← Chapters

အခန်း (၃၇၈)

Vol. 32 Ch. 378

အခန်း (၃၇၈)

Vol. 32 Ch. 378

အပိုင်း (၃၇၈) မင်္ဂလာပွဲ

ကူဟိန်းသည် ရှဲ့ဇိုက်ယွမ်ကို လက်ပြ နှုတ်ဆက်လိုက်ပြီး၊ အစောင့်အရှောက် လုပ်ငန်းအတွင်းသို့ ပြန်လှည့် ဝင်တော့မည့် အချိန်မှာပင်၊ ရင်းနှီးလှသော အသံတစ်ခုကို ရုတ်တရက် ကြားလိုက်ရလေသည်

"ဦးလေး ကူ..."

ကူဟိန်းသည် တစ်ကိုယ်လုံး တုန်ယင်သွားပြီး လူအုပ်ကြီးကြားထဲသို့ ချက်ချင်း လှည့်ကြည့်လိုက်လေသည်။ မကြာမီမှာပင် လမ်းဘေးတွင် ရှိနေသော ကူမော့နှင့် ကူချူတုန်းတို့ကို သူ တွေ့လိုက်ရလေသည်။

ထိုမောင်နှမ နှစ်ယောက်မှာ ခေါင်းဆောင်းများကို ဆင်မြန်းထားကြသဖြင့် မျက်နှာများကို ရှင်းလင်းစွာ မမြင်ရသော်လည်း၊ ကူဟိန်းကတော့ တစ်ချက် ကြည့်လိုက်ရုံဖြင့် ချက်ချင်း မှတ်မိသွားပြီး ၎င်းတို့ဆီသို့ အလျင်အမြန် ပြေးသွားခဲ့လေသည်။

" ဘယ်တုန်းက ပြန်ရောက်ကြတာလဲ..."

ကူဟိန်းသည် အလွန် စိတ်လှုပ်ရှားနေသော်လည်း၊ အနည်းငယ် အပြစ်တင်သည့် လေသံဖြင့် ဆိုသည်

"ပြန်ရောက်တာတောင်မှ ငါ့ကို အကြောင်းမကြားဘူး”

ကူချူတုန်းက ပြုံးဖြီးဖြီးဖြင့် ပြောလိုက်သည်...

"ဦးလေး... ကျွန်မတို့ အခုလေးတင် ရောက်တာပါ..."

သူမသည် ကျောပေါ်က ဧရာမ စာအုပ်သေတ္တာကြီးကို လှုပ်ခါပြရင်း ဆက်ပြောသည်

"ကြည့်ပါဦး... ပစ္စည်းတွေကိုတောင် မချရသေးသလို၊ အိမ်တောင် မပြန်ရသေးဘူးလေ..."

ကူဟိန်းက အနည်းငယ် ပြုံးပြလျက် ဆိုသည်...

"မင်းတို့ မောင်နှမ နှစ်ယောက် ထွက်သွားတာ တစ်နှစ်ခွဲလောက် ရှိသွားပြီနော်... ဒါပေမဲ့ ယွင်ကျိုး မှာတော့ မင်းတို့ရဲ့ သတင်းတွေကို ခဏခဏ ကြားနေရတာပဲလေ..."

ကူချူတုန်းက ရယ်မောလျက် ဆိုသည်...

"အစ်ကို့ရဲ့ သတင်းတွေပဲ ဖြစ်မှာပါ “

ကူချူတုန်းက လက်ဝှေ့ယမ်းပြလျက် ဆက်ပြောသည်

"ဒါနဲ့ ဦးလေး ကူ... လင်းကျန်းမြို့မှာ ဘာတွေ ဖြစ်ပျက်နေလို့လဲ... ဘာဖြစ်လို့ အပြောင်းအလဲတွေ ဖြစ်ကုန်ရတာလဲ... ခရိုင်ဝန် အသစ်များ ပြောင်းသွားလို့လား..."

"မဟုတ်ပါဘူး..."

ကူဟိန်းက ဆိုသည်

"သွားကြရအောင်လေ၊ လမ်းလျှောက်ရင်းနဲ့ပဲ အေးအေးဆေးဆေး စကားပြောကြတာပေါ့... ထန်ပုယွီ လည်း အခု အစောင့်အရှောက် လုပ်ငန်း ထဲမှာ ရှိနေတယ်လေ..."

ချက်ချင်းပင်၊ ၎င်းတို့ သုံးဦးစလုံးမှာ အစောင့်အရှောက် လုပ်ငန်းအတွင်းသို့ ဝင်ရောက်သွားကြတော့၏။

ထိုအချိန်တွင် လူအများအပြားမှာ ကူမော့နှင့် ကူချူတုန်းတို့ကို စူးစိုက်ကြည့်နေကြလေ၏။ လင်းကျန်း အစောင့်အရှောက် လုပ်ငန်း နယ်ပယ်တွင် ကူဟိန်း၏ အဆင့်အတန်းမှာ သာမန် မဟုတ်ပါချေ။ သူကိုယ်တိုင် ထွက်လာပြီး ကြိုဆိုနေခြင်းက လူများ၏ သိလိုစိတ်ကို ဆွဲဆောင်နေခဲ့သောကြောင့် ဖြစ်လေ၏။

ထိုအခိုက်အတန့်တွင်၊ အဝေးသို့ မရောက်သေးသော ရှဲ့ဇိုက်ယွမ် သည်လည်း သူ၏ မိတ်ဆွေ အချို့နှင့်အတူ ကူမော့နှင့် ကူချူတုန်းတို့ကို လှမ်းကြည့်နေခဲ့လေသည်။

ကူမော့နှင့် ကူချူတုန်းတို့ တံခါးဝသို့ ဝင်လိုက်စဉ်၊ ကူချူတုန်းက ဘေးဘက်သို့ လှည့်ကြည့်လိုက်သဖြင့် သူမ၏ မျက်နှာ ဘေးတိုက်ပုံရိပ်မှာ ပေါ်ထွက်လာတော့၏။

ရှဲ့ဇိုက်ယွမ် မှာ မှင်သက်သွားပြီး

"ဒါ... ဒါက ကူချူတုန်း... မိန်းကလေး ကူ နဲ့ တူနေသလိုပဲ”

အခြားသူများလည်း ချက်ချင်းပင် အံ့အားသင့်သွားကြတော့၏။ ၎င်းတို့ထဲမှ တစ်ဦးက အံ့သြတကြီး မေးမြန်းလိုက်သည်

"ဒါဆိုရင်... သူမရဲ့ ဘေးမှာ ရှိနေတဲ့သူက... လောကရဲ့ နံပါတ် ၁ ... မဟာသူရဲကောင်း ကူမော့ ပေါ့"

"မဟာသူရဲကောင်း ကူ ယွင်ကျိုး ကို ပြန်ရောက်လာပြီ ဟုတ်လား..."

"ချန်းဖုန်း အစောင့်အရှောက် လုပ်ငန်း ဟာ မဟာသူရဲကောင်း ကူ နဲ့ တကယ်ပဲ ပတ်သက်နေတာလား..."

"အဲဒါက သံသယဖြစ်စရာ လိုသေးလို့လား... လင်းကျန်း ရဲ့ အချိန်မီမိုးစက် လို့ လူသိများတဲ့ ထန်ပုယွီ ဟာ တစ်ချိန်တုန်းက မဟာသူရဲကောင်း ကူ နဲ့အတူ ပူးပေါင်း တိုက်ပွဲဝင်ခဲ့ဖူးတာလေ၊ ပြီးတော့ အစောင့်အရှောက် ခေါင်းဆောင်ကြီး ကူဟိန်း ကလည်း မဟာသူရဲကောင်း ကူ ရဲ့ ဦးလေးပဲ မဟုတ်လား..."

"..."

အစောင့်အရှောက် လုပ်ငန်းအတွင်း၌...

ကူမော့၊ ကူချူတုန်း နှင့် ကူဟိန်း တို့သည် အတူတူ ယှဉ်တွဲ လျှောက်လှမ်းလာကြလေသည်။ ကူဟိန်းက လေးနက်သော လေသံဖြင့် ပြောပြလေသည်

"လင်းကျန်းမြို့ရဲ့ ခရိုင်ဝန်ကတော့ မပြောင်းပါဘူး... အခု မြို့ကြီး ခြောက်ကပ်သွားရတဲ့ အကြောင်းရင်းကတော့၊ အစိုးရက အတင်းအကျပ် အခွန်တွေ ကောက်ခံနေလို့ ဆိုင်အတော်များများ ဒေဝါလီ ခံလိုက်ကြရလို့ပါပဲ..."

ကူမော့က ဇဝေဇဝါဖြင့် မေးမြန်းလိုက်သည်

"လင်းကျန်း အစိုးရက ကိုယ့်သဘောနဲ့ကိုယ် သည်လိုမျိုး အခွန်တွေ ကောက်ရဲလို့လား..."

"ကိုယ့်သဘောနဲ့ကိုယ် ကောက်တာ မဟုတ်ပါဘူး၊ နိုင်ငံတစ်ဝန်းလုံးမှာ ပဲ အခွန်တွေ ကောက်နေတာပါ..."

ကူဟိန်းက အံ့သြသော အမူအရာဖြင့် ပြန်မေးလိုက်သည်

"မင်းတို့တွေ အပြင်လောက သတင်းတွေကို မကြားတာ အတော်ကြာပြီ ထင်တယ်နော်..."

"ဟုတ်ပါတယ်..."

ကူမော့က ဆိုသည်

"ပြီးခဲ့တဲ့ နှစ်လအတွင်းမှာ ကျွန်တော်က လုံဟူတောင် မှာ ရှိနေခဲ့တာဖြစ်ပြီး၊ နောက်ပိုင်းမှာတော့ ဆန်းလန်တောင် မှာပဲ ရှိနေခဲ့တာလေ... အပြင်လောကမှာ ဘာတွေ ဖြစ်နေလဲဆိုတာကို ကျွန်တော် တကယ် မသိခဲ့ဘူး..."

ကူဟိန်းက သက်ပြင်းချလိုက်ရင်း ဆိုသည်...

"စစ်ပွဲကြီး တစ်ခု ဖြစ်တော့မယ်လေ..."

ကူချူတုန်းက အံ့သြစွာဖြင့် မေးမြန်းလိုက်သည်

"စစ်ပွဲ ဟုတ်လား... ဘယ်သူနဲ့ တိုက်မှာလဲ..."

"ချူ နိုင်ငံ နဲ့ပေါ့..."

ကူဟိန်းက ပြောပြသည်

"အသေးစိတ်ကိုတော့ မသိပါဘူး၊ ဒါပေမဲ့ အရာရှိတွေ ပြောတာကတော့ နန်းတွင်းကနေ ကျန်း နိုင်ငံ ကို စစ်သည် အင်အား ၃၀၀,၀၀၀ ကျော် စေလွှတ်လိုက်ပြီတဲ့၊ ချူ နိုင်ငံ ကလည်း စစ်သည် အင်အား သိန်းနဲ့ချီပြီး ကျန်း နိုင်ငံ ဆီကို ပို့ထားတယ်လို့ ကြားတယ်... ချူ နိုင်ငံ က ကျန်း နိုင်ငံ ကို လမ်းကြောင်း အဖြစ် သုံးပြီး ကျွန်တော်တို့ ကန်တိုင်းပြည် ကို တိုက်ခိုက်ချင်နေတာလို့ ဆိုကြတာပဲ... ကျန်း နိုင်ငံ ကလည်း ဘာဖြစ်သွားလဲ မသိပါဘူး၊ သူတို့ နယ်မြေထဲကို ချူ စစ်တပ်တွေ ဝင်လာတာကိုတောင် ဘာမှ မတားဆီးဘဲ ခွင့်ပြုထားခဲ့ကြတာလေ"

ကူချူတုန်းသည် ကူမော့ဘက်သို့ ရုတ်တရက် လှည့်ကြည့်လိုက်လေသည်။

ကူမော့သည် နှုတ်ခမ်းတွန့်လိုက်ရင်း... "..."

ကျန်း နိုင်ငံ က လူတွေ မတားဆီးခဲ့ကြတာဟာ၊ သူ့ကြောင့် ဖြစ်ပုံရနေသောကြောင့် ဖြစ်လေသည်။

ကူမော့သည် ကျန်း နိုင်ငံ ၏ ဧကရာဇ်ကို သတ်ဖြတ်ခဲ့ပြီး ယဲ့ကျင့်လန် နှင့်အတူ ကျန်း နိုင်ငံ မြို့တော်ရှိ အရပ်ဘက်၊ စစ်ဘက် အရာရှိ အမြောက်အမြားကို သုတ်သင်ခဲ့လေသည်။

ဤဖြစ်ရပ်သည် ကျန်း နိုင်ငံ ကို ပျက်စီးသွားစေခဲ့သည်။ နိုင်ငံတွင် ဧကရာဇ် မရှိတော့သလို အရာရှိကြီးများလည်း မရှိတော့ချေ။ အရေးအကြီးဆုံး အချက်မှာ ကျန်း နိုင်ငံ ဧကရာဇ်သည် ယဲ့နန်ထျန်း နှင့် ပူးပေါင်းကာ လူပေါင်း သိန်းနှင့်ချီ၍ သတ်ဖြတ်ခဲ့သည်ဟူသော သတင်းမှာလည်း ပြန့်နှံ့သွားခဲ့လေသည်။ ကျန်း နိုင်ငံ သည် ချက်ချင်းပင် ပြိုကွဲသွားခဲ့ပြီး နယ်စားပယ်စား အသီးသီးတို့က မိမိကိုယ်ကို ဘုရင်အဖြစ် ကြေညာခဲ့ကြတော့သည်။

ထိုကဲ့သို့သော အခြေအနေများအောက်တွင် ချူ နိုင်ငံ ၏ ဧကရာဇ် ရှောင်ကျောက်လင် သည် ကျန်း နိုင်ငံ တော်ဝင်မျိုးနွယ်စုဝင် တစ်ဦး၏ ဖိတ်ခေါ်မှုဖြင့် ပြည်တွင်းစစ်ကို နှိမ်နင်းရန် "ကူညီပေးသည်" ဟူသော အကြောင်းပြချက်ဖြင့် ဝင်ရောက်လာခဲ့လေသည်။ တစ်ချိန်တည်းမှာပင် တိုက်ဆိုင်စွာဖြင့် ကန် နိုင်ငံ သည်လည်း အခြားကျန်း နိုင်ငံ တော်ဝင်မျိုးနွယ်စုဝင် တစ်ဦး၏ ဖိတ်ခေါ်မှုဖြင့် ပုန်ကန်မှုများကို နှိမ်နင်းရန် ရောက်ရှိလာခဲ့ပြန်သည်။

သို့သော်လည်း ထူးခြားချက် တစ်ခု ရှိနေသည်မှာ ကျန်း ဧကရာဇ် အသတ်ခံရမှုနှင့် ပတ်သက်၍ ချူ နိုင်ငံ သည် ကူမော့က ကျန်း နိုင်ငံ မြို့တော်တွင် ဧကရာဇ်ကို သတ်ဖြတ်ခဲ့ပုံကို အကျယ်တဝင့် ဝါဒဖြန့်ခဲ့သော်လည်း ဇာတ်လမ်းကို ပုံကြီးချဲ့ခြင်း မပြုဘဲ ဖြစ်ပျက်ခဲ့သမျှကိုသာ အရှိအတိုင်း ဖော်ပြခဲ့ခြင်း ဖြစ်လေသည်။

ကူမော့သည် ချူနိုင်ငံတွင် တစ်ဟုန်ထိုး နာမည်ကြီးလာသည်။ တချို့က သူ့ကို သွေးဆာသော လူသတ်သမားဟု ရှုတ်ချကြသော်လည်း၊ အများစုကမူ မတရားမှုကို တော်လှန်ကာ နန်းတော်ကိုပင် စီးနင်းဝံ့သည့် သူရဲကောင်းကြီးအဖြစ် ကြည်ညိုကြသည်။

တိုက်ခိုက်လိုစိတ် ပြင်းထန်သော ချူနိုင်ငံသားများအတွက်မူ ကူမော့က ကျန်းဧကရာဇ်ကို သတ်ဖြတ်ပေးလိုက်ခြင်းမှာ အခွင့်အရေးကောင်းတစ်ခု ဖြစ်လာသဖြင့် သူ့ကို ကျေးဇူးတင်နေကြသူများလည်း အများအပြား ရှိခဲ့သည်။

သို့သော် ကန်နိုင်ငံ၏ အခြေအနေမှာမူ ချူနိုင်ငံနှင့် လုံးဝခြားနားသည်။ ကန်နိုင်ငံသည် အရင်းအမြစ် မရှိသည့်အပြင်၊ ယခင်ဧကရာဇ် လက်ထက်ကတည်းက ဘဏ္ဍာတိုက်မှာ ပြောင်သလောက် ဖြစ်နေခဲ့သည်။ လက်ရှိဧကရာဇ်နှင့် မယ်တော်ကြီးတို့၏ နှစ်ရှည်လများ အာဏာလုပွဲများကြောင့်လည်း တိုင်းပြည်မှာ ပို၍ ချောက်ထဲကျနေခဲ့သည်။

ယခုမှ ပြည်တွင်းရေး ပြန်လည်ငြိမ်သက်စ ပြုနေသဖြင့် ကန်နိုင်ငံသည် စစ်ပွဲကို လုံးဝမဆင်နွှဲလိုပေ။ ထို့ကြောင့် နန်းတွင်းက ကူမော့၏ သတင်းများကို ဖုံးကွယ်ထားခဲ့သည်။ ချူနိုင်ငံက သူတို့ကို လမ်းကြောင်းအဖြစ် အသုံးချကာ ကျူးကျော်နေခြင်း ဖြစ်သည်ဟုသာ လူထုကို ဝါဒဖြန့်ခဲ့သည်။ ဤသည်မှာ ပြည်သူများကို ဘုံရန်သူအပေါ် စည်းလုံးစေရန်နှင့် ကူမော့ကြောင့် ပြည်တွင်းဆူပူမှုများ မဖြစ်ပေါ်စေရန် ထိန်းချုပ်လိုက်ခြင်း ဖြစ်သည်။

ထို့ကြောင့်လည်း ကျန်းနိုင်ငံတွင် ဘာတွေဖြစ်ပျက်ခဲ့သည်ကို ကူဟိန်း လုံးဝမသိရှိခဲ့ရခြင်း ဖြစ်သည်။ အစိုးရက သတင်းအချက်အလက်ကို စနစ်တကျ ထိန်းချုပ်ထားသည့်အခါ သာမန်ပြည်သူများနှင့် သိုင်းသမားများအတွက် အမှန်တရားကို သိရှိရန်မှာ အလွန်ခက်ခဲသွားလေတော့သည်။

သူတို့ လမ်းလျှောက်လာစဉ်အတွင်း...

ကူဟိန်းက ဆက်လက် ပြောပြသည်မှာ...

"စစ်သည် အင်အား ၃၀၀,၀၀၀ ကျော်က ကျန်း နိုင်ငံ ဘက်ကို ချီတက်နေကြပြီလေ... အဲဒီအတွက် များပြားလှတဲ့ အခွန်အတုတ်တွေကို ကောက်ခံနေရသလို၊ ထောက်ပို့ လုပ်ငန်းတွေ အတွက်လည်း တစ်နိုင်ငံလုံးက အလုပ်သမားတွေကို အတင်းအကျပ် ခေါ်ယူနေရတာပေါ့... "

“တကယ်လို့ အစိုးရ ပြောသလို စစ်သည် ၃၀၀,၀၀၀ သာ အစစ်အမှန် ဆိုရင်တော့၊ ထောက်ပို့ လုပ်ငန်းတွေ အတွက် အလုပ်သမား သိန်းနဲ့ချီပြီး လိုအပ်မှာပဲလေ... သည်ကုန်ကျစရိတ်တွေနဲ့ လူအင်အား လိုအပ်ချက်ကတော့ တကယ်ကို များပြားလွန်းလှပါတယ်..."

ထို့ပြင် စစ်ပွဲကြောင့် နယ်စပ်ကာကွယ်ရေး၊ ခံတပ်တည်ဆောက်ရေးနှင့် စစ်သင်တန်းပေးခြင်းများအတွက် ရန်ပုံငွေနှင့် ထောက်ပို့ပစ္စည်းများ အများအပြား လိုအပ်လာသည်။ ထို့ကြောင့် အစိုးရက အခွန်အတုတ်များကို အဆမတန် တိုးမြှင့်ကောက်ခံလာရာ စိုက်ပျိုးရေးအခွန်တစ်ခုတည်းနှင့် မလုံလောက်တော့ပေ။

အစိုးရသည် နည်းလမ်းမရှိတော့သဖြင့် ကုန်သည်များထံမှပါ အခွန်တိုးကောက်ရာ တစ်လအတွင်းမှာပင် လင်းကျန်းမြို့ရှိ ဆိုင်ဝက်နီးပါး ပိတ်လိုက်ရပြီး စီးပွားရေးလုပ်ငန်းများ ပြိုလဲကုန်သည်။

အကျိုးဆက်အနေဖြင့် ရှေ့တန်းနှင့် နယ်စပ်သို့ တံခါးခြောက်ချပ်အဖွဲ့နှင့် မြို့စောင့်တပ်များမှ အင်အားများကို ထုတ်နုတ်သုံးစွဲခဲ့ရသဖြင့် ဒေသခံအစိုးရများ၏ သိုင်းလောကကို အုပ်ချုပ်နိုင်စွမ်းမှာ သိသိသာသာ ကျဆင်းသွားခဲ့သည်။

All Chapters