← Chapters

အခန်း (၁၃၁-၁၃၂)

Vol. 13 Ch. 131-132

အခန်း (၁၃၁-၁၃၂)

Vol. 13 Ch. 131-132

အခန်း ၁၃၁ - ငရဲမှာ မင်းကို စောင့်နေမယ်

အုလုမျိုးနွယ်စု၏ ကိုယ်စားလှယ်ဟူသော ရာထူးမှာ အလွန်မြင့်မြတ်လှသည်။

လောကတွင် ဘုရားသခင်၏ တစ်ဦးတည်းသော ပြောရေးဆိုခွင့်ရှိသူဟူသော အဆင့်အတန်းမှာလည်း အလွန်ပင် မွန်မြတ်လှ၏။

သို့သော် သေခြင်းတရားကြုံရသည့်အချိန်တွင် မြင့်မားသော ရာထူးနှင့် မွန်မြတ်သော အဆင့်အတန်းများသည် တန်ဖိုးမရှိသော အရာများ ဖြစ်သွားကြပြီး လူတိုင်းတွင်သူတို့၏ရုပ်သွင်အမှန်ပေါ်ထွက်လာကြလေသည်။

အသက်တစ်ရက်ပိုမိုရှင်သန်ခွင့်ရရန်အားလုံးကို ဂရုမစိုက်ဘဲ နည်းလမ်းမျိုးစုံကို အသုံးပြုနိုင်ကြပြီး လူသားဆန်မှုကိုယ်ကျင့်တရားများပင်ပျောက်ဆုံးကုန်ကြ၏။

ရှာမန်ဆရာသည်ယုတ်မာသော နည်းလမ်းကို အသုံးပြု၍ ကြောက်မက်ဖွယ်ကောင်းပြီး ရက်စက်လှသော မွန်ဂိုသံတမန်ကို ဖယ်ရှားနိုင်ခဲ့သော်လည်း သူကိုယ်တိုင်လည်းမလွတ်မြောက်နိုင်ခဲ့ပေ။

မွန်ဂိုသံတမန်သည် မိမိကိုယ်မိမိ အဆိပ်မိပြီး သေရတော့မည်ကို သိရှိသွားချိန်တွင် သွေးရူးသွေးတန်းလှုပ်ရှားတော့သည်။

သူ၏ထက်မြက်သော ဓားပျော့သည် ရှာမန်ဆရာ၏ ရင်ဘတ်နှင့် ဝမ်းဗိုက်ကို နက်ရှိုင်းစွာခုတ်ဖြတ်သွားခဲ့ပြီးပြင်းထန်စွာ ဒဏ်ရာရရှိစေရုံသာမက ဘယ်ဘက်ခြေထောက်ကိုလည်း ထိခိုက်သွားစေခဲ့သည်။

"ဟူး..."

သွေးချင်းချင်းနီနေသော ရှာမန်ဆရာသည် သက်ပြင်းအရှည်ကြီးတစ်ချက်ကို ချလိုက်သည်။ သွေးထွက်လွန်ခြင်းမှ ကာကွယ်ရန်အတွက် သူသည် ဝတ်စုံကြားထဲမှ သွေးတိတ်ဆေးမှုန့်များကို အမြန်ထုတ်ယူပြီး ဒဏ်ရာပေါ်သို့ ထူထူထဲထဲ သိပ်လိုက်၏။

ကြောက်မက်ဖွယ်ကောင်းပြီး ရက်စက်သည့်ပြိုင်ဖက်ကင်းသော လေးသမားကြီးဖြစ်သည့် မွန်ဂိုသံတမန်သည် သေဆုံးသွားခဲ့ပြီ ဖြစ်၏။ သားရဲတစ်ကောင်ကဲ့သို့ သောင်းကျန်းလှသော စစ်သူကြီးမုန်းဟုဟာရ်လုသည်လည်း နောက်ထပ် ခြိမ်းခြောက်မှု မပြုနိုင်တော့ပေ။

ပြိုင်ဘက်အားလုံးကို အနိုင်ယူပြီးနောက်ရှာမန်ဆရာ၏ မျက်နှာပေါ်၌ စိတ်သက်သာရာရသွားသော အပြုံးတစ်ခု ပေါ်ထွက်လာသည်။ သူသည် ဒဏ်ရာကို ဆက်လက်ပတ်တီးစည်းရင်း အောက်သို့ ပြုတ်ကျနေသော နွားရိုးတုတ်ကောက်ကို ကောက်ယူလိုက်ပြီး စစ်သူကြီးမုန်းဟုထံသို့ တဟားဟားရယ်လျက် လျှောက်သွားလေသည်။

"နောက်ဆုံးမှာ ရယ်နိုင်တဲ့သူက ငါပဲ၊ မင်းမဟုတ်ဘူး။ မင်း ဒါကို ထင်မထားဘူးမလား"

"မင်းရဲ့အမှားက လူသိရှင်ကြား သိပ် ထင်ပေါ်လွန်းတာပဲ။ ဘယ်အချိန်မှာ ကိုယ့်ကိုယ်ကို ထိန်းရမလဲဆိုတာ မသိဘူး။ မင်းက အမြဲတမ်း မင်းရဲ့ အစွမ်းတွေကို ထုတ်ပြနေတော့ လူတိုင်းက မင်းကို သတိထားမိသွားတာပေါ့"

ညာဘက်လက်မောင်း ပြတ်တောက်သွားခဲ့သောကြောင့် စစ်သူကြီးမုန်းဟုဟာရ်လု၏ ခန္ဓာကိုယ်တစ်ခြမ်းလုံး သွေးများဖြင့် ရဲရဲနီနေပြီ ဖြစ်သည်။ သူသည် ဖြူဖျော့နေသော မျက်နှာဖြင့် ရှာမန်ဆရာကို ကြည့်လိုက်ပြီး အံကို ကြိတ်ကာ ပြောလိုက်သည်။

"ခင်ဗျားဒီလိုရလဒ်မျိုး ဖြစ်လာမယ်ဆိုတာကို ကြိုတင်တွက်ဆထားပြီးသားပေါ့ ဟုတ်လား"

"မှန်တာပေါ့"

ရှာမန်ဆရာသည် ဒဏ်ရာကို ပတ်တီးစည်းပြီးသွားသဖြင့် ကျေနပ်အားရစွာဖြင့် ပြောလိုက်၏။

"ငါတို့ လမ်းပျောက်သွားတဲ့ အချိန်ကတည်းက အချင်းချင်း သတ်ဖြတ်ကြတော့မယ်ဆိုတာ ငါ သိပြီးသား။ ဒါပေမဲ့ မင်းနဲ့ အဲဒီ မွန်ဂိုသံတမန် နှစ်ယောက်လုံးကို တစ်ပြိုင်နက်တည်း နိုင်ဖို့ကတော့ ငါ့မှာ အခွင့်အရေး သိပ်မရှိဘူးလေ"

"ဒါကြောင့် ကျုပ်ကို ရေဘူး တမင်ပေးပြီး သူ့ရဲ့ ပထမဆုံး ပစ်မှတ်ဖြစ်အောင် လုပ်ခဲ့တာပေါ့။ ကျုပ်တို့နှစ်ယောက်လုံး ဒဏ်ရာအနာတရဖြစ်ပြီး အင်အားနည်းသွားတဲ့အချိန်ကျမှ ခင်ဗျားက ကြားကနေ အမြတ်ထုတ်ဖို့ပဲ"

"မင်း ပြောတာ အမှန်ပဲ"

ရှာမန်ဆရာသည် ဝင့်ကြွားစွာဖြင့် တဟားဟား အော်ရယ်လိုက်လေသည်။

"စောစောက ငါ မင်းကို ရေဘူး ပေးခဲ့တာက မင်းကို ကြောက်လို့ မဟုတ်ဘူး။ မင်းကို မွန်ဂိုသံတမန်နဲ့ အသေအလဲ တိုက်ခိုက်ခိုင်းချင်လို့ပဲ"

"မင်းက တကယ်ကို ပြင်းထန်ပြီး ရက်စက်ပါတယ်၊ ဒါပေမဲ့ မင်းက သားရဲတစ်ကောင်သက်သက်ပဲ။ မွန်ဂိုသံတမန် ပြောတာ မှန်တယ်။ ဘယ်လောက်ပဲ ရက်စက်တဲ့ သားရဲဖြစ်ပါစေ၊ တော်တဲ့ မုဆိုးတစ်ယောက်ရဲ့ ဉာဏ်ကိုတော့ မမီနိုင်ပါဘူး"

"ပြိုင်ဖက်ကင်းဓားသိုင်းပညာပဲဖြစ်ဖြစ်၊ အတုမရှိတဲ့ လေးအတတ်ပဲဖြစ်ဖြစ် အားလုံးက လူမိုက်တွေရဲ့ အလုပ်ပဲ။ လူသားဆိုတာ ဉာဏ်ပညာရှိလို့ လူသားလို့ ခေါ်တာ။ ပြဿနာနဲ့ ကြုံလာရရင် ဦးနှောက်ကို ပိုသုံးရမယ်။ အင်အားကိုပဲ ဇွတ်သုံးနေတာက ဉာဏ်ရည်မရှိဘူးဆိုတာကို တိုက်ရိုက်ပြနေတာပဲ။ နှမြောဖို့ကောင်းတာက မင်း ဒါကိုသိရတဲ့အချိန်မှာ နောက်ကျသွားပြီ။ နောက်ဘဝကျရင်တော့ ဒီထက်မက ပိုပြီး ဉာဏ်ကောင်းပါစေလို့ ငါ မျှော်လင့်ပါတယ်"

ရှာမန်ဆရာသည် နွားရိုးတုတ်ကောက်ကို မြှောက်၍ စစ်သူကြီးမုန်းဟု၏ ဦးခေါင်းကို ရိုက်ခွဲရန် ပြင်လိုက်စဉ်မှာပင် အေးစက်သော အလင်းတန်းတစ်ခု ရုတ်တရက် ဖြတ်ပြေးသွား၏။

ဝူကျိရှန်းသည် လက်နှစ်ဖက်လုံး အချည်ခံထားရပြီး သဲပြင်ပေါ်တွင် လှဲလျက်ရှိရာ သူသည်အရာအားလုံးကို ရှင်းလင်းစွာ မြင်တွေ့နေရ၏။

စစ်သူကြီးမုန်းဟုဟာရ်လုသည် ရှာမန်ဆရာနှင့် စကားပြောနေစဉ်အတွင်း သူ၏ ဖိနပ်ထဲမှ ဓားမြှောင်တစ်ချောင်းကို တိတ်တဆိတ် ထုတ်ယူထားပြီး ရှာမန်ဆရာက သူ့ကို သတ်ရန် အာရုံစိုက်နေသည့် အခွင့်အရေးကို အရယူကာ ရုတ်တရက် ထိုးစိုက်လိုက်ခြင်း ဖြစ်သည်။ ဓားမြှောင်သည် ရှာမန်ဆရာ၏ ရင်ဘတ်နှင့် ဝမ်းဗိုက်ထဲသို့ ပြင်းထန်စွာ ဝင်ရောက်သွားလေသည်။

ရှာမန်ဆရာသည် စစ်သူကြီးမုန်းဟုတွင် ဤကဲ့သို့ ဝှက်ဖဲရှိနေလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ပေ။ သူသည် အသက်ကြီးရင့်နေပြီ ဖြစ်သည့်အပြင် လှုပ်ရှားမှုများကလည်း သွက်လက်မှုမရှိသဖြင့် ချက်ချင်းပင် လဲကျသွားတော့သည်။

စစ်သူကြီးမုန်းဟုဟာရ်လုသည် ရှာမန်ဆရာ၏ ဝမ်းဗိုက်ကို ဓားဖြင့် ထိုးပြီးနောက် တန်ပြန်တိုက်ခိုက်လာမည့် ဘေးမှ လွတ်မြောက်ရန် အနောက်သို့ အသက်လု၍ ဆုတ်ခွာလိုက်၏။

ရှာမန်ဆရာသည် သေလုမြောပါး ဒဏ်ရာရသွားသဖြင့် ဒေါသတကြီး အော်ဟစ်ကာ နောက်ဆုတ်သွားသော ဗိုစစ်သူကြီးမုန်းဟုနောက်သို့ အစွမ်းကုန် လိုက်လံတိုက်ခိုက်လေသည်။

စစ်သူကြီးမုန်းဟုဟာရ်လုသည် အ‌ခြေအနေက သူ့ဘက်တွင် ရှိနေသည်ကို ရှင်းလင်းစွာ သိရှိသဖြင့် အဝေးသို့ ထွက်မပြေးဘဲ ထိုနေရာတွင်ပင် တမင် ပတ်ပြေးနေကာ ရှာမန်ဆရာကို ရူးသွပ်စွာ လိုက်လံဖမ်းဆီးစေရန် ဆွဲဆောင်နေ၏။

ထပ်ကြပ်မကွာလိုက်လံဖမ်းဆီးနေမှုကြောင့် ဝမ်းဗိုက်ဒဏ်ရာမှ သွေးများ ပိုမိုထွက်လာခဲ့ပြီး ပတ်ဝန်းကျင်ရှိ သဲကန္တာရပေါ်တွင် ရှာမန်ဆရာ၏သွေးကွက်များဖြင့်ပျံ့နေပြီ ဖြစ်သည်။

သူကရူးးသွပ်စွာ လိုက်ဖမ်းလေလေ သွေးများ ပိုမိုဆုံးရှုံးလေလေ ဖြစ်သည်။

စစ်သူကြီးမုန်းဟုပတ်‌ပြေးရင်းဝူကျိရှန်း၏ ဘေးနားသို့ ရောက်ချိန်တွင် ရှာမန်ဆရာ၏ ခြေလှမ်းများသည် စတင် ယိမ်းထိုးလာခဲ့ပြီ ဖြစ်သည်။

စစ်သူကြီးမုန်းဟုနောက်သို့ဆက်လိုက်ရန် မဖြစ်နိုင်တော့သည်ကို သိသွားသောအခါ ရှာမန်ဆရာသည် ရုတ်တရက် အော်ဟစ်လိုက်ပြီး သူ၏လက်ထဲရှိ နွားရိုးတုတ်ကောက်ဖြင့်မုန်းဟုထံသို့ချိန်ပစ်လိုက်လေသည်။

သေခါနီးအချိန်တွင် အားကုန်သုံး၍တိုက်ခိုက်လိုက်ခြင်း ဖြစ်သောကြောင့် ထိုတိုက်ခိုက်မှုသည် အလွန်ပင် ပြင်းထန်လှပေသည်။

နွားရိုးတုတ်ကောက်သည် မိုးကြိုးကဲ့သို့ အရှိန်ဖြင့် စစ်သူကြီးမုန်းဟု၏ ဘယ်ဘက်ခြေထောက်ကို ထိမှန်သွားခဲ့ရာ အမြန်မပြေးနိုင်တော့ပေ။

သွေးအလွန်အကျွံဆုံးရှုံးထား‌ သောရှာမန်ဆရာသည်စစ်သူကြီးမုန်းဟု၏ အရှိန်လျော့သွားသည်ကို ရှင်းလင်းစွာ မြင်နေရသော်လည်း ရှေ့သို့ ဆက်မတိုးနိုင်တော့ဘဲမကျေနပ်ချက်များ ပြည့်နှက်နေသော မျက်လုံးများဖြင့် ကြည့်ရင်း ဖြည်းဖြည်းချင်း လဲပြိုကျသွားလေတော့သည်။

သွေးအိုင်ထဲတွင် လဲကျနေသော ရှာမန်ဆရာကို ကြည့်ပြီး မုန်းဟုဟာရ်လုသည် ပြုံးကာ ပြောလိုက်၏။

"အဖိုးကြီး၊ မင်းရဲ့ လှည့်ကွက်တွေကို ငါ တကယ် မရိပ်မိဘူးလို့ ထင်နေတာလား။ ငါက မွန်ဂိုသံတမန်နဲ့ တမင်တကာ အချင်းချင်း သတ်ချင်ယောင်ဆောင်ပြနေတာ။ သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းကို ငါ နည်းနည်း လျှော့တွက်မိသွားတာ ရှိပေမဲ့ပေါ့။ ဒါပေမဲ့ ဒါကလည်း ကောင်းပါတယ်။ ငါ့လက်မောင်း တစ်ဖက် ဆုံးရှုံးသွားရင်တောင် မင်းတို့ နှစ်ယောက်လုံး သေသွားရတာပဲ"

"ငါ့မှာ ညာဘက်လက်မောင်း မရှိတော့ရင် ငါက ဘာမှ မတတ်နိုင်တော့ဘူးလို့ ခင်ဗျားထင်နေတာမလား"

နောက်ဆုံးတွင် အနိုင်ရရှိသွားသော စစ်သူကြီးမုန်းဟုသည် မိမိကိုယ်ကိုအလွန်ပင် ဂုဏ်ယူ‌နေပုံရသည်။

"ခင်ဗျား သေချာ မစဉ်းစားမိတာပဲ။ မျိုးနွယ်စုရဲ့ စစ်အင်အား ထက်ဝက်ကို ကွပ်ကဲရတဲ့ စစ်သူကြီးတစ်ယောက်အနေနဲ့ ငါကိုယ်တိုင် စစ်မြေပြင်မှာ တိုက်ခိုက်နေဖို့ မလိုဘူးလေ။ ဒါကြောင့် ဓားသိုင်းပညာကို သိပ်ပြီး ဂရုစိုက်နေစရာ မလိုဘူး။ ငါက သူတပါးရဲ့ လုပ်ကြံမှုကိုပဲ ကာကွယ်ဖို့ လိုတာ။ အဲဒါကြောင့် ငါ့ရဲ့ စစ်ဖိနပ်ထဲမှာ ဓားမြှောင်တစ်ချောင်းကို အမြဲတမ်း ဝှက်ထားတာပေါ့။ ဒါက ငါ့ရဲ့ အသက်ကယ်ပစ္စည်းပဲ"

"မမေ့နဲ့ဦး၊ ဟိုးတုန်းက ဘုရင်ကြီးကို အဆိပ်ခတ်တုန်းက ခင်ဗျားကိုယ်တိုင်ပဲ ကျုပ်ကို အဆိပ်ပေးခဲ့တာ။ ဒါကြောင့် ခင်ဗျားက အဆိပ် ကျွမ်းကျင်သူဆိုတာကျုပ်အစကတည်းက သိတယ်"

စစ်သူကြီးမုန်းဟုသည် ရူးသွပ်စွာ အော်ရယ်လိုက်ပြီး

"ဒီလောက် ပြင်းထန်တဲ့ အဆိပ်ကို မင်း ကိုယ်နဲ့မကွာ ဆောင်ထားမှာပဲ။ အဲဒီအဆိပ်က ဒီနွားရိုးတုတ်ကောက်ထဲမှာ ဝှက်ထားတယ်ဆိုတာ ငါ ကြိုတွက်ထားပြီးသား။ ဒါကြောင့်... ဟဲဟဲ..."

သွေးထွက်လွန်သွားခဲ့သောကြောင့် ရှာမန်ဆရာသည် နောက်ထပ် မတ်တပ်မရပ်နိုင်တော့ပေ။ သူသည် မြွေတစ်ကောင်ကဲ့သို့ အေးစက်လှသော မျက်လုံးများဖြင့် မုန်းဟုဟာရ်လုကို စိုက်ကြည့်ရင်း ပြောလိုက်၏။

"ငါ သေသွားရင်တောင် ဒီသေမင်းကန္တာရထဲကနေ မင်းလွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ ကျန်နေတဲ့ ရေက မင်းကို နောက်ထပ် အလွန်ဆုံး တစ်ရက်ပဲ အသက်ဆက်ပေးနိုင်လိမ့်မယ်။ တစ်ရက်ကြာပြီးရင် မင်းလည်း နေပူရှိန်အောက်မှာပဲ ခြောက်ကပ်ပြီး သေသွားရမှာ။ ငါ ငရဲမှာ မင်း ရောက်လာမယ့်အချိန်ကို စောင့်နေမယ်..."

"ငရဲမှာ မင်းကို စောင့်နေမယ်"

ထိုစကားသည် ရှာမန်ဆရာ၏ ကျိန်စာသက်သက် မဟုတ်ဘဲ မလွှဲမရှောင်သာ ဖြစ်ပျက်လာမည့် အမှန်တရားတစ်ခုပင် ဖြစ်လေသည်။

*********

အခန်း ၁၃၂ - စကားများ၍သေသောလူမိုက်

စစ်သူကြီးမုန်းဟုသည် ပြိုင်ဘက်အားလုံးကို ဖယ်ရှားပြီး အောင်နိုင်သူ ဖြစ်လာခဲ့သော်လည်း ကျန်ရှိနေသော ရေပမာဏကမူ အလွန်နည်းပါးလှသဖြင့် ကျယ်ပြောလှသည့် သဲကန္တာရကြီးထဲမှ လွတ်မြောက်ရန် မလုံလောက်ပေ။ အလွန်ဆုံးရှိမှ နောက်ထပ်တစ်ရက်သာ အသက်ဆက်နိုင်မည် ဖြစ်သည်။

ဒါက ဖြေရှင်းရခက်ခဲသော သေတွင်းကြီးတစ်ခုပင် ဖြစ်၏။

"ဒီကနေ လမ်းလျှောက်ထွက်သွားဖို့လား။ ငါ အဲဒီလို ကလေးကလား အတွေးမျိုး တစ်ခါမှ မတွေးဖူးဘူး"

စစ်သူကြီးမုန်းဟုကအတိအလင်းပင်ပြောလိုက်သည်။

"ငါ လမ်းပျောက်နေတာဆိုတော့ ဒီကနေ ပြန်ထွက်ဖို့ တကယ် ခက်ခဲလိမ့်မယ်ဆိုတာ သိတယ်။ ဒါပေမဲ့ ငါ ကြိုးစားကြည့်ရမယ်။ တစ်သောင်းမှာ တစ်ချက်လောက်ပဲ အခွင့်အရေးရှိရင်တောင် ငါ အရှုံးမပေးနိုင်ဘူး"

"မင်းမှာ အချိန်တစ်ရက်ပဲ ရှိတာ။ လမ်းကြောင်းမှန်ကို ရှာတွေ့ရင်တောင် မင်း ပြန်ထွက်နိုင်မှာ မဟုတ်ဘူး"

"တစ်ရက်ပဲ ဟုတ်လား။ မဟုတ်ဘူး မဟုတ်ဘူး၊ မင်း မှားနေပြီ"

စစ်သူကြီးမုန်းဟုက တဟားဟား အော်ရယ်လိုက်ပြီး

"ငါ အနည်းဆုံး နောက်ထပ် လေးငါးရက်လောက် ခံနိုင်ရည်ရှိဦးမယ်လို့ ထင်တယ်။ ဒီလေးငါးရက်အတွင်းမှာ ငါ ထွက်ပေါက်ကို ရှာတွေ့ရင် ရှာတွေ့နိုင်မှာပေါ့"

နောက်ထပ် လေးငါးရက် ခံနိုင်ရည်ရှိမယ် ဟုတ်လား။ဒါက လုံးဝ မဖြစ်နိုင်တဲ့ အရာပင်။သက်ရှိလူသားတစ်ယောက်သည် ဤကဲ့သို့ ပတ်ဝန်းကျင်မျိုးတွင် အစားမစားဘဲ နေနိုင်သော်လည်း ရေမသောက်ဘဲ မနေနိုင်ပေ။

လူတိုင်းဆီက ရေတွေကို အကုန်စုဆောင်းလိုက်ရင်တောင် အလွန်ဆုံး နောက်ထပ် တစ်ရက်ပဲ ခံနိုင်လိမ့်မည်။ ဒါက ကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်မှာ လူသားတွေရဲ့ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ အကန့်အသတ်ပင် ဖြစ်၏။

"ဒီမှာ လူနှစ်ယောက် ရှိသေးတယ်လေ။ သူတို့က ငါ့အတွက် အသက်ရှင်လျက် လှုပ်ရှားနေတဲ့ ရေဘူးတွေပဲ။ ငါ တကယ် မတတ်နိုင်တော့တဲ့ အခါကျရင် သူတို့ရဲ့ သွေးတွေကို သောက်လို့ရတာပဲ"

"ဒီမင်အင်ပါယာကလူက သန်သန်မာမာနဲ့ ကျန်းမာရေးကောင်းတော့ သူ့သွေးတွေက ငါ့အတွက် နှစ်ရက်စာ သောက်လို့ လောက်တယ်။ ပြီးတော့ ဒီမိန်းမ၊ သူရဲ့ သွေးကနည်းကောင်းနည်းလိမ့်မယ်၊ ဒါပေမဲ့ ငါ ဖြစ်နိုင်သမျှ ချွေတာပြီး သောက်ရင် အနည်းဆုံး တစ်ရက်စာတော့ သောက်လို့ရမှာပဲ မလား"

စစ်သူကြီးမုန်းဟုဟယ်လုသည် တည်ငြိမ်စွာ ပြောဆိုနေသော်လည်း သူ၏ ပါးစပ်မှ ထွက်လာသော စကားလုံးတိုင်းတွင် အလွန် ပြင်းထန်ပြီး ရူးသွပ်မှုနှင့် ရက်စက်ကြမ်းကြုတ်မှုများ ရောနှောနေ၏။

"သူတို့ရဲ့ သွေးတွေကို အကုန်သောက်ပြီးရင် ဒီရေဘူးထဲက ရေကို ငါ ဆက်သောက်မယ်။ အဲဒါဆို လေးငါးရက် ခံဖို့ကတော့ ပြဿနာ မရှိပါဘူး..."

စစ်သူကြီးမုန်းဟု၏ စကားများကို ကြားပြီးနောက် ဝူကျိရှန်း အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။

လူသားတွေကို အသက်လှုပ်ရှားနေတဲ့ ရေဘူးတွေလို သဘောထားပြီး လူ့သွေးကို သောက်ကာ အသက်ရှင်သန်ဖို့ ကြိုးစားနေခြင်း ဖြစ်သည်။

ဒါက လူသားတစ်ယောက် မဟုတ်တော့သလို သားရဲတစ်ကောင် တောင်မှ မဟုတ်တော့ပေ။ မိစ္ဆာတစ်ကောင်သာ ဖြစ်၏။အလွန် ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာတစ်ကောင်ပင်။

လူတစ်ယောက်သည် ဤမျှအထိ ရက်စက်နိုင်လိမ့်မည်ဟု ဝူကျိရှန်းတစ်ယောက် အိပ်မက်ပင် မမက်ဖူးချေ။

သို့သော် သူ့မှာ ရွေးချယ်စရာ လုံးဝ မရှိပါချေ။

သူ၏ လက်နှစ်ဖက်လုံးကို တင်းကြပ်စွာ ချည်နှောင်ထားသဖြင့် သူသည် လုံးဝ တုံ့ပြန်တိုက်ခိုက်နိုင်စွမ်း မရှိပေ။

အုလုမယ်တော်ကြီး ဆိုလျှင်လည်း ကြောက်လန့်တကြားဖြင့် ကြက်သေသေနေခဲ့ပြီ ဖြစ်သည်။

သူမသည်အာဏာမရှိသော်လည်း အုလုဘုရင်၏ မိခင် ဖြစ်သည့်အတွက်စစ်သူကြီးမုန်းဟုအနေဖြင့် သူမအပေါ် အလွန်အကျွံ လုပ်ရဲလိမ့်မည် မဟုတ်ဟု ထင်ထားခဲ့၏။

ထိုကဲ့သို့သော အတွေးကြောင့်ပင် ဝူကျိရှန်းက သူမကို ဓားစာခံအဖြစ် ဖမ်းဆီးထားစဉ်က စစ်သူကြီးမုန်းဟုနားသို့ ရောက်ရှိရန် နည်းလမ်းမျိုးစုံဖြင့် ထွက်ပြေးခဲ့ခြင်း ဖြစ်သည်။

စစ်သူကြီးမုန်းဟုက သူမကို အသက်ရှင်လှုပ်ရှားနေတဲ့ ရေဘူးလို သဘောထားပြီး သွေးကို သောက်မည်အထိ ရက်စက်လိမ့်မည်ဟု သူမ လုံးဝ ထင်မှတ်မထားခဲ့ပေ။

အုလုမယ်တောမကြီးသည်ယခုအချိန်အထိ ကြောက်လန့်လွန်းသဖြင့် အသိစိတ် လွတ်နေခဲ့ပြီ ဖြစ်သည်။

"ပြေး..."

ဝူကျိရှန်းက အက်ကွဲသော အသံဖြင့် အော်ဟစ်လိုက်သည်။

"အမြန်ပြေး..."

ဝူကျိရှန်း၏ အော်ဟစ်သံကို ကြားမှ အုလုမယ်တော်ကြီး သည် ရုတ်တရက် အသိစိတ် ပြန်ဝင်လာပြီး အသက်လုကာ ထွက်ပြေးလေတော့သည်။

ထွက်ပြေးနေသော အုလုမယ်တော်ကြီး ကို စစ်သူကြီးမုန်းဟုသည် လိုက်ဖမ်းရန် စိတ်ကူးပင် မရှိချေ။ သူသည် ကြီးမားလှသော နွားရိုးတုတ်ကောက်ကို ခပ်ပေါ့ပေါ့ပင် ကောက်ယူလိုက်ပြီး ရှာမန်ဆရာ၏ ဦးခေါင်းကို တစ်ချက်တည်းဖြင့် ရိုက်ခွဲလိုက်သည်။

ရှာမန်ဆရာကို အပြတ်ရှင်းလင်းပြီးနောက် သူသည် အေးအေးလူလူပင် နွားရိုးတုတ်ကောက်ကို မြှောက်ကာ အသက်လု ပြေးနေသော အုလုမယ်တော်ကြီးထံသို့ အဝေးမှနေ၍ ချိန်ရွယ်ကာ လွတ်လိုက်လေသည်။

လေးလံသော နွားရိုးတုတ်ကောက်သည် သူမ၏ ညာဘက်ခြေကျင်းဝတ်ကို အရှိန်ဖြင့် ထိမှန်သွားခဲ့၏။ ဤတိုက်ခိုက်မှုသည် အချိန်ကိုက်ပင် ဖြစ်ပြီး ပြင်းထန်သော ဒဏ်ရာကို မရရှိစေသော်လည်း အရှိန်အပြည့်ဖြင့် ဆက်မပြေးနိုင်အောင် တားဆီးလိုက်ခြင်း ဖြစ်သည်။

အားနွဲ့လှသောအုလုမယ်တော်ကြီး သည် ချက်ချင်းပင် သဲပြင်ပေါ်သို့ လဲကျသွားတော့သည်။

ပစ်မှတ်ကို အောင်မြင်စွာ ထိမှန်သွားပြီးနောက် စစ်သူကြီးမုန်းဟုဟာရ်လုသည် မလောဘဲ ခြေတစ်ဖက် ထော့နဲ့ထော့နဲ့ဖြင့် လျှောက်သွားလေသည်။

အုလုမယ်တော်ကြီးသည် အတင်းရုန်းကန်ပြီး လူးလဲထရန် ကြိုးစားလိုက်၏။ သူမ ခေါင်းမော့လိုက်သည်နှင့် စစ်သူကြီးမုန်းဟုမျက်နှာကို ချက်ချင်း မြင်တွေ့လိုက်ရသည်။

စစ်သူကြီး၏ မျက်နှာတစ်ခုလုံး သွေးများဖြင့် ပေကျံနေပြီး သူက တဟားဟား အော်ရယ်နေ၏။ သူ၏ ရက်စက်ကြမ်းကြုတ်သော မျက်နှာအမူအရာမှာ ငရဲမြစ်ထဲမှ ရုတ်တရက် တက်လာသော မိစ္ဆာတစ်ကောင်နှင့် တူလှသဖြင့် မြင်ရသူတိာင်းကြက်သီးမွေးညင်း ထစရာ ဖြစ်စေသည်။

စစ်သူကြီးမုးန်ဟုသည် သူမ၏ ဆံပင်ကို ဆွဲကိုင်ကာ အနောက်သို့ တရွတ်တိုက် ဆွဲခေါ်သွားပြီး ယုတ်မာသော အပြုံးဖြင့် ပြောလိုက်၏။

"နင်က တကယ်ကို လှတဲ့ မိန်းမလှလေးပဲ။ အမှန်အတိုင်း ပြောရရင် ငါ နင့်ကိုတအားသဘောကျခဲ့တာ။ အခုလို အခြေအနေမျိုးသာ မဟုတ်ရင် ငါတို့ လင်မယားတောင် ဖြစ်နိုင်သေးတယ်။ နှမြောဖို့ကောင်းတာက ငါတို့က ဒီလိုအခြေအနေမျိုးနဲ့ ကြုံနေရတာပဲ။ ဒါပေမဲ့ ကံကောင်းတာက နင်က ငါ့အတွက် သက်ရှိရေဘူး ဖြစ်ပေးနိုင်သေးတာပဲ။ ဒါကလည်း နင့်ကို အသုံးတည့်အောင် လုပ်တာပဲပေါ့၊ ဟားဟား."

အုလုဘုရင်အသစ်သည် ဘုရင်ဟောင်း၏ မိဖုရားကိုပြန်လည် သိမ်းပိုက်ရယူရသည့် ဓလေ့ထုံးစံမျိုး မျိုးနွယ်စုအတော်များများတွင် ရှိကြသည်။ စစ်သူကြီးမုန်းဟုသာ ထီးနန်းကို လုယူခဲ့မည်ဆိုလျှင်မျိုးနွယ်စုအတွင်းတည်ငြိမ်စေရန်အတွက်ပင် အုလုမယ်တော်ကြီးကို သူ၏ မိန်းမအဖြစ် သိမ်းပိုက်ရန် ကြိုးစားမည် ဖြစ်သည်။

သို့သော်အခုအချိန်မှာထိုအခြေအနေမျိုးက မဖြစ်နိုင်တော့ဘဲ သူမသည်သက်ရှိရေဘူးအဖြစ်သာ ဆောင်ရွက်ရတော့မည် ဖြစ်၏။

အုလုမယ်တော်ကြီးသည် စစ်သူကြီးဟာရ်လု၏ လက်ထဲမှ လွတ်မြောက်ရန် အစွမ်းကုန် ရုန်းကန်နေဆဲ ဖြစ်သည်။

စစ်သူကြီးသည် လက်မောင်းတစ်ဖက် ဆုံးရှုံးထားပြီး ခြေထောက်ဒဏ်ရာကြောင့် အနည်းငယ် အဆင်မပြေဖြစ်နေသော်လည်းအုလုမယ်တော်ကြီးကို လက်သီးဖြင့် အချက်အနည်းငယ် ထိုးနှက်လိုက်ပြီးနောက် သူမ၏ ခန္ဓာကိုယ်ပေါ်သို့ ဖိနင်းထားကာ သူ၏ ခါးပတ်ကို ဖြည်လိုက်ပြီး ဖြည်းဖြည်းချင်း ချည်နှောင်လိုက်လေသည်။

သူမ၏ ရုန်းကန်မှုများသည် တဖြည်းဖြည်းနှင့် အားနည်းလာခဲ့ပြီး ခြေထောက်ကိုသာ အတင်း ကန်ကျောက်နေမိရာမှ မြေပြင်ပေါ်ရှိ ကွေးညွတ်နေသော ဓားမြှောင်ကို ဝူကျိရှန်းရှေ့သို့ မတော်တဆ ကန်မိသွား၏။

ဝူကျိရှန်းသည် ချက်ချင်းပင်သူမ၏ ရည်ရွယ်ချက်ကို နားလည်သွားခဲ့သည်။ သူမသည် ဓားမြှောင်ကို သူ၏ ဘေးနားသို့ တမင်တကာ ကန်ပေးလိုက်ခြင်း ဖြစ်ပြီး သူ့ကို တစ်ခုခု လုပ်စေချင်နေသည်မှာ ထင်ရှားလှပေသည်။

ဝူကျိရှန်းကဘာမှမသိ သောအမူအရာဖြင့်သူ၏ လက်နှစ်ဖက်ကို ဓားသွားပေါ်သို့ တိတ်တဆိတ် တင်လိုက်ပြီး သူတပါး မရိပ်မိစေဘဲ လက်မောင်းကို အထက်အောက် လှုပ်ရှားကာ ထက်မြက်လှသော ဓားသွားဖြင့် ကြိုးများကို ဖြတ်တောက်လိုက်၏။

"မင်းလို မိစ္ဆာကတော့ သေရင်တောင် အသေဆိုးနဲ့ သေမှာပဲ" "

အုလုမယ်တော်ကြီးသည် ဆက်လက်ရုန်းကန်‌ နေသော်လည်း အင်အားခြင်းမမျှသဖြင့် လွတ်မြောက်နိုင်ခြင်း မရှိခဲ့ပေ။ မကြာမီမှာပင် သူမသည် တင်းကြပ်စွာ ချည်နှောင်ခြင်းကို ခံလိုက်ရသည်။

"ငါ သရဲတစ္ဆေဖြစ်သွားရင်တောင် မင်းကို လွှတ်မပေးဘူး"

"သရဲတစ္ဆေ ဟုတ်လား။ ငါက သေသွားတဲ့လူကို ကြောက်လိမ့်မယ်လို့ မင်း ထင်နေတာလား"

စစ်သူကြီးမုန်းဟုက အောင်နိုင်သူအလား တဟားဟား ရယ်မောလိုက်သည်။ "

ငါ့လက်ချက်နဲ့ သေခဲ့ရတဲ့လူတွေ ဘယ်လောက်တောင် များနေပြီလဲဆိုတာ ငါကိုယ်တိုင်တောင် မမှတ်မိတော့ဘူး။ အဲဒါကို ငါက ဘာလို့ မင်းကို ဂရုစိုက်နေရမှာလဲ။ ငါက အသက်ရှင်နေတဲ့လူကိုတောင် မကြောက်တာ၊ သရဲတစ္ဆေကို ဘာလို့ ကြောက်ရမှာလဲ"

"မင်း ဒီကန္တာရထဲကနေ လွတ်သွားရင်တောင် ကောင်းတဲ့အဆုံးသတ်နဲ့ ကြုံရမှာ မဟုတ်ဘူး... ငါ့သား ကြီးလာရင် ငါ့အတွက် သေချာပေါက် ကလဲ့စားချေလိမ့်မယ်"

အုလုမယ်တော်ကြီး သည် စစ်သူကြီးမုန်းဟုကို အံကို ကြိတ်ကာ စိုက်ကြည့်ရင်း ပြောလိုက်၏။

"နင့်ရဲ့ ရုပ်သေးရုပ် သားလေးအကြောင်း ပြောရရင်တော့ သူက ငါ့ကို ကျေးဇူးတင်ရမယ်"

မုန်းဟုဟာရ်လုသည် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီးမယ်တော်ကြီး၏ ပါးကို ဆွဲညှစ်ကာ ပြုံးလျက် ပြောလိုက်သည်။

"တကယ်လို့ ငါ ဒီကနေ လွတ်သွားရင် နင့်သားကို သေချာပေါက် ပြောပြမှာက... နင်က မင်အင်ပါယာကလူရဲ့ အန္တရာယ်ပြုတာကို ခံလိုက်ရတာ၊ နင့်အတွက် ကလဲ့စားချေပေးဖို့ ရှာမန်ဆရာနဲ့ မွန်ဂိုသံတမန်တို့လည်း အဲဒီမင်အင်ပါယာကလူရဲ့ လှည့်ကွက်ထဲ မိပြီး အသေဆိုးနဲ့ သေသွားခဲ့ကြတာပေါ့။ ပြီးတော့ ငါက... နင့်ကို ကယ်တင်ဖို့အတွက် ဒုက္ခမျိုးစုံကို ရင်ဆိုင်ခဲ့ရပြီး လက်မောင်းတစ်ဖက်တောင် ဆုံးရှုံးခဲ့ရတယ်၊ ဒါပေမဲ့ နှမြောဖို့ကောင်းတာက နင့်ကို ကယ်တင်နိုင်ခြင်း မရှိခဲ့ဘူး။ မျိုးနွယ်စုထဲက လူတွေက ဒီအကြောင်းကို ကြားရင် အလွန်ပဲ စိတ်မကောင်း ဖြစ်ကြလိမ့်မယ်၊ ဟားဟား"

"အဲဒီနောက်ကျရင် ငါက သေးငယ်တဲ့ မတော်တဆမှုတစ်ခုကို ဖန်တီးပြီး နင့်ရဲ့ ရုပ်သေးရုပ် သားလေးကို ဘယ်သူမှမသိအောင် သေခိုင်းလိုက်ရုံပဲ။ အဲဒါဆိုရင် ငါက အုလုရဲ့ ဘုရင်အသစ် တရားဝင် ဖြစ်လာနိုင်ပြီပေါ့၊ ဟားဟား"

စစ်သူကြီးမုန်းဟု၏ ရယ်မောသံသည် ရုတ်တရက် ရပ်တန့်သွားခဲ့ပြီးသူ၏ ရင်ဘတ်မှ ရုတ်တရက်ထွက်ပြူလာသော သွေးချင်းချင်းနီနေသည့် ဓားဦးကို မယုံကြည်နိုင်လောက်သော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်မိလေတော့သည်။

All Chapters