← Chapters

အခန်း (၂၂၅)

Vol. 23 Ch. 225

အခန်း (၂၂၅)

Vol. 23 Ch. 225

အခန်း(225)

လီလင်းက အမြွာကလေးရှိသည့်သတင်းကို ဖုံးကွယ်ထားခြင်းမရှိဘဲ လူတိုင်းကို ဝေဝါးသွားစေရန် ရည်ရွယ်ချက်ရှိရှိပင် သတင်းဖြန့်ဝေလိုက်လေသည်။

ယခုအချိန်တွင် လူတိုင်းက လီလင်းကို အလွန်ကံကောင်းသူဟု ပြောနေကြလေတော့၏။

သူမက အိမ်ထောင်ကျသည်နှင့် အမြွှာကိုယ်ဝန်ကို ရရှိခဲ့သည် မဟုတ်ပါလား။

လူတချို့ကဆိုလျှင် လီလင်းတွင် ညီမရှိသလားဟုပင် လာရောက်၍ မေးမြန်းကြသည်။ သူတို့ကကံကောင်းစွာဖြင့် သားသမီးရတနာများများ ထွန်းကားမည့် ချွေးမမျိုးကို ရှာဖွေချင်နေကြသည်။

လီလင်းတွင် ညီမတစ်ယောက်ရှိပေသည်။

သို့သော် သူမ၏ညီမက ငယ်ရွယ်လွန်းသေးသည့်အပြင် ကျေးလက်ဒေသဘက်သို့ ပညာတတ်လူငယ်အဖြစ် စေလွှတ်ခြင်းကို ခံထားရသောကြောင့် အလွန်နှမြောစရာကောင်းလွန်း၏။

အကြောင်းက ပညာတတ်လူငယ်အဖြစ် နယ်သို့ရောက်ရှိသွားသည်နှင့် အိမ်ထောင်စုစာရင်းနှင့် ကိုယ်ရေးမှတ်တမ်းက ထိုဒေသ၌သာ အခြေစိုက်သွားတော့သည်။

ပြန်လာချင်ပါက လက်ခံမည့် အလုပ်ဌာနရှိမှသာ ရနိုင်ပေလိမ့်မည်။

အိမ်ထောင်ပြု၍ ရသော်လည်း နောက်ပိုင်းတွင် ကလေးရလာပါကလည်း ကလေး၏ အိမ်ထောင်စုစာရင်းက မိခင်နောက်လိုက်၍ ကျေးရွာ၌သာ ရှိနေမည်ဖြစ်၏။

ထိုအချက်ကို ကြားလိုက်ရသည့်အချိန်တွင် စကားကမ်းလှမ်းချင်နေသူများက တိတ်ဆိတ်သွားကြပြီး နောက်ထပ် မည်သည့်စကားမှမပြောရဲကြတော့ပေ။

လီလင်းက အပြုံးတစ်ခုဖြင့် လုပ်ဖော်ကိုင်ဖက်နှင့် စကားပြောရင်း ထွက်လာခဲ့လေသည်။

သူမ၏ခင်ပွန်းဖြစ်သူက အပြင်ဘက်တွင် စက်ဘီးကိုတွန်းလျက် စောင့်ဆိုင်းနေလေ၏။

သူမကို မြင်သည််အချိန်တွင် သူက လက်ကို လှမ်းပြလိုက်ပြီးနောက် သူမကို စက်ဘီးပေါ်သို့ သေသေချာချာ ထိုင်ခိုင်းပြီး စက်ဘီးကို ဖြည်းညင်းစွာ နင်း၍ ထွက်သွားတော့သည်။

ကြည့်ရသည်က လီလင်းက လက်ရှိတွင် အလွန်ပျော်ရွှင်နေပုံရလေ၏။

ကံကောင်းစွာဖြင့် သူမက လီလင်းနှင့် အဆက်အသွယ် သိပ်မလုပ်တော့သည့်နောက်တွင် ရှုရှင်းလန်ကလည်း လီလင်းကို ဂရုမစိုက်တော့ပေ။

ယခုတစ်ကြိမ် ရှုရှင်းလန်တစ်ယောက် အဖမ်းခံရချိန်တွင် လီလင်းက ပါဝင်ပတ်သက်ခြင်း မရှိခဲ့သောကြောင့် တော်သေးသည်ဟု ပြောပေလိမ့်မည်။

သို့မဟုတ်ပါက သူမ ခင်ပွန်း၏ အလုပ်အကိုင်ပါ ထိခိုက်သွားနိုင်၏။

“ကားလာပြီ၊ သွားကြရအောင်”

စုဝေ့ချင်းက ကားမှတ်တိုင်ဘက်သို့ လက်ညှိုးထိုးပြလိုက်လေ၏။

လီရှန်းလည်း အတွေးစကို ဖြတ်လိုက်ပြီးနောက် စုဝေ့ချင်း၏လက်ကို ဆွဲပြီး လူအုပ်စုနှင့်အတူ ကားပေါ်သို့ တိုးဝှေ့တက်ခဲ့လေတော့သည်။

တုန်ယွမ်သို့ ချဉ်းကပ်လာချိန်တွင် လီရှန်းက အနည်းငယ် စိုးရိမ်လာမိ၏။

အိမ်သို့ မပြန်ဖြစ်သည်က အတော်လေး ကြာနေပြီဖြစ်၍ ပြန်ရောက်လျှင် အဘိုးဖြစ်သူမှ အမေးအမြန်း ထူနေမည်ကို သူမ စိုးရိမ်နေမိသည်။

ဇနီးမောင်နှံနှစ်ဦးက ခြံဝင်းတံခါးဝသို့ ရောက်သည်အထိ စိတ်ကို ပြင်ဆင်လာကြပြီးနောက်မှသာ အိမ်ထဲသို့ လှမ်းဝင်ခဲ့ကြလေ၏။

သူတို့က ခြံထဲသို့ ဝင်လိုက်သည်နှင့် ဝူယွီနျန်က ရေဆေးဇလုံကို ကိုင်လျက် အိမ်ထဲမှ ထွက်လာလေသည်။

သူမက ခြင်းတောင်းများကို သယ်ဆောင်လာသော ဇနီးမောင်နှံနှစ်ဦးကို မြင်လိုက်ရသည့်အချိန်တွင် ဝမ်းသာအားရဖြင့် ရေဆေးဇလုံကို ဘေးရှိ ကြမ်းပြင်ပေါ်သို့ ချလိုက်ပြီး အိမ်ထဲသို့ လှမ်းအော်ပြောတော့၏။

“လောင်ကျန်း၊ အမြန်လာကြည့်ဦး၊ ဘယ်သူတွေ ရောက်လာလဲလို့”

“ဘယ်သူရောက်လာလို့လဲ၊ အကြီးကောင်လား၊ အငယ်ကောင်လား.. ဒုတိယကောင်များ ပြန်ရောက်လာတာလား”

ကျန်းရူတုန်က အနည်းငယ် မကျေမနပ်ဖြစ်နေသော လေသံဖြင့် အိမ်ထဲမှ ထွက်လာ၍ ခြံဝင်းထဲတွင် ရပ်နေသော လီရှန်းကို တွေ့လိုက်ရ၏။

သူက ပထမဦးစွာ အံ့ဩစွာဖြင့် ငေးကြည့်နေမိပြီးနောက် မျက်လုံးများက ဝိုင်းသွားပြီး မဖုံးကွယ်နိုင်သော ဝမ်းသာမှုကို ပြသလာသည်။

သို့သော် သူက ထိုအပြုံးကို ပြန်လည်၍ ထိန်းချုပ်လိုက်ပြီးနောက် သူ၏ ပုံမှန် အေးစက်သော အမူအရာသို့ ပြန်ပြောင်းလိုက်ပြီး ပြောလိုက်လေ၏။

“အိုး၊ ရှောင်စုနဲ့ ရှန်းရှန်းကိုး၊ ဝင်ခဲ့ကြလေ”

သူက စကားပြောရင်း သူ၏ ခံစားချက်အစစ်အမှန်များကို ဖုံးကွယ်ရန်အတွက် သက်ပြင်းချဟန်ဆောင်ပြီး ပြောလိုက်လေသည်။

“ဟူး.. စိတ်ပျက်စရာပဲ၊ ငါက ဒုတိယသားနဲ့ ချွေးမ ပြန်လာတယ်လို့ ထင်နေတာ”

စုဝေ့ချင်း : “...”

သူက ဘေးသို့ အနည်းငယ် တိုးကပ်လိုက်ပြီးနောက် လီရှန်းကို ခပ်တိုးတိုး ကပ်ပြောလိုက်လေ၏။

“အရင်အပတ်တွေ ကိုယ်တစ်ယောက်တည်း လာတုန်းကတော့ တင်းမာပြနေပြီးတော့ အခုကျမှ ဟန်ဆောင်နေတာ ကြည့်ဦး၊

မင်းက အတည်ထင်ပြီး နောက်ခေါက် မလာမှာကို သူ မကြောက်ဘူးလား မသိဘူး”

“ဘာတွေ လျှောက်ပြောနေတာလဲ”

လီရှန်းက စုဝေ့ချင်းကို စနောက်လိုက်ပြီးနောက် တွန်းတိုက်လိုက်လေသည်။

“အမြန် အထဲဝင်ကြရအောင်၊ မဟုတ်ရင် အဘိုးက ကျွန်မတို့ကိုတွေ့ဖို့အတွက် အကြောင်းပြချက်မျိုးစုံ ရှာနေရဦးမယ်၊ သူ ပင်ပန်းနေလိမ့်မယ်”

လီရှန်းနှင့် ရင်ဆိုင်ရချိန်တွင် ကျန်းရူတုန်က အမြဲတစေပင် နှုတ်ကတစ်မျိုး စိတ်ကတစ်မျိုး ဖြစ်နေတတ်၏။

သူက မည်သည့်အချိန်မျှ စကားကောင်း မပြောတတ်သော်လည်း လီရှန်းက လာမတွေ့ဘဲ ကြာသွားလျှင် အမြဲတစေလွမ်းဆွတ်နေတတ်သည်။

လီရှန်း အိမ်ထောင်မပြုမီက သူမက လာမတွေ့သည်က နှစ်နှင့်ချီနေခဲ့သော်လည်း ထိုအချိန်က အဘိုးဖြစ်သူက မည်သည့်အရာမှမဖြစ်ခဲ့ပေ။

သို့သော် သူမက အိမ်ထောင်ပြုပြီးသည့်နောက်တွင် လကုန်တိုင်းတွင် သူမ ပြန်လာမည်ကို မျှော်လင့်နေတတ်၏။

သူမ၏ ဦးလေးဖြစ်သူ ကျန်းရှင်းမင် ကပင် လီရှန်းက အဖိုးဖြစ်သူ သဘောကျသည့် မြေးမျိုးဖြစ်ကြောင်းကို ပြောဆိုခဲ့ဖူးသည်။

လီရှန်းက စက်ရုံမှ ထွက်ခွာခွင့်မရသည့် အတောအတွင်းတွင် စုဝေ့ချင်းက အပတ်တိုင်းလာရောက်ခဲ့သော်လည်း သူက မြေးအရင်း မဟုတ်ပေ။

ထို့ကြောင့် အဘိုးဖြစ်သူက တစ်စုံတစ်ရာ စိတ်မအေး ဖြစ်နေခဲ့ရသည်။

အထူးသဖြင့် စုဝေ့ချင်းက လီရှန်း၏ အကြောင်းကို ဝေဝါးစွာသာ ပြောဆိုတတ်ခြင်းကြောင့်လည်း ပါဝင်၏။

“ရှင်ကတော့လေ.. ပါးစပ်ကသာ ရှန်းရှန်း၊ ရှန်းရှန်းနဲ့ ပြောနေပြီး ရှန်းရှန်း ရောက်လာတော့လည်း ဒီလိုပဲ ဆက်ဆံနေပြန်ပြီ၊ သတိထားဦးနော်၊ သူမက နောက်တစ်ခေါက် လာမတွေ့ဘဲ နေဦးမယ်”

ဝူယွီနျန်က လက်ဖက်ရည်ကြမ်းများကို ဇနီးမောင်နှံနှစ်ဦး၏ အရှေ့တွင် လာချပေးလိုက်လေ၏။

လီရှန်းနှင့် စုဝေ့ချင်းတို့ကလည်း လက်ဖက်ရည်ကြမ်းကို အမြန်ပင် လှမ်းယူလိုက်ကြသည်။

လီရှန်းက ဝူယွီနျန်ကို လှမ်းခေါ်လိုက်လေ၏။

“အဘွားဝူ၊ ဒီလောက်အထိ ပင်ပန်းမခံပါနဲ့၊ ထိုင်ပြီး ခဏလောက် အနားယူပါဦး”

“မလောပါနဲ့၊ နင်တို့ပဲ စကားပြောကြပါ၊ ငါ့မှာ ချက်စရာတွေ ကျန်သေးလို့”

ဝူယွီနျန်က ထိုင်ရန်အတွက် ငြင်းဆန်လိုက်ပြီးနောက် မီးဖိုချောင်ဘက်သို့ ထွက်သွားတော့၏။

ခဏအကြာတွင် သူမက အိမ်အပြင်ရှိ ဂိုထောင်လေးသို့ သွားကာ အသားခြောက်တစ်တုံးကို သွားယူလိုက်လေသည်။

ထို့နောက် ခြံထဲရှိ ဟင်းသီးဟင်းရွက်ဥယျာဉ်လေးထဲမှ ကြက်သွန်မြိတ်တစ်ဆုပ်ကို ခူးလိုက်လေ၏။

ကြည့်ရသည်က ဤနေ့ညစာကို ကြက်သွန်မြိတ်နှင့် အသားခြောက်ကြော်ကို ပြုလုပ်ပေးမည့်ပုံ ရှိသည်။

ဝူယွီနျန် ထွက်သွားပြီးနောက် ကျန်းရူတုန်က မေးမြန်းတော့၏။

“မင်း လာမတွေ့တာ အတော်ကြာသွားပြီပဲ၊ အရေးကြီးတာ ရှိလို့လား”

လီရှန်းက စုဝေ့ချင်းကို လှည့်ကြည့်လိုက်၍ စုဝေ့ချင်းကလည်း နှာခေါင်းကို တစ်ချက်ပွတ်လိုက်လေသည်။

“ကျွန်မက ဆေးဝါးစက်ရုံရဲ့ နည်းပညာဌာနကဆိုတော့ သုတေသနဌာနနဲ့ ဆက်သွယ်ဆောင်ရွက်ရတာတွေ ရှိတယ်လေ၊

သုတေသနဌာနဆိုတာက သူများတွေကို အသိမပေးရမဲ့ လျှို့ဝှက်စီမံကိန်းတွေက အမြဲရှိနေတာမလား၊

အဲဒါကြောင့် စီမံကိန်းပြီးမှပဲ ကျွန်မက အပြင်ထွက်လို့ရတာပါ၊ မဟုတ်ရင်တော့ အိမ်ထဲကနေတောင် ထွက်လို့ရမှာ မဟုတ်ဘူး”

လီရှန်းက ထိုသို့ရှင်းပြလိုက်သည့်အချိန်မှ ကျန်းရူတုန်က သဘောပေါက်သွားတော့၏။

သူကိုယ်တိုင်က စစ်မှုထမ်းခဲ့ဖူးသူဖြစ်၍ လျှို့ဝှက်စီမံကိန်းများ၏ အရေးကြီးပုံကို နားလည်ထားသူ ဖြစ်သည်။

ထို့ကြောင့် လီရှန်းက ထိုသို့ပြောလိုက်သည့်အချိန်တွင် သူ၏ မျက်နှာအမူအရာက တည်ကြည်သွားပြီး ပြောလိုက်လေ၏။

“ဒါဆိုရင်တော့ ဒီအကြောင်းတွေကို ဘယ်သူ့ကိုမှ မပြောနဲ့၊ ငါ့ကိုတောင် မပြောတာ အကောင်းဆုံးပဲ၊

ငါက အသက်ကြီးလာပြီဆိုတော့ မှတ်ဉာဏ်က အရမ်းမကောင်းတော့ဘူး၊

မတော်တဆ အပြင်မှာ လွှတ်ခနဲ ပြောမိသွားရင် နိုင်ငံတော်နဲ့ အဖွဲ့အစည်းအပေါ်မှာ တာဝန်မကျေရာ ရောက်လိမ့်မယ်၊ ငါ့ရဲ့ ဂုဏ်သိက္ခာကို အသက်ကြီးမှ အဖျက်မခံနိုင်ဘူး”

“ဒါဆိုရင် နောက်တစ်ခေါက် ကျွန်တော် တစ်ယောက်တည်း လာတွေ့ရင်လည်း မျက်စောင်းမထိုးပါနဲ့တော့ အဘိုး”

စုဝေ့ချင်းက အခွင့်အရေးကို အရယူပြီး ကျန်းရူတုန်ကို ခပ်တိုးတိုး ကပ်ပြောလိုက်လေ၏။

ကျန်းရူတုန်က ပြန်မေးလိုက်လေသည်။

“ငါက ဘယ်တုန်းက မင်းကို မျက်စောင်းထိုးလို့လဲ”

သူက စကားပြောရင်း မျက်လုံးများကို လှန်ကြည့်လိုက်ပြန်၏။

စုဝေ့ချင်း : “...”

ကောင်းပါပြီ၊ အဘိုးက မျက်စောင်းမထိုးဘူးဆိုရင်လည်း မထိုးဘူးပေါ့လေ။

လီရှန်းတစ်ယောက် သူတို့ကို ကြည့်ပြီး ရယ်ချင်စိတ်ပင် ဖြစ်သွားရ၏။ စက်ရုံအကြောင်းကို ခေတ္တမျှ စကားပြောပြီးနောက် သူမ၏ မိသားစုအကြောင်းကို မေးမြန်းလိုက်လေသည်။

“ကျွန်မ ဦးလေးတို့ဆီလည်း မရောက်သေးဘူး၊ သူတို့ ဘယ်လိုနေကြလဲ မသိဘူး”

“အရမ်းကောင်းပါတယ်၊ သူကတော့ စားနိုင်သောက်နိုင် အိပ်နိုင်တာပဲ၊

ကျန်းချောင်ကတော့ ဒီနှစ် အလယ်တန်းအောင်ပြီဆိုတော့ အထက်တန်းတက်ဖို့ စောင့်နေတာပဲ၊

ဒါပေမဲ့ ကျောင်းစနစ်တွေ ပြောင်းတော့မယ်လို့ ကြားတယ်၊ ဘာတွေ ပြောင်းမလဲတော့ မသိဘူး၊

ငါ့ကိုမေးရင်တော့ အထက်ကလူတွေက လျှောက်လုပ်နေကြတာပဲ၊ ပြည်နယ်မြို့တော်က ကျောင်းတွေကို ကြည့်ပါဦး၊

အကုန်ရှုပ်ပွနေတာပဲ၊ အဲဒါတွေက ကျောင်းသားတွေနဲ့တောင် တူသေးရဲ့လား၊ မြင်ရတာနဲ့တင် စိတ်တိုဖို့ကောင်းတယ်”

ကျန်းရူတုန်က ကျောင်းနှင့်ပတ်သက်၍ မကျေမနပ် ဖြစ်နေခဲ့သည်။

သူက ခက်ခဲသော ပတ်ဝန်းကျင်တွင် ကြီးပြင်းခဲ့ရသူဖြစ်ပြီး မိသားစုကလည်း မချမ်းသာခဲ့ပေ။

ကျေးရွာထဲ၌လည်း ဘိန်းစားနေသော ပညာတတ်တစ်ဦးသာ ရှိခဲ့ပြီး ထိုလူကလည်း နေ့စဉ် မိသားစုစည်းစိမ်များကို ဖြုန်းတီးနေခဲ့သူ ဖြစ်၏။

သူက စစ်တပ်ထဲသို့ ဝင်မှသာ ပညာတချို့ကို သင်ယူခွင့် ရခဲ့သည်။

ထို့ကြောင့် သူက ပညာတတ်များကို အမြဲတမ်း လေးစားအားကျနေတတ်၏။

ယခုအချိန်တွင် ပြည်နယ်မြို့တော်ရှိ ကျောင်းများ၏ အခြေအနေကို ကြည့်ပြီး သူက အလွန်ပင် စိတ်မကောင်း ဖြစ်နေခဲ့ရသည်။

ထိုကလေးများက နိုင်ငံ၏ အနာဂတ်များ ဖြစ်ကြသည်မဟုတ်ပါလား။

“အလွန်ဆုံးရှိရင် အချိန်တွေ ပြောင်းသွားတာပဲ ဖြစ်မှာပါ”

လီရှန်းအနေဖြင့်လည်း ထိုခေတ်ကာလအကြောင်းကို ဝေဝါးစွာသာ မှတ်မိနေခဲ့၏။

သူမက ကျောင်းပြီးပြီးချင်းမှာပင် ကျောင်းအပ်နှံသည့်စနစ်က နွေဦးမှ ဆောင်းဦးသို့ ပြောင်းလဲသွားသည်ကိုသာ သိရှိထားလေ၏။

“ဒါက တကယ့်ကို အဓိပ္ပာယ်မရှိတာပဲ”

ကျန်းရူတုန်က အခုထိ မကျေမနပ် ဖြစ်နေဆဲပင်။

“နှစ်တစ်နှစ်ရဲ့ အစီအစဉ်က နွေဦးမှာ စတင်တာပဲ၊ အရာအားလုံး စတင်ရှင်သန်တဲ့ အချိန်မှာ စာမသင်ဘဲ ဘာလုပ်ကြမှာလဲ”

လီရှန်းက အချိန်ပြောင်းမည်ဟု ပြောသည်ကို သူက ကလေးများ ကျောင်းတက်ချိန် နောက်ဆုတ်မည်ဟု ထင်မှတ်နေခဲ့ခြင်း ဖြစ်၏။

“အဘိုး၊ စိတ်မပူပါနဲ့၊ ပိုင်မားခရိုင်က အစစအရာရာ တည်ငြိမ်နေပါသေးတယ်၊

ဒါကိုကြည့်ခြင်းအားဖြင့် ကျွန်မတို့ ခရိုင်အုပ်ချုပ်ရေးမှူးက အတော်လေး အရည်အချင်းရှိတယ်ဆိုတာ သိသာနေတာပဲ”

အဲဒါလည်း ဟုတ်သားပဲ။

*

All Chapters