← Chapters

အခန်း ၂၇၅

Vol. 28 Ch. 275

အခန်း ၂၇၅

Vol. 28 Ch. 275

အခန်း(၂၇၅)

သူတို့ထဲမှ မည်သူတစ်ဦးတစ်ယောက်မျှ အကောင်းမြင်မနေကြပေ။

တရုတ်နိုင်ငံ၌ စက်ရုံစုစုပေါင်း (၄၅) ရုံ ရှိရာ အဓိကစက်ရုံကြီး (၁) ရုံနှင့် ဘဏ်ခွဲစက်ရုံ (၄၄) ရုံ ပါဝင်လေသည်။ ယင်းတို့အနက် အဓိကစက်ရုံမှာ တီပြည်နယ်၌ တည်ရှိပြီး ကျန်ရှိသော ဘဏ်ခွဲစက်ရုံ (၄၄) ရုံမှာမူ တရုတ်ပြည် တွင်းရှိ မြို့ကြီးများတွင် ဖြန့်ကျက် တည်ရှိနေကြသည်။

ယခင်က ဖော်ပြခဲ့သည့်အတိုင်း တရုတ်ပြည်မကြီးကို ကော်တုထိုက်က 'ပြည်မကြီး' ဟု ခေါ်ဆိုလေ့ရှိသည်။ သူ၏ အမြင်တွင် သူသည် ပြည်မကြီးအား 'အစားအစာ ပေးလှူ' သည့် မဟာလူသားတစ်ဦး ဖြစ်ပြီး စက်ရုံ (၄၄) ရုံ၌ အလုပ်သမားပေါင်း တစ်သန်းကျော်ကို ကျွေးမွေးစောင့်ရှောက်ထားသည်ဟု ယူဆထားလေသည်။

စက်ရုံတစ်ခုစီတိုင်းတွင် အလုပ်သမားပေါင်း နှစ်သောင်းမှ သုံးသောင်းခန့် ရှိကြရာ အမှန်တကယ်ပင် အလုပ် အကိုင် အခွင့်အလမ်း ပမာဏ ကြီးမားလှသည်။ ထို့အပြင် နှစ်စဉ်နှစ်တိုင်း အလုပ်သမားသစ်များ အမြောက် အမြား ဝင်ရောက်လာကြသော်လည်း အလုပ်သမားသစ်များမှာ အစပိုင်း၌ လုပ်ခလစာ နည်းပါးလှပေသည်။ အချို့မှာမူ အပြင်ကုမ္ပဏီများ သို့မဟုတ် အလုပ်သမားခန့်အပ်ရေးအေဂျင်စီများမှတစ်ဆင့် ရောက်လာကြပြီး ၎င်းတို့၏ ဆက်ဆံခံရမှုမှာ ပိုမိုဆိုးရွားကာ ယာယီအလုပ်သမားများဟုသာ ခေါ်ဆိုရပေမည်။

တပ်ဆင်ရေးလိုင်းပေါ်၌ လူတိုင်းသည် တူညီသောအလုပ်ကိုသာ လုပ်ကိုင်ကြရပြီး ထပ်တလဲလဲ ဖြစ်ပျက်နေ သော ငြီးငွေ့ဖွယ် အလုပ်တာဝန်များနှင့် မောပန်းနွမ်းနယ်ဖွယ် အချိန်ပိုလုပ်ရမှုများမှာ အတူတူပင် ဖြစ်သည်။ သို့သော်လည်း အမြဲတမ်း ဝန်ထမ်းများနှင့် ယာယီဝန်ထမ်းများအကြား၊ ဝါရင့်ဝန်ထမ်းများနှင့် ဝန်ထမ်းသစ်များ အကြား လုပ်ခလစာ ကွာဟချက်မှာ အလွန်ပင် ကြီးမားလှသည်။

အမြဲတမ်း ဝန်ထမ်းများမှာမူ များသောအားဖြင့် 'အဆက်အသွယ်' ရှိကြသူများ ဖြစ်ကြပြီး ဥပမာအားဖြင့် လိုင်းခေါင်းဆောင် သို့မဟုတ် အဖွဲ့ခေါင်းဆောင်နှင့် ဆွေမျိုးတော်စပ်ခြင်းမျိုး ဖြစ်သည်။ ထုတ်လုပ်မှုအဖွဲ့၏ ဒုတိယခေါင်းဆောင်၊ လိုင်းခေါင်းဆောင်နှင့် အဖွဲ့ခေါင်းဆောင်တို့မှာ ရှေ့တန်းအလုပ်တွင် အဆင့်နိမ့် ခေါင်းဆောင် များ ဖြစ်ကြသော်လည်း အဆုံးစွန်၌မူ ၎င်းတို့သည်လည်း ရှေ့တန်းအလုပ်သမားများပင် ဖြစ်သည်။ ၎င်းတို့အနက် အများစုမှာ ယာယီဝန်ထမ်းများ ဖြစ်ကြပြီး ရာခိုင်နှုန်းအားဖြင့် အံ့အားသင့်ဖွယ် (၅၀) ရာခိုင်နှုန်း သို့မဟုတ် ထို့ထက်ပို၍ ရှိနေပေသည်။

ဆိုလိုသည်မှာ အမည်ခံအားဖြင့် အဆိုပါ ကုမ္ပဏီသည် တရုတ်ပြည်တွင်း၌ အလုပ်သမားပေါင်း သန်းနှင့်ချီ ရှိနေ ပြီး အလုပ်အကိုင်ပေါင်း သန်းနှင့်ချီ ပေးထားသည်ဟု ဆိုသော်လည်း လက်တွေ့တွင်မူ ဝန်ထမ်းတစ်ဝက်ကျော်မှာ အမြဲတမ်း ဝန်ထမ်းများ မဟုတ်ကြပေ။ အဘယ်ကြောင့်နည်း။ ၏

၎င်းမှာ ချောင်လည်နေသော လုပ်အားကို ပိုမိုညှစ်ထုတ်ပြီး ကုမ္ပဏီ၏ အမြတ်အစွန်းကို ပိုမိုရရှိစေရန် မဟုတ်ပါ လော။ လွန်ခဲ့သော ဆယ်စုနှစ်အနည်းငယ်အတွင်း ဤသည်မှာ လုပ်ငန်းစဉ်၏ အခြေခံနည်းလမ်း ဖြစ်ခဲ့သည်။ ဆက်ဆံခံရမှုမှာ ဤမျှ မတရားလှသော်လည်း အဘယ်ကြောင့် နှစ်စဉ်နှစ်တိုင်း လူများစွာက ယာယီအလုပ် သမားအဖြစ် ဝင်ရောက်လုပ်ကိုင်ရန် စိတ်အားထက်သန်နေကြသနည်း။

အဘယ်ကြောင့်ဆိုသော် ပိုကောင်းသော ရွေးချယ်စရာ မရှိသောကြောင့်တည်း။ ကျီးကန်းအားလုံးသည် အနက်ရောင်ချည်းသာ ဖြစ်ကြပြီး မည်သည့်အရင်းရှင်က လူတို့ကို မခေါင်းပုံဖြတ်ဘဲ နေပါမည်နည်း။ အောက်ခြေလူတန်းစားများ၏ အများစုမှာ အသက်မွေးဝမ်းကျောင်းပြုရန်နှင့် ငွေရှာရန်အတွက် အရင်းရှင်တို့၏ ခေါင်းပုံဖြတ်မှုကို လိုက်လျောညီထွေဖြစ်အောင် နေထိုင်ရခြင်းမှလွဲ၍ အခြားရွေးချယ်စရာ မရှိကြပေ။

ထို့ကြောင့် အခြားကောင်းမွန်သော အလုပ်ကို မရှာနိုင်သည့်အခါ စက်ရုံတွင် အလုပ်လုပ်ခြင်းမှာ လူအများစု အတွက် ရွေးချယ်စရာ ဖြစ်လာသည်။

ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုများ ဆက်တိုက် ဖြစ်ပွားပြီးနောက် ဒုတိယညွှန်ကြားရေးမှူး၏ ဆက်ဆံပုံမှာ အနည်းငယ် တိုးတက်လာခဲ့သည်။ ယာယီဝန်ထမ်းများပင်လျှင် အချိန်ပိုလုပ်ကိုင်ပြီး မိမိတို့အချိန်အားလုံးကို စတေးရန် ဝန်မလေးပါက ငွေအနည်းငယ် ရှာဖွေနိုင်ကြသည်။

ယနေ့ခေတ်လူ့အဖွဲ့အစည်းတွင် ငွေရှာနိုင်စွမ်းမှာ လူတို့ကို ခေါင်းပုံဖြတ်ခံရမှု ပိုမိုသည်းခံလာစေရန် တွန်းအား ပေးတတ်သည်။ သို့သော်လည်း ဤနေရာတွင် ဖော်ပြထားသော ငွေကြေးမှာ အသက်မွေးဝမ်းကျောင်းပြုရန် လောက်ငုံရုံမျှသာ ဖြစ်သည်။ အလွန်ချမ်းသာကြွယ်ဝခြင်းမှာ ထားရှိစေဦး၊ သက်တောင့်သက်သာ ရှိသော ဘဝကို ရရှိရန်ပင် ခက်ခဲလှပြီး အထူးသဖြင့် လက်ရှိအိမ်ခြံမြေ ဈေးနှုန်းများ မြင့်မားနေခြင်း၊ လူနေမှုစရိတ် မြင့်မားခြင်း နှင့် လက်ထပ်ထိမ်းမြားရာ၌ ပေးရသည့် ပစ္စည်းများမှာ ကြီးမြင့်နေခြင်းကြောင့် ဖြစ်သည်။

သို့သော်လည်း လျန်ထျန်းက အယ်လာမာကို အပြည့်အဝ ထိန်းချုပ်လိုက်သည့်အချိန်မှစ၍ ပို့ဆောင်ရေးသမား အားလုံးအတွက် အကျိုးခံစားခွင့်များကို တိုးမြှင့်ပေးခဲ့သည်။ ဤကဲ့သို့ မြင့်မားသော အကျိုးခံစားခွင့်များနှင့် အလုပ်အကိုင် အခွင့်အလမ်းများကို တန်းတူညီမျှ ဆက်ဆံခြင်းမှာ ရှေးယခင်က မရှိခဲ့ဖူးပေ။

အဘယ်သို့ပင်ဖြစ်စေ၊ မိမိ၏ အဆင့်အတန်း သို့မဟုတ် ဆက်သွယ်မှုများ မည်သို့ပင်ဖြစ်စေ၊ ပို့ဆောင်မှုတစ်ခုစီ အတွက် စံနှုန်းအတိုင်း အခကြေးငွေ ရရှိသင့်သည်။ လျန်ထျန်း၏ အော်ဒါတစ်ခုစီအတွက် ပေးအပ်သော မြင့်မား သည့် ကော်မရှင်နှုန်းထားများနှင့်အတူ မျှတသော စံနစ်မှာ အလွန်ပင် ထူးခြားသည်။

ပို့ဆောင်ရေးသမားတစ်ဦးသည် တစ်နေ့လျှင် ရှစ်နာရီ လုပ်ကိုင်ပြီး အော်ဒါ (၅၀) ခန့် ပို့ဆောင်ခြင်းဖြင့် လီ (၃၀၀) ကျော် ရရှိနိုင်သည်။ တစ်လလျှင် လီ (၁၀,၀၀၀) ခန့် ရရှိနိုင်ပြီး ၎င်းမှာ ယာယီစက်ရုံဝန်ထမ်းများ၏ လစဉ်ဝင်ငွေ ထက် နှစ်ဆပင် ပိုများပေသည်။ ပိုမို၍ ဝင်ငွေကောင်းသော ပို့ဆောင်ရေးသမားများလည်း ရှိသေးသည်။

စက်ရုံများ၌ အလုပ်လုပ်ဖူးသူတိုင်း သိကြသည့်အတိုင်း တနင်္လာမှ သောကြာနေ့အထိ ရှစ်နာရီလုပ်ခမှာ အလွန် နည်းပါးလေသည်။ စက်ရုံတွင် ငွေရလိုပါက အချိန်ပိုလုပ်ရမည် ဖြစ်သည်။ တနင်္လာမှ သောကြာနေ့အထိ ရှစ်နာရီ ပြင်ပ အချိန်သုံးလေးနာရီမှာ ပုံမှန်နှုန်း၏ (၁.၅) ဆသာ ရှိသည်။ စနေ၊ တနင်္ဂနွေနေ့များတွင် တစ်နေ့လုံးအတွက် နှစ်ဆရရှိပြီး ဥပဒေအရ အားလပ်ရက်များတွင်မူ သုံးဆရရှိသည်။

ဤကဲ့သို့သော ငွေကြေးကို ရရှိရန်အတွက် တစ်လလုံး သို့မဟုတ် တစ်နှစ်ပတ်လုံး အနားမယူဘဲ တပ်ဆင်ရေး လိုင်းပေါ်တွင် တစ်နေ့လျှင် (၁၁) နာရီ သို့မဟုတ် (၁၂) နာရီ လုပ်ကိုင်ရမည် ဖြစ်သည်။ အကယ်၍ ဤလုပ်အား ပမာဏကို ယနေ့ခေတ် အစားအသောက် ပို့ဆောင်ရေးသမားများအပေါ် သက်ရောက်မည်ဆိုပါက (၁၁) နာရီ သို့မဟုတ် (၁၂) နာရီအတွင်း အော်ဒါ (၇၀) သို့မဟုတ် (၈၀) ကို မည်သို့ ပို့ဆောင်နိုင်ပါမည်နည်း။

အော်ဒါတစ်ခုစီမှာ လီ (၆) လီထက် မနည်းသည့်အပြင် ပျမ်းမျှတန်ဖိုးမှာ လီ (၈) လီခန့် ရှိရာ ယခင် ကော်မရှင် နှုန်းထားထက် နှစ်ဆနီးပါး ရှိသည်။ အော်ဒါများ ပိုမိုပို့ဆောင်ခြင်းဖြင့် ရရှိလာမည့် ဘောနပ်စ်များပါ ပေါင်းထည့် လိုက်ပါက တစ်နေ့လျှင် လီ (၅၀၀) သို့မဟုတ် (၆၀၀) ရရှိခြင်းမှာ ပြဿနာ မဟုတ်ပေ။

တစ်လလျှင် လီ (၁၅,၀၀၀) သို့မဟုတ် (၂၀,၀၀၀) နီးပါး ဝင်ငွေရှိသည်။ လုပ်အားချိန် တူညီပါက ယာယီဝန်ထမ်း များနှင့် အလုပ်သမားသစ်များမှာ တစ်လလျှင် လီ (၅,၀၀၀) သို့မဟုတ် (၆,၀၀၀) သာ ရရှိကြသည်။ အစား အသောက် ပို့ဆောင်ခြင်းဖြင့် ပုံမှန်ဝင်ငွေထက် နှစ်ဆ သို့မဟုတ် သုံးဆအထိ ရရှိနိုင်သည်။ ဤကဲ့သို့ ရွေးချယ် စရာများ ရှိလာသောအခါ လူမိုက်ပင်လျှင် မည်သည်ကို ရွေးချယ်ရမည်ကို သိရှိပေလိမ့်မည်။

ရလဒ်အနေဖြင့် စက်ရုံရှိ ယာယီဝန်ထမ်းများနှင့် အလုပ်သမားသစ်များစွာမှာ အလုပ်ထွက်သွားကြသည်။ ယခင် က ဖော်ပြခဲ့သည့်အတိုင်း ယာယီဝန်ထမ်းများမှာ အလုပ်သမားစုစုပေါင်း၏ (၅၀) ရာခိုင်နှုန်းကျော် ရှိနေသည်။ ၎င်းတို့အားလုံး အလုပ်ထွက်သွားသည် မဟုတ်စေကာမူ တစ်ဝက်ကျော် ဆုံးရှုံးသွားရုံမျှဖြင့် ထိုလူမိုက်များကို သတ်ပစ်လိုက်သလို ဖြစ်သွားပေလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် နှစ်စဉ် အဓိကရရှိသော အော်ဒါများမှာ အီးဂဲလ်နိုင်ငံမှ ပေးအပ်သော စီးပွားရေး လုပ်ငန်းများ ဖြစ်သောကြောင့် ဖြစ်သည်။ အလုပ်သမား နှစ်သိန်း သို့မဟုတ် သုံးသိန်းကို တစ်ပြိုင်နက် ဆုံးရှုံး လိုက်ရခြင်းမှာ ကျန်ရှိသော အလုပ်သမားများ သေအောင်လုပ်လျှင်ပင် လုပ်ငန်းကို အပြီးသတ်နိုင်မည် မဟုတ်ပေ။

အကယ်၍ အီးဂဲလ်နိုင်ငံ၏ အော်ဒါကို အချိန်မီ မဖြည့်ဆည်းပေးနိုင်ပါက ၎င်း၏ ကံကြမ္မာမှာလည်း သေဆုံးခြင်း ပင် ဖြစ်လိမ့်မည်။ ထို့ကြောင့် အခြားရွေးချယ်စရာ မရှိတော့သည့်အဆုံး ကုမ္ပဏီ၏ ထိပ်တန်းအကြီးအကဲ ကော်တုထိုက်မှာ ယာယီဝန်ထမ်းများနှင့် အလုပ်သမားသစ်များ၏ ဆက်ဆံခံရမှုကို ဦးစွာ မြှင့်တင်ပေးပြီး 'အရည် အချင်း စစ်ပွဲ' ကို စတင်ရတော့သည်။

တစ်စုံတစ်ယောက်ကို ခေါ်ယူလိုပါက အခြားဘက်မှ ကမ်းလှမ်းသည့် လစာထက် နည်းသော လစာကို မပေးသင့် ပေ။ ယခင်က ယာယီဝန်ထမ်းများမှာ တစ်လလျှင် လီ (၅,၀၀၀) သို့မဟုတ် (၆,၀၀၀) သာ ရရှိခဲ့သော်လည်း ယခု အခါ (၁၀,၀၀၀) ကျော်အထိ တိုးမြှင့်လိုက်သည်။ အခမဲ့ နေထိုင်စရိတ်နှင့် ဈေးနှုန်းသက်သာသော ထမင်းစား စရိတ်များ ကဲ့သို့သော အကျိုးခံစားခွင့်များဖြင့် ယခုလက်ရှိ အစားအသောက် ပို့ဆောင်ရေး လုပ်ငန်းနှင့် ယှဉ်ပြိုင် နိုင်ပေလိမ့်မည်။

သို့သော်လည်း ဤသည်မှာ လုပ်အားခ စရိတ်များ သိသာစွာ တိုးမြင့်လာခြင်းကို ဖြစ်ပေါ်စေသည်။ အဓိက ဖောက်သည် ဖြစ်သော အီးဂဲလ်နိုင်ငံ ကုမ္ပဏီကို ကျေနပ်စေရန်နှင့် ဈေးကွက်ဝေစု ပိုမိုရရှိရန်အတွက် ကော်တုထိုက် မှာ တစ်ချိန်က သူ၏ မောက်မာမှုကို လျှော့ချကာ အမျိုးမျိုး ဖားယားခဲ့ရသည်။

၎င်းတို့မှာ 'ဖခင်' ဖြစ်သူက အခြား 'သား' များ ရှာဖွေခြင်းမှ ကာကွယ်ရန်နှင့် ၎င်းတို့ထံတွင်သာ အော်ဒါများ ပိုမို ပေးအပ်ရန်အတွက် အမြတ်အစွန်းများကို ကြိုတင် လျှော့ချပေးခဲ့ကြသည်။ ထိုစဉ်က သူသည် ပြည်မကြီးမှ ချောင် လည်သော လုပ်အားများမှာ ကုန်ဆုံးသွားစရာ မရှိဟု ထင်မှတ်ခဲ့သည်။ 'ဖခင်' ကို ကျေနပ်စေရန် ၎င်းတို့ကို ပိုမိုခေါင်းပုံဖြတ်ပြီး ကိုယ်တိုင်လည်း ငွေရှာနိုင်မည်ဆိုပါက မည်မျှ ကောင်းသနည်း။

တစ်နေ့တွင် တစ်စုံတစ်ယောက်က လုပ်အားခ ကြမ်းခင်းဈေးနှုန်းကို မြှင့်တင်လိုက်လိမ့်မည်ဟု လုံးဝ မမျှော်လင့် ထားခဲ့ပေ။ ငွေများအားလုံးမှာ ဤအလုပ်သမားများထံ ရောက်သွားခဲ့ပြီး 'ဖခင်' ၏ အကျိုးစီးပွားကို ထိခိုက်၍ မရသလို အော်ဒါများကိုလည်း အချိန်မီ ပေးအပ်ရဦးမည်။ မျက်တောင်တစ်ခတ်အတွင်း ကော်တုထိုက်မှာ ဆုံးရှုံး မှုကို ခံယူရတော့သည်။ ယခင်နှစ်များတွင် နှစ်စဉ် တိုးတက်မှုရှိခဲ့သော်လည်း ဤသည်မှာ ပထမဆုံးအကြိမ် အဖြစ် ငွေကြေးဆုံးရှုံးခြင်း ဖြစ်သည်။

သူသည် ဤအချက်ကို မည်သို့ သည်းခံနိုင်ပါမည်နည်း။ သူသည် ကုမ္ပဏီ၏ ထိပ်တန်းစီမံခန့်ခွဲမှု အစည်းအဝေး ကို ချက်ချင်း ခေါ်ယူပြီး လုပ်အားခ အနည်းဆုံးနှုန်းကို မြှင့်တင်နေသော ရန်သူကို ရင်ဆိုင်ဖြေရှင်းရန် နည်းလမ်း ရှာခိုင်းလိုက်သည်။ သူကိုယ်တိုင်လည်း ရပ်တန့်မနေဘဲ သတင်းစာရှင်းလင်းပွဲ ကျင်းပကာ လူသိရှင်ကြား ကြေညာလိုက်သည်မှာ၊

[မကြာသေးမီက ပြည်မကြီးရှိ အချို့သော ပုဂ္ဂိုလ်များနှင့် ကုမ္ပဏီများသည် ဈေးကွက်ကို ဖျက်ဆီးသော လုပ်ဆောင်ချက်များ လုပ်ဆောင်နေကြရာ ဤသည်မှာ အလွန်ပင် ဆိုးရွားသော ဖြစ်ရပ်တစ်ခုဟု ကျွန်ုပ် ယူဆပါသည်…။]

[နှစ်ပေါင်းများစွာအတွင်း ဈေးကွက်၌ လုပ်အားခ ကြမ်းခင်းဈေးနှုန်းအတွက် စံနှုန်းတစ်ခု အမြဲရှိခဲ့ပြီး မည်သူမျှ မဖျက်ဆီးခဲ့ဖူးပေ။ အဘယ်ကြောင့်နည်း။]

[အဘယ်ကြောင့်ဆိုသော် လုပ်အားခ အနည်းဆုံးနှုန်းကို အလွန်မြင့်မားစွာ မြှင့်တင်လိုက်ပါက လူများစွာတို့သည် ထိုနေရာသို့ အလုပ်သွားလုပ်ကြလိမ့်မည်။]

[အခြားကုမ္ပဏီများကလည်း အရည်အချင်းရှိသူများကို ဆွဲဆောင်ရန် လစာများ တိုးမြှင့်ပေးလိမ့်မည်ဖြစ်ရာ ထိုသည်မှာ လုပ်ငန်းများနှင့် လူ့အဖွဲ့အစည်း၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူ မဖြစ်ပေ။]

[ထို့ကြောင့် လုပ်အားခ အနည်းဆုံးနှုန်းကို လိုက်နာခြင်းမှာ ဈေးကွက် ဟန်ချက်ညီစေရန်နှင့် လူတို့ကို ပိုမိုကြိုးစား လုပ်ကိုင်ရန် အားပေးရန်အတွက် ဖြစ်သည်။]

[ကြိုးစားအားထုတ်သည့် အလေ့အကျင့်ကို မွေးမြူမှသာလျှင် မည်သည့်နေရာသို့ ရောက်ရောက် ဖယ်ရှားခြင်း မခံရမည်ဟု ကျွန်ုပ် ယုံကြည်သည်။]

[ငွေများလွန်းခြင်းမှာ ပျင်းရိမှုကို ပေါက်ဖွားစေနိုင်သည်။ ငွေပိုပေးခြင်းမှာ ပိုကောင်းသည်ဟု မထင်မှတ်ကြရန် အလုပ်သမားများကိုလည်း ကျွန်ုပ် တိုက်တွန်းလိုပါသည်။]

ဤအစီရင်ခံစာကို ထုတ်ပြန်လိုက်သည်နှင့် ရင်းနှီးမြှုပ်နှံသူ အများအပြားမှာလည်း လိုက်ပါ လုပ်ဆောင်လာ ကြသည်။

[လက်ရှိ ဟန်းဂရီးအုပ်စုသည် အလုပ်သမားများကို လုပ်ခလစာ အလွန်အကျွံ ပေးအပ်နေသည်။ အလွန်မြင့်မား သော လစာများမှာ လူငယ်များ၏ ရည်မှန်းချက်အတွက် အထောက်အကူ မဖြစ်စေသလို တရုတ်နိုင်ငံ၏ လုပ်ခ လစာ ဈေးကွက်ကိုလည်း ပျက်စီးစေပါသည်။]

[အလုပ်သမားများခင်ဗျား၊ အလိမ်မခံရပါနှင့်။ ဤသည်မှာ သင်တို့၏ စိတ်ကို အဆိပ်သင့်စေပြီး ရေတိုအကျိုး အမြတ်ဖြင့် သင်တို့အား ပျင်းရိစေရန် လှည့်ဖြားခြင်းသာ ဖြစ်သည်။]

[အကယ်၍ လူ့အဖွဲ့အစည်းတစ်ခုအတွင်းရှိ လူတိုင်းသည် မိမိ၏ အကျိုးစီးပွားအတွက်သာ ကြိုးစားနေကြ မည်ဆိုပါက ထိုလူ့အဖွဲ့အစည်းသည် နောက်ဆုံးတွင် မည်သို့ ဖြစ်လာပါမည်နည်း။]

[ကျွန်ုပ်တို့သည် ကြိုးစားအားထုတ်မှုနှင့် ဇွဲလုံ့လ၏ အစဉ်အလာကောင်းကို ထိန်းသိမ်းရမည်။ ငွေရှာခြင်းကိုသာ မတွေးတောပါနှင့်။ လူ့အဖွဲ့အစည်းအတွက် အကျိုးပြုခြင်းနှင့် တန်ဖိုးရှိခြင်းမှာသာလျှင် စစ်မှန်သော လိုက်စားမှု ဖြစ်သည်။]

ဤနည်းလမ်းဖြင့် ကော်တုထိုက်သည် ဟန်းဂရီးအုပ်စုအား ဆက်တိုက် စွပ်စွဲတိုက်ခိုက်ရန် အချို့သော အရင်းရှင် များနှင့် တဖြည်းဖြည်း ပူးပေါင်းလာခဲ့သည်။ ကော်တုထိုက်၏ မဟာမိတ်အဖွဲ့တွင် မပါဝင်သော အခြားသော အရင်းရှင် အုပ်စုများမှာလည်း အဆင်မပြေကြဘဲ လျှို့ဝှက်စွာ ဆွေးနွေးနေကြသည်။

“ဟန်းဂရီးအုပ်စုရဲ့ အစုရှယ်ယာရှင်အသစ်က စီးပွားရေး နိယာမတွေကို တကယ်ကို နားမလည်တာပါ။ ဒီလိုမျိုး စီးပွားရေးကို ဘယ်လိုလုပ် လုပ်နိုင်မှာလဲ…။”

“ဟုတ်တယ်လေ…၊ ပိုက်ဆံမရရုံတင်မကဘဲ တစ်ကမ္ဘာလုံးကို ရန်သူအဖြစ် သတ်မှတ်နေတာပဲ။ ဘယ်ကုမ္ပဏီ ကများ ဒီလိုမျိုး လုပ်ဖူးလို့လဲ။ လုံးဝ လူမိုက်ပဲ မဟုတ်လား…။”

“အစုရှယ်ယာရှင်တွေအတွက် တန်ဖိုးဖန်တီးပေးခြင်းမှာ စွန့်ဦးတီထွင်သူတွေရဲ့ စစ်မှန်တဲ့ ရည်မှန်းချက်ပဲ…။ အယ်လာမာရဲ့ ဈေးကွက်တန်ဖိုး ဘယ်လိုဖြစ်သွားလဲဆိုတာ ကြည့်လိုက်စမ်း။ အောင်မြင်မှု လုံးဝ မရှိဘူး…။”

“တကယ်လို့ ဟန်းဂရီးအုပ်စုက ဒီအတိုင်း ဆက်သွားနေမယ်ဆိုရင် ကြာကြာ ခံတော့မယ်လို့ မထင်ဘူး။ အဲ့ဒီ ပို့ဆောင်ရေးသမားတွေကို ငွေတွေပဲ ထုတ်ပေးနေရင် သူတို့ ဘဝပျက်သွားလိမ့်မယ်။ သူတို့ကိုယ်သူတို့များ မဟာလူသားလို့ ထင်နေကြတာလား…။”

“ဒီလိုမျိုး ဘယ်ကမှန်းမသိ ပေါ်လာတဲ့ လူရူးက နောက်ဆုံးမှာ ဘယ်လို သေသွားမလဲဆိုတာပဲ စောင့်ကြည့်လိုက် ကြတာပေါ့…။”

“ဟဲဟဲ၊ မစ္စတာချောင်၊ ဘယ်လိုမျိုး သေဆုံးခြင်းကို ဆိုလိုတာလဲ…။”

“ဟမ့်၊ အဆင့်မြင့် ပုဂ္ဂိုလ်တွေရဲ့ ကိတ်မုန့်ကို လာထိတဲ့သူဆိုတော့ ဘယ်လို သေဆုံးခြင်းမျိုး ဖြစ်မလဲဆိုတာ သိသာနေတာပဲ။ ပုန်းနေရင်တောင် အလကားပဲ…။”

“ပြောရရင် ဟုတ်တယ်၊ ဟန်းဂရီးအုပ်စုမှာ အစုရှယ်ယာရှင်အသစ် ပြောင်းလဲသွားတယ်ဆိုတာပဲ ကြားဖူးတယ်၊ ဒါပေမဲ့ ဒီလူရဲ့ ကိုယ်ရေးအချက်အလက်ကိုတော့ အခုထိ လျှို့ဝှက်ထားတုန်းပဲ…။”

“သာမန်ဆိုရင်တော့ သူ အသတ်ခံရတာ ကြာပြီပေါ့။ အခုဆိုရင် ဒီလောက် ပြဿနာတွေ များနေမှာလား။ ဒါပေမဲ့ စိတ်မပူပါနဲ့၊ တစ်နေ့နေ့တော့ သူ့ကို ရှာတွေ့မှာပါ…။”

“တောက်တောက်၊ တကယ်ကို ရှားပါးတယ်….။ သူက ကျွန်တော်တို့လို မြင့်မားတဲ့ နေရာမှာ ရပ်တည်ဖို့ အခွင့် အရေး ရှိနေတာကို အောက်ခြေအထိ ဆင်းသွားဖို့ပဲ ရွေးချယ်နေတာ။ သူ ဘာကို လိုချင်နေတာလဲလို့ ထင် သလဲ…။”

“ကျွန်တော် ထင်တာတော့ လူငယ်တစ်ယောက်ပဲ ဖြစ်ရမယ်။ အခုခေတ်မှာ လက်တွေ့ကို မမြင်ဘဲ စိတ်ကြီးဝင်နေ တဲ့ လူငယ်တွေ အမြဲရှိနေတာပဲလေ…။”

“ဟားဟား၊ ပြောရရင် ဒီခေတ်လူငယ်တွေ ကြည့်တဲ့အရာတွေက တကယ်ကို အဓိပ္ပာယ် မရှိလှပါဘူး….။”

“တစ်ခါတုန်းက ကျွန်တော်ဟာ အခုခေတ်လူငယ်တွေရဲ့ နှစ်သက်မှုကို နားလည်ဖို့ ကြိုးစားရင်း ကာတွန်းကား တစ်ကား ကြည့်ဖူးတယ်။ အဲ့ဒီထဲမှာ မဟာအာဏာကို ပိုင်ဆိုင်ထားတဲ့ နဂါးတစ်ကောင်က သူ၏ အဆင့်အတန်း နဲ့ ရာထူးကို စွန့်လွှတ်လိုက်တဲ့ အခန်းတစ်ခု ပါတယ်၊ အဲ့ဒါက နောက်ဆုံးမှာ သူ့မိသားစု ပျက်စီးခြင်းကို ဖြစ်ပေါ် စေခဲ့တယ်လေ…။”

All Chapters