← Chapters

အခန်း ၂၇၈

Vol. 28 Ch. 278

အခန်း ၂၇၈

Vol. 28 Ch. 278

အခန်း (၂၇၈)

ကျွန်ုပ်တို့သည် လူဦးရေဆိုင်ရာ အကျိုးအမြတ်ပေါ်တွင် မှီခိုခဲ့သည်မှာ မည်မျှကြာခဲ့ပြီနည်း

မျက်နှာပြင်တွင် လျန်ထျန်းသည် အစည်းအဝေးသို့ တက်ရောက်ခြင်းမရှိသော်လည်း အမှန်တကယ်တွင်မူ အခြား တစ်နေရာ၌ရှိနေကာ စောင့်ကြည့်ကင်မရာနှင့် နားကြပ်တို့မှတစ်ဆင့် အစည်းအဝေးတစ်ခုလုံးကို အချိန်နှင့် တစ်ပြေးညီ စောင့်ကြည့်နေခြင်းဖြစ်သည်။

တစ်ချိန်တည်းမှာပင် သူသည် နားကြပ်ရှိ မိုက်ခရိုဖုန်းကို အသုံးပြု၍ အစည်းအဝေးခန်းအတွင်းရှိ မစ္စတာဝမ်ထံ သို့ သူ၏ သဘောထားနှင့် အမြင်များကို တိုက်ရိုက် ပေးပို့နေသည်။ “အကြီးမားဆုံး ယဉ်ကျေးမှုဆိုသည်မှာ လူအ များတို့သည် စိတ်အေးချမ်းသာစွာဖြင့် နေထိုင်လုပ်ကိုင်စားသောက်နိုင်ခြင်းပင် ဖြစ်သည်” ဟူသော အဆိုပြုချက် မှာ သူ၏လက်ချက်ပင် ဖြစ်သည်။

အစည်းအဝေး ဆက်လက်ဖြစ်ပွားနေစဉ်တွင် ညွှန်ကြားရေးမှူးယုက တိုက်စစ်ဆင်လာသည်။

“စိတ်အေးချမ်းသာစွာ နေထိုင်လုပ်ကိုင်စားသောက်တာ ဟုတ်လား။ သာမန်လူတန်းစားတွေက ဘာဖြစ်လို့ စိတ် အေးချမ်းသာစွာနဲ့ မနေထိုင်၊ မလုပ်ကိုင်စားသောက်နိုင်ရမှာလဲ။ မင်းတို့မရောက်ခင်က သူတို့တွေ ကောင်း ကောင်းမွန်မွန် နေထိုင်နေကြတာပဲ မဟုတ်ဘူးလား။ တစ်ယောက်ယောက် ငတ်ပြတ်သွားတာမျိုး၊ ဒါမှမဟုတ် လမ်းဘေးရောက်သွားတာမျိုး ရှိခဲ့လို့လား….။”

“မင်းတို့ရောက်လာလို့သာ သူတို့တွေ မရောင့်ရဲနိုင်ဖြစ်ပြီး လက်တွေ့မကျတဲ့ အိပ်မက်တွေ မက်နေကြတာ။ မင်း တို့ ဈေးကွက်ကို ဖျက်ဆီးနေတာကို သိရဲ့လား။ ပိုပြီးယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်ဖို့ဆိုရင် တို့လို အရင်းအနှီးရှိတဲ့သူတွေရဲ့ လမ်းညွှန်မှု လိုအပ်တယ်။ အထူးသဖြင့် အခုလို မြို့တိုင်းက ယဉ်ကျေးတဲ့ မြို့တော်ဖြစ် အောင် ပြိုင်ဆိုင်နေကြတဲ့အချိန်မှာ တို့တွေက အခြေအနေအားလုံးကို ထည့်သွင်းစဉ်းစားရမှာ ဖြစ်တယ်…။”

ထိုစကားကို ကြားသောအခါ မစ္စတာဝမ်သည် ကျယ်လောင်စွာ ရယ်မောလိုက်သည်။

“ယဉ်ကျေးမှု တည်ဆောက်တာတို့၊ လူမှုအဖွဲ့အစည်း တိုးတက်ဖို့ဆိုတာတွေ ဟုတ်လား။ ဒါတွေက ဝေးလံလွန်း ပြီး လက်ဆုပ်လက်ကိုင်မပြနိုင်တဲ့ ပန်းတိုင်တွေသက်သက်ပဲ။ အဲဒီအရာတွေကို လိုက်အကောင်အထည်ဖော်နေ ချိန်မှာ သာမန်လူတန်းစားတွေဘက်ကနေ တစ်ချက်လောက်တောင် တွေးပေးဖူးလား။ လူတွေရဲ့ ရင်ဖွင့်သံကိုရော နားစွင့်ဖူးရဲ့လား။ မင်းတို့က အမြဲတမ်း အပေါ်ယံပဲကောင်းပြီး လက်တွေ့မကျတာတွေကိုပဲ လိုက်လုပ်နေတာ၊ ပြည်သူတွေရဲ့ တကယ့်အကျပ်အတည်းတွေကိုကျတော့ လျစ်လျူရှုထားလို့ လူမှုရေးပြဿနာတွေ တသီတတန်း ကြီး ဖြစ်လာရတာပေါ့….။”

“ဥပမာအားဖြင့် သာမန်လူတွေ နေ့တိုင်းရင်ဆိုင်နေရတဲ့ အလုပ်အကိုင်၊ နေထိုင်စရာ၊ ပညာရေးနဲ့ ကျန်းမာရေး ပြဿနာတွေပဲ ကြည့်လေ။ ငါတို့တွေ ကိုယ့်ကိုယ်ကိုယ် ရိုးရိုးသားသားပဲ မေးကြည့်ကြရအောင်၊ ယဉ်ကျေးတဲ့ လူ့ပတ်ဝန်းကျင်တစ်ခု ဖန်တီးတယ်ဆိုတဲ့နေရာမှာ ပြည်သူတွေရဲ့ ဘဝရပ်တည်မှုကို တကယ်ရော ထိပ်ဆုံးက အလေးထားခဲ့ဖူးလို့လား…။”

ထိုစကားကြောင့် ညွှန်ကြားရေးမှူးယု၏ မျက်နှာမှာ မည်းမှောင်သွားသည်။ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သူက ဆက်ပြောသည်။

“ဈေးကွက်ကို ဖျက်ဆီးတယ်ဆိုတာအတွက် ဒါက ဆင်ခြေဖြစ်လို့မရဘူး။ ကြည့်လိုက်စမ်း၊ အခုဆို စက်ရုံအား လုံးမှာ လူရှင်းနေပြီ။ နောက်တစ်ချက်က လမ်းတိုင်းမှာ အစားအသောက်ပို့တဲ့သူတွေက လျှပ်စစ်စကူတာတွေကို စည်းကမ်းမဲ့ မောင်းနေကြတာ မြို့ရဲ့ပုံရိပ်ကို တကယ်ထိခိုက်တယ်။ မင်းတို့ ဒါကို လုံးဝ ဂရုမစိုက်ကြဘူးလား…။”

မစ္စတာဝမ်သည် လျန်ထျန်း၏ စကားသံကို နားကြပ်မှတစ်ဆင့် ဂရုတစိုက် ပြန်လည် ပြောကြားလိုက်သည်။

“ဟုတ်တယ်၊ ငါတို့တွေ လုံးဝ ဂရုမစိုက်ဘူး။ တို့ အလေးထားတာက ပြည်သူတွေကိုပဲ။ ဘယ်လိုအဆင့်အတန်း မျိုး၊ ဘယ်လိုယဉ်ကျေးမှုမျိုးပဲ တည်ဆောက်တယ်ပြောပြော...၊ ပထမဆုံး စဉ်းစားရမှာက ဒါပဲလေ။ သာမန်ပြည် သူ တွေ ဝင်ငွေရမယ့်၊ လုပ်ကိုင်စားသောက်လို့ရမယ့် အလုပ်မှန်သမျှကို တို့တွေ အကုန်လုပ်ပေးမှာ၊ သူတို့ရဲ့ ဝမ်းရေး လမ်းကြောင်းကို ပိတ်ဆို့နေတဲ့အရာ မှန်သမျှကိုလည်း အကုန်ရှင်းပစ်မယ်။ တို့ အမြဲပြောခဲ့သလိုပဲ….၊ တကယ့် အကြီးမားဆုံး ယဉ်ကျေးမှုဆိုတာ လူတွေအကုန်လုံး အေးအေးဆေးဆေး စိတ်ချလက်ချ နေထိုင်လုပ် ကိုင် စား သောက်နိုင်တာကို ခေါ်တာ။ ပြည်သူတွေရဲ့ လူနေမှုဘဝကို မြှင့်တင်ပေးနိုင်ဖို့ပဲ တကယ့်ကို အရေးကြီး ဆုံးပဲ…။”

ဤနေရာတွင် ညွှန်ကြားရေးမှူးယုမှာ စိတ်မရှည်တော့ပေ။

“ဒီလူ့ပတ်ဝန်းကျင်မှာ သာမန်လူတန်းစားတွေပဲ ရှိတာမလို့လား။ မင်းတို့ ဒီလိုတွေ လျှောက်လုပ်နေရင် ငါတို့လို အရင်းအနှီးစိုက်ထုတ်ထားတဲ့သူတွေက ဘယ်လိုသွားပြိုင်နိုင်တော့မှာလဲ။ နောင်ကျရင် ဘယ်သူက စက်ရုံထောင် ပြီး စီးပွားရေး လာလုပ်တော့မှာလဲ။ စက်ရုံတွေ၊ ကုမ္ပဏီတွေသာ မရှိတော့ရင်... အစားအသောက် ပို့တာလောက် နဲ့တင် လူဦးရေ တစ်သန်းကျော်ကို ထိုင်ကျွေးထားနိုင်မယ် ထင်နေလား။ ဦးနှောက်ကို နည်းနည်းလောက် သုံးပြီး တွေးစမ်းပါဦး…။”

ညွှန်ကြားရေးမှူးယု၏ စိတ်ထိန်းချုပ်မှု ပျက်ပြားနေခြင်းနှင့် မတူဘဲ မစ္စတာဝမ်မှာမူ တည်ငြိမ်စွာပင် ခေါင်းယမ်း လိုက်လေသည်။

“ငါတို့ရဲ့ အယ်လ်မြို့မှာလည်း စီးပွားရေးလုပ်ငန်းတွေရော၊ စက်ရုံတွေရော အများကြီး ရှိတာပဲလေ။ ဒါပေမဲ့ အလုပ် သမားတွေရဲ့ ရပိုင်ခွင့်နဲ့ အခြေအနေတွေကို မြှင့်တင်ပေးလိုက်လို့ တို့ စီးပွားပျက်သွားတာမျိုး မရှိခဲ့ပါဘူး။ တို့က စီးပွားရေးစနစ်ကို အပေါ်ယံတင်မဟုတ်ဘဲ တကယ့် အဆင့်အတန်းတစ်ခုဖြစ်အောင် မြှင့်တင်ဖို့ လိုနေ တာ…။”

“လုပ်အားခ ခေါင်းပုံဖြတ်ပြီး ဈေးကွက်ထဲ ယှဉ်ပြိုင်တဲ့ခေတ်က ခေတ်ကုန်သွားပြီ။ တခြားနည်းလမ်းက ကုန် ပစ္စည်း အရည်အသွေးကို မြှင့်တင်ဖို့ပဲ။ ပစ္စည်းကောင်းရင် ဈေးကောင်းရမှာပဲ၊ အမြတ်လည်း ပိုထွက်မှာပဲ။ ဒါ တွေက ပြောင်းလဲပစ်လို့ရတဲ့ နည်းလမ်းတွေပဲဥစ္စာ။ ငါတို့တွေ တောင် လုပ်နိုင်ခဲ့တာပဲ၊ မင်းတို့လည်း မလုပ်နိုင်စ ရာ အကြောင်းမရှိဘူးလို့ ယုံကြည်တယ်…။”

ဤတွင် ညွှန်ကြားရေးမှူးယု၏ စိတ်ဓာတ်မှာ ပြိုလဲလုနီးပါး ဖြစ်သွားသည်။

“စီးပွားရေး အဆင့်မြှင့်ဖို့နဲ့ လမ်းစအသစ် ရှာဖို့ဆိုတာ ပိုက်ဆံလိုတယ် မဟုတ်လား။ အဲဒီပိုက်ဆံက ဘယ်က ထွက်လာမှာလဲ။ လူဦးရေ အင်အားအပေါ် အမြတ်မထုတ်ဘဲနဲ့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲဗျာ။ အရာရာက တဖြည်းဖြည်းချင်း သွားရမှာပေါ့။ မင်းနောက်မှာ တစ်စုံတစ်ယောက်က ထောက်ခံပံ့ပိုးပေးနေလို့သာ လွယ်နေသယောင်ယောင် လျှောက်ပြောနိုင်တာ။”

“ငါတို့တွေကျတော့ အခြေအနေချင်း မတူဘူး၊ အဓိကလုပ်ကိုင်နေတာက နိုင်ငံခြားကုန်သွယ်ရေး၊ အကြီးဆုံး ဖောက်သည်ကလည်း အီးဂဲလ်နိုင်ငံက ကုမ္ပဏီကြီး။ ဈေးနှုန်း သတ်မှတ်တဲ့အပိုင်မှာ တို့မှာ ဘာအာဏာမှ မရှိဘူး။ ဈေးကွက်ထဲမှာ နေရာရဖို့အတွက် လုပ်အားခကို နှိမ်ထားရမှာပဲ။ မင်းက ဘာမှနားမလည်ဘဲနဲ့ ပါးစပ်ထဲရှိရာ လျှောက်ပြောရတာ လွယ်နေတာပေါ့။ အစစအရာရာ အားလုံးကို ခြုံပြီး စဉ်းစားစမ်းပါ၊ နားမလည်ဘူးလား…။”

သူ့မျက်နှာချင်းဆိုင်တွင် မစ္စတာဝမ်သည် လျန်ထျန်း၏ အသံကို နားကြပ်မှတစ်ဆင့် ထပ်မံရရှိပြီး ညွှန်ကြားရေး မှူးယု၏ စကားကို ပြတ်သားစွာ ဖြတ်ပြောလိုက်သည်။

“မင်းတို့တွေ လူဦးရေအင်အားကို ခုတုံးလုပ်ပြီး အမြတ်ထုတ်လာတာ ဘယ်လောက်တောင် ကြာနေပြီလဲ။ မတင်း တိမ်နိုင်ကြသေးဘူးလား။ မဟုတ်သေးပါဘူး...၊ မင်းတို့တွေ ချမ်းသာချင်တိုင်း ချမ်းသာပြီးလှပြီ။ ဒါပေမဲ့ လုပ်ငန်း အဆင့်မြှင့်တင်ဖို့အတွက် ပြန်ပြီး ရင်းနှီးမြှုပ်နှံရမယ့်အစား ကိုယ့်ဘဏ္ဍာကိုယ်ပဲ အိတ်သွန်ဖာမှောက် ဖြည့်နေကြ တာ။ အဲဒီတော့မှ မင်းတို့က သားစဉ်မြေးဆက် ကြွယ်ဝချမ်းသာလာပြီး အလုပ်သမားတွေကျတော့ အောက်ခြေ ကနေ လုံးဝ ရုန်းမထွက်နိုင်ဘဲ ဝပ်တွားနေကြရတာပေါ့…။”

“သူတို့ကို ပိုပြီး ဖိနှိပ်ချုပ်ချယ်ထားနိုင်ဖို့ဆိုရင် မင်းတို့က နည်းမျိုးစုံ သုံးနေကြတာ မဟုတ်လား။ မိုးထိအောင် တက်နေတဲ့ အိမ်ဈေးတွေကိုပဲ ကြည့်ဦးလေ၊ ဒါထက် ရှင်းတာ ရှိသေးလား။ အိမ်တစ်လုံး ဝယ်နိုင်ဖို့အတွက်နဲ့တင် လူတစ်ယောက်ရဲ့ ဘဝတစ်ခုလုံး ဓားစာခံဖြစ်သွားရပြီး၊ လွတ်လပ်ခွင့်တွေလည်း ဆုံးရှုံး... နောက်ဆုံးတော့ မင်း တို့ခိုင်းသမျှပဲ ရိုးရိုးသားသားနဲ့ အပင်ပန်းခံ လုပ်ပေးနေကြရတာ…။”

ဤတွင် ညွှန်ကြားရေးမှူးယုမှာ စကားမထွက်တော့သော်လည်း မကျေနပ်သည့် လေသံဖြင့် ပြန်ပြောလေသည်။

“မင်းက တကယ်ရော စီးပွားရေးသမား ဟုတ်လို့လားဗျာ။ ဘာလို့ အမြဲတမ်း ဒီဆင်းရဲသား သာမန်လူတန်းစား တွေဘက်ကပဲ ရှေ့နေလိုက်ပေးနေရတာလဲ။ ငါတို့က စီးပွားရေးသမားတွေလေ၊ စီးပွားရေးလုပ်ရင် ပိုက်ဆံရှာရ မှာပေါ့၊ ဘာလို့ မရှာဘဲ နေရမှာလဲ။ သူများကိစ္စတွေကိုကော ဘာလို့ အားအားယားယား လိုက်ပတ်သက်နေရမှာ လဲ။ လုပ်အားခ သက်သက်သာသာနဲ့ လူအင်အား သုံးလို့ရတုန်း၊ အမြတ်ထုတ်လို့ ရနေတုန်းမှာ... ရသလောက် ပိုက်ဆံကျုံးရှာရမှာ မဟုတ်ဘူးလား…။”

“သူများထက် အဆင့်အတန်းမြင့်မြင့် နေရတဲ့ အရသာကို မင်းမကြိုက်ဘူးလား။ ငါတို့က ခေါင်းဆောင်နေရာ၊ ဒီအဆင့်အထိ ရုန်းကန်တက်လှမ်းလာပြီးမှ အောက်ခြေက သာမန်အလုပ်သမားတွေလို စက်ရုံထဲမှာ ဝက်အူ လိုက်လှည့်နေရမှာလား။ နေပါဦး... 'ဟန်းဂရီးအုပ်စု' ရဲ့ အကြီးဆုံး ရှယ်ယာရှင်ဆိုတဲ့လူကရော သာမန် ပို့ဆောင် ရေးသမားလို လမ်းဘေးမှာ အစားအသောက် လိုက်ပို့နေရမှာလား…။”

အခြားတစ်ဖက်တွင် လျန်ထျန်းသည် ညွှန်ကြားရေးမှူးယု၏ စကားကို နားကြပ်မှတစ်ဆင့် ကြားလိုက်ရသောအခါ နှလုံးသားမှာ လှုပ်ခါသွားသည်။

*သေစမ်း...၊ သူတို့က ငါ အစားအသောက် ပို့နေတာကို ဘယ်လိုလုပ် သိသွားတာလဲ…။*

သို့သော် လျန်ထျန်းသည် လျင်မြန်စွာပင် စိတ်အေးသွားပြီး သူရွေးချယ်ခဲ့သည့် လမ်းကြောင်းအတွက် ကျေးဇူး တင်မိသွားလေသည်။

*ငါ နေ့တိုင်း အစားအသောက် လိုက်ပို့နေလို့ပဲ သူတို့ ငါ့ကို ရှာမတွေ့နိုင်ကြတာ ဖြစ်မှာပါ။ ဒါလည်း ဟုတ်တာပဲ လေ...၊ သူတို့ စိတ်ကူးထဲမှာတော့ ဟန်းဂရီးအုပ်စုရဲ့ အဓိက ရှယ်ယာရှင်ကြီးဆိုတာ ဟိုတယ်ကြီးတွေမှာ ခြေဆန့်၊ အဆင့်မြင့် အစည်းအဝေးတွေ တက်ပြီး စတိုင်ကျကျ နေနေမှ ဟုတ်လိမ့်မယ်လို့ တွေးနေကြမှာပေါ့…။*

*အရင်နှစ်ကြိမ်က မတော်တဆ လူသိမလို ဖြစ်သွားပြီးနောက်ပိုင်း ငါ ပိုပြီး သတိဝီရိယ ထားခဲ့ရတယ်။ အရင်က အထောက်အထား လက္ခဏာမှန်သမျှ အကုန်ဖျက်ဆီးပစ်ပြီး 'တောက်ရင်' အကောင့်ကိုပါ ပိတ်ပစ်လိုက်တာ။ အခု ဆို ငါ့ဘက်က သက်သက်မဲ့ ထုတ်မပြောသရွေ့တော့...၊ ဟန်းဂရီးအုပ်စုရဲ့ ရှယ်ယာရှင်ကြီး က အောက်ခြေ က သာမန်ပို့ဆောင်ရေးသမားလို နေ့တိုင်း အစားအသောက် လိုက်ပို့နေလိမ့်မယ်လို့ ဘယ်သူကများ ထင်မှတ် ထားနိုင်မှာလဲ…။*

တစ်ချိန်တည်းမှာပင် အစည်းအဝေးမှာ ဆက်လက်ဖြစ်ပွားနေသည်။ မစ္စတာဝမ်သည် တည်ငြိမ်သော လေသံကို ဆက်ထိန်းထားခဲ့လေသည်။

“လမ်းစဉ်ချင်း မတူတဲ့သူတွေနဲ့တော့ အစီအစဉ်တွေ အတူတူမချမှတ်နိုင်ဘူး။ မင်းတို့ဆီမှာ ဒီလိုစိတ်ကူးမျိုးတွေ ရှိနေမှတော့ ရှေ့ဆက်ပြီး ဆွေးနွေးစရာ မလိုတော့ဘူး။ အတိုချုပ်ပြောရရင် ငါတို့တွေ ယုံကြည်တာကတော့...၊ အရင်းအနှီးတွေ တိုးတက်လာတာ၊ ကုမ္ပဏီတွေ ဖွံ့ဖြိုးလာတာဟာ ပြည်သူအများစုရဲ့ ဘဝကို ပိုပြီး ကောင်းမွန် လာစေဖို့ဆိုတဲ့ ရည်ရွယ်ချက်အပေါ်မှာပဲ အခြေခံသင့်တယ်။ ခေတ်ရဲ့ ရှေ့တန်းမှာ ရပ်တည်နေပြီးတော့ ပြည်သူ တွေကို အမြတ်ထုတ်ဖို့၊ ဖိနှိပ်ဖို့နဲ့ ပိုက်ဆံရှာဖို့ပဲ တွေးနေပြီး ကိုယ့်ကိုယ်ကိုယ် သူများထက် သာလွန်တယ်လို့ ထင် နေတဲ့ မင်းတို့လို လူမျိုးတွေနဲ့ တို့တွေ မတူဘူး…။”

ခေတ္တရပ်နားပြီးနောက် မစ္စတာဝမ်သည် လျန်ထျန်း ပြောသမျှကို နားထောင်ပြီးမှ ဆက်ပြောသည်။

“မင်းတို့ကို အချိန်တွေ၊ အခွင့်အရေးတွေ ဒီလောက်တောင် ပေးခဲ့ပြီးပြီပဲ။ အရင်ဆုံး လက်ဦးမှုရပြီး ချမ်းသာသွား တဲ့သူတွေက နောက်က ဆင်းရဲသားတွေကို ပြန်တွဲခေါ်ရမယ်ဆိုတဲ့ မူဝါဒ မူလကတည်းက ရှိခဲ့တာ မဟုတ်လား။ အခုကျတော့ ဘာဖြစ်သွားလဲ...။ မင်းတို့ရဲ့ လောဘဇောတွေကြောင့် ချမ်းသာတဲ့ကောင်တွေပဲ တထက်တပိုး ပိုချမ်းသာလာပြီး ဆင်းရဲတဲ့သူတွေကတော့ အောက်ခြေမှာ ကပ်ကျန်ခဲ့ပြီ။ ဆင်းရဲချမ်းသာ ကွာဟမှုကြီးကလည်း ပိုပြီးတော့ တင်းကျပ်လာခဲ့ရတယ်….။”

“မင်းတို့တွေ နောင်တရပြီး ပြောင်းလဲဖို့ မတွေးတဲ့အပြင်၊ ပြည်တွင်းက ကိုယ့်လူမျိုးအချင်းချင်းကျတော့ နှိပ်ကွပ် ပြီး နိုင်ငံခြား အရင်းအနှီးရှင်တွေ အိတ်ဖောင်းဖို့ကျတော့ ကြိုးစားပမ်းစား ကူညီပေးနေကြတာ။ မင်းတို့ဆီမှာ လူသားချင်းစာနာတဲ့ ကိုယ်ကျင့်တရားဆိုတာ လုံးဝ မရှိတော့ဘူး…။”

“ဘုန်း...။”

ဒေါသထွက်သွားသော ညွှန်ကြားရေးမှူးယုသည် စားပွဲကို လက်သီးဖြင့် ထုပြီး ထရပ်လိုက်သည်။

“လူဆိုတာမျိုးက 'ကိုယ့်အတွက်ကိုယ် မကြည့်ရင် ကောင်းကင်နဲ့ မြေကြီးကပါ အနုမြူမှုန့် ဖြစ်အောင် ဖျက်ဆီး ပစ်လိမ့်မယ်' ဆိုတဲ့အတိုင်းပဲလေ။ ဒီလောကကြီးမှာ အတ္တမရှိတဲ့ကောင် ဘယ်ကောင် ရှိလဲဗျာ။ ငါတို့တွေ က တော့ ငါတို့ကို ပိုက်ဆံပေးနိုင်တဲ့သူ၊ ငါတို့အတွက် အမြတ်ထွက်မယ့်သူနဲ့ပဲ လက်တွဲတယ်။ မင်းတို့က ငါတို့ရဲ့ ပိုက်ဆံရှာတဲ့ လမ်းကြောင်းကို လာပိတ်ဆို့ချင်တာလား...။ အဲဒီလိုလုပ်ရင် ဘာဖြစ်သွားမလဲဆိုတဲ့ အကျိုးဆက် ကိုတော့ မင်းတို့ ကြိုပြီး တွက်ချက်ထားကြပေါ့….။”

မစ္စတာဝမ်သည် ခေတ္တရပ်နားပြီးနောက် လျန်ထျန်း၏ အသံကို နားထောင်ကာ စကားလုံးတစ်လုံးချင်းစီကို ပြတ်သားစွာ ပြောလိုက်သည်။

“ဘယ်သူမဆို ပြည်သူတွေရဲ့ အကျိုးစီးပွားကို လာထိခိုက်ရင် ငါတို့တွေက သူတို့ရဲ့ ထမင်းအိုးကို ရိုက်ခွဲပစ်မှာပဲ။ စကားတွေ အများကြီး လျှောက်ပြောနေဖို့ မလိုပါဘူး၊ သန်မာတဲ့သူပဲ အသက်ရှင်ကျန်ရစ်မယ့် လောကဆိုတော့ တို့တွေရဲ့ တာဝန်ကိုပဲ တို့တွေကျေပွန်အောင်လုပ်ပြီး ရလဒ်ကို ကြည့်ကြတာပေါ့။ အိုဟောင်းဆွေးမြည့်နေတဲ့ ဒီလောကကြီးကိုပဲ ဖက်တွယ်ထားချင်တဲ့ မင်းတို့လို အတ္တသမားတွေ နိုင်မလား၊ ဒါမှမဟုတ် ပြည်သူတွေအတွက် အနစ်နာခံပြီး ကမ္ဘာသစ်တစ်ခုကို တည်ဆောက်မယ့် တို့တွေပဲ အနိုင်ရမလားဆိုတာ စောင့်ကြည့်ကြတာပေါ့…။”

အစည်းအဝေးမှာ မကျေနပ်ချက်များဖြင့် အဆုံးသတ်သွားခဲ့သည်။ ပြန်ရောက်သောအခါ ညွှန်ကြားရေးမှူးယုက ထိုအကြောင်းကို ကော်တုထိုက်ထံ အစီရင်ခံသည်။ ကြားပြီးနောက် ကော်တုထိုက်မှာ မျက်မှောင်ကြုတ်သွား သည်။

“ဒီလောကမှာ တကယ်ပဲ အတ္တကင်းတဲ့ လူစုတစ်စု ရှိနိုင်ပါ့မလား။ ငါကတော့ မယုံဘူး.... သူတို့နောက်ကွယ်မှာ တခြား လျှို့ဝှက်တဲ့ ရည်ရွယ်ချက် တစ်ခုခု ရှိနေရမယ်။ အရင်က ပြည်မကြီးက ချောင်ဆိုတဲ့လူလိုပေါ့၊ သူက နာမည်ကြီးချင်လို့ အလှူဒါနတွေ အများကြီး လုပ်ပြခဲ့တာလေ။ ဒါပေမဲ့ တကယ်တမ်းကျတော့ လူတွေအာရုံ စိုက်လာအောင်၊ အရင်းအနှီးတွေ ပိုတိုးပွားလာအောင် လုပ်နေတာ မဟုတ်ဘူးလား…။”

“နောက်ဆုံးတော့ သူတို့က အီးဂဲလ်နိုင်ငံမှာပါ သွားပြီး စက်ရုံဖွင့်သေးတယ်။ ချောင်ဆိုတဲ့လူမှာ ဇိမ်ခံအိမ်ကြီးတွေ အများကြီး ရှိတယ်ဆိုတာ ငါ သေသေချာချာ သိတယ်။ အိမ်တစ်လုံးဆိုရင် စတုရန်းမီတာ (၆,၀၀၀) တောင် ကျယ်ပြီး အိမ်ဖော် (၁၆) ယောက်နဲ့ကို အခိုင်းအစေ ထားထားတာ၊ အဖိုးတန် ရှေးဟောင်းပစ္စည်းတွေနဲ့ ဝိုင် ကောင်းတွေလည်း အများကြီးပဲ….။”

“အခုဆိုရင် ချောင်မိသားစုကို ပြည်မကြီးရဲ့ ထိပ်တန်း အရင်းအနှီးအုပ်စုထဲမှာ ထည့်လို့ရနေပြီ။ ဒီအုပ်စုရဲ့ နောက်ကွယ်က လျှို့ဝှက်အစုရှယ်ယာရှင်ကလည်း ချောင်ဆိုတဲ့လူကို အတုခိုးပြီး အရင်ဆုံး လူတွေရဲ့ ယုံကြည် မှုကို ရအောင်လုပ်၊ ပြီးမှ ရင်းနှီးမြှုပ်နှံသူတွေကို ရက်ရက်စက်စက် လိမ်ဖို့ ကြိုးစားနေတာ ဖြစ်ရမယ်...။”

“အဆုံးမှာတော့ သူတို့အားလုံးက အတူတူပါပဲ။ ဒါပေမဲ့ သူက စည်းကမ်းကို မသိဘူး၊ ဒီအိုင်ဒီယာမျိုးရှိရင် ငါနဲ့ အရင်ဆုံး ဆွေးနွေးသင့်တာ။ နောက်ပြီး ဘယ်လိုအခြေအနေမျိုးမှာမဆို လုပ်အားခကို မြှင့်ပေးဖို့ မဖြစ်သင့်ဘူး၊ ချောင်ဆိုတဲ့လူတောင် အဲဒီတုန်းက မလုပ်ရဲခဲ့ဘူး။ အဲဒီတုန်းက သူက အခွန်ငွေ ယွမ် (၁၆) ဘီလီယံ လှူလိုက် တော့ အလုပ်သမားတွေက ဒေါသထွက်ပြီး ဝိုင်းဝေဖန်ခဲ့ကြတာလေ၊ သူတို့ရဲ့ လုပ်အားခကိုကျတော့ မတိုးပေးဘဲ ယွမ် (၁၆) ဘီလီယံကြီးများတောင် သွားလှူရမလားဆိုပြီး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်တာ….။”

“နောက်ဆုံးတော့ အရင်းအနှီးအုပ်စုကြီးတွေ အားလုံး စုပေါင်းပြီး သူ့အတွက် ဆင်ခြေတစ်ခု ရှာပေးလိုက်ရတယ်၊ 'အလုပ်သမားတွေကို လုပ်အားခ မတိုးပေးတာက ဈေးကွက်ဟန်ချက် ပျက်မှာစိုးလို့ဖြစ်ပြီး အလှူလုပ်တာနဲ့ မဆိုင်ပါဘူး' ဆိုပြီးတော့ပေါ့။ ကြည့်စမ်း... ဒီနည်းလမ်းက ပိုပြီး အကွက်စေ့တဲ့ ဖြေရှင်းနည်း မဟုတ်ဘူးလား။ အတူတူ ညှိနှိုင်းဆွေးနွေးသင့်တာပေါ့၊ ဘာလို့ တို့တွေကို လာပြီး ဆန့်ကျင်နေရတာလဲ….။”

ခေတ္တရပ်နားပြီးနောက် ကော်တုထိုက်သည် စဉ်းစားခန်း ဝင်လိုက်သည်။

*မဖြစ်သေးဘူး၊ ချောင်ဆိုတဲ့သူဆီ သွားတွေ့မှ ဖြစ်မယ်၊ သူက ပြည်မကြီး အရင်းအနှီးလောကမှာ အခု ကောင်း ကောင်း ခြေကုပ်ယူထားတယ်။ အိမ်ရှေ့က နှစ်တန်ရှိတဲ့ ဖီရှူးရုပ်ထုကို အဲဒီတုန်းက လူတစ်ယောက်နဲ့ လုပ်ခိုင်း ခဲ့တာ၊ ဘယ်သူ့ကိုမှ မပြောခဲ့ဘူး။ အခုလို ဖြစ်လာပြီဆိုတော့ ပြည်မကြီး အရင်းရှင်တွေက ဘေးထွက်နေလို့ မရ တော့ဘူး။ မင်းတို့အားလုံး ဟန်းဂရီးအုပ်စုရဲ့ လျှို့ဝှက် အစုရှယ်ယာရှင်ကို ဖယ်ရှားပစ်ဖို့ နည်းလမ်းရှာကြ ရ မယ်…။*

All Chapters