← Chapters

အခန်း (၁၁၇၉-၁၁၈၀)

Vol. 101 Ch. 1179-1180

အခန်း (၁၁၇၉-၁၁၈၀)

Vol. 101 Ch. 1179-1180

အခန်း ၁၁၇၉

ထိုစဉ် မိမိတို့ဖုန်းရှိ ယီထျန်းဂရုထဲတွင် မက်ဆေ့ခ်ျတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

“ဟေး ညီအစ်ကို မောင်နှမတို့... ဒီဆေးသည်အတုရဲ့ ဆေးကုသမှုပညာက တကယ်ကို အံ့ဩစရာပဲ။ ကျုပ် ပထမဆုံးအကြိမ် တရုတ်တိုင်းရင်းဆေး သောက်ပြီးတာနဲ့ အဆင့်တက်သွားခဲ့တယ်ဗျို့။”

“ဘယ်လိုမျိုး ပညာရပ်မို့လို့လဲ။ ယီရန်ပင်း မဟာမိတ်အဖွဲ့က အဲ့ဒီလိုမျိုး တရားမဝင် အရောင်းအဝယ်တွေပါ လုပ်နေတာလား။”

“ဟေ့... အပေါ်က ညီအစ်ကို စကားမပြောခင် သူများတင်ထားတာကို သေချာဖတ်ပါဦး။ ခင်ဗျားက စကားစပ်ကို လုံးဝလွဲပြီး ကောက်ချက်ချနေတာပဲ။”

“သေစမ်း... ဒါက တကယ်ကို မယုံနိုင်စရာပဲ။ မင်း ဆေးခန်းသွားပြမယ်လို့ ပြောကတည်းကဆိုရင် အခု သုံးနာရီလောက်ပဲ ရှိသေးတယ် မဟုတ်လား။”

“တကယ့်ကို အံ့ဩစရာပဲ။ ငါ လွန်ခဲ့တဲ့ နှစ်နာရီကမှ ပထမဆုံးအကြိမ် သောက်ရသေးတာ။ အခု ငါ A အဆင့်ကို ရောက်သွားပြီ။”

“ဘုရားရေ... မင်း အဲ့ဒီလိုပြောမှပဲ ငါကတော့ သူကမှ ဆေးအတု လိုက်ရောင်းနေသလိုမျိုး ခံစားရတော့တယ်။”

၎င်းကို မြင်လိုက်ရသောအခါ စွန်းယောင်က ချက်ချင်း ဝင်ရောက်ရှင်းပြလိုက်သည်။

“ပထမဆုံးအနေနဲ့ ကျုပ်ရဲ့ဆေးက သူ့ရဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းကို ပြန်လည်ပြုပြင်ပေးဖို့ပဲ တာဝန်ရှိတာပါလို့ ရှင်းရှင်းလင်းလင်း ပြောပါရစေ။ သူ အဆင့်တက်သွားတာက ခန္ဓာကိုယ်ထဲမှာ အာဟာရဓာတ်တွေ လုံလုံလောက်လောက် စုမိသွားလို့ပဲ ဖြစ်နိုင်တယ်။ ဒုတိယအနေနဲ့ ဒီကိုလာပြီး ဆေးတစ်ခွက်သောက်တိုင်း လူတိုင်း အဆင့်တက်မယ်လို့ ကျုပ် အာမမခံနိုင်ပါဘူး။ နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ အစာအိမ်နဲ့ အူလမ်းကြောင်းကို ပြန်လည်ပြုပြင်ပေးတာက အစားအစာထဲက အာဟာရဓာတ်တွေကို စုပ်ယူရလွယ်ကူအောင် အမှန်တကယ် အထောက်အကူပြုတာ မှန်ပေမဲ့ ရလဒ်ကိုတော့ အသေအချာ အာမခံချက် မပေးနိုင်ပါဘူး။”

ဆေးသည်က ရှေ့ထွက်ရှင်းပြလာသည်ကို မြင်သောအခါ လူအများက ထပ်မံ၍ ဝေဖန်ဆွေးနွေးလာကြပြန်သည်။

“ဝိုး... ဆေးသည်အတုက ဒီအခွင့်အရေးကို သုံးပြီး သူ့ရဲ့ ဆေးကုသမှုပညာနဲ့ ဆေးဝါးတွေကို ကြော်ငြာလိမ့်မယ်လို့ ငါ ထင်ထားတာ။ သူက ဒီလောက်အထိ ရိုးသားလိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး။”

“ငါ့စိတ်ထင်တော့ သူက ယီရန်ပင်းနဲ့ အတူတူနေတာ ကြာပြီဆိုတော့ သူ့ရဲ့ လွှမ်းမိုးမှုကို သွယ်ဝိုက်ပြီး ခံလိုက်ရတာ ထင်တယ်။”

“ဟုတ်တယ်။ ဒါပေမဲ့ ဆေးသည်အတု ပြောတာကလည်း ကျိုးကြောင်းဆီလျော်ပါတယ်။ ငါလည်း သွားပြကြည့်ဦးမယ်။ ဘာပဲဖြစ်ဖြစ် ပိုက်ဆံအများကြီး ကုန်မှာမှ မဟုတ်တာ။ တကယ်လို့ အဆင်ပြေသွားရင် ငါ အမြတ်ကြီးထုတ်နိုင်ပြီ။”

ဤအချိန်တွင် ယီရန်ပင်း မဟာမိတ်ဆေးရုံ၏ ရက်ချိန်းယူသည့်ပလက်ဖောင်းပေါ်၌ ဆေးခန်းပြသရန် ရက်ချိန်းယူသည့် အချက်အလက်များစွာ ချက်ချင်း ထွက်ပေါ်လာတော့သည်။

“နောက်ဆုံးတော့ တရုတ်တိုင်းရင်းဆေးပညာ တကယ် ထွန်းကားလာတော့မယ့်ပုံပဲ။”

စွန်းယောင်တစ်ယောက် ရက်ချိန်းယူထားသည့် အချက်အလက်များကို ကြည့်ရင်း စိတ်လှုပ်ရှားနေမိလေသည်။

ဤအချိန်တွင် ရှောင်းယီမှာ အိပ်ပျော်နေပြီဖြစ်ရာ ယီထျန်းအဖွဲ့အတွင်း၌ ဘာတွေဖြစ်ပျက်နေသလဲဆိုသည်ကို လုံးဝ မသိရှိပါချေ။

ထိုညတွင် အဖြူရောင်အရိုးစုစစ်တပ်သည် ခံစစ်ကြောင်းကို အကြိမ်ပေါင်းများစွာ လာရောက်တိုက်ခိုက်ခဲ့သော်လည်း ယီရန်ပင်း မဟာမိတ်အဖွဲ့၏ စစ်တပ်များက ကြိမ်ဖန်များစွာ မောင်းထုတ်နိုင်ခဲ့သည်။

ရှောင်းယီသည် မည်သည့်အနှောင့်အယှက်မှမရှိဘဲ မနက် ၅ နာရီအထိ ကောင်းမွန်စွာ အိပ်စက်နိုင်ခဲ့သည်။ အိပ်ရာမှထပြီးနောက် သူ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ အချက်အလက်များကို စစ်ဆေးကြည့်လိုက်ရာ ရှေ့တန်းမှ မည်သည့်သတင်းထူးမျှ မရှိချေ။ ၎င်းကပင် သတင်းကောင်းတစ်ခု ဖြစ်ပေသည်။

ရှောင်းယီသည် တာအိုကျမ်းစာကို ကျင့်ကြံပြီးနောက် ကိုယ်လက်သန့်စင်ကာ ချက်ချင်း လက်မှတ်ထိုးဝင်လိုက်တော့သည်။

“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသောဆုလာဘ် - ကိုယ်တိုင်မောင်း လေကြောင်းရန်ကာကွယ်ရေးအမြောက် ပုံစံခွက် (SSS အဆင့်) ၁။”

ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို အသုံးပြုပြီးနောက် ရှောင်းယီသည် မနက်စာစားရန် အောက်ထပ်သို့ ဆင်းလာခဲ့လိုက်၏။

မနက်စာစားပြီးနောက် ရှောင်းယီသည် ကိုယ်တိုင်မောင်း လေကြောင်းရန်ကာကွယ်ရေးအမြောက် အလက် ၅၀၀ ကို ထုတ်လုပ်လိုက်ပြီး ရှေ့တန်းသို့ ချက်ချင်း ပေးပို့လိုက်သည်။

ရှေ့တန်းသို့ ရောက်ရှိလာသောအခါ ရှောင်းယီသည် ကျန်းယွင်ထျန်းတစ်ယောက်မနက်စာစားနေသည်ကို တွေ့လိုက်ရလေသည်။

“မင်း ပြန်ပြီး အနားယူလိုက်ဦးလေ။”

“မလိုပါဘူး။ ငါ မနေ့က သယ်ယူပို့ဆောင်ရေးလေယာဉ်ပေါ်မှာ အိပ်ခဲ့ပြီးပြီပဲ။”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။ ရှောင်းယီက ခေါင်းငြိမ့်ပြလိုက်၏။

“မသေမျိုးတွေက မနေ့ညက အဲ့ဒီ ထူးခြားတဲ့ မျိုးနွယ်စုတွေကို လုံးဝ အသုံးမပြုခဲ့ဘူး မဟုတ်လား။”

“မသုံးဘူး။ အားလုံးက သာမန် အမြောက်စာတွေချည်းပဲ။”

ကျန်းယွင်ထျန်းက ပြန်ပြောလိုက်သည်။

“ဒါဆို ငါတို့ ဆက်ပြီး ချီတက်ကြတာပေါ့။ သူတို့ အဲ့ဒီ ထူးခြားတဲ့ မျိုးနွယ်စုတွေကို ဘယ်အချိန်ကျမှ ထုတ်သုံးမလဲဆိုတာ ငါ တကယ်မြင်ချင်သေးတယ်။”

ရှောင်းယီက အမိန့်ပေးလိုက်၏။

“ဟုတ်ကဲ့။”

ယီရန်ပင်း မဟာမိတ်အဖွဲ့နှင့် ဧရာမဘီလူးကြီးများ၏ စစ်တပ်သည် ရှေ့သို့ ဆက်လက်ချီတက်ခဲ့ရာ အဖြူရောင်အရိုးစုစစ်တပ်သည် သူတို့၏ ချီတက်မှုကို အနည်းငယ်မျှသာ နှောင့်နှေးအောင် လုပ်ဆောင်နိုင်ခဲ့၏။

သူတို့နောက်မှ သတိကြီးစွာဖြင့် လိုက်ပါလာသော ရစ်စကီနှင့် သူ့လူများသည် ယီရန်ပင်း မဟာမိတ်အဖွဲ့၏ ပြင်းထန်လှသော စစ်လက်နက်စွမ်းအားကို ကြည့်ပြီး အံ့ဩတုန်လှုပ်နေကြတော့သည်။

“ယီရန်ပင်းမှာ ဒီလောက် အဆင့်မြင့်တဲ့ လက်နက်တွေကို ဘယ်လိုလုပ်ပြီး အများကြီး ရှိနေရတာလဲ။”

ရစ်စကီတစ်ယောက် တစ်ကိုယ်တာ်း တိုးတိုးလေး ရေရွတ်နေမိ၏။

စစ်တပ်က ရှေ့သို့ ဆက်လက်ချီတက်နေသဖြင့် ရှောင်းယီနှင့် ကျန်းယွင်ထျန်းတို့မှာ လုပ်စရာမရှိဘဲ အနားရနေခဲ့ကြသည်။

ဤသို့ ချီတက်ရာတွင် ကွပ်ကဲမှုပေးရန်ပင် မလိုတော့ချေ။ ရှောင်းယီ ရှေ့တန်းမှ အခြေအနေကို လှမ်းကြည့်လိုက်၏။

“ဒီမှာ ဘာမှထူးထူးခြားခြား မရှိတော့ဘူး။ ငါတို့ မဟာမိတ်အဖွဲ့ဆီ အရင်ပြန်ကြရအောင်။ တကယ်လို့ ပုံမှန်မဟုတ်တဲ့ အခြေအနေတစ်ခုခု ကြုံလာရရင် ငါတို့ကို ချက်ချင်း ဆက်သွယ်ခိုင်းလိုက်။”

“ကောင်းပြီ။ ငါ ဒီမှာ စီစဉ်စရာရှိတာတွေ စီစဉ်ပြီးတာနဲ့ ပြန်လာခဲ့မယ်။”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။ ထို့နောက် ရှောင်းယီသည် မြို့ပြန်ကျောက်ကို အသုံးပြုကာ ဗီလာသို့ ပြန်လာခဲ့လိုကါပြီး ဖုန်းကို ဖွင့်ကြည့်လိုက်သောအခါ ဂရုချက်အတွင်း၌ တရုတ်တိုင်းရင်းဆေးပညာနှင့် ပတ်သက်၍ ဆွေးနွေးငြင်းခုံမှုများဖြင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရတော့သည်။

“ယခင်ကမ္ဘာတုန်းက လူကြိုက်မများခဲ့တဲ့ တရုတ်တိုင်းရင်းဆေးပညာက ဒီနေရာကျမှ ဒီလောက်အထိ ရေပန်းစားလာလိမ့်မယ်လို့ ငါ လုံးဝ ထင်မထားမိဘူး။”

“အမှန်ပဲ။ ငါတို့ ရှားနိုင်ငံရဲ့ ဘိုးဘေးတွေ ချန်ထားရစ်ခဲ့တဲ့ အရာတွေက ဘယ်လိုလုပ်ပြီး သာမန်အရာတွေ ဖြစ်နိုင်ပါ့မလဲ။”

“မနက်ဖြန်အထိ ရက်ချိန်းတွေအကုန်လုံး ပြည့်သွားပြီလား။ ငါ့ကို လူစာရင်းအနောက်မှာ ထည့်ပေးလို့ ရမလား။ ဒီတစ်ပတ်မှာ သုံးရက် လေးရက်ပဲ ကျန်တော့တာဆိုတော့ ငါ အချိန်မမီမှာ စိုးရိမ်မိတယ်။”

ဂရုအတွင်းရှိ ဆွေးနွေးမှုများကို ကြည့်ရင်း ရှောင်းယီ ခေတ္တမျှ မှင်တက်သွားခဲ့သည်။ ထို့နောက် အန်းယွဲ့ထံသို့ ချက်ချင်း ဖုန်းခေါ်ကာ မေးရတော့၏။

“ဦးလေးအန်း... ဂရုထဲမှာ ဘာတွေဖြစ်နေတာလဲ။ ဘာလို့ လူတိုင်းက တရုတ်တိုင်းရင်းဆေးအကြောင်းပဲ ပြောနေကြတာလဲ။”

“အခြေအနေက ဒီလိုပါ။”

အန်းယွဲ့သည် မနေ့ညက ဖြစ်ပျက်ခဲ့သမျှကို ချက်ချင်း ရှင်းပြလိုက်၏။ ရှောင်းယီ ချက်ချင်းပင် သဘောပေါက်သွားတော့လေသည်။

“ဒါဆိုရင် စွန်းယောင်က ကျုပ်တို့ကို အရင်ဆုံး ခန္ဓာကိုယ် ပြန်လည်ပြုပြင်ပေးဖို့ ကူညီပေးသင့်တယ်။”

“ဟုတ်တယ်။ ငါ သူ့ကို ပြောထားပြီးပြီ။ သူ ငါတို့အတွက် အချိန်နည်းနည်းဖယ်ပြီး သေသေချာချာ စစ်ဆေးပေးလိမ့်မယ်။”

အန်းယွဲ့က ပြုံးကာ ပြန်ဖြေလိုက်သည်။

“ကောင်းပါပြီ။ ဒါဆိုရင် အဆင်ပြေသွားတာပေါ့။ ကျုပ် သူ့ဆီ ဖုန်းဆက်လိုက်ဦးမယ်။”

ရှောင်းယီက ထိုသို့ပြောကာ ဖုန်းချလိုက်ပြီး စွန်းယောင်ထံသို့ ဖုန်းထပ်ဆက်လိုက်သည်။

တီ... တီ...

ဖုန်းခေါ်ဆိုမှုသည် စွန်းယောင်နှင့် လျင်မြန်စွာ ချိတ်ဆက်မိသွားပြီး တစ်ဖက်မှ အလွန်အမင်း ဆူညံနေသော အသံများကို ကြားလိုက်ရတော့သည်။

“ကျွန်းပိုင်ရှင်...ကျုပ်ဘက်က ဘာကူညီပေးရမလဲ။”

“မင်းရဲ့ လုပ်ငန်းက အရမ်း အရောင်းသွက်နေတယ်လို့ ကြားထားလို့ ဘယ်လိုရှိလဲ လှမ်းမေးကြည့်တာပါ။”

“အခု ကျုပ် အလုပ်အရမ်းများနေတယ်။ ဘာရောဂါမှမရှိတဲ့ လူတွေအများကြီးကလည်း သူတို့ကို ဆေးကုပေးဖို့ လာတောင်းဆိုနေကြတယ်။ ဒါက တကယ်ကို ရူးချင်စရာပဲ မဟုတ်လား။”

စွန်းယောင်က ကူကယ်ရာမဲ့နေသည့် လေသံဖြင့် ပြောလိုက်သည်။ ရှောင်းယီလည်း အကူညီမဲ့သွားရ၏။

“ငါ ဗီလာရဲ့ စာကြည့်တိုက်ထဲမှာ ထားခဲ့တဲ့ တာအိုကျမ်းစာတွေကို မင်း ဖတ်ကြည့်ပြီးပြီလား။”

“ကျုပါ နှစ်အုပ်ပဲ ဖတ်ရသေးတယ်။ အခု အလုပ်တွေ ရှုပ်နေရပြီလေ။”

စွန်းယောင်က မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် ပြန်ဖြေလိုက်သည်။

“အင်း... အချိန်ရရင် ဖတ်ကြည့်လိုက်ဦး။ အဲ့ဒီမှာ ဆေးလုံး ဖော်စပ်နည်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ရှိတယ်။ အဲ့ဒါက မင်းအတွက် သေချာပေါက် အသုံးဝင်လိမ့်မယ်။”

ရှောင်းယီက သတိပေးလိုက်သည်။

“တကယ်ကြီးလား။ ကျုပ် အခုချက်ချင်း လာခဲ့မယ်။”

စွန်းယောင်က ချက်ချင်း ပြန်ဖြေလိုက်သည်။

“မင်းမှာ လူနာတွေ အများကြီး ရှိနေသေးတယ် မဟုတ်ဘူးလား။”

“သူတို့ကို တခြားဌာနတွေမှာ စက်ကိရိယာတွေနဲ့ အရင်ဆုံး ဆေးစစ်ချက် ခံယူခိုင်းထားလိုက်မယ်။”

“မင်းပဲ အဆင်ပြေသလို ဆုံးဖြတ်လိုက်ပါ။”

ရှောင်းယီက ခေါင်းသာခါလိုက်ပြီး ဖုန်းချလိုက်တော့သည်။

ထိုအချိန်တွင် စိုက်ပျိုးရေးပညာရှင် ယွမ်နွန်င ဗီလာ၏ အတွင်းပိုင်း စကားပြောအဖွဲ့ထဲသို့ မက်ဆေ့ခ်ျတစ်ခု ပေးပို့လာခဲ့သည်။

“ကျွန်းပိုင်ရှင်... မင်း ငါ့ကို တီထွင်ခိုင်းထားတဲ့ ပိုးသတ်ဆေး အောင်မြင်စွာ ပြီးဆုံးသွားပါပြီ။”

ထိုမက်ဆေ့ခ်ျကို မြင်လိုက်ရသောအခါ ရှောင်းယီ ချက်ချင်းပင် ပြန်ဖြေလိုက်၏။

“ကောင်းပြီ။ ကျုပ်အတွက် နည်းနည်းလောက် ပြင်ဆင်ပေးထားပါဦး။”

“ကောင်းပါပြီ။”

ယွမ်နွန်က ပြန်ဖြေလိုက်ပြီးနောက် ဆက်ပြောလိုက်သည်။

“ငါတို့ ကောက်ပဲသီးနှံတွေကို ဧရာမအသွင်ပြောင်းလဲဖို့ သုတေသနပြုလုပ်တာကလည်း ရလဒ်တွေ ထွက်ပေါ်လာပြီ။ မျိုးဗီဇအင်ဂျင်နီယာပညာရပ်ကို အသုံးပြုပြီး လက်ရှိ ကောက်ပဲသီးနှံတွေထဲကို ဧရာမမျိုးဗီဇတွေ ထည့်သွင်းပေးလို့ ရနေပြီ။”

“အင်း... မဆိုးဘူး။ ဒါဆိုရင် အဲ့ဒီသီးနှံတွေကို တိုက်ရိုက် စိုက်ပျိုးထုတ်လုပ်ဖို့ စပြီးတွန်းအားပေးလိုက်ကြရအောင်။”

ရှောင်းယီက ညွှန်ကြားလိုက်သည်။

ဧရာမကောက်ပဲသီးနှံများသည်သည် သာမန်သီးနှံများထက် ပိုမိုမြင့်မားသော ရိတ်သိမ်းမှုနှုန်းကို ပေးစွမ်းနိုင်သဖြင့် ဧရာအသီးနှံများ စိုက်ပျိုးခြင်းကို မြှင့်တင်ပေးခြင်းက ရိက္ခာထုတ်လုပ်မှု တိုးတက်ရေးအတွက် အကျိုးရှိပေသည်။

ယခုအခါ ယီရန်ပင်း မဟာမိတ်အဖွဲ့အတွင်းရှိ လူဦးရေမှာ အလွန်အမင်း များပြားလှသဖြင့် အားလုံးအတွက် လုံလောက်သော ရိက္ခာရှိစေရန် ပထမဆုံး အာမခံချက် ပေးရမည် ဖြစ်သည်။

“ဟုတ်ကဲ့ပါ။”

ယွမ်နွန် ပြန်ဖြေလိုက်သည်။

“@အန်းယွဲ့၊ ဦးလေးအန်း... ထျန်းလေ့တိုင်းနဲ့ လန်ဖုန်းတိုင်းရဲ့ လူဦးရေ ရွှေ့ပြောင်းတဲ့ လုပ်ငန်းစဉ်က ဘယ်လိုအခြေအနေ ရှိနေပြီလဲ။”

ရှောင်းယီက ဂရုထဲတွင် မေးလိုက်သည်။

“လူဦးရေ ရွှေ့ပြောင်းတာတွေ လုပ်ဆောင်နေပါတယ်။ လူတိုင်းအတွက် တည်နေရာကူးပြောင်းခြင်း အစီအရင်ကို အသုံးမပြုဖို့ စီစဉ်ထားတာဆိုတော့ သူတို့ထဲက အချို့ကို ရွှေ့ပြောင်းဖို့ အကြီးစား သယ်ယူပို့ဆောင်ရေးလေယာဉ်တွေကို အသုံးပြုနေရတာမို့ လုပ်ငန်းစဉ်က နည်းနည်းတော့ နှေးကွေးပါလိမ့်မယ်။ လူတိုင်းကို ရွှေ့ပြောင်းတဲ့လုပ်ငန်းစဉ်က တစ်ပတ်အတွင်းမှာ အပြီးသတ်နိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။”

အခန်း ၁၁၈၀

“ကောင်းပြီ။ သူတို့ ဒီကို ပြောင်းရွှေ့လာပြီးတဲ့နောက် ဘယ်လောက်အထိ အဆင်ပြေပြေ လိုက်လျောညီထွေဖြစ်အောင် နေထိုင်နိုင်မလဲဆိုတာကို သေသေချာချာလေး ဂရုစိုက်ပြီး စောင့်ကြည့်ပေးပါ။”

“ဟုတ်ကဲ့။”

ဤအချိန်တွင် ဧရာမဘီလူးကြီးများ၏ ပိုင်နက်အတွင်း၌ မီစီသည် အညှောက်ပေါက်နေပြီဖြစ်သော ကောက်ပဲသီးနှံ ပျိုးပင်များကို ငေးမောကြည့်ရှုနေခဲ့လေသည်။

သူမတစ်ဦးတည်းတင်မကဘဲ အလုပ်လုပ်နေကြသော အခြားဧရာမဘီလူးကြီးများသည်လည်း အံ့အားသင့်နေကြရ၏။

မဟာမိတ်ကျွန်းတွင် အရှိန်မြှင့်တင်ပေးနိုင်သည့် အာနိသင်ရှိကြောင်း သူတို့ သိထားကြသော်လည်း မနေ့ကမှ စိုက်ပျိုးခဲ့သော သီးနှံများသည် ယနေ့တွင် ဤမျှအထိ ရှည်လျားသော ပျိုးပင်များအဖြစ် ကြီးထွားလာသည်ကို ကိုယ်တိုင်မြင်တွေ့လိုက်ရသောအခါ အလွန်အမင်း တုန်လှုပ်ခြောက်ခြားသွားကြရခြင်း ဖြစ်သည်။

“သခင်မမီစီ... ဒါက တကယ်ကို လွန်လွန်ကဲကဲ ကြီးထွားလွန်းနေတာပဲ။”

“ဟုတ်တယ်။ ဒီလောက်အထိ မြန်မြန်ဆန်ဆန် ကြီးထွားနေမှတော့ ငါတို့ ရိက္ခာပြတ်လပ်မှာကို လုံးဝ စိုးရိမ်နေစရာ မလိုတော့ဘူး။”

“ဒီကျွန်းပေါ်က မြေဆီလွှာက တကယ်ကို အံ့ဩစရာပဲ။”

မိီစီက ခေါင်းငြိမ့်လိုက်သည်။

“ဒီနေရာက ဒီလောက်အထိ ဆန်းကြယ်နေမှတော့ ငါတို့တွေ အလုပ်ကို ပိုကြိုးစားပြီး အလုပ်လုပ်ကြရမယ်။ ပြီးရင် ငါတို့ ဧရာမဘီလူးတွေရဲ့ ဂိုဒေါင်ထဲမှာ ရိက္ခာတွေ အများကြီး ပိုပြီး သိုလှောင်ထားနိုင်အောင် လုပ်ကြတာပေါ့။”

“ဟုတ်ကဲ့။”

ဧရာမဘီလူးကြီးများသည် စိတ်လှုပ်ရှားတက်ကြွလာကြပြီး စိုက်ပျိုးရေးလယ်ကွင်းများထဲတွင် ပိုမိုကြိုးစား၍ အလုပ်လုပ်ကြတော့သည်။

ထိုအချိန်တွင် ခြံဝင်းအတွင်းရှိ ဧရာမပျိုးပင် အများအပြားကို ရိတ်သိမ်းပြီးစီးသွားပြီဖြစ်ရာ ယွမ်နွန်သည် သူရရှိသမျှ အစေ့အဆန်အားလုံးကို စူပါပေါင်းစပ်ခြင်းစက်ကို အသုံးပြု၍ SSS အဆင့်သို့ ပေါင်းစပ်လိုက်လေသည်။

ထို့နောက် ဆက်လက်၍ မျိုးစေ့ချကာ ပြန်လည်စိုက်ပျိုးလိုက်ပြန်သည်။

ထိုစဥ် အလုပ်သင်တပည့်တစ်ဦးက မနေနိုင်ဘဲ မေးလိုက်၏။

“ဆရာကြီး... ကျုပ်တို့ ဒီအစေ့အဆန်အချို့ကို ဧရာမဘီလူးကြီးတွေဆီ ပို့ပေးသင့်လား။”

ယွမ်နွန်က ခေါင်းခါပြလိုက်သည်။

“သူတို့ဆီမှာ SSS အဆင့်ရှိတဲ့ မြေဆီလွှာ မရှိဘူး။ အဲ့ဒါကြောင့် ဒီလိုမျိုး အဆင့်မြင့် မျိုးစေ့တွေကို သူတို့ဆီမှာ စိုက်ပျိုးလို့ ရမှာမဟုတ်ဘူး။”

ထိုတပည့်က ချက်ချင်း သဘောပေါက်သွားသည့်အနေဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။

မဟာမိတ်အဖွဲ့အတွင်း ခဏကြာအောင် နေထိုင်ပြီးနောက် ရှောင်းယီသည် ရှေ့တန်းစစ်မျက်နှာသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ အန်းယွဲ့နှင့် အခြားသူများ တာဝန်ယူထားကြသဖြင့် ထိုဘက်တွင် ဘာပြဿနာမှ ဖြစ်လာနိုင်စရာမရှိချေ။

ရှေ့တန်းသို့ ပြန်ရောက်သောအခါ ရှောင်းယီသည် သူ့ဘေးရှိ ကင်းထောက်စစ်သည်ကို ကြည့်ကာ မေးလိုက်သည်။

“ရစ်စကီနဲ့ သူတို့လူတွေ ဘာလုပ်နေလဲ။”

“ကျွန်းပိုင်ရှင်ကို သတင်းပို့ပါတယ်။ ဘာမှမထူးခြားပါဘူး။ သူတို့က အကွာအဝေးတစ်ခုကိုပဲ ထိန်းထားပြီး ကျုပ်တို့နောက်ကို ပုန်းလျှိုးကွယ်လျှိုးနဲ့ တိတ်တဆိတ် လိုက်နေကြတုန်းပါပဲ။”

ကင်းထောက်စစ်သည်က ပြန်ဖြေလိုက်သည်။ ရှောင်းယီက နှာခေါင်းရှုံ့ကာ လှောင်ပြုံးပြုံးလိုက်၏။

“ကြည့်ရသလောက်တော့ သူတို့တွေ ငါတို့ကို တကယ်ပဲ ပရိယာယ်ဆင်ပြီး ဒုက္ခပေးချင်နေတာပဲ။”

ထိုသို့ပြောပြီးနောက် သူသည် အပြင်သို့ထွက်ကာ သူ၏မှန်ပြောင်းကို ကိုင်မြှောက်ပြီး ရှေ့တန်းစစ်မျက်နှာပြင်ဘက်သို့ လှမ်းကြည့်လိုက်တော့သည်။

ရှေ့တန်းမှ အဖြူရောင်အရိုးစုစစ်တပ်သည် ယခင်ကထက် ပိုမိုသိပ်သည်းလာပုံရသည်။

“ငါတို့ရဲ့ ချီတက်မှု အခြေအနေကရော ဘယ်လိုရှိလဲ။”

“ဒီနေ့ မသေမျိုးတွေရဲ့ အရေအတွက်က ပုံမှန်ထက် အများကြီး ပိုပြီး များပြားနေပါတယ်။ အဲ့ဒါကြောင့် ကျုပ်တို့ရဲ့ ချီတက်မှုကို ထိခိုက်မှု ရှိနေတာပါ။ အကယ်၍ ဒီအတိုင်း ဆက်သွားမယ်ဆိုရင် ဒီနေ့ ကျုပ်တို့ ကီလိုမီတာ ၄၀၀ လောက်ပဲ ရှေ့တိုးနိုင်လိမ့်မယ်လို့ ခန့်မှန်းရပါတယ်။”

ယာယီရှေ့တန်းကွပ်ကဲမှုတာဝန်ခံ စစ်သည်က ချက်ချင်း ပြန်ဖြေလိုက်သည်။

မနေ့က သူတို့ စုစုပေါင်း ကီလိုမီတာ ၈၀၀ အထိ ချီတက်နိုင်ခဲ့သော်လည်း ယနေ့တွင်မူ ထက်ဝက်ခန့် လျော့ကျသွားခြင်း ဖြစ်သည်။

ဤအခြေအနေက ရှောင်းယီ မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်သည်။ ဟင်းလင်းပြင်အက်ကွဲကြောင်းနှင့် ပိုမိုနီးကပ်လေလေ သူတို့ ရင်ဆိုင်ရမည့် ခုခံမှုက ပိုမိုပြင်းထန်လေလေ ဖြစ်သည်မှာ သဘာဝကျပေသည်။

အကယ်၍ ရှေ့တန်းတွင် ရင်ဆိုင်ရသော ခုခံမှုကသာ နည်းပါးနေမည်ဆိုပါက ရှောင်းယီအနေဖြင့် ပို၍ပင် စိုးရိမ်မိနေဦးမည် ဖြစ်သည်။

“အင်း... နည်းနည်း နှေးကွေးသွားတာက ပြဿနာမရှိပါဘူး။ ဒီအတိုင်းပဲ ရှေ့ကို ဆက်တိုးသွားလိုက်ကြပါ။”

“ဟုတ်ကဲ့။”

ရှေ့တန်းစစ်မျက်နှာတစ်ခုလုံးတွင် စက်သေနတ်သံများနှင့် အမြောက်များ မြည်ဟည်းနေသည်ကို တရစပ် ကြားနေရပြီး မည်သည့် စစ်ဗျူဟာ သို့မဟုတ် နည်းပရိယာယ်မှ အသုံးပြုနေရန် မလိုအပ်ချေ။

ရှေ့တန်းတွင် နှစ်နာရီခန့် နေထိုင်ပြီးနောက် ရှောင်းယီတစ်ယောက် နောက်တစ်ကြိမ် ပြန်လာခဲ့လိုက်သည်။

မနက်စာ စားသောက်ပြီးနောက် အနည်းငယ် အနားယူကာ ရှောင်းယီသည် ရှေ့တန်းသို့ ထပ်မံသွားရောက်ခဲ့ရာ ဤတစ်ကြိမ်တွင်မူ ကျန်းယွင်ထျန်းပါ အတူတူ လိုက်ပါလာခဲ့သည်။

ကျန်းယွင်ထျန်းထံသို့ အခြေအနေများကို အကျဉ်းချုပ် သတင်းပို့ပြီးနောက် ယာယီကွပ်ကဲရေးမှူးသည် စစ်သေနာပတိအာဏာကို ကျန်းယွင်ထျန်းထံသို့ ပြန်လည်လွှဲပြောင်းပေးအပ်လိုက်တော့သည်။

“ဒီနေ့တစ်နေ့လုံးကတော့ ဒီပုံစံအတိုင်း ဆက်သွားမယ့်ပုံပဲ။ ကျွန်းပိုင်ရှင်... မင်း အရင်ပြန်နှင့်လိုက်ပါ။”

ကျန်းယွင်ထျန်းက အဝေးမှ အရိုးစုစစ်တပ်ကို မှန်ပြောင်းဖြင့် ကြည့်ရင်း ပြုံးကာ ပြောလိုက်၏။ ရှောင်းယီ ခေါင်းငြိမ့်ပြရန် ပြင်လိုက်စဉ်မှာပင် အဝေးမှ အရိုးစုစစ်တပ်မှာ ရုတ်တရက် လမ်းပွင့်သွားသလိုမျိုး ကွဲထွက်သွားသည်ကို သတိပြုမိလိုက်တော့သည်။

“မဟုတ်သေးဘူး။ ဟို အရိုးစုစစ်တပ်ရဲ့ အနောက်ဘက်ကို လှမ်းကြည့်လိုက်။”

ရှောင်းယီက ရုတ်တရက် ပြောလိုက်၏။ ကျန်းယွင်ထျန်း အဝေးသို့ ဆက်မျှော်ကြည့်လိုက်ရာ ထိုနေရာရှိ မြင်ကွင်းကို မြင်လိုက်ရပြီးနောက် မှင်တက်သွားတော့သည်။

“ဒါက ဘာဖြစ်တာလဲ။ ဒီအရိုးစုစစ်တပ်က ဒီလောက်ပဲ ရှိတော့တာလား။”

ဆယ်ကီလိုမီတာခန့် အကွာအဝေးတွင် နောက်ထပ် အရိုးစုများ လုံးဝမရှိတော့ချေ။

ရှောင်းယီ မျက်မှောင်ကြုတ်လိုက်၏။

“ငါတို့ နောက်ထပ် အဆင့်တစ်ခုကို ရောက်သွားပြီနဲ့ တူတယ်။ စစ်လက်နက်စွမ်းအားကို မြှင့်တင်ပြီး အဲ့ဒီနေရာကို အမြန်ဆုံး ရောက်အောင် ချီတက်ကြ။”

“ဟုတ်ကဲ့။”

ကျန်းယွင်ထျန်း၏ အမိန့်ပေးမှုနှင့်အတူ ယီရန်ပင်း မဟာမိတ်အဖွဲ့၏ စစ်လက်နက်စွမ်းအားမှာ နောက်ထပ်အဆင့်တစ်ခုသို့ မြင့်တက်သွားခဲ့ပြီး အနောက်ဘက်ရှိ တင့်ကားတပ်ဖွဲ့များအားလုံး တိုက်ပွဲထဲသို့ ဝင်ရောက်လာကာ အရှိန်အဟုန်ဖြင့် ရှေ့သို့ တိုးဝင်လာကြတော့သည်။

၎င်းတို့သည် ထို ၁၀ ကီလိုမီတာ အကွာအဝေးကို မိနစ် ၂၀ မျှဖြင့် ဖြတ်ကျော် ချေမှုန်းနိုင်ခဲ့သည်။

ထိုနေရာကို ဖြတ်ကျော်ပြီးနောက် ရှောင်းယီနှင့် ကျန်းယွင်ထျန်းတို့သည် သူတို့ရှေ့မှ မြင်ကွင်းကြောင့် အံ့ဩတုန်လှုပ်သွားကြရတော့သည်။ သူတို့သည် အမှန်တကယ်ပင် ကမ်းခြေသို့ ရောက်ရှိသွားခြင်း ဖြစ်ပေသည်။

“ဒါက ဘယ်လိုလုပ်ပြီး သမုဒ္ဒရာကြီး ဖြစ်နေရတာလဲ။”

ကျန်းယွင်ထျန်းတစ်ယောက် သူတို့ရှေ့ရှိ ကျယ်ပြောလှသော ပင်လယ်ပြင်ကြီးကို ကြည့်ကာ အံ့အားသင့်နေ၏။

“ငါတို့ မသေမျိုးတွေကို သွားတိုက်ဖို့ လှေလှော်ပြီး ဖြတ်ကူးရတော့မှာလား။”

ရှောင်းယီကမူ သူ၏မှန်ပြောင်းဖြင့် ဘေးဘယ်ညာနှင့် ပင်လယ်ပြင်ကို သေသေချာချာ အကဲခတ်နေဆဲ ဖြစ်သည်။ ခဏကြာအောင် ကြည့်ပြီးနောက် သူက ပြောလိုက်သည်။

“တကယ်လည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ ငါတို့ ဘေးဘယ်ညာနဲ့ ပင်လယ်ပြင်ကနေ တိုးဝင်လာနေတဲ့ မသေမျိုးတွေကို အရင်ဆုံး ရှင်းပစ်ရမယ်။”

ထိုအချိန်တွင် ကျန်းယွင်ထျန်းသည်လည်း မသေမျိုးမျိုးနွယ်စုများကို မြင်တွေ့လိုက်ရသဖြင့် ခေါင်းငြိမ့်လိုက်လေသည်။

“ကောင်းပြီ။ သူတို့ကို အရင် ရှင်းကြတာပေါ့။”

ယီရန်ပင်း မဟာမိတ်အဖွဲ့၏ စစ်တပ်များသည် ဘေးဘယ်ညာသို့ ချက်ချင်းပင် ဖြန့်ခွဲ၍ ချီတက်သွားကြတော့သည်။ ၎င်းပြင် ကျန်းယွင်ထျန်းသည် ကမ်းခြေပေါ်တွင် အမြောက်တပ်စခန်းများနှင့် တင့်ကားတပ်စခန်းများကိုပါ တည်ဆောက်လိုက်၏။ အဝေးပင်လယ်ပြင်တွင်မူ မသေမျိုးများ၏ သင်္ဘောအုပ်ကြီးသည် ကမ်းခြေဘက်သို့ အလုံးအရင်းဖြင့် ချဉ်းကပ်လာနေကြပြီ ဖြစ်သည်။

စစ်လက်နက်စွမ်းအားများကို နေရာချပြီးနောက် ကျန်းယွင်ထျန်းသည် အဝေးမှ မသေမျိုးသင်္ဘောများကို လှမ်းကြည့်ကာ ရှောင်းယီနားသို့ လျှောက်လာခဲ့လိုက်သည်။

“ကျွန်းပိုင်ရှင်... ငါတို့ရဲ့ ရေငုပ်သင်္ဘောတွေကို သုံးဖို့ အကြံပြုချင်ပါတယ်။”

“သဘောတူတယ်။ အခုချက်ချင်း တောင်းယူလိုက်ပါ။”

“ဟုတ်ကဲ့။”

ကျန်းယွင်ထျန်းသည် ကမ်းခြေရှိ အကြီးစား သယ်ယူပို့ဆောင်ရေးလေယာဉ်ပေါ်သို့ ချက်ချင်းတက်သွားကာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှတစ်ဆင့် စတင်လုပ်ဆောင်လိုက်တော့သည်။

ပထမဆုံးအနေဖြင့် ရေငုပ်သင်္ဘောနှစ်စင်းကို လဲလှယ်၍ လွှဲပြောင်းရယူလိုက်ပြီးနောက် ရှောင်းယီနှင့် ကျန်းယွင်ထျန်းတို့ နှစ်ဦးလုံး သင်္ဘောပေါ်သို့ တက်သွားခဲ့ကြသည်။ သူတို့အနေဖြင့် အရှေ့တွင်ရှိနေသော မသေမျိုးမျိုးနွယ်စုများ၏ အခြေအနေကို သေသေချာချာ သိရှိထားရန် လိုအပ်ပေသည်။

သူတို့နှစ်ဦး ရေငုပ်သင်္ဘောတစ်စင်းပေါ်သို့ တက်ကာ ရေအောက်သို့ ငုပ်လျှိုး၍ အဝေးသို့ မောင်းနှင်သွားလိုက်၏။

မကြာမီ ရေငုပ်သင်္ဘောသည် မသေမျိုးသင်္ဘောများ၏ အောက်ခြေသို့ ရောက်ရှိသွားခဲ့သည်။

“ကျွန်းပိုင်ရှင်... ငါတို့ ရေပြင်ပေါ်တက်ပြီး အကဲခတ်ကြည့်မလား။”

ကျန်းယွင်ထျန်းက မေးလိုက်သည်။

“ရေထဲမှာ မသေမျိုးတွေကို မတွေ့ရသေးဘူး။ အဲ့ဒါကြောင့် အဲ့ဒီသင်္ဘောပေါ်က မသေမျိုးတွေက ငါတို့ကို ဘာမှလုပ်နိုင်မှာ မဟုတ်ပါဘူး။”

ရှောင်းယီက ခေါင်းအနည်းငယ် ခါပြလိုက်သည်။

“အရှေ့ကိုပဲ ဆက်သွားကြရအောင်။”

“ဟုတ်ကဲ့ပါ။”

ရေငုပ်သင်္ဘောနှစ်စင်း ရှေ့သို့ ဆက်လက်မောင်းနှင်သွားခဲ့ရာ နောက်ထပ် ၃၀ ကီလိုမီတာခန့် သွားရောက်ပြီးနောက် ရှောင်းယီက အမိန့်ပေးလိုက်၏။

“ရေပြင်ပေါ်ကိုတက်ပြီး ပင်လယ်ပြင်အခြေအနေကို အကဲခတ်လိုက်။”

“ဟုတ်ကဲ့။”

ရေငုပ်သင်္ဘော၏ ရေဒါအရ သူတို့၏အပေါ်တွင် မည်သည့်သင်္ဘောမှ မရှိသဖြင့် ရေငုပ်သင်္ဘောသည် ရေပြင်ပေါ်သို့ လျင်မြန်စွာ ဆန်တက်လာခဲ့ပြီး ပတ်ဝန်းကျင်ကို အကဲခတ်ရန် အထူးသဖြင့် ကမ်းခြေသို့ ချဉ်းကပ်နေသော မသေမျိုးများကို စောင့်ကြည့်ရန် ပယ်ရီစကုပ်ကို အသုံးပြုလိုက်သည်။

“ကျွန်းပိုင်ရှင်... ငါတို့ တခြားအရာတစ်ခုကို ထပ်ပြီး ရှာဖွေတွေ့ရှိထားတယ်။”

ကျန်းယွင်ထျန်းက ရုတ်တရက် ပြောလိုက်၏။

“ဘာ တွေ့ထားတာလဲ။”

ရှောင်းယီ ထိုနေရာသို့ လျှောက်သွားလိုက်၏။

“လေဟာနယ်တံခါးတွေပဲ။”

“ဘာ...။”

ရှောင်းယီ အံ့ဩသွားပြီး ပယ်ရီစကုပ်မှတစ်ဆင့် လှမ်းကြည့်လိုက်သည်။

အမှန်ပင် ရေပြင်ပေါ်တွင် လေဟာနယ်တံခါးများ အမြောက်အမြား ရှိနေသော်လည်း ယခုအချိန်တွင် ထိုလေဟာနယ်တံခါးများ၏ အနီးနား၌ မသေမျိုးများကို မတွေ့ရချေ။

“ဒီအရာတွေက ပင်လယ်ပြင်ထဲက အသက်ရှင်ကျန်ရစ်သူ မဟာမိတ်အဖွဲ့တွေ ဆီကို ဦးတည်နေတဲ့ လေဟာနယ်တံခါးတွေ ဖြစ်ရမယ်။”

ရှောင်းယီက လေးနက်သောအသံဖြင့် ပြောလိုက်သည်။

“ဟုတ်တယ်။ သေချာပေါက် အဲ့ဒါပဲ ဖြစ်ရမယ်။ ငါတို့ ကုန်းပေါ်မှာ ဒီလောက်အထိ ရှေ့တိုးလာခဲ့တာတောင် ပင်လယ်ထဲက လေဟာနယ်တံခါးတွေထဲမှာ မသေမျိုးတွေ ဘာလို့ ဆက်ပြီး ထွက်ပေါ်နေရသလဲဆိုတာ မဆန်းတော့ဘူး။ သူတို့အားလုံးက ဒီမှာ ရှိနေကြတာပဲ။”

“တကယ်လို့ အခြေအနေက ဒီလိုမျိုးဆိုရင်... ငါတို့ကော ဒီလေဟာနယ်တံခါးကို အသုံးချလို့ ရနိုင်လောက်မလား။”

ရှောင်းယီတစ်ယောက် ထိုလေဟာနယ်တံခါးများကို မျက်မှောင်ကြုတ်ကာ စိုက်ကြည့်ရင်း စဉ်းစားခန်း ဝင်သွားတော့လေသည်။

All Chapters