အခန်း (၂၅၈၃-၂၅၈၄)
Vol. 185 Ch. 2583-2584
အပိုင်း(၂၅၈၃)
ခုနစ်စက္ကန့်...
ရှေးဟောင်း မိုးကုပ်စက်ဝိုင်း သည် ကောင်းကင်၊ ငရဲ နှင့် မမြင်ရသော နတ်ဘုရားများကို စိန်ခေါ်ဝံ့သည့် ဆူပွက်နေသော စစ်ဝိညာဉ် တစ်ခုကို ပထမဆုံးအကြိမ် ခံစားသိရှိလိုက်ရ၏။ ၎င်းသည် အလွန်အမင်း အာဏာရှင်ဆန်လှပေသည်။ သူမသည် အထွတ်အထိပ် သေဆုံးခြင်း အာရုဏ်ဦး နေ့ရက် နှင့် ပတ်သက်သော ဇာတ်လမ်းများနှင့် အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ တစ်ခွင် မောက်မာဝင့်ကြွားစွာ ကခုန်သွားခဲ့သည့် ဝေ့ဝူယင် ၏ ပုံပြင်များကိုသာ ကြားသာ ကြားဖူးခဲ့ခြင်း ဖြစ်၏။ ယင်းတို့၌ ကြောက်ရွံ့မှု သို့မဟုတ် ချုပ်တည်းမှုဟူသော အယူအဆများ လုံးဝ ကင်းမဲ့နေခဲ့သည်။
"မင်း..."
ဝိညာဉ် တန်ပြန်သက်ရောက်မှုကို ဖယ်ရှားလိုက်ပြီးနောက် ငယ်ရွယ်သော အဂ္ဂိရတ် သူရဲကောင်း သည် စတင်ပြောဆိုရန် ဟန်ပြင်လိုက်၏။ သို့သော်လည်း... နောက်ဆုံးတွင် ဝေ့ဝူယင် သည် သူ၏ ဘက်သို့ အလွန်တိုတောင်းစွာ တစ်ချက် လှမ်းကြည့်လိုက်သည်။
"ငါ မင်းကို လုံလောက်အောင် သည်းခံခဲ့ပြီးပြီ၊ နောက်တစ်ခွန်း ထပ်ဟကြည့်စမ်း... နောက်နှစ် ဒီနေ့က မင်းရဲ့ ထာဝရ သေဆုံးခြင်း နှစ်ပတ်လည်နေ့ ဖြစ်လာစေရမယ်လို့ ငါ ကတိပေးတယ်..."
"..."
အဂ္ဂိရတ် သူရဲကောင်းသည် ထူးခြားဆန်းပြားသော ဝိညာဉ် တည်ရှိမှုတစ်ခု၏ လွှမ်းမိုးမှုကို ချက်ချင်း ခံလိုက်ရ၏။ ၎င်း၌ မည်သည့် ခွန်အား သို့မဟုတ် ဖိအားမျှ မပါဝင်သော်လည်း ယခင်က သူ မြင်တွေ့ဖူးသမျှ အရာအားလုံးထက် များစွာ သာလွန်၍ မြင့်မြတ်စွာ ခမ်းနားကြီးကျယ်နေခဲ့သည်။
ဝေ့ဝူယင်၏ ဝိညာဉ်အင်အားသည် ရိုးရာလမ်းကြောင်းကို ဖီဆန်ခဲ့သည့် သူ၏ ထပ်ခါတလဲလဲ အသွင်ပြောင်းလဲမှုများ၊ ဆင့်ကဲပြောင်းလဲမှုများ နှင့် ကြီးထွားလာမှုများ အပြင် လျှို့ဝှက်ဝိညာဉ် ငါးခု၏ အားဖြည့်မှုများကိုပါ ရရှိထားခြင်း ဖြစ်သည်။
အစောပိုင်းက ထိုအဂ္ဂိရတ် သူရဲကောင်း ထုတ်လွှတ်ခဲ့သော ဝိညာဉ်အင်အားများသည်ပင် သမုဒ္ဒရာထဲသို့ ကျောက်စရစ်ခဲတစ်လုံး ပစ်ချလိုက်သကဲ့သို့ ဝေ့ဝူယင် အား အနည်းငယ်မျှသာ အနှောင့်အယှက် ဖြစ်စေခဲ့၏။ ယင်းမှာ အလိုအလျောက် တုံ့ပြန်သော ဝိညာဉ် ကာကွယ်မှုများအပေါ် သီးသန့် အားကိုးထားခြင်းပင် ဖြစ်သည်။ သူ၏ အသိစိတ် ပင်လယ်၊ နှလုံးသား၊ သို့မဟုတ် ထျန်းတျန်၊ သူ၏ စိတ်အာရုံ ပင်လျှင် ပြင်ပမှ ကျူးကျော်လာသော မည်သည့် ဝိညာဉ်ရေးရာ ဝင်ရောက်မှုကိုမဆို ဝါးမြိုပစ်နိုင်သည့် မြင့်မြတ်သော မြူခိုး ပါးပါးလေးတစ်လွှာ ရှိနေခဲ့၏။
အဂ္ဂိရတ် သူရဲကောင်း ၏ ဝိညာဉ်အင်အား ၏ မူလအရည်အသွေးသည် အလွန်အမင်း နိမ့်ကျ၊ ပေါ့ပါးပြီး မသန့်စင်လှပေ။ ၎င်းသည် သူ့ကို အနည်းငယ်မျှပင် မသက်ရောက်နိုင်ခဲ့ချေ။ သေမျိုး တစ်ဦးက လျှို့ဝှက် အာဏာရှင်များ ကို ထိခိုက်နစ်နာအောင် ကြိုးစားနေသည်နှင့် ဘာမျှမကွာခြားပေ။ ဝေ့ဝူယင် ကဲ့သို့ ပုံမှန်ကန့်သတ်ချက်များကို ကျော်လွန်နိုင်လောက်အောင် မိစ္ဆာဆန်သော ပါရမီပါသည့် ခွန်အားအခြေခံတစ်ခု မရှိဘဲနှင့် မည်သို့မျှ လုပ်ဆောင်၍ မရနိုင်ပေ။
"တစ်..."
ဝေ့ဝူယင်က စတင် ရေတွက်လိုက်၏။ နံရံနောက်ကွယ်ရှိ တည်ရှိမှု နှစ်ခုနှင့် သတ်ဖြတ်ခြင်းများ ပြည့်နှက်နေသော သတိပေးချက်တို့သည် စတင် လှုပ်ရှားလာခဲ့သည်။ ရှေးဟောင်း မိုးကုပ်စက်ဝိုင်း ပင်လျှင် ကြီးထွားလာသော သူတို့၏ ဒေါသကို ခံစားသိရှိနိုင်ပေသည်။
"နှစ်..."
"..."
ငယ်ရွယ်သော အဂ္ဂိရတ် သူရဲကောင်း သည် ရှုံ့မဲ့နေသော မျက်နှာအမူအရာဖြင့် တိတ်ဆိတ်နေခဲ့၏။ သူ့ အစစ်အမှန် ဝိညာဉ်၏ လက်မတိုင်းသည် ကျရောက်လာတော့မည့် အန္တရာယ်ကြောင့် တုန်ခါနေခဲ့သော်လည်း သူ၏ ကိုယ်ပိုင် ဆန္ဒကမူ လွတ်မြောက်ရန်နှင့် ဝေ့ဝူယင် ၏ သတိပေးချက်ကို ဖီဆန်ကာ လှုပ်ရှားရန် တောင့်တနေခဲ့သည်။ ဝိညာဉ်နှင့် စိတ်တို့၏ ဆနန့်ကျင်ဘက် ဆန္ဒ နှစ်ခုက ကြီးမားသော သက်သောင့်သက်သာမရှိမှုကို ဖြစ်ပေါ်စေခဲ့၏။ အထူးသဖြင့် တာဝန်သိစိတ်နှင့် မနာလိုမှုတို့ အချင်းချင်း ရောယှက်နေသောကြောင့်ပင် ဖြစ်သည်။
"သုံး..."
မမြင်ရသော နံရံသည် ပိုမို ထူထဲလာခဲ့၏။ ထိုအတောအတွင်း သတ်ဖြတ်ခြင်း ရည်ရွယ်ချက် က ပိုမို ပြင်းထန်လာပြီး သွေးရောင် ဓားမြှောင် ဒါဇင်ပေါင်းများစွာသည် မန်နာ နှင့် အလင်းတို့မှ ပေါ်ထွက်လာခဲ့သည်။ ၎င်းတို့က ဝေ့ဝူယင် အား ဝန်းရံထားပြီး ၎င်းတို့၏ ထက်မြက်သော ထိပ်ဖျားများကို အရပ်မျက်နှာပေါင်းစုံမှ သူ့ လည်ချောင်းနှင့် နှလုံးသားဆီသို့ ချိန်ရွယ်ထားကြ၏။ ၎င်းတို့သည် ကောင်းကင်စွမ်းအားများဖြင့် ခုန်ပေါက်လှုပ်ရှားနေကြသည်။
"လေး..."
ရှေးဟောင်း မိုးကုပ်စက်ဝိုင်းသည် ဝေ့ဝူယင် ကို စူးစိုက်ကြည့်နေခဲ့၏။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးက တည်ငြိမ်နေသော်လည်း သူမ၏ အကြည့်ထဲမှ သိချင်စိတ်နှင့် စိတ်ဝင်စားမှုတို့က ပြင်းထန်လာခဲ့သည်။ သူမသည် မေးမြန်းလိုစိတ်ကို မတားဆီးနိုင်တော့ဘဲ မေးလိုက်လေသည်။
"ငါတို့ တာအို အကြောင်း ဆွေးနွေးဖို့က အဲဒီလောက်တောင် အရေးတကြီး လိုအပ်နေလို့လား...”
အဂ္ဂိရတ် သူရဲကောင်း ဒေါသထွက်ရခြင်း၏ အကြောင်းရင်းမှာ "တာအို အကြောင်း ဆွေးနွေးခြင်း" ဟူသည် အဂ္ဂိရတ်ပညာရှင် အများအပြား အသုံးပြုလေ့ရှိသော ကာမဂုဏ်ဆိုင်ရာ တင်စားချက်တစ်ခု ဖြစ်နေသောကြောင့်ပင်တည်း။ ကျင့်ကြံသူများက ၎င်းကို အသုံးပြုပါက များပြားသော အဓိပ္ပာယ်သက်ရောက်မှုများ ရှိမည်မဟုတ်ပေ။ သို့သော် အဂ္ဂိရတ်ပညာရှင်များ အတွက်မူ ပုံမှန်အားဖြင့် အဂ္ဂိရတ် တာအို ကို လေ့လာခြင်းကို "တာအို ပေါင်းစည်းခြင်း" ဟုသာ ရည်ညွှန်းလေ့ရှိကြ၏။
ဤအရာသည် စစ်မှန်စွာ အသိအမှတ်ပြုခံရသော အဂ္ဂိရတ်ပညာရှင်များ အားလုံး ပိုင်ဆိုင်ထားသည့် အဂ္ဂိရတ် ကြယ်တာရာများ၏ ပေါင်းစည်းခြင်းနှင့် ဆက်စပ်နေခဲ့သည်။ ထို့ကြောင့် ဆွေးနွေးခြင်းနှင့် ပေါင်းစည်းခြင်းတို့ ကြားတွင် တိကျသော ကွဲပြားခြားနားမှု တစ်ခုကို ဖန်တီးပေးထား၏။ အဘယ်ကြောင့်ဆိုသော် ထိုနေရာ၌ ဆွေးနွေးခြင်းဟူ၍ မရှိဘဲ၊ အဂ္ဂိရတ် တာအို နှင့် ပတ်သက်သော သူတို့၏ နားလည်မှုကို ထုတ်ယူခြင်း၊ ဖန်တီးခြင်း၊ ကြီးထွားစေခြင်း၊ သန့်စင်ခြင်း၊ ထိန်းသိမ်းခြင်း၊ ပေါင်းစပ်ခြင်းနှင့် အသွင်ပြောင်းလဲခြင်းများသာ ရှိနေသောကြောင့် ဖြစ်သည်။ ရိုးရှင်းသော သဘောတရားအရ ငြင်းခုံဆွေးနွေးရန် မဟုတ်ပေ။
ဤအရာသည် ဝေ့ဝူယင် က ရှေးဟောင်း မိုးကုပ်စက်ဝိုင်း နှင့် သံဝါသ ကျင့်ကြံရန် ရိုင်းစိုင်းစွာ တောင်းဆိုနေခြင်းနှင့် ဘာမျှမကွာခြားပေ။ ငယ်ရွယ်သော အဂ္ဂိရတ် သူရဲကောင်းသည် မည်သို့လျှင် ဒေါသမထွက်ဘဲ နေမည်နည်း။ အခြားသူများကလည်း မည်သို့လျှင် အလွန်အမင်း မကာကွယ်ဘဲ ရှိမည်နည်း။
ဝေ့ဝူယင်က ခဏမျှ စဉ်းစားလိုက်၏။ ထို့နောက် တုံ့ဆိုင်းနေခြင်းမရှိဘဲ သူ၏ ဝိညာဉ်အင်အား တစ်မျှင်နှင့် ဟင်းလင်းပြင် ဆေဘာ ရည်ရွယ်ချက် ကို ထုတ်လွှတ်လိုက်သည်။ သတ်ဖြတ်ခြင်း ရည်ရွယ်ချက်သည် ချေမှုန်းခံလိုက်ရပြီး သွေးရောင် ဓားမြှောင်များကို တောက်ပသော ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားစေခဲ့၏။ ထူထဲသော နံရံသည်လည်း ပြိုကျသွား၏။ ဝိညာဉ်အင်အား တစ်မျှင်က ၎င်းအပေါ် ဖိနှိပ်လိုက်သည်နှင့် တိတ်တဆိတ် ပျောက်ကွယ်သွားခဲ့သည်။ ယင်းမှာ ခွန်အားကြီးမားသူ တစ်ဦးက သဲရဲတိုက်ကို လက်ဖြင့် ပွတ်ဆွဲဖျက်ဆီးလိုက်သည်နှင့် ဘာမျှမကွာခြားပေ။
ထို့နောက် ဝေ့ဝူယင် သည် ရှေ့သို့ ခြေတစ်လှမ်း ထပ်လှမ်းလိုက်၏။ မျက်တောင်တစ်ခတ်အတွင်း သူသည် ထျန်းရှောင်လော့၏ အရှေ့သို့ တိုက်ရိုက်ရောက်ရှိသွားလေသည်။ သူတို့၏ နှုတ်ခမ်းများမှာ တစ်ပေခန့်သာ ကွာဝေးတော့သည်။ သူမသည် လုံးဝ တည်ငြိမ်နေခဲ့သော်လည်း ထိုတည်ရှိမှုများသည် အရေးယူလှုပ်ရှားရန် ဟန်ပြင်နေခဲ့ကြသောကြောင့် ပတ်ဝန်းကျင်မှာ စတင်တုန်ခါလာခဲ့၏။
နောက်ဆုံးတွင် သူမက မှေးမှိန်သော ဝိညာဉ်ရေးရာ လှိုင်းလေးတစ်ခုကို ထုတ်လွှတ်လိုက်ပြီး ထိုတည်ရှိမှုများကို ချက်ချင်း ငြိမ်ကျသွားစေခဲ့သည်။
သူမရှေ့တွင် ယုံကြည်မှုရှိစွာ ရပ်နေရင်း သူ၏ မျက်လုံးများက သူမနှင့် ဆုံတွေ့သွားခဲ့၏။ နှစ်ဦးစလုံးက မျက်တောင်မခတ်ခဲ့ကြသလို အနည်းငယ်မျှပင် နောက်မဆုတ်ခဲ့ကြချေ။
"လုံးဝ မဟုတ်ပါဘူး..."
သူက ကျီစယ်သော အပြုံးတစ်ခုဖြင့် ပြန်ဖြေလိုက်သည်။
"ဟင်..."
ရှေးဟောင်း မိုးကုပ်စက်ဝိုင်း ၏ မျက်ခုံးများ မြင့်တက်သွား၏။
“ဟုတ်တယ်လေ...”
ဝေ့ဝူယင်က ပြုံးကာ ရှင်းပြလိုက်သည်။
"မင်းရဲ့ သူရဲကောင်းတွေက ငါ့ကို အဖြေပေးဖို့ အခွင့်အရေး မပေးခဲ့ကြဘူးလေ... အဖြေကတော့ ဟုတ်တယ်၊ ငါ နားလည်ပါတယ်... မင်း ပြင်ဆင်စရာရှိတာတွေ ပြီးလို့ အဆင်သင့်ဖြစ်တဲ့အခါ ငါ့ဆီကို တိုက်ရိုက် ဆက်သွယ်လိုက်လို့ ရတယ်..."
သူက နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ပြီး လက်ဖဝါးကို လှန်ကာ ဟင်းလင်းပြင် လက်စွပ် တစ်ကွင်းကို ထုတ်ပြလိုက်၏။
သူမက ဟင်းလင်းပြင် လက်စွပ် ကို စစ်ဆေးလိုက်သည်။ ပြန်လည် တွေးကြည့်တော့လည်း ဟုတ်ပေသည်။ ဝေ့ဝူယင်က ရှေ့သို့ ခြေတစ်လှမ်း တိုးခြင်းမှလွဲ၍ ဘာမျှမလုပ်ဘဲ သူမ၏ အဂ္ဂိရတ် သူရဲကောင်း များကသာ စတင်လှုပ်ရှားခဲ့ကြခြင်း ဖြစ်သည်။ ဤ အာဏာရှင်ဆန်သော လူငယ် ဧကရာဇ် သည် သူမ၏ စကားများကို သူမကိုယ်တိုင် တည်စေရန် အတင်းအကျပ် ကြိုးစားလိမ့်မည်ကို သူတို့က ကြောက်ရွံ့ခဲ့ကြခြင်း ဖြစ်သည်။ တုံ့ဆိုင်းနေခြင်းမရှိဘဲ ရှေးဟောင်း မိုးကုပ်စက်ဝိုင်းသည် ဟင်းလင်းပြင် လက်စွပ် ကို ယူလိုက်ပြီး သူမ၏ သွယ်လျသော ညာဘက် လက်ညှိုးတွင် စွပ်လိုက်၏။ ယင်းမှာ သူမ၏ လက်ချောင်း အရွယ်အစားကို သေချာစွာ ထည့်သွင်းစဉ်းစားပြီး ပုံစံထုတ်ထားသည့်အလား ကွက်တိကျစွာ အံဝင်ခွင်ကျ ဖြစ်နေခဲ့သည်။
ထို့နောက် ဝေ့ဝူယင်က ထွက်ခွာရန် ပြင်ဆင်လိုက်သည်။ တစ်ချိန်တည်း၌ စုရီသည် ထောင့်တစ်နေရာမှ ဤအဖြစ်အပျက်များအားလုံးကို စောင့်ကြည့်နေခဲ့ပြီး ဝေ့ဝူယင် ၏ ခွန်အားကြောင့် အမှန်တကယ် တုန်လှုပ် နေခဲ့သည်။ တွေ့ဆုံမှုတိုင်းတွင် ဤလူသည် ပို၍ပို၍ နားလည်ရခက်ခဲလာခဲ့၏။
ဝေ့ဝူယင် ထွက်ခွာသွားစဉ် ရှေးဟောင်း မိုးကုပ်စက်ဝိုင်း က လှမ်းခေါ်လိုက်၏။
"နေပါဦး..."
သူ ခြေလှမ်းများကို ရပ်တန့်ကာ လှည့်ကြည့်လိုက်သောအခါ ဂလက်ဆီ တစ်ခုလုံးကို ပြိုလဲစေနိုင်လောက်အောင် လှပသော ကောင်းကင်ရှန့်ထို အဂ္ဂိရတ်ပညာရှင် က ချဉ်းကပ်လာသည်ကို တွေ့လိုက်ရ၏။ သူမ၏ ခြေလှမ်းများက ယုံကြည်မှုရှိနေပြီး လှုပ်ရှားမှုများက မယုံနိုင်လောက်အောင် ချောမွေ့နေခဲ့သည်။ သူမ၏ ဘယ်ဘက်လက်ကို သူ၏ ပါးပြင်ပေါ်တွင် တင်လိုက်ပြီးနောက် တိုက်ရိုက် တိုးကပ်လာခဲ့သည်။
သူ စကားတစ်ခွန်းမျှ မဟနိုင်မီမှာပင် သူမ၏ နူးညံ့ပြီး ဆွဲဆောင်မှုရှိသော နှုတ်ခမ်းများက သူ၏ နှုတ်ခမ်းများနှင့် ဖိကပ်သွားခဲ့သည်။
“...”
ထိုနေရာရှိ လူအားလုံးအတွက် အချိန်များ ရပ်တန့်သွားသကဲ့သို့ ဖြစ်သွားခဲ့လေ၏။
***
အပိုင်း(၂၅၈၄)
ဝေ့ဝူယင်သည် ရရှိလာသော မည်သည့် အခွင့်အရေးကိုမဆို အပြည့်အဝ အသုံးချရာတွင် မည်သည့်အခါကမျှ ကျရှုံးလေ့ရှိသူ တစ်ယောက် မဟုတ်ပေ။ သူ၏ လက်သည် သူမ၏ သွယ်လျသော ခါးလေးကို ရစ်ပတ်ထားပြီးဖြစ်ကာ သူ၏ နှုတ်ခမ်းများကလည်း ပိုမို အသာစီးရရန် ဖိကပ်လိုက်၏။ ရိုးရှင်းသော အနမ်းလေး တစ်ခုမှသည် နှုတ်ခမ်းများနှင့် တံတွေးတို့၏ တိုက်ပွဲတစ်ခုအဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။ ရှေးဟောင်း မိုးကုပ်စက်ဝိုင်း ပင်လျှင် အံ့ဩလန့်ဖြတ်သွားခဲ့သော်လည်း သူမက နောက်မဆုတ်ခဲ့ပေ။ သူတို့ အပြန်အလှန် ဖန်တီးထားသော စစ်မြေပြင်အတွင်း သူတို့၏ လျှာများ ကြီးကျယ်ခမ်းနားစွာ ဆုံတွေ့သွားခြင်း အပါအဝင်၊ သူတို့၏ နှုတ်ခမ်းများသည် စက္ကန့်ပေါင်းများစွာကြာအောင် တိုက်ပွဲတစ်ခုအဖြစ် ရိုက်ခတ်နေခဲ့ကြသည်။
ယခင်က တစ်ခါမျှ မကြားဖူးသော တိုးညင်းသည့် ညည်းညူသံလေးများသည် ရှေးဟောင်း မိုးကုပ်စက်ဝိုင်း ထံမှ ထွက်ပေါ်လာခဲ့၏။ သူ၏ ခန္ဓာကိုယ်မှ အတုမဲ့ ယန် စွမ်းအင်များက သူမ၏ ယင် စွမ်းအင်များကို နိုးကြွလာစေသောကြောင့် သူမ၏ ခန္ဓာကိုယ်မှာ ပူနွေးလာပြီး ဝိညာဉ်ပါ လှုပ်ရှားလာခဲ့သည်။ ဖြည်းညင်းစွာပင် သူမ၏ စိတ်ပိုင်းဆိုင်ရာ စွမ်းအင်များက တုန်ခါသွားပြီး သာယာကြည်နူးမှု လှိုင်းတံပိုးများကို ထုတ်လွှတ်လိုက်ရာ သူမ၏ ခန္ဓာကိုယ်အနှံ့ လျှပ်စီးလက်သကဲ့သို့ ရိုက်ခတ်သွားစေခဲ့၏။
ဝေ့ဝူယင်၏ လက်များမှာ ရိုသေလေးစားမှု ရှိသော်လည်း၊ သူမ၏ အသားအရေကို အလွန်ကျွမ်းကျင်သော နည်းလမ်းများဖြင့် ပွတ်သပ်နှိပ်နယ်ပေးရန်မူ မပျက်ကွက်ခဲ့ပေ။ ၎င်းက သူမ၏ စိတ်အာရုံထက် ကျော်လွန်သော နေရာများမှနေ၍ နောက်ထပ် လှိုင်းတံပိုးများကို ထပ်မံ ထွက်ပေါ်လာစေခဲ့သည်။
ခုနစ်ဆယ့်ခုနစ်စက္ကန့် ကုန်လွန်သွားပြီးနောက် ဝေ့ဝူယင်သည် သူ၏ ထိုးစစ်ဆင်မှုကို ရပ်တန့်လိုက်၏။ အရှုံးပေးလိုက်ခြင်း မဟုတ်ဘဲ၊ ဤတိုက်ပွဲနှင့် စစ်ပွဲကို ပိုမို သင့်တော်မည့် အခြားနေရာတစ်ခုအတွက် ခေတ္တ ရွှေ့ဆိုင်းလိုက်ခြင်းသာ ဖြစ်သည်။ သူမ၏ မျက်လုံးများမှာ အရည်လဲ့နေပြီး အဂ္ဂိရတ် ကြယ်တာရာများ သည် ဖရိုဖရဲ လှုပ်ရှားနေခဲ့၏။ သူမ၏ မူလ အစီအစဉ်များနှင့် ရည်ရွယ်ချက်များ အားလုံးမှာ လွင့်စဉ်ပျောက်ကွယ်သွားခဲ့လေပြီ။
သူမကိုယ်သူမ သတိပြန်မကပ်နိုင်မီမှာပင် ဝေ့ဝူယင် သည် သူမ၏ ပါးပြင်ပေါ်၌ နူးညံ့သော အနမ်းတစ်ပွင့်ကို ချန်ရစ်ခဲ့ပြီးနောက် စုရီ နှင့်အတူ ထွက်ခွာသွားခဲ့သည်။ သူတို့သည် အတူတကွ လာရောက်ခဲ့ကြသကဲ့သို့ ညီညွတ်သော တပ်ဦးတစ်ခုအနေဖြင့် အတူတကွ ထွက်ခွာသင့်ပေသည်။ စုရီသည် သူ၏ ကိုယ်ပိုင် ရည်မှန်းချက်များကို အကောင်အထည်ဖော်ရန် ဝေ့ဝူယင် ၏ တည်ဆောက်ထားသော ဂုဏ်သတင်းကို အသုံးပြုခြင်းနှင့် အသားကျနေပြီ ဖြစ်၏။
နောက်ဆုံးတွင် သူမ သတိပြန်လည်လာသောအခါ ပထမဆုံးအနမ်းကို ခံစားဖူးသည့် မိန်းမပျိုလေးတစ်ဦးကဲ့သို့ ရင်းနှီးမှုမရှိသော ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။ ခံစားမှုတိုင်းသည် မိနစ်ပေါင်းများစွာ အသက်အောင့်ထားပြီးနောက် ပြန်လည် အသက်ရှူလိုက်ရသကဲ့သို့ ထင်ရှားနေခဲ့၏။ သူမ၏ လက်ချောင်းများဖြင့် နှုတ်ခမ်းများကို စမ်းသပ်ကြည့်လိုက်သောအခါ ထိုနေရာ၌ ကျန်ရစ်နေသေးသည့် ခပ်ဖျော့ဖျော့ နွေးထွေးမှုကို ခံစားလိုက်ရ၏။ သူမသည် အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားခဲ့သည်။
ထို့နောက် သူမ၏ မျက်လုံးများက အတည်ပြုချက်နှင့်အတူ ရောယှက်နေသော ဝမ်းမြောက်မှုတို့ဖြင့် တောက်ပသွားခဲ့၏။ လွန်ခဲ့သောနှစ်ပေါင်းများစွာက သူမကိုယ်တိုင် ကူညီဖြန့်ဝေပေးခဲ့သည့် ထိုရှေးဟောင်း ကျင့်ကြံခြင်း ကျင့်စဉ် ၏ သိမ်မွေ့သော အရိပ်အယောင်များကို သူမ ခံစားသိရှိလိုက်ရသည်။ ၎င်းသည် နောက်ပိုင်းတွင် သူမ၏ လက်ရှိ ရည်မှန်းချက်အတွက် တွန်းအားဖြစ်စေခဲ့သော သွေးမျိုးဆက် တစ်ခု၏ ကျရှုံးခဲ့သည့် အစီအစဉ် တစ်ခုပင် ဖြစ်၏။
လောကပေါင်းစုံ သွေးမျိုးဆက် ပင်တည်း...
...
လွပ်လပ်သော အာရုဏ်ဦး သင်္ဘောဆီသို့ ပြန်သွားသော စင်္ကြံလမ်းတစ်လျှောက် လမ်းလျှောက်မှုသည် တိတ်ဆိတ်နေခဲ့၏။ ရုပ်ရည်ချောမောသော အင်ပီရီယန် နှစ်ဦးသည် ပခုံးချင်းယှဉ်လျက် လျှောက်လှမ်းနေကြသည်။ သူတို့၏ နောက်တွင်မူ အမျိုးသမီး သုံးဦးက လိုက်ပါလာကြ၏။ ကန်မင်ဂျီသည် ကောက်ကျစ်သော သဘာဝရှိလင့်ကစား ယနေ့တိုင် သူမ၏ ဟန်ဆောင်မှုကို ဆက်လက်ထိန်းသိမ်းထားခဲ့သည်။ သူမသည် ဝေ့ဝူယင်၏ တာအို စောင့်ရှောက်သူ တစ်ဦးအဖြစ် အခန်းကဏ္ဍကို အပြစ်အနာအဆာကင်းစွာ သရုပ်ဆောင်နေခဲ့၏။
စုရီ ၏ အတွေးများမှာ လျင်မြန်နေခဲ့သည်။ ဤအစည်းအဝေးအပြီးတွင် သူ စဉ်းစားချင့်ချိန်စရာ အရာများစွာ ရှိနေခဲ့၏။
သူ့အား ကတိပေးထားသော ကမ်းလှမ်းချက်ဖြစ်သည့် ပဲ့တင်ထပ် ဝိညာဉ် အဆင့် သို့ တက်လှမ်းရန် အခွင့်အရေးသည် စစ်မှန်ပြီး တိုက်ရိုက်ကျလှပေသည်။ စစ်ပွဲနှင့် စည်းမျဉ်း စစ်မြေပြင် ၏ ကံကြမ္မာ အခွင့်အလမ်းများသည် ထူးကဲလှသည်။ အထူးသဖြင့် ဂလက်ဆီ စစ်မြေပြင် ပင် ဖြစ်၏။
ဂလက်ဆီ အဆင့်ရှိ အချက်အချာ(ဆက်စပ်မှု) စစ်မြေပြင် အတွင်းမှ စစ်ပွဲ ကျောက်တိုင် ကို လေ့လာခွင့်ရရန် အခွင့်အရေးတစ်ခု ရှိနေခဲ့သည်။ ထိုအရာသည် ကောင်းကင်ငယ် တမန်တော် တိုင်းက ရယူနိုင်ရန်အတွက် အသေခံ တိုက်ခိုက်ကြမည့် အံ့ဩဖွယ်ကောင်းလောက်အောင် ပြိုင်ဘက်ကင်းသော ပစ္စည်းတစ်ခု ဖြစ်၏။
လွန်ခဲ့သောအချိန်က ဝေ့ဝူယင် သည် စစ်ပွဲ ကျောက်တိုင် ကို 'လေ့လာ' ရန် အခွင့်အရေး ရရှိခဲ့ဖူးသည်။ ထိုနေရာတွင် စစ်ပွဲ ကျောက်တိုင် ကြေမွပျက်စီးသွားသောအခါ သူသည် အလွန်အမင်း စိတ်ပျက်သွားခဲ့ရ၏။ ထို့အပြင်... စစ်ပွဲ ကျောက်တိုင် ကို လေ့လာပြီးနောက် သူ၏ အောင်မြင်မှုများကို လှောင်ပြောင်နေသကဲ့သို့ ကြေညာချက်များသည် စိတ်ပျက်ဖွယ်ကောင်းလောက်အောင် ထင်ရှားပေါ်လွင်နေခဲ့သည်။
"ဂုဏ်ယူပါတယ်... သင်ဟာ အလင်းအားလုံး၏ မူလ ကို လေ့လာနိုင်ခဲ့ပါတယ်... ဂုဏ်ယူပါတယ်... သင်ဟာ လောကနှလုံးသား နဲ့ ပတ်သက်တဲ့ ထိုးထွင်းသိမြင်မှုကို ရရှိခဲ့ပါတယ်... ဂုဏ်ယူပါတယ်... သင်ဟာ သင့်ရဲ့ ဝိညာဉ်အလင်း ကို ဥပဒေသ အမှတ်အသား နဲ့ ပေါင်းစပ်နိုင်ခဲ့ပါတယ်..."
ထိုအချိန်က သူသည် ဒေါသတကြီးဖြင့် ပေါက်ကွဲနေခဲ့၏။ လျှို့ဝှက် အာဏာရှင် တတိယအဆင့်ဖြစ်သော သေမျိုးတစ်ပိုင်း အရှင်သခင် အဆင့်၏ အထွတ်အထိပ်တွင်ရှိသော ပုံမှန် ကျင့်ကြံသူများ အတွက်မူ ဤအရာများအားလုံးသည် ကြီးကျယ်ခမ်းနားသော အောင်မြင်မှု၏ ဒဏ္ဍာရီလာ စွမ်းဆောင်ရည်များပင် ဖြစ်သည်။ ၎င်းတို့က ပြီးပြည့်စုံသော အခြေခံအုတ်မြစ်တစ်ခုကို တည်ဆောက်နိုင်စေပြီး အနာဂတ် တက်လှမ်းမှုများကို လွယ်ကူချောမွေ့စေမည် ဖြစ်၏။ သို့သော်လည်း... ဝေ့ဝူယင် သည် ဤအရာများကို သေမျိုး တစ်ဦးအနေဖြင့် နားလည်သဘောပေါက်ခဲ့ပြီး အောင်မြင်ခဲ့ပြီး ဖြစ်ပေသည်။
အလင်းအားလုံး၏ မူလ ဆိုသည်မှာ ဝိညာဉ်မှ ဆင်းသက်လာသော မူလ ဝိညာဉ်အလင်း ဖြစ်သည်။ လောကနှလုံးသား သည် ရည်ရွယ်ချက် နှင့် သက်ဆိုင်ပြီး သူသည် ဆေဘာ နှလုံးသား ရည်ရွယ်ချက် နှင့် ဒြပ်စင် မူလ နှလုံးသား ရည်ရွယ်ချက် နှစ်ခုကို တိုးတက် အောင်မြင်စေခဲ့ပြီး ဖြစ်၏။ ဝိညာဉ်အလင်း ထည့်သွင်းခြင်းကို ဘုရင် က လုပ်ဆောင်ခဲ့ပြီး စစ်ပွဲ အမှတ်အသား ကို ပျက်သုဉ်းခြင်း အမှတ်အသား အဖြစ်သို့ အသွင်ပြောင်းလဲပေးခဲ့သည်။
စစ်ပွဲ အမှတ်အသား သည် သေချာစွာ သန့်စင်ပြီးနောက် အစစ်အမှန် သူတော်စင်၏ အမိန့်တော်များ ကို ထုတ်လွှတ်ရန် ကိုယ်စားပြု ရတနာတစ်ခု ဖြစ်ကြောင်း ရှင်းလင်းလှပေသည်။
၎င်းတို့မှာ အထူးသဖြင့် ဥပဒေသ များ၏ နားလည်သဘောပေါက်မှုနှင့် ပတ်သက်၍ ခိုင်မာသော ရှေ့ဆက်ရမည့် လမ်းကြောင်းကို ဖော်ဆောင်ပေးမည့် ကောင်းကင်ကို တုန်လှုပ်စေသော အခွင့်အရေးများပင် ဖြစ်၏။
မည်သို့ပင် ဆိုစေ... ဝေ့ဝူယင်သည် ကြယ်တာရာအဆင့် စစ်ပွဲ ကျောက်တိုင် တစ်ခုကို ပြန်လည်ယူဆောင်လာပြီး၊ သူ၏ အာဏာရှင်များ သည် ဤအကျိုးကျေးဇူးများကို ခံစားခဲ့ကြရသည်။ ၎င်းက သူ၏ မူလ အာဏာရှင်များ၊ ဗာကီရီ အဖွဲ့ဝင်များ နှင့် ထိုက်တန်သော အာဏာရှင်များ ကို အခြား ဂလက်ဆီ မှ ကျင့်ကြံသူများ အသေခံပြီး သတ်ဖြတ်လုယူလိုကြသည့် ကြီးမားသော အခွင့်အရေးများကို ခံစားခွင့်ရစေခဲ့၏။
ဥပမာအားဖြင့် ချောင်စွေ့ဖုန်း သည် သူမ၏ လောကနှလုံးသား ရည်ရွယ်ချက် ကို နားလည်သဘောပေါက်ရန် ဤအရာအပေါ် မှီခိုခဲ့ရသည်။ ၎င်းသည် အခြေခံ ကျင့်ကြံခြင်း ထုတ်ကုန်များကသာ လုပ်ဆောင်ပေးနိုင်သည့် အရာထက် ကျော်လွန်ပြီး သူမ၏ အားနည်းသော အခြေခံအုတ်မြစ်ကို အမှန်တကယ် ခိုင်မာစေခဲ့၏။ အာရုဏ်ဦး အင်ပါယာ တွင် စစ်ပွဲ ကျောက်တိုင် သည် မြင့်မြတ်သော ရတနာတစ်ခု ဖြစ်ပြီး ၎င်း၌ အခွင့်အရေး ရှစ်ဆယ့်တစ်ကြိမ်သာ ပါဝင်ခဲ့သည်။ ထိုအထဲမှ လေးပုံတစ်ပုံကျော်ကို ဝေ့ဝူယင် ၏ မူလ အာဏာရှင်များ၊ အဂ္ဂိရတ် သူရဲကောင်းများ၊ ဗာကီရီ နှင့် အမျိုးသမီးများ အတွက်သာ သီးသန့် အသုံးပြုခဲ့၏။
ဂလက်ဆီအဆင့် ရှိ စစ်ပွဲ ကျောက်တိုင် ကို လေ့လာခြင်းက ပဲ့တင်ထပ် ဝိညာဉ် အဆင့် သို့ တက်လှမ်းရန် နှိုင်းယှဉ်၍မရနိုင်သော ပြိုင်ဘက်ကင်း အခွင့်အရေးတစ်ခုကို ပေးစွမ်းမည်ဖြစ်ကြောင်း စုရီ သိရှိထားခဲ့သည်။ သို့သော်လည်း ထိုအခွင့်အရေးမှာ ဆုပ်ကိုင်ရန် အလွန်ခက်ခဲလွန်းလှသည်။ ထို့ပြင် ၎င်းကို ရရှိရန် ရှာဖွေနေကြသော အထွတ်အထိပ် အထက်တန်းလွှာ များစွာကလည်း အလုအယက် ကြိုးပမ်းနေကြ၏။
ယခင်က ပဲ့တင်ထပ် ဝိညာဉ် အဆင့် သို့ တက်လှမ်းနိုင်ခဲ့သော်လည်း သူ၏ ပြန်လည်မွေးဖွားခြင်းမှာ အခက်အခဲများ မရှိခဲ့သည်တော့ မဟုတ်ပေ။ အဆင့်တစ်ခု တက်လှမ်းရန် အတွက် ရင်ဆိုင်ရသည့် ကပ်ဘေးများသည် အခက်အခဲရှုထောင့်မှကြည့်လျှင် အဆင့်များစွာ ပိုမိုပြင်းထန်လာခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် သူသည် အစစ်အမှန် သူတော်စင် တစ်ပါးအနေဖြင့်ဖြင့် အထွတ်အထိပ် သူတော်စင် ခွန်အားများကို ပိုင်ဆိုင်ထားကာ အတိတ်ဘဝထက် များစွာ ကျော်လွန်သော ပြိုင်ဘက်ကင်း အခြေခံအုတ်မြစ်တစ်ခုကို တည်ဆောက်ထားနိုင်ခဲ့သည်။
ဤအရာက အလွန်အမင်း ဖီဆန်လွန်းလှသည်။ ဤသို့တွေးမိစဉ် သူ၏ ဘေးရှိ တည်ငြိမ်သော မျက်နှာထားဖြင့် ဝေ့ဝူယင် ကို တစ်ချက် လှမ်းကြည့်လိုက်၏။
သူ ယခင် သိရှိထားသည့် အချက်အလက်များ အရ ထိုချောမောသော ခန္ဓာကိုယ် အတွင်းရှိ ရဲရင့်သော ဧကရာဇ် နှင့် ကောင်းကင်ရှန့်ထို အဂ္ဂိရတ်ပညာရှင် တို့သည် အံ့မခန်း ပါရမီရှိသော မတူညီသည့် ဝိညာဉ်နှစ်ခု ဖြစ်ကြသည်။ သို့သော်လည်း... အထွတ်အထိပ် သေဆုံးခြင်း အာရုဏ်ဦးနေ့ တိုက်ပွဲ အပြီး၌ ထိုအရာက ရှင်းလင်းစွာ ဖြေရှင်းပြီးသား ဖြစ်သွားခဲ့၏။
ထောက်လှမ်းရေး အဖွဲ့အစည်း အသီးသီးမှ ရရှိသော သတင်းအချက်အလက်များအရလည်း ထိုအငြင်းပွားမှုသည် ထိုနေ့ အပြီးတွင် ပြေလည်သွားခဲ့ကြောင်း သူ သိရှိနိုင်ခဲ့သည်။ သို့သော် ထိုကိစ္စနှင့် ပတ်သက်၍ ထူးဆန်းသော ခန့်မှန်းချက် အချို့လည်း ထွက်ပေါ်နေခဲ့၏။
အထင်ရှားဆုံး ခန့်မှန်းချက်မှာ ဝိညာဉ်နှစ်ခု ပေါင်းစည်းသွားနိုင်သည့် ဖြစ်နိုင်ချေပင် ဖြစ်သည်။ ဝေ့ဝူယင်သည် အာရုဏ်ဦး အင်ပါယာ၏ ဧကရာဇ် ဖြစ်သလို နတ်ဘုရားတမျှ စွမ်းဆောင်နိုင်သော အဂ္ဂိရတ် ပါရမီရှင်လည်း ဖြစ်ပေသည်။ ထို့ကြောင့် အခြေအနေကို သဘောပေါက်သွားသောအခါ မိုးကုပ်စက်ဝိုင်း များသည် သူတို့၏ ရပ်တည်ချက်မှ နောက်ဆုတ်သွားခဲ့ကြခြင်း ဖြစ်ပေမည်။
အခြား ထင်ကြေးတစ်ခုမှာမူ ဝေ့ဝူယင် သည် အသက် နှစ်ရာအောက်သာ ရှိသေးသော အစစ်အမှန် ဧကရာဇ်ငယ်လေး တစ်ပါး ဖြစ်သည်ဟူ၍ ဖြစ်သည်။ သူသည် ကောင်းကင်ရှန့်ထို အဂ္ဂိရတ် ပညာရှင် တစ်ဦး ဖြစ်သော်လည်း လျှို့ဝှက် ဝိညာဉ် အဆင့်၌သာ ရှိနေသေး၏။ ကြီးမြတ်သော တာအို ၏ အသိအမှတ်ပြုခြင်းကို ခံရသူ ဖြစ်၍ ပူးကပ်ခံရခြင်းမျိုး လုံးဝ မရှိဘဲ အစစ်အမှန် ကောင်းကင်ကို ဖီဆန်သည့် တည်ရှိမှု တစ်ခုသာ ဖြစ်ပေသည်။ သို့သော် ကောင်းကင်ကို ဖီဆန်သည်ဆိုသော စကားလုံးမှာ သူ့အတွက် အနည်းငယ်မျှပင် မလုံလောက်ချေ။
စုရီသည် သူ့ကိုယ်သူ ကောင်းကင်ကို ဖီဆန်နိုင်သူဟု ထင်မှတ်ထားခဲ့သည်။ သို့သော် ဤအရာကမူ အမှန်တရားကိုပင် ပြန်လည် ပုံဖော်နေခြင်း ဖြစ်၏။ ၎င်းသည် ကန့်သတ်ချက်များအပေါ် ထားရှိသည့် အယူအဆများနှင့် ပါရမီအပေါ် နားလည်ထားမှု အားလုံးကို ယုံမှားသံသယ ကင်းစွာဖြင့် ပြောင်းပြန်လှန်ပစ်လိုက်ပေသည်။
***