← Chapters

အခန်း (၃၆၉)

Vol. 32 Ch. 369

အခန်း (၃၆၉)

Vol. 32 Ch. 369

အပိုင်း (၃၆၉) - ပြန်လည်ဝင်စားခြင်း ၃

ကူမော့က ခပ်ဖွဖွ ရယ်မောလိုက်လေသည်။ သူသည် ချီထျန်းရှုအား ကြိုတင် သတိမပေးခဲ့ခြင်းမှာ၊ စစ်မှန်သော ကိုယ်ထည်ကို ရှာဖွေနိုင်ရန်အတွက် အခွင့်အရေးကို အသုံးချရန် လိုအပ်သောကြောင့် ဖြစ်၏။

တကယ်တမ်းမှာလည်း သူသည် ချင်းယီနတ်သမီး၏ စစ်မှန်သော ကိုယ်ထည်ကို ရှာတွေ့နိုင်ခဲ့ပြီ ဖြစ်သည်။ သူသည် ရုတ်တရက် မော့ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်...

"သူမကို ရှာတွေ့ပြီ... ချင်းယီ ရွာ ထဲမှာ ရှိနေတာပဲ..."

ချက်ချင်းပင် သူသည် လေထဲသို့ ခုန်တက်လိုက်ရာ၊ ထိုက်ရွှီး ဓားမှာ သူ၏ ခြေအောက်တွင် အလင်းတန်း တစ်ခုအဖြစ် ချက်ချင်း ပြောင်းလဲသွားတော့၏။ သူသည် ဓားကို နင်းလျက် ထျန်းယီတောင်ကို ဖြတ်ကျော်ကာ ချင်းယီ ရွာ ဆီသို့ တည့်တည့် ပျံသန်းသွားတော့၏။ ထိုအခိုက်အတန့်တွင် ချီထျန်းရှုနှင့် အခြားသူများလည်း သူတို့၏ ကိုယ်ဖျော့ပညာများကို အသုံးပြုကာ အလျင်အမြန် လိုက်ပါလာကြလေသည်။

ကူမော့၏ အရှိန်မှာ အလွန်ပင် မြန်ဆန်လှ၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် ချင်းယီ ရွာ တွင် ပေါ်လာပြီး၊ ကောင်းကင်မှ တိုက်ရိုက် ဆင်းသက်ကာ ချင်းယီ ဘုရားကျောင်း အတွင်းသို့ ရောက်ရှိသွားလေသည်။ သူသည် လူတစ်ယောက်၏ ကျောရိုး တစ်လျှောက် အေးစက်သွားစေမည့် မြင်ကွင်းတစ်ခုကိုလည်း မြင်တွေ့လိုက်ရ၏။

ထိုအခိုက်အတန့်တွင်၊ ချင်းယီ ရွာ မှ ရွာသား ရာပေါင်းများစွာသည် ချင်းယီ ဘုရားကျောင်း၏ အတွင်းရော အပြင်ပါ စုဝေးနေကြပြီး၊ ၎င်းတို့ထဲတွင် ဉာဏ်ရည်မပြည့်မီ ဖြစ်သွားကြသော သန်မာသည့် အမျိုးသားများလည်း ပါဝင်လေသည်။ ၎င်းတို့ အားလုံးမှာ မြေကြီးပေါ်တွင် ဒူးထောက်လျက် အရူးအမူး ဦးတိုက်နေကြတော့၏။

၎င်းတို့၏ ဦးခေါင်းများမှ သွေးများမှာ တရစပ် စီးကျနေပြီး၊ အချို့မှာ ဦးခေါင်းခွံများပင် ထိုးထွက်နေသော်လည်း နာကျင်မှုကို သတိပြုမိပုံ မရကြချေ။ တစ်ယောက်ထက် တစ်ယောက် ပိုပြီး ပြင်းပြင်းထန်ထန် ဦးတိုက်နေကြလျက် အော်ဟစ်နေကြသည်။

"ကျွန်တော်တို့မှာ အပြစ်ရှိပါတယ်... ကျွန်တော်တို့ သေသင့်ပါတယ်... ချင်းယီနတ်သမီး... ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ... ချင်းယီနတ်သမီး... ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါဦး..."

ကျယ်လောင်သော အသံများနှင့် ရူးသွပ်နေသော အော်ဟစ်သံများမှာ ရောနှောနေပြီး၊ ကြောက်မက်ဖွယ် မြင်ကွင်းတစ်ခုဖြစ်နေတော့၏။

ကူမော့သည် နံရံပေါ်တွင် ရပ်နေပြီး ချင်းယီ ဘုရားကျောင်းရှိ ကျောက်ရုပ်တုကို စူးစိုက်ကြည့်နေလေသည်။

ထိုအခိုက်အတန့်မှာပင်...

အမျိုးသမီး တစ်ဦးသည် ကျောက်ရုပ်တုအတွင်းမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာလေသည်။ သူမမှာ အသက် သုံးဆယ်ခန့် ရှိပုံရပြီး အလွန်ပင် ချောမောလှပသော မျက်နှာ တစ်ခု ရှိလေသည်။

ကူမော့က မေးမြန်းလိုက်သည်...

"မင်းက ယူကျင့်ဟုန် လား..."

ထိုအမျိုးသမီးက ဖြည်းညင်းစွာ ပြန်လည် ဖြေကြားလေသည်...

"ငါ အသက်ရှင်နေတုန်းက အဲဒီနာမည်ကို သုံးတာ ရပ်လိုက်တာ ကြာပါပြီ... မင်းက ဘယ်သူလဲ... ပြီးတော့ ထျန်းရှု ကော ဘယ်မှာလဲ..."

"သူ အခု မကြာခင် ရောက်လာပါလိမ့်မယ်..."

ကူမော့က ဆိုသည်။

ယူကျင့်ဟုန်သည် ကူမော့ကို အပေါ်အောက် အကဲခတ် ကြည့်လိုက်ပြီး အံ့သြသော အမူအရာဖြင့် မေးလိုက်သည်...

"မင်းက တကယ့်ကို ထူးခြားတဲ့ လူငယ်လေး တစ်ယောက်ပဲ... မင်းက ထျန်းရှု ရဲ့ တပည့် လား..."

"မဟုတ်ပါဘူး..."

ကူမော့က ပြောလိုက်သည်။

ယူကျင့်ဟုန်က ဆက်မေးသည်...

"မင်းက ငါ့ရဲ့ ကလဲ့စားချေမှုကို လာတားတာလား..."

"မဟုတ်ပါဘူး..."

ကူမော့က ဆိုသည်

"ငါတို့နဲ့အတူ ပါလာတဲ့ မိန်းကလေး တစ်ယောက် ရှိတယ် ဆိုတာ မင်း သိပါတယ်... သူမက ဉာဏ်ရည်မပြည့်မီဘူး ဆိုပေမဲ့ သူမရဲ့ စိတ်ဝိညာဉ် ခန္ဓာကိုယ် ကတော့ အရမ်း အစွမ်းထက်တယ်၊ ဝိညာဉ် အပြင်ထွက်နိုင်တဲ့ အဆင့်ကိုတောင် ရောက်လုနီးပါးပဲ... သူမက မင်းနဲ့ ပတ်သက်နေတယ်လို့ ငါ သံသယ ရှိတယ်...”

“ အဲဒီအပြင် ထျန်းယီတောင် ပေါ်က ဝိညာဉ် ပိတ်လှောင်တဲ့ ဝင်္ကပါ အကြောင်းကိုလည်း ငါ သိချင်သေးတယ်... မင်းက ယူကျင့်ဟုန် ဆိုမှတော့၊ ဘာဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး ပိတ်လှောင်ထားရတာလဲ..."

ယူကျင့်ဟုန်က ခပ်ဖွဖွ ရယ်မောလိုက်ပြီး ပြောလိုက်သည်...

"ရှင် က မေးခွန်းတွေ အများကြီး ရှိတာပဲ... ဘယ်ဟာကို အရင် ဖြေပေးရမလဲတောင် မသိတော့ဘူး... ကောင်းပြီလေ၊ မေးခွန်းတွေကို မဖြေခင်မှာ၊ ရှင် တစ်ခု မှားသွားတယ် ဆိုတာကို ငါ သတိပေးရမယ်..."

ကူမော့က ဇဝေဇဝါဖြင့် မေးလိုက်သည်...

"ဘာကို မှားတာလဲ..."

ယူကျင့်ဟုန်က ရယ်မောလျက် ဆိုသည်...

"ရှင် ဘာလို့ တစ်ယောက်တည်း လာခဲ့တာလဲ... ထျန်းရှု နဲ့ အတူ ရှိနေရမှာလေ... ဒါကြောင့် မေးခွန်းတွေကို ငါ ဖြေပေးမှာပါ၊ ဒါပေမဲ့ အရင်ဆုံး ရှင့်ရဲ့ အသိစိတ်ကို ငါ ဝါးမြိုရလိမ့်မယ်"

ယူကျင့်ဟုန် စကားမဆုံးမီမှာပင် လေဟာနယ်အတွင်း၌ ပုံမှန်မဟုတ်သော တုန်ခါမှု တစ်ခု ပေါ်လာလေသည်။

ယူကျင့်ဟုန်သည် သူ၏စွမ်းအားများဖြင့် အပြာရောင်ပင့်ကူအိမ် မန္တန်တစ်ခုကို ဖန်တီးလိုက်သည်။ ထို့နောက် မန္တန်အလယ်မှ ငွေရောင်ကြိုးမျှင်လေးသည် ကူမော့၏ မျက်ခုံးတည့်တည့်ဆီသို့ လျှပ်စီးပမာ အရှိန်ဖြင့် ပစ်ဝင်သွားခဲ့သည်။

သို့သော် ကူမော့သည် တစ်ချက်မျှ တုန်လှုပ်သွားခြင်း မရှိဘဲ အေးစက်စွာ နှာမှုတ်လိုက်ရုံသာ ပြုလုပ်ခဲ့သည်။ သူ၏ရှေ့တွင် မျက်စိဖြင့် မမြင်ရသော သံမဏိတံတိုင်းကြီးသဖွယ် အကာအကွယ်တစ်ခု ရှိနေသောကြောင့် ယူကျင့်ဟုန်၏ တိုက်ခိုက်မှုသည် ကူမော့အနီးသို့ပင် မရောက်လိုက်ဘဲ ၃ ပေအကွာတွင် အလွယ်တကူ ရိုက်ချိုးခံလိုက်ရလေသည်။

ယူကျင့်ဟုန်သည် ထိတ်လန့်သွားပြီး မေးမြန်းလိုက်သည်...

"မင်းက... တကယ်တော့ ဘယ်သူလဲ..."

ကူမော့က သူမကို ပြန်မဖြေခဲ့ချေ။ ထိုအခိုက်အတန့်မှာပင် သူ၏ မူလ ဝိညာဉ်မှာ ခန္ဓာကိုယ်အတွင်းမှ ထွက်ခွာသွားပြီ ဖြစ်ကာ၊ အရိပ်တစ်ခုအလား ပျံသန်းသွားတော့၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် သူမ၏ ရှေ့ သုံးပေအကွာတွင် ရပ်နေပြီ ဖြစ်လေသည်။

"မူလ ဝိညာဉ် က ခန္ဓာကိုယ်ကနေ ထွက်သွားနိုင်တာလား... တက်လှမ်းခြင်း နယ်ပယ် ပဲ"

ယူကျင့်ဟုန်၏ သူငယ်အိမ်များမှာ ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားတော့၏။

သို့သော်လည်း သူမအနေဖြင့် ထပ်မံ တွေးတောရန် အချိန်မရခဲ့ချေ။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူမသည် စိတ်ဝိညာဉ် ဓားတစ်လက်အဖြစ် ပြောင်းလဲကာ ခုတ်ချလိုက်ရာ၊ ထိုဓားရှည်မှာ မိုးကြိုးအလား ပြင်းထန်သော အားအင်ကို သယ်ဆောင်လျက် ကူမော့၏ မူလ ဝိညာဉ်ဆီသို့ တိုးဝင်သွားတော့၏။

သို့သော်လည်း၊ ထိုဓားရှည်မှာ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာသည့်တိုင်အောင်...

ကူမော့၏ မူလ ဝိညာဉ်မှာမူ လက်နှစ်ဖက်ကို နောက်ပစ်လျက် ရပ်နေဆဲ ဖြစ်လေသည်။ သူသည် မျက်လုံးများကို အနည်းငယ်သာ မော့ကြည့်လိုက်၏၊ ထိုအကြည့် တစ်ချက်တည်းဖြင့်ပင် မျက်ဝန်းများအတွင်းမှ နတ်ဘုရား အသိအာရုံများမှာ ပေါက်ကွဲထွက်လာပြီး၊ ကြီးမားလှသော စိတ်ဝိညာဉ် လှိုင်းဂယက်များကို သယ်ဆောင်သွားတော့၏။

ကြည်လင်သော အသံတစ်ခုနှင့်အတူ၊ ဓားရှည်မှာ လက်မအလိုက် အက်ကွဲသွားပြီး အနောက်သို့ လွင့်ထွက်သွားကာ၊ လေထဲတွင် ယူကျင့်ဟုန်၏ စိတ်ဝိညာဉ် ပုံစံမှာ ပြန်လည် ပေါ်ထွက်လာပြီးနောက် မြေပြင်ပေါ်သို့ အလျင်အမြန် ဆင်းသက်လိုက်ရလေသည်၊ သူမ၏ ခန္ဓာကိုယ်မှာလည်း ဝေဝါး ပျောက်ကွယ်တော့မည့်အလား ဖြစ်နေတော့၏။

ကူမော့၏ မူလ ဝိညာဉ်သည် ယူကျင့်ဟုန်ကို တစ်ချက် ကြည့်လိုက်ပြီးနောက်၊ သူ၏ ခန္ဓာကိုယ်အတွင်းသို့ ချက်ချင်း ပြန်လည် ဝင်ရောက်သွားကာ တည်ငြိမ်စွာ ပြောလိုက်သည်...

"အခုရော... မေးခွန်းတွေကို သေသေချာချာ ဖြေနိုင်ပြီလား..."

"တက်လှမ်းခြင်း နယ်ပယ် ဟုတ်လား... ဒီလောကမှာ စစ်မှန်တဲ့ တက်လှမ်းခြင်း နယ်ပယ် ဆိုတာ ဘယ်လိုလုပ် ရှိနိုင်မှာလဲ..."

ယူကျင့်ဟုန်က မယုံနိုင်စွာဖြင့် ရေရွတ်လိုက်သည်၊ ထိုအခိုက်အတန့်မှာပင် သူမ၏ ခန္ဓာကိုယ်အတွင်းမှ စိတ်ဝိညာဉ် စွမ်းအားများမှာ အရူးအမူး စတင် လှုပ်ခတ်လာပြီး၊ သူမ၏ မျက်နှာအမူအရာမှာလည်း တစ်မျိုးပြီး တစ်မျိုး ပြောင်းလဲနေကာ စိတ်နှစ်ခွ ဖြစ်နေသည့်အလား ထင်ရလေသည်။

"သူမကို သတ်လိုက်စမ်း... ငါ့ကို သတ်လိုက်ပါ"

အချိန်တစ်ခုတွင် ယူကျင့်ဟုန်သည် ရုတ်တရက် တည်ငြိမ်သွားသော်လည်း၊ သူမ၏ စရိုက်မှာမူ လုံးဝ ပြောင်းလဲသွားလေသည်။ သူမသည် အလွန်ပင် အေးချမ်းနေပြီး ကူမော့ကို ကြည့်ကာ ပြောလိုက်သည်...

"လူငယ်လေး... ငါ့ကို မြန်မြန် သတ်လိုက်ပါ... သူမကို သည်လောကမှာ ဆက်ပြီး အန္တရာယ် ပေးခွင့် မပြုပါနဲ့တော့..."

ထိုအခိုက်အတန့်မှာပင်...

ချင်းယီ ဘုရားကျောင်း အပြင်ဘက်မှ ချီထျန်းရှုနှင့် အခြားသူများ ရောက်ရှိလာကြလေသည်။ ချီထျန်းရှုသည် ပထမဆုံး ပြေးဝင်လာသူ ဖြစ်ပြီး မြေပြင်ပေါ်တွင် လဲကျနေသော ယူကျင့်ဟုန်ကို မြင်လိုက်ရသည့်အခါ အံ့သြတကြီးဖြင့် အော်ဟစ်လိုက်တော့၏။

"ဆရာ... ဆရာ..."

သို့သော်လည်း ထျန်းယီတောင် ပေါ်တွင် ဖြစ်ပျက်ခဲ့သော ကိစ္စများကြောင့် သူသည် မြင်တွေ့နေရသော အရာကို အလွယ်တကူ မယုံကြည်နိုင်ဖြစ်နေသဖြင့်၊ ကူမော့ဘက်သို့ အလိုအလျောက် လှမ်းကြည့်လိုက်မိလေသည်။

ကူမော့က အနည်းငယ် ခေါင်းညိတ်ပြလျက် ဆိုသည်...

"ဒါက မင်းရဲ့ ဆရာပါပဲ၊ ဒါပေမဲ့ တစ်ခုခုတော့ မှားနေတယ်..."

ချီထျန်းရှုသည် တစ်ကိုယ်လုံး တုန်ယင်သွားပြီး ကြက်သီးမွေးညင်းများပင် ထလာတော့၏။ သူသည် ယူကျင့်ဟုန်ကို ကြည့်ကာ မယုံနိုင်သော လေသံဖြင့် မေးမြန်းလိုက်သည်...

"ဆရာ... ကျွန်တော့်ကိုမှတ်မိသေးရဲ့လား..."

All Chapters