← Chapters

အခန်း ၂၇၃

Vol. 28 Ch. 273

အခန်း ၂၇၃

Vol. 28 Ch. 273

အခန်း (၂၇၃)

ငွေကြေးအရင်းအနှီးကို စိုးရိမ်နေသလား၊ ငါကိုယ်တိုင်က အရင်းအနှီးဖြစ်သည်

ဤစကားကို ကြားလိုက်ရသောအခါ လျန်ထျန်းမှာ နားမလည်နိုင်ဖြစ်ကာ မျက်ခုံးများ တွန့်ချိုးလိုက်သည်။

“ကျွန်တော် လုပ်နေတာက အစားအသောက် ပို့ဆောင်ရေး လုပ်ငန်းမှာ လုပ်ကိုင်နေသူတွေရဲ့ ဘဝကို ပိုမို ကောင်းမွန်အောင် လုပ်ပေးဖို့ ကြိုးစားနေတာပါ၊ ဒါက အရင်းရှင်လောကတစ်ခုလုံးရဲ့ အကျိုးစီးပွားကို ဘယ်လို များ ထိခိုက်စေလို့လဲ...။”

“ပြီးတော့ ပိုက်ဆံရှိတဲ့သူတွေ များလာရင် ဝယ်လိုအားတွေ တိုးလာပြီး စားသုံးမှုတွေ ပိုများလာမှာ မဟုတ်ဘူး လား...။”

“လူတွေရဲ့ စားသုံးမှုက စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးတယ်၊ အဲဒီအခါ လက်ရှိ ပတ်ဝန်းကျင်မှာ အရင်းရှင်တွေက ပိုပြီး အမြတ်ရနိုင်မှာပေါ့...။”

“သူတို့က ကျွန်တော့်ကို ကျေးဇူးတင်ရမယ့်အစား ဘာလို့ အခက်အခဲတွေ ဖန်တီးနေရတာလဲ၊ ကျွန်တော့်ကို စိန်ခေါ်နေကြတာပါလား...။”

“ဒါ ဘယ်လို တရားသေဝါဒမျိုးလဲ...။”

ရှန်းဝမ်သည် အရက်တစ်ခွက်ကို အကုန်သောက်လိုက်ပြီးနောက် ခါးသီးစွာ ပြုံးလျက် ဆက်ပြောသည်။

“စံပြစိတ်ကူးတွေက အမြဲတမ်း မြင့်မားပေမဲ့ လက်တွေ့ဘဝကတော့ ကြမ်းတမ်းလွန်းလှပါတယ်…။”

“အခြေအနေက အမှန်ပါပဲ၊ လူတွေမှာ ပိုက်ဆံရှိမှသာ လိုအပ်ချက်တွေ ပိုများလာမှာပါ…။”

“ဒါက မိသားစုတစ်စုနဲ့ တူပါတယ်၊ သူတို့မှာ စားဖို့၊ ဝတ်ဖို့နဲ့ အိမ်လခပေးဖို့တောင် အခက်အခဲ ရှိနေရင် အိမ်တစ်လုံး၊ ကားတစ်စီး ဝယ်ဖို့အကြောင်းကို ဘယ်လိုများ စဉ်းစားနိုင်ပါ့မလဲ...။”

“အိမ်ဝယ်ခြင်းရဲ့ စီးပွားရေး သက်ရောက်မှုက ထင်ရှားပါတယ်၊ ကားတစ်စီး ဝယ်ခြင်းမှာလည်း လောင်စာဆီ၊ အာမခံ၊ အခွန်၊ ပြုပြင်ထိန်းသိမ်းခ စတဲ့ ကုန်ကျစရိတ်တွေ အများကြီး ရှိပါတယ်...။”

“ဒါတွေအားလုံးက လူတွေမှာ ပိုက်ဆံရှိမှ လုပ်နိုင်တာဖြစ်ပြီး ဈေးကွက်လည်း ပိုမိုကြီးထွားလာမှာပါ။ ဒါပေမဲ့ မေးခွန်းက ပိုက်ဆံတွေက ဘယ်ကလာမှာလဲ ဆိုတာပါပဲ…။”

လျန်ထျန်းက တွန့်ဆုတ်မနေဘဲ ချက်ချင်း ဆိုလိုက်သည်။

“လူအများစုအတွက်တော့ သူတို့ရဲ့ ပိုက်ဆံတွေကို ကြိုးစားအားထုတ်မှုနဲ့ ရှာဖွေရတာပေါ့…။”

“ဒါပေမဲ့ ကုမ္ပဏီအများစုက သူတို့ကို မတရားသဖြင့် ဆက်ဆံကြလို့ သူတို့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ ရရှိလာတဲ့ အကျိုးအမြတ်က လုံးဝ မမျှတ ဖြစ်နေတာပါ…။”

ရှန်းဝမ်သည် အရက်ကို ထပ်မံဖြည့်လိုက်သည်။

“အဲဒါက ပြဿနာပဲ…။”

“လူ့သဘာဝက တစ်ကိုယ်ကောင်းဆန်ပါတယ်၊ အထူးသဖြင့် စီးပွားရေးသမားတွေက ပေးဆပ်ခြင်းနဲ့ ရယူခြင်း အကြား ဟန်ချက်ကို အလေးထားဆုံးပါ…။”

“ပြီးတော့ လုပ်အားခ သက်သာခြင်းက သူတို့ရဲ့ အဓိက ယှဉ်ပြိုင်နိုင်စွမ်း ဖြစ်ပြီး ကုန်ကျစရိတ်ကို အများကြီး လျော့ချပေးပါတယ်…။”

“ဒါကြောင့် ဘယ်အရင်းရှင် ကုမ္ပဏီကများ ကုန်ကျစရိတ် တက်လာတာကို လိုချင်မှာလဲ၊ အဲဒါက သူတို့ရဲ့ ယှဉ်ပြိုင်နိုင်စွမ်းကို လျော့ကျသွားစေမှာ မဟုတ်ဘူးလား...။”

“အထင်ရှားဆုံး ဥပမာကတော့ အလုပ်သမားတွေကို တစ်နာရီ လုပ်အားခ အနည်းဆုံး ပေးချင်ကြတဲ့ စက်ရုံပိုင် ရှင် အချို့ပါပဲ…။”

ခေတ္တရပ်လိုက်ပြီးနောက် ရှန်းဝမ်က အဓိပ္ပါယ်ပါပါ ဆက်ပြောလေသည်။

“ဒါပေမဲ့ လုပ်အားခက အရမ်းနည်းပြီး အစားအသောက် ပို့ဆောင်တာထက်တောင် နည်းနေရင် ဘယ်သူကများ လုပ်ချင်ပါ့မလဲ...။”

“ဘယ်လိုပဲဖြစ်ဖြစ် အစားအသောက် ပို့ဆောင်ရေးမှာ ဝင်ရောက်ဖို့ အတားအဆီး မရှိပါဘူး၊ စက်ရုံမှာ အလုပ် လုပ်နိုင်တဲ့သူတိုင်း အစားအသောက် ပို့ဆောင်နိုင်ပါတယ်…။”

“ဒီအချက်မှာ လုပ်ငန်းမတူတဲ့ ကုမ္ပဏီတွေအကြားမှာတောင် ပြိုင်ဆိုင်မှု ဖြစ်လာပြီး လုပ်အားခ ဈေးနှုန်းတွေကို မြင့်တက်လာစေပါလိမ့်မယ်…။”

ထိုစကားကို ကြားသောအခါ လျန်ထျန်းသည် ခေတ္တမျှ တွေးတောလိုက်ပြီးနောက် ရုတ်တရက် နားလည် သွားခဲ့လေသည်။

“ကျွန်တော် နားလည်ပါပြီ…။ လူ့အဖွဲ့အစည်းမှာ ဝင်ရောက်ဖို့ အတားအဆီး မရှိတဲ့ အလုပ်တိုင်းက လူမှုရေးအရ အသိအမှတ်ပြုထားတဲ့ လုပ်အားခ အနိမ့်ဆုံး နှုန်းထားကို ကိုယ်စားပြုနေတာပဲ…။”

“ပြီးတော့ ကျွန်တော်တို့ အစားအသောက် ပို့ဆောင်ရေး လုပ်ငန်းမှာ ပို့ဆောင်သူ သန်းနဲ့ချီ ရှိနေတာက အလွန်ကြီး မားတဲ့ ပမာဏပါပဲ…။”

“လူတွေကလည်း ဒီလုပ်ငန်းထဲကို အမြဲတမ်း ဝင်ရောက်နေတာဆိုတော့ သူတို့ရဲ့ ဝင်ငွေ တိုးလာတာက လူမှုရေး အရ လက်ခံထားတဲ့ အနိမ့်ဆုံး လုပ်အားခ ဈေးနှုန်းကို မြှင့်တင်ပေးလိုက်တာ ဖြစ်မှာပေါ့ ဟုတ်တယ်မဟုတ် လား...။”

ရှန်းဝမ်က ခေါင်းညိတ်လိုက်လေသည်။

“မှန်ပါတယ်။ အရင်းရှင်တွေက အတားအဆီးမရှိတဲ့ လုပ်အားခဈေးနှုန်းကို အမြဲတမ်း နှိမ်ထားဖို့ ကြိုးစားနေကြ တာပါ…။”

“တစ်စုံတစ်ယောက်က ဈေးနှုန်းကို မြှင့်တင်လိုက်ရင် သူတို့ရဲ့ ရည်ရွယ်ချက်က ကောင်းသည်ဖြစ်စေ၊ ဆိုးသည် ဖြစ်စေ၊ အလုံးစုံသော ပတ်ဝန်းကျင်ရဲ့ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဆက်စပ်နေသလား ဆိုတာက အဓိက မဟုတ်တော့ပါဘူး…။”

“အဲဒါတွေက သူတို့ရဲ့ လက်ရှိ အကျိုးစီးပွားကို ထိခိုက်စေတဲ့အရာတွေမို့ သူတို့ လုံးဝ သည်းမခံနိုင်တဲ့အရာ တွေပါ…။”

“ပမာဏ နည်းနေသေးရင်တော့ ပြဿနာ မရှိပါဘူး၊ ဘယ်သူမှ ဂရုစိုက်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ဟန်းဂရီးအုပ်စုက အခု အရမ်း ကြီးမားနေပြီ၊ တစ်နေရာရာမှာ အပြောင်းအလဲ ဖြစ်လာရင် နောက်ဆက်တွဲ သက်ရောက်မှုတွေက အဝေးကြီးထိ ရောက်သွားနိုင်ပါတယ်…။”

ထိုစကားကို ကြားသောအခါ လျန်ထျန်းက စကားဝိုင်းကို ချက်ချင်း အားဖြည့်လိုက်သည်။

“စက်ရုံပိုင်ရှင်တွေနဲ့ ကျွမ်းကျင်သူ အချို့က ဘာလို့ ဒီလောက်တောင် အော်ဟစ် ကန့်ကွက်နေကြတာလဲ ဆိုတာ အခုမှပဲ နားလည်တော့တယ်..။”

“လူတွေက အခုနောက်ပိုင်းမှာ ကုန်ထုတ်လုပ်ငန်းကို မလုပ်ချင်ကြဘူး၊ အကုန်လုံးက အစားအသောက် ပို့ဆောင် ရေးဘက်ကို ရောက်ကုန်ကြပြီ၊ အနာဂတ်က မှောင်မိုက်နေတယ် ဆိုပြီးတော့ပေါ့..။”

“သူတို့က လူတွေကို စက်ရုံမှာ ပိုအလုပ်လုပ်ကြဖို့၊ ကိုယ်ပိုင်ဝင်ငွေထက် နိုင်ငံရဲ့ ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက် မှုကို အလေးထားကြဖို့ အကြံပေးနေကြတာပါ…။”

“ဒီလို တဖက်စောင်းနင်း အကြံဉာဏ်တွေက လူတွေကို အရူးလုပ်နေတာ မဟုတ်ဘူးလား၊ ကုန်ထုတ်လုပ်ငန်းမှာ အလုပ်သမား ခေါ်ရခက်နေတာ ဘာကြောင့်လဲ ဆိုတာကို သူတို့ မသိကြဘူးလား...။”

“ကုန်ထုတ်လုပ်ငန်းမှာ အလုပ်သမားတွေက ဘာတွေ လုပ်နေရသလဲ၊ တစ်နေ့ကို (၁၀) နာရီကျော်ကျော် တရစပ် စက်ရုံလိုင်းမှာ လုပ်နေရပြီး အဆိုးဆုံးက သူတို့မှာ ပိုက်ဆံ သိပ်မရတာပါပဲ…။”

“လူငယ်တွေကို စက်ရုံမှာ လုပ်ဖို့ တိုက်တွန်းတဲ့ ကြွေးကြော်သံတွေပဲ အော်နေပြီး အကျိုးခံစားခွင့်တွေ မပေးရင် ဘယ်သူကများ လာလုပ်မှာလဲ…။”

ရှန်းဝမ်က သဘောတူကြောင်း ခေါင်းညိတ်လိုက်သည်။

“ကျွန်တော်တို့က ဖွံ့ဖြိုးတိုးတက်မှုကိုပဲ အလေးပေးနေပေမဲ့ လူတွေရဲ့ သာယာဝပြောရေးကိုတော့ ဖွံ့ဖြိုး တိုးတက်မှုနဲ့ လဲလှယ်ဖို့ ကြိုးစားနေကြတာပါ…။”

“ကျွန်တော်လည်း တစ်ချိန်တုန်းက ဒီလို ပတ်ဝန်းကျင်ရဲ့ သက်ရောက်မှု ခံခဲ့ရဖူးပါတယ်၊ ဒါပေမဲ့ အခုတော့ နောက်ဆုံးမှာ နားလည်သွားပါပြီ…။”

“ပြည်သူတွေအတွက် မဟုတ်ရင်၊ သာမန်လူတွေအတွက် မဟုတ်ရင် ဒီဖွံ့ဖြိုးတိုးတက်မှုတွေက ဘာအသုံးဝင် မှာတဲ့လဲ....။”

“ဖွံ့ဖြိုးတိုးတက်မှုဆိုတဲ့ ခေါင်းစဉ်အောက်မှာ သာမန်လူတွေကို ခေါင်းပုံဖြတ်တာက အရှက်မရှိဆုံး လုပ်ရပ်ပါ ပဲ…။”

လျန်ထျန်းက ထောက်ခံကြောင်း ခေါင်းညိတ်သည်။

“ဒါကြောင့် လူတွေက ဝင်ငွေကို အလေးထားတာ ဘယ်တော့မှ မမှားပါဘူး၊ မဟုတ်ရင် ဘာကိုများ ထပ်စဉ်းစား ရမှာလဲ...။”

“နေမကောင်းရင် ဘယ်လိုလုပ်မလဲ၊ နေစရာမရှိရင် ဘယ်လိုလုပ်မလဲ၊ ကလေးတွေရဲ့ ပညာရေးအတွက် ပိုက်ဆံ မရှိရင် ဘယ်လိုလုပ်မလဲ၊ အသက်အရွယ်ကြီးရင့်နေတဲ့ မိဘတွေကို ဘယ်လိုလုပ် လုပ်မလဲ...။”

“စက်ရုံမှာ အလုပ်လုပ်ဖို့ သွားတဲ့သူတွေက အိမ်နဲ့ မိသားစုကို စွန့်ခွာသွားရတာ ပိုပြီး ပိုက်ဆံရှာချင်လို့ပါပဲ၊ တကယ်လို့ စက်ရုံမှာ ပိုရမယ်ဆိုရင် သူတို့ အားလုံး အဲဒီကိုပဲ ပြေးသွားကြမှာပါ…။”

“ဒါမှမဟုတ် အိမ်အခမဲ့၊ ဆေးကုသမှုအခမဲ့၊ သက်ကြီးရွယ်အို စောင့်ရှောက်မှုအခမဲ့၊ ကလေးကျောင်းလခ အခမဲ့၊ ကုန်ဈေးနှုန်းတွေအားလုံး ပြည်သူတွေအတွက် သက်သာသွားရင်တော့ တစ်မျိုးပေါ့…။”

“ဒီစိုးရိမ်ပူပန်မှုတွေ မရှိတော့မှသာ လူတွေက လစာနဲ့ ဝင်ငွေကို လျစ်လျူရှုနိုင်မှာပါ၊ ဒါပေမဲ့ သူတို့ လုပ်နိုင်ပါ့ မလား၊ မလုပ်နိုင်ရင် ဘာလို့များ ကိုယ်ကျင့်တရား အကြောင်းပြပြီး အဓိပ္ပါယ်မရှိတာတွေ လျှောက်ပြောနေရ တာလဲ…။”

သူ ခေတ္တရပ်လိုက်ပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် ဆက်ပြောသည်။

“ဒီလို ပြောနေတဲ့သူတွေကို ကိုယ်တိုင် အရင်ဆုံး စမ်းလုပ်ကြည့်စေချင်လိုက်တာ…။”

“သူတို့ပိုက်ဆံတွေ အကုန်လှူပြီး စက်ရုံမှာ အလုပ်သွားလုပ်ကြည့်ပါစေ၊ သူတို့ဝင်ငွေအကြောင်း မတွေးကြပါစေ နဲ့…။”

“ဒါ့အပြင် အချိန်ပိုတွေလည်း လုပ်ကြပါစေဦး၊ အိမ်သာတက်တဲ့ အချိန်ကိုတောင် ချွေတာရပါမယ်၊ ည (၁၀) နာရီမှ အလုပ်ဆင်းချင်ရင်လည်း မိုးတွေ ရွာနေပါစေ၊ မုန်တိုင်းတွေ တိုက်နေပါစေ ခံနိုင်ရည် ရှိရပါမယ်…။”

“စနေ၊ တနင်္ဂနွေ အနားယူဖို့ပဲ တွေးနေတာက တစ်ကိုယ်ကောင်းဆန်တာပါ၊ ကုန်ထုတ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု အတွက် မကောင်းပါဘူး၊ စားစရာရှိမရှိ ဆိုတာကလည်း အရေးမကြီးပါဘူး၊ ကြိုးစားအားထုတ်တဲ့ စိတ်ဓာတ်ကို ပဲ မြှင့်တင်ကြရပါမယ်…။”

ထိုစကားကို ကြားသောအခါ ရှန်းဝမ်က ရယ်မောလိုက်သည်။

“အဲဒီလိုနေ့မျိုး ရောက်လာရင်တော့ ကျွန်တော် ကြည့်ချင်မိမှာပဲ၊ ဒါပေမဲ့... အဓိက အကြောင်းအရာကို ပြန်သွား ရအောင်…။”

“သူတို့ကို ရင်ဆိုင်ရတာက ကျွန်တော့်ကို ရင်ဆိုင်ရတာထက် ပိုခက်ခဲပါလိမ့်မယ်၊ မင်း တကယ်ပဲ အသင့်ဖြစ် အောင် ပြင်ဆင်ထားသင့်တယ်၊ အဆိုးရွားဆုံး အခြေအနေကို တွေးထားပါ…။”

“အရင်းရှင် အချို့က ထိုက်ပေါင်ထက်တောင် ပိုရက်စက်နိုင်ပါတယ်၊ မင်းရဲ့ အသက်ကို ခြိမ်းခြောက်မယ့်အရာ တွေက ဘယ်အချိန်မဆို၊ ဘယ်နေရာမှာမဆို ထပ်ဖြစ်လာနိုင်ပါတယ်…။”

“နောက်ဆုံးအနေနဲ့ မေးပါရစေ၊ မင်းတကယ်ပဲ အရင်းရှင်တွေရဲ့ ဝိုင်းရံတိုက်ခိုက်မှုကို မစိုးရိမ်ဘူးလား၊ မြားတစ် စင်း ပစ်လွှတ်လိုက်ပြီးရင် နောက်ပြန်လှည့်လို့ မရတော့ဘူး၊ အခု နောင်တရရင်လည်း မနောက်ကျသေးပါ ဘူး…။”

လျန်ထျန်း၏ မျက်နှာမှာ တည်ကြည်လေးနက်သွားသည်။

“ငွေကြေးအရင်းအနှီးကို စိုးရိမ်နေတာလား၊ ငါကိုယ်တိုင်က အရင်းအနှီးပဲ…။”

“သူတို့ကို လာကြပါစေ..။”

အချိန်အတန်ကြာပြီးနောက် ရှန်းဝမ် ခန့်မှန်းခဲ့သည့်အတိုင်း ရင်းနှီးမြှုပ်နှံသူများစွာသည် ဟန်းဂရီးအုပ်စုကို ဝေဖန်တိုက်ခိုက်လာကြသည်။ ဒေသန္တရ အစိုးရအချို့ကပင် အမိန့်ထုတ်ပြန်လာသည်။

ဆိုလိုသည်မှာ ဒေသတွင်း ပို့ဆောင်ရေးသမားများ၏ လစာသည် ဒေသတွင်း ပျမ်းမျှဝင်ငွေထက် အဆမတန် များ ပြားနေသဖြင့် မသင့်လျော်ဟုဆိုကာ ချက်ချင်း ပြင်ဆင်ရန် အမိန့်ထုတ်ခြင်း ဖြစ်သည်။ ထင်ရှားသည်မှာ ဤ ထူးဆန်းသော အမိန့်ကြော်ငြာစာသည် နောက်ကွယ်မှ အရင်းရှင်အချို့၏ လှုံ့ဆော်မှု ဖြစ်နေခြင်းပင်။

လျန်ထျန်းကလည်း ထက်မြက်သော နည်းလမ်းကို သုံးလိုက်သည်။ တန်ကော်ဟွာကို တိုက်ရိုက် အမိန့်ပေးကာ ထိုထူးဆန်းသော အမိန့်ကြော်ငြာစာကို ထုတ်ပြန်သူအား စုံစမ်းခိုင်းလိုက်သည်။ တန်ကော်ဟွာသည် အခုအခါ တွင် အကျင့်ပျက်ခြစားမှု နှိမ်နင်းရေးဌာန၏ အဆင့်မြင့် အရာရှိတစ်ဦး ဖြစ်လာပြီဖြစ်၍ ဤအာဏာနှင့် တာဝန် ကို အသုံးပြုကာ အကျင့်ပျက် ခြစားနေသော အရာရှိများကို စုံစမ်းဖော်ထုတ်ပြီး တရားဥပဒေအရ အရေးယူနိုင် ခဲ့လေသည်။

ချက်ချင်းပင် အခြားဒေသများရှိ အစိုးရရုံးများသည် တိတ်ဆိတ်သွားတော့သည်။

All Chapters