← Chapters

အခန်း ၂၇၄

Vol. 28 Ch. 274

အခန်း ၂၇၄

Vol. 28 Ch. 274

အခန်း (၂၇၄)

ကံကြမ္မာ၏ အလှည့်အပြောင်း၊ ကောင်းကင်၏ ပြစ်ဒဏ်မှ မည်သူမျှ မလွတ်မြောက်နိုင်

အရင်းရှင်တို့သည် ဟန်းဂရီးအုပ်စု၏ ခြေလှမ်းများကို ရိုးရိုးရှင်းရှင်းနှင့် တားဆီး၍ မရနိုင်ကြောင်း သိလိုက် ရသည့်အခါ အလွန်ပင် ထိတ်လန့်သွားကြသည်။

သို့သော်လည်း သူတို့သည် အလွယ်တကူ လက်မြှောက်အရှုံးပေးမည့်သူများ မဟုတ်ပေ။ အကြောင်းမှာ ပို့ဆောင်ရေးသမားများ၏ အကျိုးခံစားခွင့်များ ကောင်းမွန်လာမှုကြောင့် အလုပ်သမားအများအပြားသည် အစားအသောက် ပို့ဆောင်ရေးလုပ်ငန်းဆီသို့ တစ်စထက်တစ်စ ပြောင်းရွှေ့လာကြသောကြောင့် ဖြစ်သည်။

အစားအသောက် ပို့ဆောင်ခြင်းသည် ဝင်ငွေကောင်းရုံသာမက သာမန်လုပ်ငန်းခွင်များကဲ့သို့ပင် လူမှုဖူလုံရေး၊ အကျိုးခံစားခွင့်နှင့် အကာအကွယ်စနစ်များပါ ရရှိလာသည့်အခါတွင် လက်ရှိအလုပ်၌ မကျေနပ်သူများမှာ အသက်မွေးဝမ်းကြောင်း ပြောင်းလဲရန် အကြောင်းပြချက် မလိုတော့ပေ။

ယခင်လုပ်ငန်းခွင်များ၌မူ လူမှုဖူလုံရေး သို့မဟုတ် တရားဝင် စာချုပ်စာတမ်းများ မရှိဘဲ လုပ်သားများအား စေခိုင်းခြင်း သို့မဟုတ် ပွဲစားများမှတစ်ဆင့် ခန့်အပ်ခြင်းမျိုးသာ ရှိတတ်သည်။ အချို့သော အထူးယူနစ်များတွင် ဆိုလျှင် အခက်ခဲဆုံးနှင့် အပင်ပန်းဆုံး အလုပ်များကို လုပ်ဆောင်ရပြီး လုပ်အားခ အနည်းဆုံးသာ ရရှိကာ တာဝန်အကြီးဆုံးကို ထမ်းရွက်ရတတ်သည်။ ထို့ပြင် တစ်စုံတစ်ရာ မှားယွင်းပါကလည်း အလုံးစုံ တာဝန်ယူရ သည့် ဘဝမျိုးနှင့်သာ ကြုံတွေ့ရလေသည်။

ဤလောကတွင် မတရားမှုများစွာ ရှိနေသည်မှာ အမှန်ပင်ဖြစ်သည်။ ထို့ကြောင့် တရားမျှတပြီး ဆွဲဆောင်မှု ရှိသော အခွင့်အရေးတစ်ခုဆီသို့ လူအများအပြား စီးဆင်းလာခြင်းမှာ မထူးဆန်းလှပေ။ သို့သော် ဤနေရာသို့ လူများ ရောက်လာလေလေ အခြားနေရာများတွင် လူရှားပါးသွားလေလေဖြစ်ရာ ၎င်းမှာ စွမ်းအင်ထိန်းသိမ်းမှု နိယာမကဲ့သို့ မလွဲမသွေ ဖြစ်ပေါ်လာမည့် သဘာဝတရားဖြစ်သည်။

ရလဒ်အနေဖြင့် ကုမ္ပဏီအများအပြားသည် အရင်က အထင်သေးခဲ့ကြသည့် အောက်ခြေအလုပ်သမားများကို ထိန်းသိမ်းထားနိုင်ရန်အတွက် လစာတိုးမြှင့်ပေးရသည့် အခြေအနေသို့ ရောက်ရှိသွားသည်။ အချိန်အခါများ ပြောင်းလဲသွားပြီဖြစ်၍ “မလုပ်ချင်ရင် တခြားသူတွေ အများကြီး ရှိတယ်” ဟူသော စကားဖြင့် လူများကို ကြောက်ရွံ့စေကာ ခေါင်းငုံ့၍ အလုပ်လုပ်ခိုင်း၍ မရတော့ပေ။

ယခုအခါတွင် သူတို့သည် ဘာမျှမပြောဘဲ ထွက်ခွာသွားကြပြီး ဒေါသကြီးသူများကမူ အမှာစကားပင် ချန်ရစ်ခဲ့ တတ်သည်။

“ဒီလို ဆိုးရွားတဲ့နေရာမှာ အလုပ်လုပ်တာထက် အစားအသောက် ပို့ဆောင်တာက ပိုပြီး ပိုက်ဆံရတယ်...။”

ကံကြမ္မာ၏ အလှည့်အပြောင်းဟူသည်မှာ ဤသို့ပင်ဖြစ်ပြီး ကောင်းကင်၏ ပြစ်ဒဏ်မှ မည်သူမျှ မလွတ်မြောက် နိုင်ပေ။ အရင်းရှင်တို့သည် တစ်နေ့တွင် အလုပ်သမားလူတန်းစား၏ ရှေ့တွင် ဦးညွှတ်ရလိမ့်မည်ဟု ဘယ်သော အခါမှ စိတ်ကူးယဉ်ခဲ့မိမည် မဟုတ်ပေ။ သို့သော် ဤသည်မှာ သူတို့အတွက် ယာယီအစီအမံမျှသာ ဖြစ်သည်။ တကယ်တမ်းတွင် သူတို့သည် ပြဿနာ၏ အရင်းအမြစ်ကို တိကျစွာ သိရှိထားကြသည်။ မကြာမီပင် သူတို့သည် ဟန်းဂရီးအုပ်စုအား တိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြသည်။

ပထမဆုံး ထိခိုက်ခံစားရသူမှာ တရုတ်နိုင်ငံ၏ အကြီးဆုံး ကန်ထရိုက်ထုတ်လုပ်ရေးလုပ်ငန်းဖြစ်သည့် ဖူထုကန် ပင် ဖြစ်သည်။ ဖူထုကန်၏ အမှုဆောင်အရာရှိချုပ်မှာ တရုတ်နိုင်ငံ၏ တီပြည်နယ်မှဖြစ်သော်လည်း သူ၏ စက်ရုံများသည် တရုတ်ပြည်မကြီး၏ ပြည်နယ်တိုင်းနီးပါးတွင် ပျံ့နှံ့နေသည်။ သူသည် တီပြည်နယ်၏ အအောင် မြင်ဆုံး စီးပွားရေးသမားဟု ဆိုနိုင်သော်လည်း သူ၏ စရိုက်မှာမူ အလွန်ပင် မကောင်းမွန်လှပေ။ သူသည် တစ်ချိန် က လူသိရှင်ကြားတွင် အောက်ပါအတိုင်း အောက်ပါအတိုင်း မောက်မာစွာ ပြောဆိုခဲ့ဖူးသည်။

“ကျွန်တော်က တရုတ်ပြည်မကြီးက လူတွေကို ထမင်းတစ်လုပ် စားနိုင်အောင် ပေးထားတာ၊ တရုတ်နိုင်ငံက ကျွန်တော့်မပါဘဲ မဖြစ်နိုင်ဘူး၊ ကျွန်တော်က ကော်တုထိုက်ပါ…။”

ဟုတ်ပေသည်။ သူသည် တရုတ်ပြည်သူအားလုံးကို “ပြည်မကြီးသားများ” ဟု ခေါ်ဆိုလေ့ရှိပြီး အီးဂဲလ်နိုင်ငံ နှင့် အလွန်ရင်းနှီးသူဖြစ်သည်။ သူသည် အင်တာဗျူးများနှင့် မိန့်ခွန်းများတွင် သူ၏ အောင်မြင်မှု အတွေးအခေါ် များကို အမြဲတမ်း ပြောဆိုလေ့ရှိသည်။

“အီးဂဲလ်မှာ ပြုလုပ်တဲ့ စစ်တမ်းအရ ကုမ္ပဏီတစ်ခု အောင်မြင်ဖို့ဆိုရင် စီမံခန့်ခွဲမှု သို့မဟုတ် သာမန်ဝန်ထမ်းတွေ မဟုတ်ဘဲ ကုမ္ပဏီခေါင်းဆောင်တွေရဲ့ စွမ်းဆောင်မှုကသာ အဓိက ဖြစ်တယ်လို့ တွေ့ရှိရတယ်။ အီးဂဲလ်က ကျွမ်းကျင်သူတစ်ဦးက ဝန်ထမ်းတွေကို အလုပ်ပိုလုပ်ခိုင်းပြီး ပြင်းထန်တဲ့ စီမံခန့်ခွဲမှုမျိုးနဲ့ လုပ်ဆောင်ခိုင်းတာက ကုမ္ပဏီအတွက် အမြတ်နဲ့ တန်ဖိုး ပိုမိုရရှိစေပြီး ဝန်ထမ်းတွေအတွက်လည်း ကောင်းတယ်လို့ ဆိုထားတယ်။ အီးဂဲလ်ကတော့ ဒီလို...၊ အီးဂဲလ်ကတော့ အဲဒီလို...။”

အခြားနေရာများမှ ချီးကျူးစကားများ ရရှိသည့်အခါ ကော်တုထိုက်သည် အင်္ဂလိပ်စနစ်ကို အမြဲတမ်း ကြွားလုံးထုတ် လေ့ရှိပြီး တာဝန်ယူရမည့်အရာများကို အလွန်အကျွံ အလေးပေးတတ်သည်။ သူ၏ အောင်မြင်မှုသည် သူတစ်ဦး တည်းကြောင့် မဟုတ်ဘဲ ဝန်ထမ်းသန်းပေါင်းများစွာ၏ ပံ့ပိုးမှုနှင့် နိုင်ငံ၏ မူဝါဒများကြောင့် ဖြစ်သည်ကို သူ ဘယ်သောအခါမျှ မတွေးမိခဲ့ပေ။ လုပ်အားခ သက်သာသည့် အလုပ်သမားများနှင့် အစိုးရ၏ ပံ့ပိုးမှု မရှိပါက သူသည် တစ်နှစ်လျှင် အမြတ်ရာခိုင်နှုန်း (၅၀) ကျော်အထိ မည်သို့လျှင် လျင်မြန်စွာ တက်လှမ်းနိုင်ပါ့မည်နည်း။

ဟုတ်ပေသည်။ ဖူထုကန်တွင် အလုပ်လုပ်နေသော အောက်ခြေအလုပ်သမားအရေအတွက်မှာ တစ်သန်းအထိ ရှိသည်။ ဤသည်မှာ အလွန်ကြီးမားသော အင်အားစုဖြစ်သော်လည်း အမှုဆောင်အရာရှိချုပ် ကော်တုထိုက်သည် သူ၏ ဝန်ထမ်းများကို ဘယ်သောအခါမျှ ဂရုမစိုက်ခဲ့ပေ။ သူ၏ စိတ်ထဲတွင် သူ၏အောင်မြင်မှုအားလုံးသည် သူ၏ ကိုယ်ပိုင်ကြိုးစားအားထုတ်မှုကြောင့်သာ ဖြစ်ပြီး သူ့ကို ကူညီပေးနေသည့် ပြည်မကြီးသား ဝန်ထမ်းများ သည် သူ၏ ကျေးဇူးကြောင့် အသက်ရှင်နေရသော အမြတ်ရှာသည့် ကိရိယာများသာ ဖြစ်သည်ဟု အမြဲခံယူထား ပေသည်။

တစ်ချိန်က စက်ရုံခွဲတစ်ခုတွင် ဝန်ထမ်း (၁၂) ဦးသည် အဆောင်အမိုးပေါ်မှ တစ်ဦးပြီးတစ်ဦး ခုန်ချခဲ့ကြရာ (၁၀) ဦး သေဆုံးပြီး (၂) ဦး ပြင်းထန်စွာ ဒဏ်ရာရရှိသည့် ကြေကွဲဖွယ် ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့လေသည်။ ဤအလုပ် သမားများသည် (၁၈) နှစ်မှ (၂၄) နှစ် အရွယ်များသာ ဖြစ်သည်။

အောက်ခြေအလုပ်သမား အမြောက်အမြားကို ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သည်အထိ တွန်းပို့နိုင်သော ဖိအား ပေး စီမံခန့်ခွဲမှုစနစ်မျိုး ရှိနေသည်ကို မြင်သာလှပေသည်။ ဤဖြစ်ရပ်သည် တစ်နိုင်ငံလုံးတွင် ကြီးမားသော လှုပ်ခတ်မှု ဖြစ်စေခဲ့ပြီး “ချွေးတပ်စခန်း” နှင့် “ထောင်နှယ် စီမံခန့်ခွဲမှု” ဟူသော ဝေဖန်မှုများဖြင့် ပြင်းထန်စွာ တိုက်ခိုက်ခံခဲ့ရသည်။

ပြင်ပမှ ပြစ်တင်ရှုတ်ချမှုများကို ရင်ဆိုင်ရသည့်အခါ ကော်တုထိုက်သည် ထပ်မံ မဖြစ်ပွားစေရန် အစီအမံများ ပြုလုပ်ပြီး သေဆုံးသွားသော မိသားစုများနှင့် ဝန်ထမ်းများကို နှစ်သိမ့်ပေးခဲ့သည်။ သူတို့သည် ဝန်ထမ်းအား လုံးကို ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မည့်နည်းလမ်းမျိုးဖြင့် မလုပ်ဆောင်ပါဟူသော “သေဆုံးခြင်းဆိုင်ရာ စာချုပ် “ ကို လက်မှတ်ရေးထိုးခိုင်းသည်အထိ ပြုလုပ်ခဲ့သည်။ သို့သော်လည်း အချည်းနှီးသာ ဖြစ်ခဲ့ပြီး ဖူထုကန်တွင် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှု နှစ်ကြိမ် ထပ်မံ ဖြစ်ပွားခဲ့သည်။ အစီအစဉ်အားလုံး ပျက်ပြားသွားပြီးနောက် ကော်တုထိုက်သည် ဝန်ထမ်းများ၏ အခြေခံလစာကို တိုးမြှင့်ပေးပြီး ပိုမိုလူသားဆန်သော စီမံခန့်ခွဲမှုကို မလွှဲမရှောင် သာ လုပ်ဆောင်လိုက်ရသည်။

ထိုအခါမှသာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုများ ရပ်တန့်သွားခဲ့ပြီး စက်ရုံတွင်းရှိ ဖိအားများနှင့် အလုပ်သမား များ၏ ဘဝ မည်မျှ ခက်ခဲကြောင်းကို သက်သေပြနေသည်။ အလွန်အမင်း ခေါင်းပုံဖြတ်ခံရပြီး ထွက်ပေါက် မရှိတော့သည်မှလွဲ၍ မည်သူကများ ကောင်းမွန်သော ဘဝကို မလိုချင်ပါ့မလဲ။

အချက်အလက်များက သက်သေပြနေသည်မှာ အလုပ်သမားများ၏ ဆက်ဆံမှုကို မြှင့်တင်ပေးခြင်းသည် သူတို့၏ ပျော်ရွှင်မှုကိုလည်း တိုးတက်စေသည်ဟူ၍ပင်။ သို့သော် ထိုသို့ မြှင့်တင်ပေးရသည့် ဈေးနှုန်းမှာ အလွန်ပင် ကြီးမားလွန်းခဲ့ပြီး လူတစ်ဒါဇင်ကျော်၏ အသက်နှင့် ရင်းနှီးခဲ့ရခြင်း ဖြစ်သည်။

လျန်ထျန်းသည် အစားအသောက် ပို့ဆောင်သူများ၏ ဝင်ငွေကို တိုးမြှင့်ပေးလိုက်သည့်အခါ အထင်ရှားဆုံး ရလဒ်မှာ ဖူထုကန်တွင် လုပ်ကိုင်နေသူများ၏ ဝင်ငွေ သိသိသာသာ လျော့ကျသွားခြင်းပင် ဖြစ်သည်။ စက်ရုံ တွင် တစ်နှစ် သို့မဟုတ် နှစ်နှစ်ကြာ လုပ်ကိုင်ခဲ့သော အလုပ်သမား အများအပြားမှာ အစုလိုက်အပြုံလိုက် နုတ်ထွက်သွားကြသည်။

ဝါရင့်ဝန်ထမ်းများသာလျှင် အကျိုးခံစားခွင့်များ ရှိနေ၍ ဆက်လက် လုပ်ကိုင်နိုင်ကြတော့သည်။ သို့သော်လည်း ဟန်းဂရီးအုပ်စုကြောင့် ဖူထုကန်သည် ကြီးမားသော ဆုံးရှုံးမှုကို ခံစားလိုက်ရသည်။ ကော်တုထိုက်သည် သူ၏ “အီးဂဲလ်ဖခင်” ထံမှ အမှာစာများစွာ ရရှိထားပြီး အလုပ်သမား လုံလောက်မှု မရှိပါက အချိန်မီ အပြီးသတ်နိုင် မည် မဟုတ်ပေ။ အကယ်၍ အချိန်မီ မပြီးစီးပါက “အီးဂဲလ်ဖခင်” က နောက်ထပ် “သား” တစ်ယောက်ကို ရှာဖွေသွားမည်ဖြစ်ရာ သူသည် အလွန်အမင်း စိုးရိမ်တကြီး ဖြစ်လာပြီး ဒေါသထွက်လျက် ရှိသည်။

နောက်ဆုံးတွင် သူသည် အစားအသောက် ပို့ဆောင်ရေးအုပ်စုနှင့် “ယှဉ်ပြိုင်” နိုင်ရန်အတွက် ဝန်ထမ်းအသစ် များ၏ လုပ်အားခကို ထပ်မံ တိုးမြှင့်ပေးလိုက်ရသည်။ ယခုတစ်ကြိမ် တိုးမြှင့်ပေးမှုမှာ ယခင် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သည့် ဖြစ်ရပ်ပြီးနောက် တိုးမြှင့်ပေးခဲ့မှုထက်ပင် ပိုမိုများပြားသည်။

ဟန်းဂရီးအုပ်စု၏ အကျိုးခံစားခွင့်များမှာ အလွန်ပင် “ပြင်းထန်” သဖြင့် အကျိုးခံစားခွင့်ကို သိသိသာသာ မတိုး မြှင့်ပေးပါက မည်သူ့ကိုမျှ ဆွဲဆောင်နိုင်မည် မဟုတ်ပေ။ တစ်ချိန်တည်းမှာပင် အသက်ဆုံးရှုံးမှု မရှိဘဲ အကျိုး ခံစားခွင့်များ တိုးမြှင့်ရရှိခြင်းအတွက် အောက်ခြေအလုပ်သမားများမှာ ဟန်းဂရီးအုပ်စုအား တိတ်တဆိတ် ကျေးဇူးတင်လျက် ရှိတော့သည်။

သို့သော် အချို့က ကျေးဇူးတင်သကဲ့သို့ အချို့ကမူ အလွန်ပင် မုန်းတီးလျက် ရှိနေသည်။ ကော်တုထိုက်သည် ယခု အခါတွင် ဟန်းဂရီးအုပ်စုအား အလွန်ပင် မုန်းတီးလျက် ရှိသည်။

သူသည် ဒေသန္တရ အစိုးရ အဆင့်မြင့်အစည်းအဝေးတစ်ခုတွင် ဒေါသတကြီးဖြင့် ပြောဆိုလိုက်သည်။

“ခွေးကောင်တွေ…၊ အဲဒီ အလုပ်သမားတွေကို လုပ်အားခတွေ အများကြီး ပေးရတာနဲ့ပဲ ငါ့ရဲ့ ကုန်ကျစရိတ်တွေ တက်ကုန်ပြီ…။”

“မကြာသေးမီက အီးဂဲလ်က အသီးအနှံကုမ္ပဏီတွေက သူတို့ရဲ့ ထုတ်လုပ်မှုကို ခွဲဝေဖြန့်ကြက်ဖို့ ကြိုးစားနေပြီး တန်ဖိုးကြီး အမှာစာ အချို့ကို တခြား ကုမ္ပဏီတွေကို ပေးအပ်နေတယ်။ ငါတို့ရဲ့ ဈေးကွက်ဝေစုကို ထိန်းသိမ်း ထားဖို့ အမြတ်တွေကို အကြိမ်ကြိမ် လျော့ချခဲ့ရပြီးပြီ။ အခုလည်း အလုပ်သမားတွေကို အကျိုးခံစားခွင့် တိုးမြှင့် ပေးရတာနဲ့ အမြတ်တွေ လုံးဝ ပျောက်ဆုံးသွားပြီ…။”

“မဟုတ်ဘူး၊ ဒီလောက်နဲ့ မပြီးသေးဘူး၊ ငါတို့ အခုဆိုရင် ရှုံးနေပြီ…၊ ဒီအမှာစာတွေကို ရှုံးရှုံးနဲ့ပဲ ယူထားရတာ…။ ဘယ်သူ့မှာမှ အကြံဉာဏ် မရှိဘူးလား….၊ ခင်ဗျားတို့ကို ကျွန်တော် ဘာလို့ ငွေကုန်ကျခံပြီး မွေးထားရတာ လဲ…။”

ထိုအချိန်တွင် မန်နေဂျာတစ်ဦးက အကြံပြုလိုက်သည်။

“မစ္စတာဂို... ဒီအမှာစာတွေက ရှုံးနေပြီဆိုရင် ဖျက်သိမ်းလိုက်ရင် မကောင်းဘူးလား။ စာချုပ်ဖောက်ဖျက်မှု အတွက် လျော်ကြေးပေးရရင်တောင် ဆက်လုပ်နေတာထက် ပိုသက်သာပါတယ်။ နောက်မှ...၊”

မန်နေဂျာ စကားမဆုံးခင်မှာပင် ကော်တုထိုက်သည် မျက်နှာကို မည်းမှောင်စွာဖြင့် ရုတ်တရက် ဖြတ်ပြောလိုက် သည်။

“ခင်ဗျားရဲ့ ဆီးက ဝါနေသလား…။”

မန်နေဂျာမှာ အံ့အားသင့်သွားပြီး ၊

“ဟင်….။”

သူသည် မေးခွန်းကို နားမလည်သော်လည်း အထက်လူကြီး မေးခွန်းဖြစ်သည့်အတွက် ချက်ချင်း ပြန်ဖြေလိုက် ရလေသည်။

“မစ္စတာဂို...၊ ကျွန်တော့်ဆီးက...၊ ဝါမနေပါဘူး…။”

ထိုအဖြေကို ကြားသောအခါ ကော်တုထိုက်သည် အေးစက်စက် လေသံဖြင့် ဆိုသည်။

“ခင်ဗျား ကုမ္ပဏီရဲ့ အခြေအနေကို စိုးရိမ်ပူပန်မှု မရှိဘူးဆိုတာပဲ။ ခင်ဗျား အလုပ်မကြိုးစားဘူး။ ခင်ဗျားကို အလုပ်ထုတ်တယ်…။”

မန်နေဂျာမှာ အလွန်ပင် ထိတ်လန့်သွားပြီး၊

“ဟာ...၊ မစ္စတာဂို...၊ ကျွန်တော် စကားမှားသွားတာပါ။ ကျွန်တော့်ဆီးက ဝါပါတယ်၊ တကယ့်ကို ဝါပါတယ်...။”

သို့သော်လည်း နောက်ကျသွားခဲ့ပြီဖြစ်သည်။ လုံခြုံရေးဝန်ထမ်း နှစ်ဦးဝင်လာပြီး ဝါသောဆီးရှိသည်ဟု ပြောဆို သော မန်နေဂျာကို ဆွဲခေါ်သွားကြသည်။ တကယ်တော့ မန်နေဂျာမှာ ဆီးမဝါ၍ အလုပ်ထုတ်ခံရခြင်း မဟုတ်ပေ။ ၎င်းမှာ “ခြေလှမ်းစတင်ရာတွင် ခြေကျင်းဝတ်ဖြင့် စတင်နင်းမိ၍ အလုပ်ထုတ်ခံရခြင်း” ကဲ့သို့ပင် အကြောင်းပြ ချက် ပေးလို၍သာ ဖြစ်သည်။ ကော်တုထိုက်၏ နောက်စကားက ဤအချက်ကို သက်သေပြနေသည်။

“ဒီကောင်လို အဓိပ္ပါယ်မရှိတဲ့ စကားတွေ ပြောတဲ့သူတိုင်း ချက်ချင်း ထွက်သွားကြ…။”

“ကုမ္ပဏီရဲ့ စီမံခန့်ခွဲမှုအဖွဲ့ဝင်တွေအနေနဲ့ ကျွန်တော်တို့ ဘယ်သူ့အတွက် လုပ်နေလဲဆိုတာ မှတ်ထားကြပါ…။ အီးဂဲလ်က အသီးအနှံကုမ္ပဏီက ကျွန်တော်တို့ရဲ့ အရေးကြီးဆုံး ဖောက်သည်ပါ…။”

“ဒါကြောင့် ရှုံးနေရင်တောင် ဆက်လုပ်ရမယ်။ အမှာစာတွေကို ဖျက်သိမ်းမယ်ဟုတ်လား…။ နောက်ထပ် အမှာ စာတွေ လုံးဝ မလိုချင်တော့ဘူးလား…၊ ဒါက အလွန်ကို မိုက်မဲပြီး ဆင်ခြင်တုံတရားမဲ့တဲ့ လုပ်ရပ်ပဲ…။”

ခေတ္တရပ်လိုက်ပြီးနောက် ကော်တုထိုက်သည် စီမံခန့်ခွဲမှုအဖွဲ့ကို တစ်ချက်ကြည့်လိုက်ရာ အားလုံးမှာ ကြောက်ရွံ့စွာ ဖြင့် ခေါင်းငုံ့သွားကြသည်။ သူတို့သည် အောက်ခြေအလုပ်သမားများနှင့် မတူသဖြင့် ဤနေရာမှ ထွက်ခွာသွားရန် လုံးဝ မလိုလားကြပေ။ ရုံးခန်းတွင် ထိုင်နေပြီး တစ်ခါတစ်ရံ စက်ရုံတွင်းသို့ သွားကာ အော်ဟစ်ဆဲဆိုရုံဖြင့် သာမန် အလုပ်သမားများထက် အဆပေါင်းများစွာ ပိုရနေသည် မဟုတ်ပါလား။

ကော်တုထိုက်သည် သူတို့၏ စိတ်ကို နားလည်သဖြင့် သူတို့အား မည်သို့ပင် ဆဲဆိုသည်ဖြစ်စေ သူတို့သည် အီးဂဲလ်ကုမ္ပဏီရှေ့တွင် ကော်တုထိုက်၏ အမူအရာအတိုင်းပင် ပြန်လည် ဖော်ပြနေကြသည်။

သုံးစက္ကန့်ခန့် တိတ်ဆိတ်သွားပြီးနောက် ကော်တုထိုက်သည် မနှစ်မြို့ဖွယ် လေသံဖြင့် ဆက်ပြောသည်။

“ကျွန်တော်တို့က လုပ်အားခ သက်သာတာကို အားကိုးပြီး အမြတ်ရှာခဲ့တာပါ။ အခု ဟန်းဂရီးအုပ်စုက အနိမ့်ဆုံး လုပ်အားခကို မြှင့်တင်လိုက်တာက ပြဿနာပဲ။ ခင်ဗျားတို့ ဘယ်သူက ရန်သူလဲ၊ ဘယ်သူက အတားအဆီးလဲဆို တာ သိအောင် လုပ်ကြပါ။ အဲဒီအခါမှသာ ပြဿနာကို တိကျစွာ ဖြေရှင်းနိုင်မှာပါ…။”

“ဒီအခြေအနေက အဲဒီတုန်းက လူတစ်ဒါဇင်ကျော် သေဆုံးခဲ့တဲ့ အခြေအနေထက် ပိုဆိုးမယ်လို့ ကျွန်တော် မထင် ဘူး။ ဒီတစ်ခါတော့ ဘယ်သူမှ မသေဘူး…၊ ဒီလောက် အသေးအဖွဲ ကိစ္စကိုတောင် မဖြေရှင်းနိုင်ရင် ခင်ဗျားတို့လို အသုံးမကျတဲ့သူတွေက ဒီမှာ ဆက်လုပ်ဖို့ အကြောင်းမရှိဘူး၊ နားလည်လား ဒီအရူးတွေ…။”

စကားဆုံးသည်နှင့် စီမံခန့်ခွဲမှုအဖွဲ့ဝင်များက ကော်တုထိုက်အား ဆဲဆိုမှုအတွက်ပင် ပြုံးရွှင်စွာဖြင့် လက်ခုပ်တီး အားပေးခဲ့ကြလေသည်။ ...အီးဂဲလ် ကုမ္ပဏီရှေ့တွင် ကော်တုထိုက်၏ အမူအရာအတိုင်းပင် ဖြစ်သည်။

All Chapters