← Chapters

အခန်း (၃၇၆)

Vol. 32 Ch. 376

အခန်း (၃၇၆)

Vol. 32 Ch. 376

အပိုင်း (၃၇၆) တတ်လှမ်းခြင်းနယ်ပယ်

ရှောင်ပိုင်က သံသယဖြင့် မေးမြန်းလိုက်သည်...

"အတွင်းမိစ္ဆာ ရှိနေတာတောင်မှ၊ ကောင်းကင်တံခါးကို ဘယ်လိုလုပ်ပြီး ခေါက်နိုင်မှာလဲ..."

ကျန်းရိုရွှီးက ပြောသည်...

"ငါက မင်းနဲ့ မတူဘူးလေ... မင်း တက်လှမ်းဖို့ ကြိုးစားတုန်းကတော့ အတွင်းမိစ္ဆာကို ကြောက်လန့်ပြီး မင်းရဲ့ ကျင့်ကြံမှုကို ကိုယ်တိုင် ဖြတ်တောက်ပစ်ခဲ့တာပေါ့၊ ဒါပေမဲ့ ငါကတော့ အတွင်းမိစ္ဆာကို တိုက်ရိုက် ရင်ဆိုင်ခဲ့တာလေ..."

"အတွင်းမိစ္ဆာ ဆိုတာ အရမ်းကို စွမ်းအားကြီးလှပါတယ်၊ ပြီးတော့ သူ့ရဲ့ သက်ရှိအဆင့်အတန်းကလည်း ငါတို့ထက် သာလွန်နေတာလေ... ငါတို့ လူသားတွေအနေနဲ့ တက်လှမ်းခြင်း နယ်ပယ် ကို ရောက်နေရင်တောင်မှ သူ့ကို အန္တရာယ် ပေးနိုင်ဖို့က ခက်ခဲလွန်းပါတယ်... ဒါပေမဲ့ တိုက်ဆိုင်စွာနဲ့ပဲ၊ ငါ ဖုန်လိုင်ကျွန်း ကနေ ယူလာခဲ့တဲ့ ကျင့်ကျယ်ဓား ကတော့ အတွင်းမိစ္ဆာကို ဒဏ်ရာရအောင် လုပ်နိုင်စွမ်း ရှိတယ်လေ..."

"ငါ အတွင်းမိစ္ဆာနဲ့ အကြာကြီး တိုက်ခဲ့ဖူးပါတယ်၊ တကယ်တမ်းမှာတော့ သူ့ကို မနိုင်ခဲ့ပါဘူး... ဒါပေမဲ့ အဲဒီတိုက်ပွဲအတွင်းမှာ ကောင်းကင်တံခါးကို အောင်မြင်စွာ ခေါက်နိုင်ခဲ့တာပေါ့... ကောင်းကင်တံခါး နောက်ကွယ်က အရာတွေကို ငါ မြင်ခဲ့ရပေမဲ့၊ ငါ ရဲ့ မူလဝိညာဉ် က ဖုန်လိုင်ကျွန်း ရဲ့ တားမြစ်ချက်ကြောင့် ချည်နှောင်ခံထားရလို့ အထဲကို ဝင်လို့ မရခဲ့ဘဲ အနောက်ကို ပြန်ပြီး ဆွဲခေါ်ခံခဲ့ရတာပေါ့..."

ရှောင်ပိုင်မှာ မှင်သက်သွားပြီး၊ သတိပြန်ဝင်လာရန် အချိန်အတော်ကြာ ယူလိုက်ရလေသည်...

"ဒါဆိုရင်... ရှင်က တက်လှမ်းခြင်း နယ်ပယ် ထက်တောင် သာလွန်သွားပြီ ပေါ့..."

"မသေချာသေးပါဘူး..."

ကျန်းရိုရွှီးက ဆိုသည်

"ငါ ကောင်းကင်တံခါးကို ခေါက်ခဲ့ဖူးပြီး အထဲကို ဝင်လို့ မရခဲ့ပေမဲ့၊ အဲဒီနောက်ကွယ်က မသေမျိုး စွမ်းအင် တစ်စကိုတော့ ရခဲ့တာပေါ့... သက်ရှိအဆင့်အတန်း အရဆိုရင်တော့၊ ငါဟာ တက်လှမ်းခြင်း နယ်ပယ် ထက် သာလွန်နေပြီ ဆိုတာ မှန်ပါတယ်..."

ရှောင်ပိုင်က သံသယဖြင့် မေးမြန်းလိုက်သည်...

"ကျွန်မရဲ့ မှတ်ဉာဏ်တွေနဲ့ အသိစိတ်တွေ ပြန်ရလာပြီးတဲ့နောက်မှာ၊ ဆန်းလန်ဓားဂိုဏ်း မှာ တစ်လကျော် နေခဲ့ရတယ်လေ... အဲဒီအချိန်အတွင်းမှာ လက်ရှိလောကအကြောင်းတွေကို အများကြီး သိခဲ့ရသလို၊ ရှင့်အကြောင်းကိုလည်း ကြားခဲ့ရတယ်..."

"ငါ သိုင်းပညာ လမ်းလွဲသွားတဲ့ အကြောင်းကို ပြောတာလား..."

ကျန်းရိုရွှီးက မေးလိုက်သည်။

ရှောင်ပိုင်က ခေါင်းညိတ်ပြလိုက်၏။

ကျန်းရိုရွှီးက ပြောပြသည်...

"ငါ ကောင်းကင်တံခါးကို အောင်မြင်စွာ ခေါက်နိုင်ခဲ့ပေမဲ့၊ တားမြစ်ချက်တွေကြောင့် သေမျိုးလောကထဲကို ပြန်ပြီး ဆွဲခေါ်ခံခဲ့ရတာ... အဲဒီပြန်လမ်းမှာငါဟာ အတွင်းမိစ္ဆာနဲ့ တိုက်ခိုက်ခဲ့ရသလို၊ သူ့ရဲ့ မိစ္ဆာ စွမ်းအင်တွေရဲ့ နှောင့်ယှက်မှုကို ခံခဲ့ရလို့ စိတ်တွေ နောက်ကျိသွားခဲ့ရတာလေ... “

“နောက်ဆုံးမှာတော့ ရူးသွပ်သွားခဲ့ပြီး တစ်လောကလုံးရဲ့ ဝိုင်းဝန်း တိုက်ခိုက်တာကို ခံခဲ့ရတာပေါ့... နောက်ပိုင်းမှာ ငါ့ စိတ်တွေ ပြန်မှန်လာတဲ့ အခါမှာတော့၊ ထပ်ပြီးတော့ ရုန်းကန်မနေချင်တော့ဘူးလေ၊ ဘာလို့လဲဆိုတော့ အတွင်းမိစ္ဆာ က ငါ့ကို အမြဲတမ်း စောင့်ကြည့်နေတာကိုး... ဒါနဲ့ အတွင်းမိစ္ဆာ ရဲ့ အခွင့်ကောင်းယူတာကို မခံရအောင်လို့၊ ကျင့်ကျယ်ဓား ရဲ့ ဓားဝိညာဉ် အဖြစ်ကို ကိုယ့်အလိုအလျောက် ပြောင်းလဲလိုက်တာပေါ့..."

"အော်... သည်လိုကိုး..."

ရှောင်ပိုင်က ခေါင်းညိတ်လိုက်သည်။

ကျန်းရိုရွှီးက မေးလိုက်သည်...

"ဖုန်လိုင်ကျွန်း အကြောင်းကို ဆက်ပြောပါဦး... အမှန်တရားက ဘာလဲ..."

ရှောင်ပိုင်က ဆိုသည်...

"တကယ်တမ်းကျတော့ ဖုန်လိုင်ကျွန်း ပေါ်မှာ ပိုင်ယွီကျင်း ဆိုတာ မရှိပါဘူး... မဟုတ်ဘူး၊ အတိအကျ ပြောရရင်တော့၊ ပထမကျွန်းသခင် နဲ့ ဒုတိယကျွန်းသခင် တို့ ကိုယ်တိုင်က ပိုင်ယွီကျင်း ပါပဲ။သူတို့တွေဟာ နှစ်ပေါင်း မရေမတွက်နိုင်အောင် အသက်ရှင်လာခဲ့ကြတဲ့ မသေမျိုး ပုဂ္ဂိုလ်ကြီး နှစ်ဦး ပေါ့..."

"သူတို့တွေဟာ အမြဲတမ်း အလုပ်တစ်ခုတည်းကိုပဲ လုပ်နေခဲ့ကြတာပါ ။ အဲဒါကတော့ သိုင်းပညာတွေကို ပိုပြီး အစွမ်းထက်လာအောင်၊ ပိုပြီး များပြားလာအောင် အမြဲတမ်း ဖန်တီးနေခဲ့ကြတာပဲ... ဒါပေမဲ့ လူသားရဲ့ စွမ်းအားဆိုတာ အကန့်အသတ် ရှိတာပဲလေ... သူတို့တွေဟာ နှစ်ပေါင်း များစွာ အသက်ရှင်နေကြပြီး နယ်ပယ်တွေ မြင့်မားနေရင်တောင်မှ၊ သူတို့ရဲ့ စိတ်ကူးစိတ်သန်းတွေမှာတော့ အကန့်အသတ်တွေ ရှိနေမှာပါပဲ..."

"ဒါကြောင့်၊ သူတို့ဟာ အနှစ် သုံးဆယ်တိုင်း တစ်ခါမှာ၊ လောကအရပ်ရပ်က ပါရမီရှင်တွေကို ဖုန်လိုင်ကျွန်း ဆီကို ဖိတ်ခေါ်ပြီး အတူတူ သိုင်းပညာတွေ ဖန်တီးခိုင်းကြတာပေါ့... ခေတ်တစ်ခေတ်ရဲ့ ပါရမီရှင်တွေ ရဲ့ ဉာဏ်ပညာတွေကို စုစည်းကြတာလေ... သူတို့တွေဟာ သူတို့ ဖန်တီးထားတဲ့၊ ပြည့်စုံအောင် လုပ်ထားတဲ့ သိုင်းကျမ်းတွေကိုလည်း ရက်ရက်ရောရော မျှဝေပေးကြတာကလည်း၊ ပိုပြီး များပြားလှတဲ့ ပါရမီရှင်တွေရဲ့ ဉာဏ်ပညာတွေကို စုစည်းဖို့အတွက်ပဲ ဖြစ်မှာပါ..."

ကျန်းရိုရွှီးက သံသယဖြင့် မေးလိုက်သည်...

"သူတို့ရဲ့ ရည်ရွယ်ချက်က ဘာဖြစ်မလဲ..."

"ကျွန်မလည်း မသိပါဘူး..."

ရှောင်ပိုင်က ခေါင်းယမ်းလိုက်ရင်း ဆိုသည်

"သူတို့ရဲ့ ရည်ရွယ်ချက်က သိုင်းပညာတွေကို ဖန်တီးဖို့နဲ့ ပြည့်စုံအောင် လုပ်ဖို့ သက်သက်ပဲ ဖြစ်ပုံရတာပဲ..."

"ဒါဆို ပိုင်ယွီကျင်း ကရော..."

ကျန်းရိုရွှီးက မေးသည်။

ရှောင်ပိုင်က ပြောသည်...

"ကျွန်မ သိသလောက်ဆိုရင်တော့၊ ပိုင်ယွီကျင်း ဆိုတာ တကယ်တော့ ပထမကျွန်းသခင် နဲ့ ဒုတိယကျွန်းသခင် တို့ ဖန်တီးထားတဲ့ စိတ်ပိုင်းဆိုင်ရာ ပုံရိပ်ယောင် တစ်ခုပါပဲ... သူတို့ရဲ့ ကျင့်ကြံမှုတွေက အရမ်းကို မြင့်မားလှပါတယ်၊ ကျွန်မ ထင်တာတော့ သူတို့ဟာ တက်လှမ်းခြင်း နယ်ပယ် ထက်တောင် သာလွန်နေကြမယ် ထင်တယ်..."

"ဒါကြောင့်၊ သူတို့ဟာ ပါရမီ အရှိဆုံး လူတွေကို ရွေးချယ်ဖို့နဲ့၊ အဲဒီလူတွေရဲ့ အစွမ်းထက်တဲ့ စိတ် စွမ်းအားတွေကို သုံးပြီး သိုင်းပညာတွေကို ပြုပြင်ပြောင်းလဲဖို့အတွက် ပိုင်ယွီကျင်း ကို ဖန်တီးခဲ့ကြတာပေါ့...”

“ အဲဒီလိုနဲ့ သိုင်းပညာတွေကို ပိုပြီး အစွမ်းထက်လာအောင်၊ ပိုပြီး ပြည့်စုံလာအောင် လုပ်ကြတာလေ... တစ်ချိန်တည်းမှာပဲ၊ သူတို့မှာ နောက်ထပ် ရည်ရွယ်ချက် တစ်ခု ရှိပါသေးတယ် ။ အဲဒါကတော့ ပါရမီရှင်တွေ အားလုံးကို လှည့်စားပြီး သူတို့ရဲ့ စိတ်ဓာတ်တွေထဲမှာ တားမြစ်ချက်တွေ ထည့်သွင်းဖို့ပါပဲ..."

"အဲဒီတားမြစ်ချက် ရှိတဲ့သူတွေ သေဆုံးသွားတဲ့ အခါကျရင်တော့၊ သူတို့တွေဟာ..အဲ့ဒီနေရာမှာ လူဝင်စားကြတယ်”

ထိုလူဝင်စားခြင်းမှာ သာမန်လူများ နားလည်ထားသော သံသရာလည်ခြင်းမျိုး မဟုတ်ဘဲ၊ ၎င်းတို့က တမင်တကာ လမ်းညွှန်လိုက်ခြင်းသာ ဖြစ်လေသည်။ အောင်မြင်စွာ လူဝင်စားနိုင်သူ မှန်သမျှမှာ ပဋိသန္ဓေ တည်ကတည်းက တားမြစ်ချက် ခံထားကြရသူများ ဖြစ်လေသည်။

"အဲ့ဒီလူတွေ အားလုံးဟာ သူတို့ခေတ်ရဲ့ အထူးချွန်ဆုံး ပါရမီရှင်တွေရဲ့ လူဝင်စားတွေ ဖြစ်ကြသလို၊ သူတို့ရဲ့ အတိတ်ဘဝက အစွမ်းထက်တဲ့ စိတ်ဝိညာဉ် စွမ်းအားတွေကိုလည်း ဆက်လက် ထိန်းသိမ်းထားနိုင်ကြတာပေါ့... တစ်ချိန်တည်းမှာပဲ၊ သူတို့ဟာ တားမြစ်ချက်ကြောင့် ဖြူစင်ပြီး အပြစ်ကင်းစင်တဲ့ စိတ်နှလုံးကိုလည်း ပိုင်ဆိုင်ထားကြရတာလေ...”

“ ရှင် ဖုန်လိုင်ကျွန်း ကို ရောက်ဖူးတာပဲ၊ ကျွန်းပေါ်က လူတွေ အကုန်လုံးက အရမ်းကို ရိုးသားဖြူစင်ကြတယ်ဆိုတာ ရှင် သိမှာပေါ့... အခုလေးတင် ရှင် ပါးရိုက်လိုက်တဲ့ ဝဝကစ်ကစ် နှစ်ယောက်လိုပေါ့လေ... သူတို့က တကယ့်ကို ရိုးသားကြတာပါ..."

ကျန်းရိုရွှီးက ခေါင်းညိတ်ထောက်ခံလိုက်သည်...

"ငါက ဖုန်လိုင်ကျွန်း ဟာ လောကနဲ့ သီးခြား ဖြစ်နေလို့ ဒီလို ဖြစ်နေတာလို့ ထင်ခဲ့တာပေါ့..."

"အဲဒါက အကြောင်းရင်း တစ်စိတ်တစ်ပိုင်းပဲ ရှိတာပါ..."

ရှောင်ပိုင်က ဆိုသည်

"အဓိက အကြောင်းရင်းကတော့၊ ကျွန်မတို့တွေ လူဝင်စားတဲ့ အချိန်မှာပဲ ကျွန်းသခင် နှစ်ဦးရဲ့ တားမြစ်ချက်ကို ခံလိုက်ရလို့၊ အားလုံးက ဖြူစင်တဲ့ စိတ်နှလုံးကို ပိုင်ဆိုင်ထားကြပြီး သိုင်းပညာတွေကိုပဲ မနားမနေ ကျင့်ကြံကြသလို၊ သိုင်းပညာ အသစ်တွေကိုလည်း အမြဲတမ်း သုတေသန ပြုလုပ်နေကြတာပေါ့... “

“ဒါကြောင့်မို့လို့၊ အနှစ် သုံးဆယ်တိုင်း တစ်ခါ အပြင်လောကက ပါရမီရှင်တွေ ကျွန်းပေါ်ကို ရောက်လာတဲ့အခါ၊ ဖုန်လိုင်ကျွန်း ပေါ်မှာ ဒီလောက်အထိ များပြားပြီး နက်နဲလှတဲ့ သိုင်းပညာတွေကို မြင်တွေ့နေရတာပေါ့... ဘာလို့လဲဆိုတော့ ကျွန်းပေါ်က လူတွေ အကုန်လုံးဟာ ကျွန်းသခင် နှစ်ဦး ရဲ့ သိုင်းပညာ ဖန်တီးရေး စက်ယန္တရားတွေ ဖြစ်နေလို့ပါပဲ..."

ကျန်းရိုရွှီးက လေးနက်သော လေသံဖြင့် ဆိုသည်...

"ဒါဆိုရင်၊ ငါတို့ရဲ့ မူလဝိညာဉ် တွေထဲမှာ တားမြစ်ချက်တွေ ထည့်သွင်းရတဲ့ ရည်ရွယ်ချက်က၊ ကွယ်လွန်ပြီးတဲ့အခါ ဖုန်လိုင်ကျွန်း ပေါ်မှာပဲ ပြန်ပြီး လူဝင်စားလာအောင် လုပ်ဖို့နဲ့ သူတို့အတွက် အသုံးချခံရဖို့ ပေါ့လေ..."

"အတိအကျပါပဲ..."

ရှောင်ပိုင်က ခေါင်းညိတ်လိုက်သည်။

ကျန်းရိုရွှီး ခဏမျှ စဉ်းစားကြည့်လိုက်ပြီးနောက် ပြောလိုက်သည်...

"ဒီအတိုင်းသာ ဆိုရင်တော့၊ တက်လှမ်းဖို့ ကြိုးစားတာသာ မဟုတ်ခဲ့ရင်၊ ဖုန်လိုင်ကျွန်း နဲ့ ရန်သူ ဖြစ်နေဖို့ မလိုပါဘူး... သူတို့က ငါ့ ကို အခွင့်အရေးတွေ ပေးခဲ့သလို၊ သိုင်းပညာတွေကိုလည်း ပြည့်စုံအောင် ကူညီပေးခဲ့တယ်လေ၊ ပြီးတော့ ဒီဘဝမှာ ငါ့ရဲ့ အကန့်အသတ်တွေကို ဖောက်ထွက်နိုင်အောင်လည်း လုပ်ပေးခဲ့တာပေါ့... “

“သူတို့ရဲ့ ဆုလာဘ် အနေနဲ့ ကွယ်လွန်ပြီးတဲ့နောက် သူတို့အတွက် အသုံးချခံရတာကလည်း အပြန်အလှန် ဖြစ်နေတာပဲလေ... သူတို့က ငါ့ကို ဒုတိယ အကြိမ်မြောက် အသက်ရှင်ခွင့်တောင် ပေးထားခဲ့သေးတာ မဟုတ်လား..."

ရှောင်ပိုင်က ဆိုသည်...

"သီအိုရီ အရပြောရရင်တော့ အဲဒါ မှန်ပါတယ်... ဒါပေမဲ့ ကျေးဇူးတင်တဲ့ အနေနဲ့ပဲ၊ ရှင့်ရဲ့ မူလဝိညာဉ် အတွင်းက တားမြစ်ချက်တွေကို မဖယ်ရှားဘဲ နေမှာလား..."

"မနေပါဘူး..."

ကျန်းရိုရွှီးက ဆိုသည်။

"အဲဒါပါပဲလေ..."

ရှောင်ပိုင်က ပြောသည်

"ဒါကြောင့် ငါတို့တွေ ပူးပေါင်းသင့်တာပေါ့..."

ကျန်းရိုရွှီးက ပြောလိုက်သည်...

"ငါကတော့ တားမြစ်ချက်တွေကို ဖယ်ရှားဖို့အတွက် လုပ်မှာပါ... ဒါပေမဲ့ မင်းကတော့ အဲဒီတားမြစ်ချက်တွေကို ဖယ်ရှားနိုင်ခဲ့ရင်တောင်မှ၊ မင်းရဲ့ အတွင်းမိစ္ဆာကို မရင်ဆိုင်ရဲသေးရင် တက်လှမ်းနိုင်မှာ မဟုတ်ဘူးလေ... မင်း ဒီနှစ်တွေအများကြီးအတွင်းမှာ ဘာတွေ ပြင်ဆင်ထားလို့လဲ..."

ရှောင်ပိုင်က လေးနက်သော လေသံဖြင့် ဆိုသည်...

"ကျွန်မရဲ့ အတွင်းမိစ္ဆာကို ကိုင်တွယ်ဖို့ နည်းလမ်းကို ရှာနိုင်မှာပါ၊ ဒါမှမဟုတ်လည်း ဖုန်လိုင်ကျွန်း မှာ အဲဒီနည်းလမ်း ရှိကောင်း ရှိနိုင်ပါတယ်... ဒါပေမဲ့ အတွင်းမိစ္ဆာကို ကိုင်တွယ်မယ့် နည်းလမ်း ရလာတဲ့ အချိန်အထိ စောင့်နေပြီးမှ၊ တားမြစ်ချက်တွေကို ဖြည်းဖြည်းချင်း ဖယ်ရှားဖို့ ကြိုးစားနေလို့တော့ မဖြစ်ဘူး မဟုတ်လား..."

"အဲဒါလည်း ဟုတ်သားပဲ..."

ကျန်းရိုရွှီးက မမေးမြန်းလိုက်သည

"ဒါနဲ့ လူဝင်စားခြင်း ဆိုတာက တကယ်တော့ ဘာလဲ..."

ရှောင်ပိုင်က ရှင်းပြသည်...

"အဲဒါက ဒဏ္ဍာရီထဲက သံသရာလည်ခြင်းမျိုးနဲ့တော့ မတူဘူးလေ... ပြောရရင်တော့ ဝိညာဉ်ဝင်စားခြင်း နဲ့ ပိုပြီး တူပါတယ်... သာမန်လူတွေ ကွယ်လွန်တဲ့ အခါမှာတော့ သူတို့ရဲ့ အသိစိတ်တွေနဲ့ စိတ်ဆန္ဒတွေ ပျောက်ကွယ်သွားတာပေါ့...”

“ ဒါပေမဲ့ သိုင်းဆရာကြီးတွေ ကွယ်လွန်တဲ့ အခါမှာတော့၊ သူတို့ရဲ့ အသိစိတ်တွေ ပျောက်ကွယ်သွားပေမဲ့၊ သူတို့ရဲ့ စိတ်ဝိညာဉ် စွမ်းအားတွေနဲ့ စိတ်ဆန္ဒတွေကတော့ အချိန်အတော်ကြာအောင် ကျန်ရစ်နေတတ်တယ်လေ..."

All Chapters