← Chapters

အခန်း ၁၉၈

Vol. 14 Ch. 198

အခန်း ၁၉၈

Vol. 14 Ch. 198

အပိုင်း ( 198 )

ဒီနာမည်ခံ သူတော်စင်က လူကောင်းလေးပဲဟ

မိုးကြိုးကျား၏ ဟိန်းဟောက်မှုက တောင်တန်းဒေသတစ်ခုလုံးကို လှုပ်ရမ်းစေခဲ့သည်။

အကြည့်တစ်ချက်ကပင် လူတော်တော်များများကို ကတုန်ကရင် ဖြစ်သွားစေခဲ့၏။

လုချန်ရှန်းက အကြမ်းဖျင်း နားလည်သွားခဲ့သည် ထိုလူများက မွေးရာပါ ဝိညာဥ် ပညာရှင်တစ်စုကို ခေါ်ဆောင်သွားခြင်းက အံ့ဩဖွယ်ရာ မဟုတ်တော့ပေ။

အကယ်၍ အကူအညီပေးမည့် လူများ မရှိဘူးဆိုပါက သူတို့က မိုးကြိုးအဆောင်ကို ယူဆောင်နိုင်လိမ့်မည် မဟုတ်ပေ။

“ အစ်ကိုကြီး ကျုပ်တို့က ဘာဆက်လုပ်သင့်လဲ “ ဟု ကျင်းယုက မေးမြန်းလိုက်၏။

လုချန်ရှန်းက တဖန်ပြန်၍ မေးခွန်းထုတ်လိုက်၏ “ ငါတို့က ဘာလုပ်သင့်တယ်လို့ မင်းထင်လဲ “

“ အားနည်းတဲ့ကောင်တစ်ချို့ကို ရှာသတ်မယ်လေ တကယ်လို့ မိုးကြိုးအဆောင်က သိပ်မစွမ်းဘူးဆိုရင် အဆင်ပြေမဲ့ပုံပါပဲ “

ရင်နန်ဟိုင်သည် ယုံကြည်မှု အနည်းငယ်ကင်းမဲ့နေသည့် လေသံမျိုးဖြင့် စကားဝင်ပြောလာခဲ့သည်။

သူတို့က ဤနေရာအတွင်းသို့ ရောက်လာခြင်းကပင် အတော်လေး ကောင်းနေခဲ့ပြီ ဖြစ်သည်။

ကျင်းယုကပါ ခေါင်းတငြိမ့်ငြိမ့်ဖြင့် စကားထပ်ပြောလာခဲ့၏ “ အဲ့တာက အဓိပ္ပါယ်ရှိတယ်လို့ ကျွန်တော်ထင်တယ် “

“ အင်း “

လုချန်ရှန်းသည် ခေါင်းငြိမ့်ပြလိုက်ကာ ဘာမှထပ်မပြောတော့ပေ။ သူက သူတို့ကို မတားဆီးလိုက်ပေ။

သူတို့ထံတွင် ကိုယ်ပိုင်အစီအစဥ် ရှိနေခဲ့ပြီး သူတို့ကလည်း ကောင်းစွာမရင်းနှီးသောကြောင့် သူတို့အတွက် သူတို့ကို စွန့်စားခြင်း(သို့) သူ၏အခွင့်အလမ်းကို အခမဲ့ မျှဝေပေးခြင်းတို့ ပြုလုပ်မည် မဟုတ်ပေ။

သူတို့စကားပြောနေကြစဥ် အချိန်မှာပင် လူတော်တော်များများ ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။

ထိုစဥ် ပုံရိပ်တစ်ခုက ကောင်းကင်ထက်သို့ ခုန်တက်သွားပြီး ဧရာမ ငွေရောင်ငှက်ကြီးတစ်ကောင်အဖြစ် အသွင်ပြောင်းကာ မိုးကြိုးကျားဆီသို့ ပြေးတက်သွားတော့သည်။

၎င်းက လျှပ်စီးကျီပင် ဖြစ်သည်။

သူ၏ ပတ်ပတ်လည်တွင် ရှိနေသည့် လူများကလည်း တစ်ပြိုင်နက်တိုက်ခိုက်လာကာ ၎င်းကို အတူတူ ဖိနှိပ်နေကြတော့၏။

အဆုံးမဲ့ မိုးကြိုးများ ကောင်းကင်ထက်သို့ မြင့်တက်လာခဲ့သည် တစ်ကမ္ဘာလုံး တစ်ခဏခန့် ဖရိုဖရဲ ဖြစ်သွားပုံရ၏။

ထိုအချိန်တွင် နှစ်ဖက်စလုံးက အလွန်တရာ မြန်ဆန်သော အမြန်နှုန်းဖြင့် တိုက်ခိုက်နေလျက်ရှိသည်။

မိုးကြိုးကျား ဖိနှိပ်ခံလိုက်ရသည် သို့သော် အရေးကြီးသော အခိုက်အတန့်တွင် ကောင်းကင်ဘုံက ဟိန်းဟောက်လာခဲ့ပြီး ကောင်းကင်ဘုံ၏ စွမ်းအားကို ငှားယူလိုက်သကဲ့သို့ မိုးကြိုးများ ကျဆင်းလာခဲ့၏။

“ ချီးပဲ အဲ့လောက်တောင် သတ်ရခက်တာလားဟ ” လုချန်ရှန်း မျက်မှောင်ကြုတ်သွားခဲ့သည်။

သူ့အရှေ့တွင် မြင်နေရသည့်ကောင်ကို ကိုင်တွယ်ဖြေရှင်းရန်အတွက် အချိန် ကြိုးစားအားထုတ်မှုနှင့် ဒုက္ခအများအပြား ခံယူရမည် ဖြစ်သည်။

သူသည် ထိုနေရာကို အဆက်မပြတ် ငေးကြည့်နေလျက်ရှိသည်။ တိုက်ပွဲကြီးတစ်ခု ဆင်နွှဲခဲ့ပြီးသည့်နောက်တွင် လျှပ်စီးကျီနှင့် သူ၏ အဖွဲ့က မိုးကြိုးကျားကို အနိုင်ယူနိုင်ခဲ့သော်လည်း ၎င်းက အလွန်တရာ ခက်ခဲခဲ့လေသည်။

မိုးကြိုးကျားကို သတ်ဖြတ်ခဲ့ပြီးသည့်နောက်မှာပင် သူတို့သည် လုံးဝမရပ်တန့်သွားဘဲ တစ်ခဏခန့်သာ အနားယူကာ တစ်ခြားသော ဦးတည်ချက်တစ်ဖက်သို့ အလောတကြီး ပြေးထွက်သွားကြသည်။

“ အဲ့လောက်တောင် လောနေတာလားဟ “

လုချန်ရှန်း အံ့အားသင့်သွားခဲ့၏ သူသည် ရှေ့သို့ခြေတစ်လှမ်းလှမ်းကာ ကောင်းကင်ပြင်ကို ကျော်ဖြတ်၍ ထိုလူများနောက်သို့ ပြေးလိုက်သွားတော့သည်။

သူသည် အကြေးခွံတို့ဖြင့် ဖုံးလွှမ်းနေသည့် ဧရာမငှက်ကြီးတစ်ကောင်က ကောင်းကင်ယံတွင် လှည့်ပတ်နေကာ သက်လတ်ပိုင်းလူသုံးဦးက ၎င်းကို တင်းကြပ်စွာ ပိတ်လှောင်ထားသည်ကို မြင်တွေ့သွား၏။

လျှပ်စီးကျီနှင့် တစ်ခြားလူများပါ ရောက်လာခဲ့ပြီး တိုက်ပွဲအတွင်းသို့ ချက်ချင်းဝင်ရောက်လာကြသည်။

ချက်ချင်းဆိုသလိုပင် အဆုံးမဲ့ မိုးကြိုးများ ပေါက်ထွက်လာခဲ့သည် သူတို့သည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ မိုးကြိုးဝိညာဥ်ကို သတ်ဖြတ်ရန် ကြိုးပမ်းနေကြတော့သည် တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေလျက်ရှိပြီး ဒေသတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့၏။

“ သူတို့ကတောင် အဲ့လိုမျိုး ဖြစ်နေတာကြကို တစ်ခြားလူတွေ ဝင်လာမှာကို တားဆီးဖို့ လိုအပ်သေးလို့လားဟ “

လုချန်ရှန်းသည် နားမလည်နိုင်ဖြစ်သွားခဲ့သည် သာမန်လူများ ဝင်လာခြင်းက အချည်းနှီးသာ ဖြစ်နေပေလိမ့်မည် သူတို့ထံတွင် အင်အားတစ်ချို့ ရှိနေမည်ဆိုလျှင်တောင်မှ မိုးကြိုးဝိညာဥ်က မကုန်ခမ်းနိုင်သော စွမ်းအားမျိုး ပိုင်ဆိုင်ထားပုံရသောကြောင့် သူတို့က ၎င်းကို အနိုင်ယူနိုင်သည့် အချိန်အထိ တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။

ထို့အပြင် အင်အားစုကြီးများ၏ တိုက်ခိုက်မှုနည်းလမ်းနှင့်ဆိုပါက တစ်ခြားလူများက မိုးကြိုးအဆောင်ကို ရယူရန်အတွက် အခွင့်အရေးတစ်ခုပင် ရလိမ့်မည် မဟုတ်ပေ။

သို့ရာတွင် အဆိုပါဖြစ်ရပ်မှတစ်ဆင့် သူသည် ဤမိုးကြိုးရေကန်၏ အရေးပါမှုကို နားလည်သွားခဲ့သည်။

အကယ်၍ ၎င်းကသာ အရေးမကြီးပါဘူးဆိုပါက မိုးကြိုးငှက်မျိုးနွယ်စုကဲ့သို့သော အင်အားစုကြီးတစ်ခုကပင် ဤကဲ့သို့ အလောတကြီး လှုပ်ရှားနေလိမ့်မည် မဟုတ်ပေ။

“ ဘယ်လောက်တောင် ခေါင်းကိုက်စရာကောင်းလိုက်လဲ ငါက အဲ့မိုးကြိုးအဆောင်ကို ဘယ်လိုလုပ် အရယူရမှာလဲ “ လုချန်ရှန်းသည် သက်ပြင်းတချချဖြင့် ခေါင်းကိုက်သွားတော့၏။

သူသည် အဆိုပါ အခွင့်အလမ်းကို မျက်စိကျနေသော်လည်း ၎င်းက လွယ်ကူမနေခဲ့ပေ။

ထိုစဥ် ရယ်မောသံတစ်သံ ပေါ်ထွက်လာခဲ့၏။

“ ဘာလဲ စစ်ပွဲဘုရင် မရှိတော့ မင်းဆီမှာ ဘာနည်းလမ်းမှ မရှိတော့ဘူးလား “

လုချန်ရှန်းက ခေါင်းလှည့်ကြည့်လိုက်ရာ မတ်တပ်ရပ်နေသည့် ချီယန်ကို မြင်တွေ့သွားခဲ့သည်။

သူသည် ပညာရှင်များကို ဦးဆောင်ကာ လက်နောက်ပစ်ထားသော ဟန်အမူအရာဖြင့် မတ်တပ်ရပ်နေလျက်ရှိသည် သူသည် တိုက်ပွဲတစ်ခုကို ဆင်နွှဲထားကာ ဤနေရာရှိ လှုပ်ခတ်မှုကြောင့် အဆွဲဆောင်ခံလိုက်ရပုံပေါ်သည်။

သူ၏ အကြည့်များအတွင်းတွင် မထီမဲ့မြင်မြင်ပြုမှုများ ကိန်းဝပ်နေလျက်ရှိ၏ သူ၏အနီရောင် ဆံသားတို့အပေါ်တွင် ရှိနေသည့် ကျောက်စိမ်းသရဖူက သူ့အား ပို၍မောက်မာနေဟန် ဖြစ်သွားစေခဲ့၏။

“ နည်းနည်းလေးတော့ ပြဿနာများတယ် “ လုချန်ရှန်းက ခေါင်းငြိမ့်၍ တုံ့ပြန်လိုက်သည်။

“ ဟက် “

ချီယန်က တဟားဟား ရယ်မောနေတော့၏။

သူက အောင်မြင်မှုများစွာ ရယူခဲ့သည့် ချင်းယီဆိုသည်ကို သူသိနေခဲ့သော်လည်း သူသည် ထိုလူ့ကို အထင်အမြင်သေးနေသေး၏။

ကူချန်ကျွင်းမရှိဘူးဆိုပါက သူက အူတိုင်ဖွဲ့စည်းခြင်း အဆင့်၆ ကျင့်ကြံရေးနှင့် ဓားနှလုံးသား သန့်စင်မှုတို့ကို ပိုင်ဆိုင်ထားသည့် လူငယ်တစ်ဦးမျှသာ ဖြစ်နေလိမ့်မည် ဖြစ်ပြီး ၎င်းတို့က သူ့အတွက် ဘာမှမဟုတ်ပေ။

ထို့နောက်တွင် လုချန်ရှန်းက စကားထပ်ပြောလိုက်သည် “ မင်းက ဘာကိုရယ်နေတာလဲ။ မင်းက ငါ့ကို မိုးကြိုးအဆောင် နည်းနည်းလောက် ပေးချင်လို့ မင်းဆရာ ငါ့အရှေ့မှာ စကားကောင်းကောင်း ပြောနေတာလား “

ထိုမေးခွန်းက လူတိုင်းကို အံ့အားသင့်သွားစေခဲ့သည်။

ချီယန်က လှောင်ပြောင်လာခဲ့၏ “ မင်းက ကူချန်ကျွင်းရဲ့ ဂုဏ်သတင်းကို မှီခိုပြီးတော့မှ ဒီနေရာကို ဝင်လာနိုင်ခဲ့တာပါကွာ “

“ သူက ငါ့ဆရာလေ ဘာမှားနေလို့လဲ “

တစ်ခြားလူများ မှင်သက်သွားကာ မည်ကဲ့သို့ တုံ့ပြန်ရမှန်းမသိ ဖြစ်သွားကြသည်။

ထိုလူ့ထံတွင် အရှက်တရား ကင်းမဲ့နေကာ ၎င်းကိုပင် ဂုဏ်ယူနေပုံရ၏။

“ ဟက် “

ချီယန်က ထပ်မံ၍ ရယ်မောနေတော့သည်။

တစ်ချိန်တည်းမှာပင် မိုးကြိုးဝိညာဥ် အသတ်ခံလိုက်ရပြီး ဤနေရာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

မိုးကြိုးငှက်များကလည်း ဤနေရာရှိ အခြေအနေကို သတိပြုမိသွားပုံရကာ အနားကပ်လာကြ၏။

“ အစ်ကိုချီယန် ဘာလို့သူနဲ့လေကုန်ခံပြီး စကားပြောနေရတာလဲ “ လျှပ်စီးကျီက အရင်ဦးဆုံး စကားပြောလာခဲ့ပြီး သူ၏ မထီမဲ့မြင်ပြုနေမှုကို မည်သို့မျှ မဖုံးကွယ်ထားခဲ့ပေ။

ချီယန်က တုံ့ပြန်လိုက်၏ “ မင်းမှန်တယ် “

လျှပ်စီးချီယန်သည် လုချန်ရှန်းကို လှည့်ကြည့်ကာ စကားပြောလာခဲ့သည် “ လုချန်ရှန်း မင်းစောင့်ကြည့်နေတာ တော်တော်လေးကို ကြာနေပြီ ကြည့်ရတာ မဝသေးဘူးလား “

“ ကြည့်လို့မရဘူးလား။ ကြည့်ခွင့်မရှိဘူးလား “ ဟု လုချန်ရှန်းက ချေပလိုက်၏။

လျှပ်စီးကျီသည် အနည်းငယ် မျက်မှောင်ကြုတ်သွားကာ မကျေမနပ် ဖြစ်သွားပုံရသည်။

သူနှင့်အတူ ပါလာသည့် လူတို့၏ အမူအရာများပါ အနည်းငယ် မည်းမှောင်သွားခဲ့သည်။

“ ကူချန်ကျွင်း မရှိဘူးဆိုရင် မင်းက စောင့်နေကြည့်ရုံပဲ လုပ်နိုင်တယ် “

သူတို့နှစ်ဦးစလုံးက လုချန်ရှန်းကို အထင်တသေးဖြစ်နေကြ၏။

သို့ရာတွင် လုချန်ရှန်းက အေးအေးလူလူ ပြန်ပြောလိုက်သည် “ မင်းတို့က ငါ့ကို လှောင်နေကြတာလား “

“ အဲ့တော့ ဘာဖြစ်လဲ။ မင်းမကောင်းကြောင်းကို ပြောလို့မရဘူးလား “ ချီယန်က တက်တက်ကြွကြွ ရန်စလာတော့၏ “ ကူချန်ကျွင်းကို ရန်စလို့မရဘူးဆိုတာကို ငါဝန်ခံပါတယ် ဒါပင်မဲ့ မင်းက မပျော်မရွှင်ဖြစ်နေရင် ကိုယ့်ဟာကိုယ် တိုက်ခိုက်လိုက်လေ တစ်ခြားလူတွေကို အပြစ်လိုက်တင်နေလို့မရဘူး “

“ ဆိုတော့ မင်းတို့က ငါ့ကို အကွက်ဆင်ဖို့ ကြိုးစားနေကြတာလား “ လုချန်ရှန်းသည် မျက်မှောင်ကြုတ်ကာ သူ့ကို ငေးကြည့်နေတော့၏။

ချီယန်ကာ ရယ်မော၍ တုံ့ပြန်လာခဲ့သည် “ အဲ့တာက ငါမင်းဆီကနေ သင်ခဲ့ရတာ မဟုတ်ဘူးလား။ သည်းခံလိုက်(ဒါမှမဟုတ်) လက်ဦးမှုယူပြီး အရင်ချလိုက် သဘောတရား အတူတူပဲ မဟုတ်ဘူးလား “

“ မင်းက အတတ်မြန်တာပဲ “

“ ဟက် “

ချီယန်၏ အမူအရာက မောက်မာမြဲမောက်မာနေခဲ့သည်။

သူသည် လုချန်ရှန်းကို လှောင်ပြောင်ကာ သူကိုယ်တိုင် တိုက်ခိုက်လာမည်ကို စောင့်ဆိုင်းနေလျက်ရှိသည် ထိုကဲ့သို့ ဖြစ်လာပါက တရားမျှတမှု ရှိလိမ့်မည် ဖြစ်ကာ စည်းဘောင်အတွင်းမှ အနိုင်ကျင့်နိုင်တော့မည် ဖြစ်သည်။

၎င်းမှာ လုချန်ရှန်းက ဤနေရာသို့ ရောက်လာခဲ့သည့် အချိန်က တစ်ခြားလူများကို ရန်စလိုက်သည့် ဖြစ်ရပ်နှင့် တူညီနေလျက်ရှိပြီး သူသည် ၎င်းကို သူ့ထံမှ သင်ယူခဲ့ခြင်း ဖြစ်သည်။

“ အဆုံးမှာတော့ မင်းငါ့ကို မထိရဲသေးပါဘူးကွာ “ ဟု လုချန်ရှန်းက အေးအေးလူလူ တုံ့ပြန်လိုက်၏။

ချီယန်က ပြန်ပြောလာခဲ့သည် “ မင်းသာ လှုပ်ရှားလာသရွေ့ မင်းက ငါ့ရဲ့ မိုးကြိုးအဆောင်ကို လာလုလို့ ဘာမှမတတ်နိုင်တော့ဘဲ ကိုယ့်ကိုကိုယ် ကာကွယ်လိုက်ရတယ်လို့ သတင်းလွှင့်လိုက်မယ်။ ကူခန်ကျွင်းက တစ်ခြားလူတွေကို ပြန်တိုက်ခွင့်မပေးလောက်တဲ့အထိ မောက်မာကြီးစိုးနေပါ့မလား “

“ ဟားဟားဟား “

လျှပ်စီးကျီနှင့် တစ်ခြားလူများသည် တဟားဟား ရယ်မောကာ ခေါင်းတငြိမ့်ငြိမ့် ဖြစ်သွားကြသည် ထိုလူ့ကို ကိုင်တွယ်ရန် နည်းလမ်းတစ်ခု ရှိလာသည့်ပုံပင်။

သို့ရာတွင် လုချန်ရှန်းက အံ့အားသင့်မှုတို့ဖြင့် ပြည့်နှက်နေသော မျက်လုံးများနှင့် ပြန်ကြည့်လာသောကြောင့် လူတိုင်း ကြောင်အသွားရ၏။

သူတို့၏ အပြုံးများ အေးခဲတောင့်တင်းသွားခဲ့သည် အဆိုပါ တုံ့ပြန်မှုက အမှန်ပင် ထူးဆန်းနေခဲ့သည်။

“ မင်းပြောတာတွေက အဓိပ္ပါယ် ရှိသားပဲ “

လုချန်ရှန်းကမူ မည်သို့မျှ ဒေါသမထွက်သွားဘဲ တစ်စုံတစ်ခုကို နားလည်သွားသည့်အလား ဖြစ်နေသော အပြုံးမျိုးဖြင့် ပြန်ပြောလိုက်သည်။

တစ်ခြားလူအားလုံး ဇဝေဇဝါ ဖြစ်သွားကြသည်။

“ မင်းနေမကောင်းဘူးလား “ ချီယန်သည် မျက်မှောင်ကြုတ်ကာ ထိုကောင်က ရူးနေသည်ဟု ထင်သွားခဲ့သည်။

သူ့အရှေ့တွင် ရှိနေသည့် လူငယ်လေးသည် တစ်ချိန်လုံး ပြုံးနေခဲ့ကာ သူတို့အားလုံးကို အဆက်မပြတ်‌ စူးစမ်းရင်းဖြင့် ခေါင်းတငြိမ့်ငြိမ့် ဖြစ်နေလျက်ရှိ၏။

“ မင်းပြောခဲ့တာတွေက တော်တော်ကြီးကို မှန်တယ်လို့ ငါထင်တယ် ကျေးဇူးပဲ “

လုချန်ရှန်း၏ စကားလုံးများက လူတိုင်းကို ဆွံ့အသွားစေခဲ့သည်။

အားလုံးသည် စိတ်ရှုပ်ထွေးသွားကာ ခေါင်းတခါခါဖြစ်သွားကြပြီး သူနှင့်လေကုန်ခံရန်အတွက်ပင် ပျင်းရိသွား၏။

သူတို့က သူ့ကို ရန်မစနိုင်သောကြောင့် ဤနေရာတွင် အချိန်မဖြုန်းချင်ကြတော့ပေ မိုးကြိုးအဆောင်များ ရှာဖွေခြင်းကသာလျှင် ဦးစားပေးကိစ္စဖြစ်သည်။

လုချန်ရှန်းကမူ ထိုလူများ ထွက်သွားသည်ကို စောင့်ကြည့်နေရင်းဖြင့် သက်မကြီး ချနေတော့၏။

“ အဲ့ဒီနာမည်ခံ သူတော်စင်က တကယ့်လူကောင်းလေးပဲဟ “

သူသည် ထွက်ခွာသွားသည့် လူအုပ်ကြီးကို ငေးကြည့်ကာ မှတ်ချက်ပေးနေတော့၏။

--

……………………………………………………………………………………………………………………………….

All Chapters