← Chapters

အခန်း ၂၀၇

Vol. 14 Ch. 207

အခန်း ၂၀၇

Vol. 14 Ch. 207

အပိုင်း ( 207 )

လူသတ်သမားက ပြပွဲကို စောင့်ကြည့်နေသည်

ဝမ်ထျန်တောင်တန်းတစ်ခုလုံး လှုပ်လှုပ်ရွရွဖြင့် စည်းကားသိုက်မြိုက်နေလျက်ရှိ၏။

လုချန်ရှန်းသည် တောင်တစ်လုံးပေါ်သို့ အေးအေးလူလူ ခုန်ဆင်းကာ သူ၏ မိုးကြိုးအဆောင်များကို အကုန်အစင် အသုံးပြုလိုက်သည်။

သုံးကြိမ်တိတိ ပြုပြင်ပြင်ဆင်ခံရကာ မိုးကြိုးတာအို၏ မူလအရင်းအမြစ်ကို အပြည့်အဝ နားလည်သွားခဲ့သည့်နောက်တွင် သူသည် ပြောင်းလဲမှုတစ်ခုကို ခံယူခဲ့ရသည် သူ၏ခန္ဓာကိုယ်အတွင်းတွင် ကြောက်မက်ဖွယ်ကောင်းကာ ကြီးစိုးသော စွမ်းအားတစ်ခု အဆက်မပြတ် မြင့်တက်နေလျက်ရှိ၏။

ထိုအချိန်တွင် သူသည် သူက ခွန်အားတစ်ခုတည်းဖြင့် နည်းလမ်းအသွယ်သွယ်ကို ချေမှုန်းနိုင်သကဲ့သို့ မကောင်းမှုအားလုံးကို တိုက်ဖျက်နိုင်စွမ်းရှိပြီး ရန်သူများကို မိုးကြိုးဖြင့် တိုက်ခိုက်နိုင်သည်ဟု ခံစားနေခဲ့ရ၏ သူသည် မိုးကြိုးငှက်တစ်ကောင်အလား ဖြစ်နေခဲ့ပြီ ဖြစ်သည်။

“ ပစ္စည်းကောင်းလေးပဲ “

လုချန်ရှန်းသည် အံ့ဩတကြီး ရေရွတ်ပြောဆိုကာ တောင်တန်းဒေသအတွင်းမှ လမ်းလျှောက်ထွက်သွားတော့၏ သူသည် ထပ်မံ၍ လုယက်ရန် မကြံရွယ်ထားခဲ့ပေ။

တတိယအချီ ပြီးဆုံးသွားခဲ့သည့်နောက်တွင် သူသည် သူ၏ ခံနိုင်ရည်အားက တိုးတက်လာကာ မိုးကြိုးရေကန်၏ အကျိုးသက်ရောက်မှုက ယခင်ကကဲ့သို့ ကောင်းမွန်မနေတော့ဘူးဆိုသည်ဟု ခံစားလာခဲ့ရ၏။ သူ၏ မိုးကြိုးတာအိုကို ဆက်လက်တိုးတက်စေရန်အလို့ငှာ သူသည် မိုးကြိုးပစ်ခံရဦးမည် ဖြစ်သည်။

၎င်းကို တွေးမိသွားသောအခါတွင် သူသည် တောင်တန်းဒေသထံမှ ထွက်လာခဲ့ကာ လူငယ်များကို အခွင့်အရေး ပေးလိုက်၏။

သို့ရာတွင် သူလမ်းလျှောက်ထွက်လာသည့် အချိန်မှာပင် အမျိုးမျိုးသော အင်အားစုတို့၏ အကြည့်များ သူ့အပေါ်သို့ ကျရောက်လာခဲ့ကာ အမူအရာများ ပြောင်းလဲသွားကြသည်။

“ သူက တကယ်ကို အစောကြီး ထွက်လာခဲ့တယ်ပေါ့ “ ဟု မိုးကြိုးငှက်တစ်ကောင်က စကားစပြောလာခဲ့၏။

ထျန်းရီ မြင့်မြတ်နယ်မြေက အေးစက်စွာ နှာခေါင်းရှုံ့နေတော့၏ သူတို့သည် ထိုလူ့ကို သတ်လိုသည့်အတွက် လက်များပင် ယားယံနေလျက်ရှိ၏ သို့သော် ကူချန်ကျွင်းကို ကြောက်နေခဲ့ကြသည်။

သို့ရာတွင် ထျန်းကျီစံအိမ်က စကားဝင်ပြောလာခဲ့၏ “ သူက အကူမပါဘဲနဲ့ ဒီကိုတစ်ယောက်တည်းလာခဲ့တာလေ အဲ့တာကြောင့် မိုးကြိုးအဆောင်ကို ဘယ်လိုလုပ် ရနိုင်မှာလဲ “

“ သူက အူတိုင်ဖွဲ့စည်းခြင်းနယ်ပယ်က ကျင့်ကြံသူလေးတစ်ယောက်ပဲလေ။ သူတစ်ယောက်တည်းနဲ့ ဘယ်လိုလှိုင်းလုံးမျိုးတွေကို ဖန်တီးနိုင်မှာမို့လို့လဲ “

“ … ”

စကားပြောနေကြသည့် အချိန်တွင် သူတို့သည် မည်သို့မျှ မချုပ်တည်းထားဘဲ လုချန်ရှန်း မကြားမည်ကို စိုးရွံ့နေသည့်အလား မာမာထန်ထန် ပြောနေခဲ့ပြီး သူတို့၏ အသံများက ဘက်ပေါင်းစုံ့ ပျံ့လွင့်သွားခဲ့သည်။

သူတို့က သူ့ကို မထိနိုင်သော်လည်း လှောင်ပြောင်နိုင်သေးသည် မဟုတ်လော။

အစတွင် သူတို့က လုချန်ရှန်းကို စိတ်ညစ်သွားစေရန် ကြံရွယ်ထားခဲ့သည်။

သို့ရာတွင် လုချန်ရှန်းက ခေါင်းတငြိမ့်ငြိမ့်ဖြင့် ပြန်ပြောလိုက်၏ “ ဟုတ်တယ် ဟုတ်တယ် ခင်ဗျားတို့ ပြောတာတွေက အမှန်တွေချည်းပဲ “

“ ဟက် အနည်းဆုံးတော့ သူ့ဆီမှာ အသိတရား ရှိနေသေးသားပဲ “

အဆိုပါ လှောင်ပြောင်မှုကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်းက တစ်ခုခု ပြန်ပြောခြင်း(သို့) ချေပခြင်းတို့ ပြုလုပ်မည်ဟု သူတို့အားလုံး ထင်မှတ်ထားကြသည် သို့သော် သူက ပြုံးရုံသာပြုံးနေခဲ့ကာ အသံတစ်သံပင် မထွက်လာခဲ့ပေ။

လူတိုင်း ဇဝေဇဝါ ဖြစ်သွားသည့် အချိန်မှာပင် တစ်စုံတစ်ဦးက သတင်းများ ယူဆောင်လာခဲ့သည် သူတို့၏ လူများ ထပ်မံ၍ လုယက်ခံလိုက်ရပြန်သည်။

ထိုသတင်းသည် မိုးကောင်းကင်မှ ကျဆင်းလာသည့် မိုးကြိုးတစ်စင်းအလား လူတိုင်း၏ အမူအရာများကို မည်းမှောင်သွားစေခဲ့၏။ ကိစ္စများက သုံးကြိမ်ထပ်ပိုမဖြစ်ဘူးဟု လူများက မကြာခဏ ပြောလေ့ရှိသော်လည်း ယခုလက်ရှိ အချိန်တွင် သုံးကြိမ်တိတိ ဖြစ်ပျက်ခဲ့ပြီးပြီဖြစ်သည်။

“ အဲ့တာကို ဘယ်လိုလုပ် သည်းခံနေရမှာလဲ “

“ အနိုင်ကျင့်တာ များလွန်းနေပြီ “

“ … “

အင်အားစု အသီးသီးသည် ဒေါသတကြီး ဟိန်းဟောက်နေကြတော့၏။

လုချန်ရှန်းသည် ထိုလူများကို တိတ်တဆိတ် စောင့်ကြည့်နေရင်ဖြင့် ပြုံးစိစိ ဖြစ်သွားခဲ့သည်။ လူတိုင်းက ဒေါသထွက်နေသည်ကို မြင်လိုက်ရသောအခါတွင် သူသည် အားလုံးကို ပြုံးပြနေတော့သည်။

သူ၏အပြုံးကို မြင်လိုက်ရသောအခါတွင် လူတိုင်း၏ အမူအရာများ ပိုမိုဆိုးရွားသွားခဲ့သည်။

အားလုံးသည် စတင်၍ ဆွေးနွေးပြောဆိုနေကြတော့သည်။ ထျန်းကျီ စံအိမ်သည် တရားခံက မည်သူလဲကို မှန်းဆတွက်ချက်ရန်အတွင်ပင် ကြိုးပမ်းနေကြတော့၏ သူတို့သည် ထိုကဲ့သို့သော လူဆိုးလူညစ်မျိုးကို တစ်ခါမှ မတွေ့ခဲ့ဖူးချေ။

သို့သော် အချိန်အတော်ကြာခဲ့ပြီးသည့်နောက်မှာပင် အခြေအနေများက မည်သို့မျှ မတိုးတက်လာခဲ့ချေ။

လုချန်ရှန်းသည် ၎င်းတို့အားလုံးကို စောင့်ကြည့်နေရင်းဖြင့် မအောင့်ထားနိုင်တော့ဘဲ စကားလှမ်းပြောလိုက်သည် “ အဖြေရှာမတွေ့သေးဘူးလား။ ခင်ဗျားတို့က တော်တော်ကြီးကို ညံ့တာပဲ။ ထျန်းကျီစံအိမ်က အရာအားလုံးကို သိတယ်လို့ ကျော်ကြားနေတာ မဟုတ်ဘူးလား ”

သူ၏ စကားလုံးများသည် အားလုံး၏ အမူအရာများကို ဆိုးရွားသွားစေခဲ့သည်။

သူသည် အသက်နှစ်ဆယ် လူငယ်တစ်ဦးသာ ဖြစ်သော်လည်း အလွန်တရာ မုန်းတီးဖွယ်ကောင်းနေခဲ့သည် အထူးသဖြင့် သူ၏ပါးစပ်ပင် ဖြစ်သည် သူတို့သည် သူတို့က ထိုအကောင်ကို တစ်နေ့လျှင် အကြိမ်ရှစ်ရာလောက်အထိ ဆွဲဖြဲနိုင်ပါစေဟု ဆုတောင်းနေကြတော့သည်။

“ လုချန်ရှန်း ဖြစ်ဖို့ရှိတာတွေက ဖြစ်လာမှာပဲ။ ကိုယ့်ကိုကိုယ် တော်လှပြီလို့ ထင်မနေနဲ့ “ ထျန်းရီ မြင့်မြတ်နယ်မြေမှာ အံတကြိတ်ကြိတ် ဖြစ်သွားခဲ့သည်။

သို့ရာတွင် လုချန်ရှန်းက အေးအေးလူလူ တုံ့ပြန်လိုက်သည် “ မေးလို့တောင် မရဘူးလား။ ကျုပ်က ခင်ဗျားတို့အတွက် စိုးရိမ်ပေးနေတာလေ။ ကျုပ်စဥ်းစားနေတာ တကယ်လို့ ခင်ဗျားတို့က မသိချင်ကြဘူးဆိုရင် ကျုပ်က ခင်ဗျားတို့ကို မကူညီရုံပဲပေါ့ “

“ မင်းသိတာလား “

“ ဒါပေါ့ “

“ အဲ့တာက ဘယ်သူလဲ “

ထိုစကားကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်းက မေးခွန်းပြန်ထုတ်နေတော့၏ “ ကျုပ်တို့က ရန်သူတွေလေ ဘယ်လိုလုပ် အဲ့လိုမျိုး လာမေးနေရတာလဲ။ မိတ်ဟောင်းဆွေဟောင်းတွေတောင်မှ ငွေပေးရတယ်လေ အဲ့တာကြောင့် ခင်ဗျားတို့က ပိုပေးရမယ် “

“ မင်းက ငါတို့ကို လာကစားနေတာလား “

“ ထျန်းကျီစံအိမ်ကတောင် အဲ့တာကို မတွက်ချက်နိုင်ဘူး မင်းက သိမှာမို့လို့လား “ ထျန်းရီ မြင့်မြတ်နယ်မြေမှ အထင်တသေး လှောင်ပြောင်လာခဲ့သည်။

လုချန်ရှန်းက တုံ့ပြန်လိုက်၏ “ မတွက်ချက်နိုင်ဘူးဆိုပင်မဲ့ ကျုပ်က မမြင်နိုင်တော့ဘူးလား “

“ အဲ့တာက ……. “

လူတိုင်း မှင်သက်သွားကြသည်။

ထျန်းကျီ စံအိမ်က စကားဝင်ပြောလာခဲ့၏ “ မင်းက ဘာလိုချင်နေတာလဲ “

“ ကျုပ်ကို ဆယ်သန်းပဲပေး အဲ့တာက ဘယ်သူလဲဆိုတာကို ပြောပြမယ်။ စီအိုဒီပဲ(ပစ္စည်းရောက်ငွေချေ) လှည့်စားမှု မရှိဘူး “ ဟု လုချန်ရှန်းက တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ ပြန်ပြောလိုက်သည်။

“ မင်းက အိမ်မက်မက်နေတာလား “

အားလုံး၏ အမူအရာများ ပြောင်းလဲသွားသည်။

ဝိညာဥ်ကျောက်တုံး ဆယ်သန်းလား ဟာသဟေ့ ဟာသ

သို့ရာတွင် လုချန်ရှန်းက အေးအေးလူလူ ပြန်ပြောလိုက်၏ “ အဲ့တာက ဘယ်သူလဲဆိုတာကို ကျုပ်တကယ်သိတာလေ ခင်ဗျားတို့ကို လိမ်နေတာ မဟုတ်ဘူး “

“ ဟက် “

အေးစက်စက် ရယ်သံတစ်သံ ပေါ်ထွက်လာခဲ့ကာ မည်သူကမှ သူ့ကိုမယုံကြည်ကြပေ။

ယခုတွင် သူက လိမ္မာပါးနပ်ကာ အရှက်မရှိ လိမ်လည်လှည့်ဖျားတတ်သည်ဆိုသည်ကို မသိသည့်လူ မရှိတော့ပေ။ ၎င်းက ငွေလိမ်ရန် ကြိုးပမ်းနေခြင်းပင် ဖြစ်သည်။

သို့ရာတွင် မဟာတောရိုင်း ခန်းမ၏ လူများကမူ အတွေးနက်သွားကာ တစ်ခုခု ထူးဆန်းနေသည်ဟု ခံစားသွားကြရသည်။

တစ်ခဏခန့် တိတ်ဆိတ်ငြိမ်သက်နေခဲ့ပြီးသည့်နောက်တွင် လုချန်ရှန်းသည် သူက ထိုလူများကို ဆွဲဆောင်ရန် လိုအပ်နေသေးသည်ဟု ခံစားနေခဲ့ရပြီး ဖြည်းဖြည်းချင်း စကားထပ်ပြောလာခဲ့သည် “ တရားခံက ဘယ်သူလဲဆိုတာကို တကယ်ကြီး မသိချင်ကြဘူးပေါ့။ ဆယ်သန်းလေးပါပဲကွာ။ ကျုပ်က ခင်ဗျားတို့ရဲ့ မေးခွန်းတွေကို ဖြေပေးမှာလေ ဘာမှ မဆုံးရှုံးရဘူးနော် “

“ ဟက် “

သူသည် အေးစက်စက် ရယ်မောသံတစ်သံကိုသာ ပြန်လည်ရရှိခဲ့သည်။

ဒီကောင်တွေက ငါ့ကို မယုံကြဘူး ငွေရဖို့ ပိုခက်လာပြီ စိတ်ညစ်စရာကြီးကွာ

“ ဟူး ထားလိုက်ပါလေ။ ဒါပင်မဲ့ မင်းတို့အားလုံးကို သတိပေးလိုက်မယ် တကယ်လို့ နောက်ကျမှ သိချင်တယ် တကဲကဲလုပ်နေရင် ငွေပိုပေးရမှာနော် “

မည်သူကမှ မတုံ့ပြန်လာခဲ့ကြပေ။

တစ်ခဏခန့် တိတ်ဆိတ်ငြိမ်သက်နေခဲ့ပြီးသည့်နောက်တွင် သူသည် ထွက်သွားရုံသာ တတ်နိုင်တော့လေသည်။ သူပြောခဲ့သည့် စကားများက အမှန်တရားများ ဖြစ်ပြီး သူအပြင်းအထန် ကြိုးစားခဲ့သော်လည်း သူ့ကို မည်သူကမှ အာရုံမစိုက်ကြသည့်အပြင် ငွေကိုပါ မပေးလိုကြချေ။

သူသည် ထိုလူများကို တောင်တန်းဒေသတွင် ရှုပ်ခွင့်ပေးကာ လှည့်ထွက်သွားတော့သည်။

မကြာခင် အချိန်မှာပင် သူပျောက်ကွယ်သွားခဲ့သည် သို့သော် မည်သူကမှ သူ့ကို ‌နောက်ယောင်ခံလိုက်ရန် မကြံရွယ်ထားခဲ့ပေ။

လုချန်ရှန်းသည် လမ်းမထက်တွင် လမ်းလျှောက်နေရင်းဖြင့် ကူရာကယ်မဲ့သွားခဲ့ကာ ဘယ်သွားရမှန်းမသိ ဖြစ်သွားခဲ့သည်။

အကယ်၍ အိမ်မပြန်ဘူးဆိုပါက သူသည် လှည့်ပတ်သွားလာနေမည် ဖြစ်သည်။ အကယ်၍ အိမ်ပြန်သွားမည်ဆိုပါက သူ့ဆရာစီစဥ်ထားသော လူများနှင့် ချိန်းတွေ့နေရမည် ဖြစ်သည်။

ထို့အပြင် ဤကာလအတွင်းတွင် မည်သည့်စီးပွားရေး အခွင့်အလမ်းများ မရှိဘဲ သူ၏ကိုယ်ပိုင်လိုအပ်ချက်များက ပိုမိုများပြားလာခဲ့၏။

သူသည် မွေးရာပါ ဝိညာဥ် အဆင့်၇သို့ အဆင့်တက်ရန် လုံလောက်သော ဝိညာဥ်ကျောက်တုံးများကို ပိုင်ဆိုင်ထားခဲ့သည် သို့သော် အဆင့်၈သို့ တက်လှမ်းရန်အတွက်မူ သန်းရာနှင့်ချီ၍ လိုအပ်နေမည် ဖြစ်သည်။ ၎င်းတို့ကို မည်သည့်နေရာမှ သွားရှာရမည်နည်း။

ထို့အပြင် အဆင့်၉နှင့် ဟွာရှုနယ်ပယ်အတွက်ကမူ ……… တွေးကြည့်ရုံနှင့်တင် စိတ်ဓာတ်ကျဖွယ်ကောင်းနေခဲ့သည်။

“ ငါက နှစ်တစ်သောင်းလောက်အထိ အသက်ရှင်နေမယ်ဆိုရင်တောင်မှ ဝိညာဥ်ချီကို လုံလုံလောက်လောက် စုပ်ယူနိုင်မှာ မဟုတ်ဘူး “

အဆုံးတွင် သူသည် ထျန်းယွမ်မြို့သို့ ရောက်ရှိလာခဲ့ပြီး အဝတ်လဲကာ ဆိုင်တစ်ဆိုင် ငှားရမ်း၍ ဆိုင်းဘုတ်တစ်ခုကို တိုက်ရိုက်ချိတ်ဆွဲလိုက်သည်။

“ တစ်ခြားလူတွေကိုယ်စား ကပ်ဘေးရင်ဆိုင်ပေးသည် လှည့်စားမှုမရှိ လူတွေ့စုံစမ်းမေးမြန်းခြင်းကို ကြိုဆိုပါသည် မွေးရာပါ ဝိညာဥ်နယ်ပယ်အထက်က လူများ လာခွင့်မရှိ “

ချက်ချင်းဆိုသလိုပင် ၎င်းက ထျန်းယွမ်မြို့တစ်မြို့လုံးကို လှုပ်ခတ်သွားစေကာ လူတော်တော်များများက တအံ့တဩဖြင့် လာရောက်ကြည့်ရှုနေကြတော့သည်။

ကောင်းကင်ဘုံ ကပ်ဘေးက ကျားတစ်ကောင်ကဲ့သို့ လူတိုင်းကို ကြောက်လန့်သွားစေခဲ့သည် ကျင့်ကြံသူတစ်ဦး၏ ကိုယ်ပိုင်ကပ်ဘေးကပင် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသောကြောင့် တစ်ခြားလူများ၏ ကပ်ဘေးကို ခုခံပေးမည်ဆိုပါက ပြောနေရန်ပင် မလိုတော့ချေ။

ထျန်းယွမ်မြို့ကို ရွေးချယ်လိုက်ရခြင်းမှာ တိုက်ခိုက်ခြင်းကို ဤနေရာတွင် ခွင့်မပြုဘဲ လူများက သူ့အား ပြဿနာ လာရှာမည်ကို ကင်းမဲ့သွားစေခဲ့သည် သူသည် ဝိညာဥ်ကျောက်တုံးများကို တိတ်တဆိတ် ရရှိနိုင်ပေသည်။

ဝိညာဥ်ကျောက်တုံးများ သိမ်းယူနေသည့် အချိန်မှာပင် သူသည် ကောင်းကင်ဘုံ ကပ်ဘေးကို ရင်ဆိုင်ရင်းဖြင့် သူ၏မိုးကြိုးတာအို နားလည်မှုကိုပါ မြှင့်တင်နိုင်ပေသည်။

ငွေရရှိပါက သူသည် မွေးရာပါ ဝိညာဥ်အဆင့်၇သို့ တက်လှမ်းနိုင်မည် ဖြစ်သည် သို့သော် သူသည် ကိုယ့်ကိုကိုယ် ထိန်းချုပ်ထားကာ အလျင်စလို မလှုပ်ရှားခဲ့ပေ။ ယခုလက်ရှိ ကောင်းကင်ဘုံ ကပ်ဘေးက ထူးဆန်းကာ ကြောက်မက်ဖွယ်ကောင်းလွန်းလှပြီး ၎င်းကို တိုက်ခိုက်ခြင်းမှာ အကြိတ်အနယ်ရှိကာ အသားစီးရရန် ခက်ခဲလှသည်။

သူ၏နည်းလမ်းအားလုံးဖြင့်ပင် သူသည် အနည်းငယ်မျှသာ အသာစီးရပေသည်။ အနည်းငယ် ပေါ့ဆလိုက်ခြင်းကပင် သေဆုံးခြင်းကို ဖြစ်ပေါ်သွားစေနိုင်၏။

အဆင့်၇သို့ ရောက်ရှိခဲ့ပြီးသည့်နောက်တွင် သူသည် သူက ၎င်းကို တောင့်ခံ မခံနိုင်ဆိုသည်ကို ဝေခွဲမရ ဖြစ်နေလျက်ရှိ၏။ သူကျရှုံးခဲ့မည်ဆိုပါက သူ၏ဂုဏ်သတင်း ပျက်စီးသွားကာ တန်ကြေးတစ်ခု ပေးဆပ်လိုက်ရမည် ဖြစ်သည်။

သို့ရာတွင် သူ၏လှည့်ကွက်က အမှန်ပင် အံ့ဖွယ်ကောင်းနေခဲ့သည် သူသည် ၎င်းကို လိုက်လံကြေညာနေရန်ပင် မလိုအပ်ဘဲ ဆိုင်းဘုတ်ချိတ်ခဲ့ပြီးသည့်နောက် ဒုတိယမြောက်ရက်မှာပင် ထိုသတင်းက ယွမ်နယ်မြေတစ်ခုလုံးတွင် ပျံ့နှံ့သွားခဲ့သည်။

လူတစ်ချို့သည် ၎င်း၏ စစ်မှန်မှုကို အတည်ပြုရန်အတွက် အဝေးမှပင် ရောက်လာခဲ့ကြသည်။

တောင်ပိုင်းဒေသတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့၏ ထိုကဲ့သို့သော ကိစ္စမျိုးက ရှေးခေတ်မှာပင် အတော်လေး ရှားပါးနေခဲ့သည်။

လုချန်ရှန်းသည် သူ၏ တန်ကြေးကို တစ်သန်းမှ ဆယ်သန်းအထိ စီစဥ်ထားခဲ့ပြီး လူတစ်ဦး၏ အဆင့်အတန်းပေါ်တွင် မူတည်၍ ဈေးနှုန်းသတ်မှတ်မည်ဖြစ်သည်။

သူက အသိတရားရှိကာ ယုံကြည်စိတ်ချရပြီး ဆင်းရဲသူများကို လှည့်စားမည် မဟုတ်ပေ။

--

………………………………………………………………………………………………………………………………………

All Chapters