← Chapters

လျှို့ဝှက်ဆန်းကြယ်သော ကျိန်စာ၊ စွမ်းအားကြီးရန်သူ

Vol. 11 Ch. 157

လျှို့ဝှက်ဆန်းကြယ်သော ကျိန်စာ၊ စွမ်းအားကြီးရန်သူ

Vol. 11 Ch. 157

အခန်း (၁၅၇) လျှို့ဝှက်ဆန်းကြယ်သော ကျိန်စာ၊ စွမ်းအားကြီးရန်သူ

တစ်နှစ်ကြာ သုံးသပ်ပြီးနောက်မှာ ဟန်ကျွယ်ရဲ့ အစွမ်းက သိသိသာသာ တိုးတက်သွားပါတယ်။ ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲကို စတင်လိုက်ပြီး ဖြူမည်းနတ်နှစ်ပါးနဲ့ တိုက်ခိုက်ပါတယ်။

နှစ်ယောက်တစ်ယောက် တိုက်ခိုက်တာပါ။

ဖြူမည်းနတ် နှစ်ပါးစလုံးက မြေလျှောက်အမတ ပဥ္စမအဆင့်မှာ ရှိနေပါတယ်။

တိုက်ပွဲစတယ်ဆိုရင်ပဲ ဟန်ကျွယ်ဟာ သုံးလောကသန့်ရှင်းခြင်းကို အသုံးပြုလိုက်ပါတယ်။ ဓားအရိပ်သန်းချီဟာ လျှပ်တစ်ပြက် ထွက်ပေါ်လာပြီး ဖြူမည်းနတ်နှစ်ပါးကို ပုန်းစရာနေရာမရှိတောင် တိုက်ခိုက်ပစ်လိုက်ပါတယ်။ ဖြူမည်းနတ်နှစ်ပါးလည်း ဘယ်လိုမှမခံနိုင်ဘဲ ဟန်ကျွယ်ရဲ့ ဓားအရိပ်အောက်မှာ အသက်ပျောက်သွားရပါတယ်။

ဟန်ကျွယ်ဟာ ပြန်လည်မွေးဖွားခြင်း ဓားအမတ ဖြစ်တာကြောင့် အဆင့်တူနှစ်ယောက်ကို တစ်ကွက်တည်းနဲ့ သတ်ပစ်နိုင်တုန်းပါပဲ။

‘မဆိုးဘူး’

ဟန်ကျွယ်ဟာ ရန်သူကို တစ်ကွက်တည်းနဲ့ သတ်နိုင်ဖို့ဆိုရင် ဘာမဆိုလုပ်ဖို့ အဆင်သင့်ပါပဲ။ ဟန်ကျွယ်ဟာ မြေလျှောက်အမတ အဋ္ဌမအဆင့်ရှိတဲ့ တာအိုသခင်ကျွယ်ရန်ကိုလည်း တစ်ချက်တည်းနဲ့ သတ်နိုင်မလားဆိုတာ စမ်းသပ်ချင်သွားပါတယ်။ တာအိုသခင်ကျွယ်ရန်ကို တွေးမိသွားတဲ့ ဟန်ကျွယ်ဟာ သူ့ကိုယ်သူ ကျေနပ်အားရလွန်းနေပြီးလို့ ရုတ်တရက် ခံစားလိုက်ရပါတယ်။

မသက်မသာ ခံစားချက်က ကောင်းကင်ရုံးတော်ဆီကနေ လာတာ မဟုတ်ဘဲ တာအိုသခင်ကျွယ်ရန်ဆီကနေ လာတာလည်း ဖြစ်နိုင်ပါတယ် ‘ဒါ ဖြစ်နိုင်တယ်’

ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ချက်ချင်ထုတ်ယူပြီး တာအိုသခင်ကျွယ်ရန်ကို ကျိန်စာတိုက်ပါတော့တယ်။ ခြောက်ရက်ကြာ ကျိန်စာတိုက်ပြီးတာတောင် ဟန်ကျွယ်က စိုးရိမ်စိတ် မပြေသေးပါဘူး။

‘ငါ သက်တမ်းအချို့ကို စွန့်လွှတ်ပြီး တာအိုသခင်ကျွယ်ရန်ကို သေအောင် ကျိန်စာတိုက်ရင် ကောင်းမလား... ဘာပဲဖြစ်ဖြစ် ငါ့မှာ သက်တမ်း တစ်သန်းရှိနေတာပဲ’

ဟန်ကျွယ်ဟာ သူ့အကြံကို တော်တော်လေး သဘောကျသွားပါတယ်။

‘မဟုတ်သေးဘူး... ပထမတစ်ကြိမ် သေအောင် ကျိန်စာတိုက်လိုက်ရင် ဒုတိယအကြိမ်လည်း ကျိန်စာတိုက်မိလိမ့်ယ်၊ ဒီလိုနဲ့ မရေမတွက်နိုင်အောင် ဆက်သွားလိမ့်မယ်’

ဒါက ခေတ်သစ်ကမ္ဘာရဲ့ ဂိမ်းတွေလိုပါပဲ။ ထောင်ချောက်ကိုမှ မိုးလောက်ရှိတဲ့ ထောင်ချောက်ကြီးပါ။

ဟန်ကျွယ်ဟာ ခေါင်းခါပြီး ရယ်မောလိုက်ပါတယ်။ အဲဒီနောက် စာအိတ်တွေကို စစ်‌ဆေးလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဒီနှစ်တွေမှာ ကျင့်ကြံခြင်းလောကက ဘယ်လိုရှိနေလဲဆိုတာ သိရဖို့ မစောင့်နိုင်တော့ပါဘူး။

[သင့်မိတ်ဆွေ မော့ဖူချိုသည် ကံအားလျော်စွာ အခွင့်အရေးတစ်ခုကြောင့် နတ်သားရဲ၏ ကောင်းချီးပေးမှုကို ရရှိပြီး ကံတရား အထောက်အပံ့များစွာ ကြီးမားသွားပါသည်။]

[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် သင့်ရန်သူ တာအိုသခင်ကျွယ်ရန်၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]

[သင့်မိတ်ဆွေ ဟွမ်ဂျိဟောင်သည် လက်ဝဲကျင့်ကြံသူတစ်ဦး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၇၆၅၄၄

[သင့်မြေးတပည့် ဖန်းလျန်သည် ကျင့်ကြံနေစဉ်အတွင်း၌ ကောင်းကင်တာအိုအား အိပ်မက်မြင်မက်ပြီး ကျင့်ကြံမှုများစွာ တိုးက်တက်သွားသည်။]

[သင့်တာအိုလက်တွဲဖော် ရွှမ်ချင်းကျွင်းသည် နတ်ဆိုးများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၀၂၂၃

‘တာအိုသခင်ကျွယ်ရန်လား... ဒီကောင်က သေမျိုးကမ္ဘာကို တကယ်ကြီး ဆင်းသက်လာတာလား’

ဟန်ကျွယ်ဟာ ထိတ်လန့်သွားပါတယ်။ ဂျိရှင်းရှန်တောင် ပြင်းထန်စွာ ဒဏ်ရာရသွားတဲ့အတွက် ကောင်းကင်အမတစံအိမ် ပျက်ဆီးသွားပြီးလားလို့တောင် သံသယဝင်သွားပါတယ်။

‘မဖြစ်ဘူး... ငါ ဒီကောင်ကို သေအာင် ကျိန်စာတိုက်ပစ်ရမယ်’

ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ပြန်ထုတ်လိုက်ပြီး တာအိုသခင်ကျွယ်ရန်ကို ကျိန်စာ ဆက်တိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဖြူမည်းနတ်နှစ်ပါးကို တစ်ကွက်တည်းနဲ့ သေအောင် သတ်နိုင်ပေမဲ့ တာအိုသခင်ကျွယ်ရန်ကိုတော့ သတ်နိုင်ချင်မှ သတ်နိုင်မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ တာအိုသခင်ကျွယ်ရန်နဲ့ ဖြူမည်းနတ်နှစ်ပါးက အဆင့်သေးသုံးဆင့် ကွာခြားနေလို့ပါ။

အလွန်ဝေးကွာတဲ့ နေရာတစ်ခု။

ပေပေါင်းသောင်းချီ မြင့်မားတဲ့ တောင်ထိပ်ကြီးတစ်ခုမှာ နန်းတော်တွေက တစ်ခုပြီးတစ်ခု ပျက်ဆီးကုန်ပါတယ်။ တာအိုသခင်ကျွယ်ရန်ဟာ ပျက်စီးနေတဲ့ ခန်းမတစ်ခုမှာ ထိုင်နေပါတယ်။ သူ့မျက်နှာက အပြင်းအထန် ဒဏ်ရာရထားသလို ဖျော့တော့နေပါတယ်။

ခန်းမထောင့်မှာတော့ ကောင်းကင်အမတစံအိမ်ရဲ့ အထက်ပိုင်း ကျင့်ကြံသူတွေဟာ အလင်းတန်းစက်ဝိုင်းတစ်ခုထဲမှာ ပိတ်မိနေပါတယ်။ ဒီထဲမှာ ဂျိရှင်းရှန်လည်း ပါပါတယ်။

“သူ ဘာဖြစ်သွားတာလဲ”

“ဒဏ်ရာရသွားတာလား၊ ဘယ်သူ့ကို သူ့ကို ဒဏ်ရာရအောင် လုပ်လိုက်တာလဲ”

“ချီဖောက်လွဲဖောက်ပြန် ဖြစ်တာ နေမယ်”

“သူက မိစ္ဆာကျင့်ကြံသူဆိုတော့ နှလုံးသားထဲမှာ အတွင်းနတ်ဆိုး ရှိတယ်နဲ့ တူတယ်”

“ဟင်း... သူက ငါတို့ကို ဘာလုပ်ချင်တာလဲ၊ ဘာလို့ ငါတို့ကို မသတ်တာလဲ”

ဂျိရှင်းရှန်ရဲ့ မျက်နှာဟာ မည်းမှောင်ထွက်သွားပါတယ်။ ဂျိရှင်းရှန်ဟာ ဆွေးနွေးနေတဲ့အထဲ ဘာမှ ဝင်မပြောပါဘူး။ တာအိုသခင်ကျွယ်ရန်ကိုသာ အပိုင်းပိုင်း ဖြတ်တောက်ပစ်လိုတဲ့ အကြည့်နဲ့ စိုက်ကြည့်နေပါတယ်။

ဂျိရှင်းရှန်ဟာ တာအိုသခင်ကျွယ်ရန်ကို လုံးဝရှုံးနိမ့်သွားတာပါ။ ဟန်ကျွယ်ကို ရှုံးနိမ့်တုန်းကထက် ပိုဆိုးပါတယ်။ နောက်ပြီး တာအိုသခင်ကျွယ်ရန်က သူ့ဂုဏ်သိက္ခာကို စော်ကားတဲ့အတွက် ဂျိရှင်းရှန်ဟာ တာအိုသခင်ကျွယ်ရန်ကို ရတဲ့နည်းနဲ့ သတ်နိုင်ဖို့ အခွင့်အရေးကောင်းကို ချောင်းနေပါတယ်။

တာအိုသခင်ကျွယ်ရန်က သူတို့ကို ဘာလို့ မသတ်လဲဆိုတာ ဂျိရှင်းရှန် မသိပါဘူး။ ဒါပေမဲ့ ဒီဟာက အခွင့်အရေးကောင်းပါပဲ။

ဒီအချိန်မှာပဲ...

“ဝေါ..”

တာအိုသခင်ကျွယ်ရန်ဟာ သွေးတစ်လုတ် အန်ထွက်သွားပြီး ရောင်ဝါလည်း အားနည်းသွားပါတယ်။ တာအိုသခင်ကျွယ်ရန်ဟာ ရင်ဘက်ကိုဖိလိုက်ပြီး မျက်လုံးဖွင့်လိုက်ပါတယ်။

“သေစမ်း... ဘယ်သူလုပ်နေတာလဲ”

တာအိုသခင်ကျွယ်ရန်ဟာ အထိတ်တလန့် ဖြစ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျိန်စာ ထပ်တိုက်တာခံရပြီး ဒီတစ်ခါ ကျိန်စာစွမ်းအားက အရင်ကထက် ပိုအားကောင်းလာလို့ပါ။ ကျိန်စာကြောင့် တာအိုသခင်ကျွယ်ရန်ရဲ့ ဝိညာဉ်စွမ်းအားဟာ လျင်မြန်စွာ ကုန်ဆုံးသွားပြီး သက်တမ်းကလည်း အများကြီး လျော့ကျသွားပါတယ်။

ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် တာအိုသခင်ကျွယ်ရန် သေနိုင်ချေ ရှိပါတယ်။

တာအိုသခင်ကျွယ်ရန်ဟာ မန္တန်အမြန်ရွတ်ပြီး ဝတ်ရုံနက် အမျိုးသမီးကို ခေါ်လိုက်ပါတယ်။ မကြာခင်မှာပဲ အနက်ရောင်ဝဲကတော့တစ်ခု ပေါ်လာပြီး ဝတ်ရုံနက် အမျိုးသမီး ထွက်ပေါ်လာပါတယ်။

“ဘာကိစ္စလဲ၊ ဘာဖြစ်လို့ ဒီလောက်တောင် အလန့်တကြား ဖြစ်နေရတာလဲ” ဝတ်ရုံနက်အမျိုးသမီးက စိတ်မရှည်စွာ မေးလိုက်ပါတယ်။ ဒါပေမဲ့ သူ့အကြည့် တာအိုသခင်ကျွယ်ရန်ဆီကို ရောက်သွားတဲ့ အခါမှာတော့ ဝတ်ရုံနက်အမျိုးသမီးဟာ မျက်နှာချက်ချင်း ပြောင်းသွားပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ တာအိုသခင်ကျွယ်ရန်ဟာ ဒွါရကိုးပေါက်ကနေ သွေးတွေ ယိုစီးကျလာလို့ပါပဲ။ တာအိုသခင်ကျွယ်ရန် အဖြစ်က တော်တော်လေး သနားဖို့ကောင်းသွားပါတယ်။

တာအိုသခင်ကျွယ်ရန်ဟာ အံကြိတ်ပြီး ပြောလိုက်ပါတယ် “ကျွန်တော် အရင်က ပြောခဲ့တဲ့ ကျိန်စာက ထပ်ရောက်လာပြီ၊ ဒီတစ်ခါ အရင်ကထက် အများကြီး စွမ်းအားပိုကြီးတယ်...”

ဝတ်ရုံနက်အမျိုးသမီးဟာ ညလက်မြှောက်ပြီး တွက်ချက်လိုက်ပေမဲ့ ကျိန်စာက ဘယ်ကနေ လာတာလဲဆိုတာ တွက်ချက်လို့မရပါဘူး။

ဝတ်ရုံနက်အမျိုးသမီးဟာ ရွေးချယ်စရာမရှိဘဲ တာအိုသခင်ကျွယ်ရန်ရဲ့ နောက်ကျောမှာ ရပ်လိုက်ရပါတယ်။ အဲဒီနောက် သူ့လက်ဖဝါးနှစ်ဖက်ကို တာအိုသခင်ကျွယ်ရန်ရဲ့ ကျောပြင်နဲ့ ကပ်လိုက်ပြီး စိတ်ဝိညာဉ်စွမ်းအား ပို့လွှတ်ကာ ဒဏ်ရာကုသပါတယ်။ ဒါပေမဲ့ အသက်ရှူကြိမ် ငါးကြိမ် အတွင်းမှာပဲ ဝတ်ရုံနက်အမျိုးသမီးလည်း ဒွါရကိုးပေါက်ကနေ သွေးတွေ ယိုစီးကျလာပါတယ်။ ဒါကြောင့် ဝတ်ရုံနက်အမျိုးသမီးလည်း ရွေးချယ်စရာမရှိဘဲ ဒဏ်ရာကုသတာကို ရပ်တန့်လိုက်ရပါတယ်။

“မကောင်းဘူး... ဒီကျိန်စာက အရမ်းအားကြီးလွန်းတယ်” ဝတ်ရုံနက်အမျိုးသမီးက အသံနှိမ့်ပြီး ပြောလိုက်ပါတယ်။

တာအိုသခင်ကျွယ်ရန်ဟာ မျှော်လင့်ချက်ကင်းမဲ့သွားပါတယ်။ သူဟာ ချက်ချင်းပဲ အော်ပြောလိုက်ပါတယ် “စီနီယာဆီက အကူအညီတောင်းကြည့်လို့ မရဘူးလား၊ မြန်မြန်တောင်းပေးပါ၊ ကျွန်‌တော် ဆက်ပြီး‌ တောင့်မခံထားနိုင်တော့ဘူး”

ဝတ်ရုံနက်အမျိုးသမီးဟာ တစ်ခဏတုံ့ဆိုင်းသွားပြီး တိုကင်တစ်ခုကို ထုတ်ယူပြီး နတ်အာရုံ လောင်းထည့်လိုက်ပါတယ်။

ကောင်းကင်အမတစံအိမ်က ကျင့်ကြံသူတွေကတောင် အံဩမှင်သက်သွားပါတယ်။

‘ကျိန်စာ... ဘယ်သူက သူ့ကို ကျိန်စာတိုက်နေတာလဲ’

သူတို့အားလုံးဟာ ဝမ်းသာအားရ ဖြစ်သွားပါတယ်။ တာအိုသခင်ကျွယ်ရန်လို့ ဘုံပျံတက်သွားတဲ့သူက အပြင်းအထန် ဒဏ်ရာရအောင် ကျိန်စာတိုက်နိုင်တဲ့သူက အနည်းဆုံး အမတနတ်ဘုရားဖြစ်မှာ မလွဲဧကန်ပါပဲ။

ဝတ်ရုံနက်အမျိုးသမီးဟာ တာအိုသခင်ကျွယ်ရန်ကို စိုက်ကြည့်ပြီး ပြောလိုက်ပါတယ် “ငါတို့တွေ အကြီးမားဆုံး ကံတရားအထောက်အပံ့ရှိတဲ့နေရာကိုရှာပြီး ဒီကျိန်စာကို ဖိနှိပ်ရမယ်၊ မဟုတ်ရင် သူ ရောက်မလာခင် မင်း သေသွားလိမ့်မယ်”

တာအိုသခင်ကျွယ်ရန်ဟာ ခေါင်းညိတ်လိုက်ပါတယ်။ အဲဒီနောက် သူတို့နှစ်ယောက်လုံး မတ်တတ်ရပ်လိုက်ပြီး ရုတ်ခြည်း ပျောက်ကွယ်သွားပါတယ်။

ကောင်းကင်အမတစံအိမ်က လူတွေအတွက်တော့ တာအိုသခင်ကျွယ်ရန်ရဲ့ အမြင်မှာ ထွက်ပြေးစရာ နေရာမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီသေမျိုးကမ္ဘာက သူတို့အတွက် အကြီးဆုံး အကျဉ်းထောင်တစ်ခု ဖြစ်နေလို့ပါ။

[သင့်ကျိန်စာကြောင့် သင့်ရန်သူ တာအိုသခင်ကျွယ်ရန်၏ သက်တမ်းသည် နှစ်ပေါင်း ၅၀၀,၀၀၀ လျော့ကျသွားပြီး ပြင်းထန်စွာ ဒဏ်ရာရရှိသွာသည်။]

ဒီစာကြောင်းကို မြင်လိုက်ရတဲ့အတွက် ဟန်ကျွယ်ဟာ ကျိန်စာတိုက်တာ ချက်ချင်း ရပ်လိုက်ပါတယ်။ အဲဒီနောက် သူ့ပါးစပ်ထောင့်က သွေးတွေကို သုတ်ပစ်ပြီး ကျေနပ်စွာ ခေါင်းညိတ်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ ဒီကျိန်စာတိုက်တာကနေ သက်တမ်း တစ်ရာနီးပါး ဆုံးရှုံးသွားပါတယ်။ ဒီသက်တမ်းက သူ့သက်တမ်း တစ်သန်းနဲ့ နှိုင်းယှဉ်ကြည့်ရင် ဘယ်လောက်မှ မရှိဘူးဆိုပေမဲ့ ဟန်ကျွယ်ရင်ထဲမှာ တော်တော်လေး နာကျင်သွားပါတယ်။

‘ဒီတစ်ခါပဲ၊ နောက်တစ်ခါ လုံးဝ မရှိတော့ဘူး’ ဟန်ကျွယ်ဟာ တိတ်တဆိတ် တွေးတောလိုက်ပြီး ဒဏ်ရာတွေကို ကုသပါတယ်။

လေးငါးဆယ်ရက် အကြာမှာတော့ ဟန်ကျွယ်ရဲ့ ဒဏ်ရာတွေက ပြန်ကောင်းသွားတာကြောင့် ဟန်ကျွယ်ဟာ ဆက်လက်ကျင့်ကြံပါတယ်။ ဟန်ကျွယ် ဒဏ်ရာက သိပ်ပြီးတော့ ဆိုးဆိုးရွားရွား မရှိလှပါဘူး။ ဒါပေမဲ့ တာအိုသခင်ကျွယ်ရန်ကတော့ နှစ်အတော်ကြာတာတောင် ပြန်ကောင်းဖို့ အလားအလာ မရှိပါဘူး။

ဒီအချိန်တွေက ဟန်ကျွယ်အတွက် ပြန်လည်မွေးဖွားခြင်း မြေလျှောက်အမတ အလယ်အဆင့်ကို ထိုးဖောက်ဖို့ လုံလောက်ပါတယ်။ ဖူစန်းသစ်ပင်က ထုတ်လွှတ်တဲ့ အမတချီဟာ တစ်နေ့တစ်ခြား ပိုပိုများလာတာကြောင့် သူ့ဝိညာဉ်စွမ်းအားကလည်း နေ့တိုင်းတိုးတက်နေတာကို ဟန်ကျွယ် ခံစားမိပါတယ်။

အချိန်ကောင်းတွေက ကြာကြာမခံပါဘူး။

တစ်လအကြာမှာတော့...

တာအိုသခင်ကျွယ်ရန်နဲ့ ဝတ်ရုံနက်အမျိုးသမီးဟာ ဝီရိယတောင်ဆီ ရောက်လာကြပါတယ်။

တာအိုသခင်ကျွယ်ရန်နဲ့ ဝတ်ရုံနက်အမျိုးသမီးဟာ တိမ်တွေပေါ်မှာ မတ်တတ်ရပ်ပြီး အဝေးက ဝီရိယတောင်ကို မျှော်ကြည့်လိုက်တဲ့အခါ တအံတဩ ဖြစ်သွားရပါတယ်။

“ဒီတောင်မှာ တကယ်ကြီး အမတချီ ရှိနေတာပဲ၊ ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”

တာအိုသခင်ကျွယ်ရန်ဟာ လန့်သွားပါတယ်။ ဘုံပျံမတက်ခင် တာအိုသခင်ကျွယ်ရန်ဟာ လောကအနှံ့လျှောက်လည်ခဲ့ပေမဲ့ ဒီလိုတန်ဖိုးရှိတဲ့ တောင်ကို လုံးဝ ရှာမတွေ့ခဲ့ပါဘူး။

ဝတ်ရုံနက် အမျိုးသမီးရဲ့ အကြည့်ဟာ ဝီရိယတောင်ထိပ်ပေါ်ကို ရောက်သွားတဲ့အခါ ဖူစန်းသစ်ပင်ကို မြင်သွားပါတယ်။

‘ဒီသစ်ပင်ပေါ်က မီးကျီးကန်းနှစ်ကောင်က...’

ဝတ်ရုံနက်အမျိုးသမီးဟာ မျက်လုံးပြူးသွားပါတယ်။

‘မဖြစ်နိုင်ဘူး’

‘ရွှေကျီးကန်းလေးနှစ်ကောင်လား’

‘ဒီတောင်က နတ်ရွှေကျီးကန်း မျိုးနွယ်စုရဲ့ နယ်မြေလား’

ဝတ်ရုံနက်အမျိုးသမီးဟာ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး တာအိုသခင်ကျွယ်ရန်နဲ့အတူ ဝီရိယတောင်ဆီ ဂရုတစိုက် ဆက်သွားပါတယ်။ လက်ရှိအခြေအနေမှာ ဒီနေရာကပဲ လျှို့ဝှက်ဆန်းကြယ်တဲ့ ကျိန်စာကို ဖိနှိပ်နိုင်စွမ်း ရှိပါတယ်။

ဝီရိယတောင်ရှေ့ကို ရောက်လာပြီးနောက် ဝတ်ရုံနက်အမျိုးသမီးဟာ အားသုံးပြီး တောင်ကာအစီအရင်ကို ထိုးဖောက်ခြင်း မပြုဘဲ လက်သီးဆုပ်ကာ ဦးညွှတ်လိုက်ပါတယ် “မဖိတ်ခေါ်ဘဲ ရောက်လာတဲ့အတွက် တောင်းပန်မိပါတယ်၊ စီနီယာရဲ့ နာမည်ကို သိခွင့်ရှိမလား”

ဖူစန်းသစ်ပင်အောက်မှာရှိတဲ့ မုရုံချီ၊ ဖန်းလျန်၊ ရွှင်ချန်အန်းနဲ့ တစ်ခြားသူတွေဟာ မျက်လုံးဖွင့်လိုက်ကြပါတယ်။ သူတို့ဟာ တစ်ဖက်လူနှစ်ယောက်ရဲ့ ကျင့်ကြံမှုအဆင့်ကို မမြင်နိုင်တာကြောင့် မှင်သက်အံဩသွားပါတယ်။ ဒါပေမဲ့ ရွှေကျီးကန်းလေးနှစ်ကောင်ကတော့ ရန်သူတော်ကြီးကို ရင်ဆိုင်ရသလို တောင်ပံတွေကို ဖြန့်လိုက်ကြပါတယ်။

စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။

All Chapters