← Chapters

အခန်း ၂၀၉

Vol. 14 Ch. 209

အခန်း ၂၀၉

Vol. 14 Ch. 209

အပိုင်း ( 209 )

ကတိတွေကို မေ့ထားလိုက် ကျိန်လိုက်တာက ပိုအဆင်ပြေတယ်

ဤတစ်ကြိမ်တွင်မူ လုချန်ရှန်းနှင့် မိုချင်တို့က စိတ်ကျေနပ်ဖွယ်ကောင်းသည့် စကားဝိုင်းတစ်ခုကို ပိုင်ဆိုင်ခဲ့ကာ ကိစ္စတော်တော်များများကို သိရှိခဲ့ရသည်။

မိုချင်က သူနှင့်မိတ်ဖွဲ့ရန် ဆန္ဒရှိနေပုံရကာ မည်သည့်အရာကိုမှ ထိန်ချန်မထားဘဲ အမှန်တရားကို ပြောပြခဲ့၏။

အသုံးဝင်သော အချက်အလက်များကို ရရှိခဲ့ပြီးသည့်နောက်တွင် လုချန်ရှန်း ထွက်သွားခဲ့သည် သို့သော် သူသည် ယွမ်နယ်မြေအတွင်းမှ အလျင်စလို မထွက်သွားခဲ့ပေ။

သူသည် အဝေးသို့ ငေးကြည့်ကာ မျက်လုံးများ တောက်ပသွား၏။

သူသည် ထိုလူများက သူ့ကို ရှာဖွေရန်အတွက် ဝိညာဥ်ကျောက်တုံး ငါးသိန်းတိတိ ဆုကြေးပေးရန် ဆန္ဒရှိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ငါးသိန်းဆိုသည်မှာ သူ့အတွက် ရေပုံးအတွင်းမှ ရေတစ်စက်သာသာမျှသာ ဖြစ်သော်လည်း မိုင်တစ်ထောင်ခရီးစဥ်ကို ခြေလှမ်းတစ်လှမ်းဖြင့် စတင်ရပြီး သန်းတစ်ရာဆိုသည့် ပမာဏမှာလည်း ဖြည်းဖြည်းချင်း စုဆောင်းရပေမည် အကယ်၍ သူ၏လိုအပ်ချက်ကသာ သေးငယ်နေမည်ဆိုပါက ငါးသိန်းက အတော်အတန် ကြီးမားသော ပမာဏတစ်ခု ဖြစ်နေပေလိမ့်မည်။

ကူချန်ကျွင်းထံမှာပင် ဝိညာဥ်ကျောက်တုံး ငါးသိန်း မရှိချေ။

ထို့အပြင် ငါးသိန်းဆိုသည်မှာ ယခုလက်ရှိ ဈေးနှုန်းဖြစ်သည် အကယ်၍ နောက်နှစ်ရက်ကြာသွားမည်ဆိုပါက သူတို့က ဈေးပိုပေးလာနိုင်သည် မဟုတ်လော။

ပိုတွေးလေလေ ၎င်းကကြောင်းကျိုးသင့်သည်ဟု ပိုမိုခံစားရလေလေ ဖြစ်နေခဲ့သည်။

မကြာခင် အချိန်မှာပင် သူသည် လူငယ်တစ်ဦးကို ရှာ‌ဖွေတွေ့ရှိခဲ့သည်။

ထိုလူငယ်၏ အမည် ဟီယုဖြစ်ပြီး သူသည် မြောက်ပိုင်းဒေသမှ အင်အားစုကြီးတစ်ခု၏ ဆက်ခံသူ ဖြစ်ကာ သူ၏ ကျင့်ကြံရေးက အူတိုင်ဖွဲ့စည်းခြင်း အဆင့်၉သို့ပင် ရောက်ရှိနေခဲ့၏။

များသောအားဖြင့် သူက ကျင့်ကြံရေး ဖြစ်စဥ်အတွင်းတွင် ကိုယ့်ကိုကိုယ် နှစ်မြုပ်ထားခဲ့သောကြောင့် သူ၏ ဂုဏ်သတင်းက ကျော်ကြားထင်ရှားမှု မရှိခဲ့ပေ။ ကောင်းကင်ဘုံ အကယ်ဒမီ ဖွင့်တော့မည့် အကြောင်းကို ကြားလိုက်ရသောအခါတွင် သူသည် အာရုံစူးစိုက်မှုကို ဆွဲဆောင်ရန်အတွက် နာမည်တစ်ခုတည်ဆောက်ရန် စိတ်အားထက်သန်သွားခဲ့သည်။

ထို့အပြင် သူကဲ့သို့သော ပါရမီရှင်များအတွက် မြင့်မြတ်နယ်မြေ၏ ပါရမီရှင်များကို စိန်ခေါ်ခြင်းက စိတ်ကူးယဥ်ဆန်နေလျက်ရှိပြီး ကျင့်ကြံရေး ကွာဟမှုက အလွန်တရာ ကြီးမားနေခဲ့၏။

သာမန်ပါရမီရှင်တို့မှာလည်း များများစားစား အသုံးမဝင်လှပေ ထို့ကြောင့် သူတို့အားလုံးက ကျင့်ကြံရေးနှင့် တစ်ခြားသော နယ်ပယ်များတွင် သင့်လျော်သည့် လုချန်ရှန်းကိုသာ ပစ်မှတ်ထားခဲ့ကြခြင်းဖြစ်သည်။

ဤဟီယုမှာ လုချန်ရှန်းကို ရှာဖွေရန် ရန်ပုံငွေ မတည်ခဲ့သည့် လူများအနက်မှ တစ်ဦးဖြစ်သည်။

ဤအခိုက်အတန့်တွင် လူနှစ်ဦးက တစ်ဦးကိုတစ်ဦး ကြည့်နေလျက်ရှိပြီး ဟီယုက အရင်ဦးဆုံး စကားစပြောလာခဲ့သည် “ လုချန်ရှန်း ဘယ်မှာရှိလဲဆိုတာကို သိတယ်လို့ မင်းပြောခဲ့တယ်နော် “

“ အမှန်ပဲ။ သူ့ရဲ့ တည်နေရာတင် မဟုတ်ဘူး မင်းက သူ့ကို တွေ့ရလိမ့်မယ်ဆိုတာကိုပါ အာမခံပေးနိုင်တယ် “ ဟု အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် လုချန်ရှန်းက အေးအေးလူလူ တုံ့ပြန်လိုက်၏။

“ ငါမင်းကို ဘယ်လိုယုံပေးရမှာလဲ “ ဟီယုမှာ မျက်မှောင်ကြုတ်သွားခဲ့သည်။

“ ဘာကိုမယုံရမှာလဲ။ ငါက လူလိမ်တစ်ယောက် ဖြစ်နေမှာမို့လို့လား “

“ ဟက် မင်းက ပထမဦးဆုံး တစ်ယောက်မှ မဟုတ်တာ “

“ ဘာကိုဆိုလိုတာလဲ “

လုချန်ရှန်း မှင်သက်သွားခဲ့သည်။ တစ်ခြားတစ်ယောက်ယောက်က အဲ့လိုမျိုး လုပ်ခဲ့ဖူးတာလား။

ဟီယုမှ အေးစက်စွာ ပြန်ပြောလာခဲ့၏ “ မင်းမတိုင်ခင်တုန်းက အနက်ဝတ်လူတစ်ယောက်ရှိခဲ့တယ် လုချန်ရှန်းကို ရှာပေးနိုင်တယ်လို့ ပြောခဲ့ပြီးတော့ ငါတို့ဆီကနေ ငွေသုံးသိန်း လိမ်သွားခဲ့တယ်။ မင်းက လူလိမ် မဟုတ်ဘူးဆိုတာကို ဘယ်လိုသက်သေပြမှာလဲ “

“ အဲ့တာက ……………… “

လုချန်ရှန်း မှင်သက်သွားခဲ့သည်။

တစ်စုံတစ်ဦးက ငွေများကို အရင်ဦးဆုံး ရရှိသွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ၎င်းက အလိမ်အညာ တစ်ခုဖြစ်သော်လည်း အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့ခြင်းမှာ အမှန်ပင် အံ့ဖွယ်ကောင်းလှသည်။ သူသည် ထိုလူက မည်သူလဲဆိုသည်ကို သိချင်သွားခဲ့သည်။

သို့ရာ၌ သူ၏နာမည်ကို အသုံးချကာ လူများကို လိမ်လည်လှည့်ဖျားခြင်းက ခွင့်လွှတ်ပေး၍ မရသော ကိစ္စတစ်ခုဖြစ်သည်။

တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးသည့်နောက်တွင် လုချန်ရှန်းက စကားပြန်ပြောလိုက်သည် “ ဒါပင်မဲ့ ငါက အဲ့တာကို ဘယ်လိုသက်သေပြပေးရမှာလဲ? သူကို တိုက်ရိုက်ခေါ်ပေးရမှာလား။ လူခေါ်လာပြီးမှ မင်းတို့က ငွေမပေးဘူးဆိုရင် ဘယ်လိုလုပ်မလဲ “

ဟီယုသည် ထပ်မံ၍ အလိမ်ခံရမည်ကို စိုးရွံ့ကာ မျက်မှောင်ကြုတ်သွားခဲ့၏ နှစ်ဖက်စလုံးသည် ရှေ့မတိုးသာနောက်မဆုတ်သာ အခြေအနေမျိုးတွင် တစ်ခဏခန့် ပိတ်မိနေခဲ့၏။

လုချန်ရှန်းက စကားထပ်ပြောလိုက်သည် “ ငါကျိန်ပေးမယ်ဆိုရင်ကော။ တကယ်လို့ မင်းက လုချန်ရှန်းကို မတွေ့ရဘူးဆိုရင် ငါက မိုးကြိုးပစ်ခံရပြီးတော့ အသေဆိုးနဲ့ သေပါစေကွာ “

“ မင်းရဲ့ တာအိုနှလုံးသားနဲ့ ကျိန် “

ဟီယုမှာလည်း ၎င်းက ဖြစ်နိုင်ခြေရှိသည်ဟု ထင်သွားခဲ့သည်။

ထို့နောက်တွင် လုချန်ရှန်းက စကားထပ်ပြောလိုက်သည် “အဆင်ပြေပါတယ် ဒါပင်မဲ့ ဈေးကတော့ တက်သွားမယ်နော် “

“ ဘာကိုဆိုလိုတာလဲ “

“ တစ်သန်း။ မင်းတို့က သူ့ကိုအရှင်လတ်လတ် တွေ့ရမယ်ဆိုတာကို ငါအာမခံတယ်။ ပထမဦးဆုံးအနေနဲ့ စရံငွေငါးသိန်းကို အပြာရောင်မြို့ဆီပို့လိုက်။ စရံငွေရတာနဲ့ လူခေါ်လာခဲ့မယ် ပြီးကျရင် ကျန်တဲ့ ငါးသိန်းထပ်ပေးလိုက် “

ဟီယု အံ့အားသင့်သွားခဲ့သည် သူသည် ထိုလူက ဈေးနှုန်းကို မြှင့်တင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ သို့သော် သူသည် သဘောတူလိုက်သေးသည်။

လုချန်ရှန်းကို စိန်ခေါ်ချင်နေသည့် လူက သူတစ်ဦးတည်း မဟုတ်ပေ။ ငါးသိန်းဆိုသည်မှာ ကြွယ်ဝချမ်းသာသည့် အဆိုပါ အင်အားစုကြီးများမှ သခင်လေးများအတွက် များပြားသော ပမာဏတစ်ခု မဟုတ်ပေ။

လူနှစ်ဦးသည် ချက်ချင်းပင် သဘောတူညီမှု ရရှိသွား၏။

ထို့နောက်တွင် လုချန်ရှန်းသည် ယွမ်နယ်မြေမှ ထွက်သွားကာ အပြာရောင် မြို့တွင် ငွေသွားယူပြီး ထို့နောက်၌ ယွမ်နယ်မြေသို့ ပြန်ဝင်ကာ ကျင်းယုကို ရှာဖွေ၍ အနက်ဝတ်စုံကို ပေးလိုက်ကာ သက်လတ်ပိုင်းလူအဖြစ် သရုပ်ဆောင်ရန် ‌အလုပ်ပေးလိုက်သည်။

ထို့နောက်တွင် သူတို့သည် ချိန်းဆိုထားသော နေရာဆီသို့ ဦးတည်သွား၏။

လုချန်ရှန်းကို မြင်လိုက်ရသောအခါတွင် ဟီယု၏ မျက်လုံးများ တောက်ပသွားခဲ့သည်။

“ စိတ်လှုပ်ရှားမနေနဲ့ဦး ကျန်တဲ့ တစ်ဝက်ကို အရင်ပေး “ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ကျင်းယုက စကားစပြောလာခဲ့၏။ ၎င်းမှာ လုချန်ရှန်းက သူ့ကို ပေးထားခဲ့သည့် အလုပ်ဖြစ်သည်။

ထိုကိစ္စကိုကြားခဲ့ရသည့် အချိန်တွင် သူလုံးဝမှင်သက်သွားခဲ့သည်။

အစတွင် သူသည် ထိုကဲ့သို့သော အလုပ်မျိုးကို မလုပ်ချင်ခဲ့ပေ သို့သော် ဝိညာဥ်ကျောက်တုံး တစ်ထောင်ပေးမည်ဟု လုချန်ရှန်းက ကမ်းလှမ်းခဲ့သောကြောင့် သူငြင်းရခက်သွားခဲ့၏။

“ ကောင်းတယ် “

ဟီယုသည် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ တုံ့ပြန်လာခဲ့သည်။

ကျင်းယုမှာလည်း ငွေသွားယူရန်အလို့ငှာ အပြာရောင်မြို့သို့ ထွက်သွားတော့သည်။

ထို့နောက်တွင် ဟီယုနှင့်အတူ လိုက်လာခဲ့သည့် လူတိုင်းက မျက်လုံးများ ဝင်းလက်သွားကြ၏။

သူ့အနောက်တွင် ရှိနေသည့် လူတို့မှာလည်း စိတ်လှုပ်ရှားတကြီး ဖြစ်သွားကြသည်။

လုချန်ရှန်းသည် စိတ်အားထက်သန်နေသည့် အဆိုပါ လူအုပ်ကြီးကို ငေးကြည့်နေရင်းဖြင့် အတွေးနက်သွားတော့၏။

“ လုချန်ရှန်း မင်းတိုက်ရဲလား “

ဟီယု၏ အသံဟိန်းထွက်လာခဲ့သည် သူ၏ လေသံအတွင်းတွင် အဆုံးမဲ့ တိုက်ပွဲဝင်လိုစိတ်တို့ဖြင့် ပြည့်နှက်နေလျက်ရှိ၏။

သို့ရာတွင် လုချန်ရှန်း၏ တုံ့ပြန်မှုက လူတိုင်းကို ကြောင်အသွားစေခဲ့၏။

“ ငါမလုပ်ရဲဘူး “

လူတိုင်း မှင်သက်သွားကြသည်။ သူတို့သည် မည်ကဲ့သို့ တိုက်ခိုက်ရမလဲဆိုသည်ကိုပင် စဥ်းစားထားခဲ့ပြီးပြီဖြစ်သည် သို့သော် တစ်ဖက်လူက ပြတ်ပြတ်သားသား ငြင်းပယ်လာခဲ့၏။

“ ဘာလို့လဲ “ ဟီယုသည် တအံ့တဩ ဖြစ်သွားခဲ့သည်။

လူအုပ်ကြီး၏ အမူအရာများမှာလည်း ပြောင်းလဲသွားခဲ့သည်။ သူတို့က ဒုက္ခများစွာ ရင်ဆိုင်ခဲ့ရကာ ငွေအမြောက်အများ အသုံးပြုခဲ့သော်လည်း တစ်ဖက်လူက စိန်ခေါ်မှုကို လက်မခံခဲ့ပေ။

“ စိတ်ဝင်စားဘူး “ ဟု လုချန်ရှန်းက တုံ့ပြန်လိုက်၏။

ထိုလူများက သူ့ကို ရှာဖွေရန်အတွက် ငွေသုံးခြင်းက ကိစ္စတစ်ခုဖြစ်ပြီး သူက ထိုလူများနှင့် တိုက်ခိုက်လိုစိတ် မရှိခြင်းမှာ နောက်ကိစ္စတစ်ခုဖြစ်သည်။ သူ၏ ကိုယ်ထင်ပြမှုက သူက စိန်ခေါ်မှုကို လက်ခံလိုက်သည်ဟု မဆိုလိုပေ။ သူသည် တစ်နေ့လုံးတိုက်ခိုက် သတ်ဖြတ်ရလောက်သည်အထိ ပျင်းရိမနေခဲ့ပေ။

“ အဲ့တာက ……. “

အားလုံးသည် တစ်ဦးကိုတစ်ဦး ခေါင်းလှည့်ကြည့်ကာ ဘာပြောရမှန်းမသိ ဖြစ်သွား၏။

အကယ်၍ တစ်ဖက်လူကသာ သဘောမတူဘူးဆိုပါက သူတို့သည် အတင်းအကြပ် တိုက်ခိုက်ရမည်ဖြစ်သည် သို့သော် ၎င်းကစိန်ခေါ်မှုတစ်ခု မဟုတ်ဘဲ ရန်စမှုသာလျှင် ဖြစ်သွားပေလိမ့်မည်။

စိန်ခေါ်မှုဆိုသည်မှာ အပြန်အလှန် သဘောတူညီမှုကို ဆိုလိုခြင်းဖြစ်သည် ရန်စခြင်းက ပြဿနာအများအပြား ဖြစ်သွားစေလိမ့်မည်။ အကယ်၍ သူတို့က ရှုံးနိမ့်သွားခဲ့ပါက ကိစ္စတစ်ခုဖြစ်သော်လည်း သူတို့ကသာ အနိုင်ရသွားခဲ့မည်ဆိုပါက ကူချန်ကျွင်းက သူတို့၏ အင်အားစုများကို တိုက်ခိုက်လာကာ သူတို့၏ မျိုးဆက်တစ်ခုလုံးကိုပင် အမြစ်မှ ဆွဲထုတ်နိုင်ပေသည်။

အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့ပြီးသည့်နောက်တွင် တစ်စုံတစ်ဦးက စကားထပ်ပြောလာခဲ့၏ “ စိန်ခေါ်မှုကို ဘာလို့ လက်မခံရတာလဲ “

“ ငါက စိန်ခေါ်မှုကို ဘာကိစ္စလက်ခံသင့်တာလဲ “

“ တကယ်လို့ မင်းလက်မခံဘူးဆိုရင် တစ်ခြားလူတွေက မင်းအကြောင်း အတင်းအဖျင်းပြောပြီးတော့ မင်းရဲ့ ဂုဏ်သိက္ခာကို ထိခိုက်သွားစေမှာကို မကြောက်ဘူးလား “

လုချန်ရှန်းသည် မျက်မှောင်ကြုတ်ကာ ပြန်ပြောလိုက်သည် “ အဲ့တာက တော်တော်လေးကို ထူးဆန်းတာပဲ ငါ့ရဲ့ ဂုဏ်သတင်းကရော ကောင်းနေလို့လား “

သူက လူငယ် ဓားတာအို ပါရမီရှင်တစ်ဦး ဖြစ်သော်လည်း ထူးဆန်းသော ဂုဏ်ပုဒ်များဖြင့်သာ ပိုမိုထင်ရှားကျော်ကြားနေခဲ့၏။

မည်သို့ပင်စေကာမူ ကိစ္စက ထိုကဲ့သို့ ဖြစ်နေခဲ့ပြီဖြစ်နေသောကြောင့် သူသည် ထိုကဲ့သို့သော အသေးအမွှားကိစ္စလေးများကို အရေးစိုက်မနေတော့ပေ။

လူတိုင်း စိတ်ဓာတ်ကျသွားကြ၏။

လုချန်ရှန်းက တိုက်ရိုက်ပြောဆိုလိုက်သည် “ မင်းတို့က ကျော်ကြားမှုကို အပိုင်သိမ်းပြီး ကောင်းကင်ဘုံ အကယ်ဒမီထဲကို ဝင်နိုင်ဖို့အတွက် ငါ့ကို အသုံးချချင်နေကြတာလေ။ အဲ့တာက ငါ့အတွက် အကျိုးရှိလို့လား။ တကယ်လို့ ငါနိုင်သွားရင် ကျော်ကြားမှုတစ်ချို့တစ်လေလောက်တော့ ရမှာပေါ့။ ငါရှုံးသွားမယ်ဆိုရင်တော့ အဲ့တာက ငါ့ရဲ့ ပြိုင်ဘက်ကင်း အောင်မြင်မှုကို ထိခိုက်သွားစေမှာ မဟုတ်ဘူးလား “

“ မင်းတို့ တစ်စုံတစ်ခုကို အလကား လိုချင်နေတာလား။ ငါ့ကို ငတုံးလို့များ ထင်နေကြတာလား “

လုချန်ရှန်းက အဆက်မပြတ်စကားပြောနေခဲ့ပြီး လူတိုင်း ဆွံ့အသွားခဲ့ရသည်။

သို့သော် သိုင်းလောက၏ စည်းမျဥ်းများအရ ထင်ရှားကျော်ဇောခြင်းကို ရရှိရန် အလို့ငှာ တိုက်ပွဲတစ်ခုကို လက်ခံကျင်းပပေးလေ့ရှိသည်။ သို့သော် သူတို့ကမူ ပုံမှန်မဟုတ်သော လူတစ်ဦးနှင့် ဆုံတွေ့နေခဲ့ရသည်။

ဟီယုသည် မျက်မှောင်ကြုတ်ကာ အတွေးနက်သွားတော့၏။

အချိန်အတော်ကြာခဲ့ပြီးသည့်နောက်တွင် အမျိုးသမီးတစ်ဦးက ရှေ့တက်ကာ စကားဝင်ပြောလာခဲ့သည် “ ဒါဆိုရင် နင်က စိန်ခေါ်မှုကို လက်ခံဖို့အတွက် ဘာလိုချင်နေတာလဲ “

“ အမှန်ပဲ အရာအားလုံးက ညှိုနှိုင်းလို့မရတာတော့ မဟုတ်ပါဘူး “

“ မင်းရဲ့ အခြေအနေတွေက ဘာလဲ “

လုချန်ရှန်းက တုံ့ပြန်လိုက်၏ “ မင်းတို့ရဲ့ ရိုးသားမှုကို ငါမြင်နေရတယ်။ ဒီလိုဆိုရင်ကော ငါ့ကို စိန်ခေါ်မှုတစ်ခုချင်းစီတိုင်းအတွက် လူတစ်ယောက်ကို တစ်သန်းပေးရမယ်။ ငါ့ကို နှစ်ယောက်အတူတူ တိုက်ခိုက်ချင်ကြတယ်ဆိုရင်တော့ ဈေးနှုန်းက မြင့်သွားလိမ့်မယ်။ မင်းတို့နဲ့ အလကားတော့ မကစားပေးနိုင်ဘူးလေ “

“ အဲ့တာက ……. “

ထိုစကားကို ကြားလိုက်ရသောအခါတွင် အားလုံးသည် ပထမဦးဆုံးအနေဖြင့် အံ့အားသင့်သွားကြပြီး ထို့နောက်တွင် မယုံကြည်နိုင် ဖြစ်သွားလေ၏။

တစ်သန်းဆိုသည်မှာ သေးငယ်သော ပမာဏတစ်ခု မဟုတ်ပေ။ စိန်ခေါ်မှုတစ်ခုချင်းစီတိုင်းအတွက် ငွေတစ်သန်းဖြစ်သည်။

လူတိုင်းက အချိန်အတော်ကြာ တိတ်ဆိတ်နေသည်ကို မြင်လိုက်ရသောအခါတွင် လုချန်ရှန်း၏ အကြည့်များ အနည်းငယ် ပြောင်းလဲသွားကာ သံသယတို့ဖြင့် ဖြည်းဖြည်းချင်း စကားထပ်ပြောလိုက်သည် “ မင်းတို့ကောင်တွေက ဘိုင်ပြတ်နေတာတော့ မဟုတ်ဘူးမလား “

--

…………………………………………………………………………………………………………………………………….

All Chapters