← Chapters

အခန်း ၂၀၃

Vol. 14 Ch. 203

အခန်း ၂၀၃

Vol. 14 Ch. 203

အပိုင်း ( 203 )

ငါသေသင့်တယ် ငါက လူသားတစ်ယောက် မဟုတ်ဘူး

လူနှစ်ဦးက အတူတကွ မတ်တပ်ရပ်နေလျက်ရှိပြီး လုချန်ရှန်းက အဆိုပါ ရလဒ်ကို လက်မခံနိုင်ဖြစ်နေခဲ့ကာ နောင်တတကြီး ဖြစ်နေလျက်ရှိ၏။

သူ၏ စိတ်အခြေအနေ တစ်ခုလုံး ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။

သို့သော် ရှောင်ဟေးနှင့် မဟာတောရိုင်း ခန်းမတို့၏ ယုံကြည်မှုတို့ကို အလဟာသ မဖြစ်စေရန်နှင့် ကိုယ့်ကိုကိုယ် သက်သေပြရန်အတွက် သူသည် ထိုလူများဆီသို့ သွားရန် ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်၏။

မည်သို့ပင်ဆိုစေကာမူ ၎င်းက အခွင့်အလမ်းတစ်ခုဖြစ်ပြီး ကျင်းယု၏ အပြောအဆိုကို အကဲခတ်ကြည့်ရခြင်းအားဖြင့် ၎င်းက အရေးကြီးသော အရာတစ်ခုဖြစ်နေသည့်ပုံပင် ထို့ကြောင့် သူသည် ၎င်းက အစစ် ဟုတ် မဟုတ်ဆိုသည်ကို အရင်ဦးဆုံး သွားကြည့်မည် ဖြစ်သည်။

သူသည် အကွက်ဆင်ခံရမည်ကို မကြောက်ပေ အများဆုံးအနေဖြင့် မွေးရာပါ ဝိညာဥ် အဆင့်၉ ပညာရှင် အနည်းငယ်မျှသာ ပေါ်လာမည် ဖြစ်သည်။

ကျင်းယုသည် ကြယ်ကြွေ သူတော်စင်ကို ဆက်သွယ်လိုက်ပြီး တုံ့ပြန်မှုကို ပြန်လည်ရရှိခဲ့ပြီးသည့်နောက်တွင် ချက်ချင်းထွက်ခွာသွားတော့သည်။

အသွားလမ်းတွင် လုချန်ရှန်းက မအောင့်ထားနိုင်တော့ဘဲ မေးမြန်းလာခဲ့သည် “ ရှောင်ဟေးက ဘာလို့ သူကိုယ်တိုင် ငါ့ကိုလာမပြောပြရတာလဲ “

“ အစ်ကိုကြီး မင်းတို့နှစ်ယောက်က။ ဘယ်လောက်တောင် ဝေးနေလဲဆိုတာကိုရော သိရဲ့လား သူ့ဆီမှာ အချိန်မရှိဘူးဗျ “

“ ယွမ်နယ်မြေထဲကို ဝင်ဖို့တောင် အချိန်မရဘူးလားဟ “ လုချန်ရှန်းသည် မျက်မှောင်ကြုတ်သွားခဲ့ပြီး ထိုစကားကို မည်သို့မျှ မယုံကြည်ခဲ့ပေ။

ထိုစကားကို ကြားလိုက်ရသောအခါတွင် ကျင်းယုကပင် ဆွံ့အသွားခဲ့သည် “ ဟုတ်သားပဲ တကယ်တော့ အဲ့လောက်ကြီးလည်း မဆိုးလောက်ပါဘူး “

“ တွေ့လား သူအပျင်းတစ်နေတာလို့ ငါပြောသားပဲ “

“ အစ်ကိုကြီး တစ်ခြား ဖြစ်နိုင်ခြေတစ်ခုကော မရှိတော့ဘူးလား။ မင်းက ယွမ်နယ်မြေကို မသွားဘူးဆိုရင် သူက မင်းကို ဘယ်လိုလုပ် ရှာတွေ့မှာလဲ “

“ အမ် ……… “

လုချန်ရှန်း ဆွံ့အသွား၏။

ယခုလေးတင် ပြောလိုက်သည့် စကားက အနည်းငယ် ကို့ရို့ကားရားနိုင်ပေသည် ၎င်းက သူ့အမှားပင် ဖြစ်သည် သို့သော် သူသည် ဖင်ပိတ်ငြင်းနေမည်သာဖြစ်သည်။

ထို့နောက်တွင် သူသည် ရင်နန်ဟိုင်ကိုပါ ခေါ်လိုက်၏။

အဆုံးတွင် သူသည် ထိုကောင်၏ ရည်ရွယ်ချက်များက မရိုးရှင်းဘူးဆိုသည်ကို အတည်ပြုနိုင်ခဲ့သည်။ ထိုကောင်က သူနှင့် ရင်းနှီးချင်နေခဲ့ပြီး သူ၏ညီမကို သူနှင့် လက်ထပ်ပေးကာ သူ့အား သူခိုးသဘော်ပေါ်သို့ ခေါ်ဆောင်သွားလိုခြင်း ဖြစ်သည်။

လုချန်ရှန်းသည် ဤကမ္ဘာလောကတွင် ညီမအရင်းကိုပင် မီးပုံထဲ ပစ်ချရလောက်သည်အထိ ရက်စက်ကြမ်းကြုတ်သော လူတစ်ဦး ရှိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သူသည် ကမ္ဘာကြီး၏ ရက်စက်မှုကို တိတ်တဆိတ် သက်ပြင်းချမိနေတော့သည်။

တောင်တက်ခရီးစဥ်တစ်ခု ပြီးဆုံးသွားသည့်နောက်တွင် ကျင်းယုသည် သူ့ကို ဝမ်ထျန်တောင်တန်းဒေသ၏ အမြင့်ဆုံးတောင်တန်းဆီသို့ ဦးဆောင်သွားခဲ့သည်။ သို့ရာ၌ အနီးအနားသို့ ရောက်သွားသည့် အချိန်တွင် ကျင်းယု ရပ်တန့်သွားခဲ့သည်။

သူသည် အနားသို့ ကပ်မသွားရဲပေ ထိုကဲ့သို့ ဖြစ်ရခြင်းမှာ ဤနေရာ၏ တားမြစ်ချက်များကြောင့်သာလျှင် မဟုတ်ဘဲ သူက အဆိုပါ အင်အားစုကြီးများက သူ့အား တိုက်ခိုက်လာမည်ကို ကြောက်ရွံ့သောကြောင့် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် သူတို့အားလုံး၏ အရှေ့တွင် လူငယ်တစ်ဦး ပေါ်ထွက်လာခဲ့သည် ၎င်းမှာ ယခင်က လုချန်ရှန်းက သတိလစ်အောင် လုပ်လိုက်သည့် မဟာတောရိုင်း ခန်းမ၏ ကြယ်ကြွေသူတော်စင်ပင် ဖြစ်သည်။

လူနှစ်ဦး တွေ့ဆုံကြသည့် အချိန်တွင် ကြယ်ကြွေ သူတော်စင်က ဘယ်လိုမှမနေသော်လည်း လုချန်ရှန်းမှာ အနည်းငယ် နေရခက်သွားခဲ့သည်။

“ ကျွန်တော်က ရှင်းယွင်(ကြယ်ကြွေ)ပါ ခင်ဗျားက ညီအစ်ကိုလုလား “

ရှင်းယွင်က စကားစပြောလာခဲ့၏။

လုချန်ရှန်းမှာလည်း သူ့ကို ဂရုတစိုက် စူးစမ်လေ့လာနေခဲ့၏။ ချီယန်နှင့် လျှပ်စီးကျီတို့ကဲ့သို့ပင် သူ၏ မျက်လုံးများအတွင်းတွင် မောက်မာမှုတို့ ကိန်းဝပ်နေလျက်ရှိသော်လည်း သူ၏လေသံမှာ အလွန်တရာ ငြင်သာနေကာ သူ့ကို မထီမဲ့မြင်မပြုဘဲ အလေးအနက်ထား၍ ဆက်ဆံနေလျက်ရှိ၏။

“ ဟယ်လို “ ဟု လုချန်ရှန်းက တုံ့ပြန်လိုက်သည်။

ထို့နောက်တွင် ရှင်းယွင်မှ စကားဆက်ပြောလာခဲ့သည် “ ကျင်းယုက ညီအစ်ကိုလုကို ပြောခဲ့ပြီးပြီလို့ ကျွန်တော်ထင်ပါတယ် အဲ့တာကြောင့် တိုရင်းကို တန်းသွားပါ့မယ် “

“ ဆက်ပြောပါ “

“ ဝမ်ထျန်တောင်တန်းကို မိုးကြိုးမွေးဖွားတဲ့ နေရာလို့ သတ်မှတ်ထားကြတယ်။ နောက်ဆုံးတောင်တန်းမှာ မိုးကြိုးအသူရာချောက်လို့ခေါ်တဲ့ ချောက်နက်တစ်ခုရှိတယ်။ အဲ့ထဲမှာ အခွင့်အလမ်းကြီးတစ်ခု ရှိတယ် ဒီလူတွေ အကုန်လုံးက အဲ့တာအတွက် ဒီကို ရောက်နေကြတာ “

“ ဘယ်လို အခွင့်အလမ်းမျိုးလဲ “ ဟု လုချန်ရှန်းက မေးမြန်းလိုက်၏။

ရှင်းယွင်သည် တွေးတွေးဆဆဖြင့် ပြန်ပြောလာခဲ့သည် “ ဒဏ္ဍာရီတွေကတော့ မိုးကြိုးတာအိုရဲ့ မူလအရင်းအမြစ်က အဲ့မှာရှိတယ်လို့ ပြောထားကြတယ်။ တကယ်လို့ တစ်ယောက်ယောက် အဲ့တာကို ရသွားမယ်ဆိုရင် သူတို့က ဘာမှမရှိတဲ့အခြေအနေနဲ့ တစ်ခုခုဖြစ်သွားတဲ့ ဖြစ်စဥ်ကို ကျော်ဖြတ်ပြီးတော့ မိုးကြိုးနည်းစနစ်တွေကို ကျွမ်းကျင်သွားနိုင်တယ်။ စမ်းသပ်မှုတွေကို တောင့်ခံနိုင်သရွေ့ အဲ့တာကို ရနိုင်တယ် “

ထိုစကားကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်း အတွေးနက်သွားတော့သည်။

သူသည် ဤနေရာတွင် အခွင့်အလမ်းတစ်ခု ရှိနေသည်ဟု ကြားထားခဲ့ဖူးသော်လည်း ထိုမျှလောက်အထိ ထူးခြား ကြီးမားနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

မိုးကြိုးအဆောင်ကို ကိုင်ဆောင်ကာ မိုးကြိုးရေကန်းအတွင်းသို့ ဝင်ရောက်၍ မိုးကြိုးနည်းစနစ်များကို ထိတွေ့နိုင်သည့် အခွင့်အလမ်းကပင် အတော်လေး အံ့ဖွယ်ကောင်းနေပြီဖြစ်ပြီး ၎င်းသည် လူအမြောက်များကိုပါ စုပြုံဝင်ရောက်လာစေခဲ့သည်။

သို့သော် ဤနေရာတွင် ပို၍အံ့ဖွယ်ကောင်းသည့် မိုးကြိုးတာအို အရင်းအမြစ်ပင် ရှိနေခဲ့၏။ အကယ်၍ ၎င်းကို ရရှိမည်ဆိုပါက လူတစ်ဦးက မိုးကြိုးနည်းစနစ်များကို ကျွမ်းကျင်တတ်မြောက်ကာ အခက်ခဲဆုံးသော ဖြစ်စဥ်ကို ပြီးမြောက်သွားစေပေမည်။

လုချန်ရှန်းက ၎င်းတို့ကို ထိတွေ့နေနိုင်ခဲ့ကာ သူ၏ကိုယ်ပိုင်အရင်းအမြစ် တစ်စွန်းတစ်စကိုပင် ဖန်တီးနိုင်ခဲ့ပြီဖြစ်သော်လည်း အကယ်၍ သူကသာ ၎င်းကို ရရှိမည်ဆိုပါက ၎င်းက သူ၏ ဒုက္ခများကို မည်မျှသက်သာသွားစေမလဲဆိုသည်ကိုပင် မမှန်းဆနိုင်တော့ချေ။

“ ညီအစ်ကိုလု ကျေးဇူးပြုပြီးတော့ “

ရှင်းယွင်သည် စကားထပ်ပြောလာခဲ့ကာ လုချန်ရှန်းအတွက် လမ်းပြပေးနေတော့သည်။

သူတော်စင်တစ်ဦးက သူ့ကို ညီတူမျှတူဆက်ဆံကာ ထိုကဲ့သို့ ပြုလုပ်ပေးနေသည်မှာ အမှန်ပင် ထူးခြားလှ၏။

လုချန်ရှန်း၏ စိတ်ထဲတွင် ရှားပါးသည့် အပြစ်ရှိစိတ် ခံစားချက်တစ်ခု လှိုက်တက်လာခဲ့၏။

သူတို့က အမြင့်ဆုံး တောင်တန်းဆီသို့ တက်လှမ်းသွားသည့် အချိန်မှာပင် သူတို့၏ အမြင်အာရုံများ အတွင်းသို့ ချောက်နက်တစ်ခု ဝင်လာခဲ့ပြီး စကားလုံးတို့ဖြင့် ဖော်ပြ၍ မရသော အံ့ဩတုန်လှုပ်မှု ခံစားချက်လှိုင်းလုံး မြင့်တက်လာခဲ့၏ သို့သော် ချောက်နက်နှင့်မတူဘဲ ချောက်ကမ်းပါးတစ်ခုနှင့်သာ တူညီနေလျက်ရှိ၏။

အောက်သို့ ငုံ့ကြည့်လိုက်သောအခါတွင် ၎င်းက အောက်ခြေမဲ့နေကာ ပိတ်ပိတ်ပိန်းသည်အထိ မည်းနက်နေကာ မမြင်ရသလောက်နီးပါး ဖြစ်နေခဲ့၏။ အောက်ဘက်တွင် တိမ်တိုက်များနှင့် မြူခိုးများ မျောလွင့်နေသည်ကိုသာ မြင်တွေ့နေခဲ့ရပြီး ၎င်းတို့ကို ကျယ်လောင်သော ဟိန်းဟောက်သံများက အဖော်ပြုပေးနေလျက်ရှိ၏။ ချောက်ကမ်းပါး နံရံတွင် မိုးကြိုးလျှပ်စီးများ တဖျပ်ဖျပ်ခတ်နေသည်ကို ဝေဝေဝါးဝါး မြင်တွေ့နေခဲ့ရ၏။

အဆုံးမဲ့ ဟိန်းဟောက်သံများ ပဲ့တင်ထပ်နေလျက်ရှိပြီး မိုးကြိုးများသည် ချောက်အနှံ့ပြည့်နှက်နေကာ လိမ်ယှက်နေလျက်ရှိ၏။

“ အဲ့တာက မိုးကြိုးချောက်နက်လား “

လုချန်ရှန်း အံ့အားသင့်သွားခဲ့သည် ဤနေရာရှိ မြင်ကွင်းက သူ့ကို အံ့ဩတကြီး ဖြစ်သွားစေခဲ့၏။ ၎င်းသာလျှင် မဟုတ်ပေ သူ၏စိတ်ထဲတွင် ပိုမိုဆန်းကြယ်သော အရာတစ်ခု တည်ရှိနေသကဲ့သို့ လျှို့ဝှက်ဆန်းကြယ်သော တာအိုစည်းချက်တစ်ခု စီးဆင်းမှုနှင့်အတူ စကားလုံးတို့ဖြင့် ဖော်ပြ၍ မရသော စိတ်ခံစားချက်တစ်ခု လှိုက်တက်လာခဲ့၏။

သူ၏ အကြည့်ကို ရုတ်သိမ်းလိုက်သည့် အချိန်၌ တောင်ကြောပေါ်တွင် လူတော်တော်များများ ရှိနေသည်ကို မြင်တွေ့လိုက်ရသည်။

ချီယန် လျှပ်စီးကျီနှင့် တစ်ခြားလူအားလုံး ဤနေရာသို့ ရောက်ရှိနေခဲ့ပြီး သူတို့မှာလည်း လုချန်ရှန်းကို ငေးကြည့်နေလျက်ရှိသည်။

“ လူတိုင်းက ဘယ်ပြေးသွားလဲလို့ ငါခေါင်းခြောက်အောင် စဥ်းစားနေခဲ့ရတာ သူတို့က ဒီမှာ လာပုန်းနေကြတာကိုး “

သူသည် အသာအယာ ရေရွတ်ပြောဆိုနေတော့၏။

တစ်ချို့သော အကြောင်းအရင်းများကြောင့် ထိုလူများသည် သူ့ကို မြင်လိုက်ရသည့် အချိန်တိုင်းတွင် ပိုပို၍ မုန်းတီးလာပုံရကာ သူတို့၏ အမုန်းတရားများ နက်ရှိုင်းလာကြ၏ သို့သော် သူတို့ကိုယ်တိုင်ကပင် မည်သည့်အတွက်ကြောင့် ထိုကဲ့သို့ ဖြစ်လာရလဲဆိုသည်ကို အဖြေမရှာနိုင် ဖြစ်နေလျက်ရှိ၏။

ထိုအချိန်တွင် ချီယန်က အေးစက်စွာ နှာခေါင်းရှုံ့၍ ငေးကြည့်လာခဲ့သည်။

“ ရှင်းယွင် မင်းက အဲ့ဒီအခွင့်အလမ်းအတွက် သူ့ကိုပါ ပေးပြိုင်ဖို့ စီစဥ်နေတာလား “

ချီယန်မှာ တဟားဟား ရယ်မောနေတော့သည် သူ၏လေသံအတွင်းတွင် မထီမဲ့မြင်ပြုမှုတို့ ကိန်းဝပ်နေလျက်ရှိ၏။ လုချန်ရှန်းက အံ့ဖွယ်ကောင်းသော်လည်း သူသည် တစ်ဖက်လူက သူ့ထပ်နိမ့်ကျသည်ဟု ခံစားနေရကာ တစ်ဖက်လူကို မျက်လုံးထဲပင် မထည့်ထားခဲ့ချေ။

လျှပ်စီးကျီမှာလည်း ဝင်ရောက်လှောင်ပြောင်လာခဲ့သည်။

ရှင်းယွင်က မတုံ့ပြန်လိုက်ပေ။

သို့ရာတွင် လုချန်ရှန်းက အေးအေးလူလူ ပြန်ပြောလိုက်သည် “ တကယ်လို့ မင်းငါ့ကို ကြည့်မရဘူးဆိုရင် ငါ့ကိုလာသတ်လိုက်။ အတင်းအဖျင်းတွေပြောတဲ့ မိန်းမကြီးတွေလို လုပ်မနေနဲ့ ဒါမှမဟုတ် မင်းတို့ရဲ့ ထျန်းရီ မြင့်မြတ်နယ်မြေရဲ့ ကျင့်ကြံရေး နည်းစနစ်က ထူးခြားနေတာများလား “

“ လုချန်ရှန်း မင်းက ငါ့ကို အဲ့လိုမျိုး ရန်စဖို့ ကြံထားတာလား “

“ ဟုတ်တယ် ငါ့ကို လာသတ်လိုက် “

လုချန်ရှန်းသည် သူ၏မောက်မာမှုကို ဖုံးကွယ်ထားရန် မကြိုးစားဘဲ အပြည့်အဝ ထုတ်ပြလိုက်၏။

ချီယန်၏ အမူအရာ မည်းမှောင်သွားကာ အကြည့်များ စူးရှသွားခဲ့သည်။

သူတိတ်ဆိတ်ငြိမ်သက်နေသည်ကို မြင်လိုက်ရသောအခါတွင် လုချန်ရှန်းက သူ့ကို ထပ်မံ၍ အာရုံစိုက်မနေတော့ပေ။

သို့ရာတွင် ရှင်းယွင်က စကားပြောလာခဲ့သည် “ ညီအစ်ကိုလု သူတို့တွေကို အာရုံစိုက်နေဖို့ မလိုပါဘူးဗျာ “

“ အဲ့တာက သူကိုယ်တိုင် တောင်းဆိုနေတာလေ ငါလည်း ဘာမှမတတ်နိုင်ဘူး “

ရှင်းယွင်မှာ တဟားဟား ရယ်မောနေတော့သည် ထို့နောက်တွင် သူသည် လျင်မြန်စွာ လေးနက်သွားကာ စကားထပ်ပြောလာခဲ့သည် “ ညီအစ်ကိုလု ဒီအခွင့်အလမ်းက တော်တော်ကြီးကို ထူးခြားတယ် အားလုံးက မင်းအပေါ်မှာပဲ မူတည်တယ် “

“ ဝင်တောင်မဝင်ရသေးဘူးလေ ဘယ်လိုလုပ် ဒီလောက်တောင် သေချာနေရတာလဲ “

“ တကယ်တော့ မင်းလုပ်နိုင်တယ်လို့ ဘိုးဘေးပြောခဲ့တယ် အဲ့တာဆိုရင် ဘာပြဿနာမှ မရှိတော့ဘူးတဲ့ အဲ့တာက ငါ့ရဲ့ မဟာတောရိုင်း ခန်းမရဲ့ ကံတရားကို သစ္စာဖောက်ရာလည်း မကျဘူး “

“ ဘိုးဘေးလား။ ကံတရားလား။ မင်းဘာပြောချင်နေတာလဲ “ လုချန်ရှန်း မျက်မှောင်ကြုတ်သွားခဲ့၏။

ရှင်းယွင်သည် တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးမှ စကားထပ်ပြောလာခဲ့၏ “ မိုးကြိုးချောက်နက်ထဲကို ဝင်ဖို့အတွက် တန်ဖိုးတစ်ခု ပေးချေရတယ် အဲ့ဒီတန်ကြေးကို ကံတရားနဲ့ လဲလှယ်ရတယ်။ အဲ့တာကြောင့် လူတော်တော်များများက မဝင်သွားချင်ကြဘူး ဒါပင်မဲ့ မင်းကတော့ ဘာကိုမှ တွေးပူနေဖို့ မလိုအပ်ဘူး အဲ့ကံတရားကို ငါ့ရဲ့ မဟာတောရိုင်း ခန်းမကနေ နှုတ်ယူသွားတာမှာ အဲ့တာက မင်းအပေါ်မှာ သက်ရောက်မှု ရှိမှာ မဟုတ်ဘူး “

“ ဘိုးဘေးအတွက်ကတော့ တကယ်လို့ ဒီတစ်ကြိမ်မှာ တစ်ယောက်ယောက်က အဲ့ဒီအခွင်းအလမ်းကို ဖမ်းဆုပ်နိုင်ခဲ့မယ်ဆိုရင် အဲ့တာက မင်းဖြစ်ဖို့များတယ်လို့ ပြောခဲ့တယ် “

“ အဲ့တာက …………. “

လုချန်ရှန်းသည် ပါးစပ်အဟောင်းသားဖြင့် အတွေးနက်သွားခဲ့သည်။

သူသည် အဆိုပါ ဘိုးဘေးက မည်သည့်အတွက်ကြောင့် ထိုကဲ့သို့ ပြောရလဲဆိုသည်ကို မသိပေ သို့သော် သူသည် မိုးကြိုးချောက်အတွင်းသို့ ဝင်ရောက်ရန်အတွက် ကံတရားကို လဲလှယ်ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

အင်အားစုတစ်ခု၏ ကံတရားက မည်မျှအရေးကြီးလိုက်သနည်း။ တန်ကြေးမှာ ကြောက်ခမမ်းလိလိ မြင့်မားပေလိမ့်မည်။

၎င်းကို မြင်လိုက်ရသောအခါတွင် ရှင်းယွင်က သူ့ကို နှစ်သိမ့်ပေးလာခဲ့သည် “ ညီအစ်ကိုလု ဖိအားတွေ ဝင်နေဖို့ မလိုပါဘူးကွာ။ ငါတို့က မင်းကို ဘာမှလုပ်မှာ မဟုတ်ဘူး။ ငါတို့က တောင်ပိုင်းဒေသနဲ့ သက်ဆိုင်တဲ့ အခွင့်အလမ်းကို တစ်ခြားလူတွေ ရသွားမှာကို မလိုချင်ရုံပဲ။ ချောက်နက်ထဲကို ရောက်တဲ့ အချိန်ကျရင် မင်းကို ကူညီဖို့အတွက် အကောင်းဆုံး ကြိုးစားပေးမယ် တကယ်လို့ မင်းက အခွင့်အလမ်းကို မရခဲ့ဘူးဆိုရင်တောင်မှ ကိစ္စမရှိဘူး “

ထိုစကားလုံးများကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်းသည် ရိုးသားသည့် ရှင်းယွင်ကို ကြည့်ကာ နေရခက်သွားတော့၏။

တစ်ဖက်လူက သူ၏စိတ်ခံစားချက်ကို ဖွင့်ဟပြောပြနေခဲ့ပြီး ယခင်က သူက ထိုလူ့ကို အထင်မှားကာ သတိလစ်အောင် ရိုက်နှက်၍ သူကြိုးစားအားထုတ်၍ ရရှိခဲ့သော မိုးကြိုးအဆောင်ကိုပင် လုယက်ခဲ့၏။

“ အား ငါတကယ်ကို သေသင့်တာပဲ “

လုချန်ရှန်းသည် သက်ပြင်းတချချ ဖြစ်သွားကာ သူ၏ စိတ်ထဲတွင် ကြုံတောင့်ကြုံခဲ အပြစ်ရှိစိတ်တစ်ခု ပေါ်လာခဲ့ကာ အချိန်အတော်ကြာ ငေးငိုင်မိသွားခဲ့၏။

--

………………………………………………………………………………………………………………………………………….

All Chapters