အခန်း (၂၅၈၇-၂၅၈၈)
Vol. 185 Ch. 2587-2588
အပိုင်း(၂၅၈၇)
ပါခက် သည် နားလည်နိုင်ရန် အစွမ်းကုန် ကြိုးစားခဲ့သော်လည်း ဤနက်နဲလှသော သဘောတရားများစွာက သူမကို ရှောင်ဖယ်နေခဲ့သည်။ သူမသည် အစစ်အမှန် ဝိညာဉ် ကို နိုးထစေခဲ့ပြီး ဝိညာဉ်အမြင် ကို ရရှိထားသည့်တိုင်အောင်၊ သတ္တု ကောင်းကင်နယ်မြေ အပေါ်တွင် အာဏာရှိနေလင့်ကစား၊ ဤကွဲပြားခြားနားမှုများကို အပြည့်အဝ နားလည်နိုင်စွမ်း မရှိခဲ့ချေ။ သို့သော် ကျင့်ကြံခြင်း ၏ ရုန်းကန်ရမှုများကိုမူ သူမ အပြည့်အဝ နားလည်ထားပေသည်။ အဘယ်ကြောင့်ဆိုသော် ကျင့်ကြံခြင်း သည် ခက်ခဲလှသောကြောင့် ဖြစ်၏။
ဝေ့ဝူယင်က ဆက်ပြောလိုက်သည်။
"ဒီလူစားမျိုးက သူတို့ဘာသာ ဘာမှ မလုပ်ရင်တောင် တည်ရှိနေရုံလေးနဲ့တင် ကောင်းကင်နဲ့ မြေကြီးရဲ့ ကပ်ဘေးတွေကို ရင်ဆိုင်ရလေ့ ရှိတယ်... သူတို့မှာ ကောင်းကင်က အသိအမှတ်ပြုထားတဲ့ တရားဝင် အခေါ်အဝေါ် တစ်ခု ရှိနိုင်တယ်ဆိုတာကို ငါ မကြာသေးခင်ကမှ သိလိုက်ရတယ်..."
"တရားဝင် အခေါ်အဝေါ်..."
ပါခက် သည် အလွန်အမင်း အံ့သြသွားခဲ့သည်။
"ခေါင်းစဉ် တစ်ခုလို့ ပြောရင်လည်း ရတယ်..."
လျှို့ဝှက်ဆန်းကြယ်သော မိန်းကလေး အကြောင်း စုမေ့ ပြောပြခဲ့သည့် စကားများကို ဝေ့ဝူယင် ပြန်လည် စဉ်းစားမိသွားသည်။
တာအိုရှာဖွေသူ နှင့် ကောင်းကင်ငယ် မူလ အညှောက်...
သူ့ အာရုံထဲသို့ လူနှစ်ယောက်၏ ပုံရိပ်များက ဝင်ရောက်လာခဲ့သည်။
ယောင်ဟုန်ရီ နှင့် ရွှေဖုန်းပေါင်တို့ပင်...။
ရွှေဖုန်းပေါင်သည် ကောင်းကင်ငယ် မူလ အညှောက် တစ်ခု ဖြစ်ကြောင်းကို သူ သေချာပေါက် သိရှိထားသည်။ မီးကောင်းကင်နယ်မြေ(တာအို)က သူ့ကို ချစ်မြတ်နိုးသည်။ သူသည် ထင်ရှားသော ရွေးချယ်ခံ တစ်ဦး ဖြစ်ကာ သူ၏ ဘဝမှာလည်း တော်တော်လေး အဖြစ်ဆိုးများနှင့် ပြည့်နှက်နေခဲ့၏။ တစ်ချိန်တည်းမှာပင် ယောင်ဟုန်ရီ သည် လေး ရည်ရွယ်ချက် နှင့် ပင်ကိုယ်သဘာဝအရ ချိတ်ဆက်နေခဲ့ပေသည်။
(အစပိုင်းတွင် ဝေ့ဝူယင်သည် ဤသို့ တွေးမည်မဟုတ်သော်လည်း) အဆုံးအဖြတ်ပေးသူကို ဆန့်ကျင်ကာ စုရီ က သူ၏ ဟင်းလင်းပြင် ဓား ရည်ရွယ်ချက် ကို ထုတ်ဖော်ခဲ့သည်ကို မြင်တွေ့ပြီးနောက် ယောင်ဟုန်ရီ... ထိုလေးသည်တော်သည်...
အကယ်၍ အပြင်ဘက်တွင် တာအိုရှာဖွေသူ များသာ ရှိနေခဲ့ပါက ဤလူသည်လည်း တစ်ဦးအပါအဝင် ဖြစ်မည်မှာ သေချာလှသည်ဟု ဝေ့ဝူယင် ခံစားမိလိုက်သည်။
အကယ်၍ နောက်ထပ် တစ်ယောက်သာ ရှိနေခဲ့မည်ဆိုလျှင်ကော။ အမွေခံအပြစ်သား တစ်ယောက်ဟူသော သူ၏ အဖြစ်တည်ရှိမှုက ဤကဲ့သို့သော ဖြစ်တည်မှုများထံသို့ သူ့ကို မသိစိတ်မှတစ်ဆင့် ဆွဲဆောင်နေခဲ့ခြင်းသာ ဖြစ်နေမည်ဆိုလျှင်ကော။
၎င်းတို့ကို သူ့ ထံသို့ ဆွဲဆောင်နေသော အခြားတစ်စုံတစ်ရာ ရှိနေခဲ့မည် ဆိုလျှင်ကော။
ထူးခြားအံ့သြဖွယ်ကောင်းသော ဖြစ်တည်မှုတစ်ခု ဖြစ်သည့် စုမေ့ နှင့် သူ၏ ပတ်သက်မှုကြောင့် ဖြစ်စေ၊ မက်ဂီ တစ်ဦးဟူသော သူ၏ ဖြစ်တည်မှု အဆင့်အတန်းကြောင့် ဖြစ်စေ၊ ဤမယုံကြည်နိုင်လောက်သော ဖြစ်တည်မှုများဆီသို့ သူ့ကို ဆွဲဆောင်နေသည့် တစ်စုံတစ်ရာကတော့ အသေအချာ ရှိနေခဲ့ပေသည်။
ရုတ်တရက်... ဝေ့ဝူယင်က ကောက်ခါငင်ကာ ပြောလိုက်၏။
"ငါသာ သေသွားခဲ့မယ် ဆိုရင်ကော..."
"ဘာရယ်..."
ပါခက်သည် မှင်တက်သွားခဲ့ပြီး အတွေးများနှင့် အမှန်တရားများ ပြည့်နှက်နေသည့် ဝေ့ဝူယင် ၏ ဟိုသည် ဝေ့ဝဲနေသော မျက်လုံးများကို စိုက်ကြည့်နေခဲ့သည်။ စိတ်ကူးကြည့်၍ပင် မရနိုင်လောက်အောင် ရှုပ်ထွေးနက်နဲလှသော အရာတစ်ခုကို သူမ မြင်တွေ့လိုက်ရ၏။ ၎င်းမှာ မြင်တွေ့ခဲ့ရသော်လည်း ဖြတ်သန်းနေထိုင်ခဲ့ရခြင်း မရှိသော အတိတ်ကာလ တစ်ခုပင် ဖြစ်ပေသည်။
ဝေ့ဝူယင်၏ မျက်လုံးများက တဖျပ်ဖျပ် လက်သွားခဲ့ပြီး သူက ပြန်ဖြေလိုက်သည်။
"ဘာမှမဟုတ်ပါဘူး... ငါက အဓိပ္ပာယ်မရှိတာတွေကို လျှောက်တွေးနေမိတာပါ... ငါတို့ ဘယ်အချိန်ကို ရောက်နေလဲဆိုတာ ငါ သိသွားပြီ... ဘယ်နေရာကို ရောက်နေလဲ ဆိုတာနဲ့ ပတ်သက်ရင်တော့ အဲဒါက စိတ်ဝင်စားစရာကောင်းတဲ့ အဖြေတစ်ခုပဲ..."
ထိုသို့ပြောရင်း သူက လက်ဝါးဖြန့်ကာ လက်ကမ်းပေးလိုက်၏။ ပါခက် က သူ၏ လက်ကို ကိုင်ရန် လုံးဝ တုံ့ဆိုင်းမနေခဲ့ပေ။ ကောင်းကင်ပြင်ရှိ အနူးညံ့ဆုံးနှင့် အတောက်ပဆုံး ကြယ်တစ်ပွင့်ထံမှ မြစ်ဖျားခံလာသည့်အလား နွေးထွေးမှုကို သူမ ခံစားလိုက်ရသည်။
ဝေ့ဝူယင်သည် ဟင်းလင်းပြင် တံခါးပေါက် ကို ဖန်တီးလိုက်ခြင်း မရှိချေ။ ယင်းအစား သူတို့နှစ်ဦးသည် သရဲတစ္ဆေများကဲ့သို့ ထိတွေ့၍မရနိုင်သော စိတ်ကူးယဉ် အသွင်သို့ ပြောင်းလဲသွားကြပြီး နဂါးများ၏ မိုးခြိမ်းသံကဲ့သို့ နူးညံ့သော ဟိန်းဟောက်သံများဖြင့် ခပ်ဖျော့ဖျော့ လွှမ်းခြုံထားခြင်းကို ခံလိုက်ရသည်။
သူတို့ ပျံသန်းသွားကြ၏။ အပျက်အစီး စွမ်းအင်များ ဖြစ်စေ... ပတ်ဝန်းကျင်ရှိ စွမ်းအင်များ ဖြစ်စေ... အဝေးရှိ ကြယ်များဆီမှ ထွက်ပေါ်လာသည့် မှေးမှိန်သော အလင်းတန်းများပင်ဖြစ်စေကာမူ... ဟင်းလင်းပြင်၊ ကောင်းကင်ကြီး တို့နှင့် ယှဉ်တွဲတည်ရှိနေသော သူတို့၏ ခန္ဓာကိုယ်များအပေါ်သို့ မည်သည့်အရာကမျှ ထိတွေ့နိုင်ခြင်း မရှိခဲ့ပေ။ သူတို့သည် ခွဲခြား၍ မရနိုင်သော ဖြစ်တည်မှုများအဖြစ် သူတို့ကိုယ်သူတို့ နှစ်မြှုပ်ထားလိုက်ကြသည်။
ထိုသို့ ပြောင်းလဲသွားမှုနှင့်အတူ ဆန့်ကျင်ဘက် စွမ်းအင်များ ထွက်ပေါ်လာမှုသည် အနည်းဆုံး ပမာဏအထိ လျော့ကျသွားခဲ့၏။
သူမ၏ အရေပြားနှင့် ခန္ဓာကိုယ်သည် စိတ်ကူးယဉ် အကြေးခွံများဖြင့် လွှမ်းခြုံခံလိုက်ရသောကြောင့် ပါခက် သည် အံ့အားသင့်သွားခဲ့သည်။ သူမ၏ ပတ်ဝန်းကျင်တွင် နက္ခတ်တာရာ စွမ်းအားများ လှည့်ပတ်နေပြီး စကြာဝဠာ ကိစ္စရပ်များ၏ သဘာဝ အစီအစဉ်များနှင့် ပေါင်းစပ်သွားသည်ကို သူမ ခံစားနိုင်ခဲ့၏။ ၎င်းသည် အံ့ဩဖွယ်ကောင်းလှပေသည်။ ဟင်းလင်းပြင် တစ်ခုလုံးက အပြင်ဘက် အခွံတစ်ခုအဖြစ် ကာကွယ်ပေးနေသကဲ့သို့ပင် ဖြစ်၏။
အဆုံးမဲ့ ဟင်းလင်းပြင် အကြေးခွံများပင်။
ပျံသန်းမှု မိုင်အနည်းငယ်အတွင်း ကိုယ်ခန္ဓာကို ပြန်လည် ချိန်ညှိလိုက်ပြီးနောက် ဝေ့ဝူယင် သည် သူ၏ အဆုံးမဲ့ ဟင်းလင်းပြင် အတောင်ပံများ ကို ချက်ချင်းပင် ထုတ်ဖော်လိုက်သည်။ ထိုအတောင်ပံများသည် မှန်းဆ၍မရနိုင်လောက်အောင် ရှည်လျားသော အကွာအဝေး၊ တစ်နည်းအားဖြင့် အဆုံးမရှိသော အကွာအဝေး အထိ ဖြန့်ကျက်သွားပြီး ပါခက် ကို တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်၏။ သူမက သူ၏ ရင်ခွင်ထဲသို့ ထပ်မံ ဝင်ရောက်ရန် လက်ခံလိုက်သည်။ ထို့နောက် အတောင်ပံများက အကြီးမားဆုံး အတိုင်းအတာအထိ ဖြန့်ကားသွားပြီး အမှောင် ဟင်းလင်းပြင် ကို ဖြတ်သန်းကာ တဖျပ်ဖျပ် ခတ်သွားခဲ့သည်။
ဝှစ်...
သူတို့နှစ်ဦးသည် အမှောင် ဟင်းလင်းပြင် ကို ဖြတ်သန်းလျက် အချိန်ကာလကို ချောမွေ့စွာ စီးနင်းကာ၊ အာကာသ ကို ဖြတ်သန်း ကခုန်ပြီး၊ ဖန်တီးခြင်း တစ်ခုလုံးကို ဖြတ်သန်းပျံသန်းနေသည့်အလား ဖော်ပြ၍ မရနိုင်လောက်အောင် လျင်မြန်သော အမြန်နှုန်းများဖြင့် တောက်ပစွာ ဖြတ်သန်းသွားကြ၏။
ပါခက်သည် သူမ၏ အသိအာရုံကို နိုးကြားစွာ ထားရှိခဲ့သည်။ သူတို့၏ အမြန်နှုန်း ကြောင့် ရှုခင်းများက လျင်မြန်စွာ ပျောက်ကွယ်သွားသည်ကို သူမ မြင်တွေ့နေရ၏။ အချိန်ရေစီးကြောင်းများက အတောင်ပံများ၏ လှုပ်ရှားမှုကို ကူညီပေးနေသည်ကို သူမ မြင်တွေ့နိုင်သဖြင့် အရာရာတိုင်းက မြန်လည်း မြန်သလို နှေးလည်း နှေးကွေးနေသကဲ့သို့ ခံစားရပြီး၊ အေးခဲနေသကဲ့သို့ ဖြစ်သလို ထိတွေ့၍မရနိုင်ဘဲ မရှိတော့သကဲ့သို့လည်း ခံစားနေရပေသည်။
သူမက စိတ်ဝင်စားဖွယ်ကောင်းသော အရာများကို မြင်တွေ့ခဲ့ရသည်။ ၎င်းတို့ထဲတွင် အမှောင် ဟင်းလင်းပြင် များတစ်လျှောက် ပျံသန်းနေသော ဟင်းလင်းပြင် သင်္ဘော များအပြင် အသည်းအသန် တိုက်ခိုက်နေကြသော ကျင့်ကြံသူ များလည်း ပါဝင်ပေသည်။ သူမသည် ဂလက်ဆီ များ၊ ကြယ်ကွင်းပြင် များ၊ ကြယ်စုတန်းများနှင့် ထူးဆန်းသော နယ်မြေများထဲမှ ထွက်ခွာသွားသည်ကို သူမ ခံစားရ၏။ ထိုအရာများ တစ်ခုမှ သူတို့အပေါ် သက်ရောက်မှု ရှိပုံမရချေ။
သူတို့သည် အချိန်ကာလ၏ ပြင်ပတွင် ရောက်ရှိနေကြခြင်း ဖြစ်သည်။
ပါခက် တွင် မေးခွန်းပေါင်းများစွာ ရှိနေသော်လည်း သူမ မြင်တွေ့ရသော အရာများကြောင့် အလွန်အမင်း အံ့သြမှင်တက်နေပြီး ဝေ့ဝူယင် ကို ပိုမို တင်းကျပ်စွာ ဖက်တွယ်ထားရင်း အားလုံးကို ထိန်းချုပ်ထားလိုက်၏။
ပါခက် က မြင်ကွင်းကို နှစ်သက်သဘောကျနေချိန်တွင် ဝေ့ဝူယင် ၏ လုပ်ရပ်များမှာ လုံးဝ မလွယ်ကူလှပေ။ သူ၏ တည်ရှိမှု မူဘောင် အပေါ်တွင် သတင်းရင်းမြစ် အများအပြားထံမှ အလွန်အကျွံ ဖိအားများကို သူ ခံစားနေရသည်။ ခန့်မှန်း၍မရနိုင်သော ဖြစ်တည်မှုများက သူ့အား စောင့်ကြည့်နေသည်ကို သူ အာရုံခံမိပြီး ၎င်းတို့၏ အာရုံစိုက်မှုမှ သူ မလွတ်မြောက်နိုင်ခဲ့ချေ။
ထိုအထဲတွင် အချိန်မြစ် လည်း ပါဝင်နေ၏။ ၎င်းသည် အချိန်၏ စီးဆင်းမှုတိုင်းတွင် အထက်၊ အောက် နှင့် ပတ်ဝန်းကျင်၌ လှည့်ပတ်နေသဖြင့် ၎င်း၏ အကြည့်မှ လွတ်မြောက်ရန်မှာ မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။ တစ်ခုတည်းသော မေးခွန်းမှာ အချိန်၏ စီးဆင်းမှုကို ထိန်းသိမ်းခြင်းနှင့် တိုက်ဆိုင်နေသော ၎င်း၏ အနည်းငယ်သော ဝင်ရောက်စွက်ဖက်မှုကို သူ ဆွဲဆောင်မိခဲ့သလား ဆိုသည်ပင် ဖြစ်သည်။ ၎င်းသည် လွန်ခဲ့သောနှစ်များစွာက သူ၏ ချိုးဖောက်မှု အဆင့်အထိ မရှိသော်လည်း ဝိရောဓိ အမှားပြင်ဆင်ခြင်း ထက်တော့ သေချာပေါက် ပိုမို မြင့်မားနေခဲ့၏။
တစ်ချိန်တည်းမှာပင် သူ၏ ကောင်းကင်ဘုံနတ်မျက်လုံး က ဖော်ပြ၍ မရနိုင်လောက်အောင် မထင်ရှားသော သတ္တဝါများ သူ၏ အနီးတွင် ရစ်ဝဲနေသည်ကို အာရုံခံမိနိုင်သည်။ ၎င်းတို့က မည်သည့် လုပ်ဆောင်မှုမျှ မလုပ်ဘဲ စောင့်ကြည့်နေပြီး တစ်ခုခုကို ဆာလောင်နေသကဲ့သို့ ရှိ၏။ ၎င်းသည် သူ၏ စုပုံလာသော ဝိရောဓိ စွမ်းအင်များ ဖြစ်နိုင်သလို အခြားသော အရာတစ်ခုခုလည်း ဖြစ်နိုင်ပေသည်။ သူ လုံးဝ မသေချာခဲ့ပေ။
အတိတ်သို့ ခရီးသွားခြင်းသည် အန္တရာယ်များဖြင့် ပြည့်နှက်နေကြောင်းကို ကျင့်ကြံသူ မရေမတွက်နိုင်အောင် သိရှိထားကြသည်။ ဝေ့ဝူယင်သည် သူ၏ ခြေရာများကို အနည်းဆုံး အတိုင်းအတာအထိ လျှော့ချထားသော်လည်း သူ၏ ခြေရာများ တည်ရှိနေခြင်းကပင် ဤကြောက်မက်ဖွယ်ကောင်းသော ကြိုးပမ်းမှုတွင် သူ၏ ကျွမ်းကျင်မှုနှင့် အတွေ့အကြုံ ကင်းမဲ့မှုကို ပြသနေသည့် လက္ခဏာ တစ်ရပ်ပင် ဖြစ်ပေသည်။
ကံကောင်းထောက်မစွာဖြင့် သူ၏ လက်ရှိ အခြေအနေသည် အလွန်အမင်း ဖုံးကွယ်ထားခြင်း ခံရ၏။ အချိန်၊ အာကာသ ၊ ထိန်းချုပ်မှုအပေါ် အာရုံစိုက်ထားသော ဥပဒေသ ၊ သို့မဟုတ် ဟင်းလင်းပြင် သွေးမျိုးဆက် ၏ အဓိက အာဏာ မရှိပါက သူ၏ လှုပ်ရှားမှုများကို အာရုံခံနိုင်ရန်မှာ မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။
နောက်ဆုံးတွင် သူသည် ကြယ်တစ်ပွင့် ဂလက်ဆီ သို့ ရောက်ရှိသွားခဲ့သည်။
‘ကျွန်မတို့ ခရီးသွားနေတာ ဘယ်လောက်တောင် ကြာသွားပြီလဲ...'
ပါခက်သည် အချိန်ကို မှန်ကန်စွာ တွက်ချက်နိုင်ခြင်း မရှိခဲ့ပေ။ သူတို့သည် အလွန် ရှည်လျားသည်ဟု ခံစားရသလို တစ်ခဏလေးမျှသာဟု ခံစားရသည့် အချိန်ကာလ တစ်ခုအတွင်း အလွန် ဝေးကွာပြီး တိုတောင်းလှသော ခရီးတစ်ခုကို ဖြတ်သန်းခဲ့ကြခြင်း ဖြစ်၏။ ထိုခံစားချက်က အလွန်တရာ ရှုပ်ထွေးလှပေသည်။
***
အပိုင်း(၂၅၈၈)
ဝေ့ဝူယင်တို့သည် ဂလက်ဆီ ကို လွှမ်းခြုံထားသော အတုအယောင် တန်ခိုးရှင် ကောင်းကင် အရင်းအမြစ် အစီအရင် ၏ အနီးတွင် ရပ်တန့်သွားကြသည်။ လွန်ခဲ့သည့် လပိုင်းအတွင်း၌ အထွတ်အထိပ် သူတော်စင်များက အဘယ်ကြောင့် သူ့ကိုရော၊ သူ့ဂုဏ်သတင်းကိုပါ တိုက်ခိုက်ခဲ့ကြကြောင်း ဝေ့ဝူယင် သိရှိထားပြီး ဖြစ်သည်။ ဤအရာအားလုံးက ဤချိတ်ပိတ် အစီအရင် ကြောင့်ပင် ဖြစ်သည်။
ကြယ်တစ်လုံး ဂလက်ဆီ၏ အတုအယောင် တန်ခိုးရှင် ကောင်းကင် အရင်းအမြစ် အစီအရင်သည် စုဆောင်းရန် အလွန် ခက်ခဲသော သတင်းအချက်အလက် တစ်ခု မဟုတ်ချေ။ ဂလက်ဆီ သုံးဆယ့်သုံးခု၏ အခြေအနေများကို ရင်းနှီးကျွမ်းဝင်သော ကျင့်ကြံသူတိုင်း ၎င်းကို သတိပြုမိကြသည်။
ဝေ့ဝူယင်သည် အစီအရင်ကို ခဏသာ လေ့လာကြည့်လိုက်၏။ မည်သည့် လှည့်ကွက်များကိုမျှ အသုံးပြုဖို့ မကြိုးစားခဲ့ချေ။ ၎င်းကို အနည်းငယ်မျှသာ အာရုံခံလိုက်ပြီး မည်သည့် တားဆီးမှုမျှမရှိဘဲ ဝင်ရောက်သွားခဲ့သည်။ ပါခက်ပင်လျှင် ပြဿနာတစ်စုံတစ်ရာမရှိဘဲ ဝင်ခွင့်ရခဲ့လေသည်။
ဝေ့ဝူယင်သည် အချိန်ဆွဲခြင်း သို့မဟုတ် အချည်းနှီး အချိန်ဖြုန်းခြင်းမျိုး မပြုလုပ်ခဲ့ပေ။ ကုန်ဆုံးသွားသော စက္ကန့်တိုင်းသည် ဝိရောဓိ စွမ်းအင် စုဆောင်းမှုကို သိသိသာသာ မြင့်တက်လာစေသည်။ အကန့်အသတ် တစ်ခုသို့ ရောက်ရှိသွားပါက သူ၏ အစစ်အမှန်နဂါး ခန္ဓာကိုယ်နှင့် အဆုံးမဲ့ ဟင်းလင်းပြင် အကြေးခွံများကပင် ထိုအရာကို ဖြေရှင်းနိုင်စွမ်း ရှိတော့မည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် ငါးတစ်ကောင်ပင်လျှင် ၎င်းတို့ နေထိုင်သောရေက အရမ်းပျစ်ခဲလာပါက ကူးခတ်ရန် အခက်အခဲ ရှိလာမည်သာ ဖြစ်လေသည်။
ထိုသို့သာ ဖြစ်လာပါက မူလအချိန်သို့ ပြန်သွားသည့်အခါ ဝိရောဓိ အမှားပြင်ဆင်မှုဆီသို့ ဦးတည်သွားစေမည် ဖြစ်၏။
အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံကို ရှာဖွေတွေ့ရှိပြီးနောက် ဟင်းလင်းပြင် နဂါး အိပ်မောကျနေကြောင်းကို ဝေ့ဝူယင် အာရုံခံနိုင်ခဲ့သည်။ ဝင်ရောက်ရန် မည်သည့်အခက်အခဲမျှ မရှိခဲ့ချေ။ သူတို့ ဝင်ရောက်သွားသည်နှင့် အဆုံးမဲ့ ဟင်းလင်းပြင် နယ်ပယ်ဟုလည်း လူသိများသော ခေါက်ချိုးများကြားရှိ ကမ္ဘာ ပေါ်လာခဲ့သည်။ မြို့ကြီးသုံးမြို့သည် လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေပြီး အတားအဆီးမရှိ ထွန်းကားလျက် ရှိလေသည်။
ရဲ့ကျိလင် အကြောင်း တွေးမိလိုက်သောအခါ ဝေ့ဝူယင်၏ အကြည့်များက နူးညံ့သွားခဲ့သည်။
သူတို့သည် အချိန်ကြာကြာ မနေခဲ့ဘဲ သူက အိမ်ဟုခေါ်သော လှောင်ချိုင့်တစ်ခုဖြစ်သည့် ရှေးဟောင်း ချိတ်ပိတ် နယ်မြေများထဲသို့ ဝင်ရောက်ခဲ့ကြသည်။ အခြားသူများအတွက်မူ ထိုနေရာသည် ပိုမိုကြီးမားသော ကစားပွဲကြီးတစ်ခု၏ ကစားပွဲငယ် စင်မြင့်တစ်ခု ဖြစ်နိုင်လေသည်။ ကစားသမားများကို ခွဲခြားသိမြင်နိုင်ရန် ခက်ခဲလှပြီး နောက်ဆုံး ရည်မှန်းချက်ပန်းတိုင်ကို သူ မသိရှိသေးပေ။
ရှေးဟောင်း ချိတ်ပိတ် နယ်မြေများသို့ ရောက်ရှိလာသောအခါ မိမိကိုယ်ကိုယ် စောင့်ကြည့်လိုသည့် ဆန္ဒကို ဝေ့ဝူယင် ထိန်းချုပ်လိုက်သည်။ သို့ရာတွင် သူ မလွှဲမရှောင်သာ မြင်တွေ့ခဲ့ရသည့် အရာအချို့ ရှိနေခဲ့၏။ ဥပမာအားဖြင့် ဧရာမ ထန်ဂူကြီးကို မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။ ၎င်းသည် အတုအယေင် ကြယ်တာရာများ၏ မြှူစွယ်မှု ကြားတွင် လှည့်လည် သွားလာနေခဲ့သည်။ ဤသည်မှာ ထန်ဂူ ကမောက်ကမ မဖြစ်စေရန် မဟာစက်ဝန်း ကြယ်ကွင်းပြင်မှ သူများ တီထွင်ထားသော နည်းဗျူဟာ ဖြစ်လေသည်။
ပစ္စုပ္ပန်တွင်မူ ထိုသတ္တဝါကြီးသည် သုံးလွှာ ကြယ်တာရာ နယ်မြေ၏ တစ်နေရာတွင် အိပ်မောကျ နေခဲ့ပြီ ဖြစ်သည်။
"ငါတို့ တတ်နိုင်သမျှ အနှောင့်အယှက် အနည်းဆုံး ဖြစ်အောင် နေရမယ်... ငါ ထိတွေ့ခဲ့တဲ့ ဒါမှမဟုတ် ထိတွေ့ရမယ့် ဘယ်အရာနဲ့မှ ငါ သွားပြီး ထိတွေ့လို့ မရဘူး..."
ဝေ့ဝူယင်က နောက်ဆုံးတွင် စကားစပြောလိုက်သည်။ ပါခက်၏ အာရုံများမှာ ချက်ချင်း စုစည်းသွားပြီး သတိအနေအထားဖြင့် အသင့်ဖြစ်သွားခဲ့၏။
သူမသည် ဝေ့ဝူယင် သူမကို ခေါ်ဆောင်လာရသည့် ရည်ရွယ်ချက်ကို နည်းနည်းဖြစ်ဖြစ်၊ များများဖြစ်ဖြစ် နားလည်ထားပြီး ဖြစ်လေသည်။
မည်သို့ပင်ဆိုစေကာမူ သူမသည် နေရာတိုင်းတွင် ရှိနေသော သတ္တု ကောင်းကင်နယ်ပယ်၌ သူမ၏ တည်ရှိမှုကို ကျောက်ဆူးချထားနိုင်လေသည်။
ထို့နောက်တွင်တော့ သူတို့သည် လောကကိုပင် ဖီဆန်နိုင်သည့် အချိန် ခိုးယူမှုကြီး တစ်ခုကို လုပ်ဆောင်ခဲ့ကြလေတော့သည်။
...
သေဆုံးခြင်း...
ကျင့်ကြံခြင်း လောကတွင် သေဆုံးခြင်းသည် ထာဝရလည်းဖြစ်သလို ယာယီလည်း ဖြစ်နိုင်၏။ ခြားနားချက်မှာ ကျင့်ကြံခြင်း အခြေခံ၏ ရိုးရှင်းသော ကိစ္စရပ်တစ်ခုသာ ဖြစ်လေသည်။
သာမန် သေမျိုးတစ်ဦးသည် မည်သည့်အရာကိုမျှ မပြောင်းလဲနိုင်ဘဲ ဝမ်းနည်းပူဆွေးမှု၊ လက်ခံမှုတို့ဖြင့်သာ သေဆုံးခြင်းကို ရင်ဆိုင်ရနိုင်သည်။ လူတစ်ယောက်သည် ကျင့်ကြံလာသည်နှင့်အမျှ ထာဝရ သေဆုံးခြင်း၏ ပန်းတိုင်သည် ပိုမိုဝေးကွာသွားလေ့ရှိပြီး စွန့်စားရမှုနှင့် ပေးဆပ်ရမှု အတိုင်းအတာအပေါ် မကြာခဏ မူတည်နေတတ်လေသည်။
မှုန်ဝါးဝါး မြူခိုးများက အာရုဏ်ဦး မိုးကုပ်စက်ဝိုင်း မျှော်စင်ကို ဖုံးလွှမ်းထားလေသည်။ ထိုမြူခိုးများသည် တိတ်ဆိတ်စွာ လှုပ်ရှားနေ၏။ စပ်စုချင်သော မျက်လုံးများဖြင့် ကြည့်ရှုလျှင်ပင် မည်သည့်အမှန်တရားကိုမျှ သိမြင်နိုင်မည် မဟုတ်ချေ။ မူလအာရုဏ်ဦး နန်းတော်၏ ပုံစံအတိုင်း တည်ဆောက်ထားသော ခမ်းနားလှသည့် အဆောက်အအုံကြီးထဲ၌ ကမ္ဘာဦးနတ်ဘုရားမတစ်ပါးနှင့် တူသော အမျိုးသမီးတစ်ဦးသည် အလွန်နှစ်ခြိုက်သော အိပ်စက်ခြင်းမှ တဖြည်းဖြည်း နိုးထလာခဲ့သည်။ ဤကဲ့သို့ လုံခြုံနွေးထွေးမှုအပြည့်ဖြင့် အိပ်စက်ရခြင်းမျိုးကို ပါခက် သေမျိုးဘဝကတည်းက တစ်ကြိမ်တစ်ခါမျှ မကြုံဖူးခဲ့ပေ။
ထိုမိန်းကလေး၏ အနားတွင် သတိလစ်နေသော အခြား မိန်းကလေးတစ်ဦး ရှိနေလေသည်။ ထိုမိန်းကလေးကို အချိန်ရေစီးကြောင်းထဲမှ ဆွဲထုတ်လာခဲ့ခြင်း ဖြစ်သည်။
ပါခက်သည် ကြီးမားလှသော အချိန်ခိုးယူမှုကြီးကို အာရုံစိုက်လုပ်ဆောင်ထားပြီး ထိုမိန်းကလေးသည် သတ္တု ဥပဒေသ၏ အဓိက အာဏာ မူလအစတွင် အပြည့်အဝ နစ်မြုပ်နေလေသည်။
လက်ရှိ၌ ထိုမိန်းကလေးသည် ဖြစ်စဉ် တစ်ခုကို ကျော်ဖြတ်နေရခြင်း ဖြစ်သည်။ ၎င်းက ကမ္ဘာလောက၏ အတွင်းပိုင်းလုပ်ဆောင်ချက်များတွင် သွယ်ဝိုက်သောနည်းဖြင့် ပေါင်းစပ်ထားသော ကောင်းကင် ဥပဒေသနယ်ပယ်၏ အာဏာစက် အငွေ့အသက် အပိုင်းအစလေးတစ်ခုသာ ဖြစ်လေသည်။ သူမကို အပြည့်အဝ စာရင်းသွင်းပြီးသည့်နောက်တွင် လုပ်ဆောင်ရန် ကျန်ရှိနေသည့် တစ်ခုတည်းသော အလုပ်မှာ အကြောင်းအကျိုးဆက်စပ်မှုကို ပုံဖျက်ရန် ဖြစ်၏။ ထို့နောက် လောကကြီးက သူမကို လက်မခံမီ သူမ၏ ဝိညာဉ်ပေါ်တွင် လူဝင်စားခြင်း မှတ်တမ်းကို ရိုက်နှိပ်ရမည် ဖြစ်သည်။
လောကကြီးကိုယ်တိုင်က လက်ခံလာစေရန်ပင်။
လုပ်ငန်းစဉ် တစ်ခုလုံးကို အဆင့်လိုက်၊ တာအိုတစ်ခုချင်းစီအလိုက် စနစ်တကျ လုပ်ဆောင်ခဲ့သည်။ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် အချိန်မြစ်၏ ဆန့်ကျင်ဘက် အမှားပြင်ဆင်မှုကို ရှောင်လွှဲနိုင်ခဲ့ကြသော်လည်း ကောင်းကင်တာအိုများ၏ အနန္တစောင့်ကြည့်နေသော မျက်လုံးများကို ရှောင်လွှဲနိုင်သူမှာ အနည်းငယ်မျှသာ ရှိလေသည်။ ထိုအစွမ်းထက်လှသော လက်တစ်ဆုပ်စာ လူများအတွက်မူ ကောင်းကင်တာအိုများ၏ ဆန္ဒနှင့် အပြစ်ပေးမှုများသည် ကလေးငယ်တစ်ဦး၏ စူးရှသော ငိုသံလိုသာ သက်ရောက်မှုရှိပြီး စိတ်အနှောင့်အယှက်ဖြစ်စရာသာ ကောင်းလှသည်။
အချိန်မြစ်၏ အာဏာကို မည်သို့မျှ ချိုးဖောက်ခြင်းမရှိဘဲ ကောင်းကင်၏ စာရင်းသွင်းခြင်းကို ခံရကာ အချိန်ထဲမှ ဆွဲထုတ်ခြင်းခံလိုက်ရသော ထိုမိန်းကလေးသည် အသက် အသစ်ကို ရရှိခဲ့ပြီ ဖြစ်သည်။ ယခုအခါ သူမ ကျော်လွှားရန် အတားအဆီး တစ်ခုတည်းသာ ကျန်ရှိတော့သည်။
ထွက်ခွာသွားသော ဝိညာဉ်တစ်ခုသည် လောကကြီးထဲသို့ ပြန်လည်ဝင်ရောက်ခွင့် မရမီ သံသရာ လုပ်ငန်းစဉ်ကို မဖြစ်မနေ ဖြတ်သန်းရမည် ဖြစ်၏။ ဤသည်မှာ ပြောင်းလဲ၍မရသော စည်းမျဉ်းတစ်ခု ဖြစ်သည်။ ထိုစည်းမျဉ်းကို ချိုးဖောက်သူတိုင်းသည် အပြစ်သားများ ဖြစ်ကြပြီး ပြစ်မှုကျူးလွန်ကြောင်း တွေ့ရှိရသော မည်သည့်ဝိညာဉ်မဆို ကြေကွဲဖွယ် ကံကြမ္မာကို ရင်ဆိုင်ရမည် ဖြစ်သည်။
ဝေ့ဝူယင်သည် ဤစမ်းသပ်ခိုးယူမှုကို ပြောင်မြောက်စွာ လုပ်ဆောင်နိုင်ခဲ့သည်။ သူသည် အချိန်နှင့် ဟင်းလင်းပြင်အပေါ် နက်ရှိုင်းသော နားလည်သဘောပေါက်မှုကို အသုံးပြု၍ အချိန်မြစ်၏ ဒေါသနှင့် နှောင့်ယှက်မှုများကို အဆင့်တိုင်းတွင် လှပစွာ ရှောင်ရှားနိုင်ခဲ့၏။ ထိုခိုးယူမှုကိစ္စရပ်များနှင့် သူကိုယ်တိုင် ကင်းကွာနေအောင် နေထိုင်ခဲ့ပြီး ငိုကြွေး မြေမြှုပ်နိုင်ရန်အတွက် ထိုမိန်းကလေး၏ နေရာတွင် အသက်မရှိသော ရုပ်အလောင်းအတုတစ်ခုကို အစားထိုး အသုံးပြုခဲ့သည်။ ထို့ပြင် ပဲ့တင်ထပ် ဝိညာဉ် အဆင့်အောက်တွင် ရှိနေသော်လည်း ဥပဒေသ၏ အဓိက အာဏာ မူလအစကို ပိုင်ဆိုင်ထားသော ပါခက်ကိုပါ အသုံးပြုခဲ့လေသည်။ ပိုလျှံနေသော ဆန့်ကျင်ဘက် စွမ်းအင်များအားလုံးကို ဝါးမြိုပစ်ရင်း သူ၏ ခြေရာများကိုပါ တစ်ပြိုင်နက်တည်း ကန့်သတ်နိုင်ခဲ့သည်။
ထိုအရာများအပြင် ဝေ့ဝူယင် လုပ်ဆောင်ခဲ့သော အလွန်သေးငယ်ပြီး ရှုပ်ထွေးနက်နဲလှသည့် အသေးစိတ်အချက်အလက်များစွာ ရှိနေသေးသည်။ သို့သော် အဓိကအချက်မှာ ထိုအင်ပါယာငယ်လေးသည် ကမ္ဘာဦးအစကတည်းက လျှို့ဝှက် အာဏာရှင်များပင် မစွမ်းဆောင်နိုင်ခဲ့သော အရာတစ်ခုကို လုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်၏။ ဆယ်စုနှစ်များစွာကတည်းက ပျောက်ကွယ်သွားခဲ့သော အသက်တစ်ချောင်းကို သူ ကယ်တင်နိုင်ခဲ့ခြင်းပင် ဖြစ်သည်။
အကယ်၍ ပါခက်သည် အချိန်၏ အဓိက အာဏာ၏ ထောက်ပံ့မှုဖြင့် အချိန်နောက်ပြန်ဆုတ်ခြင်းကို အသုံးပြုရန် ကြိုးပမ်းခဲ့လျှင်ပင် ထိုလုပ်ရပ်ကို အထောက်အကူပြုရန် လျှို့ဝှက် တာအိုမှ လိုအပ်သော သက်တမ်းနှင့် ဝိညာဉ်သက်တမ်းသည် ဆယ်စုနှစ်တစ်ခုခန့်သာ ခံနိုင်မည် ဖြစ်သည်။ ထို့နောက်တွင် သူမသည် သနားစရာကောင်းလောက်အောင် ကျရှုံးကာ သေဆုံးသွားမည် ဖြစ်၏။ အလွန်ဆုံး တတ်နိုင်မည်ဆိုလျှင် ထိုရုပ်အလောင်းကို နှစ်အနည်းငယ်မျှသာ ပြန်လည်နုပျိုလာစေနိုင်မည် ဖြစ်သည်။
ဝိညာဉ်အစိတ်အပိုင်းကြောင့် အကြောင်းအကျိုးဆက်စပ်မှုကို သက်ရောက်စေရန် ခက်ခဲလှသည်။ ယခုအချိန်တွင် ထိုဝိညာဉ်၏ အစိတ်အပိုင်းအများစုသည် ငရဲပြည်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်ကာ လျှို့ဝှက် တာအို ပါဝင်ပတ်သက်ရမည့် နယ်ပယ်တစ်ခုထဲသို့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်၏။ ထိုအချက်ကြောင့် ပေးဆပ်ရမည့် တန်ဖိုးသည် အလွန်အမင်း ကြီးမားလှလေသည်။ ဤသည်မှာ ကောင်းကင် အချိန်ဥပဒေသ စွမ်းအား၏ အဓိက အပိုင်းအစတစ်ခု၏ ကန့်သတ်ချက်မရှိ ထောက်ပံ့မှု ပါဝင်နေသည့်တိုင်အောင် ဖြစ်သည်။
ထိုမိန်းကလေးသည် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ သူမ၏ ဝိညာဉ်ကို ကောင်းကင်တာအိုများက သိမ်းပိုက်သွားခဲ့ပြီး သံသရာ လုပ်ငန်းစဉ်မှတစ်ဆင့် ပို့ဆောင်ခံခဲ့ရ၏။ ထိုဝိညာဉ် ပျောက်ဆုံးသွားခြင်းကို ကောင်းကင်တာအိုများကသာမက ငရဲပြည်ကပါ အထင်အရှား သိမြင်နေလေသည်။ သူမသည် သံသရာစက်ဝန်းထဲမှ ကိုက်ညီမှုမရှိသော ကွဲလွဲချက်တစ်ခု ဖြစ်နေခဲ့လေပြီ။
သူမသည် ကောင်းကင်နယ်ပယ် မူလအစ၏ ရုပ်လွန်သရုပ်ဖော်မှုထဲတွင် ဘေးကင်းလုံခြုံစွာ နေထိုင်နိုင်ပေသည်။ ဝေ့ဝူယင်က ကန်မင်ဂျီအပေါ် ကျွန်အဖြစ် စေခိုင်းခဲ့သည့် လုပ်ငန်းစဉ်နည်းတူ သူမ၏ တည်ရှိမှု မူဘောင်နှင့် မရှိမဖြစ်လိုအပ်သော မိမိကိုယ်ကိုယ် တည်ရှိမှုကြိုးမျှင်တို့ကို ထိုအထဲတွင် သိမ်းဆည်းထားနိုင်၏။ ထိုသို့လုပ်ဆောင်ခြင်းဖြင့် မည်သည့် ပြန်လည်ခေါ်ယူမှု သို့မဟုတ် စစ်ဆေးမှုကိုမဆို ရှောင်လွှဲနိုင်မည် ဖြစ်သည်။ သို့သော်လည်း သူမ၏ ဝိညာဉ် တည်ရှိနေမှုကို မမြင်ရသော တည်ရှိမှုများစွာက သာမန်မဟုတ်သော အရာတစ်ခုအနေဖြင့် အာရုံခံမိသွားကြမည်သာ ဖြစ်လေသည်။
စုမေ့၏ အခြေအနေနှင့် ဆင်တူစွာပင် လောကကြီးက သူမအား သက်ရှိလောကထဲတွင် ဆက်လက်တက်လှမ်းရန် သို့မဟုတ် ရှင်သန်ကြီးထွားလာရန် တားဆီးလာနိုင်သည်။ ရိုးရိုးရှင်းရှင်းဆိုရလျှင် သူမ ဤနေရာ၌ မရှိသင့်တော့ပေ။ အချိန်မြစ် တစ်ခုတည်းသာလျှင် ဤကိစ္စအပေါ် လျစ်လျူရှုထားနိုင်လေသည်။ ဝေ့ဝူယင်၏ သေချာစွာ စီစဉ်ထားသော အစားထိုးမှုကြောင့် သူမ သေဆုံးခြင်း၏ အကြောင်းအကျိုးဆက်စပ်မှုမှာ ပြောင်းလဲသွားခြင်း မရှိချေ။ ထို့ကြောင့် သူမသည် အနာဂတ်ကာလ အလွန်ဝေးကွာသော အချိန်၊ နှစ်ပေါင်း ဘီလီယံချီ ကြာပြီးနောက်မှ ပေါ်လာခဲ့လျှင်တောင်မှ အချိန်မြစ်၏ တာဝန်များနှင့် သက်ဆိုင်တော့မည် မဟုတ်ပေ။
သို့ရာတွင် ဤအရာက ကျော်လွှားရမည့် နောက်ဆုံး အတားအဆီး ဖြစ်သော်ငြား ဝေ့ဝူယင်၏ ဤကြီးကျယ်ခမ်းနားလှသော အသက်ခိုးယူမှု အကြံအစည်တွင် အစောဆုံး ထည့်သွင်းစဉ်းစားခဲ့ရသည့် အစိတ်အပိုင်းတစ်ခုလည်း ဖြစ်နေခဲ့၏။
လျှို့ဝှက်ဒဏ္ဍာရီ အမှတ်အသား၏ ဒုတိယအဆင့်သို့ စတင်တက်လှမ်းခဲ့စဉ်က ဝေ့ဝူယင်သည် ဒုတိယအဆင့်အတွက် သွေးမျိုးဆက် စွမ်းရည်များစွာထဲမှ ပထမဆုံးတစ်ခုကို နိုးထစေခဲ့သည်။ ထိုစွမ်းရည်ကို စမ်းသပ်အသုံးပြုပြီးနောက် နောက်တစ်ကြိမ် ထပ်မံအသုံးပြုရန် သူ အတော်လေး တွန့်ဆုတ်နေခဲ့၏။ ၎င်း၏ စွမ်းအားကို တွေ့ရှိပြီးနောက် သက်ရောက်မှုများကြောင့် သူ အံ့အားသင့်သွားခဲ့ရသည်။ သူ၏ အစစ်အမှန်နဂါး သွေးမျိုးဆက်ကို သံသရာ ဟင်းလင်းပြင် အစစ်အမှန်နဂါး သွေးမျိုးဆက်ဟု အမည်ပြောင်းသင့်နေပြီဟုပင် ခံစားခဲ့ရလေသည်။
မည်သို့ပင်ဆိုစေ လျှို့ဝှက်ဝိညာဉ် အဆင့်သို့ တက်လှမ်းပြီးနောက်တွင် သူ၏ ခန္ဓာကိုယ်၊ သွေးမျိုးဆက်နှင့် ဝိညာဉ်ရေးရာ ပေါင်းစည်းမှု၊ ဆက်သွယ်မှုတို့အပေါ် ပိုမိုနက်ရှိုင်းစွာ နားလည်လာခဲ့သည်။ သူ၏ အစစ်အမှန်နဂါး သွေးမျိုးဆက်သည် လုံးဝကို ရုပ်လွန်သဘောတရားဆန်ပြီး ယခင်က တစ်ကြိမ်တစ်ခါမျှ မမွေးဖွားဖူးသေးသော တည်ရှိမှုတစ်ခုဖြစ်ကြောင်း သံသယကင်းရှင်းစွာ သိရှိသွားခဲ့၏။ ၎င်း၏ စွမ်းရည်များသည် သူ၏ အခြားသော ဝိညာဉ်ရေးရာ အရည်အသွေးများ၏ လွှမ်းမိုးမှုဖြင့် အသစ်တဖန် ဖြစ်တည်လာခြင်း ဖြစ်လေသည်။
ဟင်းလင်းပြင် ဝင်သက်ထွက်သက်၊ ဟင်းလင်းပြင် ဖုံးကွယ်ခြင်း၊ ဟင်းလင်းပြင် ကျောက်ဆူး၊ ဟင်းလင်းပြင် ပုံဆောင်ခဲဖွဲ့တည်ခြင်း သို့မဟုတ် စိတ်ကူးယဉ် ဟင်းလင်းပြင် ကိုယ်ပွားများ ဖန်တီးနိုင်သော သူ၏ စွမ်းရည် စသည်တို့အားလုံးသည် သူ၏ အခြားသော စွမ်းအား အစိတ်အပိုင်းများနှင့် ဆက်စပ်နေလေသည်။ တိတိကျကျဆိုရလျှင် ကောင်းကင်ဘုံ နတ်မျက်လုံးများ၊ သူ၏ အခြားသော ကျင့်ကြံခြင်း ဝိညာဉ်များအပြင် သူ၏ ကိုယ်ပိုင် ဆန္ဒများနှင့် အတွေ့အကြုံများနှင့်ပါ ဆက်စပ်နေခြင်း ဖြစ်၏။ ထိုအရာများသည် သူ၏ ဆန္ဒနှင့်အညီ သူ၏ သွေးမျိုးဆက်ကို သိမ်မွေ့စွာ ပုံဖော်ပေးကာ ပြီးပြည့်စုံအောင် ဖန်တီးပေးနေကြသည်။ တာအို မျက်လုံးအဖြစ် သူ အသစ်ဖန်တီးထားသော သံသရာ မျက်လုံးသည် နောက်ပိုင်းမှ ဖြစ်တည်လာခြင်း ဖြစ်သည်။ သို့သော် ၎င်း၏ အခြေခံအုတ်မြစ်မှာ ဤသွေးမျိုးဆက် စွမ်းရည်ပေါ်တွင် ကြီးမားစွာ တည်ဆောက်ထားခြင်း ဖြစ်၏။ ထို့ပြင် ဤသွေးမျိုးဆက် စွမ်းရည်မှာ စုရီထံမှ သံသရာ ကျင့်စဉ်၏ အသေးစိတ်အချက်အလက်များကို သိရှိရပြီးနောက် ရရှိလာသော အသိပညာများ၏ လွှမ်းမိုးမှုကို ခံထားရခြင်း ဖြစ်လေသည်။
ထို့ပြင် သူ၏ ဤ ဟင်းလင်းပြင် စက်ဝန်း စွမ်းရည်သည် လောကကြီးကို ဖီဆန်လွန်းရာ ကျနေလေပြီ။
ဝေ့ဝူယင်သည် ပါခက်၏ တန်ထျန်ပေါ်သို့ သူ၏ လက်ကို ညင်သာစွာ ဖိချလိုက်သည်။ သူ၏ ခန္ဓာကိုယ်အတွင်း ဆူပွက်လာမှုကို ခံစားရရင်း ဟင်းလင်းပြင် စက်ဝန်းကို တဖြည်းဖြည်း သက်ဝင်လှုပ်ရှားစေလိုက်၏။ နဂါးတက်လှမ်းခြင်း ပုံစံအတွင်း ရှိနေဆဲဖြစ်သော ဝေ့ဝူယင်သည် ပါခက်၏ သတ္တု ဥပဒေသ၏ အဓိက အာဏာ မူလအစကို ခွဲစိတ်ဆရာဝန်တစ်ဦးပမာ တိကျစွာ ထိုးဖောက်ဝင်ရောက်သွားလေသည်။
ဤလုပ်ငန်းစဉ်သည် ကျင့်ကြံသူတစ်ဦးက အခြားတစ်ဦး၏ ဥပဒေသ မျိုးစေ့ကို ဖယ်ရှားသည့် မှန်ကန်သော ထုတ်ယူခြင်းနည်းလမ်းနှင့် အလွန်တူညီနေ၏။ သူသည် ၎င်းနှင့် ချိတ်ဆက်နေသော သူမ၏ ဝိညာဉ်ကို မထိခိုက်စေရန် ကျွမ်းကျင်ပိုင်နိုင်စွာ ရှောင်ရှားနိုင်ခဲ့သည်။ ခရာတို အလိုအလျောက် ဝင်ထွက်သွားလာနေမှုကို ဝိညာဉ်တစ်ခုကပင် တားဆီးနိုင်စွမ်း မရှိခဲ့ချေ။
ဝေ့ဝူယင်သည် ဧဒင်နှင့် မားဂတ်တို့၏ အကူအညီဖြင့် ခရာတို၏ ဟိန်းဟောက်လိုသော ဆန္ဒကို ကြိုတင်၍ တိတ်ဆိတ်သွားစေရန် ပြုလုပ်ခဲ့ရသည်။ ဝေ့ဝူယင်၏ မျက်ခုံးနှစ်ခုကြားတွင် ပြင်းထန်သော အာရုံစိုက်မှုများ ပေါ်ထွက်လာသည်နှင့်အမျှ အခန်းတွင်းရှိ လေထုက ပိုမိုလေးလံလာခဲ့၏။ သူသည် ကောင်းကင်မျက်လုံးများကို အစွမ်းကုန် အသုံးပြု၍ အတွင်းပိုင်းရှိ အသေးစိတ် အချက်အလက်တိုင်းကို လေ့လာစောင့်ကြည့်နေလေသည်။
***