အခန်း ၂၀၂
Vol. 14 Ch. 202
အပိုင်း ( 202 )
ငါ့နှလုံးသားလေး နာကျင်သွားပြီ
အချိန်များ ကုန်ဆုံးသွားကာ ထိုလူများ ထွက်သွားသည်ကို မြင်လိုက်ရသောအခါတွင် လုချန်ရှန်းကပါ မတ်တပ်ထရပ်နေတော့သည်။
စောင့်ကြည့်ရမည့် စိတ်လှုပ်ရှားဖွယ်ရာ ကိစ္စမျိုး မရှိတော့သောကြောင့် အဘယ့်ကြောင့် ဆက်နေနေရမည်နည်း။ သူ့ထံတွင် သူ၏ကိုယ်ပိုင်ကိစ္စများ ရှိနေသေး၏။ ဤမျိုးဆက်၏ ထူးချွန်သော ပါရမီရှင်တစ်ဦးအနေဖြင့် သူ၏ တာဝန်ဝတ္တရားများက လေးလံကာ တာအိုလမ်းခရီးမှာလည်း ရှည်လျားလွန်းလှသည် ထို့ကြောင့် သူပေါ့လျော့နေ၍ မရချေ။
ရင်နန်ဟိုင်သည် ၎င်းကို မြင်တွေ့သွားကာ စကားထပ်ပြောလာခဲ့သည် “ အစ်ကိုချင်း အဲ့ကိစ္စကို စဥ်းစားကြည့်ပါဦး။ ကျွန်တော့်ရဲ့ ညီမက တကယ်လှတာနော် စရိုက်ကလည်း ကောင်းတယ် ပြီးတော့ သူမရဲ့ ခန်းဝင်ပစ္စည်းက တော်တော်များတယ်နော်။ ကျွန်တော် လိမ်နေတာ မဟုတ်ဘူး “
လုချန်ရှန်းသည် သူ့ကို လျစ်လျူရှုထားသော်လည်း ထိုစကားကို ကြားလိုက်ရသောအခါတွင် သူ၏ခြေလှမ်းများ အနည်းငယ် တုံ့ဆိုင်းသွားခဲ့သည် သို့သော် သူသည် သူ၏ကိုယ်ပိုင်မူဝါဒကို ဆုပ်ကိုင်ထားစဲပင်။
“ ဘယ်သွားမလို့လဲ။ ကျွန်တော့်ကို စောင့်ပါဦး “
“ ထွက်သွားစမ်း။ ငါ့နောက်မလိုက်နဲ့ “
လုချန်ရှန်းသည် မည်သို့မျှ ယဥ်ကျေးမနေဘဲ တည့်တိုးပြောဆိုလိုက်သည်။ တစ်ဖက်လူက သူ၏ မူဝါဒကိုပါ ထိပါးလာခဲ့ပြီဖြစ်ပြီး ၎င်းက သည်းခံနိုင်စရာ မရှိပေ။
သူသည် ထိုကောင်၏ ရည်ရွယ်ချက်က သူ့ကို အိမ်ထောင်ပြုရန် လှည့်စားခြင်းဖြစ်ဟု ခံစားနေခဲ့ရ၏။
သို့ရာတွင် လူတိုင်း ထွက်သွားခဲ့ပြီဖြစ်သောကြောင့် လုချန်ရှန်းသည် အဆိုပါ မြင်ပင်လေးများကို တိတ်တဆိတ် ငေးကြည့်နေတော့၏ ယခုတွင် ၎င်းတို့က အရှိန်အဟုန်ဖြင့် ကြီးထွားလာခဲ့ပြီဖြစ်သောကြောင့် သူ၏ မျက်နှာပေါ်တွင် စိတ်သက်သာရာရသွားသည့် အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်။
လုချန်ရှန်းသည် တောအုပ်အတွင်းတွင် လှည့်လည်သွားလာနေရင်းဖြင့် တိုက်တိုက်ဆိုင်ဆိုင်ဆိုင်ပင် ထိုလူများနှင့် ထပ်မံ၍ ဆုံတွေ့ခဲ့ရ၏။
တစ်ကြိမ်မျှ ဒုက္ခခံခဲ့ရပြီးသော်လည်း ထိုလူများက ကြိုတင်မပြင်ဆင်ထားသေးသောကြောင့် သူ အံ့အားသင့်သွားခဲ့ရသည်။ သူတို့တစ်ဦးချင်းစီတိုင်းက အံတကြိတ်ကြိတ်ဖြင့် အဆိုပါ လူရူးကို အဆက်မပြတ် ကျိန်ဆဲနေကြ၏။
ထို့နောက် တစ်ခဏအကြာတွင် သူတို့၏ အမြင်အာရုံများ ထပ်မံ၍ မည်းမှောင်သွားပြီး သူတို့အာလုံး သတိထပ်လစ်သွားရခဲ့ပြန်သည်။
သနားဖွယ်အကောင်းဆုံးက ချီယန်ပင် ဖြစ်ပေသည် သူသည် နှစ်ကြိမ်ဆက်တိုက် အဝတ်ချွတ်ခံခဲ့ရ၏ လုချန်ရှန်းက မည်သည့်သနားညှာတာမှုကိုမှ မပြသခဲ့ပေ။
လျှပ်စီးကျီ၏ ကျိန်ဆဲမှုက အပြင်းထန်ဆုံးဖြစ်ပြီး ကတုံးတုံးခံလိုက်ရကာ ငှက်မွှေးတစ်ဝက်ကျောက် အနှုတ်ခံလိုက်ရ၏။
ပန်ဘုရင်လေးအတွက်ကမူ လုချန်ရှန်းက သူ့ကို အတော်လေး လေးစားနေသေးသည်။ သူက မည်သည့်မိုးကြိုးအဆောင်ကိုမှ မရခဲ့ဘူးဆိုသည်ကို မြင်လိုက်ရသောအခါတွင် သူ့ကို လွှတ်ပေးလိုက်သည်။
သူအလေးစားဆုံး လူမှာ ဝူရွှမ်ပင်ဖြစ်သည်။
လုချန်ရှန်းမှာ ထပ်မံ၍ အားလပ်သွားခဲ့ပြန်သည် သို့သော် သူသည် မိုချင်ကို ထပ်မံ၍ မနှောင့်ယှက်လိုက်ပေ။ တည်သီးခူးသည့် အချိန်တွင် အပျော့များကိုသာ ရွေးခူးသင့်ပေသည် အမာများကို ခူးယူခြင်းက ကရိကထများပေသည်။
သိပ်မကြာခင် အချိန်မှာပင် တောင်တန်းဒေသတစ်ခုလုံးမှ ဒေါသတကြီး ဟိန်းဟောက်သံများ ပျံ့လွင့်လာခဲ့သည်။ သူတို့က အချိန်တိုအတွင်းမှာပင် မိုးကြိုးအဆောင်များကို စုဆောင်းနိုင်ခဲ့သော်လည်း ထပ်မံ၍ လုယက်ခံလိုက်ရသည်။ သူတို့တစ်ဦးချင်းစီတိုင်းက ဒေါသတကြီး ဖြစ်သွားကြပြီး သူတို့၏ ဟိန်းဟောက်သံတို့မှာလည်း ကောင်းကင်ဘုံကို လှုပ်ရမ်းသွားစေခဲ့၏။
ဒေါသတကြီး ဟိန်းဟောက်သံများ အဆက်မပြတ် ပျံ့လွင့်နေလျက်ရှိပြီး လူတစ်ချို့မှာ အံ့ဩတကြီး ဖြစ်သွားကြသည် မည်သူက ထိုမျှလောက် သတ္တိကောင်းနေပါသနည်း။
လုချန်ရှန်းသည် လှည့်လည်သွားလာနေရင်းဖြင့် မိုးကြိုးရေကန်ကို ရှာဖွေကာ ထပ်မံ၍ ကျင့်ကြံရန် စဥ်းစားထားခဲ့သည် ထိုစဥ် သူသည် တစ်စုံတစ်ဦးက သူ့အား နောက်ယောင်ခံလိုက်နေသည်ကို အာရုံခံမိသွား၏။
ထို့နောက်တွင် သူသည် တောအုပ်အတွင်းသို့ တိုးဝင်သွားကာ သူ၏အရှိန်အဝါကို ဖုံးကွယ်လိုက်သည်။
တစ်ခဏအကြာ၌ အဝေးတွင် ပုံရိပ်နှစ်ခု ပေါ်ထွက်လာခဲ့သည် လူငယ်တစ်ဦးနှင့် အဘိုးအိုတစ်ဦးဖြစ်သည်။
အဘိုးအိုက စကားပြောလာခဲ့သည် “ သူက ဒီကနေ လာတာကို ငါတွေ့လိုက်ရပါတယ် ဘယ်လိုလုပ် ပျောက်သွားရတာလဲ “
လူငယ်သည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုကာ မျက်မှောင်ကြုတ်သွားခဲ့သည် “ ကျွန်တော်တို့က သူ့ကို မြန်မြန်ရှာမှဖြစ်မယ် အဲ့လူတွေကို လက်ဦးသွားစေလို့ မဖြစ်ဘူး “
“ အင်းး “
သူတို့နှစ်ဦးသည် စကားပြောနေရင်းဖြင့် အရှေ့သို့ ဦးတည်လာကြသည်။
လုချန်ရှန်းသည် ၎င်းကို စောင့်ကြည့်နေရင်းဖြင့် အနည်းငယ် အံ့အားသင့်သွားခဲ့သည် “ ငါ့ရဲ့ လူကြိုက်များမှုက အဲ့လောက်ကြီးတောင် ဆိုးရွားနေတာလားဟ။ မဟာတောရိုင်း ခန်းမကတောင် ငါ့ကို ထိချင်နေကြတယ်ပေါ့ “
သူသည် သူတို့၏ အရှိန်အဝါများကို အာရုံခံမိခဲ့ပြီး သူတို့က မဟာတောရိုင်း ခန်းမမှဆိုသည်ကို သိရှိသွား၏။
သူသည် လုထူ၏ စာရိတ္တပျက်ပြားမှုကို ချက်ချင်းညည်းညူနေတော့၏။
မကြာခင် အချိန်မှာပင် ထိုလူနှစ်ဦးသည် ကျယ်လောင်သော အသံတစ်သံနှင့်အတူ မြေပြင်ပေါ်သို့ ပြုတ်ကျလာခဲ့ပြီး သူသည် ထိုနှစ်ဦးထံမှ မိုးကြိုးအဆောင် သုံးခု ရရှိခဲ့၏။
“ ဒီလူငယ်လေးက တော်တော်လေး အထင်ကြီးဖို့ကောင်းတာပဲ “ ဟု လုချန်ရှန်းက ရေရွတ်ပြောဆိုနေတော့သည်။
လူငယ်သည် နှစ်ဆယ့်နှစ်(သို့) နှစ်ဆယ့်သုံး အရွယ်မျှရှိကာ သူ၏ ကျင့်ကြံရေးမှာ မွေးရာပါ ဝိညာဥ် အဆင့်၃သို့ ရောက်ရှိနေပြီး သက်တူရွယ်တူများထပ်ပင် သာလွန်နေခဲ့ပြီ ဖြစ်သည်။
သို့ရာတွင် လူများက အပေါ်ယံတွင် မြင်ရခြင်းထပ် အသက်ပိုကြီးသည်ဟု ရှောင်ဟေးက ပြောပြခဲ့ဖူးသည် သို့တိုင်အောင် သူတို့ကို ရွယ်တူများအဖြစ် သတ်မှတ်နိုင်သေး၏။
ထို့နောက်တွင် သူသည် များများစားစားတွေးတောစဥ်းစားခြင်းနှင့် အကြောင်းအရင်းကို မေးမြန်းခြင်းတို့ပင် မပြုလုပ်ဘဲ ပစ္စည်းများကို သိမ်းယူကာ လှည့်ထွက်သွားတော့သည်။
လူတိုင်းက သူ့ကို ပစ်မှတ်ထား၍ နာကျင်စေလိုသော်လည်း သူသည် ကြင်နာမှုကို လက်ကိုင်ထားကာ သူတို့ကို မသတ်ဖြတ်ဘဲ ထပ်ခါတလဲလဲ ပြန်လွှတ်ပေးခဲ့သည်။
သူသည် ဤခရီးစဥ်တွင် သတ်ဖြတ်ခြင်းကို အတတ်နိုင်ဆုံး ရှောင်ကြဥ်ခဲ့ပြီး ထိုအကြောင်းကို ပိုတွေးလေလေ ပို၍ စိတ်ထိခိုက်လေလေ ဖြစ်သွားခဲ့သည်။ ငါ့ကို လူကောင်းလေးလို့ ဘာလို့ မခေါ်ကြရတာလဲကွာ
ဤကာလအတွင်းတွင် သူသည် လှည့်ပတ်သွားလာနေရင်းဖြင့် ထိုလူများနှင့် ထပ်မံ၍ ဆုံတွေ့ခဲ့ပြန်သည်။ သူတို့၏ လှောင်ပြောင်မှုများနှင့် ရန်စမှုများကို ရင်ဆိုင်လိုက်ရသော်လည်း ပြုံးရုံသာ ပြုံးခဲ့ပြီး သဘောထားပြည့်ဝခြင်း၏ အဓိပ္ပါယ်ကို အပြည့်အဝ ပြသခဲ့သည်။
၎င်းက လူတိုင်းကို ကြောင်တောင်တောင် ဖြစ်သွားစေခဲ့၏။ အသေးငယ်ဆုံးသော မကျေနပ်ချက်များအတွက်ပင် လက်စားချေတတ်သည့် လူတစ်ဦးက သူ၏ဘဝအဆင့်အတန်း မြင့်မားသွားသည့်အလား လေကဲ့သို့ သန့်စင်ကာ လကဲ့သို့ ကြည့်လင်လာခဲ့၏။
လုချန်ရှန်းသည် တောအုပ်အတွင်းတွင် လမ်းလျှောက်နေရင်းဖြင့် လမ်းပျောက်နေသကဲ့သို့ ခံစားသွားခဲ့ရ၏။ အစတွင် သူသည် တတိယအကြိမ်မြောက် ရိတ်သိမ်းခြင်းကို ပြုလုပ်ရန် ကြံရွယ်ထားခဲ့သည် သို့သော် ထိုလူများက အစအနပင် ရှာမရဘဲ လုံးဝပျောက်ကွယ်သွားသည်ကို သူသိရှိလိုက်ရသည်။
အချိန်အတော်အကြာ ရှာဖွေနေသော်လည်း မည်သည့်သတင်းကိုမှ မရရှိခဲ့ပေ။ သူဘယ်သွားရမှန်းမသိ ဖြစ်နေစဥ်အချိန်မှာပင် သူ့အနားသို့ ပုံရိပ်တစ်ခု ချဥ်းကပ်လာခဲ့ပြီး သူ့ကိုကြည့်ကာ မျက်မှောင်ကြုတ်သွားခဲ့သည်။
“ အစ်ကိုကြီး မင်းကတော့ တစ်ခြားလူတွေနဲ့ လုံးဝကိုမတူဘူး “
ရောက်ရှိလာသူမှာ ကျင်းယုပင် ဖြစ်သည်။
လုချန်ရှန်းက ပြန်ပြောလိုက်သည် “ ဘာဖြစ်လို့လဲ “
“ တစ်ခြားလူတွေက အသေအကြေ တိုက်ပွဲဝင်နေတဲ့ အချိန်မှာ မင်းကတော့ လက်နောက်ပစ်ပြီးတော့ သီချင်းလေးညည်းရင်း လမ်းသလားနေတယ် တကယ်ကို လွတ်လပ်ပေါ့ပါးတာပဲ “
လုချန်ရှန်းသည် မျက်မှောင်ကြုတ်သွားပြီး သူနှင့် စကားပြောရန်ပင် ပျင်းရိသွားခဲ့သည်။
သို့ရာတွင် ကျင်းယုက စကားထပ်ပြောလာခဲ့၏ “ အို့ ဒါနဲ့ ကြယ်ကြွေသူတော်စင်က မင်းကို လာရှာသေးလား “
“ ကြယ်ကြွေသူတော်စင်လား “ လုချန်ရှန်းသည် ဇဝေဇဝါဖြင့် ပြန်မေးလိုက်သည် “ အဲ့တာက ဘယ်သူလဲ “
“ မဟာတောရိုင်း ခန်းမရဲ့ သူတော်စင်လေ။ သူက မင်းကို ရှာနေတာ “
ထိုစကားကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်းသည် တစ်ခဏခန့် မှင်သက်သွားကာ အနည်းငယ်မျှ တွေးတောစဥ်းစားနေခဲ့ပြီးမှ ပြန်ပြောလိုက်သည် “ မင်းပြောနေတဲ့ ကြယ်ကြွေသူတော်စင်ဆိုတာက မွေးရာပါ ဝိညာဥ် အဆင့်၃မှာ ရှိနေတဲ့ အသက်နှစ်ဆယ့်နှစ် နှစ်ဆယ့်သုံးအရွယ် လူငယ်တစ်ယောက်လား “
“ ဟုတ်တယ် မင်းက သူနဲ့တွေ့ခဲ့တာလား “ ဟု ကျင်းယုက တုံ့ပြန်လာခဲ့၏။
လုချန်ရှန်းသည် ပထမဦးဆုံးအနေဖြင့် အံ့အားသင့်သွားခဲ့ပြီး ထို့နောက်တွင် ခေါင်းတခါခါဖြင့် ပြန်ပြောလိုက်သည် “ မဟုတ်ပါဘူး ငါသူ့ကို မတွေ့ဖူးဘူး။ ငါသူ့ကို မသိဘူး။ ခုမှ သူ့အကြောင်းကို ပထမဦးဆုံးအကြိမ်အဖြစ် ကြားခဲ့ဖူးတာ “
ဟမ်
ကျင်းယုသည် မှင်သက်သွားကာ ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့သည်။
လုချန်ရှန်းမှာလည်း သူသတိလစ်အောင် ရိုက်ခဲ့သည့် လူက မဟာတောရိုင်း ခန်းမ၏ သူတော်စင်ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
“ သူက ငါ့ကို ဘာကိစ္စ လိုက်ရှာနေရတာလဲ “
သူသည် အချိန်အတော်ကြာ အတွေးနက်နေခဲ့ပြီးမှ ထပ်မံ၍ မေးမြန်းလိုက်သည်။
ကျင်းယုက ပြန်ပြောလာခဲ့သည် “ သူက အခွင့်အလမ်းကြီးတစ်ခု ရှာဖို့အတွက် မင်းကို ခေါ်သွားချင်နေတာလေ “
“ တကယ်လား။ အဲ့လောက်တောင်ကောင်းတဲ့ ကိစ္စမျိုး ရှိသေးတာလား “
လုချန်ရှန်းက တအံ့တဩ ဖြစ်သွားခဲ့သည် သို့သော် သူသည် ကျင်းယုကို တွေဝေတုံ့ဆိုင်းမှုတို့ဖြင့် ငေးကြည့်နေတော့၏။
သို့ရာတွင် ကျင်းယုက လေးလေးနက်နက် ခေါင်းငြိမ့်ပြလာခဲ့သည်။
လုချန်ရှန်းသည် ထိုကဲ့သို့သော ကိစ္စကောင်းတစ်ခုက သူ့ထံသို့ မည်သည့်အတွက်ကြောင့် ရောက်ရှိလာရလဲဆိုသည်ကို နားမလည်နိုင် ဖြစ်သွားခဲ့သည်။
ကျင်းယုက ၎င်းကို နားလည်နေပုံရကာ စကားထပ်ပြောလာခဲ့၏ “ တကယ်တော့ မင်းကို ရှာဖို့အတွက် ယဲ့မီထျန်းက တောင်းဆိုခဲ့တာ “
“ ရှောင်ဟေးလား။ အဲ့တာက သူနဲ့ဘာဆိုင်လို့လဲ “
လုချန်ရှန်းမှာ နားမလည်နိုင် ဖြစ်နေသေးသည်။
ကျင်းယုက ထပ်မံ၍ ရှင်းပြနေတော့၏ “ ဝမ်ထျန်တောင်တန်းမှာ ဖုံးကွယ်ထားတဲ့ အခွင့်အလမ်းတစ်ခု ရှိတယ်လေ ဒါပင်မဲ့ အဲ့တာကို ရဖို့က တော်တော်လေးကိုခက်တယ်။ ကံပါဖို့ လိုအပ်တယ်။ မဟာတောရိုင်း ခန်းမက အဲ့တာကို ဟိုလူတွေ ရသွားမှာကို မလိုချင်ဘူးလေ ပြီးတော့ ကြယ်ကြွေ သူတော်စင်ကလည်း အဲ့တာကို မရဖို့များတယ်။ အဲ့တာကြောင့် ယဲ့မီထျန်းက မင်းကို အဆိုပြုလိုက်တာ “
“ အဲ့တာဆိုရင် ဘာဖြစ်လို့ သူကိုယ်တိုင် လာမရှာရတာလဲ “ လုချန်ရှန်းက ဇဝေဇဝါဖြင့် ထပ်မံ၍ မေးမြန်းလိုက်သည်။
“ သူ့ကြည့်ရတာ ကောင်းကင်ဝါးမျိုးငှက် မျိုးနွယ်စုနဲ့ ပြဿနာတက်နေပြီးတော့ အပြင်ထွက်လို့မရတဲ့ပုံပဲ “
လူနှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ငေးကြည့်နေကြတော့သည်။
ထို့နောက်တွင် ကျင်းယုသည် တစ်စုံတစ်ခုကို အမှတ်ရသွားကာ စကားထပ်ပြောလာခဲ့၏ “ ပြီးတော့ မဟာတောရိုင်း ခန်းမက လူတစ်ယောက်က သူ့ကို တော်တော်လေး တန်ဖိုးထားနေတယ် ပြီးတော့ သူက မင်းမယုံမှာကိုလည်း ကြောက်နေတယ် အဲ့တာကြောင့် မင်းကို ရှာဖို့အတွက် ငါ့ကို အကူအညီတောင်းခဲ့တာ “
“ မင်းငါ့ကို လိမ်နေတာလို့ ထင်တယ် ဒါပင်မဲ့ ငါ့ဆီမှာ ဘာသက်သေမှ မရှိဘူး “
“ ဘာလို့လဲ “
“ အဲ့လိုမျိုးဖြစ်နေမယ်ဆိုရင် ဘာလို့ ငါဒီကို မရောက်ခင်ကတည်းက မပြောခဲ့ရတာလဲ။ ငါဒီမှာရှိနေတာ အချိန်အတော်ကြာမှ ငါ့ကို လာပြောပြနေတယ် ပြစ်ချက်တစ်ခုရှိတယ် “
ကျင်းယုသည် ခါးသီးစွာ ပြုံးနေတော့၏ “ မင်းကို မပြောခင် အချိန်မှာ သူတို့က ကိစ္စတစ်ခုကို အတည်ပြုရသေးတယ်လေ “
“ ဘာလဲ “
“ မင်းက အဲ့လူတွေ လာဘ်ထိုးတာကို မခံခဲ့ရဘူးလို့ အတည်ပြုနေခဲ့တာလေ မင်းက အဲ့လူတွေနဲ့ ပဋိပက္ခဖြစ်နေတာကို မြင်လိုက်ရတော့မှ ကြယ်ကြွေသူတော်စင်က စိတ်သက်သာရာရသွားခဲ့တာ “
စကားဝိုင်းက ဤအခြေအနေအထိ ရောက်ရှိလာခဲ့သောကြောင့် လုချန်ရှန်းမှာ စိုးရိမ်တကြီး ဖြစ်သွားခဲ့သည်။ အဲ့တာက ဘာစကားကြီးလဲဟ။ သူတို့က ငါ့ကို ဘာအတွက် ရှာနေကြတာလဲ။ အဲ့တာက ငါ့ကို မယုံတာ မဟုတ်ဘူးလား
၎င်းကို တွေးမိသွားသောအခါတွင် သူ၏စိတ်နှလုံးသား နာကျင်သွားရတော့သည်။
“ မဟာတောရိုင်း ခန်းမက ငါ့ကို နည်းနည်းလေးပဲ ယုံတယ်ဆိုမှတော့ …….. “
လုချန်ရှန်းက စကားကို ပြီးဆုံးအောင် မပြောရသေးခင် အချိန်မှာပင် ကျင်းယုက စကားဖြတ်ပြောလာခဲ့သည် “ မဟာတောရိုင်း ခန်းမက မင်းကို မယုံတာ မဟုတ်ပါဘူး “
“ အဲ့တာဆိုရင် ဘယ်သူလဲ “
“ အဲ့ဒီသတ်မှတ်ချက်ကို ယဲ့မီထျန်းကပဲ အဆိုပြုခဲ့တာလေ ဘာပဲဖြစ်ဖြစ် မင်းတို့က ……… “
“ အာ အဲ့တာက ငါ့ကို ပိုပြီးတော့ နာကျင်သွားစေတယ် “
လုချန်ရှန်းသည် သူ၏ရင်ဘတ်ကို ဆုပ်ကိုင်ကာ အံ့အားသင့်သွားခဲ့သည်။
ကျင်းယုမှာလည်း ရှောင်ဟေး ပေးခဲ့သည့် တံဆိပ်ပြားတစ်ခုကို လွှဲပေးကာ ထိုကိစ္စ၏ စစ်မှန်မှုကို အတည်ပြုပေးလာခဲ့၏။
သို့သော် လုချန်ရှန်းကမူ ထိုအကြောင်းကို တွေးတောစဥ်းစားနေရင်းဖြင့် ဒေါသတကြီး ဖြစ်သွားခဲ့သည်။ သူက တံဆိပ်ကို မြင်ရုံနှင့် ထိုကောင့်ကို ယုံကြည်နေခဲ့သော်လည်း ထိုအကောင်ကမူ သူ့ကို မည်သို့မျှ မယုံကြည်ခဲ့ပေ။ သူသည် လူတစ်ဦးနှင့် ငှက်တစ်ကောင်အကြားရှိ ယုံကြည်မှုက အပြန်အလှန် မဟုတ်ဘူး(သို့) တစ်ဖက်သတ်သာ ဖြစ်နေလိမ့်မည်ဟု မည်သို့မျှ မမျှော်လင့်ထားခဲ့ပေ။
၎င်းကို တွေးမိသွားသောအခါတွင် လုချန်ရှန်းသည် စိတ်မသက်မသာ ဖြစ်သွားကာ ကူရာကယ်ရာမဲ့စွာဖြင့် တုံ့ပြန်လိုက်၏ “ ငါတို့က လူရင်းတွေပဲလေ သူက ငါ့စရိုက်ကို နားမလည်ဘူးလား။ ငါ့ကိုတောင် မယုံဘူးပေါ့ ဟူးးးးး “
ကျင်းယုသည် ၎င်းကို စောင့်ကြည့်နေရင်းဖြင့် တံတွေးမျိုချကာ တုန်တုန်ရင်ရင်ဖြင့် ပြန်ပြောလာခဲ့သည်။
“ အစ်ကိုကြီး သူက မင်းကို ကောင်းကောင်းကြီးကို နားလည်လွန်းနေတာ ဖြစ်နိုင်တယ်လေ။ အဲ့တာကြောင့်ပဲ မင်းကို စမ်းသပ်နေတာ နေမှာပေါ့ “
--
……………………………………………………………………………………………………………………………………