← Chapters

အခန်း (၂၂၂)

Vol. 23 Ch. 222

အခန်း (၂၂၂)

Vol. 23 Ch. 222

အခန်း(222)

ကျန်းရိကော်က မျက်နှာကို လွှဲလိုက်ပြီးနောက် ခြံဝင်းထဲရှိ ရှုပ်ပွနေသည့်အခြေမနေများကို ကြည့်လိုက်ကာ တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ခြံဝင်းထဲသို့ အပြေးဝင်သွားတော့၏။

ရှုရှင်းလန်က ခန္ဓာကိုယ်ကိုကိုင်းညွတ်ပြီး မျက်နှာကို လက်နှင့်အုပ်ကာ ကျယ်လောင်စွာ ငိုကြွေးတော့သည်။

သူမက သူမ၏မြေးကို ကုသပေးချင်ရုံသက်သက်သာ ဖြစ်လေသည်။ အဘယ်ကြောင့် ဤမျှအထိ ခက်ခဲနေရပါသနည်း။

သူမ၏ ခင်ပွန်းက သုတေသနပညာရှင်၊ ဆေးဝါးသုတေသနပညာရှင် တစ်ယောက် မဟုတ်ပါလား။

သူက ကမ္ဘာပေါ်ရှိ သာမန်လူများကို ကုသပေးနိုင်သော်လည်း သူ၏မြေးအရင်းကို မကုသနိုင်ခဲ့ပေ။ အဘယ်ကြောင့်နည်း။

ထိုသို့ဖြစ်ရခြင်းက အဘယ်ကြောင့်နည်း။

ရှုရှင်းလန်၏ ငိုကြွေးသံထဲတွင် နောင်တ သို့မဟုတ် မကျေနပ်ချက်များက မည်မျှ ပါဝင်နေသည်ကို မည်သူကမျှ မသိနိုင်ပေ။

သူမက သူမ၏ လျှို့ဝှက်ချက်များကို မည်သည့်အချိန်တွင် ဖော်ပြမိသွား၍ ဤမျှအထိ အမြန်သိသွားကြသည်ကိုပင် မသိလိုက်ရပေ။

ကျန်းရိကော် ထွက်သွားသည်နှင့် သုတေသနဌာနတွင် အလွန် ရှုပ်ထွေးသွားလေတော့၏။

ကံကောင်းစွာဖြင့် စီမံကိန်းခေါင်းဆောင်များက အရည်အချင်းရှိသူများ ဖြစ်ကြသည်။

စုဝေ့ဟိုင်၏အဖွဲ့က ပထမဆုံး တည်ငြိမ်မှု ရရှိသွားခဲ့၏။ ဝူလီမှ လီရှန်းကို လာရှာချိန်တွင် သူတို့က သုတေသနလုပ်ငန်းများကို ပြန်လည်၍ စတင်နေပြီဖြစ်သည်။

သို့သော် ကျန်းရိကော် မရှိတော့သောကြောင့် ဆက်သွယ်ရေးပိုင်းတွင် အခက်အခဲများက ပိုမို၍ ရှိလာခဲ့၏။

လူမှုဆက်ဆံရေးတွင် ညံ့ဖျင်းကြသော သုတေသနပညာရှင် တစ်စုက နည်းပညာဌာနနှင့် သူတို့ဘာသာ လာရောက်၍ ညှိနှိုင်းကြရတော့သည်။

လီရှန်း အလုပ်ခွင်သို့ ရောက်ရှိကာ ထိုင်လိုက်သည်နှင့် စုဝေ့ဟိုင်က ချက်ချင်းပင် ပေါ်လာခဲ့ပြီး သူမ၏ အရှေ့တွင် ဝင်ထိုင်လိုက်လေ၏။

လီရှန်း : “...”

သူမ ဖန်ထုံကို လှည့်ကြည့်လိုက်လျှင် ဖန်ထုံက သူမ၏ အရှေ့မှ အမျိုးသားကို မျက်စောင်းထိုးနေသည်ကို တွေ့လိုက်ရသည်။

ထိုလူက ဖန်ထုံ၏ ခင်ပွန်းဖြစ်သူ သုတေသနပညာရှင်ပင်ဖြစ်လေ၏။

အမျိုးသား နှစ်ဦးလုံးက အသိအကျွမ်းကို အသုံးချရန်အတွက် အလျှင်အမြန်ပင် ပြေးလာကြခြင်းဖြစ်ကြောင်း သိသာလွန်းသည်။

လီရှန်း ပြန်လှည့်ကြည့်လိုက်သည့်အချိန်တွင် စုဝေ့ဟိုင်က သူမကို ပြုံးပြနေသည်ကို တွေ့ရ၏။

သူ၏ လေသံကလည်း အလွန် နူးညံ့နေကာ ပြောလိုက်လေသည်။

“ခယ်မလေး၊ ငါတို့ သုတေသနအဖွဲ့မှာ လိုအပ်နေတဲ့ ပစ္စည်းတချို့ ရှိနေတယ်၊ ဒါက ငါတို့ ပြင်ဆင်ထားတဲ့ ပစ္စည်းစာရင်းပါ၊

တစ်ချက်လောက် ကြည့်ပေးပါဦး၊

အဆင်ပြေမယ်ဆိုရင် ငါတို့အတွက် တတ်နိုင်သမျှ အမြန်လေး စီစဉ်ပေးစေချင်တယ်၊ အဲဒါ ဖြစ်နိုင်မလား”

စုဝေ့ဟိုင်က အပိုစကားများကို မပြောဘဲ လိုရင်းကိုသာ တိုက်ရိုက်ပြောဆိုလိုက်သောကြောင့် လီရှန်းအနေဖြင့် စိတ်သက်သာရာ ရသွားရ၏။

စုဝေ့ဟိုင်မှ ရောက်ရှိလာသည်နှင့် မိသားစုကိစ္စများ အကြောင်းကို ပြောဆိုလာခဲ့မည်ကို သူမစိုးရိမ်ခဲ့ရသည်။ သို့ဆိုပါက သူမဘက်မှငြင်းဆန်လိုက်လျှင်သူတို့၏ ဆက်ဆံရေးကို ထိခိုက်သွားနိုင်သည်။

“ပစ္စည်းစာရင်းကို အရင်ကြည့်ပါရစေဦး”

လီရှန်းက ခေါင်းညိတ်၊ ခေါင်းခါခြင်း မပြုဘဲ ပစ္စည်းစာရင်းကိုသာ ငုံ့ကြည့်လိုက်လေသည်။

ထိုအချိန်တွင် သူမ၏ အနောက်ဘက်မှ စကားသံများကို ကြားလိုက်ရ၏။

“..သူ့ကိုကြည့်ဦး၊ သူကတော့ ဘယ်လောက် လွယ်လွယ်ကူကူ လက်ခံလိုက်လဲ၊

မင်းနဲ့မတူဘူး၊ မင်းက အကြာကြီး တွန့်ဆုတ်နေပြီး ကြည့်ဖို့တောင် ငြင်းနေတာ”

“ဟုတ်တယ်၊ တခြားလူတွေရဲ့ စာရင်းက ရိုးရိုးလေးပဲ၊ ရှင့်ဟာကတော့ စာမျက်နှာတွေ အများကြီးနဲ့လေ၊

ကျွန်မသာ မြန်မြန်လက်ခံလိုက်ရင် နောက်တစ်ခေါက်ကျရင် ရှင်က စာအုပ်တစ်အုပ်လုံးကို ရေးလာတော့မှာလေ”

ဖန်ထုံက ညည်ညူစွာဖြင့် စာရင်းကို လှမ်းယူပြီးနောက် ကြည့်လိုက်ပြီး ရုတ်တရက် အံ့ဩတုန်လှုပ်စွာ အော်လိုက်လေတော့သည်။ သူမက လီရှန်းဘက်သို့ လှည့်ပြီး တိုင်တန်းလေ၏။

“သုတေသနဌာနက သူတို့ကို နည်းပညာဌာနမှာ အသိတွေရှိမှန်းသိလို့ တမင် လွှတ်လိုက်တာလို့ ငါထင်တယ်၊ ဒီစာရင်းကို ကြည့်ပါဦး၊

သူတို့မှာ အရှက်မရှိကြဘူးလား၊ ဒီပစ္စည်းတစ်ခုတည်းနဲ့တင် အရင်စီမံကိန်း သုံးခုစာလောက် ရှိနေပြီ”

“အဲဒါက.. ငါတို့မှာလည်း ရွေးချယ်စရာ မရှိလို့ပါ၊ ဒီပစ္စည်းတွေအားလုံးက တကယ်လိုအပ်တာတွေလေ”

ဖန်ထုံ၏ ခင်ပွန်းက ထိုစကားကို ကြားလိုက်ရချိန်တွင် ချက်ချင်းပင် ထိတ်လန့်သွားရ၏။

သူက အတတ်နိုင်ဆုံး လျှော့ချထားပြီး ဖြစ်သည်။ သို့သော် ဖန်ထုံ ပြောသည်က တစ်ချက်တော့ မှန်လေသည်။

သူတို့ နှစ်ဦးက နည်းပညာဌာနတွင် အသိအကျွမ်းရှိနေသောကြောင့်သာ သုတေသနအဖွဲ့မှ ဂရုတစိုက် ရွေးချယ်ခံခဲ့ရခြင်း ဖြစ်လေ၏။

သေချာပေသည်။ ထိုအချက်ကိုတော့ သူတို့ နှစ်ဦးလုံးက မည်သည့်အချိန်မျှ ဝန်ခံကြမည် မဟုတ်ပေ။

စုဝေ့ဟိုင်က သက်ပြင်းချလျက် ပြောလိုက်လေ၏။

“ဒါရိုက်တာကျန်း အလုပ်နားသွားကတည်းက ကာကွယ်ဆေးလုပ်ငန်းတွေက ဘာမှတိုးတက်မှုမရှိတော့ဘူး၊

သူ ဘယ်တော့များမှ ပြန်လာပြီးတော့ အလုပ်ဆက်လုပ်နိုင်မလဲဆိုတာလည်း မသိရသေးဘူး၊

အထက်ကလည်း ငါတို့ကို တစ်နှစ်ပဲ အချိန်ပေးထားတာ၊ တကယ်လို့ ဒီတာဝန်ကို အောင်မြင်အောင် မထမ်းဆောင်နိုင်ခဲ့ရင် မျက်နှာပျက်ရလိမ့်မယ်၊ ဒါပေမဲ့ မျက်နှာပျက်တာက ကိစ္စအသေးအမွှားပဲ၊

အထက်က ချမှတ်ထားတဲ့ မူဝါဒတွေကို ထိခိုက်သွားမှာကမှ တကယ့် အပြစ်တစ်ခုလို ဖြစ်နေတော့မှာ”

လီရှန်း : “...”

သူမက ဖန်ထုံကို တစ်ချက်ကြည့်လိုက်လျှင် ဖန်ထုံကလည်း သူမ၏ခင်ပွန်းကို ပြန်ကြည့်လိုက်လေ၏။

ကြည့်စမ်း။ သူများတွေက စကားရငရ ဘယ်လောက်တောင် အချက်ကျကျနဲ့ ပြောတတ်လိုက်သလဲ။

အကြောင်းပြချက်ကြီးကြီးမားမားပေးပြီးတော့ တစ်ဖက်လူကို စိတ်မဆိုးနိုင်အောင် လုပ်သွားကြတာပဲ။

ပြောရလျှင် ကာကွယ်ဆေးစီမံကိန်းဆိုသည်က အမှန်တကယ်ပင် အရေးကြီးသော လုပ်ငန်းတစ်ခု ဖြစ်သည်။

နည်းပညာဌာနက များသောအားဖြင့် သုတေသနဌာနနှင့် အမြဲတစေ အငြင်းပွားလေ့ရှိ၏။

သို့သော် ဤကဲ့သို့ အရေးကြီးသော ကိစ္စရပ်မျိုးတွင် လက်တွဲလုပ်ဆောင်ကြရမည်ပင်။

“ဒါပေမဲ့ ဒီပစ္စည်းတွေက အတော်လေး များနေတယ်၊ ဥပမာ ဒီစက်ပစ္စည်းတချို့ဆိုရင်ရဖို့ နည်းနည်းခက်ခဲလိမ့်မယ်”

လီရှန်းက စာရင်းထဲမှ အခြောက်ခံစက်အပါအဝင် စက်တချို့ကို လက်ညှိုးထိုးပြလိုက်ပြီးပြောလိုက်လေ၏။

“ကျွန်မ အထင်မမှားဘူးဆိုရင် ရှင်တို့အနေနဲ့ ဆေးလုံးလေးတွေအကြောင်းကို သုတေသနလုပ်ချင်နေတာပဲ၊

ဒါပေမဲ့ အခုရှိနေတဲ့ အခြောက်ခံစက်က ဆေးဘက်ဝင်ပစ္စည်းတွေအတွက် အဆင်မပြေနိုင်ဘူး၊

အပူချိန်က အရမ်းမြင့်သွားရင် ဆေးရဲ့ အာနိသင်ကို ပျက်စီးစေနိုင်တယ်၊

ဒီစက်နဲ့ပတ်သက်ပြီးတော့ ကျွန်မအကြံပေးချင်တာကတော့ စက်ရုံခေါင်းဆောင်တွေနဲ့ စက်မှုယန္တယားစက်ရုံက ပညာရှင်တွေ ပူးပေါင်းပြီး ဆေးဘက်ဝင်ပစ္စည်း အခြောက်ခံဖို့ ပိုသင့်တော်တဲ့ စက်မျိုးကို တီထွင်သင့်တယ်လို့ ထင်တာပဲ”

စုဝေ့ဟိုင် အတွေးနက်သွားဟန် ရှိသည်။

လီရှန်း ပြောသည်က အကြောင်းပြချက် ခိုင်လုံသော်လည်း...

“ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်မဘက်က အဆက်အသွယ်လုပ်ပေးနိုင်ပါတယ်၊

ခဲအိုလည်း သိတဲ့အတိုင်း ကျွန်မရဲ့ဦးလေးက စက်မှုယန္တယားစက်ရုံမှာ ဒါရိုက်တာအဖြစ် အလုပ်လုပ်နေတာလေ၊

သူက ဒီနယ်ပယ်မှာ တကယ့်ကျွမ်းကျင်ပညာရှင်ပဲ၊ ရှင်တို့ဘက်ကလည်း စက်ရုံခေါင်းဆောင်တွေကို အကြံပြုပြီး သူတို့ဆီက နည်းပညာရှင်တွေကို ဖိတ်ခေါ်ပြီး ဆွေးနွေးကြည့်လို့ ရတာပဲ၊ ဒါဆိုရင်..”

လီရှန်းက စကားကို အဆုံးမသတ်ဘဲ ချန်လှပ်ထားလိုက်လေသည်။

သို့သော် ထက်မြက်လွန်းသော ဇာတ်လိုက် စုဝေ့ဟိုင်က ချက်ချင်းပင် သဘောပေါက်သွားတော့၏။

“တကယ်လို့ ငါတို့ နိုင်ငံမှာသာ မူပိုင်ခွင့် အကာအကွယ်ပေးတဲ့စနစ် ရှိမယ်ဆိုရင် ငါတို့ မူပိုင်ခွင့်လျှောက်ထားလို့ ရတာပေါ့၊

ဒါဆိုရင် ဒီနည်းပညာကို သုံးချင်တဲ့ တခြားဆေးဝါးကုမ္ပဏီတွေဆီကနေ မူပိုင်ခွင့်ခတွေ တောင်းလို့ရမယ်၊ အဲဒါက ဝင်ငွေလမ်းကြောင်းတစ်ခု ဖြစ်လာမှာပဲ”

စုဝေ့ဟိုင်ကလည်း မူပိုင်ခွင့်ကိစ္စကို သိရှိထားသူ ဖြစ်၏။

မည်သည့် သုတေသနပညာရှင်မဆို နိုင်ငံခြားစာပေများကို ဖတ်ရှုကြရသည်ဖြစ်၍ မူပိုင်ခွင့်ဟူသော အယူအဆက နိုင်ငံခြားတွင် လွန်ခဲ့သော နှစ်ပေါင်းငါးရာခန့်ကတည်းက ရှိနေခဲ့သည်ကို သူက သိရှိထားသည်။

လီရှန်းအနေဖြင့် မူပိုင်ခွင့်အကြောင်းကို သိနေသည်ကို စုဝေ့ဟိုင်က မအံ့ဩပေ။

သို့သော် စက်မှုယန္တယားစက်ရုံနှင့် ပူးပေါင်း၍ ဆေးဘက်ဝင်ပစ္စည်း အခြောက်ခံစက်ကို တီထွင်ရန်အတွက် စဉ်းစားနေချိန်မှာပင် လီရှန်းက မူပိုင်ခွင့်အကြောင်းကိုပါ ထည့်သွင်းစဉ်းစားလိမ့်မည်ဟု သူက မျှော်လင့်မထားခဲ့ပေ။

သို့သော်လည်း...

ထိုစကားက အမှန်တကယ်ပင် ယုတ္တိရှိလွန်းသည်။

အကယ်၍ သူတို့၌ မူပိုင်ခွင့် အကာအကွယ် ရှိခဲ့ပါက နောက်ပိုင်းတွင် စက်ရုံ၏ အကျိုးအမြတ်က ပိုမို၍ ကောင်းမွန်လာပေလိမ့်မည်။

အကျိုးအမြတ် ကောင်းမွန်လာပါက စက်ရုံက ရေရှည်တည်တံ့စွာ ဖွံ့ဖြိုးလာနိုင်ပြီး နောင်တစ်ချိန်တွင် အဋ္ဌမမြောက် ဆေးဝါးသုတေသနအခြေစိုက်စခန်းပင် ဖြစ်လာနိုင်၏။

သို့သော်လည်း..

“လက်တလောမှာတော့ နိုင်ငံထဲမှာ မူပိုင်ခွင့်ဥပဒေ မရှိသေးဘူးလေ”

“ဒါဆိုရင်လည်း ကျွန်မတို့ဘက်က အကြံပြုချက်ကို တင်ပြကြည့်ရုံပေါ့”

လီရှန်းက လက်ကာပြလိုက်ပြီးနောက် ပြောလိုက်လေ၏။

“တစ်ယောက်ယောက်ကတော့ အသစ်အဆန်းကို အစပျိုးရမှာပဲ၊ ကျွန်မတို့ ပြည်နယ်ကို အရင်သွားပြီး အကြံပြုချက် တင်ပြကြည့်ရအောင်၊

ကျွန်မတို့ ပြည်နယ်မှာ သုတေသနလုပ်နေတဲ့ စက်ရုံတွေ အများကြီးရှိတယ်၊

ကျွန်မတို့ အကြံပြုချက်ကို တင်ပြလိုက်ရင် သူတို့က ကျွန်မတို့ထက်တောင် ပိုပြီး စိတ်လှုပ်ရှားသွားနိုင်တယ်”

စက်မှုယန္တယားစက်ရုံက ပထမဆုံး ထိခိုက်ခံရမည့် နေရာဖြစ်ပေလိမ့်မည်။

မူပိုင်ခွင့်အများစုက ထိုနေရာတွင် ရှိနေလေ၏။

ဝက်အူလေးတစ်ချောင်းကို ပြုပြင်ပြောင်းလဲရုံမျှဖြင့် မူပိုင်ခွင့် ရရှိနိုင်သော နေရာမျိုးတွင် လူများက ထိုအကျိုးအမြတ်ကို အလွယ်တကူ လက်လွှတ်ခံကြပါမည်လား။

အနားတွင် ရပ်နေသော ဖန်ထုံက မျက်လုံးများပင် ဝိုင်းသွားရပြီး မေးလိုက်လေသည်။

“အဲဒီလို လုပ်လို့ရလို့လား”

“ရတာပေါ့၊ ကျွန်မတို့က ရှေးဟောင်းဆေးနည်းတွေကို မူပိုင်ခွင့် လျှောက်ထားပြီးတော့ တစ်နိုင်ငံလုံးက ဆေးဝါးကုမ္ပဏီတွေကို အခမဲ့ သုံးစွဲခွင့် ပေးလို့ရတာပဲ၊

ရှင်လည်း သိတဲ့အတိုင်း၊ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းက အဲဒီယုတ်မာတဲ့ ဂျပန်တွေက ကျွန်မတို့ရဲ့ အဖိုးတန် ဆေးကျမ်းအတော်များများကို ယူသွားခဲ့ကြတာ၊

တကယ်လို့ သူတို့နိုင်ငံမှာ မူပိုင်ခွင့်ဥပဒေရှိလို့ သူတို့က အရင်ဆုံးလျှောက်ထားလိုက်ရင် နောက်ပိုင်းကျရင် ကျွန်မတို့အတွက် ဖြေရှင်းရ ခက်ခဲလိမ့်မယ်”

“မဖြစ်နိုင်တာ၊ အဲဒါတွေက ငါတို့ပစ္စည်းတွေပဲ၊ သူတို့က အဲဒီလောက်အထိ ယုတ်မာပါ့မလား”

လီရှန်း၏ စကားကို ကြားရသည့်အချိန်တွင် ဖန်ထုံက ဒေါသထွက်လျက် မျက်လုံးများက ဝိုင်းသွားရလေ၏။

“ဘာလို့ မလုပ်နိုင်ရမှာလဲ၊ သူတို့က ဒီလို အရှက်မရှိတဲ့အလုပ်တွေကို ပထမဆုံးအကြိမ် လုပ်တာမှ မဟုတ်တာ”

လီရှန်းက သက်ပြင်းချလိုက်မိ၏။ သူမတို့၏ နိုင်ငံအနေဖြင့် နိုင်ငံတကာ မူပိုင်ခွင့်စနစ်တွင် ပါဝင်မှု နောက်ကျခဲ့ခြင်းအတွက် သူမ အလွန်နောင်တရမိသည်။

*

All Chapters