← Chapters

အခန်း ၂၄၁

Vol. 25 Ch. 241

အခန်း ၂၄၁

Vol. 25 Ch. 241

အခန်း (၂၄၁)

အဆိပ်ဖြေခြင်းက ဒီလောက်တောင် လွယ်ကူသလား

အန်နာဂူသည် အလွန်အလုပ်တွင်ကျယ်သူဖြစ်ပြီး ထိုနေ့မွန်းလွဲပိုင်းမှာပင် မော့ချွမ်းထံသို့ စာတစ်စောင် ပို့လာခဲ့သည်။

“ချွမ်းချွမ်းလေး၊ စစ်ဆေးချက်ရလဒ် ထွက်လာပြီ”

မော့ချွမ် “...”

အန်နာဂူ”...”

မော့ချွမ်း “...”

အန်နာဂူ “...”

မော့ချွမ်း “...”

အန်နာဂူသည် သူ့ကို မနောက်ပြောင်တော့ရန် ပြောလိုက်သည်။

အန်နာဂူ

“ရှင်က ပျင်းစရာကြီးဘဲ၊ ကျွန်မ ပြောပြမယ်၊ ရှင် ပို့လိုက်တဲ့ သွေးနမူနာထဲမှာ ‘စဝိန်းဆိုနင်း’ လို့ခေါ်တဲ့ အဆိပ်သင့်စေတဲ့ အရာတစ်ခု တွေ့ရတယ်။ အဲဒါက အဆိပ်ပဲ”

မော့ချွမ်း

“ခင်ဗျားဆီမှာ အဆိပ်ဖြေဆေး ရှိလား”

“ကျွန်မကို ချီးကျူးရင်် အဆိပ်ဖြေဆေး ပေးမယ်။”

မော့ချွမ်း “..”

အန်နာဂူ “..”

မော့ချွမ်း “..”

အန်နာဂူ

“ထားလိုက်ပါတော့၊ ကျွန်မပဲ ပြောပြတော့မယ်။ ဗိန္ဓောဆေးဆိုင်ကို သွားပြီး ‘ဂျိုင်နိုစတမ်းမား’ ကို သွားဝယ်လိုက်။ အဲဒါကို ပဲစိမ်းနဲ့ ရောပြုတ်ပြီး သူ့ကို တိုက်လိုက်”

မော့ချွမ်းမှာ ထူးဆန်းနေမိသည်။

‘ဒါက ပဲစိမ်းဟင်းရည် လုပ်ခိုင်းတာလား’

“ကျွန်တော် သကြား ထည့်ရမလား”

အန်နာဂူ ရယ်မောလိုက်၏။ ‘အဆိပ်ဖြေနေတဲ့အချိန်မှာ အရသာကို ထည့်စဉ်းစားနေရသေးတာလား’

အန်နာဂူ

“ကြိုက်သလိုလုပ်၊ သကြားပဲဖြစ်ဖြစ်၊ ဆားပဲဖြစ်ဖြစ်၊ ရှာလကာရည်ပဲဖြစ်ဖြစ် ထည့်လို့ရတယ်”

မော့ချွမ်းက ဖုန်းကိုချလိုက်ပြီး ဟွာကျွင်းကို ပြောလိုက်သည်။

“ကူပါးက စဝိန်းဆိုနင်း အဆိပ်မိနေတာလို့ အန်နာဂူက ပြောတယ်၊ အဲဒါကို ပဲစိမ်းဟင်းရည်နဲ့ အဆိပ်ဖြေရမယ်တဲ့။ အော် ပြီးတော့ ဂျိုင်နိုစတမ်းမား အပင်လည်း ထည့်ရဦးမယ်”

ဟွာကျွင်း သိချင်စိတ်များဖြင့် မေးလိုက်သည်။

“ဒါပဲလား၊ အဲဒီလောက်တောင် ရိုးရှင်းတာလား”

မော့ချွမ်း စာပို့ထားသည်များကို ပြန်ကြည့်ကာ ဖြေ၏။

“ကျွန်တော် သိသလောက်တော့ သကြား၊ ဆားနဲ့ ရှာလကာရည်လည်း ထည့်ရမယ်တဲ့”

ဟွာကျွင်း နားမလည်သော်လည်း အဆိပ်ဖြေဆေးဆိုသည်မှာ ထူးထူးဆန်းဆန်း ရှိတတ်သည်ဟု တွေးကာ လက်ခံလိုက်သည်။

သူမသည် ဂျိုင်နိုစတမ်းမားအပင်ကို ဝယ်ယူပြီး ပဲစိမ်းနှင့်အတူ အိုးကြီးတစ်လုံးဖြင့် ပြုတ်လိုက်သည်။ ထို့နောက် သကြားတစ်အိတ်၊ ဆားတစ်အိတ်နှင့် ရှာလကာရည် တစ်ပုလင်းလုံးကို ထည့်လိုက်တော့သည်။

ထိုညနေတွင် ကူပါးကို ပဲစိမ်းရည် သုံးပန်းကန်ကြီး တိုက်လိုက်ရာ နောက်ဆုံးတွင် သူ မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လာတော့သည်။

သူ ပထမဆုံး ခံစားလိုက်ရသည်မှာ ပါးစပ်ထဲတွင် အလွန်ထူးဆန်းသော အရသာကြီး ဖြစ်နေခြင်းပင်။

ထို့နောက် သူ၏ လက်မောင်းမှ နာကျင်မှုကို ခံစားလိုက်ရသည်။

သူ ထပ်မံမစဉ်းစားနိုင်ခင်မှာပင် ရင်းနှီးသော အသံတစ်ခုကို ကြားလိုက်ရ၏။

မော့ချွမ်း “ကူပါး”

ကူပါး မော့ကြည့်လိုက်ရာ သူ့ရှေ့ရှိလူကို မြင်သည်နှင့် မယုံနိုင်အောင် ဖြစ်သွားပြီး မျက်ရည်များဖြင့် စကားများ တတွတ်တွတ် ပြောတော့၏။

ကူပါးသည် အလွန်စိတ်လှုပ်ရှားနေပုံရပြီး ခုတင်ပေါ်မှ ဆင်းရန် အမြဲကြိုးစားနေသော်လည်း မော့ချွမ်း သူ့ကို တားလိုက်သည်။

ဟွာကျွင်း မေးလိုက်၏။

“ရှင်တို့ နှစ်ယောက် ဘာတွေ ပြောနေတာလဲ၊ မြင်းဇောင်းမှာ ဘာဖြစ်ခဲ့လဲဆိုတာ သူပြောပြလား။ ကျွန်မ စကားပြန်တစ်ယောက်လောက် လိုချင်နေပြီ”

မော့ချွမ်း

“ကျွန်တော် သူ့ကို မေးကြည့်မယ်။”

“ဒါဆို ရှင်တို့ ခုနက အဓိပ္ပာယ်မရှိတဲ့ စကားတွေပဲ အကြာကြီး ပြောနေကြပြီး အဓိကအချက်ကို မရောက်သေးဘူးပေါ့”

ထိုသူနှစ်ဦးမှာ သူတို့၏ ဒေသစကားဖြင့် ပြန်လည်ပြောဆိုနေကြပြန်၏။ ဟွာကျွင်း ဘာမှနားမလည်သဖြင့် တံခါးဝတွင်သာ စောင့်နေလိုက်သည်။

နာရီဝက်ခန့် ကြာပြီးနောက် မော့ချွမ်း ထွက်လာ၏။

“သူ အားကုန်နေလို့ ပြန်အိပ်ပျော်သွားပြီ။ ဒါပေမဲ့ ကျွန်တော် အကုန်လုံးကို သိလိုက်ပြီ”

ဟွာကျွင်းနှင့် ဟိုးရပ်စ်မျက်လုံး အဖွဲ့ဝင်များက အဖြစ်မှန် သိရန် သူ့ကို ဝိုင်းအုံလာကြသည်။

အရာအားလုံးမှာ မော့ချွမ်း မျိုးနွယ်စုမှ ထွက်လာပြီးနောက်တွင် စတင်ခဲ့ခြင်းဖြစ်သည်။

မြောက်ပိုင်းနန်းတွင်းမှ မြင်းတပ်များ ရောက်ရှိလာပြီး စစ်မှုထမ်းရန် အမိန့်စာ ယူဆောင်လာသည့် ညနေခင်းကို ကူပါး မှတ်မိနေသည်။

မြက်ခင်းပြင်ပေါ်ရှိ အကျော်ကြားဆုံး မြင်းဆရာတစ်ဦးဖြစ်သည့် သူ့ကံကြမ္မာမှာ ထိုအချိန်မှစ၍ ပြောင်းလဲသွားခဲ့ပြီး နန်းတွင်း၏ မြင်းလေ့ကျင့်ရေးကွင်းသို့ ခေါ်ဆောင်ခြင်း ခံခဲ့ရသည်။

အစပိုင်းတွင် သူက မြက်ခင်းပြင်ပေါ်မှာနေပြီး မြင်းများ၏ ဟီသံကို ကြားနေရလျှင် သည်းခံနိုင်လိမ့်မယ်ဟု ထင်ခဲ့၏။ သို့သော် တစ်မနက်တွင် နန်းတွင်းမှ လျှို့ဝှက်တမန်က လျှို့ဝှက်အမိန့်တစ်ခု ပေးလာခဲ့သည်။ ဆွေကျိုးမြင်းဇောင်းမှ စစ်မြင်း သုံးရာကို တစ်ကောင်မှ အသက်မချန်ရ အကုန်သတ်ပစ်ရမည်။

သူ့ကို တုပ်နှောင်ပြီး မြင်းခြံ၏ မြက်ခြောက်သိုလှောင်ရုံထဲသို့ ပစ်ချထားခဲ့၏။ တစ်ခါက တောရိုင်းမြင်းများကိုပင် သူ့လက်ဖဝါးပေါ်မှ ဆားကို လျက်စေနိုင်သည့် မြင်းဆရာမှာ အောက်တန်းကျသောမြင်းကျွန်တစ်ဦး ဖြစ်လာခဲ့သည်။

သူ၏ အသက်ကို ကယ်တင်ရန် တစ်လကြာ အချိန်ယူပြီးနောက် အယ်လ်ဖယ်လ်ဖာ မြက်နှင့်တူသော ‘အရူးမြက်’ ကို သူ စိုက်ပျိုးခဲ့သည်။ ဤအဆိပ်ရှိသော မြက်ကို အခြောက်လှမ်းပြီး မြင်းစာထဲတွင် ရောကျွေးလိုက်ပါက (၇) ရက်အတွင်း မြင်းများ စိတ်တိုလာပြီး (၂၀) ရက်အတွင်း မူးဝေလာကာ (၂) လအတွင်းမှာတော့ စစ်မြင်းအားလုံး သေဆုံးသွားမည်။

သို့သော် သူနှင့် အလွန်ရင်းနှီးခဲ့သော ထိုမြင်းများ မြင်းစာခွက်များကို ရူးသွပ်စွာ ကိုက်နေကြသည်ကို မြင်သောအခါ သူ နောင်တရမိသွား၏။

သူသည် အရူးမြက်အားလုံးကို မီးရှို့ဖျက်ဆီးလိုက်ပြီး အဆိပ်ထပ်မကျွေးရန် ငြင်းဆန်ခဲ့သည်။

မြင်းဇောင်းမှ လူများ သူ့ကို လွှတ်ပေးရန် ရည်ရွယ်ချက်မရှိပေ။ သူတို့က သူ့ကို ရိုက်နှက်ပြီး အစာငတ်ထားသော်လည်း သူ အလျှော့မပေးခဲ့ပေ။

နောက်ဆုံးတွင် သူတို့ လက်လျှော့လိုက်ကြ၏။ ကြီးကြပ်ရေးမှူးတစ်ဦးက သူ၏ ပါးစပ်ကို အတင်းဖြဲပြီး အရူးမြက် မျိုးစေ့တစ်ဆုပ်ကို အတင်းထိုးထည့်လိုက်သည်။ “မင်းက မြင်းတွေ သေတာကို မကြည့်နိုင်ဘူးဆိုမှတော့၊ သူတို့ကိုယ်စား မင်းပဲ သေလိုက်တော့”

သူသည် ထောင်ထဲက ထောင့်တစ်နေရာတွင် ကွေးနေပြီး သေမည့်အချိန်ကို စောင့်နေစဉ် ထိုညတွင် အမည်မသိ လူတစ်စု၏ ကယ်တင်ခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။

ဟွာကျွင်းတွင် သိချင်စိတ်များ ရှိနေသေး၏။

“ပထမဆုံးအနေနဲ့ ဆွေကျိုး မြင်းဇောင်းက ဘာလို့ ကိုယ့်မြင်းတွေကို ကိုယ်တိုင် အဆိပ်ခတ်ရတာလဲ”

“ဒုတိယ၊ ကျွန်မတို့ဆီက ဖန်းလိ မိတာက ဂလန်းဒါးစ်ရောဂါ လေ၊ အရူးမြက်အဆိပ်မှ မဟုတ်တာ။ အဲဒါက ဘာလို့လဲ”

မော့ချွမ်း ခဏစဉ်းစားပြီးနောက် ပြော၏။

“နေဦး၊ ကျွန်တော် သူ့ကို ပြန်နှိုးပြီး မေးကြည့်မယ်”

ဟွာကျွင်း သူ့ကို တားလိုက်သည်။

“ထားလိုက်ပါတော့၊ သူ အိပ်ပါစေ။ သူ အဆိပ်လည်း မိထားသလို သွေးတွေလည်း အများကြီး ထွက်ထားတာဆိုတော့ သနားစရာကောင်းတယ်”

ဒုတိယမေးခွန်းနှင့် ပတ်သက်၍ ဟွာကျွင်းတွင် ကိုယ်ပိုင်ထင်မြင်ချက် ရှိသည်။ အချိန်ကာလကို တွက်ကြည့်ပါက ကူပါး အရူးမြက် စိုက်ပျိုးချိန်မှ မီးရှို့ချိန်အထိမှာ အလွန်တိုတောင်းသဖြင့် မြင်းအားလုံး အဆိပ်မိရန် မလုံလောက်ပေ။

ထို့ကြောင့် သူတို့သည် နွေဦးအပြီးတွင် ရောဂါရှိသော မြင်းများကို ဝယ်ယူခဲ့ပြီး စစ်မြင်းများကြားတွင် မြင်းရောဂါကို ပျံ့နှံ့စေရန် ကြိုးစားခဲ့ခြင်း ဖြစ်နိုင်၏။ သူတို့၏ ရည်မှန်းချက်ဖြစ်သော စစ်မြင်းအားလုံးကို သေစေရန်အတွက်ပင်။

ဟွာကျွင်းသည် ဟိုးရပ်စ်မျက်လုံးအဖွဲ့၏ အသံဖမ်းစက်မှ ဗီဒီယိုများကို စစ်ဆေးကြည့်ရာ တန်ဖိုးရှိသော အချက်အလက်များစွာ တွေ့ရသည်။ သူမသည် သိရှိထားသော သတင်းအချက်အလက်များကို စုစည်းပြီး စစ်သူကြီးလု ထံသို့ စာရေးလိုက်သည်။

မမျှော်လင့်ဘဲ ယခုတစ်ကြိမ်တွင် အကြောင်းပြန်မှုမှာ အလွန်မြန်ဆန်၏။ နောက်တစ်နေ့တွင် ကော်ကျန်း သည် လူတစ်စုနှင့်အတူ မုန့်ဆိုင်သို့ ရောက်လာသည်။

ဟွာကျွင်းသည် ဆွေကျိုး မြင်းဇောင်း၏ မြေပုံကို ရေးဆွဲပြီး ကော်ကျန်းထံ ကမ်းပေးလိုက်သည်။ သူသည် မြေပုံကို ကိုင်ကာ စိတ်လှုပ်ရှားစွာ ပြောတော့သည်။

“ဒီမြေပုံသာရှိရင် ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှုက ထက်ဝက်သက်သာပြီး အောင်မြင်မှုက နှစ်ဆ ဖြစ်မှာပါ”

ဟွာကျွင်း မေးလိုက်၏။

“စစ်သူကြီးလု နေကောင်းရဲ့လား”

ကော်ကျန်း တွန့်ဆုတ်နေပြီး အကြာကြီး စဉ်းစားကာ ပြန်ဖြေသည်။

“စစ်သူကြီးလု နေကောင်းပါတယ်။ သူ အလုပ်တွေ ပြီးတာနဲ့ ချက်ချင်း ပြန်လာခဲ့မယ်လို့ ကျွန်တော့်ကို ပြောခိုင်းလိုက်ပါတယ်”

ဟွာကျွင်း ထပ်မေး၏။ “သူ အခက်အခဲ ကြီးကြီးမားမားနဲ့ တွေ့နေတာလား၊ မြို့ထဲက လူအများကြီးက သူ့ကို လိုက်ရှာနေကြသလိုပဲ”

ကော်ကျန်း ဘာမှ ထုတ်မပြောရဲပေ။

“စစ်သူကြီးလု သိပါတယ်။ သူက ခင်ဗျားကို သတိထားဖို့နဲ့ အရာအားလုံးကို သူကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းမယ်လို့ ပြောပါတယ်”

ဟွာကျွင်းက ခေါင်းညိတ်ပြသော်လည်း စိတ်ထဲမှ တွေးနေမိ၏။

“တစ်လုံးမှ မယုံနိုင်ဘူး”

‘ဒါ ယောကျ်ားမာနလား။ အရာအားလုံးကို လျှို့ဝှက်ထားရင် အဆင်ပြေသွားမယ်လို့ ထင်နေတာလား’

နှမြောစရာကောင်းသည်က သူမ ဤနေရာသို့ ရောက်လာချိန် တိုလွန်းသေးသည်။ မဟုတ်လျှင် သူမ လုမင်လီကို မျက်နှာချင်းဆိုင် မေးပြီး အကုန်ရှင်းပစ်လိုက်မည်

အကယ်၍ သူ အမြဲတမ်း ယခုလ်ို ဖုံးကွယ်ထားမည်ဆိုလျှင် နောင်ကျ သူတို့ ကိုယ့်လမ်းကိုလျှောက်ကြလိမ့်မည်။

‘ဘယ်သူမှ တစ်ဖက်လူရဲ့ ကိစ္စကို ဝင်မစွက်ဖက်ကြေးပဲ’

သူမ မော့ချွမ်းကို မေးလိုက်၏။

“ဒီကနေ မြို့တော်ကို ဘယ်နှကီလိုမီတာလောက် ဝေးလဲ”

“လီ(၂၀၀) လောက် ရှိမယ်”

“မြင်းတစ်ကောင်ရဲ့ တစ်နာရီ အရှိန်က ဘယ်လောက်လဲ”

မော့ချွမ်း နားမလည်ပေ။

“ဆိုလိုတာက မြင်းတစ်ကောင်က နာရီဝက်မှာ မိုင် ဘယ်လောက်အထိ ပြေးနိုင်လဲ”

“ဝန်အလေးအပင် မပါရင် နာရီဝက်မှာ (၁၂) မိုင်လောက် ပြေးနိုင်တယ်။ ခင်ဗျား ဘာလုပ်မလို့လဲ”

“တစ်နာရီမှာ (၂၅) ကီလိုမီတာ။ မိုင်နှစ်ရာဆိုရင် လေးနာရီလောက် ကြာမယ်။ အဲဒါက နှေးလွန်းတယ်”

“ခင်ဗျားမှာ အသိဉာဏ်ရှိရဲ့လား၊ မြင်းက အဲဒီလို အဆက်မပြတ် ပြေးရင် ပင်ပန်းပြီး သေသွားမှာပေါ့”

ဟွာကျွင်း ထပ်မေး၏။

“ရှင် မော်တော်ဆိုင်ကယ် မောင်းတတ်လား”

မော့ချွမ်း မစဉ်းစားဘဲ လက်ကာပြလိုက်သည်။

“ကျွန်တော် မမောင်းတတ်ဘူး”

“ဒါက လျှပ်စစ်ဆိုင်ကယ်နဲ့ ဆင်တူတယ်။ အရမ်းရိုးရှင်းပါတယ်”

“ကျွန်တော် ထင်တာတော့ ခင်ဗျား ရူးနေပြီ။ မြို့တော်ကို မောင်းသွားပြီး ပြန်မောင်းလာမယ် ဟုတ်လား။ မိုင် လေးရာ (၄၀၀) တောင်လေ၊ တကယ်လို့ အချိန်မီ ပြန်မရောက်ရင် ဘယ်လိုလုပ်မလဲ”

“ကျွန်မ ရူးနေတယ်လို့ပဲ သဘောထားလိုက်ပါ။ ရှင် လိုက်ချင်လား”

သူမသည် ဖုန်းကို မြှောက်ပြလိုက်ရာ ဖုန်းစခရင်ပေါ်တွင် ယွမ် ရှစ်သိန်း တန်ဖိုးရှိသော မော်တော်ဆိုင်ကယ်ပုံကြီး‌ပေါ်လာပြီး ဖုန်းစခရင်ထဲကနေပင် ခန့်ညားထည်ဝါမှုကို ခံစားနေရသည်။

All Chapters