← Chapters

အခန်း ၂၀၅

Vol. 14 Ch. 205

အခန်း ၂၀၅

Vol. 14 Ch. 205

အပိုင်း ( 205 )

ငါက အလကားရတာကို မကြိုက်ဘူး ကြိုးကြိုးစားစားပဲ အလုပ်လုပ်တယ်

မျက်စိတစ်ဆုံးမြင်နိုင်သမျှတွင် ရှေးဟောင်း ယဇ်ပုလ္လင်တစ်လုံး မျောလွင့်နေလျက်ရှိ၏။

၎င်းကို ကျောက်သားထောက်တိုင်များက ဘက်ပေါင်းစုံမှ ထောက်ကန်ပေးထားပြီး မီးအိမ်များက မှိန်ဖျော့ဖျော့ ကောက်ပမှုကို ထုတ်လွှတ်နေခဲ့သည်။

လုချန်ရှန်းသည် ထိုအခိုက်အတန့်တွင် ထူးဆန်းသော စွမ်းအားက ထပ်မံ၍ မြင့်တက်လာသည်ကို ခံစားလိုက်ရပြီး အရာအားလုံး လုံးဝတိတ်ဆိတ်ငြိမ်သက်သွားကာ ဆိတ်ငြိမ်လွန်းသဖြင့် လူများကိုပင် ကြောက်လန့်သွားစေခဲ့၏။

“ ဘယ်သူလဲ “

လုချန်ရှန်းသည် သတိတကြီး ဖြစ်သွားကာ ယဇ်ပုလ္လင်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးနေသော်လည်း မည်သည့်ပုံရိပ်ကိုမှ မမြင်ခဲ့ရပေ သူ၏ စိတ်စွမ်းအင်က ဘက်ပေါင်းစုံသို့ အဆက်မပြတ် ပျံ့လွင့်နေကာ အကန့်အသတ်အထိပင် ရောက်ရှိသွားခဲ့သည် သို့သော် မည်သည့်မူမမှန်မှုကိုမှ မခံစားခဲ့ရပေ။

သူစောင့်ကြည့်နေစဥ် အချိန်မှာပင် ယဇ်ပုလ္လင်၏ အလယ်ဗဟိုတွင် ဘက်ပေါင်းစုံမှ ငွေရောင် အလင်းတန်းများ စုဆုံလာခဲ့ပြီး ဤနေရာတစ်ခုလုံးကို လင်းထိန်သွားစေခဲ့၏။

အလင်းတန်းသည် လုချန်ရှန်း၏ မျက်နှာပေါ်တွင် ရောက်ပြန်ဟပ်လာခဲ့သည်။

ငွေရောင်အလင်းလုံးတစ်ခု လင်းလက်လာခဲ့ပြီး ထူးဆန်းသော စိတ်ခံစားချက်တစ်ခု ပေါ်ထွက်လာခဲ့၏ မိုးကြိုးကိုယ်တိုင်ကိုက အဖျက်စွမ်းအားကို ကိုယ်စားပြုနေခဲ့၏ သို့သော် သူသည် အဖျက်စွမ်းအားအတွင်းတွင် ရှိနေသည့် အသက်ဓာတ်တစ်ခုကို ခံစားလိုက်ရသည်။

“ ပျက်စီးခြင်းနဲ့အတူ ရှင်သန်နေတယ်။ အဲ့တာက မိုးကြိုးတာအိုရဲ့ နက်နဲရှုပ်ထွေးတဲ့ အမှန်တရားလား “

လုချန်ရှန်းသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေလျက်ရှိပြီး သူ၏အကြည့်မှာ အလင်းလုံး အတွင်းတွင် ကခုန်နေသည့် သိပ်သည်းသော မိုးကြိုးလျှပ်စီးများထံတွင်သာ တည်မြဲနေခဲ့၏။

အမှောင်ထုအတွင်းမှ ထိုအသံမှာ ထပ်မံ၍ ပေါ်ထွက်လာခဲ့ပြန်သည်။

“ အဲ့တာက မိုးကြိုးချောက်နက်ရဲ့ အခွင့်အလမ်းပဲ အဲ့တာကို ယူလိုက် “

“ ငါ့ကို ပေးနေတာလား။ အဲ့လောက်တောင် ရိုးရှင်းနေတာလား။ စမ်းသပ်မှု(ဒါမှမဟုတ်) တစ်ခုခုရှိတယ်လို့ သူတို့အားလုံး ပြောခဲ့ကြတာ မဟုတ်ဘူးလား “ လုချန်ရှန်း မှင်သက်သွားခဲ့သည်။

၎င်းတို့အားလုံးက အလွန်တရာ ရုတ်တရက်ဆန်လွန်းလှသည် သူသည် ရှန်လင်းကို ရှင်းထုတ်ခြင်းမှတစ်ပါး မည်သည့်အရာကိုမှ မပြုလုပ်ခဲ့ပေ ထို့နောက်တွင် အဆိုပါ အခွင့်အလမ်းက ရုတ်တရက် ပေါ်ထွက်လာခဲ့၏။ အဲ့တာက လူထုအတွက် လူမိုက်တွေကို ဖယ်ရှားပေးလို့ ဆုချတာများလား။

အဲ့တာဆိုရင် ရှန်လင်းက ဘယ်လိုမကောင်းမှုမျိုးတွေကို ကျူးလွန်ခဲ့တာလဲ။ အဲ့တာတွေက ဘယ်လောက်တောင် များနေလိုက်မလဲ။

မေးခွန်းပေါင်းသောင်းခြောက်ထောင် ပေါ်လာခဲ့ပြီး လုချန်ရှန်းမှာ တစ်ခဏခန့် ဆွံ့အသွား၏။

“ ရောက်လာပြီဆိုမှတော့ အဲ့တာက မင်းရဲ့ဟာပဲပေါ့ “

အမှောင်ထုမှ တုံ့ပြန်လာခဲ့၏။

‘ ရောက်လာပြီဆိုမှတော့ ငါ့ဟာပေါ့ ‘ ဆိုတာက ဘာစကားကြီးလဲ။ ငါ့အတွက် ကြိုတင်ပြင်ဆင်ထားသလိုမျိုးကြီးဖြစ်နေသလိုပဲ။

သူသည် ရှင်းယွင်၏ စကားကို ရုတ်တရက် အမှတ်ရသွားခဲ့သည် အကယ်၍ သူကသာ ရောက်လာခဲ့မည်ဆိုပါက အဆိုပါ အခွင့်အလမ်းက သူ့အတွက်သာ ဖြစ်ဖို့များသည်ဟု ဟောကိန်းထုတ်ထားခဲ့သည်။

ပုံမှန်အားဖြင့် သူသည် အစွမ်းကုန် ကြိုးစားအားထုတ်၍ ယှဥ်ပြိုင်ကာ အမျိုးမျိုးသော အင်အားစုများကို ရင်ဆိုင်၍ ဆွဲလုရပေမည်။

သို့သော် ယခုတွင်မူ သူ့မျက်စိရှေ့မှောက်သို့ အလွယ်တကူ ရောက်ရှိလာခဲ့၏ ၎င်းက သူ့ကို စိတ်မသက်မသာ ဖြစ်သွားစေခဲ့သည်။

လုချန်ရှန်းကမူ အချိန်အတော်ကြာ စဥ်းစားခဲ့ပြီးမှ ပြန်ပြောလိုက်သည် “ ငါရောက်လာတာနဲ့ အဲ့တာက ဘာဖြစ်လို့ ငါ့ဟာဖြစ်သွားရတာလဲ “

“ အဲ့တာကို ငါ့ရဲ့ လက်ဆောင်လို့ သတ်မှတ်လိုက်လို့ရတယ် “

လုချန်ရှန်း : “ … “

ငါတို့က သူစိမ်းတွေလေ ဘာကိစ္စလက်ဆောင်တွေဘာတွေ ရှိနေရတာလဲဟ။

“ မင်းက ငါ့ကို တော်တော်ကြီးကို လေးစားနေလို့များလား “

“ ယူထားလိုက်။ တကယ်လို့ အဲ့တာက မင်းကို နည်းနည်းလောက်ပဲ ကူညီပေးနိုင်မယ်ဆိုရင်တောင်မှ အဲ့ဒီနည်းနည်းလေးက မင်းကို အသက်ရှင်နိုင်ခြေ နည်းနည်းလောက် ထပ်ပေးနိုင်တယ်။ မင်းရှင်သန်နိုင်လိမ့်မယ်လို့ ငါမျှော်လင့်ပါတယ် “

“ နေဦး မင်းက ဘယ်သူလဲ။ မင်းက အဲ့လိုလေးနက်တဲ့ ကိစ္စမျိုးတွေကို ဘာကိစ္စ ပြောနေရတာလဲ။ သေချာ ရှင်းပြ “ လုချန်ရှန်းသည် ကြာကြာနားထောင်ရလေလေ တစ်ခုခု မှားယွင်းနေသည်ဟု ပိုမိုခံစားရလေလေ ဖြစ်နေခဲ့၏။

သူသည် ရှင်သန်နိုင်ခြေ နည်းပါးသည့် စစ်မြေပြင်တစ်ခုဆီသို့ သွားရတော့မည်ဟု ခံစားနေခဲ့ရ၏။

“ ငါက မိုးကြိုးချောက်နက်ရဲ့ အရှင်သခင်ပဲ။ ဒါတွေအားလုံးအတွက်ကတော့ ကံပါလို့ပဲ သေချာ ရှင်းပြလို့မရဘူး “

လုချန်ရှန်းသည် စကားတို့ဖြင့် ဖော်ပြ၍ မရလောက်သည်အထိ ဇဝေဇဝါ ဖြစ်သွားခဲ့သည် သို့သော် သူမတုံ့ပြန်နိုင်ခင် အချိန်မှာပင် ငွေရောင်အလင်းလုံး လင်းလက်လာကာ သူ၏မျက်ခုံးများအကြားသို့ ၎င်းကိုယ်တိုင် တိုးဝင်လာခဲ့သည်။

ချက်ချင်းဆိုသလိုပင် သူ၏ခန္ဓာကိုယ်တစ်ခုလုံး တောက်ပလာကာ သူ့ကို ငွေရောင်မိုးကြိုးလျှပ်စီးတစ်ခုက ဖုံးအုပ်လာခဲ့ပြီး နက်နဲကာ ကြီးစိုးသော စွမ်းအားတစ်ခုက သူ၏ခန္ဓာကိုယ်အတွင်းသို့ ဖောက်ဝင်လာခဲ့ပြီး အစိတ်အပိုင်းတစ်ခုချင်းစီတိုင်းထံသို့ ပျံ့လွင့်သွား၏။

မိုးကြိုးချောက်နက်၏ အရှင်သခင်ဟု ခေါ်ဆိုသည့် အရာက စကားထပ်ပြောလာခဲ့၏ “ ဆိုတော့ မင်းက အဲ့ဒီဖြစ်စဥ်ကို ကျော်လွှားနိုင်ခဲ့ပြီ။ ကံပါလို့ ဖြစ်လာတဲ့ ဟာတွေက ကြိုတင်သတ်မှတ်ထားခဲ့တဲ့ အရာတွေချည်းပဲ “

ထို့နောက်တွင် ငွေရောင် အလင်းတန်း ပျောက်ကွယ်သွားပြီး ယဇ်ပုလ္လင်မှာလည်း အမှောင်ထုက ဖြည်းဖြည်းချင်း ဝါးမြိုနေသည်ကို ခံလိုက်ရသည့်အလား တဖြည်းဖြည်း မှိန်ဖျော့သွားကာ သူ၏ အမြင်အာရုံအတွင်းမှ ပျောက်ကွယ်သွားတော့မယောင် ဖြစ်သွားခဲ့၏။

“ နေပါဦး ခင်ဗျားက ဘာကိစ္စ တော်တော်ကြီးကို ရှုပ်ထွေးနေရတာလဲ “

သူ၏ တုံ့ပြန်မှု နှေးကွေးနေခဲ့သည်။ ထိုကဲ့သို့သော အခွင့်အလမ်းမျိုးက သူ့ဆီသို့ တိုက်ရိုက်ရောက်ရှိလာခဲ့သည့်အတွက် သူကိုယ်တိုင်ကပင် ၎င်းကို မငြင်းပယ်နိုင်ခဲ့ပေ။

တစ်စုံတစ်ဦးက ရောင်းမကုန်သည့် ပုတ်သိုးနေသော ဟင်းသီးဟင်းရွက်များကို အတင်းထိုးထည့်နေသည့်အလားပင်။

“ မဟုတ်သေးပါဘူး လှည့်ကွက်တစ်ခုခုတော့ ရှိနေမှာမလား “

လုချန်ရှန်း မျက်မှောင်တကြုတ်ကြုတ် ဖြစ်သွားပြီး ချို့ယွင်းချက်တစ်ခုခု ဖြစ်လာမည်ကို ကြောက်ရွံ့ကော သူ၏ခန္ဓာကိုယ်ကို သတိတကြီး ကြည့်ရှုစစ်ဆေးနေတော့၏။ သူက ကောင်းကင်ဘုံအောက်တွင် ပြိုင်ဘက်ကင်းကာ အင်မော်တယ်အဖြစ် တက်လှမ်းရန် ကံပါလာသည့် လူတစ်ဦးဖြစ်ပြီး မည်သည့်လွဲချော်မှုကိုမှ ဖြစ်ပေါ်လာခွင့်ပြုမည် မဟုတ်ပေ။

သူသည် အကြိမ်ပေါင်း ဒါဇင်နှင့်ချီ၍ ကြည့်ရှု စစ်ဆေးကာ မည်သည့်ပြဿနာမှ မရှိဘူးဆိုသည်ကို အတည်ပြုနိုင်ခဲ့သည်။

သူ့ခြေထောက်များအောက်ရှိ ယဇ်ပုလ္လင်မှာလည်း ဝေဝေဝါးဝါး ဖြစ်ကာ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွား၏။

လုချန်ရှန်းက ပြန်ပြောလိုက်သည် ” ဟေး အရှင်သခင် ခင်ဗျားက ကျုပ်ကို အဲ့တာကြီးကို အတင်းအကြပ် ပေးနေတယ်ပေါ့။ နောက်မှ ကျုပ်က ခင်ဗျားကို အကြွေးတင်နေတာတို့(ဒါမှမဟုတ်) တစ်ခုခုခိုင်းတာတို့ တောင်းဆိုတာတို့ လာမလုပ်နဲ့နော်။ ရှင်းရှင်းလင်းလင်း ကြိုပြောထားလိုက်မယ် ငါက တော်တော်လေး ဆင်းရဲတယ် ကျန်းမာရေးလည်း ချူချာတယ် “

“ တကယ်လို့ ဝဋ်ကြွေးရှိမယ်ဆိုရင် ကျုပ်အပေါ်ကို အကုန်ခုန်ဆင်းခိုင်းလိုက် “

ထိုစာကြောင်းက ကောင်းကင် ကမ္ဘာမြေတို့နှင့် ပဲ့တင်ထပ်သွားပုံရကာ စကားလုံးတို့၏ ဆိုလိုရင်းက အမှန်တရား ဖြစ်သွားခဲ့၏။

“ အဲ့တာက ….. “

လုချန်ရှန်းမှာ မှင်သက်သွားတော့သည်။ သူသည် တစ်ဖက်လူက အလေးအနက် ထားနေသည်ဆိုသည်ကို သေချာသွားခဲ့သည် သို့သော် မည်ကဲ့သို့သော ကံအကျိုးဆက်မျိုး ရှိနေလိမ့်မည်နည်း။

အလကား လိုက်ပေးနေတာ ဘာရည်ရွယ်ချက်မှ မရှိဘူးလားဟ

သူသည် နားမလည်နိုင် ဖြစ်နေသေးသည်။

သူအတွေးနက်နေစဥ် အချိန်မှာပင် သူ့အရှေ့ရှိ အမှောင်ထုက ယိုယွင်းပျက်စီးမှုတို့ဖြင့် ပြည့်နှက်နေသည့် စွန့်ပစ်နယ်မြေတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ သူမြင်တွေ့ရသမျှ အရာအားလုံးက အရောင်အစင်း ကင်းမဲ့နေကာ ကမ္ဘာတစ်ခုလုံး မီးခိုးရောင်ဖြစ်သွားပြီး မည်သည့်အသက်ဓာတ်ကိုမှ မခံစားခဲ့ရပေ။

အသံတစ်သံသာ ပဲ့တင်ထပ် ပျံ့လွင့်နေလျက်ရှိ၏။

“ မင်းဘဝသက်တမ်းရဲ့ တစ်ဝက်ရဲ့ ချောမွေ့မှုကို ကျန်တဲ့ သက်တမ်းတစ်ဝက်နဲ့ ပြန်ပြီးတော့ ပေးဆပ်ရမယ်။ ငါမင်းအတွက် ဖျက်စီးခြင်းကြားမှာ အသက်အမျှင်တန်းတစ်ခု ထားပေးခဲ့မယ်။ တကယ်တော့ မင်းဆီမှာ ရွေးချယ်ခွင့် ရှိနေတုန်းပဲ ကန့်သတ်ချုပ်ချယ်မှု မရှိတဲ့ လွတ်လပ်တဲ့ ဘဝလား ဝမ်းနည်းစရာ ဘဝလား “

လုချန်ရှန်းသည် ကြာကြာနားထောင်ရလေလေ ၎င်းက ပိုမိုကြောက်မက်ဖွယ်ကောင်းလေလေဟု ခံစားသွားခဲ့ရကာ မအောင့်ထားနိုင်တော့ဘဲ စကားထပ်ပြောနေတော့၏ “ ရွေးချယ်ဖို့ လိုနေသေးလို့လားဟ။ သူတို့ က တန်ခိုးထွားပြီးတော့ ကြယ်ဝချမ်းသာတဲ့ ဘဝမျိုးကို လိုချင်တယ်ဆိုတာကို အရူးတစ်ယောက်ကတောင် သေချာပေါက် သိတယ်။ တစ်ဘဝလုံး ကြေကွဲနေရမဲ့ ဘဝမျိုးကို ဘယ်လိုငမိုက်သားမျိုးက အားအားယားယား ရွေးနေမှာလဲ။ စိတ်မပူပါနဲ့ ငါက အဲ့လိုငမိုက်သားမျိုး မဟုတ်ပါဘူး “

၎င်းက ရွေးချယ်စရာပင် ဟုတ်မနေခဲ့ပေ။ ဘဝကောင်းတစ်ခုကို မည်သူက မလိုချင်ပါသနည်း။ ပြည့်စုံနေသည့် လူဆိုပါက ၎င်းက ကွဲပြားသော ဇာတ်လမ်းတစ်ပုဒ် ဖြစ်သွားပေလိမ့်မည်။

သူသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုကာ ယဇ်ပုလ္လင် ပျောက်ကွယ်သွားပြီး မိုးကြိုးချောက်နက် အရှင်သခင်က မည်သို့မျှ မတုံ့ပြန်လာတော့ဘူးဆိုသည်ကိုသာ မြင်တွေ့လိုက်ရ၏။ မိုးကြိုးချောက်နက် တစ်ခုလုံးက ထပ်မံ၍ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

ယခုလေးတင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက အိမ်မက်တစ်ခုအလား ဖြစ်နေခဲ့၏ သို့သော် သူ၏ခန္ဓာကိုယ် အတွင်းတွင် အလင်းလုံးတစ်လုံး အမှန်တကယ် တည်ရှိနေခဲ့သည်။

သူသည် အလျင်စလို မထွက်သွားခဲ့ဘဲ ထိုနေရာတွင် ထိုင်ချလိုက်ကာ အမှောင်ထုအတွင်းတွင် မျောလွင့်နေလျက်ရှိ၏။

သူ၏ခန္ဓာကိုယ်က တိုက်ရိုက်ပေါင်းစပ်နိုင်သည့် သန့်စင်သော မိုးကြိုးတာအို အရင်းအမြစ် ဖြစ်နေခဲ့ပြီဖြစ်သည် သို့သော် သူသည် ၎င်းကို ဖြည်းဖြည်းချင်း ဆွဲထုတ်ကာ ၎င်းကို အာရုံခံ၍ အဆက်မပြတ် စူးစမ်းလေ့လာနေတော့၏။

ထိုနည်းလမ်းဖြင့်သာလျှင် ၎င်းက သူ၏ကိုယ်ပိုင်ပစ္စည်း ဖြစ်လာနိုင်ပေသည်။ မူလအရင်းအမြစ်၏ အကြီးပိုင်းက ပျောက်ဆုံးနေခဲ့သော်လည်း ထိုနည်းလမ်းနှင့်သာဆိုပါက သူက ၎င်းကို အပြည့်အဝ ကျွမ်းကျင်တတ်မြောက်သွားနိုင်ပေသည်။ တိုက်ရိုက်ပေါင်းစပ်ခြင်းက အမြဲလိုလို လိုအပ်ချက်တစ်ခုခုရှိကာ အချိန်ပိုယူရလေ့ရှိ၏။

တစ်ခြားလူများက သူ့ကို လူ့ဂွစာအဖြစ် သမုတ်ကြသော်လည်း သူသည် ကျင့်ကြံရေးကို မည်သို့မျှ ပေါ့ပေါ့ဆဆ မပြုလုပ်ခဲ့ပေ။

သူက ပြိုင်ဘက်ကင်း တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ထားသည်မှာ သူ၏ရုပ်ခန္ဓာတစ်ခုတည်းကြောင့် မဟုတ်ဘဲ သူက သူနှင့်သက်ဆိုင်သည့် အရာအားလုံးကို အထွတ်အထိပ်သို့ ရောက်ရှိသည်အထိ စဥ်ဆက်မပြတ် တွန်းပို့နေကာ ချို့ယွင်းချက်ကင်းမဲ့ရန်အတွက်ပါ ကြိုးပမ်းနေခဲ့သောကြောင့် ဖြစ်၏။

အချိန်အတိုင်းအတာတစ်ခုအထိ ကြာခဲ့ပြီးသည့်နောက်တွင် လုချန်ရှန်းက မျက်လုံးများ ဖြည်းဖြည်းချင်း ဖွင့်လာခဲ့ပြီး ၎င်းတို့အတွင်းတွင် အဆုံးမဲ့ မိုးကြိုးများ လင်းလက်နေပုံရ၏။

သူ့ခန္ဓာကိုယ် အတွင်းတွင် ရှိနေသည့် အရင်းအမြစ်က လုံးဝပျောက်ကွယ်သွားကာ သူ၏ အပြည့်အဝ ဆင်ခြင်သုံးသပ်ခြင်းကို ခံလိုက်ရပြီ ဖြစ်၏။ သူ၏ကိုယ်ပိုင် မူလအရင်းအမြစ်က များများစားစား မတိုးတက်လာခဲ့သောလည်း အကယ်၍ သူကသာ ၎င်းကို တိုက်ရိုက်သန့်စင်လိုက်မည်ဆိုပါက သူက ပိုမိုသန်မာအားကောင်းလာမည် ဖြစ်သည်။

သို့ရာတွင် သူအသုံးပြုခဲ့သည့် နည်းလမ်းက ပိုမိုခိုင်မာကျစ်လျစ်ကာ ခြေတစ်လှမ်းတစ်ခုချင်းစီတိုင်းက အထွတ်အထိပ်အထိ ဦးတည်နေလျက်ရှိ၏။

သူ၏ အတွေးများ ပြောင်းလဲနေကာ အပေါ်သို့ မော့ကြည့်လိုက်ပြီး ချောက်နက်အတွင်းမှ ဖြည်းဖြည်းချင်း ပြန်ထွက်သွားခဲ့သည်။

သို့ရာ၌ သူ့ထံတွင် မေးခွန်းတစ်ခု ကျန်ရှိနေသေးသည် အရင်းအမြစ်တွင် မည်သည့်ပြဿနာမှ ရှိမနေခဲ့သော်လည်း မည်သည့်အတွက်ကြောင့် ၎င်းကို သူ့ဆီသို့ အလွယ်တကူ ပေးခဲ့ရလဲဆိုသည်ကို နားမလည်နိင် ဖြစ်နေသေး၏။

“ ငါက ပါရမီရှင်တစ်ယောက် ဖြစ်နေလို့များလား “ လုချန်ရှန်းမှာ မျက်မှောင်တကြုတ်ကြုတ် ဖြစ်သွားခဲ့သည်။ အခမဲ့ရရှိခဲ့သည့် အကျိုးအမြတ်များနှင့် ယှဥ်လိုက်မည်ဆိုပါက သူကိုယ်တိုင် ကြိုးစားအားထုတ်၍ ရှာဖွေခဲ့သည့် အရာများကို ပိုမိုနှစ်သက်ပေသည်။

ထို့နောက်တွင် သူသည် တစ်စုံတစ်ခုကို ရုတ်တရက် စဥ်းစားမိသွားခဲ့သည် “ သူက လူတိုင်းကို ပေးလိုက်တာများလား။ ပြီးတော့ ငါက မင်းတစ်ယောက်တည်းကိုပဲ ပေးခဲ့တာလို့ လူတိုင်းကို ပြောနေခဲ့တာများလား “

၎င်းကို တွေးမိသွားသောအခါတွင် လုချန်ရှန်းမှာ ဇဝေဇဝါ ဖြစ်သွားခဲ့သည်။ သိပ်မကြာခင် အချိန်မှာပင် သူသည် ချောက်နက်၏ အပေါ်ဘက်သို့ ပြန်လည်ရောက်ရှိလာခဲ့သည် သို့သော် မော့ကြည့်လိုက်သည့် အချိန်တွင် သူ၏အမြင်အာရုံအတွင်းသို့ လှပကာ နှစ်လိုဖွယ်ကောင်းသည့် မျက်နှာတစ်ခု တိုးဝင်လာခဲ့၏။

တစ်ချက်မျှငေးကြည့်လိုက်ရုံဖြင့် ၎င်းသည် မိန်းမပျိုတို့ထံတွင် မြင်တွေ့ရလေ့ရှိသည့် နူးညံ့သိမ်မွေ့သော သာမန်ဆွဲဆောင်မှုတို့နှင့် ကွဲပြားသည့် အလှအပကို သယ်ဆောင်ထားကာ သူမ၏ သူရဲကောင်းဆန်သော စိတ်ဓာတ်ကို သိရှိခံစားသွားရစေခဲ့၏။

--

……………………………………………………………………………………………………………………………………..

All Chapters