အခန်း ၇၉၇
Vol. 54 Ch. 797
အခန်း (၇၉၇) ကောင်းကင်ဘုံကိုးဆင့်သို့ တက်လှမ်းခြင်းနှင့် ရှေးဟောင်းသူတော်စင်တို့၏ မူလအစ။ (၂)
သိုင်းဝိဇ္ဇာသူတော်စင်အဆင့်၏ ဒုတိယအဆင့်တွင် မိမိ၏ အသားစိုင်များအတွင်း၌ နတ်ဘုရားအမှတ်အသားများကို ရေးထိုးနိုင်ပြီး နတ်ဘုရားခန္ဓာကိုယ်ကို တည်ဆောက်နိုင်ကြောင်း ကျီးရွှယ်ရှောင်းက စူးချန်ခုန်းကို ပြောပြခဲ့သည်။ ခန္ဓာကိုယ်ကို တည်ဆောက်ပြီးပါက လှုပ်ရှားမှုတိုင်းတွင် ကြီးမားသော နတ်ဘုရားအရှိန်အဝါများ ပါရှိနေမည် ဖြစ်သည်။
သိုင်းဝိဇ္ဇာသူတော်စင်များ၏ လောကတွင် နတ်ဘုရားအမှတ်အသားများကို ရေးထိုးနိုင်သော နတ်ဘုရားခန္ဓာကိုယ်အဆင့်သို့ ရောက်ရှိသူများသည် မြင့်မြတ်သော ရှေးဟောင်းနိုင်ငံ၏ နယ်မြေတစ်ခုကို အုပ်စိုးနိုင်သည့် ကြောက်မက်ဖွယ်ကောင်းသော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။
“သိုင်းဝိဇ္ဇာသူတော်စင် တတိယအဆင့်ကတော့ သတ္တမကောင်းကင်ဘုံကနေ နဝမကောင်းကင်ဘုံအထိ ဖြစ်ပြီး မဟာနတ်ဘုရားတန်ခိုးအဆင့်ဖြစ်တယ်။ နတ်ဘုရားခန္ဓာကိုယ်နဲ့ နတ်ဘုရားမျိုးစေ့တို့က အကန့်အသတ်အထိ ကြီးထွားလာပြီး အဲ့ဒီနှစ်ခုပေါင်းစပ်မှုကနေတစ်ဆင့် စိတ်ကူးလို့မရနိုင်လောက်အောင် အားကောင်းတဲ့ မဟာနတ်ဘုရားတန်ခိုးတွေ ပေါ်ပေါက်လာတာပဲ။ သူတို့ထဲက အားအကောင်းဆုံးနဲ့ အမြင့်မြတ်ဆုံးသူတွေကို ရှေးဟောင်းသူတော်စင်တွေလို့ ခေါ်တယ်။ သူတို့က သိုင်းဝိဇ္ဇာသူတော်စင်တွေရဲ့ ထိပ်သီးမှာ အမှန်တကယ် ရပ်တည်နေသူတွေပဲ။”
ပြောကြတာတော့ မြင့်မြတ်သော ရှေးဟောင်းနိုင်ငံ အစပိုင်းတုန်းက ရှေးဟောင်းသူတော်စင်တွေ အများကြီး စုပေါင်းအားထုတ်ပြီး တည်ထောင်ခဲ့တာတဲ့။ သူတို့ရဲ့ အမွေအနှစ်တွေကြောင့်သာ မြင့်မြတ်သော ရှေးဟောင်းနိုင်ငံ ဒီနေ့ထိ တည်ရှိနေနိုင်တာ” ဟုကျီးရွှယ်ရှောင်းက ပြောပြလေသည်။
သိုင်းဝိဇ္ဇာသူတော်စင် သို့မဟုတ် သူတော်စင်ဘုံသို့ ဝင်ရောက်ခြင်း၏ ကောင်းကင်ဘုံကိုးဆင့်တွင် နတ်ဘုရားမျိုးစေ့၊ နတ်ဘုရားခန္ဓာကိုယ်နှင့် မဟာနတ်ဘုရားတန်ခိုးတို့ ပါဝင်ပါသည်။
သိုင်းဝိဇ္ဇာသူတော်စင်အဆင့်၏ ထိပ်သီးသို့ ရောက်ရှိသူများကို ရှေးဟောင်းသူတော်စင်များအဖြစ် အသိအမှတ်ပြုကြသည်။ မြင့်မြတ်သော ရှေးဟောင်းနိုင်ငံ၏ မူလအစမှာ ရှေးခေတ်မှ ရှေးဟောင်းသူတော်စင်များက တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ သူတို့သည် အကောင်းဆုံးသော မြေနေရာများကို ရွေးချယ်ပြီး နှစ်ပေါင်းများစွာကြာအောင် တည်ဆောက်ခဲ့ကြသည်။ ဤနေရာသည် လူသားဆယ်နိုင်ငံတွင် ပြိုက်ဘက်ကင်း ဗဟိုချက်မ ဖြစ်သည်။
အခြားသော ကိုးနိုင်ငံကို ပေါင်းလျှင်ပင် မြင့်မြတ်သော ရှေးဟောင်းနိုင်ငံကို နှိုင်းယှဉ်၍ မရနိုင်ပါ။
“သိုင်းဝိဇ္ဇာသူတော်စင် ကောင်းကင်ဘုံကိုးဆင့်….. ရှေးဟောင်းသူတော်စင်တွေ…..” ထိုစကားများကြောင့် စူးချန်ခုန်း စိတ်မလှုပ်ရှားဘဲ မနေနိုင်ခဲ့။
မဟာနတ်ဘုရားတန်ခိုးများကို ပိုင်ဆိုင်ပြီး ကျင့်စဉ်လမ်းတွင် အထွတ်အထိပ်သို့ ရောက်ရှိခဲ့သော ရှေးအကျဆုံး ပုဂ္ဂိုလ်များကို ရှေးဟောင်းသူတော်စင်များဟု ခေါ်ဆိုနိုင်သည်။ သူတို့သည် တိုင်းပြည်ဆယ်ခုတွင် အမှန်တကယ် အင်အားအကြီးဆုံးသူများဖြစ်ပြီး စည်းမျဉ်းများကို သတ်မှတ်သူများလည်း ဖြစ်ကြသည်။
“အဲ့ဒီ ရှေးဟောင်းသူတော်စင်တွေက ကျင့်ကြံရင်း ကွယ်လွန်သွားကြတာလား။ ဒါမှမဟုတ် အဲ့ဒီထက် ပိုမြင့်တဲ့ အဆင့်ကို တက်လှမ်းသွားကြတာလား။” စူးချန်ခုန်းက ထိုအကြောင်း မတွေးဘဲ မနေနိုင်ခဲ့ပါ။
မြင့်မြတ်သော ရှေးဟောင်းနိုင်ငံကို တည်ထောင်ခဲ့သည့် ကနဦး ရှေးဟောင်းသူတော်စင်များသည် ရှေးခေတ်တုန်းက အင်အားအကြီးဆုံးသူများ ဖြစ်ကြသည်။ သူတို့က ထိုမျှ အင်အားကြီးမားသည်ဖြစ်ရာ မသေမျိုးအဆင့်ကို ရနိုင်ခဲ့ကြမည်လားဟု သူစဉ်းစားမိသည်။ အကယ်၍ သူတို့ အမှန်တကယ် မသေဆုံးခဲ့ပါက နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင် ပိုမိုမြင့်မားသော နယ်ပယ်တစ်ခုသို့ ရောက်ရှိသွားတာမျိုး ရှိနိုင်ပါသည်။
သို့သော် ဤသို့ တွေးတောခြင်းမှာ မိမိအတွက် အလွန်ဝေးကွာလွန်းသေးကြောင်း မိမိကိုယ်တိုင်မှာ သိုင်းဝိဇ္ဇာ သူတော်စင်ပင် မဖြစ်သေးကြောင်း စူးချန်ခုန်းက သတိပြုမိပြီး စိတ်ကို ပြန်လည်စုစည်းလိုက်သည်။ မြင့်မားသောအရာများကို မျှော်လင့်ခြင်းထက် တစ်ဆင့်ချင်းစီ သွားရန်လိုအပ်ကြောင်း သူသိပါသည်။
“တာဝူဖုန်းရဲ့ အင်အားက သိုင်းဝိဇ္ဇာ သူတော်စင် ပထမအဆင့် အောက်မှာ ပြိုင်ဘက်ကင်းလုနီးပါးပဲ။ သွေးနတ်ဘုရားမျိုးစေ့ကို ပိုင်ဆိုင်ထားတဲ့ သွေးမိစ္ဆာဂိုဏ်းက သိုင်းပညာရှင်ငါးဦးတောင် သူ့ကို မယှဉ်နိုင်ဘူး။” ကျီးရွှယ်ရှောင်းက အလွန်အမင်း ချီးကျူးလိုက်သည်။
မြင့်မြတ်သော ရှေးဟောင်းနိုင်ငံ၏ အခြေအနေနှင့် သိုင်းဝိဇ္ဇာသူတော်စင်အဆင့်၏ အနိမ့်အမြင့်ကို စူးချန်ခုန်းက မေးမြန်းခဲ့ခြင်းကြောင့် သူသည် မျိုးနွယ်စုကြီး သို့မဟုတ် အင်အားကြီးဂိုဏ်းမှ လာသူမဟုတ်ဘဲ စွမ်းအားကြီး သိုင်းဝိဇ္ဇာသူတော်စင်တစ်ဦး၏ မျိုးဆက်လည်း မဟုတ်သည်ကို ကျီးရွှယ်ရှောင်း သဘောပေါက်သွားခဲ့သည်။
သူသည် အမှန်တကယ်ပင် သာမန်အဆင့်မှ တက်လာသူဖြစ်ပြီး မိမိ၏ ကြိုးစားအားထုတ်မှုဖြင့်သာ ယခုအဆင့်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။
စူးချန်ခုန်းသည် လွှမ်းမိုးနိုင်သည့် တိုက်ခိုက်ရေးစွမ်းရည်ဖြင့် သွေးမိစ္ဆာဂိုဏ်းမှ သိုင်းပညာရှင်ငါးဦးကို သတ်ဖြတ်ခဲ့သည်။ ဤကဲ့သို့သော အင်အားမျိုးဖြင့် သူသည် သိုင်းဝိဇ္ဇာသူတော်စင်အောက်တွင် ပြိုင်ဘက်ကင်းသူ ဖြစ်နေပြီး နတ်ဘုရားမျိုးစေ့ရှိသော သိုင်းဝိဇ္ဇာသူတော်စင်နှင့် မတွေ့သရွေ့ လွှမ်းမိုးထားနိုင်မည် ဖြစ်သည်။ လူဝင်စား သိုင်းဝိဇ္ဇာသူတော်စင်များနှင့် ယှဉ်လျှင်ပင် အားနည်းမည် မဟုတ်ပါ။
သိုင်းဝိဇ္ဇာသူတော်စင်များအကြောင်း ပြောရလျှင် အားအနည်းဆုံးသော သိုင်းဝိဇ္ဇာသူတော်စင်သည်ပင် အင်အားအကြီးဆုံး မူလနယ်ပယ် သိုင်းပညာရှင်တို့ လက်လှမ်းမမီနိုင်သော အဆင့်တွင် ရှိသည်။
နတ်ဘုရားမျိုးစေ့ကို အပြည့်အဝ ဖော်စပ်ပြီး ခန္ဓာကိုယ်အတွင်း အမြစ်တွယ်စေကာ ကိုယ်ခန္ဓာကို ပြုပြင်ပြောင်းလဲခြင်းက သိုင်းပညာရှင်တစ်ဦးကို သိုင်းဝိဇ္ဇာသူတော်စင်အဆင့်သို့ အမှန်တကယ် ကူးပြောင်းစေပြီး နတ်ဘုရားစွမ်းရည်၏ အစွမ်းအားလုံးကို ထုတ်ဖော်နိုင်စေပါသည်။ ဤသည်မှာ နှိုင်းယှဉ်၍ မရနိုင်သော အရာပင် ဖြစ်သည်။
“ခုနက တိုက်ပွဲမှာ ဧရာမဝေလငါး ခန္ဓာကိုယ်ကို မသုံးဘဲ သွေးနတ်ဘုရားမျိုးစေ့ ရှိတဲ့ ရှေးဟောင်းမိစ္ဆာဂိုဏ်းမှ သိုင်းပညာရှင်ငါးယောက်ကို သတ်နိုင်ခဲ့တယ်။ တကယ်လို့ ဧရာမဝေလငါး ခန္ဓာကိုယ်ကိုသာ သုံးခဲ့ရင် ငါ့ ခန္ဓာကိုယ်အင်အားက အဆမတန် မြင့်တက်သွားပြီး သိုင်းဝိဇ္ဇာသူတော်စင်အဆင့်ကို တကယ် ရောက်သွားမှာပဲ။” စူးချန်ခုန်းက တိတ်တဆိတ် ပြန်လည်စဉ်းစားနေသည်။ သိုင်းဝိဇ္ဇာသူတော်စင် ပထမအဆင့်အတွင်း၌ သူ၏ ကိုယ်ကာယအင်အားမှာ အားကောင်းသည်ဟု ဆိုနိုင်ပြီး ခန္ဓာကိုယ်ဖြင့် ပျံသန်းနိုင်စွမ်းလည်း ရှိမည် ဖြစ်ပါသည်။
ဆန်းကြယ်လိပ်ချီစွမ်းအင်အရည်ကို မသုံးဘဲနဲ့ ခန္ဓာကိုယ်အင်အားသက်သက်နဲ့တောင် သူတို့ကို ချေမှုန်းနိုင်လိမ့်မယ်။ သိုင်းဝိဇ္ဇာသူတော်စင် ပထမအဆင့်နှင့် ရင်ဆိုင်ရရင်လည်း တိုက်ခိုက်နိုင်စွမ်း ရှိလောက်တယ်။”
ယခုအခါ စူးချန်ခုန်းသည် နတ်ဘုရားစွမ်းရည်တု အဆင့်ရှိသော သိုင်းပညာ လေးမျိုးကို တတ်မြောက်ထားပြီး သူ၏ ဓားသိုင်းပညာမှာလည်း စိတ်ဝိညာဉ်နယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဤသည်မှာ အလွန်ပင် ထူးခြားဆန်းပြားပြီး အားနည်းချက် လုံးဝမရှိသော အခြေအနေဖြစ်သည်ဟု ဆိုနိုင်ပါသည်။
“မမရွှယ်ရှောင်း” ကြည်သာသော အသံတစ်ခု ကောင်းကင်မှ ထွက်ပေါ်လာခဲ့သည်။ တိမ်တိုက်များအကြားမှ စိမ်းပြာရောင် ဝိညာဉ်လေပြေများ ဝန်းရံထားသော အပြာရောင်ဝတ်စုံနှင့် မိန်းကလေးငယ်တစ်ဦးသည် သတိကြီးစွာဖြင့် ငုံ့ကြည့်နေသည်။ အောက်ဘက်က အခြေအနေကို မြင်သောအခါ သူမ သက်ပြင်းချနိုင်ခဲ့ပြီး အောက်သို့ ဆင်းသက်လာခဲ့ပါသည်။ သူမမှာ ဖုချင်းစစ် ဖြစ်သည်။
ကျီးရွှယ်ရှောင်း ဒဏ်ရာမရသည်ကို မြင်သောအခါ ဖုချင်းစစ် အလွန်ဝမ်းသာသွားခဲ့သည်။
“အစ်မ အဆင်ပြေပါတယ်။” ကျီးရွှယ်ရှောင်းက ရှားရှားပါးပါး ပြုံးပြလျက် ဖုချင်းစစ်၏ ဆံပင်များကို ဖွလိုက်သည်။
ကျီးရွှယ်ရှောင်းသည် ရှေးဟောင်းမိစ္ဆာဂိုဏ်းအကြောင်း စုံစမ်းရန်အတွက် အဖြူရောင်ညတိုင်းပြည်သို့ လာရောက်စဉ်က ဖုမိသားစုထံတွင် ခေတ္တတည်းခိုခဲ့ဖူးရာ ဖုချင်းစစ်နှင့် ဆုံတွေ့ဖူးခြင်း ဖြစ်သည်။
“ခုနက ကြောက်စရာကောင်းတဲ့ တိုက်ကွက်ကြီးက အကြီးအကဲတာ့၏ လက်ချက်လား” ဖုချင်းစစ်က မေးလိုက်သည်။ “အရမ်း ကြောက်စရာကောင်းတာပဲ။ အဝေးကြီးကတောင် အဲ့ဒီအရှိန်အဝါကို ခံစားမိတယ်။” သူမက တုန်လှုပ်စွာ ပြောလိုက်သည်။
“အရင်ဆုံး ရှင်းလင်းပြီးမှ ထွက်သွားကြရအောင်” စူးချန်ခုန်းက အမျိုးသမီးနှစ်ဦးကို ထိုသို့ ပြောလိုက်ပြီး တိုက်ပွဲဖြစ်ပွားရာနေရာကို နှောင့်နှေးခြင်းမရှိဘဲ ရှင်းလင်းခဲ့သည်။
အကြီးမားဆုံးသော ရလဒ်မှာ သွေးနတ်ဘုရားမျိုးစေ့ ငါးခု ဖြစ်သည်။
ဝတ်စုံနက်အဖိုးအိုနှင့် အခြားလေးဦးမှာ ရှေးဟောင်းမိစ္ဆာဂိုဏ်းမှ တပည့်များဖြစ်ပြီး သွေးနတ်ဘုရားမျိုးစေ့များကို ပိုင်ဆိုင်ထားသူများ ဖြစ်ကြသည်။ ကုလေ့နှင့် မော့ကျွင်းလင်တို့ကဲ့သို့သော သူများနှင့် နှိုင်းယှဉ်လျှင် သူတို့၏ အားသာချက်မှာ ထိုမျိုးစေ့များမှ သွေးမျိုးဆက် နတ်ဘုရားစွမ်းရည်များကို အသုံးပြုနိုင်ခြင်းဖြစ်ပြီး သူတို့၏ အစွမ်းမှာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှပါသည်။
“အစ်ကိုတာ့ အခုလို ကူညီပေးလို့ ရွှေးရှောင်း ကျေးဇူးအများကြီးတင်ပါတယ်။ နောင်ကျရင် အကူအညီ လိုအပ်ရင်လည်း အချိန်မရွေး ဆက်သွယ်နိုင်တယ်။” ကျီးရွှယ်ရှောင်းက စူးချန်ခုန်းကို ကျေးဇူးတင်စကား ပြောလိုက်သည်။
အကယ်၍ စူးချန်ခုန်းသာ မရှိခဲ့ပါက ကျီးရွှယ်ရှောင်းအနေဖြင့် လွတ်မြောက်ရန်အတွက် နတ်ဘုရားမျိုးစေ့ကို အသုံးပြု၍ သိုင်းဝိဇ္ဇာသူတော်စင်အဖြစ်သို့ အတင်းအကျပ် ကူးပြောင်းရန်သာ ရွေးချယ်စရာ ရှိပါလိမ့်မည်။ သို့သော် ထိုသို့ပြုလုပ်ခြင်းက သူမ၏ အလားအလာကို ထိခိုက်စေနိုင်ပြီး ဒုတိယမြောက် နတ်ဘုရားစွမ်းရည်ကို တတ်မြောက်ရန်နှင့် ဒုတိယကောင်းကင်ဘုံသို့ တက်လှမ်းရန် ခက်ခဲသွားစေမည် ဖြစ်သည်။