← Chapters

အခန်း (၂၂၆)

Vol. 23 Ch. 226

အခန်း (၂၂၆)

Vol. 23 Ch. 226

အခန်း(226)

ကျန်းရူတုန် သက်ပြင်းချလိုက်မိလေ၏။ ပြန်လည်၍ စဉ်းစားကြည့်လျှင် ပိုင်မားခရိုင်၏ အုပ်ချုပ်ရေးမှူးသာ သတ္တိနှင့် အမြော်အမြင်တို့မရှိခဲ့ပါက ဆေးဝါးစက်ရုံက ဤနေရာ၌ လာရောက်တည်ဆောက်မည် မဟုတ်ပေ။

အထူးသဖြင့် ပြီးခဲ့သည့် နှစ်နှစ်အတွင်း ပိုင်မားခရိုင်ကို ပြည်နယ်အစိုးရက တိုက်ရိုက်အုပ်ချုပ်မည့် ပြည်နယ်အဆင့်မြို့အဖြစ် သတ်မှတ်မည်ဟူသော ကောလာဟလများလည်း ထွက်ပေါ်နေခဲ့၏။

ထိုအချိန်ကျလျှင် သူတို့၏ အိမ်ထောင်စုစာရင်းက ပြည်နယ်မြို့တော်မှလူများအဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။

ကျန်းရူတုန်က စိတ်အေးသွားသည်ကို မြင်ချိန်တွင် လီရှန်းက ထရပ်လိုက်ပြီးပြောလိုက်လေသည်။

“ကျွန်မ အဘွားဝူကို ညစာကူချက်ပေးလိုက်ဦးမယ်”

“သူ့ဘာသာသူ လုပ်ပါစေ”

ကျန်းရူတုန်က မြေးမဖြစ်သူနှင့် စကားဆက်ပြောချင်နေသေးသောကြောင့် သူမကို တားလိုက်လေသည်။

“အဘွားဝူက အသက်ကြီးနေပြီပဲ၊ အဘိုး ခိုင်းရက်ပေမဲ့ ကျွန်မကတော့ မခိုင်းရက်ဘူး”

လီရှန်းက အပြုံးတစ်ခုနှင့် ပြောဆိုပြီးနောက် မီးဖိုချောင်ဘက်သို့ ထွက်လာခဲ့လေတော့၏။

မီးဖိုချောင်ထဲ၌ ဝူယွီနျန်က အသားခြောက်များကို ဆေးကြောနေလေ၏။

သူမက အလွန်ပိန်ပြီး အရပ်လည်း သိပ်မရှည်ပေ။ ယခုအချိန်တွင် အသက်ကြီးလာပြီဖြစ်၍ နောက်ကျောကလည်း ပို၍ပင် ကိုင်းနေခဲ့သည်။

သို့သော် သူမက အလွန်သန့်ရှင်းပြီး ဆံပင်ကိုလည်း သေသပ်စွာဖီးလိမ်းထားတတ်၏။

လီရှန်းက ကူညီရန်အတွက် လက်လှမ်းလိုက်သည်ကိုမြင်ချိန်တွင် သူမက အမြန်ပင် တားလိုက်ပြီး ပြောလိုက်လေသည်။

“အိုက်ယား.. ရှန်းရှန်း လာမရှုပ်ပါနဲ့၊ မင်းရဲ့ လက်တွေ ညစ်ပတ်သွားဦးမယ်”

“ညစ်ပတ်ရင် ဆေးလိုက်ရုံပေါ့ အဘွားရဲ့”

လီရှန်းက ဂရုမစိုက်သည့် အပြုံးတစ်ခုနှင့် ထိုင်ခုံလေးတစ်လုံးကို ဆွဲယူ၍ ထိုင်လိုက်လေ၏။

သူမက ဝူယွီနျန်၏ လက်ထဲမှ အသားခြောက်များကိုယူကာ ဆေးကြောပေးလိုက်လေသည်။

ဝူယွီနျန်လည်း သူမကို မတားနိုင်တော့သောကြောင့် လက်ကို ခါးစည်းဖြင့် သုတ်ပြီး ပဲသီးစိမ်းများကို ခြွေရန် ပြင်ဆင်တော့၏။

“ဒီနှစ်ပဲသီးစိမ်းတွေက အတော်လေး အောင်တာပဲ”

လီရှန်းက အံ့ဩသင့်စွာ ပြောလိုက်လေသည်။

“အရင်နှစ်တွေကလို ညှိုးမနေဘူး”

“မျိုးစေ့အသစ်လို့ ပြောကြတာပဲ၊ ထွက်လာတဲ့ ပဲသီးတွေက အတော်လေး လှတယ်”

ဝူယွီနျန်က လီရှန်းနှင့်အတူ နေ့စဉ်လူမှုရေးရာများကို စကားစမြည် ပြောဆိုရင်း စကားစပ်မိပြီး ပြောလိုက်လေ၏။

“ဒါတွေအားလုံးက သိပ္ပံပညာရှင်တွေရဲ့ ကျေးဇူးတွေပေါ့၊ နင့်အဖိုးက ဒါကို ပြောပြတုန်းက ငါတောင် အံ့ဩသွားတယ်၊

သိပ္ပံပညာရှင်တွေက ပဲစေ့တွေအကြောင်းအထိ သုတေသနလုပ်လိမ့်မယ်လို့ ငါတစ်ခေါက်မှ မတွေးဖူးဘူး”

“ဘာလို့ မလုပ်ရမှာလဲ အဘွားရဲ့”

လီရှန်းက ရှင်းပြလိုက်လေသည်။

“သုတေသနလုပ်လို့ရသမျှ အရာအားလုံးအတွက် ကျွမ်းကျင်ပညာရှင်တွေ ရှိကြတာပဲလေ၊

ပဲသီးတွေ အောင်တာကလည်း ကောင်းတာပေါ့၊ ပဲသီးတွေ ရင့်မှည့်သွားရင် ပဲပိစပ်ဖြစ်လာမယ်၊

ပဲပိစပ်တွေကနေ ဆီထုတ်လို့ရသလို တို့ဟူးလည်း လုပ်လို့ရတယ်၊ အကုန်လုံးက အဖိုးတန်တဲ့ ပစ္စည်းတွေပဲလေ”

ဝူယွီနျန်က နားထောင်ရင်း ခေါင်းကို အဆက်မပြတ် ငြိမ့်နေခဲ့၏။

မှမ်ပေ၏။ အကုန်လုံးက အဖိုးတန်မနေလျှင် သိပ္ပံပညာရှင်များက အဘယ်ကြောင့် သုတေသနလုပ်နေပါမည်နည်း။

“ပဲပိစပ်အသစ်တွေ ထွက်လာရင် ငါအများကြီး ဝယ်ထားရမယ်၊ တို့ဟူးပဲလုပ်လုပ်၊

တို့ဟူးခြောက်ပဲလုပ်လုပ် ကောင်းတာပေါ့၊ မိသားစုထဲမှာ လူလည်းများတော့ ခွဲဝေလိုက်ရင် ချက်ချင်းကုန်သွားမှာပဲ”

နှစ်သစ်ကူးပြီးသည်က မကြာသေးသော်လည်း ဝူယွီနျန်က နောက်တစ်ကြိမ် နှစ်သစ်ကူးရန်ကိုပင် စဉ်းစားနေလေပြီ။

ထို့နောက် သူမက လီရှန်းကို ကလေးယူရန်အတွက်လည်း တိုက်တွန်းလိုက်ပြန်၏။

“နင်တို့ လက်ထပ်တာလည်း လနည်းနည်းလောက် ရှိနေပြီပဲ၊ မျက်စိတစ်မှိတ်အတွင်းမှာပဲ အချိန်တွေ ကုန်သွားပြီ၊ ဘာသတင်းများ ကြားရပြီလဲ”

“မကြားရသေးပါဘူး အဘွား”

လီရှန်းက ခေါင်းကို ခါပြလိုက်လေ၏။ ဝူယွီနျန် သက်ပြင်းချလိုက်သည်ကို မြင်သည့်အချိန်တွင် သူမက အမြန်ပင် ရှင်းပြလိုက်ရ၏။

“ဝေ့ချင်းက အခု မယူသေးဘူးလို့ ပြောထားတာပါ၊ ကျွန်မတို့ အမြဲတမ်း သတိထားပြီးနေနေကြတာ”

“ဘာပြောတယ်”

ဝူယွီနျန်က မျက်လုံးများပင် ပြူးသွားရ၏။ သူမက ယခုကဲ့သို့ စိတ်မချရသော ဇနီးမောင်နှံမျိုးကို တစ်ခေါက်မှ မတွေ့ဖူးပေ။

မည်သည့် ဇနီးမောင်နှံက လက်ထပ်ပြီးလျှင် ကလေးယူရန် မလောဘဲ နေကြပါသနည်း။

“ဝေ့ချင်းက ကျွန်မက ငယ်သေးသလို ခန္ဓာကိုယ်ကလည်း အပြည့်အဝ မဖွံ့ဖြိုးသေးဘူးလို့ ပြောတယ်လေ၊အခုအချိန်မှာ ကလေးယူရင် ကျွန်မအတွက် အရမ်းပင်ပန်းလိမ့်မယ်တဲ့၊

အဲဒါကြောင့် နောက်ထပ် နှစ်နှစ်လောက်နေမှ ကိုယ်ခန္ဓာက အပြည့်အဝ ကျန်းမာလာတဲ့အချိန်မှ ကလေးယူမယ်လို့ သူက ပြောတာပါ”

ဝူယွီနျန်အနေဖြင့် ထိုကဲ့သို့သော အကြောင်းပြချက်မျိုးကို ပထမဆုံးအကြိမ် ကြားဖူးခြင်းပင်။

“ဒါဆိုရင် သူတို့မိသားစုကရော သဘောတူရဲ့လား”

“ကျွန်မ ယောက္ခမတွေက အမြော်အမြင်ရှိတဲ့ ပညာတတ်တွေပဲလေ၊

အထူးသဖြင့် ကျွန်မယောက္ခမက အမျိုးသမီးအဖွဲ့ချုပ်ရဲ့ ဒါရိုက်တာဆိုတော့ ဒီကိစ္စတွေကို သူက ပိုသိတာပေါ့၊ သူကလည်း ကျွန်မတို့ကို ထောက်ခံပါတယ်”

“ဒါဆိုရင်တော့ တော်သေးတာပေါ့”

ဝူယွီနျန်မှာ စုမိသားစုမှ လူကြီးများက သဘောတူသည်ဟု ကြားလိုက်ရသည့်အချိန်မှ စိတ်အေးသွားလေတော့သည်။

ထို့နောက် သူမက ခပ်တိုးတိုး ရေရွတ်လိုက်လေသည်။

“ကလေးကို နောက်မှယူတာကလည်း ပိုကောင်းပါတယ်၊ ကလေးမွေးတယ်ဆိုတာ သေမင်းနဲ့ ရင်ဆိုင်ရတာနဲ့ တူတူပဲ၊

နင့်အဘွားက နင့်အဒေါ်, ဟုန်မေ့ကို မွေးတုန်းက မီးတွင်းထဲမှာတင် ဆုံးသွားခဲ့တာလေ”

လီရှန်း၏ အဘွားဖြစ်သူအကြောင်းကို ပြောဆိုမိသည့်အချိန်တွင် ဝူယွီနျန်၏ မျက်နှာပေါ်တွင် ဝမ်းနည်းသည့်အဝိပ်အယောင်များက ယှက်သန်းလာလေတော့၏။

မည်မျှပင် နှစ်ပေါင်းများစွာ ကြာသွားခဲ့သော်လည်း ထိုအချိန်က ကြေကွဲစရာကောင်းသော ဖြစ်ရပ်ကို ပြန်လည်၍ တွေးတောမိတိုင်း ဝူယွီနျန် စိတ်မကောင်း ဖြစ်နေရဆဲ ဖြစ်သည်။

လီရှန်းက ခေါင်းညိတ်လိုက်ပြီး ပြောလိုက်လေ၏။

“ကျွန်မလည်း ဘေးကင်းဖို့အတွက် ကလေးကို နောက်မှယူဖို့ ဆုံးဖြတ်ထားတာပါ”

“ဒါပေမဲ့ အကြာကြီးတော့ အချိန်မဆွဲပါနဲ့”

ဝူယွီနျန်က ထပ်မံပြောဆိုလိုက်လေသည်။

စုဝေ့ချင်းက ကျေးဇူးကန်းမည့်သူမျိုးဟု မထင်ရသော်လည်း လူ့စိတ်ဆိုသည်က ခန့်မှန်းရ ခက်လွန်းသည်မဟုတ်ပါလား။

နောင်တစ်ချိန်တွင် သူ ပြောင်းလဲသွားမည်လားဆိုသည်ကို မည်သူက သိနိုင်ပါမည်နည်း။

လီဟုန်ကျွင့်သည်လည်း ကျန်းဟုန်ကျန့်ကို လက်ထပ်ခွင့်တောင်းချိန်က အလွန်ပင် ရိုးသားခဲ့သူ ဖြစ်၏။

သို့သော် နောက်ပိုင်းတွင် မည်သို့ဖြစ်သွားခဲ့သနည်း။

သူက သူ၏ ကတိကဝတ်များကို မေ့လျော့သွားရုံသာမက လီရှန်း အပေါ်တွင်လည်း အေးစက်စွာ ဆက်ဆံခဲ့ပြီး ထုန်လင်းကိုလည်း သူမအပေါ် နှိပ်စက်ခွင့်ပေးခဲ့သည်မဟုတ်ပါလား။

အကယ်၍ သူမသာ သေသေချာချာ သွားမကြည့်ခဲ့ပါက လီရှန်းက လီမိသားစုထဲတွင် မည်သို့သော ဘဝမျိုးဖြင့် ဖြတ်သန်းနေရသည်ကို သိနိုင်မည် မဟုတ်ပေ။

“ကလေးရှိလာမှပဲ နောင်တစ်ချိန်မှာ အားကိုးရာ ရမှာ”

ဝူယွီနျန်၏ သက်ပြင်းချနေသော မျက်နှာကို ကြည့်ရင်း လီရှန်းလည်း ဝူယွီနျန်နှင့် ကျန်းရူတုန်တို့တွင် သားသမီးမရှိသည်ကို ရုတ်တရက် သတိရသွားမိ၏။

ဝူယွီနျန်၏ သမီးအရင်းကဲ့သို့ ဖြစ်နေခဲ့သော ကျန်းဟုန်မေ့ကလည်း အမှန်တကယ်တမ်းတွင် ကျန်းရူတုန်နှင့် လီရှန်း၏ အဘွားတို့၏ သမီးသာ ဖြစ်သည်။

ထို့အပြင် ဝူယွီနျန်တွင် သားသမီး ဆုံးရှုံးခဲ့ဖူးသည်ဟူ၍လည်း သူမ တစ်ခါမှ မကြားဖူးပေ။

ဝူယွီနျန်က ကလေးမရနိုင်တာများလား။

လီရှန်းက အသားခြောက်များကို ဆေးကြောပြီးနောက် သူမကိုယ်တိုင်ပင် ချက်ပြုတ်လေတော့၏။

ဝူယွီနျန် ကြိုတင်၍ ပြင်ဆင်ထားသော အခြေခံအစားအစာများမှလွဲ၍ ကျန်ရှိသော ဟင်းလျာအားလုံးကို လီရှန်းကိုယ်တိုင် ပြုလုပ်ခဲ့လေသည်။

ကျန်းရူတုန်က မြိန်ယှက်စွာ စားသောက်နေခဲ့ပြီး အသားခြောက်ကြော်ကိုလည်း အလွန်နှစ်သက်နေခဲ့၏။

သူက ပေါက်စီကြီး နှစ်လုံးကိုပင် ကုန်အောင် စားနိုင်ခဲ့သောကြောင့် ဝူယွီနျန်က အဘိုးဖြစ်သူက အစားလွန်သွားမည်ကို စိုးရိမ်သောကြောင့် မြေးများ၏အရှေ့မှာပင် တူကို လှမ်းလုလိုက်ရတော့သည်။

ဝူယွီနျန်မှာ များသောအားဖြင့် သူတစ်ပါးရှေ့တွင် ကျန်းရူတုန်ကို အတော်လေး မျက်နှာသာပေးတတ်သည်ကို သိထားသင့်၏။

ညစာစားပြီးနောက် ဝူယွီနျန်က ကျန်းရူတုန်အတွက် အစာကြေဟင်းရည်ကို အလျင်အမြန်ပင် သွားချက်ပေးခဲ့လေသည်။

ထိုအချိန်တွင် စုဝေ့ချင်းနှင့် လီရှန်းတို့က ခြံဝင်းထဲ၌ အတူထိုင်နေကြခဲ့ကြပြီး ကျန်းရူတုန်က ကြိမ်ကုလားထိုင်ပေါ်တွင် မှီလျက် တည်ငြိမ်စွာ ပြောလိုက်လေ၏။

“လွန်ခဲ့တဲ့ ရက်ပိုင်းက လီဟုန်ကျွင့် ရောက်လာသေးတယ်”

ဟင်။

လီရှန်းက ချက်ချင်းပင် လှည့်ကြည့်လိုက်ပြီး မျက်နှာတွင် သံသယများဖြင့် မေးလိုက်မိသည်။

“သူ ဒီကို ဘာလာလုပ်တာလဲ”

“သူ မင်းအတွက် ငွေနှစ်ရာကို ချန်ထားခဲ့တယ်၊ ထုန်လင်းကိုခေါ်ပြီးတော့ ဇာတိရွာကို ပြန်သွားတော့မယ်တဲ့”

လီရှန်း : “...”

“သူ့မှာ အလုပ်ရှိတယ် မဟုတ်ဘူးလား”

သူမ မေးလိုက်လေ၏။

သန့်ရှင်းရေးဝန်ထမ်း အလုပ်ပဲဖြစ်ဖြစ်လေ။

“အလုပ်ပြုတ်သွားပြီလေ၊ စက်ရုံမှူးအသစ် ရောက်လာပြီးတော့ အထည်လိပ်စက်ရုံမှာ ပြုပြင်ပြောင်းလဲမှုတွေ အများကြီး လုပ်လိုက်တာ၊

လီဟုန်ကျွင့်မှာ နေစရာအိမ်လည်းမရှိ၊ နာမည်ကလည်း ပျက်နေတဲ့အပြင် စည်းကမ်းဖောက်ဖျက်မှု မှတ်တမ်းလည်း ရှိနေတော့ အကြီးအကျယ် အပယ်ခံလိုက်ရတာပဲ၊

အဲဒါနဲ့ သူလည်း အလုပ်နေရာကို ရောင်းချလိုက်ပြီး ဇနီးသည်နဲ့ ရွာကိုပြန်ဖို့ ဆုံးဖြတ်လိုက်ပုံရတယ်”

“ဒါဆို အိမ်ထောင်စုစာရင်းကရော”

“အဲဒါတော့ ငါမမေးလိုက်ဘူး၊ သူပေးတဲ့ငွေကိုလည်း ငါလက်မခံလိုက်ဘူး၊ ငါ့အမြင်ကတော့၊

ငါတို့တွေက ပတ်သက်မှုဖြတ်စဲကြောင်း ကြေညာချက် ထုတ်ပြန်ပြီးသားပဲ၊ ဘာလို့ ထပ်ပြီး ပတ်သက်နေဦးမှာလဲ”

ကျန်းရူတုန်က လီရှန်းကို ကြည့်ပြီး ပြောလိုက်လေ၏။

“တကယ်လို့ မင်း လိုချင်တယ်ဆိုရင်တော့ သူ့ဆီသွားတောင်းလို့ ရပါတယ်၊ သူ မထွက်သွားသေးလောက်ဘူး ထင်တာပဲ”

“အဘိုး လုပ်တာ မှန်ပါတယ်၊ ဒီငွေကို ကျွန်မ မယူရဲပါဘူး”

လီရှန်းက ခေါင်းကို ခါပြလိုက်ပြီး ပြောလိုက်လေသည်။

“သူသာ အစောကြီးကတည်းက ရွာကိုပြန်ဖို့ ဆုံးဖြတ်ခဲ့ရင် လီချောင်နဲ့ လီကျူးတို့က ကျေးလက်ဒေသဘက်ကို ဆင်းရမှာ မဟုတ်ဘူး”

ထိုအချိန်ကျလျှင် လူတိုင်းက ကျေးလက်အိမ်ထောင်စုစာရင်း ရှိနေမည်ဖြစ်သည်။

ထို့ကြောင့် စုပေါင်းစိုက်ပျိုးရေးတွင် တိုက်ရိုက်ပါဝင်နိုင်လိမ့်မည်။ ကျေးလက်ဒေသသို့ အထူးတလည် ဆင်းနေစရာ အကြောင်းမရှိတော့ပေ။

လီရှန်းထံမှ ထူးခြားသည့် တုံ့ပြန်မှုမရှိသည်ကို မြင်သည့်အချိန်တွင် ကျန်းရူတုန်လည်း စိတ်အေးသွားရတော့သည်။

မြေးမဖြစ်သူအနေဖြင့် ဒဏ်ရာပျောက်လျှင် အနာတရကို မေ့သွားတတ်သည့်အကျင့်မျိုးရှိနေကာ လီဟုန်ကျွင့်ကို ထပ်မံ၍ ခွင့်လွှတ်မိသွားမည်ကို သူ စိုးရိမ်နေခဲ့၏။

ခွင့်မလွှတ်ခြင်းက အကောင်းဆုံးဖြစ်သကဲ့သို့ လက်စားချေရန်လည်း မလိုအပ်ပေ။

ယခုမှစ၍ သူစိမ်းများကဲ့သို့သာ နေကြလျှင် လုံလောက်ပေပြီ။

*

All Chapters