← Chapters

မုန့်ပေါ်၊ သက်တမ်းတစ်သန်း

Vol. 11 Ch. 153

မုန့်ပေါ်၊ သက်တမ်းတစ်သန်း

Vol. 11 Ch. 153

အခန်း (၁၅၃) မုန့်ပေါ်၊ သက်တမ်းတစ်သန်း

ဟန်ကျွယ်ဟာ တစ်ဖက်လူရဲ့စကားကို ကြားပြီး အတွေးနယ်ချဲ့မိလိုက်ပါတယ်။

‘ဒီစကားက ဘာဓိပ္ပာယ်ကြီးတုန်း’

‘သူက ငါ့ကို သူ့တပည့်ဖြစ်လာအောင် စည်ရုံးနေတာလား’

‘ဒါမှမဟုတ် ငါ့ခန္ဓာကိုယ်ကို နေရာယူမလို့လား’

ဟန်ကျွယ်ဟာ အလန့်တကြား ဖြစ်သွားပါတယ်။ ဟန်ကျွယ်ဟာ အလွန်တရာချောမောပြီး အလွန်မြင့်မားတဲ့ စွမ်းရည် ရှိတာကြောင့် အမတတောင် မနာလိုဖြစ်မှာပါ။

“ဒီနေရာကို ငါ့ဝိညာဉ်စွမ်းအားနဲ့ ခွဲထုတ်ပြီးပြီ၊ ဘယ်သူမှ ငါတို့ကို ရှာတွေ့နိုင်မှာ မဟုတ်ဘူး၊ အခုငါတို့တွေ ဘာမှစိုးရိမ်စရာမလိုဘဲ စကားပြောလို့ရပြီ” အသံဩဩကြီးက ထပ်မံ ထွက်ပေါ်လာပါတယ်။

ဟန်ကျွယ်က ဂရုတစိုက် မေးလိုက်ပါတယ် “ကျွန်တော် စီနီယာရဲ့ သရုပ်မှန်ကို သိလို့ရမလား”

အသံဩဩကြီးက ပြန်ဖြပါတယ် “ငါက မေ့လျော့ခြင်းတံတားကပဲ”

‘မေ့လျော့ခြင်းတံတား...’

‘မေ့လျော့ခြင်းတံတားက တံတားတစ်စင် မဟုတ်ဘူးလား... ဒါမှမဟုတ် မေ့လျော့ခြင်းတံတားက ကိုယ်ထင်ပြတာလား’

‘နေအုန်း... မုန့်ပေါ်လား၊ မုန့်ပေါ်ဆိုရင် သူက ဘာလုပ်ဖို့ ကြိုးစားနေတာလဲ၊ သူက ငါ့ကို လက်ထောက်အဖြစ် သိမ်းသွင်းချင်နေတာလား’

“မင်း အသစ်လက်ခံထားတဲ့ တပည့်ရဲ့နောက်ခံကို မင်းသိတယ်မလား”

ဟန်ကျွယ်က သတိကြီးစွာထားပြီး ပြန်မေးလိုက်ပါတယ် “သူ့မှာ ဘယ်လိုနောက်ခံ ရှိလို့လဲ၊ ကောင်းကင်အမတစံအိမ်က ပါရမီရှင် မဟုတ်ဘူးလား၊ ဒါမှမဟုတ် စီနီယာက ကောင်းကင်အမတစံအိမ်က တစ်ယောက်ယောက်ကို စပွန်ဆာပေးထားလို့လား”

မြေလျှောက်အမတ တစ်ယောက်အနေနဲ့ ဟန်ကျွယ်ဟာ မဟာမှော်ဆရာတစ်ယောက်ရဲ့ မူလဇစ်မြစ်ကို ထိုးဖောက်မြင်နိုင်နေပါပြီ။ ဒီသတင်းသာ ပြန့်နှံ့သွားရင် တစ်ခြားသူတွေက ဟန်ကျွယ့်ကို တော်တော်လေး ကြောက်သွားမှာပါ။

“မင်း ကတယ်ပဲ မသိဘူးလား၊ မင်းတပည့်တွေထဲမှာ သာမန်လူတစ်ယောက်မှ မပါဘူး” အသံဩဩကြီးက ဟန်ကျွယ်ကို စလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ဆိတ်ဆိတ်ပဲ နေလိုက်ပါတယ်။

အသံဩဩကြီးက ဆက်ပြောပါတယ် “ငါ တဲ့တိုးပဲ ပြောမယ်၊ ထူလင်းအာက ငါတို့မှော်မျိုးနွယ်စုရဲ့ မဟာမှော်ဆရာ ပြန်ဝင်စားတာ၊ သူ မင်းဆီကို ရောက်လာတာကလည်း မင်းက သူ့ကို စွမ်းအားပိုကြီးလာအောင် လုပ်ပေးနိုင်လို့ပဲ၊ မဟာမှော်ဆရာတိုင်းမှာ ထူးခြားတဲ့အရည်အချင်းတစ်ခုစီ ရှိကြတယ်၊ ထူလင်းအာရဲ့ ထူးခြားအရည်အချင်းက အိပ်မက်ထဲကနေ သူ့အတွက် အကျိုးအမြတ်အများဆုံးဖြစ်တဲ့ အခွင့်အရေးကို ရှာဖွေနိုင်တာပဲ၊ ဒီအကြောင်းကြောင့်လည်း သူက မှော်မျိုးနွယ်စုနဲ့နတ်ဆိုး ကပ်ဘေးမှာ အသက်ရှင်နိုင်ခဲ့တာ၊ အရင်တစ်ခေါက် မင်း ငရဲပြည်ကို လာတုန်းက ငါ မင်း‌ရောင်ဝါကို မှတ်သားထားလိုက်တယ်၊ အဲဒါကြောင့် အခု ထူလင်းအာက မင်းကိုရှာတော့ ငါ မင်းအကြောင်းကို အထူးတလည် စစ်ဆေးလိုက်တာ၊ မင်းမှာ ကံဆိုးမရှိတဲ့အပြင် စွမ်းအားကြီးတဲ့ နောက်ခံလည်းမရှိဘူး၊ ဒါပေမဲ့ မင်းက ဒီအဆင့်ထိတောင် ‌ရောက်လာနိုင်တယ်ဆိုတော့ မင်းက ငါတို့ မှော်မျိုးနွယ်စုရဲ့ မျှော်လင့်ချက်တစ်ခု ဖြစ်လာနိုင်တယ်”

‘မှော်မျိုးနွယ်စုရဲ့ မျှော်လင့်ချက်လား’

‘မုန့်ပေါ်က မှော်မျိုးနွယ်စုကလား’

ဟန်ကျွယ်ဟာ အလျင်အမြန်ပဲ တွေးတောလိုက်ပါတယ်။

“ထူလင်းအာကို အမတဧကရာဇ် ဖြစ်လာအောင် မင်း လုပ်ပေးနိုင်ရင် မင်းက ငါတို့မှော်မျိုးနွယ်စု တစ်ခုလုံးရဲ့ ကျေးဇူးရှင်ပဲ”

ဟန်ကျွယ်က စပ်စုလိုက်ပါတယ် “အမတဧကရာဇ်က ဘယ်လိုအဆင့်မျိုးလဲ၊ ရွှေအမတလား”

“ရွှေအမတအဆင့်ရဲ့ အထက်အဆင့်က အမတဧကရာဇ်ပဲ”

“ရိုးရိုးသားသား ပြောရရင် ကောင်းကင်ရုံးတော်က ကျွန်တော်နေတဲ့ သေမျိုးကမ္ဘာကို ရှင်းပစ်ကောင်း ရှင်းပစ်နိုင်တယ်၊ စီနီယာ ကျွန်တော့်ကို ကူညီနိုင်မလား”

“မကူညီနိုင်ဘူး၊ ကောင်းကင်ရုံးတော်က ငရဲပြည်ကိုလည်း အုပ်ချုပ်ထားတယ်၊ ငါ့မှာ ဝင်စွက်ဖက်နိုင်တဲ့ အခွင့်အာဏာ မရှိဘူး”

“ဒါဆိုရင် ကျွန်တော်က မှော်မျိုးနွယ်စုကို ကူညီလို့ ဘာအကျိုးကျေးဇူးရမှာလဲ”

“မင်းသေသွားရင် မင်းကို ငါခေါ်ထားပေးမယ်”

ဟန်ကျွယ်ဟာ ပြောစရာစကားမရှိ ဖြစ်သွားပြီး အရူးလုပ်ခံရသလို ခံစားလိုက်ရပါတယ်။ အဲဒီနောက် ဟန်ကျွယ်က မေးလိုက်ပါတယ် “ဒါဆိုရင်... ငရဲပြည်မှာ ဘယ်သူမှမနှောင့်ယှက်နိုင်တဲ့ နေရာတစ်နေရာကို ကျွန်တော့်အတွက် ပိုင်းထားပေးလို့ရမလား”

“ရတယ်... ပြဿနာမရှိဘူး”

ဟန်ကျွယ်ဟာ သက်ပြင်းတစ်ချက် ချလိုက်ပါတယ် ‘ဒီလိုဆို တော်သေးတယ်’

“ဒါဆို မင်း သဘောတူတာလား” အသံဩဩကြီးက မေးလိုက်ပါတယ်။

ဟန်ကျွယ်က ပြန်ဖြေပါတယ် “ကျွန်တော်လည်း ထူလင်းအာကို ကြိုက်ပါတယ်၊ နောက်ပြီး သူ့က ကျွန်တော့်ကို ဆရာသခင်အဖြစ် အသိအမှတ် ပြုထားပြီးပြီလေ”

တစ်ခြားသူက ဝှက်ဖဲကို ထုတ်ပြထားတဲ့အတွက် ဟန်ကျွယ်သာ ငြင်းလိုက်မယ်ဆိုရင် ထွက်သွားနိုင်ဖို့က မကျိန်းသေပါဘူး။

[မုန့်ပေါ်သည် သင့်အပေါ် အကောင်းမြင်စိတ် ရှိသွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်သုံးပွင့်။]

ဟန်ကျွယ်ဟာ ချက်ချင်းပဲ ပဓာနဝိညာဉ်ကို ဗဟိုထားပြီး အသွင်တူလက်ရည်စမ်းပွဲကို စတင်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ မုန့်ပေါ်ကို ရှာဖွေလိုက်ပြီး စတင်တိုက်ခိုက်လိုက်ပါတယ်။

ဒါပေမဲ့ တစ်စက္ကန့်အကြာမှတော့...

ချက်ချင်းကို ဟန်ကျွယ် ရှုံးနိမ့်သွားပါတယ်။

ဟန်ကျွယ်ဟာ ဒီရလဒ်အတွက် အံအားသင့်ခြင်း မရှိပါဘူး။ ဟန်ကျွယ်ဟာ မုန့်ပေါ်ကို စံပြတိုက်ခိုက်ရေးအဖော်အဖြစ် ပုံတူကူးရုံပါ။မုန့်ပေါ်ရဲ့ မျက်လုံးထဲမှာတော့ ဟန်ကျွယ်က တစ်စက္ကန့် မျက်လုံးမှိတ်လိုက်တာပါ။ ဒါကြောင့် ထွေထွေထူးထူး ဘာမှမတွေးပါဘူး။

ဟန်ကျွယ်ဟာ လက်သီးဆုပ်ပြီး ပြောလိုက်ပါတယ် “ကျွန်တော့်မှာ အဆင့်ဆက်တက်စရာရှိသေးလို့ သွားပါအုန်းမယ်၊ စီနီယာကို မနှောင့်ယှက်တော့ပါဘူး”

“အင်း”

ဟန်ကျွယ်ဟာ ဘာမှမတွေးတောတော့ဘဲ ပြန်လည်မွေးဖွားခြင်းချီကို စုပ်ယူပြီး သူ့ပဓာနဝိညာဉ် အင်အားကြီးလာအောင် လုပ်ဆောင်ပါတယ်။

ဝီရိယတောင်ကလည်း ပြန်လည်ငြိမ်သက်သွားပါတယ်။ ရှင်းဟုန်ရွှမ်၊ လီချင်းဇဲ့နဲ့ တစ်ခြားသူတွေလည်း ကိုယ့်နေရာကိုယ်ပြန်ပြီး ဆက်လက်ကျင့်ကြံ အားထုတ်ကြပါတယ်။ သူတို့တွေဟာ ဝီရိယတောင် လှုပ်ခါတဲ့အကြောင်းကို အချိန်ကြာကြာ မဆွေးနွေးကြပါဘူး။

သုံးနှစ်ကြာပြီးနောက်။

ကျင့်ကြံခြင်းလိုဏ်ဂူအတွင်း။

လုံးဝကို ပြောင်းလဲသွားတဲ့ ဟန်ကျွယ်ရဲ့ ပဓာနဝိညာဉ်ဟာ ရုပ်ခန္ဓာထဲ ပြန်ရောက်လာပါတယ်။ စိတ်ဝိညာဉ်ရတနာတွေ၊ အကောင်းစား ရတနာတွေရဲ့ တောက်ပမှုကြောင့် ဟန်ကျွယ်ဟာ အမတနတ်ဘုရားတစ်ပါးလိုပါပဲ။

ဒီအချိန်မှာတော့ ဟန်ကျွယ်ဟာ မြေလျှောက်အမတတစ်ဦး လုံးဝကို ဖြစ်သွားပါပြီ။ ဟန်ကျွယ်ရဲ့ စွမ်းအားကလည်း အရင်ကထက် အဆပေါင်းတစ်ရာကျော် ပိုကြီးမားလာပါတယ်။

ဟန်ကျွယ်ဟာ ကိုယ်ရေးအကျဉ်းကို ဖွင့်လိုက်ပါတယ်။

[အမည်: ဟန်ကျွယ်]

[သက်တမ်း: ၇၇၉/၁,၂၉၄,၀၀၀]

[မျိုးနွယ်စု: အမတ]

[ကျင့်ကြံမှု: လွမ်ဟွေ မြေလျှောက်အမတ ကနဦးအဆင့်။]

[ကျင့်စဉ်: ပြန်လည်မွေးဖွားရာ လမ်းခြောက်သွယ် (အမွေဆက်ခံ၍ ရရှိသည်)]

[မှော်ပညာ: ပြိုင်ဘက်ကင်း ဓါးလက်ချောင်းသိုင်း၊ ပုံရိပ်ယောင် ခြေခုနစ်လှမ်း၊ ပြိုင်ဘက်ကင်း အရိပ်သုံးပါးဓားသိုင်း၊ နတ်ဆိုးနှင် နဂါးကိုးကောင်တံဆိပ်၊ မိုးကြိုးမုန်တိုင်းကြီး၊ လေနတ်သားသိုင်း၊ မူလရုပ်ဖော်ပညာရပ်]

[ဆန်းကြယ်စွမ်းအား: လမ်းခြောက်သွယ်စုပ်ယူခြင်း၊ ကောင်းကင်ဒဏ်ပေး တစ္ဆေဓား၊ မိုးနှင့်မြေ၊ တိမ်ကျွမ်းထိုး၊ ဓားတစ်သောင်း (အမွေဆက်ခံ၍ ရရှိသည်)၊ ရူလိုင်မန္တန်၊ လမ်းခြောက်သွယ် အန္တိမတံဆိပ်တော်၊ မိုးကောင်းကင်ဓားချီ၊ မိုးမြေကမ္ဘာဖောက် ဓားလက်ချောင်း၊ စကြာဝဠာအင်္ကျီလက်၊ ပြန်လည်မွေးဖွားခြင်းတံခါး၊ ဖိတ်ခေါ်ခြင်းပညာရပ်။]

[အသုံးအ‌ဆောင်: စကြာဝဠာခါးပတ်၊ ချီလင်ဓား၊ နတ်ဆိုးချည်ကြိုး၊ မီးမိစ္ဆာခေါင်းလောင်း (စိတ်ဝိညာဉ်ရတနာ ဆဋ္ဌမအဆင့်)၊ ကြယ်ကိုးစင်းဖိနပ် (စိတ်ဝိညာဉ်ရတနာ ပဥ္စမအဆင့်)၊ ရေခဲဘုရင်၏ သရဖူ (စိတ်ဝိညာဉ်ရတနာ စတုတ္ထအဆင့်)၊ ကြမ္မာဆိုးစာအုပ် (အကောင်းစား မဟာညီညွှတ်မှု စိတ်ဝိညာဉ်ရတနာ)၊ မြေဧကရာဇ်၏ ဝိညာဉ်ပဝါ (စိတ်ဝိညာဉ်ရတနာ သတ္တမအဆင့်)၊ နှလုံးကာနတ်ဆွဲကြိုး (စိတ်ဝိညာဉ်ရတနာ သတ္တမအဆင့်)၊ တရားထိုင်ဖျာ (မဟာညီညွှတ်မှု စိတ်ဝိညာဉ်ရတနာ ဆဋ္ဌအဆင့်)၊ ကောင်းကင်စိတ်ဝိညာဉ် လက်ကောက် (အကောင်းစား စိတ်ဝိညာဉ်ရတနာ)၊ ရွှေခရမ်းရောင်ချပ်ဝတ်ပျော့ (မဟာညီညွှတ်မှု စိတ်ဝိညာဉ်ရတနာ အဋ္ဌမဆင့်)၊ ကောင်းကင်ကိုးလွှာခြေနင်း (မဟာညီညွှတ်မှု စိတ်ဝိညာဉ်ရတနာ အဋ္ဌမအဆင့်)၊ လက်ပတ်ကြီး (မဟာညီညွှတ်မှု စိတ်ဝိညာဉ်ရတနာ ပဥ္စမအဆင့်)၊ ဧကရာဇ်နဂါး ရထားလုံး (မဟာညီညွှတ်မှု စိတ်ဝိညာဉ်ရတနာ ဒုတိယအဆင့်)၊ ဧကရာဇ်ဝတ်ရုံ (မဟာညီညွှတ်မှု အကောင်းစား ရတနာ)။]

[ဓားငွေ့: ပြန်လည်းမွေးဖွားခြင်းဓားငွေ့(မဟာညီညွှတ်မှု)]

[ကိုယ်ပိုင်ဖန်တီး ဆန်းကြယ်စွမ်းအား: လောကသုံးပါး သန့်ရှင်းခြင်း(မဟာညီညွှတ်မှု)]

[ဝိညာဉ်ရတနာ: ဟွမ့်သွမ့်ဓား]

[ကျင့်ကြံခြင်းစွမ်းရည်: စိတ်ဝိဉာဉ်ခြောက်သွယ် ခန္ဓာကိုယ်၊ ထိပ်တန်း မီး, ရေ, လေ, မြေ, သစ်သား, မိုးကြိုး ကျင့်ကြံခြင်းစွမ်းရည်၊ မွေးရာပါကံတရားအား ကောင်းချီးအနည်းငယ် ပေးသည်။]

[မွေးရာပါကံတရားမှာ အောက်ပါအတိုင်း ဖြစ်သည်]

[ပြိုင်ဘက်ကင်း စစ်သည်တော်: အင်မော်တယ်ရုပ်ရည်၊ ထိပ်တန်းဆွဲဆောင်မှု]

[ကံကြမ္မာဓါးရူး: ထိပ်တန်း ဓါးပညာပါရမီ၊ ထိပ်တန်း ဓါးပညာနားလည်မှု]

[ကိုယ်ဖော့သိုင်း: ထိပ်တန်း ကိုယ်ဖော့သိုင်းပါရမီ]

[အမတဧကရာဇ် မျိုးဆက်: ဂိမ်းကို စတင်ပြီး၍ ပြိုင်ဘက်ကင်းကျင့်စဉ်နှင့် အကောင်းစား စိတ်ဝိဉာဉ်ကျောက်တုံး တစ်ထောင် ရရှိပြီး ဖြစ်သည်။]

[လူမှုဆက်ဆံရေးကို စစ်ဆေးမည်]

‘သက်တမ်းက တစ်သန်းကျော်သွားပါလား၊ ဒီကမ္ဘာမှာ ဘယ်သူ့က ငါထက် အသက်ရှည်နိုင်အုန်းမှာလဲ’ ဟန်ကျွယ်ဟာ သူ့ကိုယ်သူ ဂုဏ်ယူသွားပါတယ်။ ဟန်ကျွယ်ဟာ သက်တမ်းတိုးလာတာ မြင်ရတိုင်း အရမ်းပဲ စိတ်ကြည်နူးသွားပါတယ်။

ဟန်ကျွယ်ဟာ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်လိုက်ပြီး မုန့်ပေါ်ရဲ့ ကျင့်ကြံမှုအဆင့်ကို စစ်ဆေးလိုက်ပါတယ်။

[မုန့်ပေါ်: မဟာညီညွှတ်မှု အမတစစ် ကနဦးအဆင့်။ ငရဲပြည်၏ သရဲနတ်မင်း ဖြစ်၏။ မုန့်ပေါ်သည် ငရဲပြည်၌ ပုန်းအောင်းနေသူဖြစ်ပြီး ပြန်လည်မွေးဖွားခြင်းတာဝန်ကို ထမ်းဆောင်သူ ဖြစ်သည်။ သူ့ဆန္ဒမှာ မှော်မျိုးနွယ်စု ပြန်အားကောင်းလာရန်ဖြစ်သည်။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်သုံးပွင့်။]

‘မဟာညီညွှတ်မှု အမတစစ်လား... ငါ သူ့ကို မနိုင်တာ အံဩစရာ မရှိတော့ပါဘူး’

ဟန်ကျွယ်ဟာ မုန့်ပေါ်ရဲ့ တောင်းဆိုမှုကို မငြင်းပယ်မိတာ ဝမ်းသာသွားပါတယ်။ မဟုတ်ရင် သူ ငရဲပြည်ကနေ ပြန်လာနိုင်မှာ မဟုတ်ပါဘူး။

မုန့်ပေါ်ရဲ့ တောင်းဆိုချက်ကို လိုက်လျောလိုက်တာကလည်း ကောင်းပါတယ်။ နောက်ကျလို့ ဟန်ကျွယ် ဂရုစိုက်တဲ့လူတွေ သေသွားရင် မုန့်ပေါ်ကို အကျိုးအကြောင်းပြောပြီး စွပ်ပြုတ်မတိုက်ခိုင်းလို့ရတာပေါ့။

အဲဒီနောက် ဟန်ကျွယ်ဟာ ငရဲပြည်မှာ မိစ္ဆာမျိုးနွယ်စုနဲ့ မှော်မျိုးနွယ်စု ပုန်းအောင်းနေတာကို သတိရသွားပါတယ် ‘ငရဲပြည်က ရှုံးနိမ့်သွားတဲ့ မျိုးနွယ်စုတွေ ခိုလှုံရာလား’

ဟန်ကျွယ်ဟာ အတွေးစတွေကို ရှင်းထုတ်ပစ်လိုက်ပြီး ဖီးနစ်တောင်ပံသရဖူကို ထုတ်ယူကာ ကိုယ်ပိုင်ပစ္စည်း ပြုလိုက်ပါတယ်။

လေးငါးခြောက်နာရီ ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ဖီးနစ်တောင်ပံသရဖူကို သိမ်းဆည်းလိုက်ပြီး ရှင်းဟုန်ရွှမ်ကို ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး ပြဒါးငှက်ကို ကျိန်စာတိုက်ပါတော့တယ်။ တာအိုသခင်ကျွယ်ရန်ကိုတော့ ကြောက်စရာမလိုတော့တဲ့အတွက် ကိုယ်တိုင်ဖြေရှင်းဖို့ပဲ ဆုံးဖြတ်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ ကျိန်စာတိုက်ရင်းနဲ့ စာအိတ်တွေကို စစ်ဆေးလိုက်တဲ့အခါ ကျင့်ကြံခြင်းလောကက အရမ်း တည်ငြိမ်အေးချမ်းနေတာကို တွေ့လိုက်ရပါတယ်။ ဂျိရှင်းရှန်တစ်ယောက်တည်းပဲ မိစ္ဆာစစ်တွေ တိုက်ခိုက်တာကို ဒါဇင်ကျော် ခံရပါတယ်။ ဒီသတင်းကလွဲရင် မိစ္ဆာစစ်တွေရဲ့ သတင်းကို ဟန်ကျွယ် လုံးဝမတွေ့ပါဘူး။

‘ဂျိရှင်းရှန်က မိစ္ဆာစစ်တွေကို ရှင်းပစ်လိုက်ပြီလား...’

‘ဒီကောင်က နည်းနည်းကြမ်းသားပဲ’

ဂျိရှင်းရှန်ဟာ ဘဝဟောင်းက နောက်ခံမရှိပါဘူး။ ဒါပေမဲ့ ဒီဘဝမှာတော့ ကိုယ့်လမ်းကိုယ်ဖောက်ပြီး လူအုပ်ကြားထဲက ထိုးထွက်ကာ ကြီးမားတဲ့ ကံတရား အ‌ထောက်အပံ့နဲ့ ကျင့်ကြံခြင်းလောကရဲ့ နံပါတစ်ပါရမီရှင် ဖြစ်လာခဲ့ပါတယ်။

ဟန်ကျွယ်ဟာ ဂျိရှင်းရှန်ရဲ့ အချက်အလက်ကို စစ်ဆေးလိုက်တဲ့အခါ ဂျိရှင်းရှန်ရဲ့ ကျင့်ကြံမှုက ကောင်းကင်ဘုံဝင် စတုတ္ထအဆင့် ရောက်နေတာကို တွေ့လိုက်ရပါတယ်။ ဒီကျင့်ကြံမှုအလျင်က အရမ်း အရမ်းမြန်ပါတယ်။ ဟန်ကျွယ်ပြီးရင် အမြန်ဆုံးပါပဲ။

စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။

All Chapters