ဖြူမည်းနတ်နှစ်ပါး၊ တာအိုသခင်ကျွယ်ရန် သေမျိုးကမ္ဘာသို့ ရောက်လာခြင်း
Vol. 11 Ch. 156
အခန်း (၁၅၆) ဖြူမည်းနတ်နှစ်ပါး၊ တာအိုသခင်ကျွယ်ရန် သေမျိုးကမ္ဘာသို့ ရောက်လာခြင်း
ဂျိရှင်းရှန်ကို အနိုင်ယူလိုက်နိုင်တာက ဟန်ကျွယ်ကို သိပ်ပြီးတော့ မပျော်ရွှင်စေပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဂျိရှင်းရှန်မှာ စိန်ခေါ်ဖို့ အချိန်ရှိနေမှတော့ မိစ္ဆာစစ်ကပ်ဘေးက ပြီးဆုံးသွားပြီဆိုတာ ထင်ရှားလှပါတယ်။
ဟန်ကျွယ်ဟာ တစ်စုံတစ်ခုကို နားလည်သွားပါတယ်။
‘ဘာတွေပဲဖြစ်ဖြစ် ငါ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ရမယ်’
‘အခုအခြေအနေကို ကြည့်ရတာ မိစ္ဆာတွေက ရှုံးနိမ့်ပြီး နတ်ဆိုးလမ်းစဉ်က ဖိနှိပ်ခံလိုက်ရပြီ၊ ကောင်းကင်ရုံးတော်က ဒီသေမျိုးကမ္ဘာကို မရှင်းပစ်လောက်တော့ပါဘူး’ ဟန်ကျွယ်ဟာ တိတ်တဆိတ် တွေးတောလိုက်ပါတယ်။
‘မဟုတ်သေးဘူး... ငါ့မှာ စိတ်ချရတဲ့ အစီအစဉ် ရှိဖို့ လိုတယ်’
ဟန်ကျွယ်ရဲ့ ပဓာနဝိညာဉ်ဟာ ရုပ်ခန္ဓာကခွာပြီး ငရဲပြည်ကို ခုန်ဆင်းလိုက်ပါတယ်။ သေမျိုးကမ္ဘာကနေ ငရဲပြည်ကို ခုန်ဆင်းတာက သေမျိုးကမ္ဘာရဲ့ အဆုံးကနေ ငရဲပြည်ကိုသွားတာထက် ပိုမြန်ပါတယ်။
လွမ်ဟွေမြေလျှောက်အမတ ဖြစ်လာပြီးနောက် ဟန်ကျွယ်ဟာ ငရဲပြည်နဲ့ အမတဘုံရဲ့ တည်ရှိမှုကို ရှင်းရှင်းလင်းလင်း ခံစားနိုင်ပါတယ်။ အမတဘုံက အထက်မှာရှိနေပြီး ငရဲပြည်က အောက်မှာ ရှိနေတာပါ။ တစ်ခြားဘုံတွေကိုတော့ လောလောဆယ်မှာ ဟန်ကျွယ် မမြင်နိုင်သေးပါဘူး။
“စီနီယာ မုန့်ပေါ်” ဟန်ကျွယ်ဟာ အော်ဟစ်လိုက်ပါတယ်။
သရဲမြူတွေဟာ ဘေးပတ်လည်မှာ ပြည့်နှက်နေပါတယ်။ ဒီကမ္ဘာဟာ မှောင်မည်းနေပြီး နေမင်းရော လမင်းရော မရှိပါဘူး။ အသူရာချောက်ထဲက အနက်ရှိုင်းဆုံးအပိုင်းလိုပါပဲ။
“ဘာကိစ္စလဲ” မုန့်ပေါ်ရဲ့အသံ ထွက်ပေါ်လာပါတယ်။
“ကျွန်တော် ငရဲပြည်ကို လူတစ်ချို့ ခေါ်လာချင်လို့ ခွင့်ပြုပေးလို့ရမလား”
“သက်ရှိက ငရဲပြည်ကို ဝင်ခွင့်မရှိဘူး၊ မင်း သူတို့ကို သတ်လိုက်၊ အချိန်ကျရင် သူတို့ရဲ့ ဝိညာဉ်ကို ငါ မင်းဆီ ယူလာပေးမယ်”
ဟန်ကျွယ်က အပြုံးနဲ့ မေးလိုက်ပါတယ် “စီနီယာ အတည်ကြီး ပြောနေတာလား”
မုန့်ပေါ်က ကူကယ်ရာမဲ့အသံနဲ့ ပြောလိုက်ပါတယ် “ငါ့ရာထူးက ကွေ့ဖူပဲရှိတာ၊ ငရဲပြည်မှာ ဆုံးဖြတ်ချက် မချနိုင်ဘူး၊ မှော်မျိုးနွယ်စု အင်အားကြီးလာရင်တော့ ငါ မင်းကို ကူညီနိုင်တယ်”
“ဒါဆိုရင် စီနီယာက ကျွန်တော့်ကို ဘယ်လိုကူညီမှာလဲ၊ စီနီယာက ထူလင်းအာကို တပည့်အဖြစ် လက်ခံစေချင်လို့ ကျွန်တော် လက်ခံလိုက်ပြီလေ၊ စီနီယာက ကျွန်တော့်အတွက် ဘာမှ မကူညီနိုင်ဘူးလား၊ စီနီယာက... ဘာမှမပေးတာနဲ့ အကျိုးအမြတ် လိုချင်နေတာလား”
မုန့်ပေါ်ဟာ တိတ်ဆိတ်သွားပါတယ်။
ဟန်ကျွယ်လည်း ဆိတ်ဆိတ် နေလိုက်ပါတယ် ‘မုန့်ပေါ်က ဒေါသထွက်သွားလို့ ငါ့ကို သတ်ချင်နေတာလား၊ ဒီလိုဆိုရင်တော့ ငါ သူနဲ့ မိတ်ဆွေဖြစ်လို့ မဖြစ်ဘူး’ ဟန်ကျွယ်ဟာ အလန့်တကြား ဖြစ်သွားပါတယ်။
တစ်ခဏအကြာမှာတော့ မုန့်ပေါ်ဟာ သက်ပြင်းချလိုက်ပါတယ် “ငါ မင်းကို ကွေ့ဖူနေရာနှစ်ခု ပေးမယ်လေ”
ဟန်ကျွယ်က ကူကယ်ရာမဲ့စွာ ပြောလိုက်ပါတယ် “အဲဒီလိုဆိုရင်တောင် ကျွန်တော် သူတို့ကို သတ်ရအုန်းမှာပဲလေ”
“ငါ မင်းကို ပြန်လည်ရှင်သန်ခြင်း လီလီပန်း ပေးမယ်၊ ဒီပန်းက စိတ်ဝိညာဉ်ချီကို တိုးတက်စေပြီး သေသူကို အသက်ပြန်သွင်းနိုင်တဲ့ သစ်သီးသီးတယ်”
‘ပြန်လည်ရှင်သန်းခြင်း လီလီပန်းက အသီးသီးသေးတာလား’
“ကောင်းပြီလေ၊ ကျွန်တော်က ပြန်လည်ရှင်သန်ခြင်း လီလီပန်းကို ဘယ်လိုရမှာလဲ” ဟန်ကျွယ်က မေးလိုက်ပါတယ်။
“ဒီညသန်းခေါင်ယံမှာ ငါ ဖြူမည်းနတ်နှစ်ပါးကို စေလွှတ်ပြီး မင်းရဲ့ ကျင့်ကြံခြင်းလိုဏ်ဂူဆီ ပို့ခိုင်းလိုက်မယ်”
“ကောင်းပြီလေ”
“ငါ ထူလင်းအာကို မင်းလက်ထဲ စိတ်ချလက်ချ အပ်လိုက်ပြီနော်”
“ပြဿနာမရှိပါဘူး” ဟန်ကျွယ်ဟာ လက်သီးဆုပ်ပြီး ဦးညွှတ်ကာ ပြောလိုက်ပါတယ်။
ညသန်းခေါင်ယံ။
ဟန်ကျွယ်ဟာ ဖြူမည်းနတ်နှစ်ပါးကို စိတ်ရှည်ရှည်နဲ့ စောင့်နေပါတယ်။
ဟန်ကျွယ်ဟာ ကွေ့ဖူကို တစ်ခါမှ မမြင်ဖူးပါဘူး။ ယွီဂျင်ဂိုဏ်းတော်ကြီးထဲမှာတောင် သရဲက လက်ချိုးရေလို့ ရပါတယ်။ ဘာဖြစ်လဲဆိုတော့ ယွီဂျင်ဂိုဏ်းတော်ကြီးကို ကံတရားအထောက်အပံ့က ကာကွယ်ထားလို့ပါ။ ဂိုဏ်းတပည့်တစ်ဦး သေသွားပြီဆိုရင် သူတို့ဝိညာဉ်က ငရဲပြည်ကို တန်းရောက်သွားပြီး ပြန်လည်မွေးဖွားကြပါတယ်။ ခြေဦးတည့်ရာ လျှောက်သွားတဲ့ သရဲမဖြစ်ကြပါဘူး။
သန်းခေါင်ယံအချိန် ကျင့်ကြံခြင်းလိုဏ်ဂူထဲမှာ လေအေးတစ်ချက် ဝှေ့တိုက်လာပြီး သရဲနှစ်ကောင် ပေါ်လာပါတယ်။ သရဲနှစ်ကောင်ဟာ အဖြူအမည်းနှစ်ကောင် ဖြစ်ပြီး ကျောက်တုံးတံခါးကို မရှိသယောင် ဖြတ်ကျော် လာကြပါတယ်။
ဒီသရဲနှစ်ကောင်ဟာ ဒဏ္ဍာရီထဲက ဖြူမည်းနတ်နှစ်ပါးနဲ့ တော်တော်လေး ဆင်တူပါတယ်။ သူတို့မှာ ရှည်လျားတဲ့ သရဲဝတ်ရုံရှိပြီး မျက်နှာကလည်း ကြောက်မက်ဖို့ ကောင်းပါတယ်။ လျှာတွေကလည်း ပါးစပ်ထဲကနေ ထွက်ကျနေတာ ရင်ဘက်ထိ ရောက်ပါတယ်။ ဒီပုံစံကို တော်တော်လေး ကြောက်ဖို့ကောင်းပါတယ်။ သရဲနှစ်ကောင်က တော်တော်လေး ဆင်တူပါတယ်။ ကွဲပြားတာဆိုလို့ အဖြူအမည်း တစ်ချက်ပါပဲ။
‘သရဲခြောက်တာလား’ ဟန်ကျွယ်ဟာ ဒီအတွေးကို စိတ်ထဲမှာ ချက်ချင်းပဲ ငြင်းဆန်လိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဝူတောက်ကျန့်ဟာ ကျင့်ကြံနေတုန်း ဖြစ်ပြီး ဒီသရဲနှစ်ကောင် ရောက်လာတာကို သတိမထားမိလို့ပါပဲ။
အမည်းနတ်ဟာ ဟန်ကျွယ်ရှေ့ ရောက်လာပြီး တလေးတစား ပြောလိုက်ပါတယ် “မုန့်ပေါ်က ကျွန်တော်တို့နှစ်ယောက်က ခင်ဗျားဆီ ဒီရတနာပေးခိုင်းလိုက်တယ်”
အမည်းနက်ဟာ လက်ဝှေ့ယမ်းလိုက်တယ်ဆိုရင်ပဲ စားပွဲပေါ်မှာ ပန်းတစ်ပင် ပေါ်လာပါတယ်။ ဒီပန်းက ပြန်လည်ရှင်သန်ခြင်း လီလီပန်းပဲ ဖြစ်ပါတယ်။ ပြန်လည်ရှင်သန်ခြင်း လီလီပန်းရဲ့ အရွက်တွေဟာ နီရဲနေပြီး ပွင့်ဖတ်တွေကလည်း သေးသွယ်လွန်းအားကြီးပုံက သွေးကြောမျှင်ထောင်ချီ စုဖွဲ့ထားသလိုပါပဲ။ ဒါပေမဲ့ ပြန်လည်ရှင်သန်ခြင်း လီလီပန်းဟာ ထူးဆန်းသလို အရမ်းလည်း လှပပါတယ်။
ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲနဲ့ စစ်ဆေးလိုက်ပါတယ်။
[ဖြူမည်းနတ်နှစ်ပါး: မြေလျှောက်အမတ ပဥ္စမအဆင့်၊ ငရဲပြည်၏ ကွေ့ဖူ။]
‘မြေလျှောက်အမတ ပဥ္စမအဆင့်ပဲလား’
ဟန်ကျွယ်ဟာ ဖြူမည်းနတ်နှစ်ပါးက အရမ်းစွမ်းအားကြီးလိမ့်မယ်လို့ ထင်ထားခဲ့တာပါ။ ဟန်ကျွယ်က စပ်စုလိုက်ပါတယ် “ငရဲပြည်မှာရှိတဲ့ ဖြူမည်းနတ်နှစ်ပါးက ခင်ဗျားတို့ပဲလား”
အဖြူနတ်က ပြုံးလိုက်ပါတယ် “မဟုတ်ဘူး၊ ကျွန်တော်တို့နှစ်ယောက်က သေမျိုးကမ္ဘာမှာရှိတဲ့ တာဝန်တွေကို ထမ်းဆောင်ရတာ”
‘သေမျိုးကမ္ဘာရဲ့ ဖြူမည်းနတ်နှစ်ပါးလား’
“နှုတ်ဆက်ခဲ့ပါတယ်”
အမည်းနတ်ဟာ လက်သီးဆုပ် နှုတ်ဆက်ပြီး အဖြူနတ်နဲ့ ထွက်ခွာသွားပါတယ်။ ကျောက်တုံးတံခါးကို မရောက်ခင်မှာပဲ သူတို့နှစ်ဦးဟာ လေထဲအငွေ့ပျံသွားပါတယ်။
ဟန်ကျွယ်ဟာ မတ်တတ်ရပ်လိုက်ပြီး ပြန်လည်ရှင်သန်းခြင်း လီလီပန်းကို ကောက်ယူလိုက်ပါတယ်။ ဝူတောက်ကျန့်က သိချင်စိတ်နဲ့ မေးလိုက်ပါတယ် “သခင်... ဘယ်သူနဲ့ စကားပြောနေတာလဲ”
ဟန်ကျွယ်ကလည်း သာမန်ကာလျှံကာ ပြန်ဖြေလိုက်ပါတယ် “ကွေ့ဖူနှစ်ယောက်နဲ့”
‘ကွေ့ဖူ’ ဝူတောက်ကျန့်ဟာ ခန္ဓာကိုယ်တစ်ခုလုံး ရေခဲတောင်အောက် ရောက်သွားသလို ခံစားလိုက်ရပါတယ် ‘ငါ ဘာလို့ သူတို့ကို မမြင်ရတာလဲ’
ဟန်ကျွယ်ဟာ ပြန်လည်ရှင်သန်ခြင်း လီလီပန်းကို သေချာစစ်ဆေးလိုက်တဲ့အခါမှာ အလွန်များပြားတဲ့ စိတ်ဝိညာဉ်ချီနဲ့ ပြန်လည်မွေးဖွားခြင်းချီတွေ ပါဝင်နေတာကို တွေ့လိုက်ရပါတယ်။ တကယ့်ကို ငရဲပြည်ကလာတဲ့ ပန်းပင်ပါပဲ။
ဟန်ကျွယ်ဟာ ပြန်လည်ရှင်သန်ခြင်း လီလီပန်းရဲ့ တန်ဖိုးကို မဆုံးဖြတ်နိုင်တာကြောင့် ကျင့်ကြံခြင်းလိုဏ်ဂူရဲ့ ထောင့်တစ်နေရာမှာ စိုက်ပျိုးလိုက်ပါတယ်။
“နောက်ကျရင် ဒီပန်းကို ဂရုစိုက်” ဟန်ကျွယ်ဟာ ဝူတောက်ကျန့်ကို ညွှန်ကြားလိုက်ပါတယ်။
ဝူတောက်ကျန့်ဟာ အလျင်အမြန် ခေါင်းညိတ်လိုက်ပြီး ဟန်ကျွယ် လီလီပန်းစိုက်တာကို စိုက်ကြည့်နေပါတယ်။
ပန်းစိုက်ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ခုတင်ပေါ်ပြန်ထိုင်ပြီး စတင်ကျင့်ကြံလိုက်ပါတယ်။
လွမ်ဟွေ မြေလျှောက်အမတအဆင့်ဟာ အဆင့်ငယ်ကိုးဆင့် မခွဲထားပါဘူး။ ကနဦးအဆင့်၊ အလယ်အဆင့်၊ နောက်ဆုံးအဆင့်နဲ့ ထိပ်ဆုံးအဆင့်ဆိုပြီး ခွဲခြားထားပါတယ်။ အဆင့်လေးဆင့်ပဲ ခွဲခြားထားတာ ဖြစ်တဲ့အတွက် အဆင့်တစ်ဆင့်ကို တက်ဖို့ အချိန်တော်တော်လေး ယူရမှာပါ။
ဒါကြောင့် ဟန်ကျွယ်ဟာ သူ့အချိန်အများစုကို ကျင့်ကြံခြင်းနဲ့ပဲ အချိန်ဖြုန်းရမှာပါ။ ရေသာခို အပျင်းထူနေလို့ မရပါဘူး။
တိမ်တွေအထက် အပြာရောင်ကောင်းကင်မှာ အနက်ရောင်အက်ကြောင်းတစ်ခု ပေါ်လာပါတယ်။ ဒီအက်ကြောင်းကနေ မြွေသဏ္ဌာန်လျှပ်စီးတွေ ဖြာထွက်သွားပါတယ်။ အဲဒီနောက် ရုပ်သွင်တစ်ခုဟာ အနက်ရောင်အက်ကြောင်းထဲကနေ ဖြည်းဖြည်းချင်း ထွက်လာပါတယ်။
ဒီရုပ်သွင်ကတော့ တာအိုသခင်ကျွယ်ရန် ဖြစ်ပါတယ်။
တာအိုသခင်ကျွယ်ရန်ဟာ သေမျိုးကမ္ဘာရဲ့ စိတ်ဝိညာဉ်ချီကို ရှူသွင်းလိုက်ပြီး သက်ပြင်းချလိုက်ပါတယ် “သေမျိုးကမ္ဘာက အကောင်းဆုံးပဲ”
နောက်ရုပ်သွင်တစ်ခုလည်း အနက်ရောင်အက်ကြောင်းကနေ ထပ်ထွက်လာပြန်ပါတယ်။ ဒီတစ်ခါ ရုပ်သွင်ကတော့ ဝတ်ရုံနတ်အမျိုးသမီးတစ်ဦးပဲ ဖြစ်ပါတယ်။ ဝတ်ရုံနက်အမျိုးသမီးဟာ အေးစက်တဲ့မျက်နှာထားရှိပြီး သူ့ရဲ့လှပတဲ့ဆံနွယ်တွေကိုတော့ ဆံထုံးထုံးထားပါတယ်။ သူ့ရဲ့ ဟန်ပန်အမူအရာက ဂုဏ်သိက္ခာရှိပေမဲ့ မျက်လုံးတွေကတော့ ရက်စက်မဲ့အရိပ်အယောင်တွေ အထင်းသား ပေါ်လွင်နေပါတယ်။
“သေမျိုကမ္ဘာကို ဖိနှိပ်တဲ့ တည်ရှိမှုမဟုတ်ရင် သေမျိုးကမ္ဘာရဲ့ ကိစ္စတွေကို ငါ ဝင်မပါဘူး” ဝတ်ရုံနက် အမျိုးသမီးက ပြောလိုက်ပါတယ်။
တာအိုသခင်ကျွယ်ရန်ဟာ ချက်ချင်းလှည့်ကြည့်ပြီး ဦးညွှတ်လိုက်ပါတယ် “နောက်ကလိုက်လာတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ”
ဝတ်ရုံနက် အမျိုးသမီးက အေးစက်စွာ ပြောလိုက်ပါတယ် “မင်း သူနဲ့ ဘာဆက်ဆံရေးရှိလဲတော့ ငါ မသိဘူး၊ ဒါပေမဲ့ သူကိုယ်တိုင် လာပြောလို့ ငါ မင်းကို လာကူညီတာ၊ သွားတော့... ငါ သေမျိုးကမ္ဘာကို လျှောက်ကြည့်အုန်းမယ်”
တာအိုသခင်ကျွယ်ရန်ဟာ တောင်းပန်ပြုံး ပြုံးလိုက်ပြီး ခေါင်းညိတ်လိုက်ပါတယ်။
ဝတ်ရုံနက်အမျိုးသမီးလည်း ရုတ်ခြည်းပျောက်ကွယ်သွားပါတယ်။
တာအိုသခင်ကျွယ်ရန်ဟာ သက်သာရာရသွားပြီး ပြုံးလိုက်ပါတယ် “ကောင်းကင်အမတစံအိမ်နဲ့ ငါ့အိမ်မွေးသားရဲကို သတ်သွားတဲ့ကောင်... ထွက်ပြေးဖို့ လုံးဝမစဉ်းစားနဲ့”
လီလီပန်းကို စိုက်ပျိုးပြီးနောက် ဆယ်နှစ်တာကာလ လွန်မြောက်သွားပါတယ်။
ကျင့်ကြံအားထုတ်နေတဲ့ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး မဆိုစလောက် မျက်မှောင်ကြုတ်လိုက်ပါတယ်။ အကြောင်းအရင်း တစ်ချို့ကြောင့် ဟန်ကျွယ်ဟာ ဒီအတောအတွင်း မသက်မသာ ခံစားချက်ကို မကြာခဏ ရနေပါတယ်။ ဒီခံစားချက်က အချိန်နဲ့အမျှ ပိုအားကောင်းလာပါတယ်။
နောက်ဆုံးအချိန် ခံစားရတုန်းက မိစ္ဆာစစ်တွေက တိုက်ခိုက်ခဲ့တာပါ။
‘မိစ္ဆာစစ်တွေက တစ်ခုခု ကြံနေပြန်ပြီလား’
ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး ပြဒါးငှက်ကို ကျိန်စာတိုက်ကာ သူ့စိတ်ကို ပေါက်ကွဲပစ်ပါတယ်။ ဟန်ကျွယ်ဟာ ကျိန်စာတိုက်ရင်းနဲ့ လူမှုဆက်ဆံရေးကို စစ်ဆေးလိုက်ပါတယ်။
နှစ်တွေလည်း ကြာပြီဖြစ်တဲ့အတွက် သူ့မိတ်ဆွေအကုန်လုံးလည်း အဆင့်တက်လာကြပါတယ်။
အနှေးဆုံးကတော့ ယွီဂျင်ဂိုဏ်းတော်ကြီးရဲ့ အကြီးအကဲတွေ ဖြစ်ပြီး ဒီအထဲမှာ လီချင်းဇဲ့လည်း ပါဝင်ပါတယ်။ လီချင်းဇဲ့ရဲ့ အရည်အချင်းကို အရမ်းကို သာမန်ဖြစ်လွန်းပါတယ်။
အခုလက်ရှိ ယွီဂျင်ဂိုဏ်းတော်ကြီးက မြင့်မြတ်နယ်မြေလို့ ခေါ်ဝေါ်လို့ရနေပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ ယွီဂျင်ဂိုဏ်းတော်ကြီးထဲ ဝင်လာတဲ့ တပည့်တွေဟာ ရန်ဒေသတင် မကတော့ဘဲ ပတ်ဝန်းကျင်ဒေသတွေကပါ ဝင်ရောက်လာလို့ပါ။ ဒီတပည့်တွေရဲ့ အရည်အချင်းက အရင်တည့်တွေထက် အများကြီး ပိုသာပါတယ်။
ယွီဂျင်ဂိုဏ်းတော်ကြီး အင်အားကြီးလာတာနဲ့အမျှ အကြီးအကဲတွေလည်း ပုံမှန်ပြောင်းလဲသွားပါတယ်။ အကြီးအကဲ အများစုဟာ ဖိအားကို တောင့်မခံနိုင်တာကြောင့် သူတို့ဘာသာ ထွက်ခွာသွားကြပါတယ်။
အဓိကတပည့်တွေရဲ့ ပျမ်းမျှကျင့်ကြံမှုက ကနဦးဝိညာဉ်အဆင့်ကို ရောက်လာတဲ့အခါမှာ ကနဦးဝိညာဉ်အဆင့် အကြီးအကဲတွေဟာ ထားစရာမျက်နှာမရှိ ဖြစ်သွားကြပါတယ်။
‘မဖြစ်သေးဘူး... ငါကျင့်ကြံမှုအဆင့်က တစ်ခဏအတွင်း မတိုးတက်နိုင်မှတော့ ဆန်းကြယ်စွမ်းအားတွေကို အားကောင်းလာအောင် လေ့ကျင့်ရမယ်၊ ကောင်းကင်ရုံးတော်က ဘယ်အချိန်လာမလဲဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး’ ဟန်ကျွယ်ဟာ တိတ်တဆိတ် တွေးတောလိုက်ပါတယ်။
ခြောက်ရက်အကြာမှာတော့ ဟန်ကျွယ်ဟာ သုံးလောကသန့်ရှင်းခြင်းကို စတင်သုံးသပ်ပါတယ်။
တစ်လအကြာမှာတော့ တိမ်ကျွမ်းထိုးကို ဆက်လေ့ကျင့်ပါတယ်။
ဟန်ကျွယ်ဟာ တစ်ချက်တည်းသတ်ဖို့ပဲ တွေးနေလို့ မဖြစ်ပါဘူး။ ဘက်ပေါင်းစုံ တိုးတက်အောင်လည်း လုပ်ရပါမယ်။
တစ်နှစ်ကြာပြီးနောက်။
ဟန်ကျွယ်ဟာ သူ့ဆန်းကြယ်စွမ်းအားတွေနဲ့ ဓားငွေ့ကို ကန့်သတ်စည်းအထိ ရောက်အောင် သိမြင်နားလည်သွားပါတယ်။ အဲဒီတော့မှာ ဟန်ကျွယ်ရင်ထဲက မသက်မသာ ဖြစ်မှုဟာလည်း ပျောက်ကွယ်သွားပါတယ်။ ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီး ချလိုက်ပါတယ်။
“ဟင်း...”
‘ငါ သိသားပဲ၊ လုံခြုံရေးက ကိုယ့်စွမ်းအားအပေါ် မူတည်နေတာကို’
စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။