← Chapters

အခန်း ၂၀၈

Vol. 14 Ch. 208

အခန်း ၂၀၈

Vol. 14 Ch. 208

အပိုင်း ( 208 )

ကံပါရင် တွေ့ရမှာပဲလေ

လုချန်ရှန်းသည် သူ၏ စီးပွားရေး လုပ်ငန်းကို ထျန်းယွမ်မြို့တွင် စတင်၍ အကောင်အထည် ဖော်နေတော့သည်။

အဆုံးမဲ့ လူတန်းရှည်ကို မြင်လိုက်ရသောအခါတွင် သူသည် တက်ကြွသည့် ကြက်ဖတစ်ကောင်အလား ဖြစ်သွားခဲ့သည် ငါက ဒီလူတွေဆီက သန်းရာပေါင်းများစွာ ရနိုင်တယ်မလား။

ကြယ်ဝချမ်းသာမှုတို့ဖြင့် ပြည့်နှက်နေသည့် သူ၏ဘဝအကြောင်းကို စိတ်ကူးယဥ်နေစဥ်အချိန်မှာပင် ခုနစ်ရက်တစ်ပတ်ဆိုသည့် အချိန်ကာလတစ်ခုက သူ့ကို လက်တွေ့ဘဝအတွင်းသို့ ပြန်၍ဆွဲခေါ်လာခဲ့၏။

ကြီးမားသော မြို့အတွင်းတွင် လူများ သွားလိုက်လာလိုက် ဖြစ်နေလျက်ရှိသည်။ ပထမရက်ပိုင်း အနည်းငယ်အတွင်းတွင် စိတ်လှုပ်ရှားမှုကို လာကြည့်ခဲ့သည့် အချိန်မှတစ်ပါး ကျန်ရှိနေသည့် အချိန်များတွင် မည်သူကမှ သူ့ကို အာရုံမစိုက်ခဲ့ကြပေ။

ယွမ်နယ်မြေအတွင်းတွင် ၎င်းကို ဆွေးနွေးပြောဆိုနေကြစဲဖြစ်သော်လည်း ဆူညံသံများ ငြိမ်သက်သွားသည်နှင့်တစ်ပြိုင်နက် လူတိုင်းက ကျင့်ကြံရေးကိုသာ ပြန်၍အာရုံစိုက်နေကြတော့သည်။

လုချန်ရှန်းသည် တစ်လအတွင်းမှာပင် စုံစမ်းမေးမြန်းမှုတော်တော်များများကို လက်ခံရရှိခဲ့၏ သို့သော် ရိုးသားသည့် ‌ဖောက်သည်အနည်းငယ် ရှိနေခဲ့ပြီး အပြည့်အဝ ရိုးသားသည့် လူများကမူ ငွေအလုံအလောက် မရှိခဲ့ပေ။

ကြမ်းခင်းဈေး ဝိညာဥ်ကျောက် တစ်သန်းဆိုသည်မှာ သာမန်ကျင့်ကြံသူများ တတ်နိုင်သော ပမာဏတစ်ခု မဟုတ်ပေ။

အကယ်၍ ဈေးနှုန်းက နိမ့်ကျမည်ဆိုပါက အလွန်တရာ စွန့်စားရသည့် ကိစ္စမျိုးကို မည်သူက လုပ်ဆောင်ပေးမည်နည်း။

သူသည် တစ်လအတွင်းမှာပင် အမှာသုံးခုရရှိခဲ့သည်။ အူတိုင်ဖွဲ့စည်းခြင်းမှ မွေးရာပါ ဝိညာဥ်သို့ သွားမည့် လူတစ်ဦးအတွက် တစ်သန်းဖြစ်ပြီး နောက်လူနှစ်ဦးမှာလည်း အခြေအနေတူညီနေလျက်ရှိသည် သို့သော် သူတို့သည် ဆင်းရဲမွဲတေမှုကြောင့် လက်လျော့ရန် စီစဥ်ထားကြ၏။

လုချန်ရှန်းသည် ရေစီးကြောင်းကို ပြောင်းပြန်လှန်နေခဲ့ပြီး ဈေးနှုန်းကို ထပ်ခါတလဲလဲ လျှော့ချပေးခဲ့ပြီး အဆုံးတွင် လူတစ်ဦးလျှင် နှစ်သိန်းစီဖြင့် ဈေးတည့်ခဲ့လေသည်။

တစ်လတာ ကြိုးစားအားထုတ်ကာ ကပ်ဘေးသုံးခုကို ခုခံပေးခဲ့ပြီးသည့်နောက်တွင် သူသည် ဝိညာဥ်ကျောက်တုံး ၁.၄သန်းအထိ ရရှိခဲ့သည်။

“ နှစ်စဥ်နှစ်တိုင်းမှာ ကောင်းကင်ဘုံ ကပ်ဘေးကြောင့် လူအများကြီး သေသွားရတယ် ဒါပင်မဲ့ ဘယ်သူကမှ ငါ့ရဲ့ အကူအညီကို မယူချင်ကြဘူး။ သူတို့အားလုံးက သေရမှာ မကြောက်တဲ့ စစ်သည်တော်တွေလား “

လုချန်ရှန်းက တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေတော့သည်။ သူသည် ဈေးနှုန်းကို ပမာဏအများအပြား လျှော့ချပေးခဲ့သော်လည်း မည်သူကမှ မလိုချင်ကြသေးပေ။

အစတွင် သူသည် ၎င်းကို လက်လျှော့ရန် စဥ်းစားလိုက်သည် သို့သော် ငှားရမ်းခတစ်နှစ်စာ ပေးထားရသည်ကို တွေးမိသွားသောအခါတွင် သူသည် ဝေခွဲမရဖြစ်သွားခဲ့သည်။ ထို့အပြင် အိမ်သို့ ပြန်သွားခြင်းက ချိန်းတွေ့ရခြင်းကို ဆိုလိုနေခြင်းဖြစ်သည် ထို့ကြောင့် အပြင်တွင် ရှောင်ရှားနေခြင်းက သူ့အတွက် ပိုကောင်းပေသည်။

သူသည် ရံဖန်ရံခါတွင် ဖောက်သည်တစ်ချို့ ရနေသေး၏ ထို့အပြင် ဤကာလအတွင်းတွင် လျှို့ဝှက်နယ်မြေတစ်ခုခု ဖွင့်လှစ်သည့် သတင်းကိုပါ မကြားခဲ့ရသောကြောင့် အပိုဝင်ငွေရရန်အတွက် အပြင်မထွက်နိုင်ခဲ့ပေ။

သူ၏ ပထမဦးဆုံး စွန့်စားမှုက ကျရှုံးသွားခဲ့သည်ဟု သတ်မှတ်ရမည် ဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်လတာ ကုန်ဆုံးသွားခဲ့သည်။ ကျင့်ကြံရေးအပြင် သူသည် အမှာများကို ရံဖန်ရံခါ ရလေ့ရှိသည်။

ယနေ့တွင် သူသည် သူ၏တံခါးကို ခါတိုင်းလိုပင် ဖွင့်လှစ်လိုက်ပြီး ထိုနေရာတွင် အေးအေးလူလူ တရားထိုင်နေခဲ့သည်။ အရာအားလုံးက မည်သို့မျှ မပြောင်းလဲသွားသည့်အလားပင်။

သို့ရာတွင် ဖြစ်သွားဖြတ်လာလူများသည် အကြောင်းအရာတစ်ခုတည်းကိုသာ ဆက်တိုက်ဆွေးနွေးပြောဆိုနေကြသည်။

“ မင်းတို့ကြားပြီးကြပြီလား။ ယွမ်နယ်မြေမှာ လုချန်ရှန်းကို စိန်ခေါ်ချင်တယ်လို့ တစ်ယောက်ယောက်က ကြေညာခဲ့တယ် “

“ လုချန်ရှန်းက ဘယ်သူလဲ။ သူ့ကို ဘာလို့ စိန်ခေါ်နေရတာလဲ “

“ လုချန်ရှန်းက ချင်းယီလေ “

“ အို့ “

လူအနည်းစုသည် ရုတ်တရက် သဘောပေါက်သွားကြသည် သူတို့က ထိုကိစ္စနှင့် လက်ပွန်းတနှီး ရှိနေပုံမရချေ။ သူတို့သည် လုချန်ရှန်းက မည်သူလဲဆိုသည်ကို မသိကြပေ သို့‌သော် ချင်းယီကို လူတိုင်းက သိနေခဲ့ကြသည်။

စစ်ပွဲဘုရင်၏ တပည့် ကမ္ဘာအနှံ့လမ်းလျှောက်နေသည့် ကပ်ဘေးတစ်ခု …….

လုချန်ရှန်းကမူ ထိုစကားများကို ကြားကာ ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သည်။ လူတွေက ဘာကိစ္စ ငါ့ကို ရုတ်တရက်ကြီး စိန်ခေါ်ချင်နေရတာလဲဟ။

၎င်းကို တွေးမိသွားသောအခါတွင် သူသည် စုံစမ်းမေးမြန်းရန်အတွက် ယွမ်နယ်မြေအတွင်းသို့ ဝင်သွားတော့သည် ရောက်ရှိသွားသည်နှင့်တစ်ပြိုင်နက် သူသည် ဆွေးနွေးပြောဆိုမှုများကို ချက်ချင်းကြားနေရတော့သည်။

“ ငါကြားတာတော့ လုချန်ရှန်းကို စိန်ခေါ်ချင်နေတဲ့ လူတွေက ဒေသအသီးသီးက လူငယ်ပါရမီရှင်တွေချည်းပဲတဲ့ သူတို့က သူ့ကို စိန်ခေါ်စာပို့ဖို့ တန်းစီနေကြတယ် “

“ သူက လက်ခံခဲ့လား “

“ ဘာကိုလက်ခံရမှာလဲ။ ဝမ်ထျန်တောင်တန်းကိစ္စ ပြီးခဲ့တဲ့ အချိန်ကတည်းက သူ့ကိုမတွေ့ရတာ တော်တော်ကြာနေပြီ။ တစ်စုံတစ်ယောက်က နတ်ကောင်းကင်ဂိုဏ်းဆီကို တိုက်ရိုက်သွားလိုက်တယ် ဒါပင်မဲ့ သူပြန်မရောက်လာသေးတာ သုံးလရှိနေပြီလို့ပဲ ကြားလိုက်ရတယ် သူဘယ်သွားသေနေလဲဆိုတာကို ဘယ်သူမှ မသိကြဘူး “

“ သူကြောက်လို့ ပုန်းနေတာများလား။ အဲ့လိုမှမဟုတ်ဘူးဆိုရင် သူ့ရဲ့ ခွေးလိုဒေါသမျိုးနဲ့ သူက အဲ့တာတွေကို ဘယ်လိုလုပ် သည်းခံနိုင်မှာလဲ “

“ … “

လုချန်ရှန်းသည် အဆိုပါ ကောလဟာလများကို နားထောင်နေရင်းဖြင့် နက်နက်နဲနဲ မျက်မှောင်ကြုတ်သွားခဲ့သည်။ ဘာတုန်းဟ

အဲ့လူတွေက ဘာလုပ်ချင်နေတာလဲ။ သူသည် အချိန်အတော် စုံစမ်းမေးမြန်းနေခဲ့သော်လည်း မည်သည့်အရာကိုမှ မသိခဲ့ရပေ။ ထို့အပြင် ထိုလူများသည် ဘက်ပေါင်းစုံမှ ရောက်ရှိလာကြခြင်းဖြစ်ပြီး သူသည် သူတို့ကို တစ်ကြိမ်တစ်ခါမှ မကြားဖူးခဲ့ချေ။

သို့ရာ၌ ထိုလူအများစု၏ အနောက်တွင် ရှိနေသည့် အင်အားစုများက အတော်ပင် နာမည်ကျော်လှသည်။

လုချန်ရှန်းသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုရင်းဖြင့် ဇဝေဇဝါ ဖြစ်ကာ တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေတော့၏ “ သူတို့က ဘာလုပ်ချင်နေကြတာလဲ။ တာအိုကိုယ်စား လှုပ်ရှားလာကြတာလား “

သို့ရာတွင် သူသည် များများစားစား အာရုံစိုက်မနေခဲ့ပေ။ လူတော်တော်များများက ရန်စမှုကို သည်းမခံနိုင်ဘဲ အောင်မြင်မှုအတွက် တိုက်ခိုက်ကြပေလိမ့်မည် သို့သော် လုချန်ရှန်းကမူ ထိုလူများနှင့် လုံးဝကွဲပြားနေခဲ့သည်။ သူအရေးစိုက်သည့် တစ်ခုတည်းသော အရာမှာ ဝိညာဥ်ကျောက်တုံးများသာလျှင် ဖြစ်သည်။

သူသည် အလွန်တရာသိချင်နေလျက်ရှိကာ အနည်းငယ်မျှ ထပ်မံ၍ မေးမြန်းနေတော့သည်။ မိုချင်ကပါ ယွမ်နယ်မြေအတွင်းတွင် ရှိသည်ဟု ကြားလိုက်ရသောအခါတွင် သူသည် ထိုလူ့ကို ချက်ချင်းရှာဖွေနေတော့၏။

ထိုလူမှာ မွေးရာပါ ဝိညာဥ်အဆင့်၁တွင်သာ ရှိနေသေးသည် သို့သော် တစ်ကမ္ဘာလုံးက သူ၏ အဆင့်ထိုးဖောက်မှုအကြောင်းကို မသိခဲ့ကြပေ။

ထပ်တွေ့လိုက်ရသောအခါတွင် ထိုလူမှာ ဖျားနာနေသည့် လူတစ်ဦးအဖြစ်သာ ဆက်ရှိနေသေး၏။

“ အစ်ကိုချင်းယီ မဟုတ်ဘူး ငါမင်းကို အစ်ကိုလုလို့ ခေါ်သင့်တာပဲ “ မိုချင်က ပြုံးပြလာခဲ့သည်။

လုချန်ရှန်းက တုံ့ပြန်လိုက်သည် “ အဲ့ကိစ္စတွေကို‌ မေ့ထားလိုက်စမ်းပါကွာ။ မေးစရာ ကိစ္စရှိလို့ မင်းဆီကို ရောက်လာခဲ့တာ “

“ လူတော်တော်များများက မင်းကို ဘာလို့ စိန်ခေါ်ချင်နေရတာလဲဆိုတာကို မေးချင်နေတာမလား “

“ ဟုတ်တယ် “

လုချန်ရှန်းက မည်သို့မျှမအံ့ဩသွားခဲ့ပေ။ ၎င်းက လူ့သဘာဝဖြစ်ပြီး မိုချင်၏ အထောက်အထားနှင့်သာဆိုပါက သူက အသေးစိတ်ပင် သိနေနိုင်သေးသည်။

မိုချင်မှာလည်း ပွင့်ပွင့်လင်းလင်း ပြောပြလာခဲ့သည် “ ကောင်းကင်ဘုံ ကျောင်းတော်(အကယ်ဒမီ)ကြောင့်လေ သူတို့က အဲ့ကို ဝင်ချင်နေကြတာ “

“ ကောင်းကင်ဘုံ အကယ်ဒမီဆိုတာက ဘာကြီးလဲ အဲ့တာက ငါနဲ့ဘာဆိုင်လို့လဲ။ မင်းပြောသလိုကြီးဆိုရင် ငါက ကောင်းကင်ဘုံ အကယ်ဒမီကို ဖွင့်လိုက်ပြီးတော့ သူတို့က အထဲကို ဝင်နိုင်ဖို့အတွက် ငါ့ကို စိန်ခေါ်ရမလိုကြီး ဖြစ်နေတယ် “

လုချန်ရှန်းမှာ ဇဝေဇဝါ ဖြစ်သွားခဲ့၏။

သို့ရာတွင် မိုချင်ကမူ တဟားဟား ရယ်မောနေတော့သည်။

“ မင်းက ဘာကို ရယ်နေတာလဲ။ ကောင်းကင်ဘုံ အကယ်ဒမီရဲ့ ကျောင်းအုပ်က ငါ့အဘိုးလား “

“ အဲ့လိုကြီးလည်း မဟုတ်ပါဘူးလေ “ မိုချင်က စကားဆက်ပြောလာခဲ့၏ “ ကောင်းကင်ဘုံ အကယ်ဒမီ ကမ္ဘာအနှံ့က ပါရမီရှင်တွေကို စုဆောင်းတယ်လေ ဒါပင်မဲ့ အခြေအနေတွေကတော့ တော်တော်လေးကို တင်းကြပ်တယ်။ သူတို့က ကျော်ကြားပြီးသား(ဒါမှမဟုတ်) ကျော်ကြားနေတဲ့ ပါရမီရှင်တွေကို စုဆောင်းကြတာ အဲ့ကို ဝင်နိုင်ဖို့အတွက် တိုက်ပွဲအောင်မြင်မှုတွေကို လိုအပ်တယ် “

“ ပြီးတော့ရော “

“ ကောင်းကင်ဘုံ အကယ်ဒမီပေါ်လာတာက တော်တော်ကြီးကို ရုတ်တရက်ဆန်လွန်းတယ် သာမန်နေ့ရက်တွေမှာ လူတော်တော်များများက မကျော်ကြားကြဘူးလေ။ သူတို့က တတ်နိုင်သမျှအမြန်ဆုံး နာမည်ကြီးချင်နေကြတယ် အဲ့တာကြောင့်ပဲ မင်းကို စိန်ခေါ်ဖို့ ရွေးချယ်ခဲ့ကြတာ။ မင်းရဲ့ ဂုဏ်သတင်းက နည်းနည်းလေး ဆိုးဝါးနေတယ်ဆိုပင်မဲ့ မင်းရဲ့အောင်မြင်မှုကတော့ တောင်ပိုင်းဒေသတစ်ခုတည်းမှာပဲ ရပ်တန့်နေတာမဟုတ်ဘဲ တော်တော်လေးကို မြင့်တယ်လေ “

မိုချင်သည် စကားပြောနေရင်းဖြင့် အခြေအနေကို ရှင်းပြလာခဲ့၏။ ထို့အပြင် လုချန်ရှန်းက ကူချန်ကျွင်း၏ တပည့်ဖြစ်ပြီး အကယ်၍ သူတို့ကသာ သူ့ကို အနိုင်တိုက်နိုင်ခဲ့မည်ဆိုပါက သူတို့ရရှိမည့် အောင်မြင်မှုက မည်သို့မျှ သေးငယ်နေလိမ့်မည် မဟုတ်ပေ။

လုချန်ရှန်းကမူ မျက်မှောင်ကြုတ်သွားကာ တုံ့ပြန်လိုက်သည် “ ဆိုတော့ သူတို့က ကျော်ကြားဖို့အတွက် ငါ့ကိုသုံးချင်နေကြတာပေါ့ “

“ အဲ့လိုသဘောပဲ ”

စကားလုံးများက အနည်းငယ် မနှစ်မြို့ဖွယ်ရာ‌ကောင်းသော်လည်း ကိစ္စမှာ ထိုအတိုင်းသာ ဖြစ်နေခဲ့၏။

ထိုစကားကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်းမှာ အတွေးယာဥ်ကြောအတွင်းသို့ ကျဆင်းသွားတော့သည်။

မိုချင်က စကားထပ်ပြောလာခဲ့၏ “ တကယ်တော့ နောက်ဆုံးတစ်ခေါက် လော့ယွမ်တောင်တန်းမှာတုန်းက ပန်မျိုးနွယ်စုက ပန်ဘုရင်လေးကို နာမည်ကြီးအောင် လုပ်ပေးခဲ့တယ်လေ ဒါပင်မဲ့ သူတို့က မင်းနဲ့ ရင်ဆိုင်ခဲ့ရတယ်။ သူတို့က သတင်းကို ကြိုရထားတော့ တစ်ခြားလူတွေထပ် စောစောပိုလုပ်ခဲ့ကြတာ “

“ မင်းက ငါ့ကို အပြစ်လာတင်နေတာလား “

“ မဟုတ်ပါဘူး “ မိုချင်က အပြုံးဖြင့် ပြန်ပြောလာခဲ့သည် “ ပန်ဘုရင်လေးက မင်းကို ရှုံးသွားခဲ့တယ်ဆိုပင်မဲ့ မင်းရဲ့ အောင်မြင်မှု ကြီးထွားလာတာနဲ့ မင်းကို ရှုံးခဲ့တာက ဘာမှမဟုတ်တော့ဘူး။ သူတို့က မင်းလက်ထဲမှာ ဘယ်လောက်ကြာကြာတောင့်ခံနိုင်ခဲ့လဲဆိုတဲ့ အပေါ်မှာ မူတည်သွားပြီ “

၎င်းကို တွေးမိသွားသောအခါတွင် လုချန်ရှန်းမှာ ထပ်မံ၍ အတွေးနက်သွားတော့၏။

မိုချင်၏ စကားများအရ ယခုလက်ရှိအချိန်၌ ဒေသလေးခုစလုံးတွင် နာမည်အကြီးဆုံး ဖြစ်နေသည့်လူက သူ လုချန်ရှန်းပင် ဖြစ်နေခဲ့သည် သို့သော် ၎င်းက ကောင်းမွန်သော ဂုဏ်သတင်း ဟုတ်မနေခဲ့ပေ။

ပန်ဘုရင်လေး၏ ဖြစ်ရပ်ကြောင့် သူတို့အားလုံးက လုချန်ရှန်းကို မျက်စိကျလာကြ၏။

နာမည်ကြီးနိုင်မည့် အမြန်ဆုံးနည်းလမ်းမှာ အကျော်ကြားဆုံးလူကို စိန်ခေါ်ခြင်းပင် ဖြစ်သည်။

ထို့နောက်တွင် လုချန်ရှန်းသည် မိုချင်ကို ကြည့်ကာ စကားထပ်ပြောနေတော့၏ “ ငါ့ဆီမှာ မေးခွန်းတစ်ခုရှိတယ် ပါရမီရှင်ကို စုဆောင်းတဲ့ အချိန်မှာ သူတို့က လူကိုယ်တိုင် သွားမရှာဘဲ ကျော်ကြားမှုကို ဘာကိစ္စ ကြည့်နေရတာလဲ အဲ့တာက အသုံးဝင်လို့လား “

“ အစ်ကိုလုကတော့ နောက်နေပြန်ပါပြီဗျာ။ ကောင်းကင်ဘုံ အကယ်ဒမီရဲ့ ရှာဖွေမှုက လျှို့ဝှက်ချက်တစ်ခုလေ ပြီးတော့ ဒေသလေးခုစလုံးက တော်တော်ကြီးကို ကျယ်ပြန့်တယ်။ ဒေသတစ်ခုကတင် မိုင်တစ်သန်းကျော် ကျယ်တယ်လေ။ ကျော်ကြားမှု မရှိဘူးဆိုရင် ဘယ်သူက သတိပြုမိမှာလဲ ”

“ ဆိုတော့ သူတို့အားလုံးက ငါ့ကို စောင့်ကြည့်နေကြတာပေါ့ ဟက် “

“ အင်း အဲ့လိုပဲ။ မင်းက လူမြင်ကွင်းထဲမှာ မပေါ်လာတာ သုံးလတိတိ ရှိနေပြီလေ။ လူတစ်ချို့က မင်းကို ရှာဖို့အတွက် ဆုကြေးတွေတောင် ထုတ်ထားကြတယ် “

မိုချင်သည် အသာအယာ ပြုံးနေတော့သည်။ တစ်စုံတစ်ဦးက တစ်ခြားလူများအတွက် ကောင်းကင်ဘုံ ကပ်ဘေးကို ခုခံပေးသည်ဆိုသည့် သတင်းကို ကြားခဲ့ရသည့် အချိန်ကတည်းက ၎င်းက လုချန်ရှန်းဆိုသည်ကို သိရှိနေခဲ့သည် သို့သော် သူသည် ထိုကိစ္စကို မည်သူ့ကိုမှ မပြောပြခဲ့ပေ။

သို့ရာတွင် လုချန်ရှန်း အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

“ ငါ့ကို ဆုကြေးထုတ်ထားတယ်လို့ ပြောလိုက်တာလား “

“ ဟုတ်တယ် “

“ ဆုကြေးက ဘယ်လောက်လဲ “

“ သဲလွန်စတစ်ခု ပေးနိုင်ရင် ဝိညာဥ်ကျောက်တုံး ငါးသောင်းရလိမ့်မယ် မင်းကို ရှာတွေ့ခဲ့မယ်ဆိုရင် ငါးသိန်းရလိမ့်မယ် “

“ ငါးသိန်းလား။ သူတို့က အဲ့လောက်တောင် ချမ်းသာကြတာလား “ လုချန်ရှန်းမှာ တအံ့တဩ ဖြစ်သွားခဲ့သည်။

မိုချင်မှ တုံ့ပြန်လာခဲ့၏ “ အဲ့တာက သူတို့အားလုံး စုစည်းလိုက်တဲ့ ဆုကြေးလေ လူတိုင်းက ငါးသိန်းမပေးနိုင်ကြဘူး “

“ အဲ့တာက များနေတုန်းပဲလေ “

လုချန်ရှန်းမှာ ထပ်မံ၍ အတွေးနက်သွားခဲ့ရပြန်သည်။ သူ့အတွက်မူ အဆိုပါ ဝိညာဥ်ကျောက်တုံးများက အလကားရရှိသည့် အရာများနှင့် မည်သို့မျှ ကွာခြားမနေခဲ့ပေ။

--

……………………………………………………………………………………………………………………………….

All Chapters