသေမျိုးရွှေနှစ်ခုက ဂုဏ်သတ္တိချင်းမတူဘူး။ ဒါပေမယ့် အတင်းတွဲဆက်ထားတယ်။

ပြီးတော့ ဒီနေရာ။ မသန့်စင်တဲ့ဓာတ်တွေကို ကုန်စင်အောင်ဖယ်ထုတ်မထားဘူး။ ဒီတော့ စံရည်မီလောက်အောင် မခိုင်ခံ့တော့ဘူး။ တကယ်လုပ်ချင်ရာ‌လျှောက်လုပ်ထားတာပဲ။ ဒီနန်းတော်အစုတ်အပြတ်ကို ဘယ်သူတည်ဆောက်တာလဲ။ ပစ္စည်းသွန်းပညာမတတ်ရင် ဘာလို့ဆောက်နေသေးလဲ"

"ကောင်းကင်အင်ပါယာချန်ပါ"

ထိုနာမည်ကြားသည်နှင့် ယင်ထန် လှောင်ပြုံးပြုံးသည်။

"ဘာအင်ပါယာလဲ။ ဟန်ပဲရှိတဲ့ကောင်ပါ။ အရိယဖလဝါးမျိုနိုင်ရုံနဲ့ သူ့ကိုယ်သူအဟုတ်ကြီးထင်နေတာ"

လုယန်နားလည်သည်။ ဘဝတူချင်း အထင်မကြီးသည့်စိတ်သဘောဖြစ်သည်။ ကောင်းကင်အင်ပါယာက အမယွမ်ကိုရှုံးနိမ့်၍ အရှက်ကွဲခဲ့သော်လည်း ‌လေးစားစရာ စွမ်းရည်တစ်ချို့တော့ရှိသည်။

ယင်ထန်လည်းထိုနည်းတူပင်ဖြစ်သည်။

မဟာချန်ခေတ်တွင် ကောင်းကင်အင်ပါယာချန်သည် းအလယ်ပိုင်းတိုက်နယ်ကို အုပ်ချုပ်ခဲ့သည်။ အရပ်လေးမျက်နှာသို့ ဩဇာသက်ရောက်သည်။ ထိုအဖြစ်ကိုတွေး၍ ယင်ထန်အမြင်မကြည်သည်မှာ မဆန်းလှ။

"ဒါကို ကျင့်စဉ်အဆင့်ထိန်းချုပ်နိုင်တဲ့ မသေမျိုးရတနာတစ်ခု ဖန်တီးလို့ရနိုင်လား"

ယွမ်ကျိက မေးသည်။

"ဒီလောက် မသေမျိုးရွှေတွေအများကြီးရှိနေတာပဲ။ ရမှာပါ"

ယင်ထန်က ယုံကြည်မှုအပြည့်ဖြင့်ပြောသည်။

ယွမ်ကျိ ခေါင်းငြိမ့်သည်။ နည်းနည်းတာ့ သူသံသယရှိနေသည်။ ယင်ထန်ကိုစတွေ့ချိန်ကလည်း မသေမျိုးပစ္စည်းများ ဖန်တီးပေးနိုင်သည်ဟု ပြောခဲ့သည်။ သို့သော် လိုချင်သည့်ပစ္စည်းစာရင်းကို ပြလိုက်ချိန်တွင် ယင်ထန်က ထိုပစ္စည်းမျိုးမလုပ်နိုင်ကြောင်း ပြောသည်။

သို့သော် နောက်ထပ်တစ်ကြိမ်တော့ ယုံကြည်ပေးသင့်သည်။

ယင်ထန်အမြင်တွင် သူ့ရှေ့မှအဆောက်အဦးသည် နန်းတော်မဟုတ်တော့။ သပ်သပ်ယပ်ယပ်စီထားသည့် မသေမျိုးရွှေ ဝိညာဉ်ရွှေတုံးများဖြစ်သည်။

အတွေးဖြင့်ထိန်းချုပ်၍ လျှပ်စီးကို ဆင့်ခေါ်လိုက်သည်။ လျှပ်စီးတန်းက ဓားအသင်ဖြင့် နန်းတော်ကို ပိုင်းဖြတ်သည်။ သိပ်မကြာမီ မသေမျိုးရွှေ ဝိညာည်ရွှေများ အပုံလိုက်ထွက်လာသည်။ စွမ်းအင်ဖိနားနည်းနည်း ထွက်ပေါ်လာသည်။ သာမန်ပစ္စည်းမဟုတ်ကြောင်း သက်သေခံနေသည်။

ယင်ထန်က ရွှေတုံးရွှေခဲများကိုကြည့်ရင်း ပို၍ပျော်ရွှင်လာသည်။ နောက်ထပ် ဆက်ဖြတ်သည်။

"ဒီကိစ္စ ငါ့တာဝန်ထားပါ"

ယင်ထန်က ကျင်လည်စွာလှုပ်ရှားနေသဖြင့် ယွမ်ကျိ သံသယစိတ်များကို ခဏဘေးဖယ်ပြီး လုယန်ကိုခေါ်၍ တာအိုလမ်းစဉ်ဂိုဏ်းသို့ပြန်သည်။ ယင်ထန်တစ်ယောက်တည်း ချန်ထားခဲ့သည်။

"ငါ့မှာ နမူနာဒီဇိုင်းပုံစံ မရှိဘူး"

ဒီဇိုင်းပုံစံဖန်တီးခြင်းနှင့်ပတ်သက်လျှင် ကျူးထန်လောက်ကျွမ်းကျင်သူမရှိ။

စိတ်လော၍ ချက်ချင်းပြောလိုက်မိသည်ကို ယင်ထန်နောက်တရလာသည်။ အစကတည်းက ကြိုစဉ်းစားမိလျှင် ကျူးထန်ကိုလွှတ်လိုက်ဖို့ လုယန်မပြန်မီ သူအမှာပါးလိုက်နိုင်သည်။

"ကိစ္စမရှိပါဘူး။ ငါကိုယ်တိုင်သွားခေါ်ရမှာပေါ့"

သိပ်မကြာမီ ကျးထန်ကိုခေါ်၍ သူပြန်ရောက်လာသည်။ ကျူးထန်က ကြောက်ကြောက်ရွံ့ရွံ့ဖြင့် အကျဉ်းထောင်သစ်ပုံစံကို ဒီဇိုင်းဆွဲသည်။

ထို့နောက် မသေမျိုးရတနာသန့်စင်ရာတွင် မသေမျိုးမီးတောက်လိုသေးကြောင်း ယင်ထန်ပြန်သတိရလာသည်။ ထို့ကြောင့် ကိုးဆမသေမျိုးကို သူသွားခေါ်သည်။

ယင်ထန်နှင့်ကိုးဆတို့ ဘေးတစ်ဘက်စီတွင်ရပ်၍ ကျူးထန်ဒီဇိုင်းဆွဲပြီးချိန်ကို စောင့်နေကြသည်။

ရှေးဟောင်းမသေမျိုးနှစ်ယောက်က သက်တော်စောင့်များလို ဘေးတွင်ရပ်နေသဖြင့် ကျူးထန် ရင်တစ်ထိတ်ထိတ်ဖြစ်နေသည်။ သို့သော် သူ့ထိန်းချုပ်နိုင်စွမ်းက လေးစားလောက်သည်။ စိတ်ဖိအားရှိနေသော်လည်း ဆွဲနေသည့်ဒီဇိုင်းကို အပျက်အစီးမခံ။

"ဘာပဲပြောပြော၊ ငါကမဟာကပ်ကို စခဲ့တဲ့လူပဲ။ အခု မသေမျိုးတွေ ငါ့ဘေးမှာ တဖြေးဖြေးပိုများလာပြီ"

ကျူးထန် ထိုသို့တွေးပြီး အလုပ်ကို ပို၍အားစိုက်သည်။

....

ကျင့်ကြံသူလစဉ်သတင်းစာ ထွက်လာသည်။ မသေမျိုးတစ်ဝက်ကို လုယန်သတ်ဖြတ်ခဲ့သည့်သတင်းက ချက်ချင်းပျံ့နှံ့သွားသည်။

သာမန်လူများက ဘာမှသိပ်မတွေးကြ။ နောက်ထပ်စိန်ခေါ်မှုတစ်ခုအဖြစ်သာ မြင်ကြသည်။ ပါရမီရှင်လု ထိုသို့လုပ်ဖူးသည်မှာ ပထမဆုံးအကြိမ်မဟုတ်။

သို့သော် ဗဟုသုတများသည့် ကျင့်ကြံသူများ၏အမြင်က လုံးဝကွာခြားသည်။

ကူးဖြတ်ခြင်းအဆင့်က မသေမျိုးတစ်ဝက်ကို သတ်နိုင်ခဲ့သည်ဟူသည့်ကိစ္စမျိုး သမိုင်းတလျှောက် တစ်ခါမှမကြားဖူး။ နောက်လာမည့်မျိုးဆက်သစ်များ အတိတ်ပါရမီရှင်များအကြောင်း ပြန်ပြောလျှင် လုယန်၏နာမည် မလွဲမသွေ ပါလိမ့်မည်။

အရေးကြီးဆုံးအချက်က လုယန်သည် ကူးဖြတ်ခြင်းအဆင့်ကျင့်ကြံသူပင်မဟုတ်။ လေဟာနယ်စွမ်းအင်အဆင့်မှ စွမ်းအားခဏတက်ခြင်းသာဖြစ်သည်။ သို့သော် ယန်ခုန်တုန်လို ဝါရင့်ကူးဖြတ်ခြင်းအဆင့်တစ်ယောက်ကို အနိုင်ယူခဲ့သည်။

ထိုသတင်းကြောင့် စိတ်အညစ်ဆုံးလူက အလောင်းထိန်းဂိုဏ်းချုပ် လွီပါချန်းဖြစ်သည်။

လွီပါချန်း ဖတ်နေသည့် သတင်းစာကိုပိတ်ပြီး သက်ပြင်းလေးပင်စွာချသည်။

"ဝစီပိတ်ရဲ့တပည့်က ဒီလောက်ထိ တိုးတက်လာမယ်လို့ ဘယ်သူထင်ထားမှာလဲ"

အလောင်းထိန်းဂိုဏ်းတပည့် ကျောက်ပိုသည် တစ်ချိန်က အရိုင်းနယ်မြေတွင် လုယန်၊မုန်ကျင်းကျိုးတို့နှင့်အတူ လှည့်လည်သွားလာခဲ့ဖူးသည်။

လုယန်၏ မိတ်ဆွေဟောင်းတစ်ယောက်ဖြစ်သည်။

သူ့ဂိုဏ်းချုပ် ဘာကြောင့်သက်ပြင်းချနေသည်ကို သူနားမလည်။

"ဂိုဏ်းချုပ်၊ အကိုလု ကျင့်စဉ်တိုးတက်နှုန်းမြန်တာ ကောင်းတဲ့ကိစ္စပဲ မဟုတ်လား"

"ကောင်းတဲ့ကိစ္စဆိုတာတော့မှန်တယ်။ ဒါပေမယ့် ငါ့အတွက်မကောင်းဘူး"

"ဘာလို့လဲ"

လွီပါချန်း ကျောက်ပိုကို တစ်ချက်လှည့်ကြည့်သည်။ ထိုလူငယ်သည် ကျင့်စဉ်ပါရမီမဆိုးလှသော်လည်း ဉာဏ်ရည်သိပ်မထက်။ အထူးသဖြင့် လုယန်နှင့်မယှဉ်နိုင်။

သို့သော် ကျောက်ပိုသည် အနာဂတ်ဂိုဏ်းချုပ်လောင်း ဖြစ်သည်။ လွီပါချန်း နည်းနည်းထပ်ရှင်းပြဖို့ဝတ္တရားရှိသည်။

"လွန်ခဲ့နှစ်အတော်အကြာက ငါ့ကို မဟာယုကျင့်ကြံသူတစ်ယောက် ပူးကပ်ခဲ့တယ်။ သူ့အကူအညီကြောင့် ကူးဖြတ်ခြင်းအဆင့်ကို ရောက်လာတယ်။ ခန္ဓာကိုယ်က ကူးဖြတ်ခြင်းအဆင့်ရောက်ပေမယ့် ငါ့ဝိညာဉ်က စုစည်းခြင်းအဆင့်ပဲရှိတယ်။

ဒီတော့ တကယ်တမ်းအတိအကျပြောရရင် ငါကစုစည်းခြင်းအဆင့်ပဲ။ ဒါကြောင့်လည်း ကူးဖြတ်ခြင်းအဆင့်အောက်မှာ နံပတ်တစ်ဆိုတဲ့နာမည်ကို ငါရခဲ့တာ။ လုယန် စုစည်းခြင်းအဆင့်ကို ရောက်လာတဲ့အခါကျရင် ဒီနာမည်ကို ငါဆက်ထိန်းထားနိုင်တော့မှာမဟုတ်ဘူး"

ကျောက်ပို "..."

ကူးဖြတ်ခြင်းအဆင့်အောက်မှာနံပတ်တစ်ဆိုတဲ့ နာမည်က ဂိုဏ်းချုပ် ကိုယ့်ဘာသာကြေငြာထားတာမဟုတ်လား....

************************************

All Chapters