← Chapters

အခန်း (၃၈၀)

Vol. 32 Ch. 380

အခန်း (၃၈၀)

Vol. 32 Ch. 380

အပိုင်း (၃၈၀) နောက်ခံပေါ်လာခြင်း ၂

ကူမော့နှင့် ကူချူတုန်းတို့ အိမ်သို့ ပြန်ရောက်ပြီး သိပ်မကြာမီမှာပင်၊ ဧည့်သည် နှစ်ဦး လာရောက် နှုတ်ဆက်ကြလေ၏။ ၎င်းတို့မှာ လင်းကျန်းမြို့ ၏ မြို့တော်ဝန် ဝမ်ဇီယန် နှင့် လင်းကျန်းမြို့ တံခါးခြောက်ချပ်အဖွဲ့ မှ စုံစမ်းစစ်ဆေးရေးမှူး ချူးယွမ် တို့ ပင် ဖြစ်ကြလေ၏။

ကူမော့သည် ချူးယွမ် နှင့် ရင်းနှီးသော မိတ်ဆွေများ ဖြစ်ကြသလို၊ ဝမ်ဇီယန် နှင့်လည်း အကြိမ်ကြိမ် ဆုံတွေ့ဖူးသဖြင့် အားလုံးမှာ မိတ်ဟောင်းဆွေဟောင်းများ ပင် ဖြစ်ကြလေသည်။ ၎င်းတို့ တစ်ယောက်နဲ့တစ်ယောက် မတွေ့ဖြစ်တာ တစ်နှစ်ကျော် ရှိသွားပြီ ဖြစ်သော်လည်း...

စိမ်းသက်သွားခြင်းမျိုးတော့ မရှိခဲ့ပါချေ။ သို့သော်လည်း ကူမော့၏ လက်ရှိ အဆင့်အတန်းမှာ လွန်ခဲ့သော တစ်နှစ်ခွဲကနှင့် မတူညီတော့ပါချေ။ အထူးသဖြင့် သူသည် တော်ဝင်မျိုးနွယ်စုဝင် တစ်ဦး ဖြစ်သလို နိုင်ငံတော် သူရဲကောင်း တစ်ဦးလည်း ဖြစ်နေပြီ ဖြစ်ရာ၊ အရာရှိများ ဖြစ်ကြသော ချူးယွမ် နှင့် ဝမ်ဇီယန် တို့မှာမူ အတန်ငယ် အနေရခက်နေကြသည်။

ထိုသူနှစ်ဦးစလုံးမှာ လက်ဆောင်ပစ္စည်းများ ယူဆောင်လာခဲ့ကြလေသည်။

လက်ဆောင်များထဲတွင် လက်ဖက်ခြောက်များ ပါဝင်နေသဖြင့်၊ ကူမော့က ၎င်းတို့ကို ချက်ချင်းပင် ထုတ်ယူလိုက်ပြီးနောက်၊ အိမ်ထဲမှ လက်ဖက်ရည်အိုး တစ်လုံးကို ယူကာ သူ၏ အတွင်းအားဖြင့် ရေကို ဆူပွက်စေပြီး ပိုးသတ်သန့်စင်ကာ လက်ဖက်ရည် တစ်အိုး ဖျော်စပ်လိုက်လေသည်။

သူ၏ အတွင်းအားမှာ အတော်လေး အသုံးတည့်လှသည်။ ပိုးသတ်ခြင်းနှင့် လက်ဖက်ရည် ဖျော်ခြင်းများကို တစ်ဆက်တည်း အလွန် လျင်မြန်စွာ လုပ်ဆောင်နိုင်ခဲ့လေသည်။

၎င်းတို့ သုံးဦးမှာ လက်ဖက်ရည် သောက်ရင်း စကားစမြည် ပြောဆိုနေကြစဉ်၊ ကူချူတုန်းကမူ ကူရှောင် ဆီသို့ ထွက်သွားခဲ့လေသည်။ ကူမော့နှင့် အခြားသူများ စကားပြောဆိုနေကြစဉ်အတွင်း၊ စကားဝိုင်းမှာ ကျန်း နိုင်ငံ တွင် ဖြစ်ပွားခဲ့သော ကန် နိုင်ငံ နှင့် ချူ နိုင်ငံ တို့၏ တိုက်ပွဲကြီး ဆီသို့ ဦးတည်သွားခဲ့လေသည်။

ထိုအရာရှိ နှစ်ဦးမှာ ရာထူးကြီးသူများ ဖြစ်ကြသဖြင့်၊ ကူဟိန်း ထက်စာလျှင် အတွင်းသတင်းများကို ပိုမို သိရှိထားကြသလို တိုက်ပွဲ၏ အသေးစိတ် အချက်အလက်များကိုလည်း ပိုမို နားလည်ထားကြသူများ ဖြစ်လေသည်။

၎င်းတို့ နှစ်ဦးစလုံးမှာ ထိုတိုက်ပွဲ အကြောင်းကို ဆွေးနွေးစဉ်တွင် အလွန်ပင် စိုးရိမ်ပူပန်နေကြ၏။

ချူးယွမ် က လေးနက်သော လေသံဖြင့် ဆိုသည်မှာ...

"စစ်မြေပြင်ကို ကျန်း နိုင်ငံ ထဲမှာ သတ်မှတ်လိုက်တာက ပြည်သူတွေအပေါ် စစ်ပွဲရဲ့ သက်ရောက်မှုကို အများကြီး လျော့နည်းသွားစေတယ်လို့ ထင်ရပေမဲ့၊ တကယ်တမ်းမှာတော့ အဲဒါက အပေါ်ယံပဲ ရှိတာပါ... စစ်သည် အင်အား အမြောက်အမြားကို ကျန်း နိုင်ငံ ဆီကို စေလွှတ်ရတာဟာ စစ်ပွဲရဲ့ ကုန်ကျစရိတ်ကို သာမန် စစ်ပွဲ တစ်ခုထက် အဆပေါင်းများစွာ ပိုပြီး များပြားသွားစေတာပေါ့..."

"လိုအပ်တဲ့ ငွေကြေး၊ ထောက်ပို့ လုပ်ငန်းတွေ၊ အလုပ်သမားတွေနဲ့ ရိက္ခာတွေက ကျွန်တော်တို့ ထင်ထားတာထက် အများကြီး ပိုပြီး များပြားနေတာလေ..."

ဝမ်ဇီယန် ကလည်း ထပ်လောင်း ပြောကြားသည်မှာ...

"အဲဒီအပြင်၊ စစ်မြေပြင်က ကျန်း နိုင်ငံ ထဲမှာ ရှိနေတာကြောင့် စစ်သူကြီးတွေရော စစ်သည်တွေပါ ပတ်ဝန်းကျင်နဲ့ အသားမကျတဲ့ အန္တရာယ် ရှိနေတာပေါ့၊ အဲဒါက စစ်ပွဲအတွင်းမှာ ခန့်မှန်းလို့ မရနိုင်တဲ့ အချက်တွေကို ပိုပြီး များပြားလာစေတာပဲ... စစ်မြေပြင်က ကျွန်တော်တို့ရဲ့ နယ်မြေထဲမှာ မဟုတ်ဘူး ဆိုပေမဲ့၊ တကယ့် သက်ရောက်မှုကတော့ ချူ နိုင်ငံ က ကျွန်တော်တို့ရဲ့ နယ်စပ်ကို တိုက်ခိုက်တာထက်တောင် ပိုပြီး ကြီးမားနေနိုင်တာလေ..."

ကူမော့က ဇဝေဇဝါဖြင့် မေးမြန်းလိုက်သည်...

"အဲဒီလိုသာ ဆိုရင်တော့၊ ဘာဖြစ်လို့ ချူ နိုင်ငံ စစ်တပ်တွေ နယ်စပ်ကို ရောက်လာတဲ့ အထိ စောင့်ပြီးမှ မတိုက်တာလဲ..."

ဝမ်ဇီယန် က ဆိုသည်မှာ...

"ကျန်း နိုင်ငံ ထဲက တိုက်ပွဲဟာ ကန် နိုင်ငံ အတွက်ရော ချူ နိုင်ငံ အတွက်ပါ အချိုးအကွေ့ တစ်ခု ဖြစ်နေလို့ပါ... ချူ နိုင်ငံ ဟာ ကျွန်တော်တို့ နိုင်ငံကို အမြဲတမ်း လောဘတကြီးနဲ့ စောင့်ကြည့်နေခဲ့တာဖြစ်သလို၊ သူတို့ဆီက မျိုးရိုးကြီး မိသားစု အသီးသီးကလည်း စစ်ပွဲ စတင်ဖို့အတွက်ပဲ စောင့်နေကြတာလေ... "

“ချူ နိုင်ငံ အနေနဲ့ ဒီအခွင့်အရေးကို လုံးဝ လက်လွှတ်မခံနိုင်ပါဘူး၊ ချူ ဧကရာဇ် ရှောင်ကျောက်လင် တောင်မှ တားဆီးနိုင်မှာ မဟုတ်ဘူးလေ...

အခြား တစ်ဖက်မှာတော့၊ ကျွန်တော်တို့က အမြဲတမ်း အခြေအနေကို လိုက်ကြည့်နေရတဲ့ အဆင့်မှာပဲ ရှိတာလေ... တကယ်လို့ ကျွန်တော်တို့သာ ချူ နိုင်ငံ က ကျန်း နိုင်ငံ ကို သိမ်းပိုက်တာကို ဒီအတိုင်း ထိုင်ကြည့်နေမယ်ဆိုရင်တော့၊ အဲဒါက တကယ့် ဘေးဒုက္ခကြီး ဖြစ်လာမှာပေါ့... “

“အဲဒီနောက်မှာတော့ ချူ နိုင်ငံ ဟာ သူတို့ စိတ်ကြိုက် တိုက်စစ် ဆင်မလား ခံစစ် ဆင်မလား ဆိုတာကို ရွေးချယ်နိုင်သွားမှာဖြစ်ပြီး၊ ကန် နိုင်ငံ ကို အမြဲတမ်း ခြိမ်းခြောက်နေတော့မှာလေ... တစ်ချိန်တည်းမှာပဲ၊ ဒါက ကန် နိုင်ငံ အတွက် အခွင့်အရေး တစ်ခုလည်း ဖြစ်နေတာပါ... ခြုံပြီး ပြောရရင်တော့၊ ကန် နိုင်ငံ ဟာ ရေရှည် စစ်ပွဲမှာတော့ ချူ နိုင်ငံ ကို ယှဉ်နိုင်မှာ မဟုတ်ပါဘူး... “

“ဒါကြောင့်မို့လို့၊ ကျန်း နိုင်ငံ ထဲက တိုက်ပွဲဟာ ကျွန်တော်တို့ အတွက် အကြီးမားဆုံးသော အခွင့်အရေးပါပဲ... ကျွန်တော်တို့က အဆမတန် များပြားလှတဲ့ ကုန်ကျစရိတ်တွေနဲ့ စစ်ပွဲကို ဆင်နွှဲနေရသလို၊ ချူ နိုင်ငံ ဘက်ကလည်း အလွန် မြင့်မားတဲ့ အဖိုးအခတွေကို ပေးဆပ်နေရတာလေ... သူတို့တွေက ဒီတစ်ကြိမ်ပဲစစ်ပွဲကို ဆင်နွှဲနိုင်မှာပါ... တကယ်လို့ သူတို့ ရှုံးသွားခဲ့ရင်တော့၊ အနည်းဆုံး နောက်ထပ် ဆယ်နှစ်အတွင်းမှာ သူတို့ ပြန်ပြီး မတိုက်နိုင်တော့ပါဘူး... “

“ဒါကြောင့်၊ ဒီတိုက်ပွဲဟာ နိုင်ငံရဲ့ ကံကြမ္မာကို ဆုံးဖြတ်မယ့် စစ်ပွဲ တစ်ခု ဖြစ်လာမှာပေါ့... ကန် နိုင်ငံ ရော ချူ နိုင်ငံ ပါ အရှုံးမခံနိုင်ကြပါဘူး... အထူးသဖြင့် ကျွန်တော်တို့တွေက ပိုပြီး အရှုံးမခံနိုင်တာလေ... တကယ်လို့ ချူ နိုင်ငံ ရှုံးသွားရင်တော့ သူတို့ရဲ့ ဘဏ္ဍာတိုက်ပဲ ပြောင်သွားမှာ ဖြစ်ပေမဲ့၊ ကျွန်တော်တို့သာ ရှုံးခဲ့ရင်တော့ သာမန် ပြည်သူတွေပါ အိုးမဲ့အိမ်မဲ့ ဖြစ်သွားကြရမှာလေ... “

ကူမော့က အနည်းငယ် မျက်မှောင်ကြုတ်လျက် ဆိုသည်...

"ဒါဆိုရင်၊ ကျန်း နိုင်ငံ မှာ ဖြစ်နေတဲ့ စစ်ပွဲက တကယ်တော့ နိုင်ငံတော်ရဲ့ ကံကြမ္မာ စစ်ပွဲ ပေါ့လေ..."

"ဟုတ်ပါတယ်..."

ဝမ်ဇီယန် က ပြောသည်

"ဒီနှစ်မှာတော့ ချူ နိုင်ငံ ရော ကန် နိုင်ငံ ပါ စစ်ပွဲအတွက် အပြင်းအထန် ပြင်ဆင်နေကြတာလေ၊ လာမယ့်နှစ် လောက်မှာတော့ စစ်ပွဲ အကြီးအကျယ် ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းရတာပဲ... ကျွန်တော်တို့ နှစ်နိုင်ငံ စပြီး တိုက်ကြပြီ ဆိုတာနဲ့၊ တခြား နိုင်ငံတွေလည်း အေးအေးဆေးဆေး နေနိုင်ကြမှာ မဟုတ်ပါဘူး၊ အထူးသဖြင့် နောက်ပိုင်း ချင် နိုင်ငံ ပေါ့... “

“ကန် နိုင်ငံ နဲ့ ချူ နိုင်ငံ တို့ဟာ ချင် နိုင်ငံ ကိုတော့ ဘေးကနေ ထိုင်ကြည့်ပြီး အမြတ်ထုတ်ခွင့် ပေးမှာ မဟုတ်ဘူးလို့ သဘောတူညီချက် ရထားကြတယ်လေ... လောကမှာ အစွမ်းအထက်ဆုံး နိုင်ငံ သုံးခု တိုက်နေကြပြီ ဆိုမှတော့၊ တခြား နိုင်ငံငယ်လေးတွေက ဘယ်လိုလုပ် ငြိမ်းချမ်းနေနိုင်ဦးမှာလဲ..."

ကူမော့သည် ကျန်း ဧကရာဇ် မကွယ်လွန်ခင် ပြောကြားခဲ့သော စကားများကို ရုတ်တရက် သတိရလိုက်မိသည် ။

"မင်း အခု ငါ့ကို သတ်လိုက်ရင်၊ ကျန်း နိုင်ငံ ဟာ စစ်ပွဲရဲ့ အစပြုရာ နေရာ ဖြစ်လာလိမ့်မယ်၊ ပြီးတော့ အဲဒါက နှစ်ပေါင်း ခုနစ်ရာ အတွင်းမှာ အကြီးမားဆုံးသော ကမောက်ကမ ခေတ်ကြီးကို သေချာပေါက် ယူဆောင်လာပေးလိမ့်မယ်... ဒါကို စတင်ခဲ့သူ အနေနဲ့၊ မင်းဟာ ထာဝရ ကဲ့ရဲ့ ရှုတ်ချတာကို ခံရလိမ့်မယ်... မင်း တကယ်ပဲ ပြင်ဆင်ထားပြီးပြီလား..."

သူ ပြင်ဆင်ထားသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ ကူမော့ အနေဖြင့် ထိုအချက်ကို အလေးအနက် မစဉ်းစားခဲ့ဖူးပါချေ။ သို့သော်လည်း သူသည် ကမောက်ကမ ခေတ်ကြီးတစ်ခုကို အမှန်တကယ် စတင်လိုက်ပြီ ဖြစ်ကြောင်း ရုတ်တရက် သဘောပေါက်လိုက်မိ၏၊ ထိုခံစားချက်မှာ အတန်ငယ် ထူးဆန်းနေလေ၏။

ကမောက်ကမ ခေတ်ကြီး ရောက်လာမည်မှာ ရှောင်လွှဲ၍ မရနိုင်မှန်း သူ သိထားသော်လည်း၊ ကိုယ်တိုင် စတင်လိုက်ရသည့် ခံစားချက်မှာမူ အလွန်ပင် ထူးခြားလှပေသည်။

ခဏမျှ တွေးတောပြီးနောက်တွင်၊ ချူးယွမ် က ရုတ်တရက် စကားစလိုက်သည်...

"ဟုတ်သားပဲ ဆရာကြီး ကူ... ကျွန်တော်တို့ မင်းရဲ့ မိဘတွေနဲ့ ပတ်သက်တဲ့ သတင်းကို ရှာတွေ့ထားပါတယ်"

ကူမော့မှာ အတန်ငယ် မှင်သက်သွားပြီး၊ သူ၏ စိတ်ထဲတွင် ရှုပ်ထွေးလှသော ခံစားချက်များစွာ ပေါ်ထွက်လာတော့၏။

လွန်ခဲ့သော ဆယ်စုနှစ် တစ်ခုကျော်က၊ သူနှင့် သူ၏ ညီမလေးတို့သည် မိဘများကို ရှာဖွေရန်အတွက် ရည်ရွယ်ချက်ဖြင့်၊ မရေမတွက်နိုင်သော ဆင်းရဲဒုက္ခများကို အံတုလျက် ဇာတိရပ်ရွာမှ ထွက်ခွာလာခဲ့ကြခြင်း ဖြစ်လေသည်။ ကူဟိန်း နှင့် ဆုံတွေ့ပြီးနောက်မှသာ ၎င်းတို့၏ ဘဝမှာ တဖြည်းဖြည်း တည်ငြိမ်လာခဲ့ခြင်း ဖြစ်သည်။

သူ၏ မွေးရာပါ အသိဉာဏ်များ နိုးထလာပြီးနောက်တွင်မူ၊ သူသည် ထိုကိစ္စကို မေ့လျော့နေခဲ့၏။ သူ့တွင် ရှာဖွေနိုင်သည့် စွမ်းအား ရှိသော်လည်း၊ ထိုသို့ လုပ်ဆောင်ရန် အားမစိုက်ခဲ့ပါချေ။

ကူချူတုန်း ကလည်း ထိုအကြောင်းကို ထပ်ပြီး မပြောတော့ပါချေ။

အဘယ်ကြောင့်ဆိုသော် မောင်နှမ နှစ်ယောက်စလုံးမှာ ထိုသို့ လုပ်ဆောင်ခြင်းမှာ အဓိပ္ပာယ် မရှိတော့ဘူးဟု ခံစားနေကြရသောကြောင့် ဖြစ်လေသည်။

"သူတို့ ဘယ်လိုနေလဲ..."

ကူမော့ကကူမော့က မေးမြန်းလိုက်သည်။

"သူတို့ ကွယ်လွန်သွားကြပါပြီ..."

ချူးယွမ် က ပြောပြသည်မှာ...

"ရှင့်ရဲ့ မိဘတွေဟာ ဝူ ခရိုင်က ကျင်းသောက်ဂိုဏ်း ရဲ့ တပည့်တွေ ဖြစ်ခဲ့ကြတာပါ... သိုင်းလောကရဲ့ ပဋိပက္ခတွေကို ငြီးငွေ့လာကြလို့ လင်းကျန်း ခရိုင် ကို ထွက်ပြေးလာပြီး တိတ်ဆိတ်စွာ နေထိုင်ခဲ့ကြတာပေါ့၊ အဲဒီမှာပဲ မင်းနဲ့ ကူချူတုန်း တို့ကို မွေးခဲ့တာလေ..."

"နောက်ပိုင်းမှာတော့၊ ကျင်းသောက်ဂိုဏ်း ရဲ့ ရန်သူ အင်အားစု ဖြစ်တဲ့ ဟေးရှန်းဂိုဏ်း ဟာ အင်အားကြီးလာပြီး ဂိုဏ်းကို သုတ်သင်ဖို့ ကြိုးစားခဲ့ကြတယ်... သူတို့တွေက မင်းမိဘတွေ ဘယ်မှာ ရှိနေလဲဆိုတာကို သိသွားကြလို့၊ မင်းတို့ မောင်နှမ နှစ်ယောက်ကို အိမ်မှာ ထားခဲ့ပြီး ရန်သူတွေကို အဝေးကို မြှူထုတ်ရင်း ကျင်းသောက်ဂိုဏ်း ဆီကို ပြန်သွားခဲ့ကြတာပေါ့..."

"ကျင်းသောက်ဂိုဏ်း နဲ့ ဟေးရှန်းဂိုဏ်း တို့ကြားမှာ ပြင်းထန်တဲ့ တိုက်ပွဲကြီး ဖြစ်ပွားခဲ့ပြီး၊ အဲဒီတိုက်ပွဲမှာပဲ မင်းရဲ့ မိဘ နှစ်ဦးစလုံး ကွယ်လွန်သွားခဲ့ကြတာပါ... အခုဆို သူတို့ကို ဝူ ခရိုင်က ကျင်းသောက်တောင်ပေါ်မှာ မြှုပ်နှံထားပါတယ်...”

“ အဲဒီတိုက်ပွဲ အပြီးမှာတော့ ကျင်းသောက်ဂိုဏ်း ရော ဟေးရှန်းဂိုဏ်း ပါ အင်အားတွေ သိသိသာသာ ဆုတ်ယုတ်သွားခဲ့ကြပြီး တခြား အင်အားစုတွေရဲ့ ဝါးမြိုတာကို ခံလိုက်ကြရတာပေါ့... အခုဆိုရင် ဝူ ခရိုင်မှာ ကျင်းသောက်ဂိုဏ်း နဲ့ ဟေးရှန်းဂိုဏ်း ဆိုတာ မရှိတော့ပါဘူး..."

ကူမော့သည် သက်ပြင်းသဲ့သဲ့ ချလိုက်မိလေသည်။

သူနှင့် ကူချူတုန်းတို့က ထိုအရာအားလုံးမှာ အဓိပ္ပာယ် မရှိတော့ဘူးဟု ခံစားခဲ့ရခြင်း၏ အကြောင်းရင်း ပင် ဖြစ်လေသည်။

ရှေးယခင် ကတည်းက၊ သိုင်းလောက ဆိုသည်မှာ မငြိမ်မသက် ဖြစ်နေတတ်သည်ဖြစ်ရာ၊ လူပေါင်း မရေမတွက်နိုင်အောင် ဝင်ရောက်လာကြသော်လည်း၊ အနည်းငယ်သော သူများသာလျှင် ကောင်းမွန်စွာ အဆုံးသတ်နိုင်ပြီး သိုင်းလောကမှ ဂုဏ်သိက္ခာရှိစွာ ထွက်ခွာနိုင်ကြသည် မဟုတ်လား။

ကူမော့နှင့် ကူချူတုန်းတို့သည် ကူဟိန်း နောက်သို့ လိုက်ပါကာ သိုင်းလောကအတွင်းသို့ စတင် ဝင်ရောက်လာခဲ့ကြပြီးနောက်တွင်၊ ၎င်းတို့၏ မိဘများသည်လည်း သိုင်းလောကအတွင်း၌ပင် ကွယ်လွန်သွားခဲ့ကြရမည် ဖြစ်ကြောင်းနှင့် သိုင်းလောကသားများ၏ ကံကြမ္မာအတိုင်းပင် ဖြစ်ရမည်ကို တဖြည်းဖြည်း နားလည်လာခဲ့ကြခြင်း ဖြစ်လေသည်။

လင်းကျန်းမြို့ တွင် ရက်အနည်းငယ် နေထိုင်ပြီးနောက်၊ ကူမော့နှင့် ကူချူတုန်းတို့သည် ဝူ ခရိုင်ရှိ မိဘများ သင်္ချိုင်းဆီသို့ သွားရောက် ဂါရဝပြုခဲ့ကြလေသည်။

ကူမော့နှင့် ကူချူတုန်းတို့သည် သင်္ချိုင်းသို့ သွားရောက် ဂါရဝပြုစဉ်တွင် အလွန်ပင် တည်ငြိမ်နေခဲ့ကြပြီး မည်သည့် တုန်လှုပ်မှုမှ မရှိခဲ့ကြပါချေ။

ဂါရဝပြုပြီးနောက်တွင်မူ...

မောင်နှမ နှစ်ဦးစလုံးမှာ လင်းကျန်းမြို့ သို့ ပြန်လာခဲ့ကြပြီး ထန်ပုယွီ ၏ မင်္ဂလာဆောင်ကို တက်ရောက်ခဲ့ကြလေ၏။

ယခုတစ်ခေါက် လင်းကျန်းမြို့ သို့ ပြန်လာခြင်းမှာ ကူမော့အတွက် နှစ်ပေါင်းများစွာအတွင်း အေးချမ်းမှု အရှိဆုံးသော အချိန်ကာလ တစ်ခု ဖြစ်ခဲ့လေ၏။ သူသည် အလောတကြီး ထွက်ခွာသွားခြင်း မပြုခဲ့ပါချေ၊ အဓိက အကြောင်းရင်းမှာ သူ စိတ်ဝင်စားလောက်သည့် ဝရမ်းပြေး သတင်းမျိုးကို မကြားသိရသေးသောကြောင့် ဖြစ်လေ၏။ ထို့ကြောင့် သူသည် အိမ်မှာပဲ နေရင်း ကူချူတုန်းအား ကျင့်ကြံမှုများကို သင်ကြားပေးနေခဲ့၏။

ကူချူတုန်း၏ ခန္ဓာကိုယ် တည်ဆောက်ပုံမှာ ကျင့်စဥ်များ နှင့် အမျိုးမျိုးသော ဆေးလုံးများ၊ ရှားပါး ဆေးဖက်ဝင် အပင်များကြောင့် အလွန်ပင် ထူးခြား ကောင်းမွန်နေခဲ့ပြီ ဖြစ်လေ၏။ ယခုအခါတွင်မူ ဆရာကြီး လျန်ရှန်း ပေးအပ်ခဲ့သော ဓာတ်တော် နှင့် လုံဟူတောင် မှ ရရှိခဲ့သော ဉာဏ်အလင်းရခြင်း အသီးများကြောင့်၊ ကူချူတုန်း၏ ကျင့်ကြံမှုမှာ သဘာဝအတိုင်းပင် အရှိန်အဟုန်နှင့် တိုးတက်လာခဲ့လေ၏။

အချိန်များမှာ တရွေ့ရွေ့ ကုန်လွန်သွားခဲ့သည်။

All Chapters