အခန်း (၃၇၇)
Vol. 32 Ch. 377
အပိုင်း (၃၇၇) ဇာတိ ပြန်ခြင်း
"အဲဒီအချိန်အတွင်းမှာ၊ ကျွန်းသခင်တွေက သူတို့ရဲ့ နည်းလမ်းတွေကို သုံးပြီးတော့၊ အဲဒီစိတ်ဝိညာဉ် စွမ်းအားတွေနဲ့ စိတ်ဆန္ဒတွေကို ကိုယ်ဝန်ဆောင် အမျိုးသမီးရဲ့ ဝမ်းဗိုက်ထဲက သန္ဓေသား ရဲ့ အသိစိတ်ထဲကို ထည့်သွင်းပေးလိုက်ကြတာပေါ့... “
“အဲဒါက ပြန်လည်မွေးဖွားခြင်း ဖြစ်သလို ဝိညာဉ်ဝင်စားခြင်း လည်း ဖြစ်နေတာလေ... ပြန်လည်မွေးဖွားခြင်း လို့ ခေါ်ရတာက၊ အဲဒီသန္ဓေသား ရဲ့ အသိစိတ်ဟာ မွေးကတည်းက ဒီအတိုင်း ဖြစ်နေခဲ့လို့ပါပဲ၊ ဝိညာဉ်ဝင်စားခြင်း လို့ ခေါ်ရတာကတော့၊ တကယ်လို့ စိတ်ဝိညာဉ် စွမ်းအားတွေသာ ထည့်သွင်းမခံရဘူး ဆိုရင်၊ အဲဒီသန္ဓေသားရဲ့ ဘဝက တခြား လမ်းကြောင်းတစ်ခုဆီကို ရောက်သွားမှာမို့လို့ပေါ့..."
ထိုသို့ ပြောဆိုရင်း...
ရှောင်ပိုင်သည် ခဏမျှ တိတ်ဆိတ်သွားပြီးမှ ဆက်ပြောသည်...
"ဒါကြောင့်၊ ကျွန်မရဲ့ လက်ရှိ ဘဝဟာ တကယ်တမ်းကတော့ ကျွန်မရဲ့ အတိတ်ဘဝနဲ့ သက်ဆိုင်နေတာပါ..."
"ဒါပေမဲ့လည်း အဲဒါက အရေးမကြီးပါဘူး၊ ဘာလို့လဲဆိုတော့ ကျွန်မရဲ့ အတိတ်ဘဝက အသိစိတ်ကတော့ ကွယ်လွန်သွားခဲ့ပြီလေ... ဒီဘဝမှာ ကျွန်မက အသိစိတ် အသစ်တစ်ခုနဲ့ မွေးဖွားလာခဲ့တာပါ... “
“ဒါပေမဲ့လည်း နောက်ထပ် ပြဿနာတစ်ခုကတော့ မှတ်ဉာဏ်တွေပဲပေါ့... အခု ကျွန်မဆီမှာ အတိတ်ဘဝက မှတ်ဉာဏ်တွေ ပြန်ရှိလာပြီလေ... အသိစိတ်ကတော့ သည်အသစ်မွေးလာတဲ့ အသိစိတ်ပဲ ဖြစ်ပေမဲ့၊ ခံယူချက်တွေ၊ ယုံကြည်ချက်တွေနဲ့ ခံစားချက်တွေ အကုန်လုံးက ပြောင်းလဲသွားတော့မှာလေ... ဒါဆိုရင်၊ ကျွန်မက အခု အသစ်မွေးလာတဲ့ အသိစိတ် လား၊ ဒါမှမဟုတ် အတိတ်ဘဝက အသိစိတ် လား..."
"ကျွန်မက ရှောင်ပိုင် လား၊ ဒါမှမဟုတ် ယူကျင့်ဟုန် လား..."
ရှောင်ပိုင်သည် အတွေးထဲ၌ နစ်မျောသွားတော့၏။
ကျန်းရိုရွှီးက လက်ဝှေ့ယမ်းပြလိုက်ရင်း ဆိုသည်...
"ငါ့ အကြံပေးချက်ကတော့၊ မင်းအနေနဲ့ ကူမော့ ကိုလည်း ပူးပေါင်းဖို့ ဖိတ်ခေါ်သင့်တယ် လို့ ထင်ပါတယ်... အမှန်အတိုင်း ပြောရရင်တော့၊ သူက အတွင်းမိစ္ဆာ မဖြစ်နိုင်ပါဘူး... အဲဒီအပြင်၊ တကယ်လို့ သူက အတွင်းမိစ္ဆာ ဖြစ်နေရင်တောင်မှ၊ ပူးပေါင်းဖို့က ပိုပြီး မလွယ်ဘူးလား... ဖုန်လိုင်ကျွန်း ရှိနေတာကြောင့် အတွင်းမိစ္ဆာတွေဟာ သူတို့ရဲ့ အာဟာရတွေကို အများကြီး ဆုံးရှုံးနေရတာ မဟုတ်လား..."
ရှောင်ပိုင်က သံသယဖြင့် မေးမြန်းလိုက်သည်...
"ကူမော့ က ရှင့်ရဲ့ ရုပ် ခန္ဓာကိုယ်ကိုရော ရှင့်ရဲ့ မျိုးဆက်တွေကိုပါ သတ်ခဲ့တာလေ... အခုဆို ကျန်း နိုင်ငံ ဟာလည်း ကူမော့ ကြောင့် ပျက်စီးတော့မယ့် အခြေအနေ ရောက်နေတာကို... အဲဒီအာဃာတတွေကို ဘေးဖယ်ထားပြီး သူနဲ့ ပူးပေါင်းနိုင်ပါ့မလား..."
ကျန်းရိုရွှီးက ဆိုသည်...
"ငါတို့လို အဆင့်မျိုးကို ရောက်နေတဲ့သူတွေက မိသားစု သံယောဇဉ်တွေ၊ မျိုးဆက်တွေအပေါ်မှာ ဂရုစိုက်နေဦးမှာ မဟုတ်တော့ပါဘူး... ကံကြမ္မာ အနှောင်အဖွဲ့တွေကို လုံးဝ မဖြတ်တောက်ဘဲနဲ့တော့ ငါတို့ ဘယ်လိုလုပ် တက်လှမ်းနိုင်မှာလဲ.. မင်းကိုယ်တိုင်လည်း တက်လှမ်းဖို့ ကြိုးစားတုန်းက သေမျိုးလောက ရဲ့ အနှောင်အဖွဲ့တွေကို ဖြတ်တောက်ခဲ့တာပဲ မဟုတ်လား..."
ရှောင်ပိုင်သည် ရုတ်တရက် သဘောပေါက်သွားပြီး ဆိုသည်...
"ကျွန်မက ဒီဘဝရဲ့ မှတ်ဉာဏ်တွေရဲ့ လွှမ်းမိုးမှုကို နည်းနည်း ခံလိုက်ရလို့ပါ..."
“တကယ်လို့ သူမသာ လောကီရေးရာတွေကို အလေးထားနေဦးမည်ဆိုလျှင်၊ ဖုန်လိုင်ကျွန်း ရဲ့ သတင်းတွေ ပေါက်ကြားမှာကို စိုးရိမ်လို့ လု မိသားစု ကို ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း မရှိတဲ့ အခြေအနေအထိ လုပ်ထားမိမှာ မဟုတ်ပါဘူး။
"ငါ လာမယ့်နှစ် သြဂုတ်လ ၁၅ ရက်နေ့ကျရင် ဖုန်လိုင်ကျွန်း ကို လာခဲ့ပါ့မယ်... မင်းအနေနဲ့ ပြင်ဆင်ထားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်..."
ကျန်းရိုရွှီးက ပြောလိုက်သည်။
"ကျွန်မ ဘာလုပ်ဖို့ စီစဉ်ထားလဲဆိုတာကို ရှင် မသိချင်ဘူးလားဟင်..."
ရှောင်ပိုင်က မေးလိုက်သည်။
ကျန်းရိုရွှီးက တည်ငြိမ်စွာ ပြန်ပြောသည်...
"မင်းရဲ့ အစီအစဉ်တွေကို သိဖို့ ငါ စိတ်မဝင်စားပါဘူး... အောင်မြင်သွားရင်တော့ ကောင်းတာပေါ့... မအောင်မြင်ရင်လည်း သတ်ဖြတ်ရမှာပဲ... တကယ်လို့ ငါ နိုင်ခဲ့ရင်တော့ လွတ်လပ်ခွင့်ကို ပြန်ရမှာပေါ့... ရှုံးခဲ့ရင်လည်း အကျိုးဆက်တွေကို ကိုယ်တိုင်ပဲ ခံယူပါ့မယ်..."
ရှောင်ပိုင်က ဆိုသည်...
"ဒါဆိုရင်တော့၊ ရှင်နဲ့ ကျွန်မက တကယ်ပဲ အတူတူ တိုက်ပွဲဝင်ရတော့မှာပေါ့လေ..."
"ကောင်းပါပြီ..."
ထိုသို့ ပြောပြီးနောက်၊ ကျန်းရိုရွှီးသည် မြူခိုးတစ်စအဖြစ် ပြောင်းလဲသွားကာ ကျင့်ကျယ်ဓား အတွင်းသို့ ချက်ချင်း ပျောက်ကွယ်သွားတော့၏၊ ဓားရှည်မှာလည်း ကောင်းကင်ယံသို့ ချက်ချင်း ပျံတက်သွားပြီး ညအမှောင်ထုအတွင်း မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတော့၏။
…….
ဖုန်လိုင်ကျွန်း မှ တမန်တော်များနှင့် တွေ့ဆုံပြီးနောက်တစ်နေ့တွင်၊ ကူမော့နှင့် ကူချူတုန်းတို့သည် ဆန်းလန်ဓားဂိုဏ်း မှ ထွက်ခွာခဲ့ကြပြီး လင်းကျန်း မြို့ဆီသို့ ဦးတည်ခဲ့ကြလေသည်။
ကူချူတုန်းသည် လင်းကျန်းမြို့သို့ မပြန်ဖြစ်တာ တစ်နှစ်ကျော် ရှိသွားပြီဖြစ်ရာ၊ လမ်းခရီး တစ်လျှောက်လုံး အလွန် စိတ်လှုပ်ရှားနေခဲ့လေသည်။
သို့သော်လည်း...
မြို့ထဲသို့ ပြန်ရောက်သည့် အခါတွင်မူ၊ မြင်တွေ့လိုက်ရသော မြင်ကွင်းများကြောင့် ကူမော့နှင့် ကူချူတုန်းတို့ နှစ်ဦးစလုံးမှာ အံ့အားသင့်သွားကြရတော့၏။ လင်းကျန်းမြို့သည် အရင်ကထက် အများကြီး ပိုပြီး ခြောက်ကပ်နေသောကြောင့် ဖြစ်လေသည်။
မြစ်သုံးသွယ် ပေါင်းစပ်ရာ နေရာတွင် တည်ရှိသော လင်းကျန်းမြို့သည် ရေလမ်းခရီး အဆင်ပြေလှသဖြင့် စည်ကားလှသော ကုန်သွယ်ရေး ဗဟိုချက်တစ်ခု ဖြစ်ခဲ့လေသည်။ယွင်ကျိုး ၏ မြို့တော်ဖြစ်သော ယွင် မြို့နယ် ပြီးလျှင် လင်းကျန်းမြို့သည် ယွင်ကျိုး ရှိ မြို့နယ် ခြောက်ခုအနက် ဒုတိယမြောက် အစည်ကားဆုံးသော မြို့တစ်မြို့ ဖြစ်ခဲ့ဖူးလေသည်။
ကူမော့နှင့် ကူချူတုန်းတို့သည် လင်းကျန်းမြို့တွင် နှစ်ပေါင်းများစွာ နေထိုင်လာခဲ့ကြသူများ ဖြစ်သဖြင့်၊ မြို့အကြောင်းကို ကောင်းကောင်း သိထားကြသူများ ဖြစ်လေသည်။ ၎င်းတို့သည် လင်းကျန်းမြို့ကို ခုလောက်အထိ ခြောက်ကပ်နေသည်ကို တစ်ခါမှ မမြင်ဖူးခဲ့ကြပါချေ။ ဆိုင်အတော်များများမှာ ပိတ်ထားကြပြီ ဖြစ်သလို၊ ၎င်းတို့ မှတ်မိနေခဲ့သော လမ်းဘေး ဈေးသည်များကိုလည်း နေရာအနှံ့မှာ လုံးဝ မတွေ့ရတော့ပါချေ။
"အစ်ကို... လင်းကျန်းမြို့မှာ တစ်ခုခု ဖြစ်နေတာ သေချာတယ်"
ကူချူတုန်းက အံ့သြတကြီး အော်ဟစ်လိုက်လေသည်။
ကူမော့က လေးနက်သော လေသံဖြင့် ဆိုသည်...
"ငါတို့တွေ း မပြန်လာတာ ကြာပြီလေ... ဖြစ်နိုင်တာက ခရိုင်ဝန် အသစ် ရောက်နေတာ ဖြစ်မလား၊ အဲဒီခရိုင်ဝန် အသစ်က မူဝါဒ အသစ်တွေ ချမှတ်ထားလို့ ဖြစ်မှာပေါ့..."
ကူမော့ စကားမဆုံးမီမှာပင်...
အရာရှိ တစ်စုသည် စားသောက်ဆိုင် တစ်ဆိုင်အတွင်းသို့ မောက်မာစွာ ဝင်သွားကြပြီး ပစ္စည်းများကို ရိုက်နှက် ဖျက်ဆီးနေကြသည်ကို တွေ့လိုက်ရလေသည်။ နောက်ဆုံးတွင် ဆိုင်မန်နေဂျာ ထွက်လာပြီး မျက်နှာချို သွေးလျက်၊ ထိုကိစ္စ ပြီးသွားစေရန်အတွက် ပိုက်ဆံ ပေးလိုက်ရတော့၏။
ကူမော့နှင့် ကူချူတုန်းတို့သည် ထိုအဖြစ်အပျက် အားလုံးကို အိမ်အဝင်ဝမှနေ၍ မြင်တွေ့ခဲ့ကြရလေသည်။
ထိုမြင်ကွင်းများကြောင့်...
ကူမော့နှင့် ကူချူတုန်းတို့မှာ အလွန်ပင် ဇဝေဇဝါ ဖြစ်သွားကြရတော့၏။
သူတို့သည် လင်းကျန်းမြို့မှာ နှစ်ပေါင်းများစွာ နေထိုင်လာခဲ့ကြသူများ ဖြစ်သော်လည်း၊ ဆိုးရွားလှသော အခြေအနေမျိုးကို တစ်ခါမှ မကြုံဖူးခဲ့ကြပါချေ။
သိပ်မကြာမီမှာပင်၊ ၎င်းတို့သည် ချန်းဖုန်းအစောင့်အရှောက် လုပ်ငန်း ရှိရာသို့ ဖြတ်သန်းသွားသောအခါ၊ အိမ်အဝင်ဝတွင် လူများဖြင့် စည်ကားနေသည်ကို အံ့သြစွာ တွေ့ရှိလိုက်ရလေသည်၊ လူအများအပြားမှာ အထဲသို့ ဝင်ရန်နှင့် ထွက်ရန်အတွက် တန်းစီနေကြသောကြောင့် ဖြစ်သည်။
ကူမော့နှင့် ကူချူတုန်းတို့ကို ပို၍ပင် အံ့သြသွားစေသည်မှာ၊ ထိုလူများထဲတွင် ၎င်းတို့ အစောင့်အရှောက် ဖြစ်ခဲ့စဉ်တုန်းက ဆုံတွေ့ခဲ့ဖူးသော ရဲဘော်ရဲဘက်များစွာ ပါဝင်နေခြင်း ဖြစ်သလို၊ အချို့မှာ လင်းကျန်းမြို့ရှိ အခြား အစောင့်အရှောက် လုပ်ငန်းများ၏ အမာခံ ပုဂ္ဂိုလ်များ ဖြစ်ကြသော ဝါရင့် အစောင့်အရှောက်ကြီးများ ဖြစ်နေကြသောကြောင့်ပင် ဖြစ်လေသည်။
ကူမော့နှင့် ကူချူတုန်းတို့သည် အခြေအနေကို စုံစမ်းရန် အနားသို့ တိုးကပ်သွားသောအခါ၊ ထိုသူများ အားလုံးမှာ ချန်းဖုန်း အစောင့်အရှောက် လုပ်ငန်း တွင် အလုပ်လျှောက်ရန် လာခဲ့ကြခြင်း ဖြစ်ကြောင်း သိရှိလိုက်ရလေသည်။
၎င်းတို့၏ သံသယများမှာ ပိုမို နက်ရှိုင်းလာခဲ့ပြီ ဖြစ်လေ၏။
ထိုအခိုက်အတန့်တွင်၊ ကူချူတုန်းက ကူမော့၏ အင်္ကျီလက်ကို ရုတ်တရက် ဆွဲလိုက်ပြီး၊ တံခါးဝရှိ လူတစ်ဦးကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်...
"အစ်ကို... ဟိုမှာ ဦးလေး ကူ... ပြီးတော့ ဟိုတစ်ယောက်က... ဖျင်နန်အစောင့်အရှောက် လုပ်ငန်း ရဲ့ အစောင့်အရှောက် ခေါင်းဆောင် ရှဲ့ဇိုက်ယွမ်မဟုတ်လား... မဖြစ်နိုင်တာ… ဖျင်နန် အစောင့်အရှောက် လုပ်ငန်း ဆိုတာ လင်းကျန်း မှာ အကြီးဆုံး လုပ်ငန်း တစ်ခုပဲလေ... အဲဒီလုပ်ငန်းကြီး ပြိုလဲမသွားသရွေ့တော့၊ ရှဲ့ဇိုက်ယွမ် က တခြား လုပ်ငန်းကို ပြောင်းဖို့ မဖြစ်နိုင်ဘူးလေ"
ကူမော့သည်လည်း ကူဟိန်း ဘေးတွင် ရှိနေသော သူမှာ ရှဲ့ဇိုက်ယွမ် ဖြစ်နေသည်ကို မှတ်မိလိုက်လေသည်။
ရှဲ့ဇိုက်ယွမ် သည် သိုင်းလောကတွင် အရေးမပါသော ပုဂ္ဂိုလ် တစ်ဦး ဖြစ်သော်လည်း၊ အဲဒါက ကူမော့၏ လက်ရှိ အမြင်နှင့် ယှဉ်လျှင်သာ ဖြစ်လေသည်။ လွန်ခဲ့သော နှစ်အနည်းငယ်က၊ ကူမော့သည် အစောင့်အရှောက် တစ်ဦး ဖြစ်နေစဉ်တုန်းကတော့၊ ရှဲ့ဇိုက်ယွမ် ကဲ့သို့သော ပုဂ္ဂိုလ်မှာ သူ အမြဲတမ်း အားကျခဲ့ရသူ တစ်ဦး ဖြစ်ခဲ့လေ၏။
အစောင့်အရှောက် အချင်းချင်း အနေဖြင့်၊ ရှဲ့ဇိုက်ယွမ် ၏ နာမည်မှာ သူ့အတွက်တော့ ဒဏ္ဍာရီ တစ်ခုအလား ဖြစ်ခဲ့ဖူးလေသည်။ သူသည် ရှဲ့ဇိုက်ယွမ် နှင့် တိုက်ရိုက် ထိတွေ့ခွင့် မရခဲ့ဖူးသော်လည်း၊ သူနှင့် သူ၏ လုပ်ဖော်ကိုင်ဖက်ဟောင်းများသည် ရှဲ့ဇိုက်ယွမ် ကို အဝေးမှနေ၍ အမြဲတမ်း လေးစားစွာ ကြည့်ခဲ့ရဖူးလေ၏။
လွန်ခဲ့သော အချိန်တုန်းက ဝါရင့် အစောင့်အရှောက် ခေါင်းဆောင် တစ်ဦး ဖြစ်ခဲ့သော ကူဟိန်း ပင်လျှင်၊ ရှဲ့ဇိုက်ယွမ် ထက် အဆင့် တစ်ဆင့် နိမ့်နေခဲ့သူ ဖြစ်လေသည်။ သို့သော်လည်း အခုအချိန်မှာတော့ ရှဲ့ဇိုက်ယွမ် သည် ကူဟိန်း ရှေ့တွင် အလွန်ပင် နှိမ့်ချနေပြီ ဖြစ်ကာ၊ မျက်နှာချို သွေးနေသည့် ပုံစံမျိုးပင် ဖြစ်နေတော့၏။
ကူဟိန်းက ရှဲ့ဇိုက်ယွမ်ကို တံခါးဝအထိ လိုက်လံ ပို့ဆောင်ပေးနေစဉ်၊ ရှဲ့ဇိုက်ယွမ်က ကူဟိန်း၏ လက်ကို ဆုပ်ကိုင်လျက် ပြောလိုက်သည်...
"ညီအစ်ကို ကူ... ကျွန်တော်တို့ အချင်းချင်း သိလာခဲ့တာ နှစ်တွေ အများကြီး ရှိနေပြီပဲလေ၊ ကျွန်တော့်ရဲ့ စရိုက်နဲ့ အရည်အချင်းတွေကိုလည်း သိထားပြီးသားပဲ မဟုတ်လား... ကျေးဇူးပြုပြီး သူဌေးကြီး ထန် ဆီမှာ ကျွန်တော့်အတွက် စကားလေး တစ်ခွန်းလောက်တော့ ပြောပေးပါဦး... ကျွန်တော်က အစောင့်အရှောက် ခေါင်းဆောင် မဟုတ်ရင်တောင်မှ၊ သာမန် အစောင့်အရှောက် တစ်ယောက် အနေနဲ့ပဲ ဖြစ်ဖြစ် အလုပ် လုပ်ဖို့ အသင့်ပါပဲ... ကျေးဇူးပြုပြီး ကူညီပေးပါဦး"
ကူဟိန်းက ပြုံးလျက် ဆိုသည်...
"ညီအစ်ကို ရှဲ့ ရဲ့ အရည်အချင်းတွေနဲ့ သာမန် အစောင့်အရှောက် တစ်ယောက် အနေနဲ့ လုပ်ဖို့ ဆိုတာကတော့ မဖြစ်သင့်ပါဘူး... တကယ်လို့ မင်းအနေနဲ့ သည် ချန်းဖုန်း အစောင့်အရှောက် လုပ်ငန်း ဆီကို လာချင်တယ် ဆိုရင်တော့၊ ကျွန်တော်ကိုယ်တိုင် ရာထူးကနေ ဆင်းပေးပြီး မင်းကို အစောင့်အရှောက် ခေါင်းဆောင်ကြီး အဖြစ် ခန့်အပ်ပေးဖို့ ကျွန်တော် ဝမ်းသာအားရ လုပ်ပေးမှာပါ..."
"ညီအစ်ကို ကူ... အဲဒီလိုတော့ မပြောပါနဲ့ဦး..."
ရှဲ့ဇိုက်ယွမ်က အလျင်အမြန်ပင် ပြန်ပြောသည်
"ညီအစ်ကို ကူ... အခု အခြေအနေတွေ အရဆိုရင်တော့၊ ဟူး... ကျွန်တော့်ရဲ့ ဝမ်းရေးအတွက် မင်းဆီက အကူအညီ တကယ် လိုအပ်နေလို့ပါ"
"အဲဒီလို မဟုတ်ပါဘူး ညီအစ်ကို ရှဲ့... အိမ်ပြန်ပြီး သတင်း စောင့်နေလိုက်ပါဦး... အလွန်ဆုံး နှစ်ရက် အတွင်းမှာတင် ကျွန်တော် အကြောင်းပြန်ပါ့မယ်..."
ဟု ကူဟိန်းက ဆို၏။
"ညီအစ်ကို ကူ... ဒီကိစ္စကို မင်း လက်ထဲပဲ အပ်ထားပါ့မယ်”
"ရပါတယ်ဗျာ..."