← Chapters

အဋ္ဌမအဆင့် ကောင်းကင်စစ်သူကြီး၊ တာအိုသခင်တန်ချင်း

Vol. 11 Ch. 159

အဋ္ဌမအဆင့် ကောင်းကင်စစ်သူကြီး၊ တာအိုသခင်တန်ချင်း

Vol. 11 Ch. 159

အခန်း (၁၅၉) အဋ္ဌမအဆင့် ကောင်းကင်စစ်သူကြီး၊ တာအိုသခင်တန်ချင်း

ဟန်ကျွယ်ဟာ ယန်းရန်ကျွင်းကို စိုက်ကြည့်လိုက်တဲ့အခါ ယန်းရန်ကျွင်းက ထွက်မပြေးတဲ့အတွက် ဝမ်းသာအားရ ဖြစ်သွားပါတယ်။

‘မင်းက ဒီလောက်တောင် ရဲတင်းနေမှတော့ ထွက်သွားဖို့ မစဉ်စားနဲ့’

ဟန်ကျွယ်ဟာ သူ့ဓါးကို ထပ်ဝှေ့ယမ်းလိုက်တဲ့အခါ ကောင်းကင်ယံက ဓားချီပင်လယ်မှာ မရေမတွက်နိုင်တဲ့ ဓားအရိပ်တွေ ထပ်ခဲသွားပြီး ကောင်းကင်ပြိုကျတဲ့ အရှိန်အဟုန်နဲ့ ယန်းရန်ကျွင်းကို တိုက်ခိုက်ပါတော့တယ်။

ယန်းရန်ကျွင်းဟာ ထိတ်လန့်သွားပြီး ချက်ချင်း နေရာရွှေ့လိုက်ပါတယ်။ ဒါပေမဲ့ ယန်းရန်ကျွင်းရဲ့ ဝိညာဉ်စွမ်းအား ပျောက်ကွယ်သွားတဲ့ တဒင်္ဂအချိန်လေးမှာ ဟန်ကျွယ်ဓားချီကြောင့် ဒဏ်ရာရသွားပါတယ်။ ယန်းရန်ကျွင်းဟာ မိုင်ဒါဇင်ကျော် ရွှေ့လျားသွားလိုက်ပြီး ပြန်ပေါ်လာတဲ့အခါမှာ ဒေါသထွက်လွန်းလို့ သွေးက လည်းချောင်းဝ ‌ရောက်လာပါတယ်။

ယန်းရန်ကျွင်းဟာ လက်ဝှေ့ယမ်းလိုက်တဲ့အခါမှာ ဓားပျံက ကောင်းကင်ကို ဆုတ်ဖြဲခရီးနှင်ပြီး ယန်းရန်ကျွင်းလက်ထဲ ပြန်ရောက်လာပါတယ် “သေစမ်း၊ ကောင်းကင်နိယာမကြောင့်သာ မဟုတ်ရင် ငါ အခုလို ဒဏ်ရာစရာအကြောင်းကို မရှိဘူး”

ယန်းရန်ကျွင်းဟာ ဒေါသတကြီး ကြိမ်းမောင်းလိုက်ပါတယ်။ အဲဒီနောက် ဓားပျံကို ခေါင်းပေါ်ပစ်တင်ပြီး မန္တန်တစ်ပုဒ်ကို လက်နှစ်ဖက်အသုံးပြုကာ ချက်ချင်းသုံးလိုက်ပါတယ်။

“ဝုန်း...”

ကမ္ဘာတစ်ခုလုံး တုန်လှုပ်သွားပြီး စိတ်ဝိညာဉ်ချီတွေက ဓားပျံမှာ စုစည်းကာ မမြင်နိုင်တဲ့လှိုင်းတစ်ခု ဖြစ်တည်လာပါတယ်။ ဒီမြင်ကွင်းက နည်းနည်တော့ ကြည့်လို့ကောင်းပါတယ်။

ယန်းရန်ကျွင်းဟာ ထွက်ပြေးဖို့ ရည်ရွယ်ချက် မရှိပါဘူး။ သူဟာ ဟန်ကျွယ်နဲ့ တိုက်ခိုက်ချင်တုန်းပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်က သူ့ကို လုံးဝဒေါသထွက်သွားအောင် လုပ်ပစ်လိုက်လို့ပါပဲ။

“ဝှစ်...”

လေထုကို ခွင်းလာသံကို နောက်ကနေ ကြားလိုက်ရပါတယ်။

မိုးမြေကမ္ဘာဖောက် ဓားလက်ချောင်း။

ယန်းရန်ကျွင်းဟာ ကြိုပြင်ဆင်ထားပြီးပြီမို့ ချက်ချင်း ရှောင်တိမ်းလိုက်ပါတယ်။

ယန်းရန်ကျွင်း နောက်လှည့်လိုက်တယ်ဆိုရင်ပဲ ဟန်ကျွယ်ဟာ သူ့နောက်မှာ ပေါ်လာပါတယ်။ လွန်ခဲ့တဲ့နှစ်တုန်းက ဟန်ကျွယ်ဟာ တိမ်ကျွမ်းထိုးကို အုတ်မြစ်အဖြစ် အသုံးပြုပြီး မဟာညီညွှတ်မှု ကိုယ်ရွေ့သိုင်းကို ဖန်တီးခဲ့ပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ ယန်းရန်ကျွင်းရဲ့ နောက်ဘက်ကို တစ်ချက်တည်းနဲ့ ရွှေ့လျားနိုင်သွားတာပါ။

ယန်းရန်ကျွင်းဟာ ဟန်ကျွယ်ကို မျက်စိထောင့်ကနေ မြင်လိုက်ရဲ့တဲ့အခါ မျက်ဆံနှစ်ခုလုံး ပြူးကျယ်သွားပါတယ်။

‘မဖြစ်နိုင်ဘူး’

အနက်ရောင် ဓားချီဟာ ရုတ်တရက် ထွက်ပေါ်လာပြီး ကောင်းကင်ယံကို ထိုးတက်သွားပါတယ်။ ကောင်းကင်ပြင်က ပန်းချီကားတစ်ချပ်ဆိုရင် ဟန်ကျွယ်ရဲ့ ဓားချီက စုတ်တံလိုပါပဲ။

ယန်းရန်ကျွင်းရဲ့ ခန္ဓာကိုယ်ဟာ ဟန်ကျွယ်ရဲ့ ဓားချီအောက်မှာ လုံးဝပျက်စီးသွားပြီး ပဓာနဝိညာဉ်သာ ကျန်ရှိပါတော့တယ်။

“ငါက နဂါးအမတကျွန်းရဲ့တပည့်ပဲ၊ ငါ့ရဲ့ဆရာတူအစ်ကိုက ကောင်းကင်ရုံးတော်မှာ တာဝန်ထမ်းဆောင်နေတဲ့ ကောင်းကင်စစ်သူကြီးပဲ” ယန်းရန်ကျွင်းက အလန့်တကြား ပြောလိုက်ပါတယ်။ စကားဆုံးတာနဲ့ ယန်းရန်ကျွင်းရဲ့ ပဓာနဝိညာဉ်ဟာ ချက်ချင်း လှည့်ပြေးပါတယ်။

ဟန်ကျွယ်ဟာ ဓားကို ဝှေ့ယမ်းလိုက်တဲ့အခါမှာ ဓားအရိပ်တစ်သန်းဟာ အရပ်ဆယ်မျက်နှာကနေ ထွက်ပေါ်လာပြီး ယန်းရန်ကျွင်းကို အသေသတ်ပါတယ်။

နောက်ဆုံးမှာတော့ ယန်းရန်ကျွင်းဟာ လုံးဝသေဆုံးသွားပါတယ်။

‘ကောင်းကင်စစ်သူကြီးက အထင်ကြီးစရာကောင်းလို့လား’

‘ငါ အမတဧကရာဇ်ရဲ့ မျိုးဆက်ပဲ’

ဟန်ကျွယ်ဟာ စိတ်ထဲမှာ အထင်သေးရသလို ခံစားလိုက်ရပါတယ်။ ကိစ္စတွေက ဒီလောက်ထိ ဖြစ်လာတဲ့အတွက် ဟန်ကျွယ်က ယန်းရန်ကျွင်းကို လွှတ်ပေးလိုက်ရင်တောင် ဒီကံဆိုးကို အဆုံးသတ်ပစ်ဖို့က မဖြစ်နိုင်တော့ပါဘူး။

ဟန်ကျွယ်ဟာ ဘယ်လက်မြှောက်ပြီး သိုလှောင်လက်စွပ်နဲ့ ဓားပျံကို လက်ဖဝါးထဲ စုပ်ယူလိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ဝီရိယတောင်ဆီ ပြန်သွားပါတယ်။ လမ်းတစ်လျှောက် ဟန်ကျွယ်ဟာ တာအိုသခင်ကျွယ်ရန်ရဲ့ သိုလှောင်လက်စွပ်ကို ရှာမတွေ့ပါဘူး။ ကြည့်ရတာ မိုးမြေကမ္ဘာဖောက် ဓားလက်ချောင်းအောက်မှာ အလုံးစုံ ပျက်စီးသွားပုံပါပဲ။

ဖူစန်းသစ်ပင်အောက်ကို ပြန်ရောက်သွားတဲ့အခါ လူတိုင်းက ဟန်ကျွယ်ကို ဝိုင်းရံလိုက်ကြပါတယ်။ ဒီအထဲမှာ ရှင်းဟုန်ရွှမ်၊ နတ်မိမယ်ရှီရွှမ်၊ ချန်ယွီအာနဲ့ လီချင်းဇဲ့လည်း ပါဝင်ပါတယ်။

“ဆရာသခင် အခြေအနေ ဘယ်လိုရှိလဲ”

“အဲဒီနှစ်ယောက် ဘယ်သူတွေလဲ”

“ဆရာဘိုးဘိုးက အရမ်းစွမ်းအားကြီးတာပဲ”

“မေးစရာလိုသေးလို့လား၊ သူတို့တွေ ကျိန်းသေပေါက် သေသွားပြီ”

“ဒီကမ္ဘာမှာ ငါတို့ဆရာသခင်ကို ဘယ်သူက နိုင်အောင် တိုက်နိုင်မှာလဲ”

လူတိုင်းဟာ စိတ်လှုပ်ရှားနေကြပါတယ်။ အတိတ်မှာတုန်းက ဟန်ကျွယ်ဟာ သူ့ရန်သူတွေကို တစ်ကွက်တည်း တစ်ချက်တည်းနဲ့ သတ်ပစ်လိုက်တာချည်းပါပဲ။ အခုလိုမျိုး တိုက်ခိုက်တာက မရှိသလောက်ပါပဲ။ ကောင်းကင်တစ်ခုလုံး ပြည့်နှက်နေတေဲ့ ဓားအရိပ်တွေက ဓားအရိပ်တွေက ထွက်ပေါ်လာတဲ့ ဖိအားကို သူတို့တွေ ဒီတစ်သက် မေ့နိုင်မှာ မဟုတ်ပါဘူး။

ခေါင်းသုံးလုံး မြွေနဂါးဘုရင်က အအံဩဆုံး အတုန်လှုပ်ဆုံးပါ။ ဘာဖြစ်လို့လဲဆိုတော့ ကောင်းကင်ဘုံဝင် ဆဋ္ဌမအဆင့်ရှိတဲ့ သူကိုယ်တိုင်တောင် မြေကြီးပေါ် ဒူးထောက်ကျသွားလို့ပါပဲ။ ဒါက ဘာကို ပြနေလဲဆိုတော့ ဟန်ကျွယ်နဲ့ ယန်းရန်ကျွင်းက ကောင်းကင်ဘုံဝင်အဆင့်ကို ကျော်တက်ပြီး အမတတွေ ဖြစ်နေပြီဆိုတာကို ပြသနေပါတယ်။

ဟန်ကျွယ်ဟာ ပြုံးပြီး ပြောလိုက်ပါတယ် “ဘာပြဿနာမှာ မရှိတော့ဘူး၊ အကုန်လုံး အဆင်ပြေသွားပြီ၊ မင်းတို့တွေ ဆက်ကျင့်ကြံကြတော့” ဟန်ကျွယ်ဟာ စကားဆုံးတာနဲ့ ကျင့်ကြံခြင်းလိုဏ်ဂူထဲကို ပြန်ဝင်သွားပါတယ်။

တစ်ချို့အရာတွေက မပြောတာ အကောင်းဆုံးပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ အထိတ်တလန့် ဖြစ်စေတာကလွဲလို့ ဘာကောင်းကျိုးမှ မရှိလို့ပါပဲ။

တာအိုသခင် ကျိုးတိဟာ တိုက်ပွဲပြီးသွားတာကို မြင်တာနဲ့ တပည့်တွေကို နှစ်သိမ့်ဖို့ အကြီးအကဲတွေကို စေခိုင်းလိုက်ပါတယ်။ ဒီနေ့တိုက်ပွဲဟာ နတ်သတ်အကြီးအကဲရဲ့ နာမည်ကို ဂိုဏ်းတွင်းမှာ နောက်တစ်ဖန် ကျော်ကြားသွားစေပါတယ်။

နှစ်တွေကြာညောင်းပြီ ဖြစ်တဲ့အတွက် တပည့်အများစုဟာ နတ်သတ်အကြီးအကဲကို မေ့နေကြပါပြီ။ စိတ်အလှုပ်ရှားဆုံး လူတွေကတော့ တပည့်အသစ်တွေပဲ ဖြစ်ပါတယ်။ နတ်သတ်အကြီးအကဲက ဒီလောက်ထိ စွမ်းအားကြီးလိမ့်မယ်လို့ သူတို့တွေ ထင်မထားခဲ့ကြပါတယ်။

ကျင့်ကြံခြင်းလိုဏ်ဂူအတွင်း။

ဟန်ကျွယ်ဟာ ယန်းရန်ကျွင်းရဲ့ သိုလှောင်လက်စွပ်ကို စစစ်ဆေးပါတယ်။ ဝူတောက်ကျန့်ကလည်း လာစပ်စုပါတယ်။

ယန်းရန်ကျွင်းဟာ အထက်ဘုံက ကျင့်ကြံသူ ဖြစ်တာနဲ့အညီ တော်တော်လေး ကြွယ်ဝပါတယ်။ သူ့မှာ ရတနာတွေ အများကြီးရှိတဲ့အပြင်၊ မန္တန်စာလိပ်၊ နတ်အစွမ်းစာလိပ် စတာတွေ အများကြီးပါပဲ။ တစ်ခြားလိုအပ်တာ မှန်သမျှ အရာအားလုံးရှိတဲ့အပြင် မြေလျှောက်အမတ ကျင့်ကြံမှုကို ကူညီနိုင်တဲ့ ဆေးလုံးတွေလည်း အများကြီး ရှိပါတယ်။

ဟန်ကျွယ်ဟာ သတ်ဖြတ်တာကနေ ကံကောင်းမှု အကြီးကြီး ရသွားပါတယ်။

[ရန်စန်းသည် သင့်အား မုန်းတီးသွားပါပြီ။ လက်ရှိ မုန်းတီးမှု:ကြယ်ခြောက်ပွင့်။]

[တာအိုသခင်တန်ချင်းသည် သင့်အား မုန်းတီးသွားပါပြီ။ လက်ရှိ မုန်းတီးမှု:ကြယ်သုံးပွင့်။]

ဟန်ကျွယ်ရှေ့မှာ စာကြောင်းနှစ်ကြောင်း ပေါ်လာပါတယ်။ ဟန်ကျွယ်ဟာ ဒီစာကြောင်းနှစ်ကြောင်းကို အံအားသင့်ခြင်း မရှိပါဘူး။ ဒီအခြေအနေကို အတိုဆုံးပြောရရင်...။

သံသရာလည်တာပါ။

အငယ်ကို သတ်လိုက်ရင် အကြီးက ရောက်လာမှာပါပဲ။ ဒါက ဘဝစက်ဝန်းလဲ ဖြစ်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတိုင်းက တစ်နည်းမဟုတ် တစ်နည်းနဲ့ ဆက်စပ်နေကြလို့ပါပဲ။

တစ်ယောက်ယောက် ဟန်ကျွယ် တပည့်တွေကို သတ်ခဲ့ရင် ဟန်ကျွယ်ကလည်း ကျိန်းသေပေါက် ပြန်ကလဲ့စားချေမှာပါ။ ဒါ့အပြင် အထက်ဘုံမှာက သူတို့ဂရုစိုက်တဲ့လူကို ဘယ်သူသတ်သွားလဲဆိုတာ တွက်ချက်နိုင်တဲ့ ဆန်းကြယ်စွမ်းအားတော့ ကျိန်းသေပေါက် ရှိမှာပါ။

လူနှစ်ယောက်ပဲ သူ့ကို မုန်းတီးတဲ့အတွက် ဟန်ကျွယ်ဟာ လူနည်းလွန်းတယ်လို့ စဉ်းစားလိုက်ပါတယ်။ ကြည့်ရတာ ယန်းရန်ကျွင်းက လူမှုဆက်ဆံရေး သိပ်မကောင်းတဲ့ပုံပါပဲ။

ဟန်ကျွယ်ဟာ လူမှုဆက်ဆံရေးကို ဖွင့်လိုက်ပြီး သူတို့တွေရဲ့ အချက်အလက်ကို စစ်ဆေးလိုက်ပါတယ်။

[ရန်စန်း: မဟာညီညွှတ်မှု မြေအမတ နောက်ဆုံးအဆင့်၊ ကောင်းကင်ရုံးတော်၏ အဋ္ဌမအဆင့် ကောင်းကင်စစ်သူကြီး။ သင်သည် သူ၏ ချစ်လှစွာသော ဆရာတူညီမလေးအား သတ်ဖြတ်ခဲ့သောကြောင့် သင့်အား အမုန်းကြီးမုန်းနေသည်။ သင် မသေမချင်း သူ့အမုန်းတရားက ပြေပျောက်မည် မဟုတ်ချေ။ လက်ရှိမုန်းတီးမှု: ကြယ်ခြောက်ပွင့်။]

[တာအိုသခင်တန်ချင်း: မဟာညီညွှတ်မှု အမတစစ် အလယ်အဆင့်၊ နဂါးအမတကျွန်း၏ တာအိုသခင်ခုနစ်ပါးတွင် တစ်ပါးအပါအဝင် ဖြစ်သည်။ သင်သည် သူ၏ ချစ်လှစွာသောတပည့် ယန်းရန်ကျွင်းအား သတ်ဖြတ်ခဲ့သည့်အတွက် သင့်အား မုန်းတီးနေခြင်း ဖြစ်သည်။ သင်နှင့် သူ တွေ့ဆုံမိလျှင် သင့်အား ကျိန်းသေပေါက် သတ်ပစ်လိမ့်မည်။ လက်ရှိ မုန်းတီးမှု: ကြယ်သုံးပွင့်။]

‘မဟာညီညွှတ်မှု မြေအမတ နောက်ဆုံးအဆင့်’

‘မဟာညီညွှတ်မှု အမတစစ် အလယ်အဆင့်’

‘သူတို့တွေက တော်တော်လေး စွမ်းအားကြီးတာပဲ’

ဟန်ကျွယ်ဟာ အားယူပြုံးလိုက်ပေမဲ့ ရင်ထဲမှာတော့ အလန့်တကြား ဖြစ်သွားပါတယ်။ ဒါပေမဲ့ တာအိုသခင်တန်ချင်းရဲ့ သတင်းအချက်အလက်မှာ ‘တွေ့ဆုံမိလျှင်’ ဆိုတဲ့ စာသားကို သွားတွေ့ပါတယ်။ ဒီစကားလုံးကြောင့် တာအိုသခင်တန်ချင်းက သေမျိုးကမ္ဘာကို မဆင်းသက်လောက်ဘူးလို့ ဟန်ကျွယ် ကောက်ချက်ချလိုက်ပါတယ်။

ရန်စန်းလည်း ရှိပါသေးတယ်။

ကောင်းကင်ရုံးတော်ရဲ့ ကောင်းကင်စစ်သူကြီးဖြစ်တဲ့ ရန်စန်းဟာ မိစ္ဆာတွေကို ရှင်းလင်းဖို့ အချိန်ကျရင် စစ်တပ်ကို ကိုယ်တိုင်ဦးဆောင်ပြီး သေမျိုးကမ္ဘာကို ဆင်းသက်လာမဲ့လူပါ။

‘မဖြစ်သေးဘူး... သူ့ကို ကျိန်စာတိုက်ရမယ်’

ဟန်ကျွယ်ဟာ ရှာတွေ့ခံရမှာစိုးတဲ့အတွက် ချက်ချင်းကြီး ကျိန်စာမတိုက်ပါဘူး။ ရန်စန်းနဲ့ တာအိုသခင်တန်ချင်းသာ ဟန်ကျွယ်က သူတို့ကို ကျိန်စာတိုက်နေမှန်းသိရင် ရနိုင်တဲ့နည်းလမ်းတွေ အကုန်လုံးသုံးပြီး ဟန်ကျွယ်ကို ရှင်းပစ်မှာ မြေကြီးလက်ခတ်မလွှဲပါပဲ။

တောက်ပတဲ့ခန်းမတစ်ခုမှာ ကျောက်တိုင်တွေနဲ့ အလှဆင်ထားတဲ့ ပစ္စည်းတွေအားလုံး တုန်ခါသွားပါတယ်။ စားပွဲခုံရဲ့ ထိပ်ဆုံးမှာတော့‌ တာအိုဝတ်ရုံ ဝတ်ဆင်ထားတဲ့ ချောမောတဲ့ ယောက်ျားတစ်ဦး ထိုင်နေပါတယ်။ ဒီအချိန်မှာ သူ့မျက်နှာက ဒေါသထွက်နေပြီး မျက်လုံးထဲမှာလည်း သတ်ဖြတ်ငွေ့တွေ့နဲ့ ပြည့်နှက်နေပါတယ်။

“ညီမလေး...”

ရန်စန်းဟာ အံကြိတ်ပြီး လက်သီးကို တင်းနေအောင် ဆုပ်လိုက်ပါတယ်။ သူ့မျက်လုံးတွေက သွေးလိုနီရဲသွားပြီး မျက်ဆံတွေတောင် သွေးရောင် ပြောင်းတော့မလိုပါပဲ။

“ဒီလိုဖြစ်ရတာ ငါ့အမှားပဲ၊ ငါ ညီမလေးကို မသွားခိုင်းသင့်ဘူး... ငါ နည်းနည်းသာ ထပ်စောင့်လိုက်မယ်ဆိုရင် ကောင်းကင်ရုံးတော်က ကောင်းကင်နိယာမကို ပြန်ယူမဲ့အချိန် ရောက်လာမှာပဲ၊ အဲဒီအချိန်ကျရင် မဟာညီညွှတ်မှု မြေအမတ ကနဦးအဆင့်က မြေလျှောက်အမတအဆင့်ထိ တားမြစ်ခံရမှာ မဟုတ်ဘူး၊ အဲဒီလိုရင် ညီမလေး အခုလို သေမှာ မဟုတ်ဘူး” ရန်စန်းဟာ နာကျင်စွာ ‌ရေရွတ်လိုက်ပါတယ်။

ရန်စန်းဟာ မြေလျှောက်အမတက သေမျိုးကမ္ဘာမှာ ပုန်းအောင်းနေလိမ့်မယ်လို့ ဘယ်တုန်းကမှ မျှော်လင့်မထားခဲပါဘူး။ ဒါတွေအကုန်လုံးက တာအိုသခင်ကျွယ်ရန်ရဲ့ အမှားတွေပါ။ တာအိုသခင်ကျွယ်ရန်ဟာ သေမျိုးကမ္ဘာဆီ ဆင်းသက်ဖို့ အရမ်းကြီး လောနေခဲ့တာပါ။ အခုတော့ သူ့ညီမလေးကိုပါ သေရွာခေါ်သွားခဲ့ပါပြီ။

‘ဘယ်သူလဲ... ဒီကောင်စုတ်က အရမ်းရက်စက်တယ်၊ မိန်းကလေးတစ်ယောက်ကိုတောင် နည်းနည်းမှ မသနားဘူး၊ ငါ့ညီမလေးက သူ့သရုပ်မှန်ကို ဖွင့်ပြောခဲ့တာတောင် နည်းနည်းမှ မျက်နှာသာ မပေးဘူး’

ရန်စန်းဟာ ဟန်ကျွယ်ကို အပိုင်းပိုင်းဖြတ်ပစ်ချင်တဲ့အထိ မုန်းတီးတာပါ။ ဟန်ကျွယ်ကို ဖမ်းမိရင် အနာကျင်ဆုံး အရက်စက်ဆုံး နည်းလမ်းနဲ့ နှိပ်စက်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။

‘မဖြစ်သေးဘူး... ငါ ဒီကိစ္စကို အမတအရာရှိဆီ သတင်းပို့ရမယ်’

ရန်စန်းဟာ ချက်ချင်း မတ်တတ်ရပ်ပြီး ခန်းမထဲကနေ လေအလျင်လို ထွက်ခွာသွားပါတယ်။

ယန်းရန်ကျွင်းနဲ့ တာအိုသခင်ကျွယ်ရန်ကို သတ်ပြီးနောက် ဟန်ကျွယ်ဟာ ယန်းရန်ကျွင်းရဲ့ ဓားပျံကို အမှတ်အသား ရှင်းလင်းပြီး စုချီဆီ ပေးလိုက်ပါတယ်။ စုချီကလည်း စွမ်းအားကြီးတဲ့ ရတနာတစ်ပါး လိုအပ်နေတာပါ။

ဟန်ကျွယ်ဟာ ယန်းရန်ကျွင်းရဲ့ ဆေးလုံးတွေကို ထုတ်ယူလိုက်ပြီး ဆက်လက်အားထုတ်ပါတယ်။ ဟန်ကျွယ်ဟာ ပြန်လည်မွေးဖွားခြင်း မြေလျှောက်အမတ အလယ်အဆင့်ကို အမြန်ဆုံးထိုးဖောက်နိုင်အောင် ကြိုးစားနေတာပါ။ ဟန်ကျွယ်ရဲ့ အစွမ်းနဲ့ မဟာညီညွှတ်မှု မြေအမတ နောက်ဆုံးအဆင့်ကို အနိုင်ယူနိုင်ဖို့ အရမ်းကို ခက်ခဲပါတယ်။

တစ်နှစ်ကြာပြီးနောက်...။

ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူလိုက်ပြီး ရန်စန်းကို ကျိန်စာစတိုက်ပါတယ်။ အခုအချိန်ကစပြီး ဟန်ကျွယ်ဟာ ပြဒါးငှက်ကို ဘေးဖယ်ထားလိုက်ပါတယ်။ အခုလက်ရှိမှာ ရန်စန်းကသာ ဟန်ကျွယ်ရဲ့ အဓိက ပစ်မှတ်ပါ။

ဟန်ကျွယ် ကျိန်စာတိုက်နေတုန်းမှာပဲ စာကြောင်းတစ်ကြောင်း သူ့ရှေ့မှာ ပေါ်လာပါတယ်။

[ချီယွင်ရှန်းသည် သင့်အား အကောင်းမြင်စိတ် ရှိသွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်လေးပွင့်။]

စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။

All Chapters