မြေလျှောက်အမတတို့၏ တိုက်ပွဲ
Vol. 11 Ch. 158
အခန်း (၁၅၈) မြေလျှောက်အမတတို့၏ တိုက်ပွဲ
[တာအိုသခင်ကျွယ်ရန်: မြေလျှောက်အမတ အဋ္ဌမအဆင့်၊ အမတဘုံ၏ ခြေသလုံးအိမ်တိုင် ကျင့်ကြံသူ။]
[ယန်းရန်ကျွင်း: မြေလျှောက်အမတ နဝမအဆင့်၊ အမတဘုံရှိ နဂါးအမတကျွန်း၏ တပည့်တစ်ဦး ဖြစ်သည်။]
သူ့ရှေ့မှာ ပေါ်လာတဲ့ စာကြောင်းနှစ်ကြောင်းကြောင့် ဟန်ကျွယ်ဟာ တိတ်ဆိတ်သွားပါတယ်။ ရင်ထဲမှာလည်း တော်တော်လေး လှုပ်ခတ်သွားပါတယ်။ ဟန်ကျွယ်ဟာ ယန်းရန်ကျွင်းလို့ခေါ်တဲ့ ဝတ်ရုံနက်အမျိုးသမီးကို ဘာမှပြန်မပြောဘဲ အသွင်တူလက်ရည်စမ်းပွဲကို စတင်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ တာအိုသခင်ကျွယ်ရန်နဲ့ တစ်ယောက်ချင်း ရင်ဆိုင်တဲ့အခါ တစ်ချက်တည်းနဲ့ သတ်ပစ်လိုက်နိုင်ပေမဲ့ ယန်းရန်ကျွင်းကို ရင်ဆိုင်တဲ့အခါမှာတော့ တစ်ချက်တည်းနဲ့ မသတ်နိုင်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီအမျိုးသမီးမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ ဝိညာဉ်ရတနာတစ်ပါး ရှိနေ့လို့ပါ။ ဒီရတနာက ဟန်ကျွယ်ရဲ့ တိုက်ခိုက်မှုကို ခုခံလိုက်ပါတယ်။ ကံကောင်းထောက်မစွာပဲ နောက်စက္ကန့်အနည်းငယ် အကြာမှာတော့ ဟန်ကျွယ်ဟာ ယန်းရန်ကျွင်းကို အောင်မြင်စွာ သတ်ပစ်လိုက်နိုင်ပါတယ်။
ဟန်ကျွယ်ဟာ နှစ်ယောက်တစ်ယောက် တိုက်ခိုက်ကြည့်လိုက်ပါတယ်။ အသက်ရှူကြိမ် ဆယ်ကြိမ်ကြာမှပဲ ဟန်ကျွယ်ရဲ့ မျက်လုံးတွေ ပွင့်လာပါတယ်။
‘မဖြစ်ဘူး... ငါ သူတို့ကို တစ်ချက်တည်း မသတ်နိုင်ပါလား’
‘သူတို့အစွမ်းနဲ့ဆိုရင် ယွီဂျင်ဂိုဏ်းတော်ကြီးကို ကျိန်းသေပေါက် ဒုက္ခပေးနိုင်တယ်’
‘ငါ ဘာလုပ်သင့်လဲ’
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။
ဝူတောက်ကျန့်က မေးလိုက်ပါတယ် “သခင် ဘာလို့ မျက်မှောင်ကြုတ်နေတာလဲ၊ အပြင်မှာ ရန်သူတွေ ရောက်လာလို့လား”
“အထဲမှာပဲနေ ဘယ်ကိုမှ လျှောက်မသွားနဲ့”
ဟန်ကျွယ်ဟာ မတ်တတ်ရပ်လိုက်ပြီး ကျင့်ကြံခြင်းလိုဏ်ဂူအပြင်ကို ထွက်လိုက်ပါတယ်။ တစ်ခြားသူက ဒီအထိ ရောက်လာပြီဖြစ်တဲ့အတွက် ဟန်ကျွယ် ပုန်းချင်ရင်တောင် ပုန်းလို့မရတော့ပါဘူး။
တာအိုသခင်ကျွယ်ရန်နဲ့ ယန်းရန်ကျွင်းကတော့ ဝီရိယတောင်အပြင်ဘက်မှာ စောင့်နေတုန်းပါ။
“ဒါက တကယ်ပဲ နတ်ရွှေကျီးကန်း မျိုးနွယ်စုလား” တာအိုသခင်ကျွယ်ရန်က အံဩတကြီး မေးလိုက်ပါတယ်။
ယန်းရန်ကျွင်းက ခေါင်းညိတ်လိုက်ပါတယ် “သူတို့က တကယ်ပဲ ရွှေကျီးကန်းတွေ၊ ဒါပေမဲ့ ကောင်းကင်ဘုံဝင်အဆင့်ပဲ ရှိတယ်၊ သူတို့အရည်အချင်းက နတ်ရွှေကျီးကန်း မျိုးနွယ်စုမှာ သာမန်ပဲရှိတယ်၊ ဒါပေမဲ့ သာမန်အရည်အချင်းရှိတဲ့ နတ်ရွှေကျီးကန်းကို မွေးနိုင်တဲ့လူက သေမျိုး လုံးဝ မဖြစ်နိုင်ဘူး၊ ငါတို့တွေ သူ့ကို ဂရုတစိုက် ဆက်ဆံရလိမ့်မယ်”
တာအိုသခင်ကျွယ်ရန်ဟာ ခေါင်းညိတ်လိုက်ပြီး မျက်လုံးထဲမှာလည်း မျှော်လင့်ချက်တွေ ပြည့်သွားပါတယ်။
“တာအိုရောင်းရင်းတို့ ဘာကိစ္စရှိလို့ပါလဲ” ဟန်ကျွယ် အသံထွက်ပေါ်လာပါတယ်။
တာအိုသခင်ကျွယ်ရန်ဟာ ဒီအသံက ရင်းနှီးနေတယ်လို့ ခံစားလိုက်ရပါတယ်။ တာအိုသခင်ကျွယ်ရန်ဟာ မျက်ပေါက်ကျဉ်းပြီး ကြည့်လိုက်တဲ့အခါ ကျင့်ကြံခြင်းလိုဏ်ဂူထဲက လမ်းလျှောက်ထွက်လာတဲ့ ဟန်ကျွယ်ကို တွေ့လိုက်ရပါတယ်။
‘သူကိုး’
တာအိုသခင်ကျွယ်ရန်ရဲ့ ရုတ်ခြည်းဆိုသလို ရက်စက်တဲ့အသွင် ပြောင်းလဲသွားပါတယ်။ ကြီးမြတ်တဲ့စပါးအုံစိမ်း မသေခင်မှာ ထူးခြား ဆန်းကြယ်စွမ်းအားတစ်မျိုးကို အသုံးပြုပြီး မှတ်ဉာဏ်တွေ ပြန်ပို့ခဲ့ပါတယ်။ ဒီမှတ်ဉာဏ်တွေကြောင့် တာအိုသခင်ကျွယ်ရန်ဟာ ဟန်ကျွယ်ကို မုန်းတီးနေတာ ဖြစ်ပါတယ်။
ချက်ချင်းဆိုသလို တာအိုသခင်ကျွယ်ရန်ဟာ ဖြစ်နိုင်ချေများစွာကို တွေးမိလိုက်ပါတယ်။ သူ့ကို ကျိန်စာတိုက်တဲ့လူကလည်း ဟန်ကျွယ် ဖြစ်လိမ့်မယ်လို့ ကောက်ချက်ချလိုက်ပါတယ်။
တာအိုသခင်ကျွယ်ရန်ဟာ ယန်းရန်ကျွင်းဆီ အသံလွှင့်ပြီး သူ့အိမ်မွေးသားရဲ ဖြစ်ပျက်ခဲ့တာတွေကို ပြောပြလိုက်ပါတယ်။
ဒါပေမဲ့ ယန်းရန်ကျွင်းရဲ့ မျက်နှာဟာ တစ်ချက်ကလေးမှ ပြောင်းမသွားပါဘူး။ အပြုံးပန်းဝေတဲ့ မျက်နှာနဲ့ ဟန်ကျွယ်ကို ပြောလိုက်ပါတယ် “ကျွန်မတို့နှစ်ယောက်ကို တောင်ပေါ်မှာ ခဏနေခွင့်ပြုပါလား၊ ကျွန်မရဲ့ မိတ်ဆွေက အပြင်းအထန် ဒဏ်ရာရထားတဲ့အတွက် ဒဏ်ရကုသဖို့ နေရာလိုနေလို့ပါ”
ယန်းရန်ကျွင်းဟာ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုကို ထိုးဖောက်မမြင်နိုင်တဲ့အတွက် ဟန်ကျွယ်ကလည်း အထက်ဘုံကပဲလို့ မှန်းဆလိုက်ပါတယ်။ ဒါ့အပြင် ဟန်ကျွယ် ရုပ်ရည်က အရမ်းချောတာကြောင့် မြင်မြင်ချင်း သဘောကျသွားပါတယ်။
တာအိုသခင်ကျွယ်ရန်ဟာ သူ့ခံစားချက်တွေကို အတတ်နိုင်ဆုံး ထိန်းချုပ်ပြီး ဝင်မနှောင့်ယှက်မိအောင် နေပါတယ်။
‘ဒီကောင်လေးက ငါ့ကို မသိသေးဘူး၊ ငါ အခွင့်အရေးရှာပြီး အလစ်တိုက်ရမယ်’ တာအိုသခင်ကျွယ်ရန်ဟာ တိတ်တဆိတ် တွေးတောလိုက်ပါတယ်။
ဟန်ကျွယ်က ပြန်ပြောလိုက်ပါတယ် “ဒီကိစ္စက အဆင်မပြေဘူး၊ ကျုပ်တောင်က ကျဉ်းကျဉ်းလေး၊ နေရာအပိုမရှိတော့ တာအိုရောင်းရင်းတို့ နှစ်ယောက်ကို လက်ခံဖို့ မဖြစ်နိုင်ပါဘူး”
[ယန်းရန်ကျွင်းသည် သင့်အား မုန်းတီးသွားပါပြီ။ လက်ရှိ မုန်းတီးမှု:ကြယ်လေးပွင့်။]
‘ကြယ်လေးပွင့်တောင်လား’
ဟန်ကျွယ်ဟာ စိတ်ထဲမှာ ကျိန်ဆဲလိုက်ပါတယ်။ ဝတ်ရုံနက်အမျိုးသမီးက အပြင်ပိုင်းမှာ ယဉ်ကျေးသလောက် အတွင်းမှာ ကောက်ကျစ်လွန်းပါတယ်။ ကတယ့်ကို ကျီးအာသီးပါ။
ယန်းရန်ကျွင်းဟာ သက်ပြင်းချပြီး ပြောလိုက်ပါတယ် “တာအိုရောင်းရင်း... ဒီလောက်ကြီး မအေးစက်ပါနဲ့၊ ကျွန်မတို့နှစ်ယောက်မှာ နေစရာတကယ် မရှိလို့ပါ၊ ကျွန်မတို့က ဒီတောင်မှာ ခဏလေးပဲ နေမှာပဲ၊ တာအိုရောင်းရင်းကိုလည်း လုံးဝ အနှောင့်အယှက် မဖြစ်စေရပါဘူး၊ လူတစ်ယောက် အသက်ကို ကယ်တာက ခုနစ်ဆင့်ဘုံကျောင်း ဆောက်လုပ်တာထက် ကုသိုလ်ပိုရပါတယ်”
တာအိုသခင်ကျိုးတိနဲ့ အကြီးအကဲတစ်စုလည်း အပြေးရောက်လာပါတယ်။ တစ်ဖက်လူက ရောက်ရောက်ချင်း ဝီရိယတောင်မှာ နေချင်တယ်လို့ ပြောနေတဲ့အတွက် သာမန်လူတွေ မဟုတ်တာ သိသာ ထင်ရှားလှပါတယ်။
“တာအိုရောင်းရင်းတို့က ဘယ်ဂိုဏ်းကပါလဲ” တာအိုသခင်ကျိုးတိဟာ လက်သီးဆုပ်ပြီး အပြုံးနဲ့ မေးလိုက်ပါတယ်။ တာအိုသခင်ကျိုးတိဟာ ဉာဏ်ကောင်းသူမို့ ယန်းရန်ကျွင်းနဲ့ တာအိုသခင်ကျွယ်ရန်နားကို မကပ်ပါဘူး။ အဝေးကနေပြီးတော့ပဲ စကားလှမ်းပြောပါတယ်။
ယန်းရန်ကျွင်းဟာ တာအိုသခင်ကျိုးတိကို တစ်ချက်ကြည့်လိုက်ပြီး ဟန်ကျွယ်ကို ပြန်ကြည့်လိုက်ပါတယ် “တာအိုရောင်းရင်း... ကျွန်မတို့ကို တကယ်ပဲ လက်မခံနိုင်ဘူးလား”
ယန်းရန်ကျွင်းဟာ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုကို မမြင်နိုင်ပေမဲ့ ဟန်ကျွယ်ဆီကနေ အန္တရာယ်အငွေ့အသက် လုံးဝမရပါဘူး။ ဟန်ကျွယ်ရဲ့ သဘောထားကလည်း မခိုင်မာတဲ့အတွက် စွမ်းအားကြီးနောက်ခံ မရှိလောက်ဘူးလို့ ယန်းရန်ကျွင်းက မှန်းဆလိုက်ပါတယ်။
ယန်းရန်ကျွင်းဟာ သေမျိုးကမ္ဘာကို မဆင်းသက်ခင် စုံစမ်းခဲ့ပါသေးတယ်။ ဒီသေမျိုးကမ္ဘာမှာ နာမည်ကြီးနတ်တစ်ပါးမှ ရှိမနေပါဘူး။ ဒါကို တွေးမိလိုက်တဲ့ ယန်းရန်ကျွင်းဟာ ညာလက်ကိုမြှောက်လိုက်တဲ့အခါ ဓားပျံတစ်ချောင်း လက်ထဲမှာ ပေါ်လာပါတယ်။
ဟန်ကျွယ်ဟာ မျက်ပေါက်ကျဉ်းပြီး မေးလိုက်ပါတယ် “မင်းက ငါ့ကို ခြိမ်းခြောက်နေတာလား”
ဟန်ကျွယ်ဟာ ဝီရိယတောင်ထဲကနေ လျှပ်တစ်ပြက်ထွက်လိုက်တဲ့အတွက် တောင်ကာအစီအရင် အပြင်ဘက်ကို ရောက်ရှိသွားပါတယ်။
ယန်းရန်ကျွင်းဟာ မျက်ပေါက်ကျဉ်းပြီး ပြုံးလိုက်ပါတယ် “ကျွန်မတို့မှာလည်း ရွေးချယ်စရာ မရှိလို့ပါ၊ ရှင့်ရဲ့တောင်မှာ ကျွန်မတို့ တစ်ခဏ နေထိုင်ရလိမ့်မယ်၊ တာအိုရောင်းရင်းက...”
ယန်းရန်ကျွင်းရဲ့ စကားမဆုံးခင်မှာပဲ ဟန်ကျွယ်ဟာ အင်္ကျီလက်ကို ရုတ်တရက် ဝှေ့ယမ်းလိုက်တဲ့အခါ ဟွမ်သွမ့်ဓား ထွက်ပေါ်လာပါတယ်။ ရုတ်ခြည်းဆိုသလို မရေမတွက်နိုင်တဲ့ ဓားအရိပ်တွေဟာ ဟွမ်သွမ့်ဓားသွားကနေ ထွက်ပေါ်လာပြီး ယန်းရန်ကျွင်းဆီကို တဟုန်ထိုး ပြေးသွားပါတယ်။
ယန်းရန်ကျွင်းဟာ အကြီးအကျယ် မျက်နှာပျက်သွားပါတယ်။ ဟန်ကျွယ်က ဒီလိုမျိုး ပြတ်သားလိမ့်မယ်လို့ ယန်းရန်ကျွင်း ထင်မထားခဲ့ပါဘူး။
ချက်ချင်းဆိုသလိုပဲ ယန်းရန်ကျွင်းလည်း ဓားပျံကို ပစ်လွှတ်လိုက်ပါတယ်။ ဒီဓားပျံဟာ ပေတစ်ထောင်ရှည်လျားတဲ့ ငှက်ကြီးတောင်ဓား ဖြစ်သွားပြီး ဟန်ကျွယ်ရဲ့ ဓားအရိပ်တွေကို ဟန့်တားလိုက်ပါတယ်။
“ဝုန်း...”
မြေလျှောက်အမတနှစ်ဦးရဲ့ တိုက်ပွဲကနေ ထွက်ပေါ်လာတဲ့ ဖိအားဟာ လောကတစ်ခုလုံးကို တုန်လှုပ်သွားစေပါတယ်။ ကောင်းကင်ပြင် ကွဲအက်ပြီး ကောင်းကင်မိုးကြိုးတွေလည်း ပေါ်လာပါတယ်။
တာအိုသခင်ကျိုးတိနဲ့ တစ်ခြားအကြီးအကဲတွေဟာ ကြောက်လန့်တကြား ပြန်ဆုတ်သွားကြပါတယ်။ ဖူစန်းသစ်ပင်အောက်က လူတိုင်းဟာလည်း ဒီတိုက်ပွဲကို ရင်တထိတ်ထိတ်နဲ့ ကြည့်နေကြပါတယ်။
“ဘယ်လောက်တောင် ကြောက်ဖို့ကောင်းတဲ့ ရောင်ဝါလဲ.... သူတို့တွေက ဘယ်အဆင့်ကို ရောက်နေကြပြီလဲ” မုရုံချီရဲ့ နဖူးမှာ ချွေးစို့သွားပါတယ်။ မုရုံချီဟာ သူ့ကိုယ်သူ ထိပ်သီးတစ်ယောက် ဖြစ်ပြီလို့ ယူဆထားတာပါ။ ဒါပေမဲ့ ဟန်ကျွယ်နဲ့ ယန်းရန်ကျွင်းရဲ့ ဖိအားကို ရင်ဆိုင်ရတဲ့အခါမှာ သူက ဘယ်လောက်ထိ သေးငယ်နေလဲဆိုတာကို သဘောပေါက်သွားပါတယ်။
တစ်ခြားသူတွေလည်း အံဩတကြီး ဖြစ်ကုန်ကြပါတယ်။
ထူလင်းအာဟာ ဟန်ကျွယ်ကို နေမင်းလို တောက်ပတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်ပါတယ်။
တာအိုသခင်ကျွယ်ရန်လည်း အံဩသွားပါတယ်။ ဟန်ကျွယ်က ဒီလောက်ထိ စွမ်းအားကြီးလိမ့်မယ်လို့ သူ ထင်မထားခဲ့ပါဘူး။
ဒီအချိန်မှာပဲ...။
ဟန်ကျွယ်ဟာ ဘယ်လက်ကို ရုတ်တရက်မြှောက်ပြီး လက်ညိုးကို တာအိုသခင်ကျွယ်ရန်ဆီ ညွှန်လိုက်ပါတယ်။
မိုးမြေကမ္ဘာဖောက် ဓားလက်ချောင်း။
“ဝှစ်...”
ဟန်ကျွယ်ရဲ့ ဘယ်လက်ညိုးက ထွက်ပေါ်လာတဲ့ ဓားချီဟာ ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံသွားပါတယ်။
ယန်းရန်ကျွင်းဟာ မျက်လုံးပြူးသွားပြီး အော်ပြောလိုက်ပါတယ် “ရှင် ဘယ်လိုလုပ်ပြီး တိုက်ရဲတာလဲ”
‘သူက ငါနဲ့ တိုက်နေတာတောင် တာအိုသခင်ကျွယ်ရန်ကို တိုက်ခိုက်ရဲတယ်၊ သူက ငါတို့နှစ်ယောက်ကို ရန်စမိမှာ မကြောက်ဘူးလား’
ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတဲ့ တာအိုသခင်ကျွယ်ရန်ဟာ တုံ့ပြန်ချိန်တောင် မရလိုက်ဘဲ ဟန်ကျွယ်ရဲ့ ဓားချီအောက်မှာ အသက်ပျောက်သွားရပါတယ်။
တာအိုသခင်ကျွယ်ရန်ရဲ့ ဝိညာဉ်လည်း လေထဲမှာ လွှင့်ပါးပျောက်ကွယ်သွားပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ ယန်းရန်ကျွင်းဆီ ချဉ်းကပ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဓားကို မြှောက်ပြီး ကောင်းကင်ယံဆီ ညွှန်လိုက်ပါတယ်။
ဓားငွေ့ဟာ ကောင်းကင်ယံထိ ထိုးတက်သွားပြီး ဓားချီပင်လယ်ဟာ အပြာရောင်ကောင်းကင်မှာ လျင်မြန်စွာ ပေါ်လာပါတယ်။ ဒီဓားချီပင်လယ်ဟာ အလွန်တရာ ကျက်သရေရှိလှပြီး မိုင်ရာချီ ကျယ်ဝန်းပါတယ်။
“သေဖို့သာ ပြင်ထား”
ယန်းရန်ကျွင်းဟာ အမျက်ချောင်းချောင်း ထွက်သွားပါတယ်။ သူ့ဝာာဝန်က တာအိုသခင်ကျွယ်ရန်ကို ကာကွယ်ဖို့ပါ။ အခုတော့ တာအိုသခင်ကျွယ်ရန်က သူ့ရှေ့မှာတင် အသတ်ခံလိုက်ရပါတယ်။ ယန်းရန်ကျွင်းဟာ ဟန်ကျွယ်ကို မသတ်ဘူးဆိုရင် သူ့အစ်ကိုက အဖြေပြန်ပေးနိုင်မှာ မဟုတ်ပါဘူး။ ဒါ့ပြင် ယန်းရန်ကျွင်းဟာ ဟန်ကျွယ်ရဲ့ တောင်ကိုလည်း လိုချင်နေပါတယ်။
ယန်းရန်ကျွင်းဟာ လက်နှစ်ဖက်ကို အသုံးပြုပြီး မန္တန်တစ်ပုဒ် ရွတ်ဆိုလိုက်တဲ့အခါ ကြီးမားတဲ့ဓားပျံက ဟန်ကျွယ်ဆီ တဟုန်ထိုး ပျံသန်းသွားပါတယ်။ ယန်းရန်ကျွင်းဟာ ဟန်ကျွယ်ရဲ့ ဆန်းကြယ်စွမ်းအား အသုံးပြုမှုကို ဖြတ်ပစ်ချင်တာပါ။
ဒါပေမဲ့ ဟန်ကျွယ်ဟာ ယန်းရန်ကျွင်းရဲ့ ဓားပျံကို လျစ်လျူရှုပြီး သုံးလောကသန့်ရှင်းခြင်းကို ဆက်သုံးပါတယ်။ မရေမတွက်နိုင်တဲ့ ဓားအရိပ်တွေဟာ ဓားချီပင်လယ်မှာ ခဲလာပါတယ်။ ဒီဓားအရိပ်တွေက သန်းချီပါတယ်။ သန်းချီတဲ့ ဓားအရိပ်တွေ ကောင်းကင်ယံကို ထိုးတက်သွားတဲ့အခါမှာ သေမျိုးကမ္ဘာတစ်ခုလုံး တုန်ခါသွားပါတယ်။
ယွီဂျင်ဂိုဏ်းတော်ကြီးက တပည့်တွေအားလုံးလည်း ကောင်းကင်ပေါ် မော့ကြည့်ပြီး ကြက်သေသေကုန်ကြပါတယ်။ သူတို့မြင်ကွင်းမှာ ကောင်းကင်တစ်ခုလုံး ဓားအရိပ်တွေ ပြည့်နှက်နေပါတယ်။ သူတို့ဘဝတစ်လျှောက်မှာ ဒီလိုမြင်ကွင်းမျိုးက ပထမဆုံးအကြိမ် တွေ့မြင်ဖူးတာပါ။
“ဝုန်း...”
ကြီးမားတဲ့ဓားပျံဟာ ဟန်ကျွယ်ကို ဝင်တိုက်မိပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ကိုယ်ကနေ စူးရှတဲ့အလင်းတန်းတွေ ထွက်ပေါ်လာပြီး ဓားပျံကို အတင်းဟန့်တားလိုက်ပါတယ်။
“မဟာညီညွှတ်မှု အကောင်းစားရတနာ”
ယန်းရန်ကျွင်းဟာ ပါးစပ်ကနေ လွှတ်ခနဲ ထွက်သွားပါတယ် ‘ဒီလူ့မှာ ဘယ်လိုလုပ်ပြီး မဟာညီညွှတ်မှု အကောင်းစားရတနာ ရှိနေရတာလဲ’
ဟန်ကျွယ်ဟာ ယန်းရန်ကျွင်းရဲ့ အတွေးကို တိုက်ခိုက်ခြင်းနဲ့ ပြန်ဖြေလိုက်ပါတယ်။ ကောင်းကင်ယံက သန်းပေါင်းများစွာသော ဓားအရိပ်တွေဟာ ကောင်းကင်ပြိုကျသလို ယန်းရန်ကျွင်းဆီ ထိုးဆင်းသွားပါတယ်။ ယွီဂျင်ဂိုဏ်းတော်ကြီးက ကျင့်ကြံသူတွေ အားလုံးဟာလည်း ကောင်းကင်ပေါ်က ထိုးဆင်းလာတဲ့ ကြီးမားတဲ့လေအရှိန်ကို ခံစားလိုက်ရပါတယ်။ ဒီလေအရှိန်ကို သူတို့ကို မြေကြီးပေါ်ရောက်အောင် ဖိချလိုက်ပါတယ်။
တောတောင်တွေ လှုပ်ခတ်သွားသလို မြေပြင်လည်း ကွဲအက်သွားပါတယ်။
ယန်းရန်ကျွင်းဟာ မန္တန်တစ်ပုဒ်ကို အမြန်ရွတ်ဆိုလိုက်ပါတယ်။ သူ့ဝိညာဉ်စွမ်းအားတွေဟာ သူ့ခန္ဓာကိုယ်ကို ဝန်းရံသွားပြီး ကြီးမားတဲ့အလင်းလုံးကြီး ဖြစ်သွားပါတယ်။
“ဝုန်း..ဝုန်း..ဝုန်း...”
မရေမတွက်နိုင်တဲ့ ဓားအရိပ်တွေဟာ ကောင်းကင်ပေါ်ကနေ အရူးအမူး ဆင်းသက်လာတာကြောင့် အလင်းလုံးကြီးကို ပြင်းပြင်းထန်ထန် လှုပ်ခါသွားစေပါတယ်။ အလင်းလုံးကြီးထဲက ယန်းရန်ကျွင်းရဲ့ ခန္ဓာကိုယ်လည်း လှုပ်ခါသွားပါတယ်။
‘သူက မြေလျှောက်အမတ မဟုတ်ဘူးလား’
ယန်းရန်ကျွင်းဟာ ကြောက်လန့်တကြား တွေးမိလိုက်ပါတယ်။
‘အို... မကောင်းတော့ဘူး’
‘ငါ ဆက်မကာနိုင်တော့ဘူး’
စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။