← Chapters

အခန်း (၂၅၈၅-၂၅၈၆)

Vol. 185 Ch. 2585-2586

အခန်း (၂၅၈၅-၂၅၈၆)

Vol. 185 Ch. 2585-2586

အပိုင်း(၂၅၈၅)

စုရီ တွေးတောနေသည့် တစ်ချိန်တည်းမှာပင် ဝေ့ဝူယင်သည် သူ၏ အတွင်းပိုင်းကိုသာ အာရုံစိုက်နေခဲ့သည်။ လျှို့ဝှက် ဝိညာဉ် အဆင့်သို့ တက်လှမ်းပြီးနောက် လျှို့ဝှက် ရည်ရွယ်ချက်ကို မနိုးထစေဘဲ ပြီးပြည့်စုံသော လျှို့ဝှက် သင်္ကေတများ ကို သူ ရရှိခဲ့၏။ ထို့နောက် ခရာတို၏ လျှို့ဝှက် ပုံစံအဖြစ် တည်ရှိနေသော သူ၏ လျှို့ဝှက် ဒဏ္ဍာရီ အမှတ်အသား သည် ပထမအဆင့်မှ ဒုတိယအဆင့်သို့ တစ်ဆင့် မြင့်တက်သွားခဲ့သည်။

၎င်းမှာ သိပ်မများလှဟု ထင်ရသော်လည်း ဒဏ္ဍာရီ အမှတ်အသား အဆင့်သုံးခုစလုံးတွင် အဆင့် ခုနစ်ဆင့်စီသာ ရှိကြောင်းကို မေ့ထား၍ မရပေ။

ဝေ့ဝူယင် သည် သေမျိုး ဒဏ္ဍာရီ အမှတ်အသား ၏ သတ္တမအဆင့်သို့ ရောက်ရှိချိန်၌ ကြယ်တာရာ အမြုတေ အဆင့် ကျင့်ကြံသူ တစ်ဦးနှင့် ညီမျှသော သွေးမျိုးဆက် ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားပြီး ဖြစ်သည်။ ထိုအရာက အထွတ်အထိပ် ကြယ်တာရာ အမြုတေ အဆင့် ပင် ဖြစ်ပေ၏။

သူ လိုအပ်နေသည့် တစ်ခုတည်းသော အရာမှာ ၎င်းနှင့် လိုက်ဖက်ညီမည့် ခွန်အားနှင့် မူလစွမ်းရည်များ ပါဝင်သော သန့်စင်သည့် သွေးမျိုးဆက် စွမ်းအင်ပင် ဖြစ်သည်။ ၎င်းကို သူ၏ သေမျိုး တာအို ကျင့်ကြံခြင်း အခြေခံက ထင်ဟပ်ပြသနေပြီး သီးသန့် ပြုစုပျိုးထောင် ကျင့်ကြံရန် လိုအပ်ပေသည်။ သို့ရာတွင် သန့်စင်မှုနှင့် အခြေခံအရမူ သူသည် အထွတ်အထိပ် သေမျိုးအဆင့် အစစ်အမှန်နဂါး သွေးနှော တစ်ဦး ဖြစ်နေခဲ့ပြီ ဖြစ်၏။

လျှို့ဝှက် ဒဏ္ဍာရီ အမှတ်အသား သို့ သူ တက်လှမ်းသွားသောအခါ ဒုတိယမြောက် ပြောင်းလဲခြင်း ဖြစ်သော နဂါး တက်လှမ်းခြင်း ကို ရရှိခဲ့သည်။ ထို့ပြင် ဥပဒေသများ ကို ခုခံနိုင်သည့် မွေးရာပါ စွမ်းရည်ကဲ့သို့သော သွေးမျိုးဆက် စွမ်းရည် အချို့ကိုလည်း ဖွင့်လှစ်နိုင်ခဲ့၏။ သို့သော် လျှို့ဝှက် ဒဏ္ဍာရီ ၏ ပထမအဆင့် အထွတ်အထိပ်သည် သန့်စင်မှုနှင့် အခြေခံ သဘောတရားအရ သေမျိုးတစ်ပိုင်း အရှင် တစ်ဦးနှင့် ညီမျှပေသည်။ ဒုတိယအဆင့်သည် မြေကြီးရှန့်ထို မှ အာဏာရှင် ရှန့်ထို အထိ ညီမျှပြီး တတိယအဆင့်မှာ အစစ်အမှန် သူတော်စင် အဆင့်မှ ကောင်းကင်ငယ် အဆင့် အထိ ဖြစ်နိုင်ပေသည်။

၎င်းသည် သူ၏ ကောက်ချက်ချမှုပင် ဖြစ်သည်။ သို့သော်လည်း ဤအရာများသည် သူ၏ သွေးမျိုးဆက် သန့်စင်မှုနှင့် ကျင့်ကြံခြင်း အခြေခံတို့အတွက်သာ ဖြစ်သည်။ တိတိကျကျ ဆိုရလျှင် ဟင်းလင်းပြင် နဂါး လျှို့ဝှက် ဝိညာဉ် နှင့် ဟင်းလင်းပြင် နဂါး လျှို့ဝှက် အမြုတေ တို့သည် ဒုတိယအဆင့်ရှိ အစစ်အမှန်နဂါး ထက် ကျော်လွန်သော စွမ်းအားကို ထုတ်ဖော်နိုင်စေခဲ့သည်မှာ ကြာမြင့်နေပြီ ဖြစ်၏။ ထို့ကြောင့် တတိယအဆင့်သို့ အလွယ်တကူ ရောက်ရှိသွားပေသည်။

ထိုပြောင်းလဲမှုများကို ခံစားမိသောအခါ ခရာတို သည် စွမ်းရည်အသစ် တစ်ခုအတွက် စိတ်လှုပ်ရှားစွာဖြင့် ဆက်တိုက် ဟိန်းဟောက်နေခဲ့သည်။

"အဆုံးမဲ့ ဟင်းလင်းပြင် အကြေးခွံများ..."

၎င်းသည် အဆုံးမဲ့ ဟင်းလင်းပြင် အတောင်ပံများ ကဲ့သို့ပင် မွေးရာပါ ကာကွယ်ရေး သွေးမျိုးဆက် စွမ်းရည် တစ်ခု ဖြစ်သည်။ ခရာတို ၏ ရှင်းပြချက်မှာ ထုံးစံအတိုင်း အဓိပ္ပာယ်မရှိဘဲ အလွန်အကျွံ ဖြစ်နေသော်လည်း မားဂတ်သည် ၎င်းကို ဘာသာပြန်ပေးနိုင်စွမ်း ရှိပေသည်။

ခရာတို၏ စွမ်းရည်များနှင့် ပတ်သက်လာလျှင် ဝေ့ဝူယင် သည် လမ်းပြမပါဘဲ ရေနောက်ကြီးထဲတွင် ကူးခတ်နေစရာ မလိုတော့သည်မှာ ဤသည်က ပထမဆုံးအကြိမ် ဖြစ်သည်။ ပဉ္စမမြောက် ကျင့်ကြံခြင်း ဝိညာဉ် ဖြစ်လာပြီးနောက် မားဂတ် ၏ ထာဝရ ဉာဏ်အလင်းပွင့် ဝိညာဉ် အခြေခံက လျှို့ဝှက်ချက်များနှင့် နက်နဲမှုများကို ထိုးထွင်းသိမြင်နိုင်စေခဲ့၏။ ထို့ကြောင့် အခြားသူများနှင့် ပတ်သက်သော အရာများကိုပါ သူက ဖော်ထုတ်ပေးနိုင်ခဲ့သည်။

အကယ်၍ မားဂတ်သည် ယခင်ကတည်းက ဤကဲ့သို့ ထူးခြားစွာ ချိတ်ဆက်ထားနိုင်ခဲ့ပါက ဧဒင် ၏ အာကာရှစ် မူလအစကို သူ စောစောစီးစီး ရှာဖွေတွေ့ရှိနိုင်ခဲ့မည် ဖြစ်သည်။ ထို့ပြင် သူ၏ အတွင်း၌ တည်ရှိနေသော ဆေဘာ ဥပဒေသ အာဏာ ၏ သရုပ်ပေါ်လာမှုသည် အလွန်အမင်း ပုံမှန်မဟုတ်ဘဲ အခြား ဥပဒေသများ ခြောက်ခုနှင့် လုံးဝ မတူညီကြောင်းကိုလည်း သိရှိနိုင်မည် ဖြစ်၏။ အထူးဆန်းဆုံးအရာမှာ ၎င်းသည် အင်ပါယာ နှင့် ပျက်သုဉ်းခြင်း တို့၏ တကယ့်ခေါင်းဆောင်အဖြစ် ဆောင်ရွက်နေပုံရခြင်းပင် ဖြစ်သည်။

ထို့အပြင် သူ၏ ခန္ဓာကိုယ် အတွင်း လှည့်ပတ်နေသော မှေးမှိန်သည့် စစ်ဥပဒေသ အော်ရာ သည်လည်း ထိုနှစ်ခုနှင့် အလွန် ဆင်တူစွာ လှုပ်ရှားနေခဲ့ပေသည်။

မားဂတ်သည် နောက်မှ စုံစမ်းစစ်ဆေးရန်အတွက် ထိုအရာကို ဘေးဖယ်ထားခဲ့သည်။ အဆုံးမဲ့ ဟင်းလင်းပြင် အကြေးခွံများ ဆိုသည်မှာ အာကာသ ၊ အချိန်၊ နက္ခတ်တာရာ စွမ်းအားများနှင့် ဟင်းလင်းပြင် ကိုယ်တိုင်ကို ကျစ်လျစ်သော သံချပ်ကာအဖြစ် ပြောင်းလဲပေးသည့် သံချပ်ကာ စွမ်းရည် တစ်မျိုး ဖြစ်၏။ အချိန် အမျိုးအစား တုံ့ဆိုင်းမှု၊ အပျက်အစီး အာကာသ ၏ ကြမ်းတမ်းသော ရေစီးကြောင်းများနှင့် ဆန့်ကျင်ဘက် စွမ်းအင်များ စုပုံလာမှု ကဲ့သို့သော အန္တရာယ် အမျိုးမျိုးမှ သူ့ကို ကာကွယ်ပေးနိုင်ပေသည်။ အထူးသဖြင့် သူ၏ ဥပဒေသများ အပေါ် မှီခိုကျော်လွှားရမည့် အရာများအတွက် အလွန် အသုံးဝင်လှသည်။

၎င်းသည် အလွန်ပင် အထင်ကြီးစရာကောင်းသော်လည်း အနည်းငယ် နောက်ကျမှ ရောက်ရှိလာခဲ့သည်။ သာမန် သွေးနှော တစ်ဦးအတွက် ဤစွမ်းရည်နှင့် ဤလုပ်ဆောင်နိုင်စွမ်း အဆင့်သည် ကောင်းကင်မှ ပေးသနားသော အရာ ဖြစ်နေမည်မှာ သေချာပေသည်။ အစစ်အမှန်နဂါး တစ်ကောင်ကို ယခင်ကထက် များစွာ ပိုမို လွတ်လပ်စွာဖြင့် လောကကြီးအတွင်း ဖြတ်သန်းသွားလာနိုင်ရန် ၎င်းက ထောက်ပံ့ပေးနိုင်ပေလိမ့်မည်။

သို့သော် ဝေ့ဝူယင် သည် တစ်စုံတစ်ရာကို စမ်းသပ်ကြည့်ချင်နေခဲ့သည်။

ထိုအကြံအစည်မှာ ရဲတင်းလွန်းလှ၏။ အလွန်အမင်း ရူးသွပ်ရာကျသော်လည်း ဤကောင်းကင်ကို ဖီဆန်သည့် လုပ်ရပ်၏ ဖြစ်နိုင်ခြေကို သူ စမ်းသပ်ကြည့်ချင်နေခဲ့သည်။ သာမန် အဆုံးမဲ့ ဟင်းလင်းပြင် အကြေးခွံများ သည် ထိုသို့ လုပ်ဆောင်နိုင်မည် မဟုတ်သော်လည်း သူ၏ ကျင့်ကြံခြင်းက သာမန်နှင့် လုံးဝကို ကွာခြားနေခဲ့ပေသည်။

စုရီ၏ မျက်လုံးများက တဖျပ်ဖျပ် လက်သွားခဲ့၏။ ဝေ့ဝူယင် ၏ ခံစားချက် အပြောင်းအလဲကို သူ အာရုံခံမိလိုက်သည်။ သင်္ဘောဆိပ်သို့ ရောက်သောအခါ ဝေ့ဝူယင် ၏ ခြေလှမ်းများ ရပ်တန့်သွားခဲ့သည်။ စုရီ ၏ နှလုံးသားက လွတ်လပ်သော အာရုဏ်ဦး၏ အလှတရားကို အလွန်အမင်း သဘောကျ နှစ်သက်နေခဲ့၏။ ယခုလို အနီးကပ် မြင်တွေ့ရမှသာ ဤသင်္ဘောကြီး မည်မျှ ထူးခြားအံ့သြဖွယ် ကောင်းကြောင်းကို သူ သတိပြုမိတော့သည်။ ၎င်း၏ အစီအရင်များနှင့် ဝင်္ကပါများတွင် လိုက်ဖက်ညီမှု မရှိခြင်းဟူ၍ လုံးဝ မရှိခဲ့ချေ။ ထို့ပြင် ပါဝင်သော ပစ္စည်းများသည်လည်း ရှေးဟောင်းပုံစံတွင် မည်သည့် အပြစ်အနာအဆာမျှ မရှိဘဲ ချောမွေ့စွာ ပေါင်းစည်းထားပေသည်။

"တာအို စောင့်ရှောက်သူ ဟုန်ရွှမ်နူနဲ့ ကန်မင်ဂျီ... စုရီ ရဲ့ မဟာမိတ်တွေကို သွားစုဆောင်းဖို့ သူ့ကို ခေါ်သွားလိုက်ပါ... ပြီးတော့ နေရာ သုံးဆယ့်သုံးနေရာ ချန်ထားဖို့ မမေ့နဲ့အုံး..."

ဝေ့ဝူယင် က လှမ်းခေါ်ကာ ပြောလိုက်သည်။

"ဟင်..."

စုရီ က အံ့အားသင့်သွားခဲ့သည်။

ဝေ့ဝူယင် က ဆက်လက်၍ ရှင်းပြလိုက်၏။

"တာအိုရောင်းရင်းစု... ခင်ဗျား နောက်ကို စစ်သည်တွေအနေနဲ့ လိုက်ပါဖို့ လူနည်းနည်းလောက်ကို ကျုပ် စေလွှတ်လိုက်မယ်... ကျုပ်က အဂ္ဂိရတ် တပ်ဖွဲ့ နေရာတစ်ခုကို ယူမှာဖြစ်တဲ့အတွက် ခင်ဗျားကို ကျုပ်လူတွေရဲ့ တပ်မှူးအဖြစ် လုပ်ဆောင်ပေးဖို့ လိုအပ်တယ်... ကန့်ကွက်စရာ ရှိသေးလား..."

စုရီသည် အကင်းပါးလှသူ ဖြစ်သည်။ ဝေ့ဝူယင် က သူ၏ လက်အောက်ခံများကို စောင့်ကြည့်ရန်အတွက် သူ့ကို ကိုယ်စားလှယ် တပ်မှူး တစ်ဦးအဖြစ် အသုံးပြုရန် ရည်ရွယ်ထားကြောင်း သဘောပေါက်သွားခဲ့သည်။ သူက ဂရုမစိုက်ခဲ့ပေ။ အဘယ်ကြောင့်နည်း။ ၎င်းမှာ ဝေ့ဝူယင်၏ အဂ္ဂိရတ် တပ်ဖွဲ့ ထံမှ တိုက်ရိုက် အဂ္ဂိရတ် အထောက်အပံ့များ ရရှိမည်ဟု ဆိုလိုသောကြောင့် ဖြစ်၏။ ဤအရာက သူ မျှော်လင့်ထားပြီးသား အရာတစ်ခုလည်း ဖြစ်သည်။ သို့သော်လည်း ဂလက်ဆီ စစ်မြေပြင် နှင့် ပတ်သက်၍ အရေးကြီးသော ပြဿနာတစ်ခု ရှိနေခဲ့ပေသည်။

"ခင်ဗျား ချက်ချင်း တပ်မှူး ဖြစ်လာဖို့အတွက် လိုအပ်တဲ့ စစ်ဝိညာဉ်တွေကို ကျုပ် ပေးမယ်..."

ဝေ့ဝူယင်က စုရီ စိုးရိမ်နေသည့် ပြဿနာကို ချက်ချင်း ဖြေရှင်းပေးလိုက်သည်။ ဆွေးနွေးမှုအတွင်း ကြယ်တာရာအဆင့် စစ်ဝိညာဉ်များကို အာဏာရှင်အဆင့် စစ်ဝိညာဉ်များ အဖြစ်သို့လည်းကောင်း၊ ထိုမှတစ်ဆင့် ဂလက်ဆီအဆင့် စစ်ဝိညာဉ်များ အဖြစ်သို့လည်းကောင်း လဲလှယ်နိုင်ကြောင်းကို သူ သိရှိခဲ့ရ၏။

သူ၏ အာဏာရှင်များ နှင့် ဆက်စပ်မှု စစ်အလံ ကို ကျင့်ကြံပြုစုပျိုးထောင်ရန်အတွက် စစ်ဝိညာဉ် အမြောက်အများကို အသုံးပြုခဲ့သော်လည်း သူ ပြန်လည် သယ်ဆောင်လာခဲ့သော နှစ်သန်းအနက်မှ တစ်သန်းကျော် ကျန်ရှိနေသေးသည်။ စစ်ဝိညာဉ်များကို ကုန်ခမ်းသွားအောင် အသုံးပြုရန် အလွန် ခက်ခဲလှ၏။ အဓိက အကြောင်းရင်းမှာ သူ၏ ထံတွင် အံ့မခန်း များပြားလှသည့် ပမာဏ ရှိနေသောကြောင့် ဖြစ်သည်။ အာရုဏ်ဦး အင်ပါယာ၌ပင် ဤစစ်ဝိညာဉ်များသည် အာဏာရှင်များ နှင့် ပြင်ပအဖွဲ့ဝင်များက ပြင်းပြင်းထန်ထန် တိုက်ခိုက်ယှဉ်ပြိုင်ပြီး ရယူရသော ဆုလာဘ်များ ဖြစ်ပေသည်။

ကြယ်တာရာအဆင့် တစ်သန်းဖြင့် ဂလက်ဆီ စစ်မြေပြင် တွင် များများစားစား ဝယ်ယူနိုင်မည် မဟုတ်ပေ။ သို့သော်... သူ၏ မူလ အာဏာရှင်များ ၊ ဗာကီရီ နှင့် ဇနီးများက စုရီ၏ အဆမတန် များပြားသော ကမ္မ ကောင်းကင် ကံကြမ္မာ နှင့် အကာအကွယ်ကို အခွင့်ကောင်းယူနိုင်ရန်အလို့ငှာ စုရီ ကို တပ်မှူးအဖြစ် ရာထူးတိုးပေးခြင်းသည် အကောင်းဆုံး အခြေအနေဖြစ်ပြီး အလွယ်တကူ အောင်မြင်နိုင်ပေသည်။

တပ်မှူးအဖြစ် တိုက်ရိုက် ရာထူးတိုးပေးမည်ဟု ပြောလိုက်သောအခါ စုရီ သည် ခဏတာမျှသာ အံ့အားသင့်သွားခဲ့သည်။ သူက အမြဲတမ်း ဤသို့ လုပ်ဆောင်ရန် ရည်ရွယ်ထားခဲ့သဖြင့် ၎င်းက သူ၏ ရည်မှန်းချက်များကို အရှိန်မြှင့်ပေးလိုက်ခြင်းပင် ဖြစ်၏။ ဝေ့ဝူယင် မည်သို့ လုပ်ဆောင်နိုင်မည်ကိုမူ သူ သံသယ မဝင်ခဲ့ပေ။ ရှေးဟောင်း မိုးကုပ်စက်ဝိုင်း နှင့် ဝေ့ဝူယင် နှစ်ဦးစလုံးသည် စစ်ပွဲနှင့် စည်းမျဉ်း စစ်မြေပြင် နှင့် ပတ်သက်၍ လုံလောက်သော အတွေ့အကြုံများ ရှိထားကြသည်မှာ သေချာလှသည်။ သူတို့ နှစ်ဦးစလုံးသည် ဆေးဖော်စပ်ခြင်း နည်းလမ်းများ ၊ အဂ္ဂိရတ် ကိရိယာများ နှင့် ၎င်းမှတစ်ဆင့် သူတို့၏ ကျင့်ကြံခြင်းကို တိုးတက်စေမည့် အခွင့်အလမ်းများကို ရှာဖွေနေကြခြင်း ဖြစ်တန်ရာ၏။

"လွတ်လပ်သော အာရုဏ်ဦးကို မင်း ယူသွားလို့ရတယ်..."

ဝေ့ဝူယင် က စုရီ ကို သွားရန် အမူအရာပြလိုက်ပြီး သင်္ဘောကို မောင်းနှင်ရန် စုမေ့ လက်ထဲသို့ အပ်နှံခဲ့သည်။ သူနှင့် ပါခက်တို့ကတော့ အဆုံးစွန်ဆုံး အန္တရာယ်ရှိသည်ဟု ယူဆနိုင်သော အရာတစ်ခုကို လုပ်ဆောင်တော့မည် ဖြစ်ရာ သီးခြား လမ်းကြောင်းတစ်ခုမှ သွားကြမည် ဖြစ်၏။

စုမေ့သည် သင်္ဘော၏ အစွန်းတွင် ရှိနေ၏။ မထွက်ခွာခင် သူတို့ နှစ်ဦး အကြည့်များ ဆုံတွေ့သွားကြသည်။ ဝေ့ဝူယင်၏ နှလုံးသားထဲတွင် နက်နက်ရှိုင်းရှိုင်း မြှုပ်နှံထားသည့်အလား ရည်ရွယ်ချက်ကို သူမ အရိပ်အမြွက် မြင်လိုက်ရ၏။ သူမက သူ့ကို တိတ်ဆိတ်စွာပင် ထောက်ခံအားပေးနေခဲ့သည်။

စုရီသည် စကားများများ ထပ်ပြောချင်သေးသော်လည်း ဝေ့ဝူယင် နှင့် ပါခက် တို့က ကြယ်တာရာ ဓာတ်ပြား တစ်ခုမှတစ်ဆင့် ထွက်ခွာသွားခဲ့ကြပြီ ဖြစ်သည်။ သူတို့သည် ကြယ်တာရာ ရွှေ့ပြောင်းခြင်း အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲသွားပြီး အမှောင် ဟင်းလင်းပြင် ကို ဖြတ်သန်းကာ တောက်ပစွာ ထွက်ခွာသွားကြ၏။

စုရီ စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။ မကြာမီ ရောက်ရှိလာတော့မည့် ဤစိန်ခေါ်မှုသည် သူ၏ ဘဝတွင် အကြီးမားဆုံး ဖြစ်လာမည်မှာ သေချာလှ၏။ သို့သော်လည်း... ဝေ့ဝူယင်က သူ့ဘက်တွင် တက်တက်ကြွကြွ ပါဝင်နေသည့်အတွက် သူ အနည်းငယ်မျှသာ စိတ်သက်သာရာ ရသွားခဲ့သည်။ သို့သော်လည်း ကောင်းကင်ရှန့်ထို အာရုဏ်ဦး အပေါ်၌ အလွန်အကျွံ မှီခိုနေ၍ မရပေ။ သူသည် သူ့ကိုယ်ပိုင် ပြိုင်ဘက်ကင်း လမ်းကြောင်းတစ်ခုကို ဖန်တီးရမည် ဖြစ်သည်။

ဝှစ်...

ဖြတ်သန်းသွားလာနေစဉ်အတွင်း ဝေ့ဝူယင်သည် ပါခက် ကို ဆွဲကိုင်ကာ ဟင်းလင်းပြင် တံခါးပေါက် တစ်ခုထဲသို့ ဝင်ရောက်သွားခဲ့၏။ ကြယ်တာရာ ရွှေ့ပြောင်းခြင်း အလင်းတန်းသည် အတွင်း၌ ခရီးသည် မပါဘဲ ဆက်လက် ပျံသန်း သွားခဲ့လေသည်။

...

အမှောင် ဟင်းလင်းပြင်...

မည်သည့် ဂလက်ဆီ နှင့်မဆို ဝေးကွာပြီး၊ သက်ရှိများ ရှိနေသည့် မည်သည့် လက္ခဏာရပ်များနှင့်မဆို ဝေးကွာသော နေရာတစ်ခုတွင်...

ဝှစ်...

နှိုင်းယှဉ်၍ မရနိုင်လောက်အောင် ဝေးကွာလှသော အာကာသ နှင့် အချိန် ဒေသနှစ်ခုကို ဆက်သွယ်ပေးထားသည့် ဟင်းလင်းပြင် တံခါးပေါက် တစ်ခုက မှော်ဆန်စွာ ထွက်ပေါ်လာခဲ့သည်။

လူရိပ် နှစ်ခုသည် မျောပါနေသော မြေသား အပျက်အစီးတစ်ခုပေါ်သို့ လျှောက်လှမ်း ထွက်ပေါ်လာကြ၏။

ပါခက် သည် အစစ်အမှန် ဝိညာဉ် အဆင့် ကျင့်ကြံခြင်း အခြေခံ ရှိနေသော်လည်း အနည်းငယ် ခေါင်းမူးနေပြီး အန်ချင်စိတ်များ ဖြစ်ပေါ်နေခဲ့သည်။ သူမက သူမကိုယ်သူမ ပြန်လည် ချိန်ညှိလိုက်ပြီး သူမကို ရိုက်ခတ်လာသော အာကာသ ကွဲလွဲမှုနှင့် အချိန် ကွဲလွဲမှုများကို ဖယ်ရှားရန် ကြိုးပမ်းသည့်အနေဖြင့် လျှို့ဝှက် စွမ်းအား များကို လှည့်ပတ်လိုက်၏။ ၎င်းက အလုပ်မဖြစ်ခဲ့ချေ။

‘နေဦး...’

သူမက အဘယ်ကြောင့် ထိုအရာများကို ခံစားနေရသနည်း။ ဟင်းလင်းပြင် တံခါးပေါက် များကို မကြာခဏ အသုံးပြုလေ့ရှိသူ တစ်ယောက်အနေဖြင့် ဤသည်မှာ သူမအတွက် ပထမဆုံးအကြိမ် ဖြစ်ပေသည်။

"မင်းရဲ့ အဓိက သတ္တု ဥပဒေသကို ဒီနေရာမှာ မင်းတည်ရှိမှုရဲ့ ကျောက်ဆူးအဖြစ် အသုံးပြုလိုက်..."

ဝေ့ဝူယင် က တည်ကြည်လေးနက်စွာ ညွှန်ကြားလိုက်သည်။

သူ၏ လေသံတွင် ပါဝင်နေသော လေးနက်မှုကြောင့် သူမက အလျင်အမြန်ပင် ထိုအတိုင်း လုပ်ဆောင်လိုက်၏။ သူမ၏ ခန္ဓာကိုယ်သည် ကောင်းကင်ရွှေရောင် အသွင်သို့ ပြောင်းလဲသွားခဲ့၏။ အလွန်တရာ လှပနေသော်လည်း တုန်လှုပ်ဖွယ် ကောင်းလောက်အောင် ရှေးကျရိုင်းစိုင်းသော အငွေ့အသက်များ ရှိနေခဲ့သည်။ ဝေ့ဝူယင် နှင့် တိုက်ခိုက်ပြီးနောက် သတ္တုနှင့် ပတ်သက်၍ သူမ၏ ခန္ဓာကိုယ် ပေါင်းစပ်နိုင်စွမ်းမှာ ပြိုင်ဘက်ကင်း ဖြစ်လာခဲ့၏။ အထူးသဖြင့် သူမသည် အဓိက အာဏာ အဆင့်တွင် သတ္တု ဥပဒေသ ၏ ရုပ်ပိုင်းဆိုင်ရာ သရုပ်ပေါ်လာမှု ဖြစ်လာပြီးနောက်တွင် ပို၍ပင် သိသာလာခဲ့ပေသည်။

သူမ ထိုသို့ လုပ်ဆောင်ပြီးသွားသောအခါ သူမ ခံစားနေရသော အာကာသနှင့် အချိန် ကွဲလွဲမှုများသည် ကောင်းကင်က ကုသပေးလိုက်သည့်အလား ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့၏။

သူမက မနေနိုင်တော့ဘဲ မေးလိုက်သည်။

"ကျွန်မတို့ ဘယ်ရောက်နေတာလဲ..."

ဝေ့ဝူယင် က အထက်သို့ မော့ကြည့်လိုက်ရာ ပါခက် ကလည်း သူ့အတိုင်း လိုက်ကြည့်လိုက်၏။ သူမ၏ မျက်ဆန်များက ချက်ချင်းပင် ကျုံ့ဝင်သွားခဲ့တော့သည်။

"အတိတ်ကာလပဲ..."

ဝေ့ဝူယင်၏ တစ်ကိုယ်လုံးမှာ ပြောင်းလဲသွားခဲ့ပြီး နဂါး တက်လှမ်းခြင်း အခြေအနေသို့ ဝင်ရောက်သွားခဲ့တော့သည်။

***

အပိုင်း(၂၅၈၆)

'အတိတ်ကာလ ဟုတ်လား...'

ပါခက် ၏ မျက်ဆန်များက ကျုံ့ဝင်သွားခဲ့သော်လည်း ထိုမျက်ဆန်များအတွင်းရှိ ရောင်ပြန်ဟပ်နေမှုကတော့ အလွန်တရာ ရှင်းလင်းနေခဲ့၏။ အထက်ဘက်တွင် ရေတွက်၍ မရနိုင်သော မြစ်များစွာတို့သည် ဖော်ပြ၍ မရနိုင်လောက်အောင် အံ့သြဖွယ်ကောင်းသော ပုံစံများဖြင့် ဖြတ်သန်းယှက်နွယ်ကာ စီးဆင်းနေကြသည်။ သူမ၏ နိုးထလာသော အစစ်အမှန် ဝိညာဉ်၏ အနက်ရှိုင်းဆုံး နေရာမှ အတွေးတစ်ခုတည်းသာ ထွက်ပေါ်လာခဲ့တော့သည်။

'အချိန်ထိန်းသိမ်းသူ...'

ရုတ်တရက် သတ္တု၏ ကောင်းကင်ရောင်ဝါများ ဖြာထွက်နေသော သူမ၏ ရွှေရောင် မျက်လုံးများသည် အန္တရာယ်များ၍ တိတ်ဆိတ်ကာ ဖိနှိပ်မှုပြင်းထန်သော မီးခိုးရောင် ရင့်ရင့်များဖြင့် တဖြည်းဖြည်း ကူးစက်လွှမ်းမိုးခံလိုက်ရ၏။ ထိုအချိန်တွင် ငွေရောင် အကြေးခွံများဖြင့် ဖုံးလွှမ်းနေသော လက်တစ်ဖက်က သူမ၏ မျက်နှာပေါ်သို့ ကျရောက်လာပြီး မျက်လုံးများကို ဖုံးအုပ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သန်မာ၍ အာဏာပြည့်ဝသော လက်တစ်ဖက်က သူမ၏ ထျန်းတျန်ကို ဖိနှိပ်လိုက်၏။ အချိန်၏ သရုပ်ပေါ်လာမှုကို လှမ်းမြင်လိုက်ရချိန်၌ သူမ၏ ခန္ဓာကိုယ်သည် အချိန်ကာလနှင့် ပတ်သက်သည့် အသိအာရုံအားလုံး ဆုံးရှုံးသွားခဲ့သည်ကိုပင် သူမကိုယ်တိုင် သတိမထားမိခဲ့ချေ။

အကယ်၍သာ သတ္တု ဥပဒေသ ၏ အဓိက အာဏာ မှတစ်ဆင့် သူမ၏ သက်တမ်း၊ ဝိညာဉ်သက်တမ်းနှင့် တည်ရှိမှု မူဘောင် တို့ကို သတ္တု ကောင်းကင်နယ်မြေ ထံသို့ ချိတ်ဆက်ကာ ကျောက်ဆူးချထားခြင်း မရှိခဲ့ပါက သူမသည် တောက်ပ၍ နက်နဲလှသော အချိန်ရေစီးကြောင်းထဲတွင် ထာဝရ ပျောက်ဆုံးသွားခဲ့မည် ဖြစ်သည်။ ဝေ့ဝူယင် ၏ ရင်ခွင်ထဲသို့ ရောက်ရှိသွားသောအခါ သူမ၏ နှလုံးသားက တည်ငြိမ်သွားပြီး စိတ်အာရုံများလည်း ပြန်လည် အေးချမ်းသွားခဲ့၏။

"ငါ့အသံကို နားထောင်..."

ရောထွေးနေသော အသံတစ်သံက ပဲ့တင်ထပ် ထွက်ပေါ်လာခဲ့သည်။ ထိုအသံသည် အဝေးမှ၊ အနီးမှ၊ အောက်ဘက်မှ၊ အထက်ဘက်မှ လာနေသကဲ့သို့ ဖြစ်နေပြီး သူမ၏ အာရုံများဖြင့် တည်နေရာကို ရှာဖွေရန် အလွန် ခက်ခဲနေခဲ့၏။ သို့သော် ၎င်းက နူးညံ့ပြီး သန်မာကာ ယုံကြည်အားထားရပြီး သေချာမှု အပြည့်ရှိနေသည်။ သူမက လမ်းစပျောက်နေသကဲ့သို့ ခံစားလိုက်ရပြီးနောက် နားထောင်လိုက်သည်။

"ရှာလိုက်..."

အသံက နောက်တစ်ကြိမ် ပဲ့တင်ထပ် ထွက်ပေါ်လာပြန်သည်။

"ရှာလိုက်..."

သူမက သူမ၏ အစစ်အမှန် ဝိညာဉ် ဖြင့် နားထောင်လိုက်၏။

"ရှာလိုက်..."

လေကို အငမ်းမရ ရှူသွင်းလိုက်ပြီး သူမ၏ တည်ရှိမှုကို အသည်းအသန် ပြန်လည် အတည်ပြုရင်း ဝေ့ဝူယင် ကို သူမက တင်းကြပ်စွာ ဖက်တွယ်ထားလိုက်သည်။ အမှောင် ဟင်းလင်းပြင် ၏ အေးစက်သော ဗလာနယ်မြေကို ဖြတ်သန်းလာရသော်လည်း အေးစက်သော ချွေးများက သူမကို ရွှဲနှစ်သွားစေကာ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေခဲ့၏။ သူမ၏ ရှေ့တွင်ရှိနေသော ခိုင်ခံ့၊ နွေးထွေးပြီး ယုံကြည်ရသည့် လူရိပ်ကို ဆုပ်ကိုင်ထားရန် သူမ၏ ခွန်အားတိုင်းကို အသုံးပြုလိုက်သည်။

"ကောင်းတယ်..."

ဝေ့ဝူယင် က သူမကို ရင်ခွင်ထဲတွင် တင်းကြပ်စွာ ဖက်ထားလိုက်သည်။

အချိန် ၏ အဓိက အာဏာ က အပြင်ဘက်သို့ လျှံကျလာပြီး သံသရာ ဝိညာဉ်အင်အား များဖြင့် အဆက်မပြတ် ဖြည့်တင်းထားသော အချိန်ကာလ အထီးကျန် ပူဖောင်းတစ်ခုဖြင့် သူတို့နှစ်ဦးကို လွှမ်းခြုံထားလိုက်ကာ အချိန်မြစ် ကို သူ စောင့်ကြည့်နေခဲ့၏။ ပါခက် နှင့် ခြားနားစွာပင် သူသည် အစစ်အမှန်နဂါး သွေးနှော တစ်ဦး ဖြစ်ပြီး အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် တို့၏ လုံလောက်သော အချိန်ကာလ ကွဲကွာမှုများကို ဖြတ်သန်းဖူးသူ ဖြစ်ရာ အစပိုင်း အတွေ့အကြုံများ၏ သက်ရောက်မှုကို ပျက်ပြယ်စေနိုင်ပေသည်။

အတိတ်သို့ ခရီးသွားခြင်းဆိုသည်မှာ ဟင်းလင်းပြင် ထဲသို့ ဝင်ရောက်နိုင်စွမ်း ရှိသူတိုင်း အောင်မြင်နိုင်သည့် အရာတစ်ခု ဖြစ်သည်။ သို့သော် ဝိရောဓိ အမှားပြင်ဆင်ခြင်းများ၊ ပြောင်းလဲနေသော အချိန်၏ မဆုံးနိုင်သည့် စီးဆင်းမှုများကို ဖြတ်သန်းရခြင်းနှင့် ဟင်းလင်းပြင် အတွင်း၌ပင် ရှိနေသော ပုံမှန်မဟုတ်သည့် သွေဖည်မှုများက ၎င်းကို အလွန်အမင်း အန္တရာယ်များစေခဲ့၏။ ဤသို့ လုပ်ဆောင်ခြင်းက မည်သည့် အကျိုးအမြတ်ကိုမျှ ရရှိစေခဲလှပေသည်။

သတ်မှတ်ထားသော စီးဆင်းမှုနှင့် မကိုက်ညီသော မည်သည့်အရာမဆိုက ဆန့်ကျင်ဘက် စွမ်းအင်များကို ထွက်ပေါ်လာစေသည်။ ထို့ကြောင့် အကြောင်းတစ်ခုခုကြောင့် အချိန်ကို သင် ပြောင်းလဲနိုင်ခဲ့လျှင်တောင် အခြားသူများ မသိလိုက်ခင်မှာပင် ၎င်းက ချက်ချင်း ပြန်လည် ပြင်ဆင်ခံရမည် ဖြစ်၏။ ထိုနည်းတူစွာပင် ဤလုပ်ရပ်ကို ချိုးဖောက်သူအနေဖြင့် အချိန်ထိန်းသိမ်းသူ က သင့်တည်ရှိမှုကို အစွန်းရောက်သော ရက်စက်မှုဖြင့် ဖျက်ဆီးပစ်လိမ့်မည် ဖြစ်သည်။

စက္ကန့် ဆယ့်နှစ်စက္ကန့် ကြာပြီးနောက် ပါခက် သည် တည်ငြိမ်မှုကို ပြန်လည် ရရှိသွားခဲ့၏။ အချိန်၏ သရုပ်ပေါ်လာမှုကို ထပ်မံ ကြည့်ရှုရန် မကြိုးစားသင့်ကြောင်း သူမ သင်ခန်းစာ ရသွားခဲ့၏။ အနီးဝန်းကျင်ကိုသာ အာရုံစိုက်ထားကာ အဝေးသို့ လှမ်းကြည့်ရန် လုံးဝ မကြိုးစားတော့ပေ။

တကယ်တမ်းတွင် အချိန်မြစ် သည် နေရာတိုင်း၌ ရှိနေခဲ့သည်။ ၎င်းက သင့်အထက်၊ သင့်အောက်၊ သင့်ညာဘက်၊ သင့်ဘယ်ဘက်၊ သင့်မျက်နှာချင်းဆိုင်တွင် အမြဲရှိနေပြီး သင့်ကို ဖြတ်သန်းကာ သင့်ပတ်ဝန်းကျင်၌ စီးဆင်းနေ၏။ တစ်ခုတည်းသော ပြဿနာမှာ... ဝိရောဓိ အမှားပြင်ဆင်ရန် ဆင်းသက်လာသော အချိန်ထိန်းသိမ်းသူ ဆိုသူများ၏ အထူးနည်းလမ်းများကို အသုံးမပြုပါက ဝိညာဉ်အမြင် ဖြင့်ပင် ၎င်းတို့ကို သင် မမြင်နိုင်ခြင်း ဖြစ်ပေသည်။

"ကျွန်မ အဆင်ပြေပါပြီ..."

ဝေ့ဝူယင် ၏ ရင်ခွင်ထဲမှ သူမကိုယ်သူမ ဖြည်းညှင်းစွာ ပြန်လည် တွန်းထုတ်ရင်း ပါခက် က အတည်ပြုလိုက်သည်။

ဝေ့ဝူယင်က သူမကို လွှတ်ပေးလိုက်ပြီးနောက် ပတ်ဝန်းကျင်ကို စောင့်ကြည့်နေခဲ့၏။ သူ၏ နဂါး တက်လှမ်းခြင်း သည် အပြည့်အဝ အသက်ဝင်နေပြီး သူတို့နှစ်ဦးထံသို့ အရှိန်အဟုန်ဖြင့် လာနေသော မရပ်မနား ထွက်ပေါ်နေသည့် ဆန့်ကျင်ဘက် စွမ်းအင်များကို စုပ်ယူနေခဲ့သည်။

"အနီးမှာပဲ နေ..."

ဝေ့ဝူယင် က ညွှန်ကြားလိုက်သည်။

ပါခက် က ခေါင်းညိတ်လိုက်ပြီး ဝေ့ဝူယင် နှင့် သုံးပေအကွာတွင် အမြဲနေထိုင်ခဲ့သည်။ အတိတ်သို့ ပြန်သွားခြင်းဆိုသည့် တားမြစ်ထားသော လုပ်ရပ်ကို သူမက ကောင်းစွာ သိရှိထားသည်။ လျှို့ဝှက်အရှင် များပင် ဤအရာကို ကြိုးစားနိုင်ပေသည်။ လျှို့ဝှက် အာဏာရှင် အဆင့် ကျင့်ကြံသူများ၊ အထူးသဖြင့် လျှို့ဝှက်အရှင် များနှင့် အစစ်အမှန် သူတော်စင် များက မည်မျှ ကြီးမားသော စွမ်းအားများကို အမှန်တကယ် ပိုင်ဆိုင်ထားကြောင်း၊ သို့သော်... ၎င်းတို့ကို မည်သည့်အခါမျှ ထုတ်မသုံးနိုင်ကြောင်းကို သေမျိုး များက လုံးဝ နားလည်နိုင်မည် မဟုတ်ချေ။ နောက်ဆက်တွဲ ဆိုးကျိုးများသည် လွန်ကဲလွန်းလှ၏။

သို့သော်လည်း ထင်ရှားစွာပင် ဝေ့ဝူယင်သည် အချိန်ကာလ၏ ပြန်လည်ရိုက်ခတ်မှုကို သူ့ဘာသာသူ ဖြေရှင်းနေခဲ့သည်။ လျှို့ဝှက်ဝိညာဉ် အဆင့် ကျင့်ကြံသူ တစ်ဦး အနေဖြင့် ထိုကဲ့သို့ လုပ်နိုင်စွမ်း ရှိခြင်းမှာ အံ့မခန်း ချီးကျူးစရာ ကောင်းလှပေသည်။

"ငါတို့ ဘာလို့ ဒီကို ရောက်နေတာလဲ..."

ပါခက် က မေးလိုက်၏။

"..."

ဝေ့ဝူယင်သည် ပတ်ဝန်းကျင်ကို ဆက်လက် စစ်ဆေးနေခဲ့၏။ တုံ့ပြန်မှု မရှိခြင်းကို ကြည့်ခြင်းအားဖြင့် သူကိုယ်တိုင်လည်း မသေချာကြောင်းကို မည်သူမဆို ရှင်းလင်းစွာ သိမြင်နိုင်ပေသည်။

ပါခက်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။ ထို့နောက် သူမ၏ စိတ်ထဲတွင် ပေါ်လာသော တစ်ခုတည်းသော အရေးကြီးသည့် မေးခွန်းကို မေးလိုက်၏။

"ငါတို့ ဘယ်အချိန်ကို ရောက်နေတာလဲ..."

"ဘယ်အချိန်လဲ ဟုတ်လား..."

ဝေ့ဝူယင် က စဉ်းစားဟန်ဖြင့် ရေရွတ်လိုက်သည်။

သူ၏ ငွေရောင် မျက်လုံးများက ဟိုဒီဝေ့ဝဲသွားပြီး အမှောင် ဟင်းလင်းပြင် ၏ ယေဘုယျ ရေစီးကြောင်းတွင် ပါဝင်သော ရှုပ်ထွေးမှု အချို့ကို ဆုပ်ကိုင်နိုင်ရန် အမှန်တရား မျက်လုံး ကို ဖွင့်လှစ်လိုက်၏။

"ငါတို့ရဲ့ ပစ္စုပ္ပန်ကနေ ဆယ်စုနှစ် အနည်းငယ်လောက် နောက်ဆုတ်သွားတဲ့ အချိန်ပဲ... ငါတို့ ရောက်လာတဲ့အခါ အချိန်ကာလအပေါ် သက်ရောက်မှု အနည်းဆုံး ဖြစ်စေဖို့ ဒီဒေသမှာ လှုပ်ရှားမှု အနည်းဆုံး ရှိတဲ့နေရာကို ငါ ရည်ရွယ်ခဲ့တာ... ဒါပေမဲ့ ငါ မှန်းထားတဲ့ နေရာနဲ့ အရမ်းဝေးတဲ့ နေရာကို ရောက်လာခဲ့ပုံရတယ်..."

"ဘယ်နေရာကိုလဲ..."

ပါခက်၏ နှလုံးသားက အဆင်သင့် ဖြစ်နေသော အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။ သူမသည် စူးစမ်းရှာဖွေမှု သို့မဟုတ် စွန့်စားမှု တစ်ခုခုတွင် အကာအကွယ်ပေးခံရမည့် အားနွဲ့သူလေး တစ်ယောက် မဟုတ်ပေ။ သူမ၏ စွမ်းအားထက် ကျော်လွန်သော ဖြစ်ရပ်တစ်ခုထဲသို့ ဝင်ရောက်ပြီး အသက်ရှင်ကျန်ရစ်ခဲ့သည်မှာ ဤသည်က ပထမဆုံးအကြိမ် လုံးဝ မဟုတ်ချေ။ ဝေ့ဝူယင်၏ ညွှန်ကြားချက် ကန့်သတ်ချက်များအတွင်း လုပ်ဆောင်ပြီး၊ သူမဘာသာ အလွန်အကျွံ ဆုံးဖြတ်ချက်များ မချသရွေ့၊ သူမအနေဖြင့် အသုံးဝင်ရုံသာမက အသက်ရှင်ကျန်ရစ်မည်ဟုပါ ယုံကြည်ချက် အပြည့်ရှိနေခဲ့သည်။

"ကြယ်တစ်လုံး ဂလက်ဆီ..."

ဝေ့ဝူယင် က ပြောလိုက်သည်။

'ကြယ်တစ်လုံး ဂလက်ဆီ ဟုတ်လား... အဲဒါ သူ့ရဲ့ မွေးရပ်မြေ ဂလက်ဆီ မဟုတ်ဘူးလား...'

ပါခက် က စိတ်ထဲတွင် တွေးလိုက်သည်။ တဖြည်းဖြည်းနှင့် သူမ မျှော်လင့်စောင့်စားမှုများ ဖြစ်ပေါ်လာခဲ့၏။ သို့သော်လည်း သူမက သတိပေးလိုက်သည်။

"အတိတ်ကို ခရီးသွားတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ပြန်တွေ့တာမျိုးကို ရှောင်ရှားတာ အကောင်းဆုံးပဲ... အခြေအနေ တစ်ခုလေးကတင် ကစဉ့်ကလျား ဖြစ်နေတဲ့ ဆန့်ကျင်ဘက် စွမ်းအင်တွေကို အလုံးအရင်းနဲ့ ထွက်ပေါ်လာစေနိုင်ပြီး အဲဒါက အချိန်ထိန်းသိမ်းသူ ရဲ့ အာရုံစိုက်မှုကို ချက်ချင်း ဆွဲဆောင်နိုင်တယ်လို့ ဆိုကြတယ်..."

ဝေ့ဝူယင်သည် ဤသဘောတရားကို နားလည်ထားပြီးသား ဖြစ်၍ အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။

ရှာဖွေနေစဉ်အတွင်း ဝေ့ဝူယင် က ရုတ်တရက် မေးလိုက်၏။

"ဒီလောကမှာ အဖြစ်ဆိုးတွေနဲ့ ကြုံရတတ်တဲ့ သီးခြား လူစားမျိုး ရှိတယ်ဆိုတာ မင်း သိလား..."

ပါခက် သည် အနည်းငယ် လန့်သွားသော်လည်း သူမက မလွှဲမရှောင်သာ ခေါင်းညိတ်လိုက်သည်။

"ကောင်းကင်ကြီးရဲ့ အောက်မှာ ကောင်းကင်ရဲ့ ချစ်ခင်မှုကို ရသူတွေ ဒါမှမဟုတ် မုန်းတီးမှုကို ခံရသူတွေ ရှိကြတယ်... တချို့ ယဉ်ကျေးမှုတွေက သူတို့ဟာ ကောင်းကင်ရဲ့ ကျိန်စာတိုက်ခံရပြီး အတိတ်ဘဝက လုပ်ရပ်တွေကြောင့် နတ်ဘုရားတွေရဲ့ အပြစ်ပေးခြင်းကို ခံရတယ်လို့ ယုံကြည်ကြတယ်... အခြား ယဉ်ကျေးမှုတွေကျတော့လည်း ဒါဟာ ကံမကောင်းခြင်းရဲ့ ရိုးရှင်းတဲ့ ဖော်ပြချက်လို့ ယုံကြည်ကြပြန်တယ်... လောကကြီးရဲ့ ယေဘုယျ ရေစီးကြောင်းက သူတို့ဘက်မှာ မရှိဘူးလေ... အဖြစ်ဆိုးတွေဆိုတာ အကြောင်းရင်း အမျိုးမျိုးကြောင့် ဖြစ်ပေါ်လာနိုင်ပြီး ငါ့ရဲ့ ကျင့်ကြံခြင်း နဲ့တောင် အဲဒါတွေကို ဖန်တီးပေးတဲ့ လမ်းကြောင်းတွေကို သီသီလေးပဲ မြင်နိုင်တယ်..."

ဝေ့ဝူယင် ၏ ငွေရောင်မျက်လုံးများတွင် ဝိညာဉ်အလင်းတန်းများ တောက်ပစွာ လင်းလက်လာပြီး သူက ပြောလိုက်သည်။

"မှန်တယ်... ကောင်းကင်ရဲ့ ကောင်းချီးပေးတာကို ခံရပြီး မှန်းဆလို့မရနိုင်တဲ့ လမ်းညွှန်မှုတွေနဲ့ ကံကြမ္မာကောင်းတွေကို အချိန်ကိုက် ရရှိနိုင်တဲ့ သူတွေ ရှိတယ်... သူတို့ဟာ ရှင်သန် အသက်ရှူနေရုံနဲ့တင် သူတို့ လူ့အဖွဲ့အစည်းရဲ့ ကျင့်ကြံခြင်း အထွတ်အထိပ်ကို ရောက်ရှိနိုင်ပြီး အဲဒီထက်တောင် ကျော်လွန်သွားနိုင်သေးတယ်... ပြီးတော့ လောကကြီးရဲ့ ရေစီးကြောင်းကို စီးနင်းလိုက်ပါပြီး ကြိုးစားအားထုတ်မှု၊ အခွင့်အလမ်း၊ သတ္တိနဲ့ မမြင်ရတဲ့ အဆက်အသွယ်တွေကနေတစ်ဆင့် ထူးချွန်ထက်မြက်တဲ့ ဖြစ်တည်မှုတွေ ဖြစ်လာတဲ့ သူတွေလည်း ရှိသေးတယ်..."

"ဒါပေမဲ့ ကောင်းကင် တာအို တွေရဲ့ မုန်းတီးမှုကို ခံရတာ မဟုတ်ဘဲ ကောင်းကင်ကနေ အထူးတလည် ငြင်းပယ်ခံရတဲ့ သီးခြား လူစားမျိုးလည်း ရှိသေးတယ်... သူတို့ ဘဝရဲ့ ယေဘုယျ လမ်းကြောင်းဟာ ကောင်းမွန်တာ ရှားတယ်... ပြင်ပအင်အား တစ်ခုသာ မရှိဘူးဆိုရင် သူတို့ဟာ ဆင်းရဲဒုက္ခခံစားရဖို့ ကံကြမ္မာ ဖန်တီးခံထားရပြီး မလွှဲမရှောင်သာ အဖြစ်ဆိုးနဲ့ သေဆုံးရလိမ့်မယ်... တချို့က အဲဒီကံကြမ္မာကို ပြင်းပြင်းထန်ထန် ရုန်းကန်တိုက်ခိုက်ကြပေမဲ့ နောက်ဆုံးအခိုက်အတန့်ကျမှ အရှုံးပေးလိုက်ရတယ်... တချို့ကျတော့လည်း နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်ကြပြီး အောင်ပွဲအရသာကို ခံစားရမယ့် ဆဲဆဲမှာ သူတို့ ပါးစပ်ထဲ အဆိပ်မှုန့်တွေ ပြည့်နှက်သွားတာကို တွေ့လိုက်ရတယ်..."

ပါခက်၏ မျက်မှောင်များက နက်ရှိုင်းစွာ ကွေးညွတ်သွားသည်။ သူမ၏ စိတ်ထဲတွင် ကောင်းကင် တာအို များ နှင့် ကောင်းကင်တို့သည် တူညီသော ကြီးမားသည့် ဖြစ်တည်မှုတစ်ခုပင် ဖြစ်သော်လည်း ခြားနားချက် တစ်ခု ရှိနေကြောင်းကို သူမ နားလည်ထား၏။ ၎င်းကို မည်သို့နှင့် အဘယ်ကြောင့်ဆိုသည်ကိုသာ သူမ မသိခဲ့ခြင်း ဖြစ်သည်။ သူမ၏ ကျင့်ကြံခြင်း က လုံလောက်အောင် မမြင့်မားသေးပေ။ ကျင့်ကြံသူ တိုင်း လျှောက်လှမ်းကြသည့် ကြီးမြတ်သော တာအို သုံးပါး အကြောင်းကို သူမ သိရှိထားသလို အဂ္ဂိရတ် တာအို ကဲ့သို့သော ကွဲပြားသည့် လမ်းကြောင်းများကို ဖန်တီးပေးသည့် အခြား တာအို များ ရှိနေကြောင်းကိုလည်း သူမ နားလည်ထားသည်။ သို့သော် တာအို ဆိုသည်မှာ အဘယ်အရာ ဖြစ်ကြောင်းကိုမူ သူမ အမှန်တကယ် နားမလည်ခဲ့ချေ။

ဝေ့ဝူယင် သည် ဤကွဲပြားချက်များကို နားလည်သဘောပေါက်ရန်အတွက် ကျင့်ကြံခြင်း ၏ ရှုထောင့်ပေါင်းစုံကို စူးစမ်းလေ့လာခဲ့ရပြီး သူ၏ ကျင့်ကြံခြင်း ထက် များစွာ သာလွန်သော နက်နဲသည့် အသေးစိတ် အချက်အလက်များနှင့် ထိတွေ့ခဲ့ရသည်။ ထိုသို့ လုပ်ဆောင်ခဲ့လျှင်ပင်... စစ်တာအို သည် ၎င်း၏ အဓိက ကျင့်ကြံခြင်း အဆင့်အဖြစ် ရည်ရွယ်ချက် ပုံစံဖြင့် တည်ရှိနေကြောင်းကို မကြာသေးမီကမှ သူ အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်၏။ ကြီးမြတ်သော မဟာ တာအို သုံးပါးသည် ၎င်းတို့၏ ကျယ်ပြန့်သော ပဲ့တင်ထပ်မှုနှင့် အခြား တာအို များအားလုံး ပါဝင်နေခြင်းတို့ကြောင့် ကွဲပြားခြားနားနေခြင်း ဖြစ်ပေသည်။

***

All Chapters