အခန်း ၂၈၀
Vol. 28 Ch. 280
အခန်း(၂၈၀)
ပြည်သူတို့အတွက် ထင်းခွေသူတို့အား စိတ်ဓာတ်မကျစေရ။
ထိုနေ့တွင် လျန်ထျန်းသည် အစားအသောက် ပို့ဆောင်ပေးနေစဉ် အမည်မသိ ဖုန်းနံပါတ်တစ်ခုမှ ဖုန်းခေါ်ဆိုမှုကို ရရှိလိုက်သည်။ ဖုန်းကို လက်ခံလိုက်သောအခါ အသံပြောင်းစက်ဖြင့် ပြောင်းလဲထားသော အသံတစ်ခုကို ကြား လိုက်ရသည်။
“ဟန်းဂရီးအုပ်စုရဲ့ နောက်ကွယ်က ကြိုးကိုင်သူ၊ မင်း အခုဆိုရင် လွတ်မြောက်ဖို့ လမ်းမရှိတော့ဘူး။ မင်းကို ငါတို့ ရှာတွေ့သွားပြီ။ ဖန်စက်ရုံဟောင်းဆီ လာခဲ့ပြီး စကားပြောကြရအောင်...။”
“ထွက်ပြေးဖို့ ကြိုးစားမနေနဲ့၊ မင်း ထွက်ပြေးရင် မင်းအတွက် တခြားလူတွေ အပြစ်ပေးခံရလိမ့်မယ်။ မင်း ကြောင့် လူအများကြီး ဒုက္ခရောက်တာကို မင်း မမြင်ချင်ဘူး မဟုတ်လား...။”
လျန်ထျန်းတစ်ခွန်းမျှ ပြန်ပြောခွင့်မရလိုက်ဘဲ ဖုန်းမှာ ရုတ်တရက် ပြတ်တောက်သွားသည်။ လျန်ထျန်းက ဖုန်းကို ပြန်ခေါ်ကြည့်သော်လည်း ထိုနံပါတ်မှာ ဆက်သွယ်၍ မရတော့ပေ။
ထိုအခါ သူ၏ တစ်ကိုယ်လုံးတွင် အအေး ဓာတ်တစ်ခု ဖြတ်သန်းသွားသည်။ နွေရာသီ အလယ်တွင် ရှိနေသော် လည်း လျန်ထျန်းမှာ ရေခဲတိုက်ထဲသို့ ကျရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ နောက်တစ်စက္ကန့်တွင် သူသည် မသိစိတ်ဖြင့် စဉ်းစားမိသည်။
*သူတို့ ဘယ်လိုလုပ်ပြီး ငါ့ကို ရှာတွေ့သွားတာလဲ။ ပြီးတော့ ငါသာ မသွားရင် သူတို့က ဘယ်သူတွေကို အန္တရာယ် ပြုမလဲ...။*
*သူတို့က ငါ့ကို ရှာတွေ့တယ်ဆိုရင် ငါ့မိဘတွေ၊ ရှောင်ရို့တို့ဆီကိုလည်း ရောက်သွားနိုင်တယ်...။*
ဤအချက်ကို တွေးမိသောအခါ လျန်ထျန်းသည် မိဘများနှင့် ဝမ်ရှောင်ရို့ထံသို့ အမြန်ဖုန်းခေါ်ကြည့်သော်လည်း မည်သူမျှ မဖြေကြားပေ။ ချက်ချင်းဆိုသလိုပင် လျန်ထျန်းမှာ ပိုမိုပူလောင်လာပြီး ဦးနှောက်ထဲတွင် ဗလာကျင်း သွားခဲ့သည်။ နောက်ဆုံးတွင် ဖန်စက်ရုံဟောင်းဆီသို့ အမြန်သွားရောက်ခြင်းမှလွဲ၍ တခြားနည်းလမ်း မရှိတော့ ပေ။
မိနစ်နှစ်ဆယ်ခန့်အကြာတွင် လျန်ထျန်းမှာ ဖန်စက်ရုံဟောင်းဆီသို့ ရောက်ရှိသွားသည်။ ဤနေရာမှာ ယခင်က အယ်လ် မြို့တော်၏ အကြီးဆုံး ဖန်စက်ရုံဖြစ်သော်လည်း ချောင်ဝမ်၏ ဂုဏ်သတင်း ကျဆင်းသွားချိန်ကတည်း က စွန့်ပစ်ထားခဲ့ခြင်း ဖြစ်သည်။
လျှပ်စစ်စကူတာကို အပြင်တွင် ရပ်ထားခဲ့ပြီးနောက် လျန်ထျန်းသည် ပျက်စီးယိုယွင်းနေသော စက်ရုံအတွင်းသို့ ဝင်သွားလိုက်သည်။ ပတ်ဝန်းကျင်မှာ အလွန်တိတ်ဆိတ်နေပြီး ကျောက်စရစ်ခဲပေါ်တွင် သူ၏ ခြေသံများသာ ထွက်ပေါ်နေသည်။
သူသည် စိုးရိမ်လွန်းသဖြင့် နဖူးမှ ချွေးများပင် ပြန်လာကာ အသံတစ်ချက် လွှတ်အော်ရန် ပြင်လိုက်စဉ်တွင်၊
“ဟေ့... နောက်ထပ် ပို့ဆောင်ရေးသမား တစ်ယောက်လား။ မင်းတို့ ပို့ဆောင်ရေးသမားတွေ သေမှာ မကြောက် ကြဘူးလား...။”
အသံကြားသောအခါ လျန်ထျန်း အမြန်လှည့်ကြည့်လိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင်ဝတ်စုံ နှင့် လူအုပ်စုကို မြင်လိုက်ရသည်။ လျန်ထျန်းမှာ ခဏမျှ ကြောင်သွားပြီးနောက် စမ်းသပ်သလို မေးလိုက်သည်။
“ငါ... ဖုန်းတစ်ခေါ် ရလိုက်ပါတယ်။ ဟန်းဂရီးအုပ်စုရဲ့ နောက်ကွယ်က အဓိက အစုရှယ်ယာရှင် လွတ်မြောက်ဖို့ မဖြစ်နိုင်တော့ဘူး၊ ဖန်စက်ရုံကို လာခဲ့ပါလို့ ပြောလို့...။”
လျန်ထျန်း စကားမဆုံးခင်မှာပင် အနက်ရောင်ဝတ်စုံနှင့် လူတို့၏ ခေါင်းဆောင်က စိတ်မရှည်စွာဖြင့် ဖြတ်ပြော လိုက်လေသည်။
“ထူးဆန်းတဲ့ ဖုန်းခေါ်ဆိုမှု ရရင် အမှိုက်ဖုန်းလို့ သဘောထားပြီး ဖုန်းချလိုက်ပေါ့၊ ဘာလို့ ဒီလောက် သိချင်နေရ တာလဲ။ မင်း မတိုင်ခင်ကလည်း ဒီဖုန်းခေါ်ဆိုမှုကြောင့် ပို့ဆောင်ရေးသမား တစ်ဒါဇင်ကျော် ရောက်လာပြီးပြီ။ မင်းတို့က ဟန်းဂရီးအုပ်စုရဲ့ နောက်ကွယ်ကလူ မဟုတ်ဘဲနဲ့ သူများကိစ္စကို ဘာလို့ ဝင်ပါနေတာလဲ။ ထွက်သွား စမ်း...။”
နောက်ဆုံးတွင် အနက်ရောင်ဝတ်စုံနှင့် လူက လျန်ထျန်းကို မောင်းထုတ်ရန် ကြိုးစားသည်။ လျန်ထျန်းမှာ မျက်မှောင်ကြုတ်လိုက်သော်လည်း ထွက်မသွားပေ။ သူက ဆက်၍ မေးသည်။
“ဒီဖုန်းခေါ်ဆိုမှုကို လုပ်ရတဲ့ အကြောင်းရင်းက ဘာလဲ။ ခင်ဗျားတို့ ရှင်းပြမချင်း ကျွန်ုပ် မထွက်သွားဘူး၊ ပြီးရင် ရဲကို ချက်ချင်း အကြောင်းကြားလိုက်မယ်...။”
ထိုစကားကို ကြားသောအခါ အနက်ရောင်ဝတ်စုံနှင့် လူက မျက်နှာကို ဖုံးအုပ်ကာ ခေါင်းခါလိုက်သည်။
“နောက်ထပ် ခေါင်းမာတဲ့လူ တစ်ယောက်၊ စိတ်အနှောင့်အယှက် ဖြစ်လိုက်တာ...။ ဒီကောင်ကိုလည်း လျှော့ လိုက်ရအောင်...။”
ခေါင်းဆောင်၏ အမိန့်ပေးမှုနှင့်အတူ လူမိုက်များမှာ လျန်ထျန်းဆီသို့ သွားဖြဲ လက်ဝါးဖြန့်ကာ ပြေးဝင်လာကြ သည်။ သို့သော် လျန်ထျန်းကို လျှို့ဝှက်စွာ စောင့်ရှောက်ပေးနေသူမှာ ချူရှီမင်ဖြစ်ကြောင်း မေ့မထားသင့်ပေ။ ထိုသူတို့ လျန်ထျန်းဆီသို့ မရောက်မီမှာပင် အရိပ်တစ်ခု ဖြတ်သန်းသွားပြီး ကျယ်လောင်သော 'ဘန်း ဘန်း ဘန်း' အသံများနှင့်အတူ၊
“အား... အား... အား...။”
အော်ဟစ်သံများ ထွက်ပေါ်လာပြီး ထိုသူတို့မှာ မြေပြင်ပေါ်သို့ လဲကျသွားကြသည်။ အဖြူရောင်ဝတ်စုံနှင့် ချူရှီမင်မှာ လျန်ထျန်း၏ ရှေ့တွင် တည်ငြိမ်စွာ ရပ်နေလေသည်။ အနက်ရောင်ဝတ်စုံနှင့် လူမှာ ထိုမြင်ကွင်းကို ကြည့်ကာ အံ့အားသင့်သွားသည်။ သို့သော် သူသည် အခြေအနေကို အမြန်သဘောပေါက်ကာ လျန်ထျန်းကို လက်ညှိုးထိုးလျက်၊
“မင်း... မင်းက သာမန် ပို့ဆောင်ရေးသမား မဟုတ်ဘူး...။ မင်းက ဘယ်သူလဲ...။”
နောက်တစ်စက္ကန့်တွင် ဘေးဘက်ရှိ မြင့်သော ပလက်ဖောင်းပေါ်မှ ကော်တုထိုက်နှင့် ချောင်ဝမ်တို့ ထွက်ပေါ်လာ သည်။ ကော်တုထိုက်က လျန်ထျန်းကို မျက်စိမှေးစင်းကြည့်ကာ၊
“အယ်လာမာရဲ့ နောက်ကွယ်မှာ ပုန်းကွယ်နေတဲ့ အဓိက အစုရှယ်ယာရှင်က ဒီလို ပို့ဆောင်ရေးသမားတွေနဲ့ ရောနှောနေလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး...။”
ချောင်ဝမ်မှာ မျက်လုံးပြူးသွားသည်။
“အယ်လာမာရဲ့ အစုရှယ်ယာရှင်အသစ်က ဒီလောက်တောင် ငယ်တာလား။ ငါ အဲဒီအရွယ်တုန်းက ငါ့ရဲ့ မိသားစု မှာ စီးပွားရေးတွေ ကျဆင်းနေပြီး ပြန်မကောင်းသေးတဲ့ အချိန်ပဲ...။”
ထိပ်တန်းအရင်းအနှီးသမား နှစ်ဦးကို မြင်လိုက်ရသောအခါ လျန်ထျန်းသည် မိမိ၏ အထောက်အထားကို မဖုံး ကွယ်တော့ဘဲ ကျယ်လောင်စွာ ပြောလိုက်သည်။
“ခင်ဗျားတို့ နှစ်ယောက်လုံးက အရည်အချင်း ရှိသားပဲ။ ငါ မမှားဘူးဆိုရင် ခင်ဗျားတို့က အယ်လ် မြို့တော် တစ်ခု လုံးရဲ့ ဆက်သွယ်ရေး လိုင်းတွေကို အရင်းအနှီး အသုံးချပြီး ပိတ်ဆို့ထားခဲ့တာ မဟုတ်လား။ ပြီးတော့ ငါ့ကို အပြင်ထွက်လာအောင် လှည့်စားဖို့ ခင်ဗျားတို့ရဲ့ အုပ်စု နံပါတ်တစ်ခုတည်းကိုပဲ ပို့ပေးခဲ့တာပေါ့၊ ငွေဆိုတာ တကယ်ပဲ ဘာမဆို ဝယ်နိုင်တယ်နော်...။”
“ဒါပေမဲ့ ဒီအချိန်အတွင်းမှာ တစ်ယောက်ယောက်က အရေးပေါ် အခြေအနေ ကြုံတွေ့နေရရင် ပြင်ပနဲ့ ဆက် သွယ်လို့ မရတဲ့အတွက် ဘာဖြစ်သွားမလဲဆိုတာ စဉ်းစားဖူးသလား။ ခင်ဗျားတို့ရဲ့ ပန်းတိုင်အတွက် သူတစ်ပါးရဲ့ အသက်ကို လျစ်လျူရှုတာ၊ အရင်းအနှီးသမားတို့ရဲ့ စရိုက်လက္ခဏာနဲ့ တကယ်ကို ကိုက်ညီလှပါတယ်...။”
ကော်တုထျိုက်က ထိုစွပ်စွဲချက်ကို ကြားသောအခါ ရယ်မောလိုက်သည်။
“အဲဒီလို အခြေအနေမျိုး ဘယ်လောက်များ ရှိနိုင်လို့လဲ။ ပြည်မကြီးမှာ လူဦးရေ ပြတ်လပ်နေတာ မဟုတ်ဘူး၊ တစ်ယောက်နှစ်ယောက် လျော့သွားရုံနဲ့ ဘာမှ မဖြစ်ဘူး...။”
“ငါတို့ လုပ်ရမှာက အနာဂတ်မှာ ဖြစ်လာမယ့် ဘီလီယံ၊ ထရီလီယံနဲ့ ချီတဲ့ စီးပွားရေး ဆုံးရှုံးမှုတွေကို ပြန်ဆယ်ဖို့ ပဲ။ ဒီလောက် ငွေတွေနဲ့ဆိုရင် အသက် ဘယ်လောက် ဝယ်လို့ရမလဲ။ သာမန်လူတစ်ယောက်ရဲ့ အသက်တန်ဖိုးက (၅၀) လီ ဒါမှမဟုတ် တစ်ယွမ်လောက်ပဲ ရှိတာပါ။ အသက်က တန်ဖိုးမဖြတ်နိုင်ဘူးဆိုတဲ့ အဓိပ္ပာယ်မဲ့တဲ့ စကား တွေကို လာမပြောပါနဲ့။ ငါ့ရဲ့ ရွာမှာ အရင်က အိမ်ခေါင်မိုးပေါ်ကနေ ခုန်ချသွားတဲ့ လူတစ်ဒါဇင်ကျော်ရဲ့ မိသားစု တွေကို ငွေနဲ့ပဲ အေးဆေး ဖြေရှင်းပေးခဲ့တာပဲ...။”
“ဒီလောကမှာ ငွေနဲ့ မဝယ်နိုင်တဲ့အရာ မရှိဘူး။ ရှိတယ်ဆိုရင် မင်းဆီမှာ ငွေမလောက်လို့ပဲ...။”
ချောင်ဝမ်ကလည်း ထောက်ခံလိုက်သည်။
“အယ်လာမာရဲ့ အစုရှယ်ယာရှင်၊ ခင်ဗျား ဘာလို့ ဒီလောက်တုံးအတာလဲ။ ဘာပဲဖြစ်ဖြစ် ကျွန်ုပ်တို့နဲ့ တိုင်ပင်လို့ ရပါတယ်။ ကျွန်ုပ်တို့အားလုံးက အရင်းအနှီးသမားတွေပဲ၊ အတူတူ ငွေရှာလို့ ရတာပဲ။ နောက်ဆုံးတော့ ခင်ဗျားက အမြတ်မယူဘဲ အလုပ်သမားတွေကို ထောက်ပံ့နေတာကြောင့် အခုလို အခြေအနေ ဆိုးဝါးလာတာ၊ လုံးဝ မတန် ဘူး...။”
“တကယ်တော့ ဒီနေ့ ခင်ဗျားကို ဒီလိုနည်းနဲ့ ခေါ်လာတာက စကားကောင်းကောင်း ပြောချင်လို့ပါ။ စီးပွားရေး လုပ်ငန်းမှာ သဟဇာတဖြစ်ခြင်းက စည်းစိမ်ကို ဖြစ်စေတယ်၊ အကြမ်းဖက်စရာ မလိုပါဘူး...။”
လျန်ထျန်းမှာလည်း ရယ်မောလိုက်သည်။ သို့သော် သူ၏ ရယ်သံမှာ သရော်ခြင်းတို့ဖြင့် ပြည့်နှက်နေသည်။
“ငါနဲ့ ဘာများ စကားပြောစရာ ကျန်သေးလို့လဲ။ မင်းတို့က ငါ့ကို ဖမ်းဆီးထားပြီး သာမန်ပြည်သူတွေကို အမြတ်ထုတ် ဖိနှိပ်တာကိုပဲ ဆက်လုပ်ချင်နေတာ မဟုတ်လား...။”
“အထူးသဖြင့် ခင်ဗျားပဲ ချောင်ဝမ်။ အပေါ်ယံမှာတော့ ဖြောင့်မတ်သူလို ဟန်ဆောင်နေပေမဲ့ တကယ်တမ်းမှာ တော့ လူကို အရိုးပါမကျန် ဝါးစားမယ့် ရက်စက်တဲ့သူပဲ...။”
“လွန်ခဲ့တဲ့ နှစ်အနည်းငယ်က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ စလေးတာက စက်ရုံဖွင့်ဖို့ လာတုန်းက အလုပ် သမားတွေရဲ့ ဝင်ငွေနဲ့ အကျိုးခံစားခွင့်ကို မြှင့်တင်ပေးဖို့ အခွင့်အရေး တစ်ခု ဖြစ်ခဲ့တယ်။ အဲဒီအချိန်တုန်းက အလုပ်သမားတွေ ခေါင်းမော့လို့ မရအောင် သူတစ်ပါးကို ဖိနှိပ်ဖို့ ရှေ့ကနေ ဦးဆောင်ခဲ့တာ ခင်ဗျားပဲ မဟုတ် လား...။”
ချောင်ဝမ်၏ မျက်နှာမှာ မည်းမှောင်သွားသော်လည်း အငြင်းပွားရန် ကြိုးစားနေသည်။
“ငါက အလုပ်သမားတွေရဲ့ လစာကို အလွယ်တကူ မတိုးပေးသင့်ဘူးလို့ ပြောခဲ့ပေမဲ့ အလုံးစုံသော အခြေ အနေ ကို ကြည့်ပြီး စဉ်းစားတာပါ။ အလုပ်သမား လစာ တိုးပေးလိုက်ရင် ပြိုင်ဘက်တွေအပေါ် ဖိအားဖြစ်စေပြီး ကုန်ကျစရိတ်တွေ တက်လာပြီးတော့ သူတို့ ဒေဝါလီခံရလိမ့်မယ်။ အဲဒီလို ဖြစ်တာကို ငါ စိတ်မအေးနိုင်ဘူး လေ...။”
လျန်ထျန်းက သရော်လိုက်သည်။
“အဲဒီလိုဆိုရင်တော့ ခင်ဗျားရဲ့ အမြင်က တကယ်ကို ထူးခြားတာပဲ။ ပြိုင်ဘက်ဆိုတာ ရန်သူတွေပဲ၊ ဘယ်သူဌေး က ကိုယ့်ပြိုင်ဘက်ကို မနင်းခြေချင်ဘဲ ရှိမလဲ။ သူဌေးချောင်ရဲ့ ရက်ရောမှုက တကယ်ကို ကြီးကျယ်လွန်းပါ တယ်။ သူများအိမ်ထောင်စုမှာ မငြိမ်မသက် ဖြစ်မှာကို စိုးရိမ်လို့ ကိုယ့်မိန်းမကိုတောင် ကောင်းကောင်း မဆက် ဆံနိုင်ဘူးဆိုတဲ့သူနဲ့ ဆင်တူနေသလားပဲ...။”
“ဟားဟား... မတူဘူးလား။ ခင်ဗျား အမြဲတမ်း မှန်တယ်၊ အဘိုးကြီး ရေ...။”
ထိုစကားကို ကြားသောအခါ ချောင်ဝမ်၏ မျက်နှာမှာ လုံးဝ မည်းမှောင်သွားသည်။
“မင်းလို လူမိုက်က ဘာကို ကောင်းမှန်း မသိဘူး။ ကိုယ်ရည်ကိုယ်သွေး ရှိတဲ့ အစောင့်တစ်ယောက် ရှိနေရုံနဲ့ ဒီကနေ လွတ်မြောက်နိုင်မယ် ထင်နေသလား။ စီးပွားရေးလောကရဲ့ ဝါရင့်ပုဂ္ဂိုလ်ဖြစ်တဲ့ ငါတို့ကို မင်း အထင် သေးနေတာပဲ...။”
စကားဆုံးသည်နှင့် ချောင်ဝမ်က လက်ကို ဝှေ့ယမ်းလိုက်ရာ သူ၏ ဝဝတုပ်တုပ် ကိုယ်လုံးနောက်မှ အနက်ရောင် ဝတ်စုံနှင့် အရိပ်များ ရုတ်တရက် ထွက်ပေါ်လာသည်။ အရိပ်များ နီးကပ်လာသည်နှင့်အမျှ ချူရှီမင်၏ အမူအရာ မှာ ပြောင်းလဲသွားပြီး ရန်သူကြီးကို ရင်ဆိုင်ရသကဲ့သို့ တင်းမာသွားသည်။ လျန်ထျန်းက သူ၏ အပြောင်းအလဲကို သတိပြုမိပြီး စိုးရိမ်တကြီး မေးလိုက်လေသည်။
“ရှီမင်...၊ သူတို့ကို ရင်ဆိုင်ဖို့ ခက်ခဲနေသလား။ အတင်းအကျပ် မတိုက်ပါနဲ့...။”
ချူရှီမင်က မြေပြင်ကို ခြေထောက်ဖြင့် ကန်ကာ သူ၏ စွမ်းအားကို စုစည်းလျက်၊
“မင်း နောက်ဆုတ်နေပါ၊ ငါ့ကို စိတ်မပူနဲ့...။”
စကားပြောပြီးသည်နှင့် ချူရှီမင်မှာ အဖြူရောင်အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး အနက်ရောင် အရိပ်များ ဆီသို့ ပြေးဝင်သွားသည်။ နှစ်ဖက်စလုံးမှာ အလွန် မြန်ဆန်လွန်းသဖြင့် တိုက်ခိုက်နေစဉ်အတွင်း သာမန်လူတို့၏ မျက်စိဖြင့် ရှင်းရှင်းလင်းလင်း မြင်နိုင်ရန် ခက်ခဲလှသည်။ ပြင်းထန်စွာ တိုက်ခိုက်ပြီးနောက် ချူရှီမင်မှာ ပထမ ဆုံးအကြိမ်အဖြစ် မြေပြင်ပေါ်သို့ လဲကျသွားပြီး အနက်ရောင်ဝတ်စုံနှင့် လူအချို့က သူ့ကို ဖိထားသဖြင့် မလှုပ် ရှားနိုင်တော့ပေ။ ထိုမြင်ကွင်းကို မြင်သောအခါ ကော်တုထိုက်မှာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။
“မင်းရဲ့ အစောင့်တွေလည်း ရှုံးနိမ့်သွားပြီ၊ အခု မင်းကို ဘယ်သူ ကာကွယ်ပေးမလဲ...။”
စကားပြောနေစဉ်မှာပင် အခြားသော အနက်ရောင်ဝတ်စုံနှင့် လူများမှာ ကော်တုထိုက်နောက်မှ ထွက်လာပြီး လျန်ထျန်းဆီသို့ နီးကပ်လာသည်။ ကျွမ်းကျင်သူများဖြစ်သော ထိုလူတို့၏ အပြုအမူကို မြင်သောအခါ လျန်ထျန်း မှာ ချွေးအေးများ ပြန်လာပြီး ဖြည်းညင်းစွာ နောက်ဆုတ်သွားခဲ့လေသည်။ သို့သော် ထိုသူတို့ လျန်ထျန်းကို တိုက်ခိုက်ရန် ပြင်ဆင်နေစဉ်တွင်၊
ဖန်စက်ရုံ အပြင်ဘက်တွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားလေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် အစားအသောက် ပို့ဆောင်သူများစွာမှာ စက်ရုံအတွင်းသို့ ပြေးဝင်လာပြီး တစ်သံတည်း ပြောလိုက်သည်။
“ဟန်းဂရီးအုပ်စုရဲ့ အဓိက အစုရှယ်ယာရှင်ကို ထိခိုက်အောင် မလုပ်ရဘူး...။”
ထိုလူအုပ်ကြီးမှာ တစ်သောင်းကျော်ခန့် ရှိပုံရပြီး အယ်လ်မြို့တော်ရှိ အစားအသောက် ပို့ဆောင်ရေးသမားအား လုံး ရောက်လာကြပုံပင်။ ထိုကဲ့သို့ ကြီးမားလှသော အင်အားကို မြင်သောအခါ ကော်တုထိုက်နှင့် ချောင်ဝမ်တို့ပင် အံ့အားသင့်သွားသည်။ သို့သော် ယခင်က မရှုံးနိမ့်သေးသည့် အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက်မှာ ဤအခွင့် အရေးကို မြင်ပြီး မိမိကိုယ်ကို တွေးလိုက်သည်။
*ငါ့အခွင့်အရေး ရောက်လာပြီ...။*
ဇာတ်လမ်းများထဲတွင် အစေခံတစ်ဦးက သူဌေးကို ကာကွယ်ပေးရင်း အရေးပါလာတတ်သည် မဟုတ်ပါလော။ သူသည် ကော်တုထိုက်နှင့် ချောင်ဝမ်၏ ရှေ့သို့ ရပ်လိုက်ပြီး၊
“သူဌေးတို့ မပူပါနဲ့၊ ကျွန်တော့်ကို ကြည့်ထားပါ...။”
ထို့နောက် အနက်ရောင်ဝတ်စုံနှင့် လူက အသံချဲ့စက်ကို ထုတ်ကာ ကျယ်လောင်စွာ အော်ပြောသည်။
“မင်းတို့ ပို့ဆောင်ရေးသမားတွေ ဘာလုပ်နေမှန်း သိရဲ့လား။ ဒီလိုနဲ့ လွတ်မြောက်မယ် ထင်နေသလား...။”
“ဒီနှစ်ယောက်က သန်းပေါင်းများစွာ ချမ်းသာတဲ့ သူဌေးကြီးတွေ….။ မင်းတို့ သူတို့ကို စော်ကားရဲသလား…။ အသက်ရှင်ချင်ရင် အမြန် ထွက်သွားစမ်း...။”
သို့သော် ထိုသူ ခြိမ်းခြောက်စကား မဆုံးခင်မှာပင် ထောင်ပေါင်းများစွာသော ပို့ဆောင်ရေးသမားတို့က ထမင်းဘူး များကို ထုတ်ယူလိုက်ကြသည်။ နောက်တစ်စက္ကန့်တွင် ရေတွက်မရသော ထမင်းဘူးများမှာ 'ခဲမိုး' အဖြစ် အနက် ရောင်ဝတ်စုံနှင့် လူပေါ်သို့ ရွာကျလာခဲ့တော့သည်။
ကံကောင်းထောက်မစွာဖြင့် ကော်တုထျိုက်နှင့် ချောင်ဝမ်တို့မှာ အခြေအနေမကောင်းမှန်း သိသဖြင့် ပတ်ဝန်း ကျင်ရှိ ကျွမ်းကျင်သူများ၏ အကူအညီဖြင့် အမြန် ဆုတ်ခွာသွားသဖြင့် ဘေးကင်းသွားခဲ့လေသည်။ အနက်ရောင် ဝတ်စုံနှင့် လူမှာမူ ထမင်းဘူးများအောက်တွင် မြုပ်သွားပြီး သူ၏ အခြေအနေမှာ မည်သို့ဖြစ်မည်ကို မည်သူမျှ မသိကြပေ။
ထိုမြင်ကွင်းကို မြင်သောအခါ လျန်ထျန်းမှာလည်း အံ့အားသင့်သွားပြီး ပါးစပ်ဟောင်းလောင်း ဖြစ်သွားသည်။ ခဏအကြာတွင် သူ သတိပြန်ဝင်လာပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“ခင်ဗျားတို့ ဘာလုပ်နေတာလဲ။ ဟိုဘက်မှာ ကျွမ်းကျင်သူ ရှိတယ်၊ သာမန်လူတွေနဲ့ ရင်ဆိုင်လို့ မရဘူး။ အမြန်ပြေးကြ...။”
သို့သော် ထောင်ပေါင်းများစွာသော ပို့ဆောင်ရေးသမားတို့မှာ တစ်ယောက်မျှ ထွက်မသွားဘဲ တစ်ဦးက ရှေ့ထွက်ကာ ပြောလိုက်သည်။
“ပြည်သူတို့အတွက် ထင်းခွေသူတို့အား စိတ်ဓာတ်မကျစေရဘူး...။”
ထို့နောက် အခြား ပို့ဆောင်ရေးသမားတို့ကလည်း ကျယ်လောင်စွာ ထောက်ခံလိုက်သည်။
“ဟုတ်တယ်…၊ လွတ်လပ်မှုအတွက် လမ်းခင်းပေးသူတို့ကို ဆူးခလုတ်များကြားတွင် ပိတ်မိမနေစေရဘူး...။”