အခန်း ၁၉၉
Vol. 14 Ch. 199
အပိုင်း ( 199 )
ဒီကမ္ဘာလောကကြီးမှာ လူကောင်းသူကောင်းတွေ ရှိနေသေးတာပဲ
မျက်စိတစ်ဆုံးမြင်နိုင်သမျှတွင် ကောင်းကင်ယံထိ ထောင်တက်နေသည့် မြင့်မားသော တောင်တန်းကြီးတို့ဖြင့် ပြည့်နှက်နေလျက်ရှိ၏။
လျှပ်စီးကျီတို့ ထွက်သွားခဲ့သည့်နောက်တွင် လုချန်ရှန်းသည် တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးမှ ထွက်သွားခဲ့သည်။
ဤတစ်ကြိမ်တွင်မူ သူသည် အတွင်းပိုင်းသို့ တိုက်ရိုက်ဦးတည်သွား၏။
သူသည် တောင်တန်းဒေသ၏ အရှေ့တွင် ရှိနေသည့် တောင်ထိပ်တစ်ခုပေါ်သို့ ဆင်းသက်လိုက်သည်။
သူသည် ဘာမှမလုပ်ဘဲ နေရာတစ်ခုရှာဖွေကာ အစိမ်းရောင် ကျောက်တုံးတစ်ခုပေါ်သို့ အေးအေးလူလူ မှီချလိုက်ပြီး အဝေးသို့ ငေးကြည့်နေတော့သည်။
မျက်စိတစ်ဆုံးမြင်နိုင်သမျှတွင် မိုးကြိုးတောင်ပံ တစ်စုံကို ပိုင်ဆိုင်ထားကာ မီတာ ၃၀ကျော် ရှည်လျားပြီး ငွေရောင်ပုံစံကွက်တို့ဖြင့် ဖုံးလွှမ်းနေသည့် မြွေကြီးတစ်ကောင်က တောင်တစ်လုံးကို ရစ်ပတ်ထားခဲ့သည်။
၎င်းက လူးလွန့်လာသည်နှင့်အမျှ ကမ္ဘာမြေလှုပ်ရမ်းသွားပြီး ၎င်း၏ ပါးစပ်ကို ဖွင့်ခဲ့သည့် အချိန်တိုင်းတွင် လေနှင့်မိုးကြိုးများကို လှိုင်းထန်သွားစေခဲ့၏။
သို့ရာတွင် ပုံရိပ်ငါးခု(သို့) ခြောက်ခုခန့်က ၎င်းကို ဝိုင်းရံထားပြီး သူတို့၏ ကြီးမားသော မှော်စွမ်းအားတို့ဖြင့် မိုးကြိုးများကို ဖြိုခွင်းနေလျက်ရှိ၏။
၎င်းတို့က ထျန်းရီ မြင့်မြတ်နယ်မြေ၏ လူများပင် ဖြစ်သည်။
တစ်ခြားတစ်ဘက်တွင်မူ ချီယန်က လက်နောက်ပစ်ထားကာ ကောင်းကင်ထက်တွင် မတ်တပ်ရပ်နေလျက်ရှိပြီး ငြင်သာသော လေပြေလေညင်းများက သူ၏ အနီရောင်ဆံလှုပ်ရမ်းသွားစေခဲ့၏ သူသည် အပြုံးတစ်ခုကို ဆင်မြန်းထားကာ တိတ်တဆိတ် စောင့်ကြည့်၍ အဆုံးသတ်အခိုက်အတန့်ကို စောင့်ဆိုင်းနေလျက်ရှိ၏။
“ ဘယ်လောက်တောင် လှလိုက်တဲ့ရှုခင်းလဲ “ လုချန်ရှန်းမှာလည်း အပြုံးတစ်ခုကို ဆင်မြန်းလိုက်သည် သူ၏အပြုံးက ချီယန်ထပ်ပင် ပိုမိုကြီးမား တောက်ပနေခဲ့သည်။
ထိုအခိုက်အတန့်တွင် ထျန်းရီ မြင့်မြတ်နယ်မြေ၏ လူများက အဆက်မပြတ် တိုက်ခိုက်နေလျက်ရှိသည် သို့သော် မြွေကြီးက ကြောက်ခမမ်းလိလိ အစွမ်းထက်နေခဲ့ကာ မိုးကြိုးစွမ်းအားကို ပိုင်ဆိုင်ထားခဲ့သည် သို့သော် မည်သည့်ဘက်ကမှ အသာစီးမရခဲ့ပေ။
အကြီးအကဲတစ်ဦးက စကားလှမ်းပြောလာခဲ့သည် “ သူတော်စင် ခဏလောက် စောင့်ပေးပါဦးခင်ဗျ ဒီသတ္တဝါကောင်က တော်တော်လေး လုပ်ရကိုင်ရခက်လို့ပါ “
ချီယန်ကမူ မည်သို့မျှ မတုံ့ပြန်လိုက်ဘဲ တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။
မြွေကြီးက အလွန်တရာ ကြမ်းတမ်းကာ ၎င်းကို ဝိုင်းရံထားသူတိုင်းကို အဆက်မပြတ် တွန်းလှန်နေလျက်ရှိ၏ အားလုံးသည် သတိအပြည့်ကပ်နေကြကာ အနည်းငယ်လေးပင် မပေါ့ဆဝံ့ကြပေ။
လုချန်ရှန်းမှာလည်း အေးအေးလူလူ စောင့်ကြည့်နေခဲ့သည် သို့သော် အချိန်အတော်ကြာ စောင့်နေခဲ့ပြီးသည့်နောက်မှာပင် မြွေကြီးက မည်သို့မျှ အရေးမနိမ့်သွားခဲ့ပေ။
“ မေ့လိုက်တော့ ငါ့သည်းခံနိုင်စွမ်းကုန်သွားပြီ “
လုချန်ရှန်းသည် အသာအယာ သက်ပြင်းချကာ အဝေးသို့ ငေးကြည့်နေတော့သည်။
သူ၏ မျက်ဝန်းများအတွင်းတွင် စိတ်ပျက်လက်ပျက်ဖြစ်နေသည့် အရိပ်အငွေ့များ ကိန်းဝပ်နေလျက်ရှိသည် ထို့နောက်၌ သူ့လက်ထဲတွင် အနက်ရောင် ဝတ်ရုံတစ်ခုပေါ်လာခဲ့ပြီး ၎င်းကို ဝတ်ဆင်လိုက်သည်။ သူ့အရှေ့တွင် လက်နက် ငါးခု(သို့) ခြောက်ခုပါ ပေါ်ထွက်လာခဲ့သည် ၎င်းတို့အားလုံးက နဂါးနစ်မြုပ်ခြင်း နယ်မြေတွင် မွေးရာပါ ဝိညာဥ်နယ်ပယ် ပညာရှင်များကို သတ်ဖြတ်ရာမှ ရရှိခဲ့ခြင်း ဖြစ်သည်။
အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့ပြီးသည့်နောက်တွင် သူသည် ဆူးချွန်များပါဝင်သည့် ကြီးမားသော တင်းပုတ်တစ်ခုကို ရွေးချယ်လိုက်သည်။
သူသည် ၎င်းကို အကြိမ်အနည်းငယ်မျှ လွှဲရမ်းခဲ့ပြီးသည့်နောက်တွင် သူအနည်းငယ် စိတ်ပျက်သွား၏။
“ ဒီတစ်ခုက ဂျင်သုံးထောင်ကနေ လေးထောင်ကြားမှာပဲ ရှိတယ် “ လုချန်ရှန်းသည် ခေါင်းတခါခါ ဖြစ်သွားခဲ့သည် “ မေ့လိုက်တော့ လုပ်စရာရှိတာ လုပ်ရမှာပဲ “
ထို့နောက်တွင် သူသည် ထိုတောင်ထိပ်ပေါ်မှ တိတ်တဆိတ် ထွက်ခွလာခဲ့သည်။
တစ်ချိန်တည်းမှာပင် ချီယန်သည် ရှေ့မတိုးသာနောက်မဆုတ်သာ ဖြစ်နေသည့် တိုက်ပွဲကို ကြည့်ကာ မျက်မှောင်ကြုတ်သွားတော့၏။
“ အဲ့သားရဲက တော်တော်လေးကို ပြဿနာများတာပဲ ထားလိုက်ပါလေ ငါ …….. “
သူ့စကားမဆုံးခင် အချိန်မှာပင် သူသည် တစ်ခုခုမှားယွင်းနေသည်ကို ရုတ်တရက် ခံစားလိုက်ရသည် သူ့စိတ်ထဲတွင် အကြောက်တရားများ လှိုက်တက်လာခဲ့ပြီး သူ့နောက်တွင် တစ်စုံတစ်ခု ရှိနေသည်ကို အာရုံခံမိသွား၏။
ရုတ်တရက် နောက်လှည့်ကြည့်လိုက်ရာ ကြီးမားသော တင်းပုတ်တစ်ခုက သူ၏မျက်နှာဆီသို့ တိုက်ရိုက်ပြေးဝင်လာနေသည်ကို မြင်တွေ့လိုက်ပြီး သူမည်သို့မျှ မတုံ့ပြန်နိုင်အချိန်မှာပင် အဆိုပါ တင်းပုတ်က သူ့မျက်နှာနှင့် ထိတွေ့သွားခဲ့သည်။
တင်းပုတ်သည် တောင်တန်းများနှင့် ပင်လယ်ပြင်တို့ကို ရွေ့လျားသွားစေနိုင်စွမ်းရှိသော စွမ်းအားမျိုးဖြင့် သူ၏မျက်မှာကို ထိမှန်သွားခဲ့သည် သူ၏အမြင်အာရုံတစ်ခုလုံး အမှောင်ကျသွားကာ သူ၏ခန္ဓာကိုယ်မှာလည်း ကြိုးပြတ်သွားသော စွန်တစ်ခုကဲ့သို့ ကောင်းကင်ထက်မှ တဟုန်ထိုး ပြုတ်ကျလာခဲ့သည်။
ဘုမ်းး
မြေပြင်မှ ကျယ်လောင်သော အသံတစ်သံ ပေါက်ထွက်လာခဲ့ပြီး ဧရာမ ဖုန်တိမ်တိုက်တစ်ခု လှိုက်တက်လာခဲ့၏။
တိုက်ခိုက်နေသူများသည် ၎င်းကို လုံးဝသတိမပြုဘဲ ဆက်လက်၍ တိုက်ခိုက်နေခဲ့ကြသည်။
ချီယန်ရှိနေခဲ့သည့် နေရာတွင်မူ အနက်ရောင် ပုံရိပ်တစ်ခုသာ ကျန်နေခဲ့၏ ၎င်းသည် လေထုအတွင်းမှ တိတ်တဆိတ် ခုန်ဆင်းလာခဲ့ပြီး တောင်တန်းတောအုပ်အတွင်းတွင် မေ့မြောနေသည့် ချီယန်ကို ရှာတွေ့သွားခဲ့သည်။
လုချန်ရှန်းသည် မလှုပ်မယှက်ဖြစ်နေသည့် သူ့ကို ကြည့်ကာ မျက်မှောင်တကြုတ်ကြုတ် ဖြစ်သွားခဲ့သည်။
“ ငါသူ့ကို မတော်တဆ သတ်မိသွားတာများလား “
သူသည် စကားပြောနေရင်းဖြင့် လက်ကို ဆန့်တန်းကာ စစ်ဆေးကြည့်လိုက်ပြီး တစ်ခဏအကြာတွင် စိတ်သက်ရာရစွာဖြင့် သက်ပြင်းချနေတော့၏။
ကံကောင်းထောက်မစွာဖြင့် ထိုလူ၏ချီ မပြတ်တောက်သွားခဲ့ပေ။
သူသည် သူက အတွေးလွန်နေသည်ဟု ထင်သွားခဲ့သည် ဒီကောင်က မွေးရာပါ ဝိညာဥ်နယ်ပယ် ပညာရှင်လေ တကယ်လို့ ငါ့ရဲ့ တင်းပုတ်ရိုက်ချက်လေးတစ်ချက်နဲ့ သေသွားမယ်ဆိုရင် သူတော်စင်မလုပ်ဘဲ အိမ်ပြန်ပြီး ချီးပုံးပဲ ထမ်းနေသင့်တယ်။
ထို့အပြင် ချီယန်ကဲ့သို့ အင်အားစုကြီးတစ်ခုမှ ပါရမီရှင်တစ်ဦးထံတွင် သက်ကယ်နည်းလမ်းပေါင်းများစွာ ရှိနေပေမည်။
ထို့နောက်တွင် လုချန်ရှန်းသည် သူ၏ အစီအစဥ်များကို စတင်၍ အသက်သွင်းကာ ငွေရောင်ရုန်းသုံးခုကို အောင်မြင်စွာ ရှာဖွေနိုင်ခဲ့သည် ၎င်းတို့အားလုံးက မိုးကြိုးအဆောင်များ ဖြစ်နေခဲ့သည်။
ထို့အပြင် သူသည် ဝိညာဥ်ကျောက်တုံး သုံးသန်းကိုပါ ရရှိခဲ့၏။
ထိုလူ၏ ဝတ်စုံက ရတနာများ ပါဝင်ကာ အတော်လေး အရည်အသွေးကောင်းသည်ဟု သိရှိခဲ့ရပြီးသည့်နောက်တွင် သူသည် ဖိနပ်မှတစ်ပါး အရာအားလုံးကို ယူဆောင်လိုက်သည်။
၎င်းတို့အားလုံးကို လုပ်ခဲ့ပြီးသည့်နောက်တွင် အတွင်းခံတစ်ခုတည်းဖြင့် လှဲလျောင်းနေသည့် ချီယန်ကို ငေးကြည့်ကာ စိတ်ခံစားချက်တို့ဖြင့် သက်ပြင်းတချချ ဖြစ်သွားခဲ့သည်။
“ မင်းက လူကောင်းလေးတစ်ယောက်ပဲ မင်းတို့ဆီကနေ အဆောင်တွေ ယူနိုင်ဆိုတာကိုတောင် ငါ့ကို သတိပေးခဲ့သေးတယ် ဒီကမ္ဘာလောကကြီးမှာ မင်းလိုလူမျိုးတွေ တော်တော်လေးကို ရှားသွားပြီ။ ဒီတစ်ခါတော့ ငါမင်းကို သတ်မှာမဟုတ်ဘူး။ ရက်ပိုင်းလောက်ကြာရင် ငါထပ်လာခဲ့မယ် “
လုချန်ရှန်းသည် ထိုကဲ့သို့ ပြောကာ လှည့်ထွက်သွားတော့သည်။
ချီယန်က သူ့ကို ဉာဏ်အလင်းပွင့်သွားအောင် သတိပေးခဲ့သောကြောင့် သူထိုလူ့ကို မသတ်ခဲ့ပေ ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက သူသည် ရက်စက်ကြမ်းကြုတ်သည့် လူတစ်ဦး ဖြစ်သွားပေလိမ့်မည်။
မြက်ရှင်းပင်မဲ့ အမြစ်ကို ဆွဲမထုတ်ပါနှင့် ၎င်းက ထပ်မံ၍ ကြီးထွားလာချိန်တွင် လေပြေလေညင်းတို့ကို ယူဆောင်လာပေးမည်ဆိုသည့် ဆိုရိုးစကားတစ်ခုရှိသည်။ တောင်တန်းများ စိမ်းလန်းနေသရွေ့ ထင်းခွေရန် မည်သို့မျှ စိုးရိမ်ပူပန်နေစရာ မလိုပေ။ ၎င်းတို့က ဘဝဒဿနတို့ဖြင့် ပြည့်နှက်နေကာ နက်နက်ရှိုင်းရှိုင်း စဥ်းစားရကျိုးနပ်သော ကိစ္စတစ်ခု ဖြစ်သည်။
ထို့နောက်တွင် လုချန်ရှန်းက ပျော်ရွှင်စွာ ထွက်ခွာသွားတော့သည်။
သို့ရာတွင် ခပ်ဝေးဝေး မရောက်သေးခင် အချိန်မှာပင် သူသည် သူ့အနောက်တွင် ရှိနေသည့် တောင်တန်းတောအုပ်အတွင်းမှ ပေါ်ထွက်လာသည့် ကောင်းကင်နှင့် မြေပြင်တို့ကိုပင် လှုပ်ခါသွားစေနိုင်သော ဟိန်းဟောက်သံတစ်ခုကို ကြားလိုက်ရသည် ၎င်းက အနီးအနားတွင် ရှိနေသည့် လူတိုင်းကို အံ့ဩတကြီး ဖြစ်သွားစေခဲ့၏။
“ ဘယ်လောက်တောင် ဆင်ခြင်တုံတရားမရှိလိုက်သလဲ လူတစ်ယောက်က ဘယ်လိုလုပ် အဲ့လောက်အကျယ်ကြီး အော်နိုင်ရတာလဲ “
လုချန်ရှန်းမှာလည်း ၎င်းကို ကြားသိခဲ့ရပြီး နှစ်ကြိမ်မျှ ရှုံ့ချပြောဆိုကာ လှည့်ထွက်သွားတော့သည်။
တစ်ချိန်တည်းမှာပင် တောင်တန်းဒေသအတွင်းတွင် သတ်ဖြတ်လိုစိတ်များ ဖုံးလွှမ်းနေလျက်ရှိ၏။
လုချန်ရှန်းသည် အေးအေးလူလူ လမ်းလျှောက်နေရင်းဖြင့် ကောင်းကင်ယံသို့ မော့ကြည့်လိုက်သည် မိုးကြိုးငှက်တစ်ကောင်က ကောင်းကင်ပြင်ကို ကျော်ဖြတ်ကာ အတွင်းကျသော နေရာများဆီသို့ တိုက်ရိုက်ပျံသန်းသွားသည်ကို မြင်တွေ့သွား၏။
ထိုနေရာတွင် လူများက သွေးစွန်းသော တိုက်ပွဲတစ်ခုကို ဆင်နွှဲနေလျက်ရှိကာ အလင်းတန်းများ အဆက်မပြတ် လိမ်ယှက်နေခဲ့သည်။
မိုးကြိုးငှက်တစ်ကောင်သည် သေးငယ်ကာ ရက်စက်ကြမ်းကြုတ်သည့် မွန်းစတားတစ်ကောင်နှင့် ရင်ဆိုင်တိုက်ခိုက်နေလျက်ရှိ၏။
နှစ်ဖက်စလုံးက သူတစ်ပြန်ကိုယ်တစ်ပြန် တိုက်ခိုက်နေကြပြီး လုချန်ရှန်းကမူ ဤနေရာသို့ မတော်တဆ ရောက်ရှိလာခဲ့၏။
တိုက်ပွဲက အထွတ်အထိပ်သို့ ရောက်ရှိသွားသောအခါတွင် နှစ်ဖက်စလုံးက မိုးကြိုးများကို ထုတ်လွှတ်ကာ တစ်ဦးကိုတစ်ဦး အဆက်မပြတ် ဖောက်ခွဲနေကြ၏ သူ့အရှေ့ရှိ မြင်ကွင်းသည် တောက်ပသော အလင်းတန်းတို့ဖြင့် တလက်လက် တောက်ပနေခဲ့၏။
လျှပ်စီးကျီမှာလည်း အဆက်မပြတ် တိုက်ခိုက်နေလျက်ရှိသည် သူ၏တောင်ပံများကို ဓားသွားများကဲ့သို့ ဖြန့်ကျက်ထားပြီး သူ၏ခန္ဓာကိုယ်ပေါ်တွင် မိုးကြိုးကွင်းများ ကခုန်နေကာ သူ၏ မျက်လုံးများ အလွန်တရာ စူးရှနေပြီး သေးငယ်သော မွန်းစတားပေါ်သို့ ခုန်အုပ်နေလျက်ရှိ၏။
အဆိုပါ တိုက်ပွဲက မျက်နှာမလွှဲသွားချင်လောက်သည်အထိ အံ့ဖွယ်ကောင်းနေခဲ့သည်။
သို့ရာတွင် အဆိုပါ မွန်းစတားက ကြီးမားသော စွမ်းအားကို ပိုင်ဆိုင်ထားပုံရ၏ ၎င်းသည် မိုးကြိုးငှက်နင့် တိုက်ခိုက်နေလျက်ရှိကာ တိုက်ခိုက်မှုတစ်ခုချင်းစီတိုင်းက သူတို့ကို လွင့်ထွက်သွားစေပြီး တောင်တန်းတို့နှင့် တိုက်မိသွားစေကာ တောအုပ်အတွင်းသို့ ကျဆင်းသွားစေခဲ့သည်။
သို့သော် သူတို့သည် ရပ်တန့်ချင်ပုံမရဘဲ မြန်မြန်ဆန်ဆန် ပြန်လည်ရင်ဆိုင်ကာ ဆက်လက်၍ တိုက်ခိုက်နေကြတော့သည်။
လျှပ်စီးကျီမှာလည်း ကောင်းကင်ကို လှုပ်ရမ်းသွားစေသည့် တိုက်ခိုက်မှုများကို အဆက်မပြတ် ထုတ်လွှတ်နေခဲ့သည် သို့သော် သူသည် တိုက်ခိုက်မှုများကို မတားဆီးမပိတ်ဆို့နိုင်ခဲ့ဘဲ မြေပြင်ပေါ်သို့ အကြိမ်ကြိမ်အခါခါ ပြုတ်ကျကာ တောင်တန်းတောအုပ်အတွင်းသို့ ကျဆင်းပျောက်ကွယ်သွား၏။
အဆိုပါ တိုက်ခိုက်မှုက သေစေနိုင်သော တိုက်ကွက်မဟုတ်သောကြောင့် မည်သူကမှ အာရုံစိုက်မနေခဲ့ပေ သူတို့သည် သူတို့အရှေ့တွင် ရှိနေသည့် မွန်းစတားငယ်ကိုသာ အာရုံစိုက်နေခဲ့၏။
သို့ရာတွင် အချိန်အတော်ကြာခဲ့ပြီးသည့်နောက်မှာပင် လျှပ်စီးကျီက အဆိုပါ တောအုပ်အတွင်းမှ ပြန်မထွက်လာခဲ့ပေ။
တစ်စုံတစ်ဦးသည် အသေးစိတ်သတိပြုမိနေခဲ့ကာ နှစ်ကြိမ်မျှ အော်ခေါ်လိုက်သော်လည်း မည်သည့်တုံ့ပြန်မှုမှ ပြန်မရခဲ့ပေ။
လျှပ်စီးကျီကို သူ၏နားလည်မှုအရ သူက တိုက်ကွက်အနည်းငယ်ကို ခံယူခဲ့ရပြီးသည့်နောက်တွင် ပျောက်ကွယ်သွားမည် မဟုတ်သကဲ့သို့ ထိုမျှလောက်အားနည်းနေလိမ့်မည် မဟုတ်ပေ သို့သော် ယခုတွင်ကမူ သူက မည်သို့မျှ မတုံ့ပြန်လာခဲ့ပေ။
အချိန်အတိုင်းအတာတစ်ခုအထိ ကြာခဲ့ပြီးသည့်နောက်တွင် လုချန်ရှန်းက တောအုပ်အတွင်းမှ ထွက်လာခဲ့ကာ အဝေးသို့ အေးအေးလူလူ လျှောက်လှမ်းသွားတော့သည်။
သူသည် လူသားတို့၏ လောဘဇောတိုက်ခြင်းနှင့် ပဋိပက္ခဖြစ်ခြင်းတို့မှ ကင်းဝေးနေပြီး မည်သူနှင့်မှ မယှဥ်ပြိုင်ဘဲ မိုးကြိုးဝိညာဥ်တို့နှင့် တိုက်ခိုက်ခြင်းကိုပင် ရှောင်ကြဥ်ကာ အလွန်ပင် သက်တောင့်သက်သာ ရှိနေခဲ့၏။
သူသည် မိုးကြိုးအဆောင် ခြောက်ခုကို ကိုင်ဆောင်ကာ ထိုလူများက မည်သည့်အတွက်ကြောင့် ထိုမျှလောက်အထိ ရုန်းကန်တိုက်ခိုက်နေရလဲဆိုသည်ကို နားမလည်နိုင် ဖြစ်သွားခဲ့သည်။
အဆုံးတွင် ထိုနေရာတွင် ကျန်နေခဲ့သည့် အရာများမှာ ငှက်မွှေးများနှင့် ဒေါသတကြီး ဟိန်းဟောက်သံများသာလျှင် ဖြစ်နေခဲ့၏။
--
………………………………………………………………………………………………………………………………….