အခန်း ၁၉၇
Vol. 14 Ch. 197
အပိုင်း ( 197 )
ငါ့ကို သဘောမကျဘူးလား။ ငါဘာလုပ်လိုက်သင့်လဲ
လုချန်ရှန်းက ဤနေရာသို့ ရောက်ရှိလာသည့် အချိန်တွင် သူသည် အကြည့်ပေါင်းမြောက်များစွာကို ချက်ချင်းဆွဲဆောင်သွား၏။
“ သူပဲ “
“ ချင်းယီ “
“ … “
အသံများ ဟိန်းထွက်လာပြီး သူ့အပေါ်သို့ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည့် အကြည့်ပေါင်းများစွာ ကျရောက်လာခဲ့သည်။
“ ရို့ အားလုံးပဲ ထပ်တွေ့ကြပြန်ပြီနော်။ အဆင်ပြေကြရဲ့လား “ လုချန်ရှန်းသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုကာ နွေးနွေးထွေးထွေး နှုတ်ဆက်နေတော့သည်။
မဟာတောရိုင်း ခန်းမတစ်ခုတည်းကသာလျှင် သူ၏နှုတ်ဆက်မှုကို တုံ့ပြန်လာခဲ့၏ တစ်ခြားလူများကမူ သူ့ကို စူးစူးရဲရဲ စိုက်ကြည့်ကာ အံတကြိတ်ကြိတ် ဖြစ်သွားပြီး အရှင်လတ်လတ် အရေခွံဆုတ်နိုင်ပါစေဟု ဆုတောင်းနေကြတော့၏။
လူတစ်ချို့ကမူ အေးစက်စွာ လှောင်ပြောင်လာကြသည်။
“ သောက်ရမ်း စိတ်ရှုပ်ဖို့ကောင်းတယ် “
“ ချီးပဲ “
“ … “
သူတို့အားလုံး ဒေါသတကြီး ဖြစ်သွားကြသည်။
ကူချန်ကျွင်းက ဟွာရှုနယ်ပယ် ပညာရှင် ခြောက်ဦးကို သတ်ဖြတ်ခဲ့ပြီး ထိုလူများက ဤနေရာတွင် ရှိနေသည့် လူများနှင့် အနည်းနှင့်အများဆိုသလို သက်ဆိုင်နေပြီး ထိုခြောက်ဦးက သူတို့၏ သွေးသားရင်းချာများပင် ဖြစ်နေနိုင်ပေသည် ထို့ကြောင့် မည်သူက ဒေါသမထွက်ဘဲ အောင့်အီးသည်းခံနိုင်မည်နည်း။
၎င်းကို မြင်လိုက်ရသောအခါတွင် ရင်နန်ဟိုင်က စကားဝင်ပြောလာခဲ့သည် “ အစ်ကိုချင်း သူတို့က မင်းကို လျစ်လျူရှုထားကြတယ် “
သို့ရာ၌ ထိုစကားကို ကြားလိုက်ရသောအခါတွင် ထိုလူများ၏ အမူအရာများက ပိုမိုဆိုးရွားသွားခဲ့သည်။ ငါတို့က ရိုင်းစိုင်းပြီး အကျင့်စာရိတ္တမကောင်းဘူးလို့ ငါတို့ကို မျက်နှာချင်းဆိုင် ပြောချင်နေတာလား။
သို့ရာတွင် ကျင်းယုက စကားထပ်ပြောလာခဲ့၏ “အစ်ကိုကြီး သူတို့က လူတွေကို စားချင်နေကြတယ်လို့ ကျွန်တော်ထင်တယ် “
သူအနည်းငယ် စိတ်လှုပ်ရှားနေလျက်ရှိသည် ၎င်းတို့အားလုံးက အကောင်ကြီးများဖြစ်ပြီး ထျန်းရီ မြင့်မြတ်နယ်မြေနှင့် ထျန်းကျီစံအိမ် နှစ်ခုစလုံးက အရှေ့ပိုင်းဒေသအရှင်သခင်များ ဖြစ်သည်။
လုချန်ရှန်းက သူ၏လက်ကို ဝေ့ရမ်းကာ တုံ့ပြန်လိုက်သည် “ ဘာပဲဖြစ်ဖြစ်ပါလေ သူတို့က ငါ့ကို မကိုက်ရဲကြပါဘူးကွာ “
“ မင်း ……… “
စိတ်တိုလွယ်သူများသည် မည်သို့မျှ သည်းမခံနိုင်တော့ပေ သို့သော် သူတို့သည် သူတို့ဘေးနားတွင် ရှိနေသော လူများ၏ တားဆီးခြင်းကို ခံလိုက်ရသည်။
သူတို့က ကူချန်ကျွင်းကို ရန်မစလိုကြပေ။
သို့သော် ဤလူက အလွန်တရာ မုန်းတီးဖွယ်ကောင်းသည်ဟု ခံစားနေကြရ၏။
“ သွားကြစို့ “
ထို့နောက်၌ လုချန်ရှန်းသည် ကောင်းကင်ထပ်ပိုမိုမြင့်မားသော တောင်တန်းများဆီသို့ တစ်ခြားလူများကို ဦးဆောင်သွားတော့သည်။
ဤနေရာရှိ အခွင့်အလမ်းကို လက်ဝါးကြီးအုပ်လိုပုံရကာ ဤဧရိယာကို စောင့်ကြပ်နေသည့် လူများ ရှိနေခဲ့သည်။ အင်အားစုကြီးများ၏ လူများမှအပ လူအများစုက တားဆီးပိတ်ဆို့ခံခဲ့ရ၏။
ထို့ကြောင့်ပင် ကျင်းယုနှင့် တစ်ခြားလူများက မိုင်ထောင်နှင့်ချီ၍ ခရီးနှင်ကာ လုချန်ရှန်းကို လာရှာခဲ့ခြင်း ဖြစ်သည်။
ထိုလူများက လမ်းပိတ်ထားသည်ကို မြင်လိုက်ရသောအခါတွင် လုချန်ရှန်းသည် ချက်ချင်းပါးရိုက်ကာ တစ်စုံတစ်ဦးကို ကန်ကျောက်လိုက်၏။
“ ဝမ်ထျန်တောင်တန်းကို မင်းတို့မိသားစုက ပိုင်တာလား “
“ ချင်းယီ မင်း ……… “
“ ဘာကိုမင်းလဲ။ ငါ့ကို ကြည့်မရဘူးလား။ မင်းတို့က ဘာလုပ်နိုင်လို့လဲ “ လုချန်ရှန်းသည် သူ၏ခေါင်းကို ခပ်မြင့်မြင့် မော့ထားခဲ့ကာ အလွန်တရာ မောက်မာနေခဲ့၏။
သို့သော် မွေးရာပါ ဝိညာဥ်ပညာရှင်များကပင် သူတို့၏ စိတ်ဆန္ဒများကို ဖိနှိပ်ချုပ်တည်းနေခဲ့ကြသည်။
ဟွာရှုနယ်ပယ် ပညာရှင်များကပင် ၎င်းကို သည်းခံနေကြရ၏ သူတို့က မည်သည့်အရာကို လုပ်ဆောင်နိုင်သနည်း။
အကယ်၍ သူတို့က သေခြင်းတရားကို မကြောက်ဘူးဆိုလျှင်တောင်မှ အကယ်၍ သူတို့က သူ့ကို ထိခိုက်နာကျင်အောင် လုပ်လိုက်မည်ဆိုပါက ကူချန်ကျွင်းက သူတို့ကို လာရှာမည်ဖြစ်ပြီး ၎င်းက လူတစ်ဦး(သို့)နှစ်ဦးကို သတ်ဖြတ်ခြင်းလောက် ရိုးရှင်းနေမည် မဟုတ်ပေ။ ထိုလူက မြင့်မြတ်နယ်မြေတစ်ခု၏ အခြေခံအုတ်မြစ်ကိုပင် လှုပ်ခါနိုင်စွမ်းရှိသည့် လူတစ်ဦးဖြစ်သောကြောင့် သူတို့က ထိုလူ့ကို အမှန်တကယ် ရန်မစလိုကြပေ။
ရွေးချယ်စရာ မရှိတော့သောကြောင့် လူအနည်းငယ်က လမ်းဖယ်ပေးလိုက်ကြသည်။
လုချန်ရှန်းမှာလည်း ခေါင်းငြိမ့်ပြကာ တုံ့ပြန်လိုက်၏ “ အင်း ခင်ဗျားတို့မှာ အသိစိတ်ရှိသေးတာက ကောင်းတယ် “
ထိုစကားတစ်ခွန်းက အဆိုပါ အင်အားစုများကို သွေးအန်လုနီးပါး ဖြစ်သွားစေခဲ့၏။
လုချန်ရှန်းကမူ သူက ယခင်က အလွန်တရာ မိုက်မဲခဲ့သည်ဟု ခံစားနေရတော့၏။ ကူချန်ကျွင်း၏ တပည့်ဟူသော ဂုဏ်ပုဒ်က မည်မျှအသုံးတည့်လိုက်သနည်း။ မည်သည့်အတွက်ကြောင့် သူ့အသက်ကို စွန့်စားနေရမည်နည်း။
ရင်နန်ဟိုင်က ဂုဏ်ယူဝင့်ကြွားသွားပြီး ကျင်းယုမှာလည်း တပြုံးပြုံး ဖြစ်သွားတော့၏ ထိုကဲ့သို့သော ခံစားချက်မျိုးက အံ့ဖွယ်ကောင်းသည်အထိ သက်တောင့်သက်သာရှိလှပေသည်။
သို့ရာ၌ ရှေ့တက်ကာ တောင်တန်းများအတွင်းသို့ ဦးတည်သွားသည့် အချိန်တွင် လမ်းကြောင်းသည် ကြည်လင်အေးမြသော ရေတို့ဖြင့် လှပတင့်တယ်နေလျက်ရှိပြီး မြင်တွေ့ရသမျှ အရာအားလုံးက အလွန်တရာ သာယာလှပနေလျက်ရှိ၏။
မလှမ်းမကမ်း၌ လူတော်တော်များများက ဘက်ပေါင်းစုံတွင် မတ်တပ်ရပ်နေကြပြီး မြူခိုးများအလွန်ကို ငေးကြည့်နေခဲ့ကြသည်။
တစ်ခဏအတွင်းမှာပင် ထိုနေရာသို့ အကြည့်ပေါင်းများစွာ ရောက်ရှိလာခဲ့သည်။
ဆံနီလူငယ်သည် စိတ်ခံစားချက် ကင်းမဲ့နေသော အမူအရာမျိုးဖြင့် လုချန်ရှန်းကို ငေးကြည့်လာခဲ့သည် သို့သော် သူ၏မျက်လုံးများအတွင်းတွင် မောက်မာမှုများ ကိန်းဝပ်နေလျက်ရှိ၏။
“ သူက ချင်းယီလား “
“ ဟုတ်ပါတယ် “
တစ်ခြားလူများက တလေးတစား တုံ့ပြန်လိုက်ကြသည်။
လူငယ်၏ အမည်က ချီယန်ဖြစ်ပြီး သူက ထျန်းရီ မြင့်မြတ်နယ်မြေ၏ အမည်ခံ သူတော်စင်တစ်ဦး ဖြစ်သည်။ သူတော်စင်ရာထူး/အဆင့်အတန်းအတွက် ယှဥ်ပြိုင်ရာတွင် သူက အနည်းငယ်မျှသာ နိမ့်ကျသည်ဟု ကောလဟာလများ ထွက်နေခဲ့သည်။
“ သူက အူတိုင်ဖွဲ့စည်းခြင်း နယ်ပယ် ကျင့်ကြံသူလေးတစ်ယောက်ပဲလေ ဒါပင်မဲ့ တောင်ပိုင်းတစ်ခုလုံးကို မွှေနှောက်ခဲ့တယ် အဲ့တာက တော်တော်လေး ရယ်စရာကောင်းတယ် “
ချီယန်၏ မျက်ဝန်းများ အတွင်းတွင် မထီမဲ့မြင်ပြုမှုများ ကိန်းဝပ်နေလျက်ရှိပြီး လုချန်ရှန်းကို မျက်လုံးထဲပင် မထည့်ပေ။
သည့်အပြင် ဤနေရာသို့ မိုးကြိုးငှက်မျိုးနွယ်စုကပါ ရောက်ရှိနေခဲ့သည်။ ရှန်လင်းသည် ဒေါသတို့ဖြင့် ဖုံးလွှမ်းနေသော မျက်လုံးများနှင့် လုချန်ရှန်းကို ငေးကြည့်နေခဲ့၏။
သူ၏ဘေးတစ်ဖက်တွင် လက်နောက်ပစ်ထားသော ဟန်အမူအရာနှင့် လူငယ်တစ်ဦး မတ်တပ်ရပ်နေခဲ့ပြီး သူ၏အကြည့်အတွင်းတွင်လည်း ကြီးမားသော မောက်မာမှုများ ကိန်းဝပ်နေခဲ့၏။
“ လျှပ်စီးကျီ သူလည်းရောက်လာတာပဲ “ ကျင်းယုထံမှ အာမေဋိတ်သံ ပေါ်ထွက်လာခဲ့၏။
ရင်နန်ဟိုင်ကပါ စကားဝင်ပြောလာခဲ့သည် “ ဒီနေရာမှာ မိုးကြိုးရေကန်ရှိတယ် မိုးကြိုးငှက်တွေက အဲ့တာကို တော်တော်လေး တန်ဖိုးထားကြတယ် “
လုချန်ရှန်းမှာလည်း လျှပ်စီးကျီက ရှန်လင်း၏ အစ်ကိုဖြစ်သည်ဆိုသည်ကို ထိုလူနှစ်ဦးထံမှ သိလိုက်ရသည် သူက အဆိုပါ မျိုးနွယ်စု၏ အနာဂတ် အမွေခံဖြစ်ပြီး မွေးရာပါ ဝိညာဥ် အဆင့်၄ ကျင့်ကြံရေးကို ပိုင်ဆိုင်ထားခဲ့သည်။
“ ချင်းယီ မဟုတ်ဘူး မင်းကို လုချန်ရှန်းလို့ပဲ ခေါ်သင့်တယ် “
မလှမ်းမကမ်းရှိ လူတစ်ဦးက စကားဝင်ပြောလာခဲ့သည်။ ခေါင်းမြင့်မြင့်မော့ထားကာ အသက်နှစ်ဆယ်ကျော်ပုံရသည့် ပုံရိပ်တစ်ခု မတ်တပ်ရပ်နေလျက်ရှိပြီး သူသည် အလွန်တရာ ချောမောကာ စူးရှသော မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်ထားခဲ့သည်။
“ ပန်ဘုရင်လေးပဲ မတွေ့ရတာတောင်ကြာပြီ “
လုချန်ရှန်းက တုံ့ပြန်လိုက်၏။ သူသည် ထိုလူငယ်ကို လေးစားနေသေးသည် သူက ယခင်က သူတို့၏ တိုက်ပွဲတွင် ရှုံးသွားခဲ့သော်လည်း မည်သို့မျှ စောဒကမတက်မလာခဲ့ပေ။
သူသည် ရှုံးနိမ့်မှုကို ခံနိုင်ရည်ရှိပြီး အညှိုးအတေး မထားတတ်ဘဲ အခက်အခဲများကြောင့် နောက်မဆုတ်သွားခဲ့ပေ။ ထို့အစား သူသည် ကိုယ့်ကိုကိုယ် တွန်းအားပေးကာ တိုက်ပွဲတစ်ခုချင်းစီတိုင်းနှင့်အတူ ပိုမိုအားကောင်းလာခဲ့သည်။
“ နဂါးနစ်မြုပ်ခြင်း နယ်မြေထဲမှာ ငါမင်းနဲ့ တိုက်ခိုက်ချင်ခဲ့တယ် ဒါပင်မဲ့ မင်းကို လုံးဝရှာမတွေ့ခဲ့ဘူး။ ဒီတစ်ကြိမ် မင်းလာခဲ့တဲ့အတွက် ငါတော်တော်ပျော်တယ် “
“ တိုက်ချင်တယ်ဆိုရင် စောင့်နေဦး “
လုချန်ရှန်းက လက်ဝေ့ရမ်းပြလိုက်သည်။ ၎င်းက သူ့ကို အထင်သေးနေခြင်း မဟုတ်ပေ။ ရင်ဖုန်းက အမှန်တကယ် အံ့ဖွယ်ကောင်းပေသည်။ သူ၏နယ်ပယ်က အမြင့်ဆုံး မဟုတ်သော်လည်း သူက အတုယူဖွယ်အကောင်းဆုံး ဖြစ်ပေသည်။ အချိန်တိုအတွင်းမှာပင် သူ၏ ကျင့်ကြံရေးက အူတိုင်ဖွဲ့စည်းခြင်း အဆင့်၇သို့ ရောက်ရှိသွားခဲ့သည်။
ရင်နန်ဟိုင်က စကားဝင်ပြောလာခဲ့၏ “ အဲ့ဒီပန်ငှက်က တော်တော်လေးကို ထူးခြားတယ်။ သူက သူ့ရဲ့ ဘိုးဘေးသွေးမျိုးဆက်ကို နိုးထနိုင်ခဲ့တဲ့ပုံပဲ “
သူ၏ဘိုးဘေးသွေးမျိုးဆက်ကို နိုးထနိုင်ခဲ့မည်ဆိုပါက သူက ပိုမိုသန်မာအားကောင်းလာမည်ဖြစ်ကြောင်းကို လုချန်ရှန်းက ယခုမှသာလျှင် သိရှိသွားခဲ့သည်။ သို့ရာတွင် ထိုလူသည် သူ၏ ကျင့်ကြံရေးကိုသာ အာရုံစိုက်နေခဲ့ပြီး ယခုတွင် ကိုယ့်ကိုကိုယ် လုံလုံလောက်လောက် ပြုပြင်ပြင်ဆင်ခဲ့ပြီးပြီဖြစ်သည်။
သို့ရာ၌ ရင်ဖုန်း၏ ဘေးဘက်တွင် အမျိုးသမီးတစ်ဦး ရှိနေခဲ့သည်။ ၎င်းက ပန်အမျိုးသမီးတစ်ဦးဖြစ်ပြီး သူမက သူ၏ကမ္ဘာမကြေရန်သူဖြစ်သည်ဟု ရှောင်ဟေးက ပြောပြခဲ့ဖူးသည့် ပန်ဘုရင်လေး၏ အစ်မပင် ဖြစ်သည်။
လုချန်ရှန်းသည် ထိုလူများကို အေးအေးလူလူ ငေးကြည့်နေခဲ့သည်။
လူအုပ်အတွင်းတွင် မိုချင်ပါ ရှိနေခဲ့ပြီး သူတို့နှစ်ဦး အကြည့်ချင်း ဆုံသွားအချိန်တွင် သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်။
ထူးဆန်းသည်မှာ သူက နဂါးသွေးကြောတစ်ခုကို ဆွဲဆောင်နိုင်ခဲ့ကာ ကံတရားကို သိမ်းပိုက်နိုင်ခဲ့သော်လည်း ထိုလူက သူတို့နှစ်ဦး ပထမဦးဆုံးအကြိမ် ဆုံတွေ့ခဲ့ရစဥ် အချိန်ကကဲ့သို့ ဖြူဖျော့ဖျော့နှင့် အားနည်းနေပုံရခြင်းပင် ဖြစ်သည်။
“ ထျန်းကျီစံအိမ်ရဲ့ အဲ့ဒီသူတော်စင်ကလည်း လူကောင်းမဟုတ်တဲ့ပုံပဲ “
လုချန်ရှန်းသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုရင်းဖြင့် အေးဆေးတည်ငြိမ်စွာ မတ်တပ်ရပ်၍ အကြည့်များပေါင်းများစွာကို ခံယူခဲ့နေသည်။
မြူခိုးများ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည့် အချိန်မှသာလျှင် လူတိုင်းက စတင်၍ လှုပ်ရှားလာကြသည်။
ထိုလူများက အဝေးသို့ တစ်ဦးပြီးတစ်ဦး ထွက်ခွာသွားသောကြောင့် လုချန်ရှန်း အံ့အားသင့်သွားခဲ့သည်။
“ ထူးဆန်းတယ် “
“ ဘာထူးဆန်းတာလဲ “ ဟု ကျင်းယုက မေးမြန်းလိုက်သည်။
လုချန်ရှန်းက တုံ့ပြန်လိုက်၏ “ ပန်ဘုရင်လေးက ငါ့ကို စိန်ခေါ်တာက လွဲပြီးတော့ ဘယ်သူကမှ ငါ့ကို ရန်လာမစကြဘူး။ သူတို့က ငါ့ဆရာကို တကယ်ကြီး ကြောက်နေကြတာလား “
ရင်နန်ဟိုင်၏ အမူအရာ ရှုံ့မဲ့သွားကာ ပြန်ပြောလာခဲ့သည် “ မင်းဆရာကို မကြောက်တဲ့လူက နည်းနည်းလေးပဲ ရှိတာလေ “
သူတိုက်ရိုက်ထုတ်ပြော၍ မရသော ကိစ္စတစ်ချို့ ရှိပေသည်။ ကူချန်ကျွင်းက အရူးကြီးဆိုသည်ကို မည်သူက မသိသနည်း။ မြင့်မြတ်နယ်မြေတစ်ခုကပင် သူ့ကို ရန်မစလိုကြပေ။
ကျင်းယုက စကားထပ်ပြောလာခဲ့သည် “ တကယ်တော့ နောက်ထပ်အကြောင်းအရင်းတစ်ခု ရှိသေးတယ် “
“ ဘာကြီးလဲ “
“ လူအများစုက မိုးကြိုးရေကန်အတွက် ရောက်လာကြတာလေ။ ဒီနေရာက မိုးကြိုးရေကန် အတော်လေးရှိတယ်ဆိုပင်မဲ့ အဲ့အခွင့်အလမ်းကို ရဖို့အတွက် မိုးကြိုးအဆောင်ကို မဖြစ်မနေ လိုအပ်တယ် “
“ မိုးကြိုးအဆောင်က ဘာကြီးလဲ “
ရင်နန်ဟိုင်ကပါ စကားဝိုင်းအတွင်းသို့ ဝင်ပါလာခဲ့သည် “ ဆေးညွှန်းတစ်ခုနဲ့ သဘောတရားတူတူပဲလေ။ မိုးကြိုးအဆောင်နဲ့ မိုးကြိုးရေကန်ထဲကို ဝင်သွားတာက မိုးကြိုးရေကန်ကို အသက်သွင်းနိုင်တယ်လေ။ တကယ်လို့ မိုးကြိုးအဆောင်သာ လုံလုံလောက်လောက် ရှိနေမယ်ဆိုရင် မိုးကြိုးတာအို နိယာမကိုတောင် ထိတွေ့မိနိုင်တယ် “
“ ဪ အဲ့လိုကိုး “
လုချန်ရှန်းသည် ခေါင်းတငြိမ့်ငြိမ့် ဖြစ်သွားကာ ၎င်းကမည်သည့်အရာကို ဆိုလိုလဲဆိုသည်ကို အကြမ်းဖျင်း နားလည်သွားခဲ့သည်။
လမ်းလျှောက်ဝင်လာရင်းဖြင့် သူသည် မိုးကြိုးအဆောင်ကို မည်ကဲ့သို့ယူဆောင်ရမလဲဆိုသည်ကို မေးမြန်းရန် ပြင်လိုက်သည် ထိုစဥ် သူသည် အဝေးတွင် မိုးကြိုးတို့နှင့် ဖုံးလွှမ်းနေသည့် သားရဲကောင်တစ်ကောင်က တောင်တန်းတို့အား ဖြိုခွင်းနေသည်ကို မြင်တွေ့လိုက်ရသည်။
၎င်းက ကျားဖြူတစ်ကောင်နှင့် ဆင်တူပြီး မိုးကြိုးတို့ဖြင့် ဖုံးလွှမ်းနေလျက်ရှိကာ ကြီးမားသော အမြှီးတစ်ချောင်းက အလျားလိုက် ရွေ့လျားနေပြီး မြေပြင်ကို လှုပ်ခါသွားစေခဲ့သည်။ ၎င်း၏ စွမ်းအားက မွေးရာပါ ဝိညာဥ်နယ်ပယ်ထပ် ကျော်လွန်နေခဲ့သည်။
“ အဲ့တာက မိုးကြိုးဝိညာဥ်လေ ယွမ်ဝိညာဥ်လိုပဲ။ မိုးကြိုးဝိညာဥ်ကို သတ်လိုက်ရင် အမှတ်အသား တစ်ခုရလိမ့်မယ် အဲ့တာက မိုးကြိုးအဆောင်လေ “
ရှင်းပြမှုကို နားထောင်ခဲ့ပြီးသည့်နောက်တွင် လုချန်ရှန်းက အနည်းငယ် အံ့အားသင့်သွားခဲ့ပြီး မိုးကြိုးကျားကို ငေးကြည့်ကာ မျက်မှောင်ကြုတ်သွားတော့၏။
သူသည် ထိုလူများက မည်သည့်အတွက်ကြောင့် သူ့အား ပြဿနာမရှာရလဲဆိုသည်ကို ရုတ်တရက် နားလည်သွားခဲ့သည်။
သူတို့က မွေးရာပါ ဝိညာဥ်နယ်ပယ် ကျင့်ကြံသူများ ဖြစ်ကြသော်လည်း မိုးကြိုးကို ထိန်းချုပ်နိုင်သည့် မွေးရာပါ ဝိညာဥ်၏ ဘုန်းတန်ခိုးကို မည်ကဲ့သို့ ယှဥ်နိုင်ကြမည်နည်း။
“ အခွင့်အလမ်းကို ရှာဖို့မလွယ်ဘူးပဲ အသက်ကို စွန့်စားရဦးမယ် “
လုချန်ရှန်းသည် သက်ပြင်းချကာ မိုးကြိုးကျားကြောင့် အနည်းငယ် စိုးရိမ်မိသွားခဲ့သည်။
--
……………………………………………………………………………………………………………………………………..