အခန်း ၂၀၀
Vol. 14 Ch. 200
အပိုင်း ( 200 )
ရိုးရှင်းကာ စိတ်ဝင်စားဖွယ်ကောင်းသော
လုချန်ရှန်းသည် တောင်တန်းများအကြားတွင် လမ်းလျှောက်ရင်းဖြင့် ဤနေရာရှိ ရှုခင်းများကို အရသာခံ ငေးကြည့်နေလျက်ရှိ၏။
လမ်းတစ်လျှောက်တွင် သူသည် ပန်ဘုရင်လေးနှင့် ရှန်လင်းတို့ကဲ့သို့ ရင်းနှီးသော မျက်နှာများကို မြင်တွေ့ခဲ့ရသည် သို့သော် သူတို့အားလုံးက သုတ်သုတ်သုတ်သုတ်ဖြင့် ဖြတ်သွားကြပြီး တစ်ဦးနှင့်တစ်ဦး နှုတ်ဆက်ရန်ပင် အချိန်မရခဲ့ပေ။
လုချန်ရှန်းသည် ထိုလူများအပြင် အသက်နှစ်ဆယ်အရွယ် လူငယ်တစ်ဦးနှင့်ပါ ဆုံတွေ့ခဲ့သည် သူက မြောက်ပိုင်းဒေသမှ လာသော လူတစ်ဦးဖြစ်ပြီး သစ်ပင်ပေါ်တွင် တွဲလောင်းချိတ်ခံထားရလေသည်။
ဤကာလအတွင်းတွင် လုချန်ရှန်းမှာ မိုချင်နှင့်ပါ ဆုံတွေ့ခဲ့သည် သူက ထိုလူ့ကို အနောက်မှ နှုတ်ဆက်ရန် ကြိုးစားလိုက်သော်လည်း ထိုလူက သူ့ကို ရှောင်ရှားခဲ့ပြီး ရင်းနှီးဖော်ရွေသော စကားလုံးအနည်းငယ်ခန့် ပြောခဲ့ပြီးသည့်နောက်တွင် ချက်ချင်းထွက်ခွာသွားခဲ့သည်။
မိုချင်၏ တုံ့ပြန်မှုမှာ သူ၏ဦးခေါင်းအနောက်ဘက်တွင် မျက်လုံးများ ရှိနေသည့်အလား အလွန်တရာ မြန်ဆန်နေလျက်ရှိပြီး အဆုံးမဲ့ နည်းစနစ်များကို ပိုင်ဆိုင်ထားခဲ့သည် သူ၏အဖျက်စွမ်းအားက အံ့ဖွယ်မကောင်းသော်လည်း အတော်လေး ထူးဆန်းနေခဲ့၏။
လုချန်ရှန်းကပင် သူ့ကို အမှီမလိုက်နိုင်ခဲ့ပေ ထိုလူ၏ နည်းစနစ်များက သူ၏ကိုယ်ပိုင် နည်းစနစ်များကိုပင် ယှဥ်နိုင်ပုံရပေသည်။
အနီးအနားတွင် မွေးရာပါ ဝိညာဥ်နယ်ပယ် ပညာရှင် ခုနစ်ဦး(သို့)ရှစ်ဦးခန့်ရှိနေသောကြောင့် သူသည် ထွက်ခွာသွားရန်သာ ရွေးချယ်လိုက်သည်။
အကယ်၍ ဤနေရာရှိ လှုပ်ခတ်မှုက ကြီးမားသွားမည်ဆိုပါက လူတိုင်း ရောက်ရှိလာမည်ဖြစ်သည်။ အကယ်၍ မြက်ပင်လေးကသာ မကြီးထွားလာတော့ဘူးဆိုပါက အကျိုးအမြတ်ထပ် ဆုံးရှုံးမှုကသာ ပိုမိုကြီးမားနေမည် မဟုတ်လော။
လုချန်ရှန်းသည် ၎င်းကို တွေးမိသွားသောအခါတွင် ချက်ချင်းထွက်သွားခဲ့သည်။
ထို့နောက်တွင် သူသည် တောင်များပေါ်သို့ အတက်အဆင်းလုပ်နေခဲ့ပြီး သူ၏အမြင်အာရုံအတွင်းသို့ ရေကန်အမြောက်အများ ဝင်ရောက်လာခဲ့သည်။
ကြည်လင်နေသော ရေများသည် မြူဆိုင်းနေသော နတ်ရောင်ခြည်တို့နှင့်အတူ တသွင်သွင် စီးဆင်းနေလျက်ရှိပြီး သာမန်အရာများနှင့် ကွဲပြားသည့် တာအိုအငွေ့အသက်တစ်ခု ပေါ်ပေါက်နေလျက်ရှိ၏။
သူသည် ရေကန်အတွင်းသို့ ဝင်သွားပြီး သူ့လက်ထဲတွင် ရှိနေသည့် မိုးကြိုးအဆောင် ဆယ့်တစ်ခုကို ငေးကြည့်ကာ တွေးတောစဥ်းစားနေရင်းဖြင့် တစ်ခုကို ရေကန်အတွင်းသို့ ပစ်ချလိုက်သည်။
“ အဲ့လိုသုံးရတာလား “
သူစကားပြောနေသည့် အချိန်မှာပင် ကောင်းကင်ပြင်တစ်ခုလုံး မြည်ဟီးလာခဲ့ကာ မိုးခြိမ်းသံများ ပေါ်ထွက်လာခဲ့သည် ပုံးတစ်ပုံးအရွယ်မျှရှိသည့် မိုးကြိုးလျှပ်စီးတစ်ခု ကျဆင်းလာခဲ့၏။
လုချန်ရှန်းသည် အံကြိတ်၍ ၎င်းကို တောင့်ခံရန် အသင့်ပြင်လိုက်သည် သို့သော် သူမျှော်မှန်းထားခဲ့သည့် ကြမ်းတမ်းသော စွမ်းအားများက သူ၏ခန္ဓာကိုယ်ပေါ်သို့ မကျဆင်းလာခဲ့ပေ။
သူ၏ခြေထောက်များအောက်မှ ထုံကျင်သော ခံစားချက်တစ်ခု ရောက်ရှိလာခဲ့၏ မိုးကြိုးလျှပ်စီးသည် ရေကန်အတွင်းသို့ ကျဆင်းပျောက်ကွယ်သွားပြီး သေးငယ် တုတ်ခိုင်သော မြွေများက ရေကူးနေသကဲ့သို့ ခုန်ပေါက်နေသည့် လျှပ်စီးတန်းများသာလျှင် ကျန်နေခဲ့၏။
ထို့နောက်၌ ချက်ချင်းဆိုသလိုပင် ထူးဆန်းသော ခံစားချက်တစ်ခု ဖုံးလွှမ်းလာခဲ့ပြီး သူသည် သူ၏ခန္ဓာကိုယ်အတွင်းတွင် မိုးကြိုးလျှပ်စီးတစ်ခု ဖြစ်တည်လာကာ တဖြည်းဖြည်း ကြီးထွားလာသည်ကို မြင်တွေ့လိုက်ရသည့်အလားပင် ထို့နောက်တွင် ၎င်းက ပေါက်ထွက်လာခဲ့ပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးနှင့် ပဲ့တင်ထပ်နေတော့၏။
၎င်းနှင့်အတူ ငွေရောင်အလင်းလုံးတစ်လုံး ရွေ့လျားလာခဲ့၏ ၎င်းက သူနားလည်ထားခဲ့သည့် မိုးကြိုးတာအို အပိုင်းအစတစ်ခုပင် ဖြစ်သည်။
အချိန်များ ကုန်ဆုံးသွားကာ ကန်အတွင်းရှိ ရေများ ခမ်းခြောက်သွားခဲ့သည်။
“ ဒီလောက်တောင် မြန်တာလား။ မိုးကြိုးအဆောင်တွေကို ရှာဖို့အတွက် သူတို့တွေ တော်တော်ကြီး ကြိုးစားနေခဲ့တာက အံ့ဩစရာတော့ မဟုတ်တော့ဘူးပဲ “
လုချန်ရှန်းမှာ သက်ပြင်းတချချ ဖြစ်သွားခဲ့သည်။
သို့ရာတွင် သူသည် တစ်စုံတစ်ခုပါ ရရှိခဲ့ပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံး အပြည့်အဝ ကြည်လင်လန်းဆန်းသွားသည်ဟု ခံစားသွားခဲ့ရသည်။
သူ၏ခန္ဓာကိုယ်တစ်ခုလုံး သန့်စင်ပြုပြင်ခံလိုက်ရပြီး သူ၏ မွေးရာပါ ဝိညာဥ်ကပါ ပြောင်းလဲမှုတစ်ခုကို ခံယူခဲ့ရကာ ပိုမိုခိုင်မာအားကောင်းသွားပုံရသည်။
ပို၍အရေးကြီးသော အရာမှာ သူက မိုးကြိုးတာအိုကို အနည်းငယ်မျှ ထပ်မံ၍ ထိတွေ့မိခြင်းပင် ဖြစ်သည်။
၎င်းကို တွေးမိသွားသောအခါတွင် လုချန်ရှန်းသည် မည်သို့မျှ မရပ်တန့်သွားဘဲ နောက်ရေကန်တစ်ခုဆီသို့ ခုန်ဝင်သွားတော့သည်။
ဤနေရာတွင် မိုးကြိုးရေကန် အမြောက်အများ ရှိနေခဲ့သည် သို့သော် မိုးကြိုးအဆောင်များစွာ ရှိမနေခဲ့ပေ။ မိုးကြိုးအဆောင်တစ်ခုချင်းစီတိုင်းက မိုးကြိုးဝိညာဥ်များကို တိုက်ခိုက်ကာ ရရှိခဲ့ခြင်း ဖြစ်သည်။ ၎င်းက အလွန်တရာ ခက်ခဲသော ဖြစ်စဥ်တစ်ခု ဖြစ်သည်။
လုချန်ရှန်းသည် ထိုလူများ၏ ရုန်းကန်လှုပ်ရှားမှုများကို လူကိုယ်တိုင် မြင်တွေ့ခဲ့ရသောကြောင့် ၎င်းကို ကောင်းစွာနားလည်နေခဲ့သည်။
မိုးကြိုးအဆောင်များသည် ရေကန်များအတွင်းသို့ တစ်ခုပြီးတစ်ခု ကျဆင်းသွားပြီး လုချန်ရှန်းမှာလည်း တစ်ချိန်လုံး တိတ်ဆိတ်ငြိမ်သက်နေလျက်ရှိသည်။
သူ၏ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် မိုးကြိုးများ လင်းလက်လာခဲ့ပြီး မိုးစေ့တစ်ခုက အပင်ပေါက်လာတော့မည့်အလား ဖြစ်နေသည့် စကားလုံးတို့ဖြင့် ဖော်ပြ၍မရသော အရှိန်အဝါတစ်ခု ပေါ်လာခဲ့ပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို တာအိုအငွေ့အသက်တစ်ခုက ဖုံးလွှမ်းနေခဲ့သည်။
သူသည် မိုးကြိုးရေကန်၏ ကံတရားက မည်သည့်နေရာတွင် ရှိနေလဲဆိုသည်ကို နားလည်သွားခဲ့သည်။
မိုးကြိုးတာအို၏ အခက်ခဲဆုံး အပိုင်းက မတည်ရှိမှုမှ တည်ရှိမှုသို့ ပြောင်းလဲရသည့် ဖြစ်စဥ်ဖြစ်သည်ဟု လောင်လျူက ပြောပြခဲ့ဖူးသည်။
ဤနေရာက အဆိုပါ ဖြစ်စဥ်ကို ပြီးမြောက်သွားစေရန် အခွင့်အလမ်းတစ်ခု ပေးအပ်ပေသည် ထို့ကြောင့်ပင် မိုးကြိုးအဆောင်ကို ရရှိရန်အတွက် လူတိုင်းက နည်းလမ်းပေါင်းစုံသုံး၍ ကြိုးစားနေခဲ့ရခြင်း ဖြစ်သည် ၎င်းတို့အားလုံးက ပြိုင်ဘက်ကင်းသည့် အဆိုပါ တိုက်ခိုက်ရေး နည်းလမ်းကို ကျွမ်းကျင်တတ်မြောက်ရန်အတွက် ဖြစ်သည်။
မိုးကြိုးတာအိုနှင့်အတူ မွေးဖွားလာခဲ့သည့် မိုးကြိုးငှက်မျိုးနွယ်စုကမူ အဆိုပါ ဖြစ်စဥ်ကို မလိုအပ်ပေ သို့သော် ဤနေရာက သူတို့ကို ရှေ့ဆက်သွားစေနိုင်ကာ မိုးကြိုးတာအို၏ ပိုမိုနက်နဲသော အဆင့်များကို နားလည်စေပြီး အထွတ်အထိပ်အခြေအနေမျိုးအထိ ကျွမ်းကျင်သွားစေရန် ပံ့ပိုးကူညီပေးနိုင်ပေ၏။
လုချန်ရှန်းမှာ သက်ပြင်းတချချ ဖြစ်နေလျက်ရှိသည် ၎င်းတို့အားလုံး တိုးတက်လာမှုနှင့်အတူ သူ၏စိတ်ခံစားချက်များ လှုပ်ခတ်သွား၏။
သူ၏ခန္ဓာကိုယ်အတွင်းတွင် ငွေရောင်ရုန်းများ ကခုန်နေကာ သူ၏အသွေးအသား တစ်လက်မချင်းစီတိုင်းနှင့် ပေါင်းစပ်သွားပြီး သူ၏အရှိန်အဝါတစ်ခုလုံးက အံ့ဖွယ်ကောင်းသည်အထိ စူးရှထက်မြိကာ အားကောင်းလာခဲ့သည်။
အချိန်အတိုင်းအတာ တစ်ခုအထိ ကြာခဲ့ပြီးသည့်နောက်တွင် အလင်းတန်းတစ်ခု တောက်ပလာမှုနှင့်အတူ လုချန်ရှန်း၏ မျက်လုံးများ ရုတ်တရက် ပွင့်ဟလာခဲ့သည် သူ၏လက်ကို မြှောက်လိုက်သည့် အချိန်၌ သူ၏လက်ချောင်းများထိပ်တွင် မိုးကြိုးလျှပ်စီးများ ကခုန်နေပြီး သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်။
“ ပစ္စည်းကောင်းလေးပဲ “
အရာအားလုံး ပြီးဆုံးသွားမှုနှင့်အတူ မိုးကြိုးအဆောင်များပါ ကုန်ဆုံးသွားခဲ့သည် သူသည် မတ်တပ်ထရပ်ကာ လှည့်ထွက်သွား၏။
တစ်ချိန်တည်းမှာပင် အပြင်ဘက်တွင် ရုတ်ရုတ်သဲသဲ ဖြစ်နေခဲ့ပြီဖြစ်သည်။
“အကြီးအကဲ လျှပ်စီးကျီက ချုံခိုတိုက်ခိုက်ခံခဲ့ရပါတယ် “
“ ဘာဖြစ်တယ် “ အဘိုးအိုတစ်ဦးသည် မျက်မှောင်ကြုတ်သွားကာ ဒေါသထွက်သွားတော့၏။
“ လျှပ်စီးကျီ ဘယ်လိုနေသေးလဲ “
အသစ်ရောက်လာသူက ပြောပြလာခဲ့သည် “ လျှပ်စီးကျီက အဆင်ပြေပါတယ် ဒါပင်မဲ့ သူ့ရဲ့ မိုးကြိုးအဆောင်တွေ အခိုးခံလိုက်ရပါတယ် “
ထျန်းရီမြင့်မြတ်မှ အကြီးအကဲ၏ အမူအရာမှာ အလွန်တရာ မည်းမှောင်သွားခဲ့သည်။
ချီယန်မှာ သတိလစ်သည်အထိ အရိုက်ခံခဲ့ရပြီး မိုးကြိုးအဆောင်များ အခိုးခံလိုက်ရရုံတင်မဟုတ်ဘဲ အတွင်းခံတစ်ခုသာ ကျန်နေခဲ့သည်အထိ အဝတ်များပါ အချွတ်ခံခဲ့ရ၏။
“ ခွေးသူတောင်းစား “
သတင်းများ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာခဲ့၏ ပန်ဘုရင်လေး ချုံခိုတိုက်ခိုက်ခံခဲ့ရပြီး ရှန်လင်းမှာ သေလုမြောပါးဖြစ်သည်အထိ အရိုက်ခံခဲ့ရလိုက်၏ သနားဖွယ်အကောင်းဆုံးမှာ မြောက်ပိုင်းဒေသမှ လူငယ်တစ်ဦးပင် ဖြစ်ပေသည်။
ငယ်ငယ်ရွယ်ရွယ်ဖြင့် ပစ္စည်းများ အခိုးခံလိုက်ရပြီး အဝတ်များပင် အချွတ်ခံလိုက်ရကာ သစ်ပင်ပေါ်တွင် တွဲလောင်းအချိတ်ခံခဲ့ရ၏။
ထျန်းကျီစံအိမ်၏ မြင့်မြတ်သားတော်မှာလည်း ၎င်းကို ကြုံတွေ့ခဲ့ရသည် သို့သော် သူသည် ကောင်းစွာကာကွယ်နိုင်ခဲ့ပြီး မည်သည့်ဒုက္ခကိုမှ မခံစားခဲ့ရပေ။
“ အဲ့လူယုတ်မာက ဘယ်ကနေ ရောက်လာခဲ့တာလဲ ဘယ်လိုလုပ် ဒီလောက်တောင် ရဲတင်းနေရတာလဲ “
ထိုအမေးနှင့်အတူ လူတိုင်းက သူတို့၏ဦးနှောက်များကို စတင်၍ အလုပ်ပေးနေကြတော့သည်။
တစ်စုံတစ်ဦးက စကားဝင်ပြောလာခဲ့၏ “ အဲ့လူယုတ်မာ ချင်းယီများလား “
ထိုစကားကို ကြားလိုက်ရသောအခါတွင် လူတိုင်းက တစ်ခဏခန့် အလေးအနက်ထား၍ စဥ်းစားနေကြတော့သည် သို့သော် ထို့နောက်တွင် သူတို့အားလုံး ခေါင်းတခါခါ ဖြစ်သွားခဲ့ကြသည်။
“ အခုလက်ရှိ ခွဲခြမ်းစိတ်ဖြာမှုတွေအရဆိုရင် တိုက်ခိုက်ခဲ့တဲ့လူက မွေးရာပါ ဝိညာဥ် အဆင့်၆(ဒါမှမဟုတ်) အဲ့အထက်မှာ ရှိနေဖို့များတယ် ချင်းယီက ထူးခြားတယ်ဆိုပင်မဲ့ သူက ငယ်သေးတယ် ပြီးတော့ သူ့ရဲ့ ကျင့်ကြံရေးကလည်း အူတိုင်ဖွဲ့စည်းခြင်းနယ်ပယ်မှာပဲ ရှိနေသေးတာလေ နယ်ပယ်ကြီးတစ်ခုတိတိကို ကွာနေတာ “
“ မင်းပြောတာက ယုတ္တိရှိတယ် တကယ်လို့ သူကသာ မွေးရာပါ ဝိညာဥ်နယ်ပယ်ကို ရောက်နေမယ်ဆိုရင် တော်တော်ကြီးကို ကြောက်စရာကောင်းသွားလိမ့်မယ် ကွေ့ဝူချန်ကတောင် အဲ့အသက်အရွယ်မှာ အဲ့လိုကျင့်ကြံရေးမျိုးကို မရခဲ့ဘူး “
သူတို့အားလုံးသည် ကျိုးကြောင်းဆင်ခြင်ကာ သက်သေအထောက်အထားတို့ဖြင့် ဆွေးနွေးပြောဆိုနေလျက်ရှိ၏။
သို့ရာတွင် တစ်စုံတစ်ဦးက စကားဝင်ပြောလာခဲ့၏ “ ကူချန်ကျွင်းကပါ ဒီကို ရောက်လာခဲ့တာများလား “
“ မဖြစ်နိုင်ဘူး “
“ ဟွာရှုနယ်ပယ်ကို ရောက်သွားတာနဲ့ ဘယ်သူကမှ ဒီလိုနေရာမျိုးကို အလွယ်တကူ မဝင်နိုင်ကြဘူး အဲ့လိုမှ မဟုတ်ဘူးဆိုရင် ကောင်းကင်ဘုံ ကပ်ဘေးကို ဆွဲဆောင်မိသွားလိမ့်မယ် တကယ်လို့ သူဖြစ်နေမယ်ဆိုရင်တောင်မှ သူက ဘာကိစ္စ အဲ့လိုလုပ်နေရမှာလဲ။ သူ့လက်ကို မှောက်လိုက်ရုံနဲ့တင် ရှန်လင်းသန်းပေါင်းများစွာကို ဖိနှိပ်နိုင်တယ်လေ ပြီးတော့ သူ့လို မောက်မာတဲ့လူမျိုးက အဲ့လိုကိစ္စမျိုးကို လုပ်မှာမဟုတ်ဘူး “
ထိုစကားကို ကြားလိုက်ရသောအခါတွင် လူတိုင်း ခေါင်းတငြိမ့်ငြိမ့် ဖြစ်သွားကြ၏။ ၎င်းတို့က အမှန်တရားပင် ဖြစ်သည်။
အစတွင် သူတို့သည် ၎င်းက လုချန်ရှန်းဘေးနားတွင် ရှိနေသည့် လူငယ်လေးဖြစ်သည်ဟု ထင်နေခဲ့ကြသည် သို့သော် ဂရုတစိုက် စုံစမ်းစစ်ဆေးခဲ့ပြီးသည့်နောက်တွင်မူ သူက နတ်ကောင်းကင်ဂိုဏ်းတွင်သာ ကျန်နေခဲ့သည်ဆိုသည်ကို သူတို့အားလုံး သိလိုက်ကြရသည်။
“ အဲ့တာက ဘယ်သူများလဲ “
လူတိုင်း ဇဝေဇဝါ ဖြစ်သွားကြသည် ထိုလူရူးက မည်သည့်နေရာမှ ရောက်လာမှန်းမသိရဘဲ ချင်းယီကို ယှဥ်နိုင်လောက်သည်အထိ ရဲတင်းနေခဲ့၏။
သူတို့သည် မိုးကြိုးအဆောင်များ ရယူရာတွင် ကူညီပေးရန်အတွက် လူများထပ်လွှတ်လိုက်ရုံသာလျှင် တတ်နိုင်ကြတော့သည် သူတို့၏ ယခုလက်ရှိ ဦးစားပေးကိစ္စမှာ ၎င်းသာလျှင် ဖြစ်ပေသည်။
သို့ရာတွင် လုချန်ရှန်းကမူ တောင်တန်းများနှင့်မြစ်များအကြားတွင် အေးအေးလူလူ လမ်းလျှောက်နေလျက်ရှိပြီး မိုးကြိုးအဆောင်များ ကုန်ဆုံးသွားသည့် အချိန်မှာပင် အဆိုပါ မြင်ပင်လေးများကို အလောတကြီး သွားမရှာဘဲ အေးအေးလူလူ အပန်းဖြေနေခဲ့၏။
သူသည် သူတို့ကို ကြီးထွားလာရန် အချိန်ပေးရမည် ဖြစ်သည်။ သူတို့က ကောင်းစွာကြီးထွားလာသည့် အချိန်မှသာလျှင် ရိတ်သိမ်းရမည် ဖြစ်သည်။
သူလှည့်လည်သွားလာနေစဥ်အချိန်မှာပင် အဝေးတစ်နေရာတွင် ပုံရိပ်အများအပြား စုစည်းနေသည်ကို သူမြင်လိုက်ရသောကြောင့် တအံ့တဩ ဖြစ်သွားခဲ့၏။
ချီယန် လျှပ်စီးကျီ ပန်ဘုရင်လေးနှင့် တစ်ခြားလူများ ပေါ်လာကြသည် သို့သော် သူတို့ထံတွင် မီးလောင်ဒဏ်ရာများစွာ ရှိနေခဲ့သည်။
သူတို့က ကောင်းကင်ဘုံကပ်ဘေးကို ကျော်ဖြတ်ကာ မိုးကြိုးအပစ်ခံထားရသည့်အလား ဖြစ်နေခဲ့လေသည်။
မိုချင်မှတစ်ပါး တစ်ခြားလူများက နီရဲနေသော မျက်များနှင့်အတူ အံတကြိတ်ကြိတ် ဖြစ်နေလျက်ရှိ၏။
မိုချင်မှာလည်း မိုးကြိုးအပစ်ခံထားရပုံပေါ်သည် သို့သော် သူသည် မည်သည့်မကျေနပ်ချက်ကိုမှ မပြသဘဲ ထိုနေရာတွင် တိတ်တဆိတ် ထိုင်နေကာ စိတ်ခံစားကင်းမဲ့နေသော မျက်နှာထားဖြင့် လူတိုင်းကို ငေးကြည့်နေခဲ့၏။
လုချန်ရှန်းသည် ၎င်းကို မြင်တွေ့သွားကာ ဇဝေဇဝါ ဖြစ်သွားခဲ့၏ ကိစ္စက ပြီးသွားပြီလေ သူတို့က မကျေမနပ်ဖြစ်နေကြတုန်းပဲလားဟ။
သူတို့က ဘာလို့ အဲ့လောက်တောင် စိတ်သဘောထား သေးသိမ်နေရတာလဲဟ
သူကမူ အဆိုပါ အဖျက်အမှောင့်များ ကင်းဝေးကာ ရိုးရှင်းသော ပျော်ရွှင်ဖွယ်ရာဘဝတွင် နေထိုင်နေလျက်ရှိ၏။
--
…………………………………………………………………………………………………………………………………..